Sunday, July 24, 2011
ငါ နဲ့ ဝိပဿနာ
ရိပ်သာဝင်ဖို့ တိုက်တွန်းသူက သူ၊
အစစ အရာရာ (ယူသွားရမယ့် ပစ္စည်းအသေးအမွှားလေးကစ) မအားတဲ့ကြားက သန်းခေါင်ကျော်ထိ ပြင်ဆင်ထည့်ပေးတဲ့သူက ငါ့ အဒေါ်၊
ဘာရယ်ညာရယ် သိပ်မတွေးဘဲ ဝင်ဆိုလည်း ဝင်လိုက်တာပေါ့ ဆိုတဲ့သူကတော့ ငါ။
တိုက်တိုက်ဆိုင်ဆိုင် အိမ်က အခန်းဖော် ညီမလေးတစ်ယောက် ဇန်နဝါရီလောက်မှာ မြန်မာပြည်ပြန်တုန်းကလည်း အဲဒီရိပ်သာမှာပဲ ဝင်ခဲ့သေးတယ်။ သူကလည်း ငါ့ကို တိုက်တွန်းတယ်။
သယ်သွားတဲ့ ပစ္စည်းတွေက လက်ဂေ့ခ်ျ အသေးတစ်၊ လက်ဆွဲအိတ် တစ်၊ ဆွဲခြင်းအကြီး တစ်။
အထဲမှာ စောင် ၃၊
ခေါင်းအုံးဖုံး ၂၊
မိုးအေးရင် ဝတ်ဖို့အပေါ်ဝတ်အင်္ကျီအပါး ၂၊
မျက်နှာသုတ်ပုဝါ အသေး ၂၊
ခြင်ထောင် ၁၊
ခေါင်းအုံး ၁။ (မှတ်ချက်။ အကုန်မဟုတ်သေး)
အမှန်တော့ အိမ်က တစ်ခုစီပဲ ထည့်ပေးထားတာတွေကို သွားခါနီး ငါ့ဘာသာ ထပ်ဖြည့်လိုက်တာ။ ရိပ်သာဝင်တာတောင်မှ ဇာချဲ့ချင်နေသေးတာတော့ အမှန်ပဲ။ ဒီလိုမှ မဟုတ်ရင်လည်း ဘယ်လိုလုပ်မလဲ။ ရိပ်သာရဲ့ အနေအထားကိုလည်း ငါ မသိရသေးဘူး။ ခေါင်းလျှော်ပြီးရင်လည်း ခေါင်းအုံးဖုံးနဲ့ မျက်နှာသုတ်ပုဝါက လဲပစ်ချင်သေးတာ။ စောင် ၃ ထည်ဆိုတာကလည်း ခင်းတာတစ်ထည်၊ ခြုံတာက အေးရင် အထူ၊ မအေးရင် အပါး။
ဘယ်မလဲ အပို၊ အားလုံးကွက်တိပဲ။
***
ဟိုရောက်တော့ ရိပ်သာက အဒေါ်ရဲ့အသိ ရိပ်သာကိစ္စဆောင်ရွက်တဲ့ ဦးလေးတစ်ယောက်နဲ့ အသင့်တွေ့တယ်။ နောက် အဲဒီတရားပတ်မှာ တရားပြမယ့်ဆရာမကလည်း အဒေါ်ရဲ့အသိပဲလို့ ဆိုတယ်။ ငါ့မှာ ငါ့အဖေရဲ့ အသိ၊ ငါ့အဒေါ်ရဲ့ အသိတွေနဲ့ ဘယ်သွားသွား ဘယ်နေရာမှ ဘယ်တော့မှ မလွတ်နိုင်တော့ဘူး ထင်တာပဲ။ ထားပါတော့။ မလွတ်လည်း တည့်တည့်ဝင်တိုးရုံပေါ့။
ငါ နေရမယ့် အဆောင်က အစွန်ဆုံးနေရာမှာ။ လိုက်ပို့တဲ့သူတွေ ပြန်သွားတော့ အခန်းဖော်မရောက်သေးတဲ့ နှစ်ယောက်ခန်းထဲ အူကြောင်ကြောင်ပဲ ကျန်ရစ်တယ်။ ငါ ဘာဖြစ်လို့ ဒီနေရာ ရောက်လာတာလဲ၊ တလတောင် မပြည့်တဲ့ ခွင့်ရက်နည်းနည်းမှာ ၁၀ ရက်တောင် ဘာလို့ အချိန်ကုန်ခံရတာလဲ၊ စကားတောင် ပြောခွင့်မရှိဘူးဆိုတဲ့နေရာမှာ ဘာကို မျှော်လင့်ပြီး လာတာလဲ။
ဘာဖြစ်လို့ ဒီနေရာကို ရောက်လာတာလဲဆိုတော့ ရှင်းပါတယ်။ သူက ဝင်စေချင်လို့ ဝင်ခိုင်းလို့ပေါ့။ နားအေးရင် ပြီးတာပဲ။
ဘာဖြစ်လို့ ၁၀ ရက် အချိန်ကုန်ခံရတာလဲဆိုတော့ ၁၅ ရက်ထက် နည်းလို့ပေါ့။ နောက် ၁၀ ရက်ထက် နည်းတာ မရှာနိုင်ခဲ့လို့ပေါ့။
ဘာကို မျှော်လင့်သလဲဆိုတော့ ဘာမှ မမျှော်လင့်ပါဘူး။ ဘာလို့ဆို ငါ့မှာ သညာသိကလွဲလို့ သဒ္ဓါတရားမှ ပြည့်စုံအောင် မရှိတာ ဘာကို ယုံကြည်ပြီး မျှော်လင့်မှာတဲ့လဲ။
ခဏနေတော့ အခန်းဖော်ရောက်လာတယ်။ သူက ခရစ်ယာန်ဘာသာဝင် မိန်းကလေး။ ၂၄ နှစ်ရှိပြီ။ စခန်းအစစ်က ၂ ရက်နေ့မှ စမှာဆိုတော့ တွေ့တွေ့ချင်းတော့ ငါတို့ သူ့အကြောင်း ကိုယ့်အကြောင်း ပြောဖြစ်ကြတယ်။
သူက တခါမှ ဒါမျိုး မဝင်ဖူးသေးဘူး ပြောတယ်။ ငါနဲ့ တူတူပဲ။
နောက်တော့ စည်းကမ်းချက်တွေကို ထမင်းစားဆောင်မှာ သွားနားထောင်ရတယ်။ အဲဒီနောက်ပိုင်း သူနဲ့ ငါ စကားမပြောဖြစ်ကြတော့ဘူး။ စကားပြောလို့ရတဲ့ နောက်ဆုံးနေ့ မတိုင်ခင်ထိပေါ့။
သူ ဘာလို့ ဝင်တယ်ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ထူးတော့ မထူးဆန်းပါဘူး။ အဲဒီရိပ်သာက အင်တာနေရှင်နယ်ရိပ်သာပဲဟာ။ ဘာသာခြားပေါင်းစုံ ဝင်နေကြတာပဲဟာ။
ငါကတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ ထုံးစံအရလိုလို ဘာလိုလို ပေါ့လေ။
ည မအိပ်ခင် နိဗ္ဗာန် ဆိုတာကို ငါ စဉ်းစားမိတယ်။
လောဘ ဒေါသ မောဟ မာန်မာနနဲ့ လောကကို တွယ်ဖက်ချင်တုန်း အချိန်မှာ အဲဒီအရာက ငါ့ကို ဘယ်လိုလုပ်ပြီး ဆွဲဆောင်နိုင်မှာလဲ။ အဲဒီအရာကို ငါ လုံးဝ (လုံးဝ) စိတ်မဝင်စားဘူး။ ဆိုပါစို့... ဒီအချိန်မှာ တစ်စုံတစ်ယောက်က အဲဒီဆု ပေးခဲ့ရင်တောင် ငါတော့ ဘဝပေါင်း ၇၀၀ လောက်နေပါရစေဦးလို့ ဈေးဆစ်မိမှာပဲ။
ငါ ဘာဖြစ်လို့ ပန်းတိုင်မရှိတဲ့ (ရှိတယ်လို့ ဆိုကြတဲ့ ပန်းတိုင်ကိုလည်း မယုံကြည်နိုင်သေး မသွားချင်သေးဘဲနဲ့) ဒီလမ်းပေါ်ကို လျှောက်ဖြစ်တာလဲ။ သူ ဝင်ခိုင်းလို့ဆိုတာ ရာခိုင်နှုန်းတချို့တဝက်လောက်သော အကြောင်းပေါ့။ အစပြုပေးတဲ့ တွန်းအားလေးတစ်ခုလောက်သာပေါ့။ တကယ်တော့ ငါ မလုပ်ချင်ရင် သူလည်း ဘာမှ တတ်နိုင်တာမဟုတ်ဘူး။
ပြင်းပြတဲ့လုပ်ချင်စိတ် မရှိဘဲ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအလုပ်တစ်ခုကို လုပ်ဖြစ်တာက တခြားအကြောင်းတွေ အတွင်းထဲမှာ ရှိသေးတယ်။
ငါ့ ကိုယ်နဲ့ စိတ်ကို စည်းနဲ့ ကမ်းနဲ့ ထိန်းချုပ်ရတာ၊
ငါ တကယ် တန်ဖိုးမသိတဲ့အရာကို ရဖို့ ကြိုးစားရမှာ၊
ရမယ် မရမယ် မသေချာ မရေရာတာကြီးကို စိတ်ကူးနဲ့ ပုံဖော်ပြီး အဲဒီအရာနဲ့ ဆက်စပ်ဖို့ ငါ ဉာဏ်မမီတဲ့ အလုပ်ကို ဒုက္ခခံပြီး လုပ်ရတာကို ငါ မကြိုက်ဘူး။ လုပ်လည်း မလုပ်ချင်ဘူး။
ဒါပေမဲ့ အဲဒီလိုအတွေးကို လူတိုင်းတွေးနိုင်တယ်။ မလုပ်ဘဲနေရတာကိုလည်း လူတိုင်း တတ်နိုင်တယ်။ အဲဒါကို မလုပ်ဘဲနေရတာ ဘာမှလည်း မခက်ဘူး။ မလုပ်ချင်တာကို မလုပ်ဘဲနေတာ လွယ်လွယ်လေးပဲ။
ဒါပေမဲ့ အဲဒါကိုပဲ လုပ်တဲ့လူတချို့ကလည်း လုပ်နိုင်တယ်။
ထုံးတမ်းစဉ်လာအရ သူများတွေလုပ်လို့ ရသွားတဲ့ အရာတစ်ခုကို ငါ မလုပ်ဖြစ်လိုက်လို့ မရလိုက်မှာ စိုးတဲ့စိတ်၊ ငါ လုပ်ရင် ရနိုင်ရက်သားနဲ့ ကိုယ့်ဘာသာ ညှာတာနေလို့ မရလိုက်၊ မသိလိုက်ဖြစ်မှာ စိုးတဲ့စိတ်နဲ့ ထုံးတမ်းစဉ်လာဆိုတာကို အခြေခံပြီး ဝင်ဖြစ်ခဲ့တာပဲ။
အဲဒါဟာ သင့်လျော်လျောက်ပတ် ကောင်းမြတ်တဲ့ ရည်ရွယ်ချက် မဟုတ်လည်း မတတ်နိုင်ဘူး။ အဲဒါ တကယ့် အဖြစ်မှန်ပဲ။ လက်ခံရုံပဲ။ ငါ့ဘာသာ ငါတော့ ညာစရာအကြောင်း မရှိဘူး။ စောဒကတက်စရာအကြောင်း မရှိဘူး။ ပြီးတော့ ဝမ်းနည်းစရာ/ ဝမ်းသာစရာလည်း မရှိဘူး။
ကျောင်းတက်တုန်းကလိုပေါ့။
အချိန်တန် ကျောင်းတက် ဘွဲ့ယူရမှာ ထုံးစံလို့ ငါ ယူဆခဲ့တယ် မဟုတ်လား။ လုပ်ချင်ချင် မချင်ချင်၊ စိတ်ဝင်စားစား မစားစား၊ အဲဒီကျောင်း၊ အဲဒီကျောင်းက သင်တဲ့ စာတွေနဲ့ အဲဒီစာတွေ ကျက်ရမှတ်ရတာဟာ အသုံးကျလိမ့်မယ်လို့ ယုံကြည်ကြည် မကြည်ကြည် လုပ်စရာတစ်ခုကို လုပ်လိုက်ရတာပဲ မဟုတ်လား။ မလုပ်ရင် သူများရသွားတာ ငါ ဘယ်ရမလဲ။
သူများ သူများ သူများ ဆိုတာကို အခြေခံပြီး အဲလောက် လုပ်နေခဲ့မိမှန်း ခုမှပဲ ငါ့ကိုယ်ငါလည်း သိတော့တယ်။ ဒါပေမဲ့ အဲဒါလည်း ငါ့ကိုယ်ငါ ခွင့်လွှတ်တယ်။ ငါက သူများတွေကြား နေနေတုန်းရှိသေးတာပဲ။ သူများ ထည့်မတွက်တော့ဘူးဆိုတဲ့တစ်နေ့မှာ ဒီအကြောင်းတွေ မှတ်တမ်းတောင် ရေးနေစရာ မလိုတော့ဘူး။ လိုသလောက်တော့ သူများ ဆိုတာ ငါ့ခေါင်းထဲ ရှိနေမှာပဲ။ လိုတာထက် ပိုမရှိရင် တော်ပြီ။
မလုပ်ဘဲနေရတာ လူတိုင်း တတ်နိုင်တယ်။ ဘာမှမခက်ဘူး။ လုပ်ရတာသာ ခက်တာ။ နောက်ဆုံး အနည်းဆုံးတော့ အဓိပ္ပါယ် ရှိရှိ မရှိရှိ၊ ခက်တာတစ်ခုကို ငါ လုပ်နိုင်ခဲ့တယ် ဆိုတဲ့ အဖြစ်ကို ရရင် တော်ပြီ။ အဲဒီစိတ်က ငါ ရိပ်သာဝင်ဖြစ်ခဲ့တဲ့ တကယ့် အခြေခံစိတ်ပဲ။
***
အဲဒီည ၉ နာရီလောက်မှာ အိပ်ရာဝင်ရပြီး မနက် ၄ နာရီမှာ အဆောင်တိုင်းရှေ့ကို ကြေးစည်တီးပြီး နှိုးတယ်။
ငါ့ တသက်မှာ မြင်ရခဲတဲ့ မနက် ၄ နာရီ။
မနက် ၄ နာရီကနေ ည ၉ နာရီခွဲထိ တင်းကြပ်တဲ့ အချိန်ဇယားမျိုးနဲ့ ၁၀ တန်းလို အတန်းမှာတောင် ငါ အလုပ်မလုပ်ခဲ့ဖူးဘူး။ ဖြစ်မှ ဖြစ်ပါ့မလားလို့ တွေးမိပေမယ့် ပြီးတဲ့ထိ လုပ်ဖြစ်မယ်ဆိုတာ သေချာနေတယ်။ အဲဒါ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်လည်း မဟုတ်ဘူး။ ဖြစ်အောင်လုပ်ချင်တယ် ဆိုတဲ့ ဆန္ဒလည်း မဟုတ်ဘူး။ သေချာတာက သေချာတာပဲ။
ဒါလည်း ကျောင်းတက်တုန်းကလိုပဲ။ ငါ မမျှော်လင့်ခဲ့တဲ့ ပတ်ဝန်းကျင်မျိုးမှာ ဘွဲ့ရတဲ့ထိ နှစ်ချီနေဖို့ ဖြစ်နိုင်ပါ့မလားဆိုတာ စဉ်းစားမိပေမယ့် ပြီးတဲ့ထိ လုပ်ဖြစ်မယ်ဆိုတာ အဲဒီကတည်းက သေချာတယ်။
***
တစ်စုံတစ်ယောက်ကို ကျေးဇူးတင်ရဦးမယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ နိုဝင်ဘာလောက်တုန်းက ပြန်လာပြီး သူ ဝင်တဲ့ တရားရိပ်သာတစ်ခု လိုက်ဝင်လှည့်လို့ အာဏာသုံးပြီး ခေါ်တဲ့ YN ကို သိပ်ကျေးဇူးတင်တယ်။ ဒါပေမဲ့ သူ့ရိပ်သာက ၁၅ ရက်မို့လို့ ရက်နည်းတဲ့ ဦးဂိုအင်ကာဆီမှာ ဝင်ခဲ့တာ။
နောက် ၁၀ တန်းအောင်ပြီး အညာမှာ ၃/၄ လလောက် ပြန်နေတုန်း မေမေ့ဘက်က အဘွားက မိုးကုတ်မှာ အမြဲလို ရိပ်သာဝင်တယ်။ အဲဒီတုန်းက အဘွားအပါအဝင် လူတိုင်းက တိုက်တွန်းပေမယ့် ငါ မဝင်ဖြစ်ဘူး။
အဲဒီအချိန်တုန်းက ငါ မလုပ်ချင်တဲ့ အလုပ်တစ်ခုကို ဘယ်သူကမှ အတင်းအကြပ် ဇွတ်မလုပ်ခိုင်းခဲ့ကြတာ အတော် ကြီးတဲ့ ကျေးဇူးပဲ။ တကယ်လို့များ အဲဒီအချိန်က ဝင်ခဲ့ရရင် အဲဒီအချိန်မှာ အကျိုးမရှိခဲ့ရုံတင်မကဘူး၊ ခုအချိန်မှာ ဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း ငါ ချဖြစ်လိမ့်မယ် မဟုတ်ဘူး။
***
Thursday, July 15, 2010
ဂန္ထဝင် ငါးဟင်း

kom: ရီတာ တရားများထိုင်နေသလားလို့။ စနေတနဂ်နွေ တွေ ပျောက်နေလို့
RITA: သမီးကို ပြောတာလား
kom: ဟုတ်တယ်။ သမီးကိ ပြောတာ. အဖြူရောင်ဝတ်ထားတဲ့ သမီးနဲ့ လိုက်သွားတဲ့ ခွေဖြူဆီကနေကြားတာ
RITA: မကြာခင် အချိန်အတွင်းမှာ ငါးဟင်းကို ကြွားပါတော့မယ် DND
kom: ကြွားပါ ကြွားပါ။ ဘိုက်ဆာနေတာနဲ့ အတော်ဘဲ။ တို့တော့ဝက်သားလုံးကြော် မနေ့က ကြောထားတာကိုဆက်စားမှာ မစားရသေး။
RITA: တခါတည်း စားချင်စိတ် ပျောက်သွားစေရမယ်
kom: ထင်ပါတယ် သူများချက်တာလား ကိုယ်ချက်တာလားလှို
RITA: ခဏစောင့် ချစ်ချစ်ဆီ အရင် လှမ်းပို့လိုက်ဦးမယ် email နဲ့
myo: DND ကဘာလဲ
kom:ိဒေ အန် နိုက်ဖြစ်မယ်။
RITA: DND = ဒန်တန့်ဒန်
kom:ီဒီ တီ ဒီဖြစ်ရမှာ စာလုံးပေါင်းမှားနေတယ။့့်ပု့ ကိုဘ သူငယ်ချင်း.
RITA: ခဏလေး မေးလ်ပို့ပါရစေ
kom: ပု့်ပါ ပို့ပါ. စိတ်ကုန်သွားအောင်
RITA: kom: ပု့်ပါ ပို့ပါ. စိတ်ကုန်သွားအောင် )
RITA: ပုံ (၁) )) နဲနဲတော့ သီးခံကြပါ။ ဖုန်းကင်မလာ မကောင်းလို့ပါ။
kom: ကလစ်ရင်ကောငးမလား မကောင်းလား
RITA: ပုံ (၂)
kom: စားပြီးမှ ဖွင်ရင် ကောင်းမာလား မစားခင်ဖွင်ရင်ကောင်းမလား။
RITA: ပုံ (၃)
RITA: ပုံ (၄) )) ဒါလေးက နဲနဲ ကပ်သွားလို့ ရေထည့်လိုက်တာ ခုနောက်ဆုံးပုံ
kom: ပထမဆုံးပုံကတော့စိတ်ပျက်ွယ်ဘဲ
RITA: ခုထိ မြည်းမကြည့်ရသေးဘူး။ ဘယ်လိုနေမှန်း မသိဘူး။
RITA: အိမ်ကလူတွေလဲ ငါးဟင်းတခါမှ မချက်ဘူး။ ချက်တော့ချက်တယ် ပင်နီဆူလာက ဗမာငါး။ ဒါနဲ့ ကိုယ်ဘာသာ ရမ်းတုတ်ထားတာ။
kom:ူးဒုတ်ယပုံကလဲ အိုးကသေးသေး ငါးက ကြီးကြီး အမြင်လချင်လို့ ငရုတ်သိးတွေ အတင်းဘဲ ငါးပေါ်တင်ထားတယ်။ စူးနွယ်လေးနဲ့များကွာပါ့။
RITA: ငရုတ်သီး မပါဘူး မမ။ ခရမ်းချဉ်သီး။ အစပ်မစား။
kom: သုံးက ငါးက ဖြူဖြူကြီးအတင်းဘဲ ငရုတ်သီးတွေါတင်ပြီးဖုံးထားတယ် သူ့ငါးကြီးက ရုပ်ဆိုးတာကိုး
RITA: သမီး ကြိုးစားပမ်းစား mini chopper နဲ့ မွှေပြီး ချက်ထားတာတောင် စိတ်ပျက်စရာ ကောင်းသေးသလား။
RITA: ဒါဆို ပို့မိတာ မှားပြီထင်တယ်။ ဖွင့် မကြည့်နဲ့ လို့ ပြောလိုက်ရမလား ဟင်။
Vista: ကိုယ်ထင်တာတော့ ငရုတ်သီးထဲကို ငါးအစိမ်းထည့်ထားတယ်မှတ်လို့ 
RITA: ငရုတ်သီး မဟုတ်ပါဘူးဆို အတင်း ငရုတ်သီးနေကြပြန်ပြီ
kom: အမလေး လေး နောက်ဆုံးပုံက အဆိုးဆုံးဘဲေ၇ထည့်လိုက်တော့မှဖြူဖြူကြီးထွက်လာတယ် စားချင်စိတ်ကုန်အောင် ငါလိုကောင်တောင် မစားချင်ဘူး။ ကြောက်ပါပြီးအိမ်လည်မခေါ် ဟင်းချက်မကျွေးပါနဲ ယူမဲ့ယောကျားတော့ သနားမိသေးတယ။် သွပ်သွပ်
RITA: ငါးက စတည်းက သူ့ဘာသူ ဖြူနေတာ ဘယ်တတ်နိုင်မလဲ။
သေတော့မယ် ရီရလို့။ မချက်ခင် ကြော်လိုက်ဖို့လဲ သတိမရဘူး။ အကြာကြီးချက်တဲ့ထိ ဖြူနေတုန်း။
kom: အာရာ ဆီနဲ့လှမ့်လိုက်ရင်နီသွားမယ်ထင်တာဘဲ ကျက်မှ ကျက်ရဲ့လားမသိ. ။
RITA: အာရာဆီ ဆိုတာ ဘာလဲ။ သံလွင်ဆီတော့ ရှိတယ်။ ခရုဆီလဲ ဝယ်ထားတယ် ဖောက်တောင် မဖောက်ရသေးဘူး။ ဒီတသက် ဖောက်မှ ဖောက်ဖြစ်ပါ့မလား။
kom: မချက်ခင်ကြော်စရာမလိုပါဘူး အိုးထဲမှကျက်ရ် မနီသွားဘူးလား။ အာရာ......................... ဆိုတာ စိတ်ပျက်လက်ပျက်နဲ့ပြောတဲ့ အာမေနိုက် ထုံ ရီတာ။
RITA: အော် အော် သဘောက်ပေါက်ပြီ။
Vista: ငါးအစိမ်းကို ဆားဆနွင်းမနယ်ထားဘူးလား။
RITA: ဆနွင်းမနယ်ပါဘူး နံကုန်မှာပေါ့။ ဆနွင်းကို ဆီသတ်တဲ့ထဲပဲ ထည့်တယ်။
kom: တို့က ခေါက်ဆြဲကြောစ်ားမလို့ ခရုဆီ ဝယ်မလို့ ခရုဆိ ဆိုတာ တစ်သက်လုံးမယဝ်ဘူးလို့ ဘာမှ န်းမသိလို့မြိုးကို မေးတော့မလို့တော်ဘဲ ဘယ်မှာ ဘယိလို ဘယ်နာမည်နဲ့ဝယ်ရမလဲ။
RITA: မမနဲ့ ကိုယ်နဲ့ တူတူပဲ။ ဟိုနေ့က ntuc ကနေ ဉာဏ်ထွန်းကို ဖုန်းဆက်လှမ်းမေးရတယ်။ ခရုဆီက ဘယ်နှမျိုးတောင် ရှိတာလဲလို့ ဒီမှာ ခရုဆီလိုလိုဟာတွေ ငါ အများကြီး တွေ့နေတယ်လို့။ ဆရာက ကိုယ့် အထင်ကြီးပြီး brand တွေ အမျိုးမျိုးလို့ ပြောတယ် ထင်နေသေးတယ်။ (ဘယ်သူ့မှ ပြန်မပြောနဲ့လို့ ပိတ်ထားတာ။ ခုလို လူစုံတုန်း ကိုယ့်ဘာသာ ပြောချင်လို့)
kom: အရင်ဘလော့တုံးက ဟင်းချက်သေးတယ် မှတ်မီသေးလာ ပုစွန်ကြာ် လေ. ရီတာ မှတ်မိလား. တို့ထင်တာဘဲ ပုဏွန်ကြောမဟုတ်လား.
RITA: တကယ်တော့ oyster လို့တော့ သိပါတယ်။ အနီးမှာ abalone တွေ့တော့ အဲဒါကလဲ ခပ်ဆင်ဆင်ဆိုတော့ ရောသွားတာ
kom: Oyster sauce ကျေးဇူး ဗစ် တစ်ကယ် ဝယ်မလို့ ဘယ်လိုပြောရမှန်းမသိတာနြ့ပြန်လာတာ။
mon: ခရုပုံပါပါတယ်လေမမ
RITA: တော်သေးတယ် မမ snail sauce လို့ မပြောခဲ့တာ။
Vista: snail sauce
kom: snail ဆိုတာဘာမှန်းမှ မသိတာ စိတ်ချ မပြောပါဘူး။
mon: မမ အရွက်ကြော်ရင် ခရုဆီနဲ့ ငံပြာရည်လေးနဲနဲထဲ့ကြော်လေ စားလို့အရမ်းကောင်းတယ်
RITA: အမယ် ဆရာကြီး မလုပ်ပါနဲ့ သိတယ်
kom: ခေါက်ဆွဲကြော်စားမယ် ခရုဆီယဝ်ပြီးရင်. မြိုး. အရင်ကြော်ပြီးဖဘ မှာပြပါ. လိုက်ကြော်ကြည့်မယ။်
mon: ခေါက်ဆွဲကြော်ထဲတော့ ထဲ့တာမကြားဖူုးဘူးမမ
kom: ဟမ်. မထည့်ဘူးလာဒ
mon: အရွက်ကြော်မှာပဲထဲ့တာလေမမမ။ ချက်တတ်တဲ့လူမေးကြည့်ပါအုံး
kom: မမ တွေများနေပြီ မွန်.
RITA: ငါးဟင်းကို ဖွင့်မကြည့်နဲ့။ ကြည့်ရင်လဲ စားပြီးမှ ကြည့်လို့ နောက်က စာထပ်ပို့လိုက်တယ်။ ရေချိုးလိုက်ဦးမယ်။
kom: ဘယ်မှီတော့မလဲ ရီတာရယ်။
RITA: kom: ဟုတ်တယ်။ သမီးကိ ပြောတာ. အဖြူရောင်ဝတ်ထားတဲ့ သမီးနဲ့ လိုက်သွားတဲ့ ခွေဖြူဆီကနေကြားတာ )) ဟမ် ဒါကို ခုနက မမြင်ဘူး။ သတင်းက မြန်လှချည်လား။ နောက်ကနေ လိုက်ချောင်းနေသလိုပဲ။ အဖြူရောင်ဝတ်တာပါ သိသွားပြန်ပြီ။
kom: သိတယ်လေ သိတယ် မြိုးလဲသတယ် စင်စက်လဲသိတယ် ပေါက်လဲသိတယ်။ ကိုဘလဲသိတယ်။
myo: သိတယ်လေ လူတိုင်းသိတဲ့ကိစ္စ
RITA: တမင် ဘယ်သူမှ မသိအောင် ဖုံးထားတာ။ တော်ကြာ ပွဲတွေ ဆက်နေမှာ စိုးလို့
s: အမလေး.. အမေရေ.. ဘြာီ့းလဲ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggkp0PcGTIm49ua0WA7MqKYa-6PYDs3RrWhkbfO9xaxf_di1-QX6Gsg6xGtDHPIGHCk5rnRIUSwvQoPFb6LR-j9niZ4eTTUQVXJYBxyb8tc6WJphFNhAlCzwlHn1oSoBKaIfT1spDUo3M/s1600/140720101656.jpg
ဘာကြီးလဲ။ ပုံကိုကြောနေတာ
RITA: << မမစင် (လက်တွဲသင်ပြမယ် မရှိဘူး)
kom: နောက်ဆုံးပုံကလေးကိုဖွင့်လိုက်ပါဦးစင်စင် ..စိတ်ပျက်လက်ပျက်ပြောသည်။
RITA: သူ့ဘာသာ ငါးက အသားဖြူနေတာ ဘယ်တတ်နိုင်မလဲ။ ကျက်ရင် ပြီးတာပဲ မဟုတ်ဘူးလား။
s: အောင်မလေ.. သင်တာတောင် လက်တွဲသင်ရမတဲ့ တော်ေ၇း..
kom: ဘယ်နယ်လုပ်ကြမတုံ.း.သူက ခူးပြီါ်ခပ်ပြီးသားလိုချင်တာတဲ့ ။
RITA: ဟုတ်တယ် ဟိုတယောက်က ဟိုဟာလုပ်လိုက် ဒီတယောက်က ဒီဟာလုပ်လိုက်ပဲ လုပ်ချင်တာ။
s: 2 ပုံကြည့်ပြီးပြီ မမရေ
myo: နောက်ဆုံးပုံကို အသက်အောင့်နှိပ်လိုက်
kom: စိုင်းထီးဆိုင်ကိုကြည့်ချင်ရင် မျက်စိမှေးကြည့်ရသလို သှူုငါးက လည်းမျှက်စိမှီတ်ပြီးစားမှသာလျှင် စားနိုင်မဲ့အခြေအနေမှာရှီတယ။် ဒါတောင်မြည်းမက်ြည့ရသေးဘူးဆိုဘဲ . အရမ်းစိတ်ညစ်နေသူ
s: မမ..အဲ့ထက်ပိုရီလို့ ရတဲ့ အရုပ် မရှိတော့ဘူးလား.. နောက်ဆုံးပုံ ခုပဲ ကြည့်ပြီးပြီ
RITA: I remembered one of my friend's first Pork Curry. One side is white, another side is reddish brown. You don't need to ask other's opinion, you yourself can taste that curry. How is the taste ? )) သူငယ်ချင်းတွေကိုပါ Bcc နဲ့ ပို့လိုက်လို့။ ဉာဏ်ထွန်းဆီက ပြန်စာ။ အားပေးကြတယ်
s: မလုလုတို့ နောင်သူတို့ တောင် ဒီလို ချက်တတ်တာ မဟုတ်ဘူး.. နှစ်ရောင်ခြယ်ငါး
RITA: ငါ ခုထိ မမြည်းကြည့်ရသေးဘူး။ မမြည်းရဲသေးလို့။ )) သူ့ကို ကိုယ်က ပြန်တဲ့စာ။ hee hee
s: သူတို့ ချက်ရင် အနီတစ်ရောင်ထဲရယ် .. ခုက အဖြူရော အနီရော
RITA: အာာာာ တရောင်တည်းပါ အဖြူတခုတည်း ကျန်တာက ခရမ်းချဉ်သီး အုပ်ထားတာ။
kom: စားသောက်ဆိုင်ထဲသို့လူတစ်ယောက်ဝင်လာသည်။ ကြက်ဥတစ်လုံးကို တခြမ်းက ကျက် တစ်ချမ်းက တူး. တစ်ဘက်ကကျက်တစ်ကျက်ကြော်ပေးပါဗျာ. ဟမ်. ဘာဖြစိလို့လဲ .................အိမ်က မိန်းမကို သတိရလို့ပါ ခရီးထွက်လာတာနဲနဲကြာလာပြီဆိုတော့...........
RITA: be confident. This is your first anyway. So don't expect much, and you'll be ok. )) စာ ပြန်လာပြန်တယ် ဉာဏ်ထွန်းဆီကပဲ။ ဒါမှ တို့သူငယ်ချင်း
s: သူ့ငါးကြီး ဖြူနေတာ ဖုံးချင်လို့ကြက်သွန်ဆီသတ်တွေနဲ့ ဖုံးထားတာကို ရီချင်တာ
RITA: ဘယ်ကလာ ဖုန်းရမှာတုန်း။ ငါးဖြူတာ ပုံမှန်လို့ ထင်နေတာ အပေါ်မှာ တင်ထားတာက အဲဒီက အရသာလေးတွေ ဝင်လာအောင်လို့
kom: you'll be ok. တဲ့ သူတို့ကေ မှာလို့ပြောတာမဟုတ်ဘူး နင့်ငါး နင်ဘဲစား ငါတို့မစားဘူးဆိုတဲ့သဘော.
s: ဒါ အချစ်ဥင်္ီးလေးလား... ဖြစ်တတ်ပါတယ်လေ... ကျိတ်မှိတ်မြိဲုချကြည့်လိုက်ပါ။
kom: တို့တော့ မမြိုနိုင်ပါဘူး. ဘာဘဲဖြစ်ဖြစ် ရီတာဘဲ စား. အိုကေမှာပါ. (ပုံ ထပ်အားပေးနေသူ) remember rita ::::::::::::::::>> you'll be ok you'll be okyou'll be ok not we
myo: စားကောင်းမယ့်ပုံပါ ငါးကို ဆနွင်းမနယ်ဘူးလား ရီတာ။ ဆား ဆနွင်းအရင်နယ်ထားလိုက်ရင် အရောင်တမျိုးဖြစ်သွားမယ်ထင်တယ်။ (မျိုးတစ်ယောက်ပဲ အားပေးဖော်ရတယ်)
RITA: ဆနွင်းက အစိမ်းနယ်ရင် နံမှာပေါ့လို့
myo: မနံအောင် နယ်ရတာလေ
RITA: myo: မနံအောင် နယ်ရတာလေ )) ဆနွင်းနံ့ကြီးက နံမယ် မဟုတ်ဘူးလားလို့
s: စပါးလုံးတစ်ထောက်အလှကို မကြည့်ပါနဲ့.. အရသာ က လျှာလည်ရင်လည်နေမှာပါ.. (လျှာက ဘယ်လိုခံစားရမှန်းမသိလို့ ညက်စိလည်သွားတာ) ရီတာ့ပုံတွေ ဝင်းဒိုးတစ်ခုစီနဲက အကုန်ဖွင့်ထားတယ်...
myo: ဒါဆို ညှီလည်းညှီမယ်ထင်တယ်
kom: ဖြစ်နိုင်တယ် မကြားဘူးဘူးငါးကို ဘာနဲ့မှ မနယ်ဘဲ ချက်ရမယ်ဆိုတာ ဘယ်သူမှ လက်တွဲ မခေါ်ထားကြဘူးနဲ့တူတယ်။
RITA: နယ်တယ်လေ ဆား ငံပြာရည် ချိုမှုန့်
myo: ဆနွင်း သာနံကြေးဆို ဘယ်သူက ဆနွင်းထည့်ချက်နေတော့မလဲ ရီတာထုံရဲ့
RITA: ထည့်တယ်လေ ဆနွင်းကို ဆီသတ်ရင်
s: Rita ... u will b OK..
mon: ကြည့်စမ်းပါအုံးရီတာ့ကို ပြောနေလိုက်ကြတာ ကိုယ်လဲ မစားနိုင်ပါဘူး ငါးဟင်းဖြူဖြူကြီး
s: ပုံဖွင့်ကြည့်ပြီးတော့ ချစ်ချစ်က အိမ်တွင့်မှုနဲ့ အချက်အပြုတ်သင်တန်းသွားတက်မယ်တဲ့
kom: ဂျင်းလေးပါ ထည့်လိုက်ရင်မကောင်းဘူးလားမျိုး ဆနွင်းဆိုတာ အသားမှာနယ့်ရတာ ငါတောင်သိသေးတယ်။
RITA: သားငါး အစိမ်းကို တခါမှ မနယ်ဘူး။ ချင်း၊ ကြက်သွန်ဖြူနီက အနှစ်လုပ်တဲ့ထဲ ပါပြီးသား။
myo: ပုစွန်တို့ ငါးတို့ ညှီနံ့ပြင်းတာတွေကို ဆား ဆနွင်းအရင်နယ်ထားတာ
RITA: တခါမှ အသားကို ဆနွင်းမနယ်။ ဆီပူလာရင် ဆနွင်းမှုန့်ဗူး ဖွင့်ထည့်လိုက်တယ် ဒါပဲ။
kom: ဘုးလိုက်မှောက်ကျသွားမှခက်မယ်။ (ပုံ မဆလာဘူးမှောက်အိုးထဲမှောက်ကျဖူးသူ) ရီတာ အရင် ကပုဖွန်ကြော်ထားတာချပြလိုက်စမ်းပါ. ဒီလောက်မဆိုးပါဘူ အခုဘာလို့လက်၇ည်ေတွေ ကျသွားတာလဲ
RITA: ပုစွန်ရယ် ငါးရယ် သမီးက မကြိုက်။ ခြေလေးချောင်းပဲ ကြိုက်တာ။ အဲဒါကြောင့် နှစ်ချီကြာမှ စင်ကာပူမှာ ငါးဟင်းစားဖို့ ကြံတာ။
s: မဆလာ အိုးထဲ မှောက်ကျ
kom: ဟာ မဆလာတွေအိုးထဲ့ ကနေ ပြန်ဆယ်ရတာ မလွယ်ဘူး။ များကြီး
RITA: ဒါကြောင့် ကိုမဆလာလို့အမည်တွင်သွားတာလား
Boyz: ရီတာကိုများ ဝိုင်းပြောလိုက်ကြတာ... ဘာမှ မကျန်တော့ဘူး။ စကားမစပ် ငါးက ဘာလို့ ဖြူနေရတာတုန်း...
myo: ဒါပေမယ့် ဒီက ရောင်းတဲ့ငါးတွေတော့ ဖြူဖြူကြီးတွေပါ။ ဆိုင်က ငါးဟင်းတွေကိုပြောတာ
kom: တို့လဲသိချင်နေတာဘဲ မဖြူအောင်ဘယ်လိုချက်ရမလဲလို့။
RITA: မသိဘူး ငါးကို မကျွမ်းကျင်။ ဒီမှာလည်း ငါးတခါမှ မစား။ ဖြူတာ ပုံမှန်လို့ပဲ ထင်နေတယ်။
Boyz: ခက်တာမှတ်လို့ ... တူးအောင် ကြော်လိုက်ရင် မည်းသွားမှာပဲ
myo: ဒီကပဲငံပြာရည်အနောက်တွေလောင်းထည့်လိုက်ပါလား မမ တော်တော်မည်းတယ် ဒီကရောင်းတာတွေ
RITA: အိမ်က ညီမလေး တစ်ယောက်ရဲ့ အမေကဆို သူ့သမီးတွေ ဘာမှ မလုပ်ခိုင်းဘူးတဲ့။ လုပ်တတ်ရင် ယောက်ျားတွေကို လုပ်ကျွေးနေရမယ်။ မလုပ်တတ်ရင် အိမ်ဖော်ခေါ်လို့ ပြောတယ်တဲ့။ ဒါပေမဲ့ သူ ဒီမှာ ချက်တော့ အဟုတ်ပဲ။ ကိုယ်ကျတော့ လှည့်ကို မကြည့်တာ အိမ်မှာတုန်းက။ ကိုယ်နဲ့ မဆိုင်သလိုပဲ။
kom: တို့ကလည်းသောက်ရေတောင်သူများက ခပ်ပေးတာ။
RITA: အိမ်မှာ ကော်ဖီတောင် ဖျော်မသောက်။ ဒါပေမဲ့ ရီးစားကိုတော့ ချက်ကျွေးမှာပါ။
kom: ရီတာချက်ပေမဲ့ ဟိုက ထွက်ပြေးမှာပါ။ n2 လဲ အဲသလိုဘဲပြောနေတာဘဲသွပ် သွပ်။
RITA: ထွက်ပြေးရင်တော့ ချက်မကျွေးတော့ဘူးပေါ့
s: မောင်ကြီးပြန်လာလာချင်း ပြလိုက်ပြီ....
kom: ဘာပြောလဲ စိတ်ပုတ်ချက် ဝင်းဒိးုးတွေ သေချာဖွင့်ထားတာ ဒါကြောင့်ကိုး
s: ဟီးဟီး ....ဟင်းအနှစ်ထဲမှာ ငါးအစိမ်းရောထားတာလားတဲ့... ( သူတကယ်မသိလို့မေးတာ )
RITA:
s: စွယ်တော်ရိပ်ပွဲတုံးက ပြဖူးတဲ့ ကလေးမ ချက်တာလို့ ဖွလိုက်တယ်.....သြော်.... တဲ့
kom: စွယ်တော်ရိပ်ပ။ ၊?
s: သင်္ကြန်ပဒေသာကပွဲတုံးက တွေ့ဖူးလိုက်တယ် ... ဖဘ မှာ သမီး လက်မှတ်ပုံတွေတောင် တင်သေးတယ်လေ
myo: နာလည်းတွေ့လိုက်တယ် အဲ့နေ့က စင်စင့်ကိုတော့ မတွေ့မိဘူး။ အောက်ကအဖြူပေါ်မှာ အပေါ်က အဝါထပ်ဝတ်ထားတယ်။
RITA: ဟုတ်တယ် မျိုး။ အဲဒါ အိမ်ကလူတွေ ဝယ်ပေးတဲ့ အင်္ကျီ။
s: ဟုတ်တယ်... နောက်ဆုံးတင်တဲ့ပုံထဲကအင်းကျီနဲ့ တော်တော်တူတယ်။ အဆင်နဲ့ အရောင်ကြိုက်လို့ တစ်ဒါဇင် ယယ်ထားတာနေမှာပါလေ
RITA: ဟုတ်ပါဘူး အဲဒီ တထည်ပါပဲ။ ဘောင်းဘီပဲ ပြောင်းသွားတာ။
myo: ဟုတ်တယ် ခုပဲသွားကြည့်လိုက်တယ် ဟိုနေ့က ဂျင်းဘောင်းဘီရှည်
RITA: ရေချိုးတော့မယ်။
Tuesday, June 15, 2010
လူ နားမလည်အောင် ရေးတဲ့ စာ
အဲဒီထဲက ရဲဝင်း နဲ့ ကြည်ပြာ ရဲ့ စကားပြောခန်း။
ကြည်ပြာက ရဲဝင်းကို မေးတယ်။
"နင် ငါ့ကို ချစ်ရဲ့လား" တဲ့။
... ဆိုတော့ ရဲဝင်း ခမျာ ချစ်သူရဲ့ အမေးမှာ အတော်ကြွေသွားတယ်။
သူက တကယ့်ကို နှစ်နှစ်ကာကာချစ်ရသူ ဖြစ်တာကိုး။
ကြည်ပြာ့အနေနဲ့ကတော့ သူငယ်ချင်းတွေထဲမှာ ကိုယ်စီ အတွဲရသွားပြီး ရဲဝင်းက သူ့ကို ချစ်ရေးဆိုလို့သာ လက်ခံလိုက်ရတာမျိုး ...
ရဲဝင်းက အားတက်သရောဖြေတယ်။
"ချစ်တာပေါ့ဟ။ ငါ နင့်ကို သိပ်ကို ချစ်တယ်။ ဒါပေမဲ့ နင်သိလား ကြည်ပြာ။ ငါ နင့်ကို ချစ်တယ် ဆိုတာ တကယ်တော့ ငါ့ကိုယ်ငါ ချစ်တာဟ"
"ဘာပြောတယ်"
"ဟုတ်တယ်ဟ။ နင့်ကို ချစ်လို့ နင့်အသံလေးကြားချင်တာ၊ နင့်မျက်နှာလေးကို မြင်ချင်တာတွေက ငါကိုယ်ငါ ချစ်နေတာပဲ။ နင့်အသံကို မကြားရရင်၊ နင့်မျက်နှာလေးကို မတွေ့ရရင် ခံစားနေရတဲ့ ငါ့ကိုယ်ငါ သနားမိတဲ့အတွက် နင့်ကို ငါ့နားမှာ အမြဲရှိနေစေချင်တာ။ တကယ်တော့ နင့်ကို ချစ်တယ် ဆိုတာ နင့်ကို ချစ်နေတာ မဟုတ်ဘူး။ နင့်ကို ချစ်တယ်ဆိုတာထက် ငါ့ကိုယ်ငါ ပိုချစ်နေတာပဲ"
အဲဒီမှာ သမီးရည်းစား ပြဿနာထတက်ကြလို့ သူငယ်ချင်းတွေ ဝိုင်းရှင်းပေးရတယ်။
ကြည်ပြာ က သူငယ်ချင်းတွေကို တိုင်တယ်။
"ငါက သူ့ကိုမေးတယ်လေ။ နင် ငါ့ကို ချစ်သလား လို့ ဆိုတော့ ဒီကောင် ဘာပြန်ပြောတယ် မှတ်သလဲ"
"အေး ဘာပြန်ပြောလဲ"
"ချစ်တယ်တဲ့။ ဒါပေမဲ့ ငါ့ကိုချစ်တယ် ဆိုတာ တကယ်တော့ ငါ့ကို ချစ်တာမဟုတ်ဘူးတဲ့။ သူ့ကိုယ်သူ ချစ်နေတာတဲ့။ ကြည့်စမ်း။ နင်တို့ စဉ်းစားကြည့်စမ်း။ ဒီကောင် ငါ့ကို ဘယ်လောက်တောင် စော်ကားသလဲလို့။ အဲဒါ ငါ့ကို စော်ကားလိုက်တာပဲ"
အဲဒီမှာ ရဲဝင်းရဲ့ သူငယ်ချင်းတစ်ယောက်ပြောတဲ့ စကား ကိုယ် အတော် သဘောကျတယ်။
"ဟေ့ကောင် ရဲဝင်း မင်းကလည်း ဒုက္ခပါပဲကွာ။ ချစ်လား မေးရင် ချစ်တယ် လို့ပဲ ဖြေလိုက်ပေါ့။ ဘာမှ စိတ်တို့၊ စေတသိတ်တို့၊ ရုပ်တို့၊ နာမ်တို့ လုပ်မနေနဲ့။ နောက်တခါ ချစ်လား မေးရင် ချစ်တယ်လို့ပဲပြော"
***
တိုက်ရိုက် တဲ့တိုးအကျဆုံး၊ အရိုးရှင်းဆုံး သဘောတရားနဲ့ အရိုးသားဆုံးပြောတဲ့ စကားတစ်ခွန်းကို အဓိပ္ပါယ်တလွဲ ကောက်လိုက်မိပြီဆိုရင် ပြောတဲ့လူကို ဝေ့လည်ကြောင်ပတ် လို့ ထင်စရာပဲ။
ဒုက္ခ ဒုက္ခ။
(မှတ်ချက်။ စာအုပ်မရှိလို့ အဆင်ပြေသလို ပြန်ရေးထားပါတယ်)
***
၂) မြသန်းတင့် ရဲ့ ကျွန်တော်နဲ့ ဂျာနယ်ကျော် မမလေး စာအုပ်က အကြောင်းအရာတစ်ခု။
"အားလုံးက ရင်ခွင်ထဲမှာ အမြတ်တနိုး ထည့်မထားဘူး။
အားလုံးကလည်း ခြေထောက်နဲ့ ကန်မပစ်ဘူး။
ဒီတော့ ခြေထောက်နဲ့ကန်ပစ်ချင်တဲ့ လူမျိုးကို ဒီစာအုပ်ကောင်းလှပါတယ် တိုက်တွန်းရုံနဲ့ ဒီလူ စိတ်ပြောင်းသွားမှာလား။ ဒီစာအုပ်မျိုးကိုမှ အမြတ်တနိုး စောင့်မျှော်နေတဲ့လူမျိုးကိုကော ဒါကောင်းတယ်လို့ ပြောစရာလိုသေးသလား။ ခင်ဗျား မပြောပေမယ့် သူကတော့ စောင့်ပြီး ကြိုဆိုနေမှာပဲ။
အခု ခင်ဗျားက သူ့ဝတ္ထုတွေကို ဘာသာပြန်တယ်။
ခု ခင်ဗျား ဘာသာပြန်နေတဲ့ စာအုပ်တွေကို အလင်းရောင်ရှာနေတဲ့လူတွေက ရင်ခွင်မှာထည့်ပြီး အပ်ထားကြလိမ့်မယ်။ အလင်းရောင်ကို လိုက်ပိတ်နေတဲ့သူတွေက ခင်ဗျား အခု ဘာသာပြန်ထားတဲ့စာအုပ်ကို ခြေထောက်နဲ့ နင်းပစ်ကြလိမ့်မယ်။ ကျွန်တော်က ကြားထဲကနေပြီးတော့ ဘာဝင်ရေးပေးရဦးမလဲ။ တစ်ခုပဲ ပြောချင်တယ်။ ခင်ဗျားလုပ်နေတဲ့ အလုပ်ကို ခင်ဗျား ယုံကြည်သလား။ ယုံကြည်ရင် နောက်မတွန့်ဘဲ ဆက်လုပ်။ ဒီစာအုပ်ပြီးရင် နောက်စာအုပ်တစ်အုပ် ပြန်ဦး။"
(ဂျာနယ်ကျော် ကိုစောဦး)
ဒါကိုတော့ မရွှေမိ ရဲ့ ဘလော့ က မ, လာတာပါ။
ဂေါ်ကီရဲ့ ဝတ္ထုတိုများ စာအုပ်ကို ဆရာမြသန်းတင့် ဘာသာပြန်တော့ ရေးပေးခဲ့တဲ့ ကိုစောဦးရဲ့ အမှာစာ လို့ ဆိုပါတယ်။
ဘာလို့ ကြိုက်မိသလဲ ဆိုတော့ One Minute Interview post မှာ ကိုအင်ဒီရဲ့ အမေးကို ပြန်ဖြေခဲ့တဲ့ အဖြေထဲမှာ ထည့်ပြောဖြစ်ခဲ့တဲ့ သဘောတရားတစ်ခုနဲ့ တူနေလို့ပါ။
ကိုအင်ဒီက မေးတယ်။ "ရီတာက ကျေးဇူးတင်သင့်တယ် ဆိုတာလား မဆိုတာလားကို အသေအချာ မရသေးဘူး" ဆိုတာမှာ...
"ကျွန်မအနေနဲ့ တင်သင့်၊ မတင်သင့် ဆိုတဲ့ဘက်က ဘယ်တော့မှ ဆွေးနွေးမှာ မဟုတ်ဘူး ဆိုတာပါပဲ။ အဲဒါက ခံယူတဲ့သူနဲ့ ဆိုင်တဲ့ ကိစ္စမို့လို့ပါ" လို့
ကိုစောဦး ပြောသွားတဲ့ သဘောကို အဲဒါကြောင့် ကြိုက်မိတယ်။
ိ
ဘယ်သူ့ကိုမှ ကိုယ့် အာဘော်တွေ အတင်း သွင်းပေးဖို့ စိတ်မဝင်စားဘူး။
ကိုယ့်ကို လာသွင်းပေးလည်း မကြိုက်ဘူး။
အယူအဆတစ်ခုကို ချပြလိုက်၊ ကြိုက်ချင်ရင် ကိုယ့်ဘာသာကိုယ် ကျေကျေနပ်နပ် ကြိုက်ပါမယ်။ ကိုယ်ကလည်း ကိုယ့်အယူအဆတစ်ခုကို ဒီတိုင်းပဲ ချပြမယ်။
သဘောတူခြင်း၊ မတူခြင်းကို ကျေကျေနပ်နပ်ပဲ လက်ခံမယ်။
သို့သော် စာ တလွဲ ဖတ်တတ်တာတွေကိုတော့ မှန်တာပြောရရင် စိတ်ကုန်တယ်။
ရှင်းပြရတာလည်း မကြိုက်လို့ guide လုပ်ဖို့တောင် မရွေးချယ်ခဲ့ဘူး။
***
၃) မနေ့က zoo သွားတော့ elephant show ကြည့်ခဲ့ရတယ်။
စိတ်ထဲမှာ ဖြေဖျော်ရာ ဖြစ်တယ်လို့ မထင်ဘူး။ သိပ်သနားတယ်။
ညီလင်းဆက် ရဲ့ ဆုတောင်း ကဗျာ ကို ဆက်ရေးချင်စိတ် ပေါက်မိတယ်။
"ကိုယ်သာ ဆင်တစ်ကောင်ဖြစ်ခဲ့မယ်ဆိုရင်...
သွားတိုင်းဖြစ်တဲ့ လမ်းတွေနဲ့
တောထဲက အရိုင်းအစိုင်းဘဝမှာပဲ နေချင်တယ်" လို့
ကိုယ့်သဘောအတိုင်းသာဆို ဘယ် တိရိစ္ဆာန်ကိုမှ လူကို ဖြေဖျော်မှုပေးရတဲ့ နေရာမှာ မထားဘူး။
သူတို့ဘာသာ တောထဲက အရိုင်းအစိုင်းဘဝမှာပဲ လွတ်လွတ်လပ်လပ် နေစေမယ်။
အင်း ဒါကလည်း နီကိုရဲ ပြောသလိုဆို သူတို့ ဖျော်ဖြေပေးနေတာကို ကြည့်ပြီး သနားစိတ်မကောင်းဖြစ်မိတဲ့ ကိုယ့်ကိုယ်ကိုယ် အဲဒီလိုတွေ ခံစားနေရတာကို သနားလို့ သူတို့ကို လွတ်လပ်ခွင့် ပေးချင်မိတာပါပဲ။
ကဲ ကြည့် ဝေ့လည်ချောင်ပတ်နဲ့။
တိရိစ္ဆာန်ကလေးတွေကို လွတ်လပ်ခွင့် ပေးချင်လိုက်တာ တို့၊ လွတ်လပ်ခွင့် ပေးလိုက်ကြပါ တို့ ဆိုတဲ့ စကားလုံးတွေနဲ့ ဘာဖြစ်လို့ လူတကာ နားလည်အောင်၊ လူတကာ လက်ခံချင်အောင် မပြောရတာလဲ။
ဘာဖြစ်လို့ သူတို့ကိုသနားမိပြီး ခံစားနေရတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်သနားလို့ သူတို့ကို တောထဲမှာပဲ ဘေးမဲ့ပေးချင်တာလို့ လူအများ သဘောမတူနိုင်တဲ့ ရှုထောင့်က ပြောရတာလဲ။
အထက်ကလို ပြောရင် ကိုယ့်ကို သနားကရုဏာစိတ် ကြီးလိုက်တာလို့ လူတကာ ချီးကျူးမှာစိုးလို့လား...
အောက်ကလို စကားလုံးတွေ သုံးပြီး ပြောတော့ ဟော... ဒီတစ်ယောက်ဟာ အတော်ကို အတ္တကြီးမားပါလား၊ သူ့အတွက်ပဲ သူသိတယ်။ အကောင်ပလောင်တွေ ဘေးမဲ့ပေးချင်တာတောင် သူ့ဘာသာ သနားမိတဲ့စိတ်ကို ပြန်သနားလို့တဲ့ ဆိုပြီး တွေးမိသွားစေချင်လို့လား...
အဲဒီကနေစလို့ အငြင်းအခုန် ထဖြစ်ရင်...
"တချို့သူတွေက ဘာရည်ရွယ်ချက်လဲ တော့ မသိဗျာ အဲဒီလောက် အချိန်ကုန် အကုသိုလ် အပွားခံပြီး အလိုမတူ သူများတဲ့ စာတွေ တမင်ဆွရေး ပြီး တယောက်ချင်း ကို သေချာ လက်အညောင်းခံ လိုက်ပြန်ပြော နေတာ ခင်ဗျားမြင်တဲ့ အတိုင်းပဲ နော် ဟ..ဟ ဒါတောင် သူ့ဘလော့ မှာ မဟုတ်သေးဘူး အဲဒါလည်း သူ့ အစာ အာဟာရ ပဲ ထင်ပါရဲ့ဗျာ" တွေ ဘာတွေနဲ့ ဘာစတိုင်မှန်းမသိ တချောင်းငင်တွေ နှစ်ခါ ထပ်ရိုက်ပြီး လာပြောတာကို ကြားချင်မိလို့လား...
လား လား လား...
***
Thursday, June 10, 2010
အားပေးနှစ်သိမ့်တဲ့ အင်ဥ


ပြီးခဲ့တဲ့ တနင်္ဂနွေ (6th June) Bangkok က reader တစ်ယောက် ပို့လိုက်တဲ့ ပုံလေးတွေ။ အဲဒီ ညီမလေးရဲ့ comment တွေ ရဖူးပေမယ့် သူ့ comment က တခါတလေမှပဲ လာတာပါ။ ပြီးတော့ သူ့ကို S'pore ကလို့ပဲ ထင်နေခဲ့မိသေးတယ်။ နောက်ပြီး blog ကို ခြေရာခံမိသလောက် BKK က စာလာဖတ်သူ နည်းတယ်လို့ ထင်မိတော့ BKK ကဆိုရင် ရင်းရင်းနှီးနှီးသိတဲ့ Addy တစ်ယောက်ပဲ ပင်တိုင်ဖတ်သူ ရှိတယ်လို့ ထင်နေခဲ့တယ်။
သူက ကျွန်မတို့ လက်ထပ်ဖြစ်ကြရင် က မရွှေဇင် နဲ့ အပြန်အလှန် ရေးထားကြတဲ့ comment တွေကို ဖတ်ပြီး ကိုယ်စားချင်တဲ့ အင်ဥဟင်း ဓါတ်ပုံ ပို့လိုက်တာ တဲ့။
ချက်နည်းလဲ ပါတယ်။
" ပို့စ်မှာ အင်ဥမပါဘဲ ဘာကြောင့်များ မန့် ထားပါလိမ့်လို့ တွေးနေမိသေးတယ်။ နောက်မှ မရွှေဇင်ဦး ဘလော့ကို သွားကြည့်လိုက်တော့မှ သဘောပေါက်သွားတယ်။
...
ဒီမှာ ကျွန်မတွေ့ခဲ့တဲ့အင်ဥက ရေကို ပြောင်အောင် ဆေးပြီးသားတွေ။ တော်တော်လေးတော့ ဝမ်းသာသွားတယ်။
အိမ်ပြန်ရောက်တော့ ရေတခါလောက် အာပတ်လွတ် ထပ်ဆေး၊ ပါးပါးလှီးထား။ ကြက်သွန်ဖြူ နီထောင်း၊ ဆနွင်းထည့် ဆီသတ်၊ ခရမ်းချဉ်သီးထည့်၊ အရောင်တင်မှုန့်ထည့်။ ခရမ်းချဉ်သီးလိပ်ပြီဆို လှီးထားတဲ့ အင်ဥထည့်။ အပေါ့အငန် လိုသလိုမြည်း၊ ရေထည့်ပြီး ခန်းအောင်တည်။ လိုသေးရင် ရေထပ်ထည့်ပါ။
ဒီက အင်ဥမှာ ပြောစရာတခုရှိတာက မြန်မာပြည်က အင်ဥလို မနုပါဘူး။ သားရေဖတ်နဲ့  နည်းနည်းဆင်တယ်။ ဒါပေမယ့်လည်း အလွမ်းပြေ ရှားရှားပါးပါး လူတကာ မနာလိုဖြစ်ရတဲ့ဟင်းတော့ စားလိုက်ရတာပေါ့လေ။"
(သူ့စာ တပိုင်းတစ)
***
" ဓါတ်ပုံပြပြီး ထပ်နှိပ်စက်သလို ဖြစ်ပေမယ့် အဲလို နှိပ်စက်တာကို ခံချင်နေတာပါ။
မစားရ ဝခမန်း ကြည့်လိုက်ပါမယ် ညီမလေး :D
ပဲခူးတိုင်းမှာ နေခဲ့တုန်းကဆို မိုးတွင်းရောက်တာနဲ့ အိမ်မှာ ခဏခဏ ချက်ပြီ။ အဲဒီခါတိုင်း တလုံးချင်းကို ပွတ်ပြီး ၂ ခါလောက်ဆေးရတာ သိပ်ပျင်းတာပဲ။ အင်ဥအမဲက သိပ်ဆေးစရာမလိုဘူး။ ချောအိအိလေးနဲ့ သဲလဲ သိပ်မကပ်ဘူး။ အဖြူက သဲတွေကပ်နေတတ်လို့ သေချာ ဆေးရတယ်။
အဲဒီအကြောင်းကို ပြန်စဉ်းစားရတာ ရေစိမ်ထားတဲ့ အင်ဥမဲမဲလေး ဖြူဖြူလေးတွေဆီက ထွက်တဲ့ အနံ့နဲ့ သူတို့မှာ ကပ်နေတဲ့ သဲနံ့ကို နှာခေါင်းထဲမှာ ပြန်ရနေတယ်။ ဖြူးမှာ နေခဲ့တုန်းကပေါ့..."
(ကိုယ့်ပြန်စာ တပိုင်းတစ)
***
" ကျွန်မလည်း အင်ဥလှီးနေတုန်း ခဏခဏ ကောက်နမ်းကြည့်မိတယ်။
အိမ်ကို လွမ်းဘီဆို အနံ့လေးက အစ၊ ရာသီဥတုအခြေအနေလေးက အစ လွမ်းစရာလေးတွေချည်းပဲနော်။ မိုးရွာပြီးစ မြေသင်းနံ့၊ မြက်နံ့ဆို ဘယ်လိုချစ်မှန်းကိုမသိတာ။""
(သူ ထပ်ပြန်တဲ့ စာ)
***
ကိုယ့်မှာလဲ ရောဂါတစ်ခုက ဘာတဲ့ဆိုရင် ဖတ်ဖူးတဲ့ စာအုပ်တွေ ပြေးပြေး သတိရတာပါပဲ။
ခုလည်း အဲဒီ တနင်္ဂနွေနေ့က ဆရာမ ဝင်းဝင်းလတ် ရဲ့ "အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ" မှာပါတဲ့ အားပေးနှစ်သိမ့်သော မုန့်ဟင်းခါး ဆိုတာလေးကို သတိရမိတယ်။
အဲဒီ ဝတ္ထုထဲက စကားလုံးတွေ၊ အကြောင်းအရာတွေ တခုချင်းကို စွဲလမ်းနေခဲ့တော့ အကြောင်းတိုက်ဆိုင်တာနဲ့ ပြန်ပေါ်လာတာ သိပ်တော့ မဆန်းပါဘူး။
ဒေါက်တာ ခင်ဦးနွယ် ဆေးရုံက တိုင်စာကိစ္စ ရင်ဆိုင်ရခါနီး၊ သားနှစ်ယောက်ကို ခင်ပွန်းဟောင်းက ခဏ ခေါ်သွားချိန်၊ လုပ်ငန်းခွင်ကနေ အိမ်ပြန်ရောက်တော့ ကလေးတွေအသံ မကြားရ၊ တဘက်က ရင်ဆိုင်ရဦးမယ့် ပြဿနာ... အဲဒီအချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေ လာပို့ထားကြတဲ့ မုန့်ဟင်းခါး နဲ့ ဘုရားပန်းကို ညွှန်းဆိုလိုက်တဲ့ စကားလုံးလေး... အားပေးနှစ်သိမ့်တဲ့ မုန့်ဟင်းခါး နဲ့ အားပေးနှစ်သိမ့်တဲ့ ဘုရားပန်း တဲ့။
ebook မှာတော့ စာမျက်နှာ 217 နဲ့ 218 မှာ...
***
ဘဝမှာ ဘာတွေပဲတွေ့တွေ့ ဒါတွေကြောင့်ပဲ နေပျော်ရပါတယ်။
:)))
***

ဒီပုံနဲ့ post နဲ့ သိပ်တော့ မဆိုင်ပေမယ့် "ကျေးဇူး post" တွေ ရေးဖြစ်တုန်းက side bar မှာ တင်ထားခဲ့လို့ ကိုပေါ နဲ့ ကိုဝတုတ်က ဒီ post မှာ comment ဝင်ရေးခဲ့တာကြောင့် ဒီ post မှာပဲ အဆက်အစပ်မိအောင် ပြန်သိမ်းထားလိုက်တယ်။
ပြီးတော့ အင်ဥပုံတွေ ပို့ပေးသူနဲ့ ဒီ ကာတွန်းပုံလေး ပို့ပေးသူ တစ်ယောက်တည်း ဖြစ်တာကြောင့်ရောပါ။
***
Saturday, May 22, 2010
အပေါင်း၊ အနုတ် နဲ့ လူ့အဖွဲ့အစည်း
ဖတ်ခဲ့ရတာတွေ တချို့လည်း မေ့ကုန်ပါပြီ။ တချို့သဘောတရားတွေကျ မေ့သွားတယ် ထင်ပေမယ့် တကယ်က မသိစိတ်ထဲမှာ ကျန်ခဲ့ပြီး၊ ဆက် apply လုပ်နေမိတယ်။ တချို့အကြောင်းအရာတွေကျ ဘယ်တော့မှ မမေ့ဘဲ အမြဲသတိရနေတတ်ပေမယ့် တကယ်တမ်းကျ apply လုပ်နိုင်တဲ့ အခြေအနေမှာ ရှိချင်မှ ရှိမယ်။ ရှိလည်း လုပ်နိုင်ချင်မှ လုပ်နိုင်မယ်။
အမြဲသတိရနေမိတဲ့ အကြောင်းတစ်ခု စိတ်ထဲမှာ ရှိနေတယ်။
အဲဒါဟာ ဂျာနယ်တစ်စောင်မှာ ဖတ်ခဲ့ရတယ်လို့ ထင်တယ်။ source တွေ သိပ် မမှတ်မိတော့ဘူး။ "အခွင့်အလမ်း" ဂျာနယ် ဖြစ်မယ်။ နောက် 2004 ပတ်ဝန်းကျင် ဖြစ်မယ်။ ရေးသူက ဓန မှာလား၊ မြန်မာ့ဓန မှာလား "စွန့်ဦးတီထွင်" ဆောင်းပါးတွေ ရေးခဲ့တဲ့ ဦးရဲမြင့် (ရဲမြင့် - စွန့်ဦးတီထွင်) ပါ။
လုပ်ငန်းခွင်တွေရဲ့သဘော နဲ့ လုပ်ငန်းခွင်ထဲက လူမှုဆက်ဆံရေးတွေအကြောင်းပါ။
မြန်မာပြည်မှာ အလုပ်လုပ်နေကြတဲ့ လူငယ်တွေ ဟိုကုမ္ပဏီကနေ ဒီကူး၊ ဒီကနေ ဟိုကူး ဖြစ်ကြတာတွေနဲ့ ပတ်သတ်ပါတယ်။
ဘာမှမသိနားမလည်သေးတဲ့ လူငယ်တစ်ယောက်ကို ခန့်လိုက်တယ်၊ ကိုယ့်ကုမ္ပဏီက အချိန်ကုန်ခံပြီး သင်ပေးလိုက်တယ်၊ အဲဒီနောက် တတ်သွားလို့ အားကိုးရမယ်မှ မကြံသေးဘူး၊ ပိုရတဲ့ နောက်အလုပ်တစ်ခုကို ပြောင်းသွားရောဆိုတာကို ဘယ်လုပ်ငန်းရှင်မှ လိုလားမယ်မဟုတ်ဘူး။ (ဒါပေမဲ့ အလုပ်လုပ်တဲ့ လူငယ်တွေ နေရာက ကြည့်တော့လည်း ဒါကို အပြစ်ပြောလို့ မဖြစ်ပြန်ဘူး။)
ကိုယ် ဘယ်တော့မှ မမေ့တဲ့ အကြောင်းက စာရေးသူ ဦးရဲမြင့် လုပ်ခဲ့တဲ့ ကုမ္ပဏီကလား၊ တခြား ပတ်သတ်ရာ ပတ်သတ်ကြောင်း ကုမ္ပဏီကလား လူကြီးတစ်ယောက် ပြောတဲ့စကားပါ။ သူဟာ သူ့ကုမ္ပဏီက ထွက်သွားတဲ့ လူငယ်တစ်ယောက်ကို တတ်သွားပြီးမှ ထွက်သွားတာကိုပဲ လိုလားပါတယ်တဲ့။
သူ့ကုမ္ပဏီက သင်ပေးလိုက်ရပေမယ့်၊ တတ်သွားပြီး ထွက်သွားတဲ့အခါ ကုမ္ပဏီအတွက် ဆုံးရှုံးတယ်လို့ ထင်ရပေမယ့် အဲဒီလူငယ်ဟာ ဒီအဖွဲ့အစည်းထဲမှာပဲ ဆက်ရှိနေတာဖြစ်လို့၊ ဒါကို အနုတ်လက္ခဏာအဖြစ် သူ မယူဆပါဘူး။ အဖွဲ့အစည်းထဲမှာ တတ်တဲ့လူငယ်တစ်ယောက် ရှိနေတာဟာ အဖွဲ့အစည်းအတွက် အပေါင်းလက္ခဏာဖြစ်ပါတယ် တဲ့။ နောက်ဆုံး အဲဒီလူငယ်ကလေး မြန်မာပြည်ထဲမှာ မနေတော့ဘဲ နိုင်ငံခြားထွက်သွားတယ် ဆိုရင်တောင်၊ နိုင်ငံတကာမှာ ကိုယ့်တိုင်းပြည်က ကျွမ်းကျင်တတ်မြောက်တဲ့ လူငယ်တွေရှိတာဟာ လူ့အဖွဲ့အစည်းအတွက် အပေါင်းလက္ခဏာပါပဲ တဲ့။
အဲဒါကိုဖတ်ပြီး ကိုယ်ဟာ အဲဒီထဲက အလုပ်ရှင်လို လူမျိုးနဲ့ သိပ်ကို ကြုံချင်ခဲ့တယ်။
ကံကောင်းထောက်မ, တော့ ကြုံရပါတယ်။ နောက်ဆုံးနဲ့ အကြာဆုံးလုပ်ခဲ့တဲ့ မြန်မာပြည်က အလုပ်ဟာ အဲလို လူကြီးမျိုးတွေ ရှိတဲ့ နေရာပါပဲ။ ကိုယ်သိစရာ တတ်စရာတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေ၊ လုပ်ပုံကိုင်နည်းတွေ အများကြီး သိစေတတ်စေခဲ့တဲ့ နေရာပါ။ သူတို့ပေးသလောက် ကိုယ် မယူနိုင်ခဲ့တာကတော့ တပိုင်းပေါ့။ နောက်ဆုံး ကိုယ် နိုင်ငံခြားထွက်တော့ ကိုယ့်အတွက် လေယာဉ်ခသီးသန့် ပေးလိုက်တဲ့ နေရာလည်းဖြစ်တယ်။
ထားပါတော့... ဒီသဘောထားဟာ ကိုယ့်စိတ်ထဲမှာ စွဲကျန်ခဲ့တဲ့ အကြောင်းတွေထဲက တစ်ခုပါပဲ။
ကိုယ် စာဖတ်တာကို ဝါသနာပါတယ်လို့ အကြမ်းဖျင်း ပြောနိုင်ပါတယ်။
တကယ်တော့ လူတွေအကြောင်းကို စိတ်ဝင်စားတာပါ။ အဘယ်သို့သော ကိစ္စကို ဘယ်လိုလူမျိုးတွေ ဘယ်လို ဘယ်ပုံ တုန့်ပြန် စီမံကြသလဲ ဆိုတဲ့ ကိစ္စမျိုးတွေပေါ့။ ဒါကြောင့် ဇာတ်လမ်းအသားပေး ဖွဲ့နွဲ့နေတာတွေထက်၊ စရိုက်သဘာဝကို ပီပြင်အောင် သရုပ်ဖော်တဲ့ စာမျိုးကို ပိုသဘောကျမိတတ်တယ်။ ဒါကြောင့်ပဲ အလုပ် မဝင်ခင်မှာ စီးပွားရေးလုပ်ငန်း သဘောတရား ဘာ ညာတွေထက်၊ လုပ်ငန်းခွင် ဆက်ဆံရေးအကြောင်းတွေ ပိုဖတ်မိခဲ့တာပါပဲ။
ကိုယ်ဟာ ဖတ်ခဲ့တဲ့ စာတွေနဲ့ တွက်ရင် ဒီ့ထက်မက ရင့်ကျက်သင့်ပါတယ်။ ဒါပေမဲ့ စာဖတ်သလောက် ရင့်ကျက်တဲ့သူတော့ ဖြစ်မလာခဲ့ဘူး။ လူချင်းတူရင် ကိုယ့်လောက် စာမဖတ်ခဲ့သူထက် လူ့သဘောတွေကို ကိုယ် ပိုလို့ ရိပ်မိချင် ရိပ်မိမယ်။ ရိပ်မိတဲ့အတိုင်း သည်းမခံနိုင်စရာ ဖြစ်လာတဲ့အခါမှာ ကိုယ့်လောက် မသိတဲ့သူလောက်မှ ခွင့်လွှတ်တတ်ဖို့ မကြိုးစားနိုင် ဖြစ်လေ့ရှိတယ်။ ဒါကလည်း ရှင်းပါတယ်။ သူများစိတ်ကိုသိတာနဲ့ ကိုယ့်စိတ်ကို ထိန်းကျောင်းနိုင်တာဟာ ဘာမှမဆိုင်တဲ့ အရည်အချင်းကိုး။
ခုလောလောဆယ်လည်း online ပေါ်မှာ ကြုံလာရတဲ့ ကိစ္စတချို့ ရှိတယ်။
တချို့တွေဟာ တစုံတရာကို ဆန့်ကျင်ဘက်သာ ပြုနေတာ၊ သူတို့ ဆန့်ကျင်ဘက်ပြုနေတဲ့ အရာနဲ့ သူတို့ လုပ်နေတဲ့ လုပ်ရပ်တွေ တထပ်တည်း ဆိုတာကို ကိုယ် အစောကြီးကတည်းက နားလည်တယ်။ ဒီလိုပဲ ရှေ့မှာ ဖြေကြည့်သူများရော၊ ဗေဒင် ယတြာရော ရေးခဲ့တာမှာ ဗမာလို ရှင်းအောင်ရေးတာတောင် ဆိုလိုရင်း မမိတဲ့ လူတွေ ရှိတယ် ဆိုတာ ကြုံပြီးပြီ။
ဒါပေမဲ့ ကိုယ့်ဘာသာ မကြည့်ချင်၊ မမြင်ချင်လို့ မကြာခင် ဖြုတ်ပစ်မယ်လို့ ကြိုကြေညာပြီးမှ ဖြုတ်ပစ်လိုက်တဲ့ post ကို print screen ဖမ်းထားတယ်လို့ ပြောတော့ အဲဒီလို လူမျိုးဆီမှာ ဘာအာဏာမှမရှိဘဲနဲ့တောင် ဒီလောက် ခြိမ်းခြိမ်းခြောက်ခြောက် လုပ်ချင်နေတာ ဆိုတဲ့ point ကို ထောက်ပြချင်မိတယ်။
အဲဒီ blog မှာ တင်ထားတဲ့ ပုံတွေကို ပိုင်ရှင်နဲ့ ညှိပြီးတင်၊ ကိုယ့် blog ကို credit ပေးထားတာကို ဖြုတ်လို့ ရှင်းအောင် ရေးပါရက်နဲ့ အဲဒါ ပုံတွေ မတင်နဲ့ လို့ ပြောတာ၊ သူ့ဓါတ်ပုံလည်း မဟုတ်ဘဲနဲ့ ဆိုပြီး လိုရာအဓိပ္ပါယ်ကောက်တာတွေကို စတင်ကတည်းက အီးမေးလ်ထဲရောက်လာတဲ့ post အဟောင်းကို ပြပြီး တလွဲပြောတဲ့သူ၊ တလွဲတွေးတဲ့သူ တသက်လုံး ကျွန်ခံကြေး၊ ဒါမှမဟုတ် ကိုယ့်ဘာသာ သတ်သေကြေး လောင်းကြေးထပ်ရဲလား မေးချင်မိတယ်။
ဒီနေရာမှာ လိုအပ်လို့ ကိုယ့်အမြင်ကိုတော့ ပြောချင်သေးတယ်။ comment လာရေးတဲ့ လူကမှ တိုက်ရိုက်ကျလို့ ယောက်ျားပီသသေးတယ်လို့ ပြောနိုင်တယ်။ ကိုယ်မသိဘဲ နောက်ကွယ်မှာ အတင်းပြောတာနဲ့ တူတာကတော့ ယောက်ပြားပီသတယ်လို့ပဲ ပြောလို့ရမယ်။ မမ KOM သာ email နဲ့ အဲဒီ blog က link ကို လာမပြောရင် သိတောင် သိလိုက်မှာ မဟုတ်ဘူး။
တကယ်တော့ ဓါတ်ပုံဖြုတ်လို့ ရေးတာမဟုတ်ဘဲ ဓါတ်ပုံပိုင်ရှင်နဲ့ ညှိ ဆိုတာနဲ့၊ ပေးထားတဲ့ credit ကို ဖြုတ်ဆိုတာ ဒီလောက် ရှင်းအောင် ရေးထားတဲ့ဟာကို တလွဲဖြစ်အောင် ဖတ်တာ၊ အဓိပ္ပါယ်ဖော်တာ ဘယ်လိုမှ စဉ်းစားလို့ကို မရဘူး။ ဒါ့ထက်မက ဓါတ်ပုံပိုင်ရှင်နဲ့ ညှိရန် ဆိုတဲ့ စာကြောင်းပါ အတိအကျပါသေးတယ်။ ဒေါ်ခင်မျိုးချစ် ပြောသွားတဲ့ ငါတော့ ဉာဏ်ကို မမီဘူး ဆိုတာ ခဏခဏ သတိရတယ်။
ကိုယ့်ဘလော့က ကိုယ်ပိုင်စာ ကိုယ်ပိုင်ပုံတွေကိုတော့ နိုင်ငံရေး အမည်ခံ ဘလော့တွေကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်လို့ ခွင့်ကို လာမတောင်းနဲ့ လို့ ရေးတာက နောက်ကိစ္စ တပိုင်း။ သင်္ကြန်တုန်းက ရေကစားနေတဲ့ ကောင်လေးနှစ်ယောက်ပုံရဲ့ အောက်မှာ "... ကိုတော့ မကြောက်ဘူး" ဆိုတဲ့ caption နဲ့ တင်လိုက်လို့ ပြဿနာတက်တာ ဘယ်လို ဘလော့ အမျိုးအစားလဲဆိုတာ တွေးကြည့်လိုက်ဦး။ impressive ဖြစ်စရာမဟုတ်လို့ ယူဆရင် ပတ်ကို မပတ်သတ်ချင်ဘူး။ ဒါ ကိုယ့် အခွင့်အရေးပဲ။
ဖြေကြည့်သူများ မှာလား မသိ ဆိုလိုရင်းကို တလွဲကောက်ပြီး ဂဂျိုးဂဂျောင်လာရေးတဲ့ comment တစ်ခုကို လူကသာ ဒီမို ဟိုမို အော်နေတာ ဗမာစာတောင် အမြီးမှန်း ခေါင်းမှန်းမသိမှတော့ ဘာသွားသုံးစားမလဲ လို့ ပြန်ရေးခဲ့ဖူးတယ်။
နောက် ညီလင်းဆက် ရဲ့ fb မှာ ဒီနေ့ပဲ မင်းသမီးနဲ့ သတင်းထောက်ကိစ္စကို "သိန်း ၅၀ လောက် လျော်လိုက်တာနဲ့ အဲဒီ သတင်းထောက်က မမထက် မမထက် ဖြစ်သွားမှာ" ဆိုတဲ့ ယောက်ျားတန်မဲ့ comment လာရေးတဲ့ လူကို သည်းမခံနိုင်ဖြစ်မိတယ်။ နှစ်ယောက်လုံး မှားပြီး၊ နှစ်ယောက်လုံး နစ်နာတဲ့ ကိစ္စမှာတောင် သူတို့မှာ မိန်းမတွေဖြစ်တဲ့အတွက် နောက်ပိုင်း စိတ်အခြေအနေဘယ်လို ရှိမယ် မတွေးတတ်တာကို ဘယ်လို နားလည်ပေးရမှန်း မသိဘူး။
ဒါတွေနဲ့ ကြုံလာပတ်သတ်ရင်း အထက်မှာ ပြောခဲ့တဲ့ အဆိုကို ကိုယ် သတိရမိတယ်။
အပေါင်း၊ အနုတ် နဲ့ လူ့အဖွဲ့အစည်း ကိစ္စ။
ကိုယ့် blog နဲ့ ပတ်သတ်တဲ့ ကိစ္စဟာ ကိုယ့်ကိစ္စဖြစ်လို့ ကိုယ်ဟာ အတ္တနဲ့သာ ယှဉ်စဉ်းစားပါတယ်။
အဲဒါရဲ့ နောက်မှာ ဒေါသ၊ မောဟ၊ မာန်မာနက သေချာပေါက်ပါလာပြီး အဲဒါတွေနဲ့ စဉ်းစားတယ်။
ဒါပေမဲ့ အဲဒါတွေ အားလုံးက ကိုယ့်နိုင်ငံက လူတွေသာ ဖြစ်နေတော့ နိုင်ငံလို့ စဉ်းစားလိုက်တာနဲ့ ဗမာပြည်အဖွဲ့အစည်းအနေနဲ့တော့ အနုတ်လက္ခဏာပဲ လို့ တွေးမိတယ်။
အဲဒီအနုတ်လက္ခဏာ အတွေးက ခေါင်းထဲရောက်လာတဲ့ အခါတိုင်း၊ ကိုယ့် ဒေါသ နေရာမှာ ဘာကိုမှန်းမသိတဲ့ တစုံတခုကို ဆုံးရှုံးလိုက်ရတဲ့ feeling ဝင်ဝင်လာတယ်။
***
စာတွေ များများဖတ်ဖြစ်ခဲ့ပြီး၊ လူ့သဘောတွေ ကြိုပြီးတော့တောင် ရိပ်မိလေ့ရှိတယ်လို့ ကိုယ့်ဘာသာယူဆတဲ့ ကိုယ့်အနေနဲ့လည်း သိနားလည်ပြီးသား သဘောထားတွေကို ဒေါသတကြီး တုန့်ပြန်တတ်တဲ့သူ၊ အနုတ်တွေကို အပေါင်းဖြစ်လာအောင် မလုပ်နိုင်တဲ့သူသာ ဖြစ်နေလို့ ကိုယ် ကိုယ်တိုင်လည်းပဲ ဗမာစာ နားမလည်ဘဲ ရမ်းသမ်းပြောတတ်တဲ့ လူတွေနဲ့ တန်းတူ ကိုယ့် အဖွဲ့အစည်းအတွက် အနုတ်လက္ခဏာပါပဲ။
***
Friday, April 9, 2010
၃ ရက်တာ...
စရောက်ရောက်ချင်း ဘာလုပ်ရမှန်း မသိဘူး။
တကယ်တော့ နည်းနာတွေက တခါမှသာ မလုပ်ဖူးတာ စာအုပ်တွေထဲကနေ နည်းအမျိုးမျိုးကို အလွတ်တောင် ရနေပြီ ဆိုရမယ်။ ဒါပေမဲ့လည်း တကယ်လုပ်တော့မယ်ဆိုတော့ ဘယ်ကစလို့ ဘာလုပ်ရမယ် မသိဘူး။ ဒီတိုင်း ငြိမ်ငြိမ်လေးပဲ ထိုင်နေတယ်။ ဒါပေမဲ့ စိတ်တွေက လွင့်နေတယ်။
၁ဝ နာရီမှာ ဆရာတော် တရားဟောပြီး၊ အသစ်တွေကို သပ်သပ် ထိုင်နည်းပြောပြတယ်။ ကိုယ်သိပြီးသားဆိုလည်း ဆရာတော်ပြောမှ လိုက်လုပ်တတ်သလို ဖြစ်နေတယ်။
စင်္ကြံလျှောက်နေတုန်း "ခုနောက်ပိုင်း game တွေ မကစားဖြစ်တာ တော်သေးတယ်" လို့ တွေးမိတယ်။ ၁ဝ တန်းအောင်ပြီး game တွေ သဲကြီးမဲကြီး ဆော့နေတဲ့ကာလမှာ ဥပုသ်စောင့်တော့ နားနေတဲ့ခဏမှာ မျက်စေ့ထဲ game အကွက်လိုက်၊ အကောင်လိုက်တွေ မြင်လာတာကိုး။
နောက်ပိုင်းမှာ game နဲ့ မပတ်သတ်မိအောင် နေခဲ့တာ fb က game တွေတောင် သွားမစဘူး။ invitation တွေ ရာချီ ရောက်လဲ အကုန် ignore လုပ်ခဲ့တယ်။ ခုဆို မသိတဲ့လူတွေကိုတောင် friend list ကနေ အကုန် ဖြုတ်ချလိုက်ပြီ။ fb က check ချင်တဲ့လူကို check ဖို့ထားရုံမျှသာပါပဲ။ :)
ပတ်သတ်ဆက်စပ်ခဲ့တာတွေ များတာဟာ မကောင်းဘူး။ ကိစ္စဝိစ္စတွေ များတာဟာ မကောင်းဘူး။ ကိစ္စများတော့ အတွေးများတယ်။ ဒီလိုအချိန်မှာ ဒုက္ခပေးတာပဲ။ လောလောဆယ် မပတ်သတ်တဲ့ game ကိုတောင် အရင်က ပတ်သတ်ခဲ့ဖူးတာ ပြန်တွေးမိပြီး ခေါင်းထဲ ပေါ်ဖြစ်အောင် ပေါ်လာသေးတယ်။
အဲဒီနေ့က ပထမဆုံးနေ့ ဖြစ်တာရော၊ ထမီဝတ်ထားရတဲ့ tension ကြောင့်ရော အတော်ကို ခံစားရတယ်။ လူတကိုယ်လုံးက မီးထတောက်တော့မယ့် အတိုင်းပဲ။ ထိုင်ရင်လည်း ဘယ်လောက်မှ မထိုင်နိုင်ဘူး။ လျှောက်ရင်လည်း ဘယ်လောက်မှ မလျှောက်နိုင်ဘူး။ ၁၅ မိနစ်လောက် ထိုင်လိုက်၊ ၁၅ မိနစ်လောက် လမ်းလျှောက်လိုက်နဲ့ အတော်ကို ဂဏာမငြိမ်ပါလားလို့ တွေးမိတယ်။
ထိုင်တဲ့အခါ လက်ကို ခွေပြီး တင်ထား၊ ဒါမှမဟုတ်လည်း ဒူးပေါ် ဆန့်ထားတယ်။ ဘယ်လိုမှ မခံစားနိုင်အောင် လက်ထဲက အောင့်လာတယ်။ ဝေဒနာကို ရှုဖို့ဆိုတာ တကယ်တော့ ဘယ်လိုမှ မလွယ်တဲ့ အလုပ်ပဲ။ ဒါတောင် အကျင့်မရှိတဲ့ ကိုယ်အမူအရာကို အကြာကြီး လုပ်နေရလို့ ဖြစ်တဲ့ ဝေဒနာ။ ကျန်းမာရေး ချို့တဲ့၊ အားအင်ကုန်ခန်းပြီးမှ ရတဲ့ ဝေဒနာမဟုတ်ဘူး။ အဲဒီလို အခြေအနေမျိုး ရောက်မှသာ ဒီအလုပ် စလုပ်မယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ဘယ်နေရာကဝေဒနာကို စူးစိုက်ပြီး ရှုရမယ်မှန်း မသိအောင်ကို တကိုယ်လုံးက နေရာလပ်မကျန်အောင် နာနေတယ်။ ကိုယ် အရမ်းပြန်ချင်တယ်။ လှဲအိပ်လိုက်ချင်တယ်။
ပြန်ရတော့မယ် ဆိုတော့ အတော်ကို လွတ်လပ်ပေါ့ပါးပြီး ပျော်သွားတယ်။
လမ်းပေါ်ရောက်တော့ ခုနက ဝေဒနာတွေ အလိုလို ပျောက်သွားတယ်။
မမသီတာ၊ အကိုဧရာတို့နဲ့တွေ့တယ်။ ခဏလေး နှုတ်ဆက်ရုံလေးပါပဲ။
ညဘက် ဆာပေမယ့် နေနိုင်ပါတယ်။ မေ့ပြီး သီချင်းဖွင့်မိတယ်။ အဲဒါကိုလည်း သတိမထားမိဘူး။
***
ဒုတိယနေ့
ထမီ ဘယ်လိုမှ ဆက်မဝတ်နိုင်တော့ဘူး။ ဝတ်ထားတဲ့ နေရာက ပူပြီး၊ ဆုတ်ဆွဲထားသလို ခံစားရတယ်။ ချည်သားဘောင်းဘီတွေ ရှိတော့ အဲဒါတွေနဲ့ အဆင်ပြေသွားတယ်။
I don't know why our ancestors adopted the others' culture, ထမီ!
ထိုင်ရတာ မနေ့ကထက် ပို အဆင်ပြေလာတယ်။ မနက်ပိုင်း တရားမဟောခင်ထိ ကောင်းကောင်းထိုင်နိုင်တယ်။
ထမင်းစားချိန်ရောက်တော့ ဟင်းတခွက်က ဒန့်သလွန်သီးပါတဲ့ သီးစုံဟင်း။ ရုတ်တရက် cbox နဲ့ kkmg ကို တွဲသတိရပြီး ပြုံးစိစိ ဖြစ်သွားသေးတယ်။ စိတ်ထဲမှာ ဘာလို့မှန်းမသိ ရယ်ချင်သွားတာ။ ရယ်ချင်နေတာကို စိတ်ထဲမှာ အမှတ်ထားပြီး ဆက်စားဖြစ်သွားပါတယ်။
ကြက်သားဟင်း လုံးဝ မတို့ပါဘူး။ တခြားဟင်းရံတွေပဲ စားနေမိတယ်။ ရောင့်ရဲနေတာတော့ မဟုတ်ဘူး။ ကိုယ်စားချင်တာ ရွေးစားတာပါ။ ကြက်သား၊ ဝက်သားက ကိုယ့်ဘာကိုယ် စားနေရလို့။ တဏှာ၊ တဏှာ... ရသတဏှာက အဲဒီထိအောင် စွဲနေသေးတယ်။ အလှူရှင်တွေက ဟင်းတွေ အတင်းလာထည့်ပေးကြတယ်။
စားနေတုန်းမှတ်ရတာ ပိုခက်တယ်။ မြန်မြန် ဖျတ်ဖျတ်နဲ့ စားနေကျဆိုတော့ အဲလို ခဏခဏ စားမိတယ်။ ဖြည်းဖြည်းဆေးဆေး အမှတ်နဲ့ စားရတာ အတော်ခက်ပါတယ်။
စားပြီး တစ်နာရီပြည့်အောင် လျှောက်နိုင်တယ်။ ပြီးတော့ တစ်နာရီပြည့်အောင် ပြန်ထိုင်နိုင်တယ်။ ပထမနေ့ကလို မဟုတ်တော့ဘူး။ ဒါပေမဲ့ စိတ်ကတော့ ဖမ်းရခက်တုန်းပဲ။ ရန်ကုန်က တနေရာကို ခဏခဏ ရောက်သွားတယ်။ အသံတချို့ကို ကြားမိတယ်။
အပြန်ကျ SSC မှာ shopping ကြသေးတယ်။ ဘာမှတော့ ဝယ်မလာဖြစ်ဘူး။ တကယ်တော့ မလုပ်သင့်ဘူး။ အာရုံအသစ်တွေကို ထပ်မရှာသင့်တာ။
အဲဒီနေ့ အိမ်ပြန်ရောက် ကွန်ပျူတာ ဖွင့်တော့မှ သတိထားမိတယ်။ မနေ့က သီချင်းနားထောင်လိုက်သေးတယ် ဆိုတာကို...
***
တတိယနေ့
အိပ်ရေးနည်းနည်း ပျက်ခဲ့တယ်။
မနက်တပိုင်းလုံး အဆင်ပြေပေမယ့် နေ့လည် ထိုင်တော့ အိပ်ငိုက်မိတယ်။ ဒါနဲ့ မျက်လုံးကို တဝက်ဖွင့်ထားမိတယ်။ မှတ်စိတ်တွေ သိပ်တိုးတက်လာတယ်လို့တော့ မထင်မိပါဘူး။ ဒါပေမဲ့ လုပ်ချင်စိတ် ရှိနေတယ်။ ကိုယ့်သာသာ တော်တော်မလွယ်တဲ့ဟာပါလား လို့ သိလာတယ်။
လမ်းလျှောက်တဲ့အခါမှာ ပြန်လှည့်လိုက်တဲ့ အချိန်မှာပဲ အာရုံက လှစ်ခနဲ လွင့်တတ်တယ်။
ခြေလှမ်း ၁ဝ လှမ်းစာ သတိမပြတ်ရှိနေဖို့ဟာ မလွယ်ဘူး။
တစ်နေရာမှာ စူးစိုက်နေနိုင်ရင် ကျန်တာတွေက အလိုလို မှိန်သွားတယ်။
အဲဒီနေ့က စောပြီး ပြန်ခဲ့တယ်။
နောက်နေ့ ရုံးပြန်တက်ဖို့လည်း ရှိနေတော့...
နောက်ကြုံရင် သွားကြဖို့တော့ တိုင်ပင်မိတယ်။
အတူတူထိုင်တဲ့ ညီမလေးတစ်ယောက်က "ဆရာတော်ဟောတဲ့ထဲမှာ ဝင်သက်မဆုံးခင် ထွက်သက်မဆုံးခင်မှာပဲ သေသွားနိုင်တယ်လို့ ပါပေမဲ့ စင်္ကြံလျှောက်တော့ ငါ့နေရာလို့ စွဲနေတယ်" လို့ ပြောတယ်။ ဟုတ်တယ် တခါတခါ ကိုယ့်အတွက် အသုံးမဝင်နိုင်ဘူးဆိုတာ သိရက်နဲ့တောင် မစွန့်နိုင်တာတွေ ရှိနေတယ်။
***
သတိကို အမြဲ မပြတ်ကပ်လို့ စိတ်ကို စောင့်ထိန်းရတဲ့ အလုပ်ဟာ လုပ်ဖူးခဲ့သမျှမှာ အခက်ခဲ အပင်ပန်းဆုံးပဲ။ ထပ်ကြိုးစားကြည့်ဦးမယ်။
***
Friday, November 6, 2009
Me & Manager
မန်နေဂျာက စီနီယာကိုဆို အင်မတန် အားကိုးတော့ "မင်း" ဘယ်တော့ ပြန်လာမှာလဲ၊ ဘာလဲနဲ့ မနေ့က မေးနေတယ်။ စီနီယာက နောက်လ 6 ရက်နေ့လို့ ပြောတယ်။ "ဟာ ဒါဆို တစ်လတောင်လား" တဲ့။
အဲဒါ မပြီးသေးဘူး။ နောက်လ 6 ရက်နေ့က ဘာနေ့လဲ တဲ့။ စီနီယာက စနေနေ့လို့ ပြောတယ်။ အဲဒီတော့ "ဒါဆို စနေ ရုံးတက်မှာလား။ တနင်္လာမှ ရုံးတက်မှာလား" ထပ်မေးပြန်တယ်။
(ကိုယ့်ဆိုရင်တော့ မေးမှာ မဟုတ်ပါဘူး။ ပြန်မလာလည်း အေးတာပဲ လို့ မှတ်ချင်မှတ်နေမှာ။)
စီနီယာက စနေတက်မယ် တဲ့။ အဲဒါကို "ဒါဆို နေ့ဝက်တက်ပြီး နောက်ရက် holiday ပေါ့။ တယ်ကောင်းပါလား" တဲ့။ တော်တော် ဟားရတယ်။ တကယ်တော့ နောက်လ 6 ရက်က တနင်္ဂနွေနေ့ကြီး။
annual leave ယူတဲ့သူကို တားလို့ကလည်း မရ။ မသွားလည်း မသွားစေချင်တော့ လျှောက်ပြောနေတာ။ ကျန်ခဲ့မယ့်သူကလည်း အားမှ မကိုးရဘဲ။ တလွဲကလည်း လုပ်ဦးမယ်။ အထွန့်ကလည်း တက်ဦးမယ်။
ဒီနေ့ပဲ စပါပြီ။
roof structure ကိစ္စ။
roof က နှစ်ခုစာ။ location မတူလို့ grid line မတူတာက လွဲရင် ကျန်တာ အကုန်အတူတူ။
အဲဒါကို ပုံဆွဲပေးတဲ့ consultant ဆီက လူကလည်း အတော်ကို ရှည်ဝေးပါတယ်။
roof plan ပုံကို နှစ်ခု ဆွဲလိုက်တယ်။ တခုက upper most level, နောက်တခုက bracing ကို ပြချင်လို့ သပ်သပ် ပြန်ဆွဲပေးတဲ့ level...
grid line no. တွေကိုလည်း "/" လေးပဲ ခြားပြီး ထည့်ပေးလိုက်တယ်။ အဲဒီ အဓိပ္ပါယ်က အတိုင်းအတာနဲ့ သုံးထားတဲ့ member တွေ အတူတူ၊ နေရာပဲကွာတယ် ဆိုလိုတာ။
အဲဒါကို plan (2) ခု၊ grid line (2) နေရာစာ ကို စုစုပေါင်း roof (4) ခုပေါ့ လို့ မန်နေဂျာက မြင်နေတယ်။ မဟုတ်ဘူး နှစ်ခုတည်း ဆိုတာကို မရဘူး။ ဒါဆို ဘာဖြစ်လို့ plan ကို နှစ်ခု ဆွဲရတာလဲတဲ့။ just to show bracing ပြောတာကို သူ လက်မခံနိုင်ဘူး။ layer နှစ်ခုကို ပြထားပြီး၊ နှစ်ခုလုံးမှာ rafter ပါတာ ဆိုတော့... ဒါဆို rafter I-Beam က အပေါ်တချောင်း အောက်တချောင်း ဖြစ်နေမှာပေါ့ ပြောတယ်။
အာာာာာာ.... မဟုတ်ပါဘူးးးးး
ဘယ်လို ရှင်းပြရမယ် မသိတော့ဘူး။ ပုံကို လျှာရှည် ခွာရှည် ဆွဲလိုက်တဲ့ လူကိုပဲ ပြေးရိုက်ချင်တော့တယ်။ ဒီ plan နှစ်ခုဟာ တူတူပဲ။ တစ်ခုတည်းပဲ။ bracing ကို သပ်သပ်ပြချင်လို့ တစ်ပုံခွဲထုတ်ထားတာပါ ဆိုတာကို 15 မိနစ်လောက် ကြာအောင် ပြောယူရတယ်။ နောက်ဆုံးကျမှ သူ လက်ခံသလိုလို ရှိတယ်။
ဒါတောင် အိုကေ အိုကေ ငါ main con ကို ဖုန်းဆက်ပြီး သေချာအောင် မေးလိုက်မယ် တဲ့။
မသိတော့လည်း မသိလို့။ သိလို့ ပြောပြတော့လည်း လက်မခံချင်ဘူး။
ခေတ်ကာလ လူကြီးတွေဟာ အတော် ခက်တယ်။
ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် အတူတူချည်းပဲ။
နောက်ဆုံးကျ ကိုယ်ပြောတာက အမှန်ပဲ။
မှန်တယ် လို့ သူလာပြန်ပြောလို့ သိတယ် မထင်နဲ့။
ဘာမှ ထပ်မပြောတော့လို့ မှန်မှန်း သိတာ။
(အေးလေ သူ့မှာ ကိုယ့်ကို မှန်ကြောင်း သတင်းပြန်ပို့ရမယ့် တာဝန်မှ မရှိတာ)
မှားရင်တော့ သေချာပေါက် လာပြန်ပြောမှာ။
ဒီနေ့လည်း စီနီယာစားပွဲနဲ့ ကိုယ့်စားပွဲ ခြေ (၃) လှမ်းစာ လောက်ကို ပတ်ပြေးနေရတယ်။
သူ့ဆီဝင်လာတဲ့ email တွေ ပြေးကြည့်လိုက်၊ သူ့ ကိစ္စ ဝင်လုပ်လိုက်၊ သူ့ပုံတွေရှာလိုက်၊ ကိုယ့်အလုပ် ကိုယ်ပြေးလုပ်လိုက်။
ဒီ post ကို မနက် ၁၁ နာရီလောက်က ရေးတာ ညနေ ရုံးဆင်းခါနီးမှ ပြီးတာသာ ကြည့်တော့။
blog တောင် ကောင်းကောင်း မရေးနိုင်ပါဘူး။
ဘာဖြစ်လို့များ ပညာသင်ခဲ့မိပါလိမ့်။
(တတ်တာ မတတ်တာတော့ တစ်ကဏ္ဍပေါ့လေ။)
***
Wednesday, November 4, 2009
E for Engineer, F for Forget !
မေးလဲ သူတို့က I don't know ပဲ ပြောတာ။ ပြီးရင် propose လေး လုပ်ပေးပါ။ ဒါပဲ ပြောမှာ လို့။ အဲဒီတော့ ကိုယ့်ဟာကိုယ် propose လုပ်ပြီး တွက်လိုက်တာ ကောင်းတယ်လို့။
I will ask them, but they will reply me, "I don't know. Can you, please, propose for it?".
Manager က Archi ပုံတွေ ကြည့်တော့လဲ ဒီလို Section မှာ ဒီလို ဆွဲထားပေမယ့်၊ ဟိုလို Section မှာ ဟိုလို ဆွဲထားသေးတာ ဆရာ။ ဟိုဟာနဲ့ ဒီဟာနဲ့ ယှဉ်ကြည့် တခြားစီ။
အင်း... မြန်မာပြည်မှာ နေတုန်း စင်ကာပူမှာ ဒါမျိုးတွေ ရှိတယ်လို့ တယောက်ယောက်က လာပြော ယုံမှာ မဟုတ်ဘူး။ (ဒါ ဘာဟုတ်သေးလဲ။ Main Con တခုက ပို့လိုက်တဲ့ dwg ကို ကြည့်ပြီး Senior တခါပြောဖူးတယ်။ အိမ်သာထဲက စက္ကူကျနေတာပဲ တဲ့။)
နောက်တော့ မန်နေဂျာက သူပဲ မေးလိုက်မယ် လို့ပြောတယ်။ သူမေးလဲ ကိုယ်ပြောတဲ့ အတိုင်းပဲ ပြန်ဖြေမှာပဲ။ ဘာမှ မထူးဘူး။
ပြီးတော့ သူက ဆက်ပြောတယ်။ QS က ဘယ်သိမလဲ တဲ့။ မင်းက အင်ဂျင်နီယာပဲဟာ၊ မင်း သိရမယ် တဲ့။
တိန် !
(လိုနေတာက tie beam တွေ လိုနေတာ။ Consultant ပုံတွေမှာလဲ မပါဘဲ ဆွဲထားတယ်။ အဲဒါ ကိုယ် လွန်သလား။ Consultant လွန်သလား။ ဟမ်)
ဒါပေမဲ့ တခါတလေလည်း အဲလိုမျိုးလေး သတိပေးတဲ့သူ ရှိဦးမှ။
ကိုယ့်ဘာသာ ဘာလဲ ဆိုတာ မေ့ မေ့နေလို့။
***
အတည်ပြောတာ။ မနောက်ဘူး။
ကိုယ်တော့ ဘူဇွာပဲ ဖြစ်ချင်တာ။
***
QS = Quantity Surveyor
***
Update :
တမင်တကာ ဘာမှန်းမသိအောင် ရေးထားတာ။
ရှင်းအောင် ရေးရင် ကိုယ်ညံ့တာတွေ လူသိကုန်မှာစိုးလို့။
:D
***
Saturday, October 24, 2009
ယုန်ကလေးက နားရွက်ထောင်

ဆုံးမစာ
ကိုယ့်မှာ သတိ မရှိဘဲနဲ့ သူများကို သတိပေးလို့ မရ။
ကိုယ့်မှာ တရား မရှိဘဲနဲ့ သူများကို တရားချလို့ မရ။
ကိုယ့်မှာ ပညာ မရှိဘဲနဲ့ သူများကို ပညာပြလို့ မရ။
ကိုယ့်မှာဖြင့် ဘာမှ မရှိဘဲနဲ့ သူများကို ဖြည့်ဆည်းချင်လို့ မရ။
(ကိုယ့်ဘာသာ တရား ပြန်ချထားတာ။)
***
Sunday, August 16, 2009
Potential, ကိုယ် နှင့် စာသင်ခြင်း
တော်တော်ကို ထွေပြားတဲ့ ဦးတည်ချက်တွေနဲ့ ရေးဖြစ်ပါတယ်။
စထားတာ ၁ လတောင် ကျော်ပါပြီ။ ဒီနေ့မှ အပြီး ရေးဖြစ်ပါတယ်။
*****
ကိုယ် ၁၀ တန်းအောင်ပြီးကာစက guide သိပ်လုပ်ချင်ခဲ့တယ်။ ဘာဖြစ်လို့ဆိုတော့ လူကြီးဆန်ချင်လို့ပါ။
guide လုပ်ရင် လူကြီးဆန်သွားမယ်လို့ ဘာဖြစ်လို့ ထင်နေခဲ့တာလဲ မသိဘူး။
(ကိုယ့် guide တွေရဲ့ influence တွေကြောင့်လဲ ပါလိမ့်မယ်။ သူတို့က တော်သလောက် လူကြီးဆန်ကြတာကိုး။) ဒါပေမဲ့လည်း အချိန်မပေးနိုင်တာနဲ့ မလုပ်ဖြစ်ခဲ့ဘူး။ အာရုံတွေများလွန်းတဲ့ ကိုယ့်မှာ အချိန်က ကိုယ်တယောက်တည်း အတွက်တောင်မှ အနိုင်နိုင် ဖြစ်ခဲ့တယ်။
ဒီလိုနဲ့ ကျောင်းပြီးသွားတော့ အလုပ်မရခင်မှာ... ဖေဖေတို့မိတ်ဆွေ အန်တီတစ်ယောက်ရဲ့ ကလေးနှစ်ယောက်ကို ခဏစာသင်ပေးဖြစ်တယ်။
တယောက်က ၆ တန်း၊ တယောက်က ၄ တန်း၊ နှစ်ယောက်ပေါင်းတော့ ၁၀ တန်း။
(တကယ်တော့ အဲဒီချိန်မှာတော့ စာသင်ချင်စိတ် လုံးဝ မရှိတော့ဘူး။
အကူအညီတောင်းတာနဲ့။ ပြီးတော့ ငြင်းမကောင်းတဲ့ လူတွေ ဖြစ်တော့...)
လူကြီးဆန်ဖို့ ထားလို့... သူငယ်ပြန်မသွားတာ ကံကောင်း...
ကလေးတွေ အဖေရာ အမေရော အင်ဂျင်နီယာ အလုပ်များများလူတွေ။
ကျောင်းပိတ်ရက် အရှည်ကြီးမှာ လူကြီးတွေ အလုပ်သွားရင် ကလေးနှစ်ယောက်ပဲ အိမ်မှာ ကျန်ခဲ့တာ။ (တကယ်က အိမ်အကူ ထားပါတယ်။ အဲဒီ အခိုက်အတန့်မှာတော့ လူမရ ဖြစ်နေတဲ့ အချိန်ပေါ့။ သူတို့ဖေဖေလည်း ပျဉ်းမနား(ကြပ်ပြေး) ပြောင်းကာစအချိန် ထင်ပါရဲ့)
ကိုယ်ကလဲ အဒေါ်နဲ့ နှစ်ယောက်တည်း နေတာဆိုတော့ သူအလုပ်သွားရင် အိမ်မှာ တစ်ယောက်တည်း။ အလုပ်ကလည်း မရသေး၊ သင်တန်းတွေလည်း ခဏလျော့ပြီး အနားကောင်းကောင်းယူနေတဲ့ အချိန်။
တခြား အချိန်းအချက်တွေလဲ ဘာမှ မရှိဘူးဆိုရင်.. စာသင်ပြီးတာနဲ့ အိမ်မပြန်ဘဲ သူတို့နဲ့ ဆော့တယ်။ TV game ဆော့၊ video ကြည့်၊ ပြီးတော့ ရွှေသွေးလိုမျိုး စာစောင် တစ်ခုထုတ်တာ ဘာလဲ..(နာမည်မေ့သွားလို့) အဲဒီထဲမှာ ကစားနည်း မျိုးစုံနဲ့ ကစားစရာလေးတွေကပါ packing ထဲထည့်ပေးသေးတာ။ အဲဒါတွေရောဆော့..ကိုယ်ကတော့ ဆရာကြီးပေါ့လေ။
ဟယ်ရီပေါ်တာကြည့်ရင် ဘာသာပြန်ပြရသေးတာ။
"အိပ်က်စပက်တို ပက်ထရိုနမ်"တို့၊ "လူးမို့စ်" တို့ ဘာတို့ ကလေးတွေနဲ့ အပြိုင်ရွတ်လို့ (ပေါပနော်၊ ငါ့နှယ်)။
*****
ကလေးတွေက TTC ကပါ။
စာတော်တဲ့ ကလေးတွေစာရင်းမှာ မပါပါဘူး။
ဒါပေမဲ့ အကြမ်းဖျဉ်း ကြည့်ရသလောက်တော့ လုံးဝ မညံ့ပါဘူး။
အဖေအမေရဲ့ gene ကတော့ ဘယ်နည်းနဲ့ မဆို ပါတာပဲလေ။
ကိုယ်တွေကတော့ နယ်မှာပဲ တောက်လျှောက်ကြီးပြင်း စာသင်ခဲ့တဲ့သူဖြစ်ခဲ့တော့ ရန်ကုန်က နာမည်ကြီးကျောင်းတွေနဲ့ အဲဒီကျောင်းထွက်တွေဆို အထင်ကြီးတတ်တဲ့ စိတ်အခံက ရှိပါတယ်။
ဒါပေမဲ့ ရန်ကုန်မှာ ကျောင်းတက်ဖြစ်တော့ အဲဒီစိတ်ဟာ လုံးဝကို ပျောက်သွားပါရော။
ဒါဟာ individual နဲ့သာ ဆိုင်တဲ့ ကိစ္စလို့ သိနားလည်သွားလို့ပါ။
ပြီးတော့ ရန်ကုန်မှာ တသက်လုံးနေလာပြီး တုံးတုံးဖြစ်နေတဲ့ လူတွေ အများကြီး ကြုံလာရလို့ပါ။
(ဟုတ်ကဲ့...ကိုယ်လဲ တုံးပါတယ်။ ဒါပေမဲ့ ကိုယ်က နယ်မှာနေခဲ့ရတာမို့ ကိုယ်တုံးတာ အပြစ်မရှိပါ။)
ထားပါတော့။
ကိုယ်ဟာ ကျောင်းမှာ စာတော်တယ်ဆိုတဲ့ လူတိုင်းကို အထင်မကြီးပါဘူး။
ဒီလိုပဲ စာတော်တဲ့ စာရင်းမ၀င်ဘူး ဆိုတဲ့ လူတိုင်းကိုလဲ အထင်မသေးပါဘူး။
ခုလိုမျိုး အလယ်တန်းဆင့် ကလေးတွေနဲ့ ကြုံရတော့ ပညာရေးစနစ်ကို ပိုပြီး အယုံအကြည် မရှိချင်ပါဘူး။
ကလေးနှစ်ယောက်ဟာ စာသင်ရမှာကို စိတ်သိပ်မ၀င်စားပါဘူး။
အငယ်လေးက ပိုဆိုးပါတယ်။ သင်္ချာတော်တယ်။ bright ဖြစ်တယ်။ စာကျက်ရမှာ တွန့်လိမ်နေအောင် ပျင်းတယ်။ ဖြတ်ထိုးဉာဏ်ကောင်းတယ်။
သူ့ကို ကြည့်ပြီး ရန်ကုန်မြို့ရဲ့ အထင်ကရ TTC ကို ကိုယ် လုံးဝ အထင်မကြီးပါဘူး။
ကလေးရဲ့ စာအုပ်နဲ့ လေ့ကျင့်ခန်းစာအုပ်ထဲက လက်ရေးဟာ အတော်ကို အခြေအနေ ဆိုးဝါးပါတယ်။
ကိုယ်ကတော့ ကလေးဆိုတာ လူကြီးရဲ့ အရိပ်ပဲ လို့ ယုံကြည်တာကြောင့် ပြုပြင်ပုံသွင်းမှုဟာ အင်မတန် အရေးပါတယ်လို့ ယူဆပါတယ်။
အထက်တန်းအဆင့် ကျောင်းသားတစ်ယောက်ကို ကြည့်ပြီး သူ့ဆရာတွေကို အကဲဖြတ်လို့ ရ မရ ကျိန်းသေ မပြောနိုင်ပေမဲ့ မူလတန်း အလယ်တန်းအဆင့် ကျောင်းသားတစ်ယောက်ကို ကြည့်ပြီး၊ သူ့ဆရာတွေကို အကဲဖြတ်ဖို့ ၁၀၀ ရာခိုင်နှုန်း ဖြစ်နိုင်ပါတယ်။
ပြီးတော့ ဆရာအတတ်သင်လေ့ကျင့်ရေးကျောင်းက ဆရာတွေသင်တဲ့ ကျောင်းသားတယောက်ရဲ့ အခြေခံမပါမှုဟာ တော်တော် ရုပ်ပျက်တယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ ရန်ကုန်လို နေရာမျိုးက အလုပ်များများ ပညာတတ် မိဘတွေရဲ့ အခြေအနေကိုလည်း မဖြစ်မနေတော့ ထည့်တွက်ရမှာပါပဲ။
(ကိုယ်ကတော့ သူတို့မေမေကို ချီးကျူးမိပါတယ်။ ဒါကလဲ အကြောင်းသိနေလို့ပါ။ ပြီးတော့ ထိုင်စားနေလို့ရလဲ အပြင်မှာ မဖြစ်မနေ အလုပ်လုပ်ချင်တဲ့ ထက်မြက်တဲ့ မိန်းမတွေကိုလည်း နားလည်မိပါတယ်။ တခုကို ဆုပ်ကိုင်လိုက်တော့ တခုကို လက်လွှတ်ရတာပါပဲ။ ဒါပေမဲ့ သူ့ကလေးတွေ ဘာဖြစ်နေတယ် ဆိုတာကိုတော့ သူ တတ်နိုင်သလောက် မျက်ခြေပြတ်မခံပါဘူး။ - ဤကား စကားချပ်)
တကယ်တော့ ကိုယ့်အလုပ်က စာသင်တယ် ဆိုတာထက် သူတို့ကို စာကျက်ခိုင်းရတာပါပဲ။
စိတ်ထဲမှာ အဲဒါ ဘာမှ အဓိပ္ပါယ် မရှိဘူးလို့ တွေးမိပါတယ်။
ဒီစာတွေ အလွတ်ကျက် စာမေးပွဲမှာ ပြန်ချရေး။ ပြီးတော့ မေ့သွား။
စာသင်တာ ဒီ့ထက် အဓိပ္ပါယ် ရှိဖို့ မကောင်းဘူးလား။
ိ
ကိုယ် အဲဒါမျိုး ခုနှစ်တန်းလောက်တည်းက တွေးနေခဲ့တယ်ဆိုရင် ပိုတယ် မထင်ပါနဲ့။
တကယ်ပါ။ ကိုယ် ပညာရေးကို စိတ်မ၀င်စားဘူး။ ပညာနဲ့ လုပ်မစားချင်ဘူး။
ပညာရှင်တွေကို လေးစားနှစ်လိုမိလည်းပဲ အထင်ကြီးလည်းပဲ သူတို့ ဘ၀ကို အားမကျဘူး။
ဒါကတော့ ကိုယ့် trend နဲ့ ကိုယ်၊ ကိုယ့် ပါရမီနဲ့ ကိုယ်မို့ ထားပါတော့။ ဆက်မပြောတော့ဘူး။
၎ တန်းကလေးကတော့ ဉာဏ်ကောင်းတယ်၊ bright ဖြစ်တယ် ဆိုပေမဲ့ ကလေးဆိုတော့ ပြောစရာ ထူးထူးခြားခြား မရှိပါဘူး။
၆ တန်းကလေးကတော့ စာကျက်ရင်းနဲ့ မေးခွန်းတွေ မေးလေ့ရှိပါတယ်။
သူက တကယ်တော့ အငယ်ကောင်လောက် sharp မဖြစ်ပါဘူး။
ပြောခဲ့ပြီးတဲ့ အတိုင်း ကျောင်းမှာလဲ စာမတော်ပါဘူး။ ဒါက ကိုယ့် အမြင်ပါ။
ဒါပေမဲ့ potential ဆိုတာကို ကိုယ့်ကို စဉ်းစားမိစေလောက်တဲ့ မေးခွန်းတွေ မေးခဲ့တယ်။
သိပ္ပံမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှု အကြောင်း သူကျက်ရင်းနဲ့ မော်တော်ကားတွေ များလာတာလဲ အကြောင်းရင်း တစ်ခု ဖြစ်တယ် ဆိုတာ ပါလာတော့ "အစ်မ ဘာဆိုင်လို့လဲ" လို့ မေးတတ်ပါတယ်။ တကယ်တော့ အဲဒါ ကျောင်းမှာ ဆရာတွေက ရှင်းပြပြီး ဖြစ်သင့်ပါတယ်။
(ရှင်းပြတုန်းက သူနားမထောင်လို့လဲ ဖြစ်နိုင်တာပါပဲ။ ဒါပေမဲ့ ဘာပဲ ဖြစ်ဖြစ် အဲဒီမေးခွန်းမျိုးဟာ သူတို့နဲ့ ကိုယ် ရင်းနှီးနေလို့ ထွက်လာတာ ဆိုတာတော့ ကိုယ်ပြောနိုင်တယ်။ ရှင်းပြတုန်း နားထောင်တာ မထောင်တာကို ကိုယ်သိပ် အရေးလုပ်ပြီး မပြောချင်ပါဘူး)
ကိုယ် အဓိကပြောချင်တာက (ကိုယ့်အနေနဲ့ သိပ်မတော်လှပါဘူးလို့ သတ်မှတ်ထားတဲ့) ကလေးတစ်ယောက်မှာလဲ သူတို့သင်ရတဲ့ ကျောင်းစာတွေနဲ့ ပတ်သတ်လို့ မေးစရာ မေးခွန်းတွေ ရှိတယ် ဆိုတာပါပဲ။ အဲဒါဟာ ကိုယ့်အတွက်တော့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။
ကိုယ် သူ့ကို ရှင်းပြပါတယ်။ ကား အိပ်ဇော ကထွက်တဲ့ မီးခိုးအကြောင်း၊ လောင်စာဆီက ဘာညာဘာညာပေါ့။ ချမ်းသာတဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ ကားတစ်ယောက်တစင်း စီးနိုင်ပေမယ့်၊ ကားစီးရေ လျှော့ချပြီး အတူတူမျှစီးဖို့ အစီအစဉ်မျိုးတွေ ဒါကြောင့် ထားရတယ် တို့ ဘာတို့... blah blah တွေ။
နောက်တစ်ခု...
သမိုင်း ကျက်နေရင်းနဲ့
"အစ်မ အရင်ခေတ်က ဒတ်ခ်ျ ဆိုတာ ခုခေတ်မှာ ဘာလူမျိုးလဲ" တဲ့။
ဘုရားစူး။
ကိုယ့်တသက် ဒတ်ခ်ျလို့ တောက်လျှောက်သင်လာခဲ့တာ အဲဒါ ခုခေတ်မှာ ဘာလူမျိုးလဲ မေးဖို့ မဆိုထားနဲ့ ယောင်လို့တောင် မတွေးမိဘူး။
(ဒါဟာ ဖတ်မိတဲ့ တချို့လူတွေအတွက် ရီစရာကြီး ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ကိုယ်ကတော့ သိလည်း မသိခဲ့ဘူး။ တွေးလည်း မကြည့်မိဖူးဘူးဆိုတာ အမှန်တိုင်း ၀န်ခံရမှာပဲ။ ဒီလိုပါပဲ တခါတလေ ချော်သွားတာတွေ၊ ကျော်သွားတာတွေ လူတိုင်းမှာ ရှိတတ်ပါတယ်။ ရှက်စရာကြီးလို့ ပြောလဲ စိတ်မဆိုးပါဘူး။)
ဒါပေမဲ့ ဘုရားမလို့ ...
အဲဒီ မေးခွန်း မတိုင်ခင် တစ်ပတ်လောက်မှာ စာပေဗိမာန်က ဘာသာပြန်စာမူအတွက် ထုတ်တဲ့ Globalization စာအုပ်ကို နည်းနည်း ဖတ်ထားမိတယ်။ အဲဒီထဲမှာ ကမ္ဘာ့ ပထမဆုံး stock exchange စင်တာဆိုလား ဘာလား ကို ဒတ်ခ်ျတွေရဲ့ Amsterdam မှာ ဖွင့်တယ် ဆိုတာပါတော့... Amsterdam ဆိုတာ Netherlands ရဲ့ မြို့တော် ဆိုတာ သိပြီးသားမို့ အော် ဒတ်ခ်ျ ဆိုတာ နယ်သာလန်နိုင်ငံသားတွေကိုးလို့ သိလိုက်မိတယ်။
အဲဒီကလေးရဲ့ မေးခွန်းသာ တပတ်ထက်စောရင် သွားပြီ။
"ဟော်လန်တွေပေါ့" လို့ ကိုယ်ဖြေတော့ သူသိသွားပါတယ်။
ဘောလုံးပွဲ သရဲတွေမို့ ဟော်လန်ဆိုတာ နယ်သာလန်ပါလို့ ကိုယ် ထပ်ရှင်းစရာ မလိုတော့ပါဘူး။
မျက်လုံးထဲမှာ Nistelrooy နဲ့ လိမ္မော်ရောင်တွေတောင် ပြေးမြင်နေလောက်ပါပြီ။ :)
သူတို့ကို သင်ခဲ့ရတာ သိပ်မကြာပါဘူး။ ၄ လလောက်ပဲ ရှိပါတယ်။
နောက် Asia World မှာ အလုပ်ဝင်ဖြစ်တော့ ဆက်မသင်ဖြစ်တော့ဘူး။
ကလေးတွေမှာ မေးစရာတွေ ရှိတယ် လို့တော့ ကိုယ့်ခေါင်းထဲမှာ တွေးမိလာပါတယ်။
ဘယ်လိုကလေးမျိုးပဲ ဖြစ်ဖြစ် မေးစရာ ရှိတယ်။
ကိုယ်တို့အတွက် ဘယ်လောက်တောင် ရီစရာကောင်းတဲ့ မေးခွန်းမျိုးတွေ သူတို့ မေးလဲပဲ ကိုယ်တို့ ဖြေရမယ်။
*****
တကယ်ပဲ ကိုယ်ဟာ ဘာကို ပြောချင်လို့ ဒီ post ကို ရေးမိတာပါလိမ့်။
ကိုယ့်ခေါင်းထဲမှာ ထူးအိမ်သင် ပြောခဲ့တယ် ဆိုတဲ့ စကားတစ်ခွန်း သတိရနေမိတယ်။
"ဗမာတွေဟာ မညံ့ဘူး။ ဒါပေမဲ့ တော်လည်း မတော်သေးဘူး" တဲ့။
Potential တွေ ဘာဖြစ်ကုန်ကြသလဲနော်။
Solution မရှိတဲ့ ပုစ္ဆာတွေလည်း မရေးချင်ပါဘူး။
*****
ကိုယ့်ငယ်ဘ၀ကို ပြန်ပြင်လို့ ရမယ်ဆိုရင် အလွတ်ကျက်ခဲ့ဖူးတဲ့ စာတွေ ဖျက်ပစ်မယ်။
*****
Sunday, February 8, 2009
Give & Take

ကြက်သွန်ဖြူကို ဆီသတ်ပြီး Mixed vegetable ball တွေ အရင်ဆုံး ထည့်ကြော်လိုက်သည်။

(ပြီးတော့ မှိုနှင့် baby corn ထည့်၏။)

(နောက်ဆုံးကျမှ မုန်ညင်းဖြူတွေ ထည့်လိုက်သည်။)

ဆား၊ အချိုမှုန့်နှင့် ပဲငံပြာရည် အကြည် နည်းနည်းထည့်ပြီး မီးဖိုပေါ်က ချဖို့ တော်လောက်ပြီ (...ဟု ထင်ပါသည်)

(ပြီးပြီ ။ တယ်တော်တဲ့ ငါပါလား...)

(ဟင်းချက်တယ်ဆိုတာ ကျောင်းတုန်းက C program တစ်ပုဒ်ရေးရသလောက် ပညာပါလို့လား ဟင်။
ISO Drawing တစ်ပုံကို view အမျိုးမျိုးက ပြောင်းဆွဲရသလောက်... view အမျိုးမျိုးနဲ့ ပြထားတဲ့ ပုံတွေကို ISO ပြန်ထုတ်ရသလောက် ဦးနှောက်သုံးစရာ လိုလို့လားဟင်)
_______________________________________________________________
(ဒီနေ့ ၁၀နာရီခွဲ အိပ်ရာမှ ထသည်။ မနေ့ညက ၁နာရီခွဲပြီးမှ အိပ်ရာဝင်၏။ ရေချိုးပြီးတော့ မနေ့က NTUC သွားပြီး ၀ယ်လာခဲ့တာတွေနှင့် ရမ်းသမ်းပြီး အစိမ်းကြော် ကြော်သည်။
ပြီးတော့ ဒီကို လာခါနီး မျိုးကျော့မြိုင် သီချင်းတစ်ပုဒ် ခဏခဏ ညည်းခဲ့မိတာ သတိပြန်ရနေပါသည်။
"လိုတာရတဲ့ အချိန်များနဲ့ ဒီမျှော်လင့်ခြင်းကို လဲချင်တယ်" ဆိုတာ...
ခု မျှော်လင့်ချက်နောက်ကို တောက်လျှောက် လိုက်နေရချိန်မှာတော့ အဆင်သင့်ရတဲ့ ဘ၀ကို ပြန်ပြီး လိုချင်လာပါသည်။ ထမင်း လက်ဆေးစားမည်။ အသင့်ပြင်ပြီး ထမင်းဘူးကို ယူ၍ ကျောင်းတက်မည်...ရုံးသွားမည်။ ချက်ကျွေးတာ မကြိုက်ရင် ဂျီးများမည်။ အပြင်ထွက် စားချင်တာ စားမည်။
အော် ခုတော့ ကိုယ့်ဟာကိုယ်ပဲ ချော့ကျွေးနေရတဲ့ ဘ၀ပါလားနော်။
အဲဒါတွေနဲ့ အချိန်ကုန်ရမှာ သေလောက်အောင် ကြောက်သော စိတ်ရောဂါတစ်မျိုး ရှိပါသည်။ မီးဖိုထဲမှာ အချိန် နည်းနည်းလေး ကုန်သွားတာနဲ့ စိတ်ထဲမှာ အလိုလိုနေရင်း စိတ်တိုင်းမကျ ဖြစ်လာတတ်သည်။
ဒါ ငါလုပ်ရမယ့် အလုပ်တွေလား လို့ မေးခွန်းထုတ်မိတတ်သည်။
အထင်သေးလို့တော့ မဟုတ်ပါ။
အထင်လည်း မကြီးပါ။
ဒီနေ့တော့ လုပ်ချင်စိတ်ပေါက်လာတာနဲ့ ထလုပ်မိပါသည်။ အိမ်က ညီမလေးတစ်ယောက် (ဟင်းချက် အလွန်ကောင်း၊ သူ့လက်ရာတွေ ခဏခဏစားဖူး၊ အာလူးဟင်းကိုတောင် ဘာမှ မပါဘဲ ကောင်းအောင် ချက်နိုင်သူ၊ ရောက်စက အုန်းနို့ခေါက်ဆွဲ ချက်ကျွေးဖူးသူ၊ အင်ဂျင်နီယာဘွဲ့ရ၊ ခု SAT တက်နေသူ) ကို ကျွေးတော့ သူက "အစ်မ ရှယ်ပဲ" လို့ပြောတော့ ဟုတ်သော်ရှိ၊ ဟုတ်သော်ရှိ (မဟုတ်သော်ရှိ မဟုတ်...ကိုယ့် လက်ရာကိုယ်တော့ ဟုတ်ပစ်လိုက်တာ အေးတယ်) တော်တော် မြောက်သွားပါ၏။
recipe တွေ ရေးထားလို့ ဟင်းချက်နည်း ပေးသည်ဟု မထင်ပါနှင့်။ တလွဲတွေ ဖြစ်ရင် ပြင်ပေးနိုင်အောင် ရေးထားခြင်းသာ ဖြစ်ပါသည်။
ဒါပေမယ့်လည်း ဟင်းချက်တယ် ဆိုတာ Design တစ်ခု ဆွဲသလိုပဲ မှန်တယ်၊ မှားတယ် ဆိုတာမရှိပါဘူး ... ကောင်းတယ် မကောင်းဘူးပဲ ရှိတာပါလို့ မာနလေး တလူလူနဲ့ တွေးလိုက်မိသေး။ ဟုတ် မဟုတ်ကိုတော့ Design ပညာရှင် Thet Paing Thu @ Daisy Paing သို့ သွားမေးကြပါကုန်။
အစကတော့ ဟင်းနာမည်ကို စိုးမြတ်သူဇာ ရဲ့ ၀တ္ထု တစ်ပုဒ်နာမည် တပ်ဦးမလို့ပဲ။
လူရီစရာ ဖြစ်မှာစိုးတာနဲ့....(ဘယ်သူမှ မရီခင် ကိုယ့်ဟာကိုယ် အရင်ဆုံး ရီချင်တာ)
လောကမှာက တစ်ခုရချင်ရင် တစ်ခုပြန်ပေးရတာချည်းလေ။
ဘယ်တုန်းကမှ မလုပ်ချင်ခဲ့ဖူးတာတွေကို မျှော်လင့်ချက်နောက်ကို လိုက်ချင်တော့ မဖြစ်မနေ (တခါမဟုတ် တခါတော့) လုပ်နေရတာပဲ။
မီးဖိုခန်းထဲမှာ ဟင်းဝင်ချက်တယ် ဆိုတာ ကျွန်မ အတွက်တော့ အပေးအယူကိစ္စ တစ်ခုပါပဲ။
Friday, November 28, 2008
Current Situation in My Workplace
အရမ်းကို အလုပ်များတာ မှတ်မှတ်ရရ Crisis သတင်း စကြားပြီး ကတည်းကပဲ
ဆိုတော့ .. ၁ လလောက် ရှိရောပေါ့
အရင်ကမှ ရုံးမှာ အနည်းဆုံး တပတ် တရက်လောက်တော့ လပ်ရားလပ်ရား လုပ်နိုင်သေးတယ်
ခုတလော ဘယ်လို ဂြိုဟ်စီး ဂြိုဟ်နင်းထဲ ရောက်နေလဲကို မသိဘူး
နှစ်ခု သုံးခုမက တပြိုင်တည်း လုပ် လုပ်နေရတယ်
အားလုံး Sentosa Project တွေချည်းပဲ
တစ်ခုပြီးလို့ Approval အတွက် တင်လိုက် comment ပေးပြီး ပြန်ချပေးလိုက်
နောက်တစ်ခု လုပ်နေရာကနေ အဟောင်းကို ပြန်ကိုင်လိုက် ခဏနေ Manager က လာပြီး နောက်တစ်ခု အကြောင်း လာမေးလိုက် ... လုပ်လက်စကို ဘေးဖယ်ထားပြီး သူနဲ့ ပြောလိုက်... ပြီးသွားလို့ ဆက်လုပ်လိုက်ဦးမယ်လို့ ပြင်လိုက်တဲ့ အချိန်မှာ ... ကိုယ့်ဟာကိုယ် ဘာလုပ်နေတာလဲ ဆိုတာ မသိတော့ဘူး
ချာလပတ်ရမ်းတယ် ဆိုတာ အဲဒါပဲနေမှာ
အရေးထဲ ကိုင်နေတဲ့ project တွေက အားလုံး Santosa ဖြစ်ရုံ မက...လမ်းနာမည် တွေပါတူတော့ ဘယ်လို မှတ်ရမှန်းကို မသိဘူး... Manager ကတော့ plot no. တွေ အကုန် အလွတ်ရပြီး ...ဟေး B18, B7 စသဖြင့် လာလာပြောရင် အက္ခရာတွေ ဂဏန်းတွေ မှတ်တာ ညံ့လွန်းတဲ့ ကိုယ်က ဘာက ဘာမှန်းကို မသိတာ...
အဲဒါကျ GM နဲ့ ကိုယ်နဲ့မှ ကွက်တိ .."မင်းကို မနေ့က ငါပြောတဲ့ ပုံဟာလေ... roofing က ဒီလို ဒီလို ဒီလို " ဆိုပြီး လက်ဟန် နဲ့ ပုံဆွဲပြလိုက်တာ မျက်လုံးထဲမှာ တန်းကနဲပဲ...
တခါတခါတော့ "cantilever ကို 50x50 သုံးထားတဲ့ ပုံဟာလေ" ဆိုပြီး unique ဖြစ်မယ့်ဟာကို ရွေးပြောတတ်တယ်..
ကြည့်ရတာ သူလဲ ကိုယ်လိုလူမျိုးပဲ... Main Con ကနေ တဆင့် Consultant ဆီက comment လာပြီဆို.. ok ဒါ ဒီလို လုပ်လိုက်ဆို တစ်ခွန်းပဲ
Manager ကျ တမျိး ဆရာ
Standard Size က ဒီလောက်လာမှာ.. Miss Ko, မင်း ပုံက length ဒီလောက်ပဲ ထားရလား ... U draw & draw & calculate & calculate, again & again ... but u never think about cost တဲ့...ဒါနဲ့ပဲ Consultant’s comment ကို GM နဲ့ လက်ဝါးရိုက်ပြီး amend လုပ်ထားတာတွေ အစက ပြန်ပြင်ပဲ...
Manager ပြောနေကျ စကားက Ohhhhh.... so many wastage! တဲ့
လူကြီးဟာ လူကြီးပဲနော်...အင်ဂျင်နီယာပိုင်းတင် မဟုတ်ဘဲ အားလုံးကို ခြုံငုံမြင်နိုင်နေတော့တာ
ဗျာများရပေမယ့် ပညာလည်း အများကြီး ရပါရဲ့
စိတ်ရှုပ်ရပေမယ့် ဒီလို အလုပ်ရှုပ်တာကို ကျေလည်းကျေနပ်ပါရဲ့
အလုပ်ထဲမှာ ခေါင်းပူရပေမယ့် ပြန်လာရင် လွတ်လပ်ပေါ့ပါးပြီး နေတာပဲ
အမယ် BreadTalk မှာ ဒီနေ့ မုန့် အသစ် ထွက်တယ် ဆရာ
ရိုးရိုး ပေါင်မုန့်ထဲမှာ ၀က်ပေါင်ခြောက်လေးတွေ အခွေလိုက် ထည့်ပြီး ကိတ်လိပ်လို ပုံစံ လုပ်ထားတာCasher နားမှာ ပြထားတာ ဆိုတော့ ငွေရှင်းဖို့ တန်းစီရင်း အဲဒါကို ကြည့်မိတယ်
ပြီးတော့ မအောင့်နိုင်ဘဲ ရီမိပါရော ..
နာမည်က "Crouching Tiger & Hidden Bacon" ဆိုတာကိုး..
တတ်လဲ တတ်နိုင်ပါပေရဲ့
ကိုယ် ရီတော့ ရှေ့က လူ ၂ ယောက်က မသိမသာ လှည့်ကြည့်တယ်
ဒါနဲ့ Serve လုပ်ပေးနေတဲ့ staff ကို လှမ်းပြီး ဒါက new product လား ဘာညာနဲ့ အရှက်ပြေ (သို့သော် don't care ပုံစံနဲ့) စကားပြောရတယ်
အလုပ်ဆိုတာ ဘယ်လောက်ရှုပ်ရှုပ် ကိုယ့်အတွက် အဓိပ္ပါယ်ရှိနေရင် Stress ဖြစ်ခဲ့ရင်လဲ ခဏပါပဲ
(P.S : Manager က အသက်ကြီးကြီး...၆၀ နီးပါး... GM ကတော့ လူလတ်ပိုင်း under 40 လောက်ပဲ ရှိဦးမယ်)
Correction: 1) လပ်ရားလပ်ရား to လတ်လျားလတ်လျား။
2) Casher to Cashier
Cashier အား ပြင်ပေးသော အခန်းဖော် အစ်မ နှင့်
လတ်လျားလတ်လျား အား gtalk မှ လှမ်းပြင်ပေးသော တိုတိုဆရာ ကို ကျေးဇူးတင်ပါသည်။ :) :) :)