Wednesday, October 30, 2019

ဘီအိုဘီအို ဟု ခေါ်ပါသည် in Unicode

Original Zaw Gyi Post - http://ritako.blogspot.com/2010/10/blog-post_10.html

Bo Bo 08/10/2010 at 10:44 Reply ဆရာတုတ်က နွားပလာတာကျွေးသကိုးဗျ ယောင်ယောင်အိုးတွေ အဖက်မလုပ်ပါနဲ့ဗျာ .. ကာလကုန်တယ် သွားပေါ့

zizawa 08/10/2010 at 11:06 Reply ကိုယ့်ညီ ပေးတဲ့ အကြံကိုတော့ ကျေးဇူးတင်ပါတယ်ဗျာ။ အိမ်က မိန်းမကလည်း အလားတူပြောဖူးတယ်။ ခုဘလော့နဲ့ ပတ်သက်လို့ မဟုတ်ပါဘူး။ တခြားဘလော့နဲ့ မဆိုင်တဲ့ အကြောင်းအရာနဲ့ပါ။ ပလာတာမစားတဲ့ နွားတွေအတွက်တော့ ဂျူံမစိုက်နဲ့တဲ့။

Bo Bo 08/10/2010 at 12:11 Reply ကျွတ်မုန်းဝင် ဖြစ်နေပါပီ း) အလဲ့….. ရှာဖတ်မနေပေမဲ့ ဒီဘလော့မှာ ရေးထားတာတွေ့ရင်တော့ စိတ်ပါရင် ဝင်ပြောမိမယ့် အကြောင်းအရာပါပဲ ဆိုပါလား။

တောနမက အပီးသတ်မှာ ခင်ဗျားကပ်နှိပ်သွားသေးတယ်။ …
ဒီလိုနည်းနဲ့ တုန့်ပြန်တတ်တဲ့သူ (တကယ်ထင်တာ ကျွန်မထက်တောင် အများကြီး ပိုသေးတယ်ထင်တယ်) နောက်ထပ်ရှိသေးတယ်လို့ သိလိုက်ရလို့ ဖြစ်မယ်တဲ့။ ဟီး အဆော်ခံရတာ အနာဂါမ်တည်နေပီထင်တယ် ကျွတ်မှာတော့မဟုတ်ဘူး သရဲအရူးဆိုတာ။

သည်းခံသင့်မှ သည်းခံမည်လို့ ဘန်နာချိတ်မှဗျို့ နင့်ဖကလွှား ချာတူးတွေ ထုံးမမီစံမရတွေက အင်တာနက်ပေါ် လှိမ့်တက်လာလိုက်တာ။ ဒါပေမဲ့ သူ ခင်ဗျားတော့ ကြောက်ရှာပါတယ်။ ဒီလို တွေ့ရာလျှောက်ပွားနေတဲ့ ဈေးနွားကြီးကို ဆုံးမပေးလို့ သောက်မြင်ကပ်နေတာ ကြာပီဖြစ်သော အွန်လိုင်းသပ္ပူရိသများကိုယ်စား ရှဲရှဲပဲ း)
***ကိုယ်သိတာ မမှားဘူးဆိုရင်တော့ အဲဒါ လူထု မျိုးဆက် ပဲ။
ဘာရယ် မဟုတ်ပါဘူး။သမိုင်းဖြတ်သန်းမှု မပြတ်တဲ့ အသိုင်းအဝိုင်းက မျိုးဆက်တစ်ယောက်ရဲ့ မျိုးရိုးဂုဏ်ကို upgrade လုပ်ထားတဲ့ စကားလုံးလေးတွေကို ကိုယ့် ဘလော့မှာ အမှတ်တရ မှတ်တမ်းတင်ထားလိုက်ချင်လို့။=)
အလှူရေစက် လက်နဲ့မကွာတဲ့ လူမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဆွမ်းကြီးဝင်လောင်းတာ အတော်ဝါသနာပါပုံပဲ။
(နောက်ဆုံးမင်းနေပြည်တော်သားစစ်စစ်မို့ ဘိလပ်ရောက်သည့်တိုင် မြန်မာဆန်လွန်းတာကို ဖျောက်မရတာလည်း ဖြစ်နိုင်တယ်)

သာမန်လူဆိုရင်တော့ ကိုယ်နဲ့လည်း တိုက်ရိုက်ဖြစ်တာ မဟုတ်ဘဲ သူ့ဘာသာ ဘာပြောပြော ဒီဘလော့ပေါ် တင်ချင်မှ တင်မိမယ်။ ဆွေကြီးမျိုးကြီးထဲက လာပြောတာဆိုတော့လည်း သမိုင်းမှတ်တမ်း မပြတ်ရလေအောင် မှတ်တမ်းတင်ထားလိုက်ချင်လို့ပါ။

သူတပါးကိစ္စကို ကြည့်ပြီး၊ ဝင်ပြီး နှစ်ထောင်းအားရတွေ ဖြစ်ပြီး လှိုက်လှိုက်လှဲလှဲ စကားလုံးတွေ ထွက်နေတဲ့ သူ့လိပ်ပြာထဲထိတော့ ကိုယ် ဝင်ကြည့်လို့ မရနိုင်ခဲ့ဘူး။ ဘေးကပဲ ကြည့်ခဲ့မိတယ်။

ပြီးတော့ ထုံးမမီစံမရ ချာတူးလန်သူတစ်ယောက်ကို ရက်ရက်ရောရော မှတ်ချက်ပေးရဲတဲ့ သူ့ရဲ့ ထုံးမီစံရ ဂန္ထဝင်မြောက်တဲ့ စိတ်ဓါတ်အတွက် သူနဲ့ သက်ဆိုင်သူတွေ သက်ရှိတွေရော၊ တမလွန်ကနေရော အပြတ် ဂုဏ်ယူနေမှာပဲလို့ တွေးမိပြန်ပါတယ်။ (အသက်ရှိစဉ်က ဒါမျိုးလုပ်ရပ် မကြုံလိုက်ရတာ ကံကောင်းလှပါရဲ့ဆိုပြီး...)

ဒီနေရာမှာ print screen ဖမ်းထားတဲ့ မူရင်း
***
ကြည့်ရတာတော့ သူ ဒါမျိုးစကားတွေ ပြောထွက်လိုက်တာနဲ့ ကိုယ် ကြောက်ပြီး ငြိမ်ဝပ်သွားမှာပဲလို့ တွေးပြီး ပီတိဖြစ်နေပုံရတယ်။ စကားဆိုတာ ပြောတဲ့သူကိုပဲ ပြဋ္ဌာန်းလို့ရတယ်။ အပြောခံရတဲ့သူကို ပြဋ္ဌာန်းလို့မရဘူး။ ... ဆိုတော့ သူ့ဘာသာသူတောင် မကြောက်မရွံ့ ပြဋ္ဌာန်းရဲ ပြောရဲသေးတာ ကိုယ်က အပြောခံရမှာ ဝင်ကြောက်နေလိမ့်မယ်ထင်ရင်တော့ ထင်တဲ့လူကို တခွန်းပဲ ပြောစရာရှိတယ်။

"လဲသေလိုက်"

ရန်ကို ရန်ချင်း မတုန့်နှင်းနဲ့ ဆိုတာ သဘောပေါက်ပေမယ့် သဘောပေါက်တာက တခြား လိုက်နာနိုင်တာက တခြားမို့ ဒီ post ကို ရေးတင်လိုက်တယ်။ ရေးနေတဲ့ တချိန်လုံးလည်း ပြုံး..... ပြီး ရေးခဲ့တယ်။ (ဖြစ်နေမယ့် ပုံစံကို မြင်ယောင်ပြီး ပြုံးတာ)

ချက်ချင်းလက်ငင်း အချိန်မဆိုင်းဘဲ ရေးထားတာ ဖြစ်ပေမယ့် အတည်ပြုဖို့ အချိန်တခုကို မဖြစ်မနေ စောင့်ရမှာမို့ အတော်ကိုသည်းညည်းခံ စောင့်လိုက်ရသေးလို့ ဒီနေ့မှပဲ တင်ရတယ်။

ထုံးမီစံရတဲ့ ပါးစပ်တစ်ပေါက်က စကားလုံးအကောင်းစားလေးတွေကို မှတ်တမ်းတင်လိုက်နိုင်တဲ့အတွက်တော့ ကျေနပ်စရာပဲ။ ဖြစ်နိုင်ရင် သူ့ ancestor များရှိရာ တမလွန်ထိတောင် ဒီ post ကို စာပို့ပြီး ဖတ်ခိုင်းလိုက်မိချင်သေးတယ်။
=)

***
အဲဒီ blog က အကြောင်းအရာမှာ မူရင်းရေးသူ ဘာပြောလို့ ကိုယ်ဘာပြောချင်တယ်။ ဆိုလိုရင်း ချော်တယ် မချော်တယ် ဆိုတာက ကဏ္ဍတစ်ခုပါပဲ။ အဲဒါကို ကာယကံရှင်နဲ့ ကိုယ်နဲ့ မေးလ်ကနေ ဆက်ဆွေးနွေးထားတယ်။ post က ကွန်မန့်မှာဆို ဆွမ်းကြီးဝင်လောင်းချင်တဲ့ မဟာဗမာတွေက များလွန်းလို့ ဆက်မရေးတာ။ ခုကျမှ ကောက်ကာငင်ခါဆိုသလို မူရင်းစာရေးသူရဲ့ ဆိုလိုရင်းကို အတင်းကြီးကို ဝင်ပြီး နားလည်ပါတယ်ဆိုတဲ့ လူတွေကလည်း များလာလွန်းလို့။

***
ရန်လုပ်တယ် ရမ်းတယ်လည်း မထင်ပါနဲ့။
မကျေမနပ်ဖြစ်တယ်လည်း မထင်ပါနဲ့။
သမိုင်းဖြတ်သန်းမှု မပြတ်တဲ့ အသိုင်းအဝိုင်းကဖြစ်လို့ မှတ်တမ်းတင်တာပါ။
တကယ်ကို ကျေနပ်ပါတယ်။
=)
***

No comments: