Friday, November 6, 2009

Me & Manager

စီနီယာတော့ ခွင့်ပြန်သွားပြန်ပြီ။ ဒီတခါ တစ်လတောင်။ မြန်တာ။ တစ်နှစ်ဆိုတာ ဘာမှ မကြာလိုက်ဘူး။

မန်နေဂျာက စီနီယာကိုဆို အင်မတန် အားကိုးတော့ "မင်း" ဘယ်တော့ ပြန်လာမှာလဲ၊ ဘာလဲနဲ့ မနေ့က မေးနေတယ်။ စီနီယာက နောက်လ 6 ရက်နေ့လို့ ပြောတယ်။ "ဟာ ဒါဆို တစ်လတောင်လား" တဲ့။

အဲဒါ မပြီးသေးဘူး။ နောက်လ 6 ရက်နေ့က ဘာနေ့လဲ တဲ့။ စီနီယာက စနေနေ့လို့ ပြောတယ်။ အဲဒီတော့ "ဒါဆို စနေ ရုံးတက်မှာလား။ တနင်္လာမှ ရုံးတက်မှာလား" ထပ်မေးပြန်တယ်။
(ကိုယ့်ဆိုရင်တော့ မေးမှာ မဟုတ်ပါဘူး။ ပြန်မလာလည်း အေးတာပဲ လို့ မှတ်ချင်မှတ်နေမှာ။)

စီနီယာက စနေတက်မယ် တဲ့။ အဲဒါကို "ဒါဆို နေ့ဝက်တက်ပြီး နောက်ရက် holiday ပေါ့။ တယ်ကောင်းပါလား" တဲ့။ တော်တော် ဟားရတယ်။ တကယ်တော့ နောက်လ 6 ရက်က တနင်္ဂနွေနေ့ကြီး။

annual leave ယူတဲ့သူကို တားလို့ကလည်း မရ။ မသွားလည်း မသွားစေချင်တော့ လျှောက်ပြောနေတာ။ ကျန်ခဲ့မယ့်သူကလည်း အားမှ မကိုးရဘဲ။ တလွဲကလည်း လုပ်ဦးမယ်။ အထွန့်ကလည်း တက်ဦးမယ်။

ဒီနေ့ပဲ စပါပြီ။
roof structure ကိစ္စ။
roof က နှစ်ခုစာ။ location မတူလို့ grid line မတူတာက လွဲရင် ကျန်တာ အကုန်အတူတူ။

အဲဒါကို ပုံဆွဲပေးတဲ့ consultant ဆီက လူကလည်း အတော်ကို ရှည်ဝေးပါတယ်။
roof plan ပုံကို နှစ်ခု ဆွဲလိုက်တယ်။ တခုက upper most level, နောက်တခုက bracing ကို ပြချင်လို့ သပ်သပ် ပြန်ဆွဲပေးတဲ့ level...

grid line no. တွေကိုလည်း "/" လေးပဲ ခြားပြီး ထည့်ပေးလိုက်တယ်။ အဲဒီ အဓိပ္ပါယ်က အတိုင်းအတာနဲ့ သုံးထားတဲ့ member တွေ အတူတူ၊ နေရာပဲကွာတယ် ဆိုလိုတာ။

အဲဒါကို plan (2) ခု၊ grid line (2) နေရာစာ ကို စုစုပေါင်း roof (4) ခုပေါ့ လို့ မန်နေဂျာက မြင်နေတယ်။ မဟုတ်ဘူး နှစ်ခုတည်း ဆိုတာကို မရဘူး။ ဒါဆို ဘာဖြစ်လို့ plan ကို နှစ်ခု ဆွဲရတာလဲတဲ့။ just to show bracing ပြောတာကို သူ လက်မခံနိုင်ဘူး။ layer နှစ်ခုကို ပြထားပြီး၊ နှစ်ခုလုံးမှာ rafter ပါတာ ဆိုတော့... ဒါဆို rafter I-Beam က အပေါ်တချောင်း အောက်တချောင်း ဖြစ်နေမှာပေါ့ ပြောတယ်။

အာာာာာာ.... မဟုတ်ပါဘူးးးးး
ဘယ်လို ရှင်းပြရမယ် မသိတော့ဘူး။ ပုံကို လျှာရှည် ခွာရှည် ဆွဲလိုက်တဲ့ လူကိုပဲ ပြေးရိုက်ချင်တော့တယ်။ ဒီ plan နှစ်ခုဟာ တူတူပဲ။ တစ်ခုတည်းပဲ။ bracing ကို သပ်သပ်ပြချင်လို့ တစ်ပုံခွဲထုတ်ထားတာပါ ဆိုတာကို 15 မိနစ်လောက် ကြာအောင် ပြောယူရတယ်။ နောက်ဆုံးကျမှ သူ လက်ခံသလိုလို ရှိတယ်။

ဒါတောင် အိုကေ အိုကေ ငါ main con ကို ဖုန်းဆက်ပြီး သေချာအောင် မေးလိုက်မယ် တဲ့။

မသိတော့လည်း မသိလို့။ သိလို့ ပြောပြတော့လည်း လက်မခံချင်ဘူး။
ခေတ်ကာလ လူကြီးတွေဟာ အတော် ခက်တယ်။
ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် အတူတူချည်းပဲ။

နောက်ဆုံးကျ ကိုယ်ပြောတာက အမှန်ပဲ။
မှန်တယ် လို့ သူလာပြန်ပြောလို့ သိတယ် မထင်နဲ့။
ဘာမှ ထပ်မပြောတော့လို့ မှန်မှန်း သိတာ။
(အေးလေ သူ့မှာ ကိုယ့်ကို မှန်ကြောင်း သတင်းပြန်ပို့ရမယ့် တာဝန်မှ မရှိတာ)
မှားရင်တော့ သေချာပေါက် လာပြန်ပြောမှာ။

ဒီနေ့လည်း စီနီယာစားပွဲနဲ့ ကိုယ့်စားပွဲ ခြေ (၃) လှမ်းစာ လောက်ကို ပတ်ပြေးနေရတယ်။
သူ့ဆီဝင်လာတဲ့ email တွေ ပြေးကြည့်လိုက်၊ သူ့ ကိစ္စ ဝင်လုပ်လိုက်၊ သူ့ပုံတွေရှာလိုက်၊ ကိုယ့်အလုပ် ကိုယ်ပြေးလုပ်လိုက်။

ဒီ post ကို မနက် ၁၁ နာရီလောက်က ရေးတာ ညနေ ရုံးဆင်းခါနီးမှ ပြီးတာသာ ကြည့်တော့။
blog တောင် ကောင်းကောင်း မရေးနိုင်ပါဘူး။

ဘာဖြစ်လို့များ ပညာသင်ခဲ့မိပါလိမ့်။
(တတ်တာ မတတ်တာတော့ တစ်ကဏ္ဍပေါ့လေ။)

***

5 comments:

တန်ခူး said...

ကိုယ်ချင်းစာတယ် ညီမရေ… အမကတော့ ဗိုက်ခွင့်သွားမယ့် သူငယ်ချင်းအတွက် သူ့ အလုပ် ကိုယ့်အလုပ် အခု နှစ်ဆပုံနေတယ်… ခေါင်းတွေခမ်းခြောက်ပူလောင်နေတာ ခေါင်းပေါ်မှာရေနွေးတည်ရင် ချက်ချင်းဆူသွားလိမ့်မယ်…. သြော်…ဘ၀… ဘဝ

Moe Cho Thinn said...

ဟေ့.. အလုပ် ရှုပ်တယ်ဆိုပြီး ပို့စ်တပုဒ်တော့ ရေးလို့ရနေသေးတာကို။
ကိုယ့်ညီမကို တနားမလား အောက်မေ့တယ်။ :)

Bino said...

ခေတ်ကာလ လူကြီးတွေဟာ အတော် ခက်တယ်။
ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် အတူတူချည်းပဲ။

I'm a man that you said "ခေတ်ကာလ လူကြီး".
Don't assume that....everybody not like as you think.

Some are very smart and strict.
Some are following as per rule. (according to rule)
some are bad some are good.

BINO

တီချမ်း said...

အရမ်း အရမ်း ကိုထောက်ခံပါတယ် တော်
ကိုယ့်အထက်လူကြီး က ကိုယ့်လောက်မှမတော်ဘဲ
ဆရာလုပ်တာကိုခံနေရတာ နာသာပဲ
သိပ် အောက်ကလိအာ ခံစားရတာ

ကိုယ်လဲ ဟိုတနေ့ က ရှင့်ကိုပြောပြတဲ့ သင်တန်းလေပေးနေတာ
အံ့ပါရဲ့အေ ILO က HIV technical officer တဲ့
တကယ်ဘုရားစူး ဘာမှမတတ်ဘူး
condom demostration လေးတောင် အတော်သင်ပေးရတယ်
တကယ်ပဲ
ဖြူတာတခုထဲနဲ့ ကိုယ့်လောက် မသိမတတ်တဲ့ လူတွေ ရာထူးကြီးကြီးရနေတာ မုန်းတယ်
ဒီအန်ချင်စရာ ဂျီအို လောက က ပိုဆိုးသလိုပဲ

ဖြူတုတ်လေး said...

Ha Ha....I like the way you put it. It's very cute! At least, you will feel good that you made your manager look good by not pointing out how 'thick-head' he was! You are right that it's the same everywhere.