Saturday, October 24, 2009

ယုန်ကလေးက နားရွက်ထောင်




ဆုံးမစာ

ကိုယ့်မှာ သတိ မရှိဘဲနဲ့ သူများကို သတိပေးလို့ မရ။
ကိုယ့်မှာ တရား မရှိဘဲနဲ့ သူများကို တရားချလို့ မရ။
ကိုယ့်မှာ ပညာ မရှိဘဲနဲ့ သူများကို ပညာပြလို့ မရ။
ကိုယ့်မှာဖြင့် ဘာမှ မရှိဘဲနဲ့ သူများကို ဖြည့်ဆည်းချင်လို့ မရ။

(ကိုယ့်ဘာသာ တရား ပြန်ချထားတာ။)


***

6 comments:

Bino said...

ကိုယ့်မှာ သတိ မရှိဘဲနဲ့ သူများကို သတိပေးလို့ မရ။
ကိုယ့်မှာ တရား မရှိဘဲနဲ့ သူများကို တရားချလို့ မရ။
ကိုယ့်မှာ ပညာ မရှိဘဲနဲ့ သူများကို ပညာပြလို့ မရ။
ကိုယ့်မှာဖြင့် ဘာမှ မရှိဘဲနဲ့ သူများကို ဖြည့်ဆည်းချင်လို့ မရ။

lesson yourself!
Very good.
Anyone who wants to guide for something, he or she should be perfect.
BINO

Vista said...

မှန်တယ်..
ဒါပေမယ့် သွားတော့အဲလိုကြီးမခေါပါနဲ့ ဟယ်
ဟိဟိ..

ဖြူတုတ်လေး said...

As soon as I saw the title, what came into my head was that you were going to say something about me. haha (My nick used to be 'Yon Ka Lay Phyu Tote' by the way.)

Anyways, such lines are good to know and practice. Take care!

JulyDream said...

သွားခေါပေမယ့် နားရွက်ထောင်ရင် ချစ်စရာလေး ဖြစ်သွားမယ် ထင်တယ်။ မျက်လုံးပါ ပြူးထားရမလားပဲ။

တရားချတဲ့သူလည်း ချကုန်ပြီ။ တရားကျတဲ့သူလည်း ကျကုန်ပြီ။ ဒီလိုပါပဲလေ...

Nge Naing said...

Rira ရေ ပို့စ်ထက် ကွန်မက်က ရှည်သွားလိမ့်မယ်။ အလားတူပို့စ်တခုမှာ ပေးခဲ့ဖူးတဲ့ မှတ်ချက်ကို ပြန်လည်ပြင်ဆင်ပြီး ထည့်လိုက်ပါတယ်။ တယောက်နဲ့ တယောက် အမြင်ကတော့ ဘယ်ထပ်တူကျနိုင်မလဲနော့်။

အစ်မကတော့ ကိုယ်တခုခု ပြောတော့မယ် ဒါမှမဟုတ် ပြောပြီးရင် အမြဲတမ်း ပြန်သုံးသပ်တယ်။ ကိုယ်ပြောတဲ့အတိုင်း ထပ်တူမကျရင်တောင်မှ အတတ်နိုင်ဆုံး လိုက်နာနိုင်အောင် ကြိုးစားတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ပြန်စဉ်းစားရင် ကိုယ်က စေတနာနဲ့ တပါးသူကို ကောင်းစေချင်လို့ ပြောတဲ့စကားမှာ ကိုယ်လိုက်နာနိုင်မှ ပြောရမယ်ဆိုတဲ့ သဘော မလိုအပ်ဘူးလို့ထင်တယ်။ အမှန်ကို သိပေမယ့် မလွန်ဆန်နိုင်လို့ ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင် လိုက်မနာနိုင်ခဲ့တဲ့ လက်ရှိလိုက်မနာနိုင်သေးတဲ့ အကြောင်းကြောင်းတွေ လူတိုင်းမှာ ရှိနိုင်ပါတယ်။ ကိုယ်လိုက်မနာနိုင်ပေမယ့် လိုက်နာနိုင်သူတွေအတွက် အကျိုးရှိတဲ့ စကားဖြစ်ရင် ကိုယ်မလုပ်နိုင်ပဲနဲ့ ပြောလို့လည်း အပိုပဲလို့ သဘောထားရင် ကိုယ့်အတွက်ရော အကျိုးရှိနိုင်သူတွေအတွက်ပါ ဆုံးရှုံးသွားနိုင်ပါတယ်။ ဥပမာ ပညာရေးဟာ အရေးကြီးတယ် ကြိုးစားဖို့လိုတယ်ဆိုတဲ့ စကားကို စာလုံးဝမတတ်တဲ့ မိဘတယောက်က သူ့သားသမီးကို ပြောတဲ့ စကားကို အပိုတွေ ပြောနေတယ်လို့ ပြောလို့မရသလို တံငါသည် ဒါမှမဟုတ် တောလိုက်မုဆိုးတယောက်က သူ့ကလေးတွေကို ရဟန်းခံရှင်ပြုပေးဖို့ သားတို့ဗုဒ္ဒအဆုံးအမကို လိုက်နာရမယ်လို့ ပြောတာကို သူတပါးအသက်ကို တသက်လုံး သတ်နေသူက အပိုပြောနေတယ်လို့ သွားပြောလို့မရပါဘူး။ ကျွန်မမှာ သိပ်ပြီး ခေတ်ဆန်တဲ့ မိတ်ဆွေ အစ်ကြီးတဦးရှိခဲ့ဖူးတယ်။ အခုတော့ သူမရှိတော့ပါဘူး ဆုံးရှာပြီ။ သူက သိပ်တော်ပေမယ့် ဆေးလိပ်တွေ၊ အရက်တွေသောက်လို့ သူ့ကို မိတ်ဆွေ အမျိုးသမီးအမျိုးသား အတော်များများ မကြိုက်ကြဘူး။ ကျွန်မလည်း သူ့ကို အရင်က မကြိုက်လို့ အရောမ၀င်ပေပေမယ့် နောက်ပိုင်း စိတ်ရင်းကောင်းလို့ သူ့ကို သိပ်ခင်သွားတယ်။ သူအရက်ကို ကြိုက်လို့သောက်တယ် အရက်သောက်တဲ့သူတွေ သူ့ဆီက အရက်ဖိုးတောင်းရင် သူပေးတယ်။ ဒါပေမယ့် မသောက်တဲ့သူကို သူကအရက်သောက်တာ မကောင်းဘူး မသောက်ဖို့ကိုပဲ တားတယ်။ ကျွန်မက အရက်ခွက်နဲ့ Cote ခွက်မှားပြီး တခါကိုင်မိတော့ သူမက ဒါဘာလုပ်တာလဲဆိုပြီး ကျွန်မလက်ထဲက အတင်းပဲ ဆွဲလုယူလိုက်မှ သူထည့်ထားတဲ့ ၀ိုင်အအရက်မှန်းသိရတယ် ကျွန်မနဲ့သူနဲ့ သိပ်ခင်ပေယ့် သူကျွန်မကို ကောင်းရာကောင်းကြောင်းတွေပဲ လုပ်ဖို့အားပေးတယ် သူ့လိုအရက်သောက်ဖို့ ဆေးလိပ်သောက်ဖို့ တခါမှ မမြူဆွယ်ဖူးဘူး။ လောကမှာ ဒီလိုလူတွေ အများကြီးရှိပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဟာ ဘုရားရဟန္တာတွေ မဟုတ်တဲ့အတွက် ပြောတဲ့အတိုင်း အကုန်လုံးကို ကျွန်တို့လိုက်နာနိုင်ချင်မှ နိုင်မယ် ဒါပေမယ့် ပြောဖို့လိုအပ်တဲ့စကားကို ကိုယ်မလိုက်နာနိုင်ရင်တောင်မှ လိုက်နာနိုင်သူတွေအတွက် အကျိုးရှိရင် ပြောရလိမ့်မယ် ဆိုတာပဲ ဖြစ်တယ်။

Anonymous said...

အဲသလို သတိဝင်လာတာ သိပ်ကောင်းတယ်။ သာဓု သာဓု သာဓု။