Monday, June 7, 2010

One Minute Interview

Me: ပေါက်စီ ခေါ် နော်မန်နဲ့ တွေ့ချင်ပါတယ်။ မနေ့ညက လွမ်းအောင် ရယ်တတ်သူကို ကြည့်လိုက်မိတယ်။ ရွှေအိုးဆိုဒ်မှာ။ ပထမပိုင်းပြီးမှ ဒုတိယပိုင်းဆက်ကြည့်မယ်ဆိုပြီး လင့်ခ်ကိုနှိပ်တော့ ဘာမှ ထွက်မလာပါ။ စ ပေးသူ ပေါက်စီ ဒီတာဝန်ကို ယူပါ။ ဒုတိယပိုင်း ရှာပေးပါ။

အားခွာ: မရီတာကို အင်တာဗျူးချင်လိုက်တာ။ သွားနင်နားလိုက်တော့လို့ ပြောမှာလားဟင်

Me: မပြောပါဘူး သူများ ပြောပြီးသားကြီး။ အဲဒီ စကားလုံးက ပျော့လို့။ သိပ်မပြောင်မြောက်ဘူး။

အားခွာ: အသစ်ပြောမှာလား။ ဆံပင်ဆွဲမှာလား။ ပါးရိုက်ဦးမှာလားဟင်။ အစမ်းလေး တလုံးလောက်ပါ။ အီစိမ့်သွားအောင် ဖရိတ်ဖတ်စ်ပေါ့။

Me: ကာယကံမြောက် ဘာမှ မလုပ်ပါဘူး။ (ဘာလို့ဆို cbox ကနေ လုပ်လို့မှ မရတာ)။ မေးစရာရှိရင် မြန်မြန်နော်။ တော်ကြာမှ အတုပေါ်လာရင် အားလုံး ရှုပ်ကုန်မယ်။ ခုတောင်မှ လွမ်းအောင်ရယ်တတ်သူ ဒု-ပိုင်းလိုချင်လို့ လာတာ။

အားခွာ: အခုလိုလေ ၀ိုင်းပြီးရေးကြတော့ ခံစားမှုလေး (ရင်ထဲကအမှန်လေးပေါ့)

Me: ဒါ ပျော်စရာကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒါ ဘလော့လောကမှာ ပထမဆုံး အကြိမ်လဲ မဟုတ်ဘူး။ ဆိုတော့ မဆန်းပါဘူး။ သူ့အလုပ်သူလုပ် ကိုယ့်အလုပ် ကိုယ်လုပ်ရုံပဲ။ ပြီးတော့ အဲဒါတွေနဲ့ ပတ်သတ်တဲ့ သဘောထားကို မနှစ်ဆီကတည်းက ရေးခဲ့ပြီးသား။ စာကြေရင် သိလိမ့်မယ်။ ကိုယ် ဘယ်လို သဘောထားလဲ ဆိုတာ။

အားခွာ: ဟုတ်

mon: အားခွာဆက်ဗျူးပါ

အားခွာ: ပြီးတော့လေ အဲ့ဒါအောင်မြင်မှုလို့ကော သတ်မှတ်ရမလား (အမှတ်တရ၊ နမ်းမှာလား မောင်တို့တုန်းကလည်း ၀ိုင်းပြီးဝေဖန်ကြတာနဲ့ တအားဆိုတော့လေ)

Me: ဘယ်လိုသတ်မှတ်တာလဲ ဆိုတာထက် ဘယ်သူက သတ်မှတ်တာလဲ ဆိုတာကိုပဲ ကိုယ် ပိုပြီး ဂရုစိုက်တယ်။

အားခွာ: ကော်ပြန့်ကြော်တွေစားတုန်းက နဲ့ အခုကော ဘယ်လို ကွာခြားပါလဲဟင်

Me: ဟားဟားဟား ကော်ပြန့်ကြော်ကို မေ့နေလို့ တော်တော် ပြန်စဉ်းစားရတယ်။

အားခွာ: စာမကြေဘူး

Me: တိန်

အားခွာ: သူ့အလုပ် ကိုယ်အလုပ်လုပ်ကြရုံပဲဆိုတော့ ဆရာဝန်တွေ ကျောင်းဆရာတွေ သူ့အလုပ်သူလုပ်တာ ကျေးဇူးတင်စရာမလိုသလို ဘလော်ဂါတွေ စာတွေရေးနေတာလည်း စေတနာမပါဘူးလို့ ဆိုလိုနိုင်သလား။

Me: ဗမာတွေ ဗမာစာရဲ့ ဆိုလိုရင်းကို သဘောမပေါက်ကြတာ များတယ်လို့ ဘလော့ရေးသက် တလျောက်လုံးမှာ ထင်မိတယ်။ တချို့စာတွေကိုကျ ပေါက်အောင် ကြိုးစားမဖတ်လို့ မပေါက်တာ၊ တချို့စာတွေကိုကျ ပေါက်နိုင်စွမ်းကို မရှိတာ။ တချို့ကကျတော့ ပေါက်တော့ပေါက်တယ်။ ဒါပေမဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် ဝင်ပြောတာ။ ဥပမာ- မြန်မာနိုင်ငံမှာ ဘာသာတရား မထွန်းကားဘူးလို့ ကိုယ့် အယူအဆကို ပြောတုန်းက။ သူပြောတာတွေ ဘယ်လောက်ကောင်းကောင်း သူကောင်းကြောင်း ပြချင်ရုံသက်သက်နဲ့ မဆိုင်တာတွေ လာပြောသွားတယ်လို့ပဲ ခံစားရတယ်။

Me: အားခွာ: ဆရာဝန်တွေ ကျောင်းဆရာတွေ သူ့အလုပ်သူလုပ်တာ ကျေးဇူးတင်စရာမလိုသလို ဘလော်ဂါတွေ စာတွေရေးနေတာလည်း စေတနာမပါဘူးလို့ ဆိုလိုနိုင်သလား)) အဲဒီမှာ ပြောစရာတခုရှိတယ်။

အားခွာ: ဟုတ် ပြောပါ။

Me: ဘလော့ဂါတွေ စာရေးတာ ကိုယ့်ဘာသာ ရေးချင်လို့ရေးတာ။ ဘယ်သူ့အတွက်မှ အနစ်နာခံပြီး ဖတ်စေချင်လွန်းလို့ အချိန်ကုန်ခံရေးတာ မဟုတ်ဘူး။

အားခွာ: ဆတ်ဆော့ပြီးရေးတယ်လို့ရော ပြောနိုင်ပါသလား။ သံခမောက်ပေးကြပါ။

mon: ရော့အင့် အားခွာ
အားခွာ: ကျေးကျေးမွန်
mon: ရော့အင့်ရီတာ သံတုတ်

Me: ကျေးဇူးတင်စရာလို မလို ဆိုတာကို ကာယကံရှင်ကိုယ်တိုင်က ငါ အနစ်နာခံ အချိန်ကုန်ခံရေးလို့ ကျေးဇူးတင်ရမယ်လို့ သတ်မှတ်ရင် မရိုးသားဘူး။ (အားခွာ: ဆတ်ဆော့ပြီးရေးတယ်လို့ရော ပြောနိုင်ပါသလား)) RITA: ဘယ်လိုသတ်မှတ်တာလဲ ဆိုတာထက် ဘယ်သူက သတ်မှတ်တာလဲ ဆိုတာကိုပဲ ကိုယ် ပိုပြီး ဂရုစိုက်တယ်။)

အားခွာ: ဒါဆို ဘယ်သူသတ်မှတ်တာကို ဂရုစိုက်တာပါလဲ

Me: ကိုယ့်အနေနဲ့ ပြောမယ်။

အားခွာ: ဟုတ် ပြောပါ ကိုယ်။

Me: ဂျူး စာရေးတယ်။ သူ့စာတွေ ဖတ်ရတဲ့ အခါမှာ (တခါတခါ) သိပ် ကျေးဇူးတင်တယ်။ ဒီလိုပဲ ကိုပေါ ဘလော့မှာ ကိုယ်မသိတာ မတွေးမိတာတွေ တင်တဲ့အခါ ဖတ်ရရင် သိပ်ကျေးဇူးတင်တယ်။ ဒါ ကိုယ့်ဘက်ကလေ။

နောက် ညလဆ ရေးသွားတဲ့ ကိစ္စမှာ ကျေးဇူးတင်စရာမဟုတ်ဘူး။ တင်စရာမလိုဘူးလို့ပဲ ယူလိုက်ကြတယ်။ အဲဒါ ခုပဲ ကိုယ်ပြောလိုက်တဲ့ သဘောတရားပဲ။ (RITA: ဗမာတွေ ဗမာစာရဲ့ ဆိုလိုရင်းကို သဘောမပေါက်ကြတာ များတယ်လို့ ဘလော့ရေးသက် တလျောက်လုံးမှာ ထင်မိတယ်။)

ညလဆရေးတာကို သဘောပေါက်တဲ့ လူတွေ ပါတယ်။ ကွန်မန့်မှာ ကိုယ် နာမည်တွေ မေ့နေလို့။ မှတ်မိတာ တယောက်ပဲ ရှိတယ်။ ကျော်နှင်းဆီ။ သူ ညလဆ ဘာပြောလဲဆိုတာကို သေချာ သဘောပေါက်တယ်။

အားခွာ: ဗမာတွေ ဗမာစာမတတ်တာကိုတော့ သိပ်ပံ(ပတ်ဆင့်ရိုက်မရလို့ပါ) မောင်ဝရေးဖူးတဲ့ဆောင်းပါး တပုဒ်ကို ပြန်ဝေမျှသင့်တယ်ထင်တယ်။ ကာလကတ္တားကနေ မြန်မာစာမေးခွန်းထုတ်တော့ ဟိုမှာ အလုပ်လုပ်နေတဲ့သူက ကူထုတ်ပေးရသတဲ့။ အဲ့ဒီတော့ မေးခွန်းလွယ်သလို ဘာဖြေဖြေ မြန်မာစာ အောင်ကြတယ်ဆိုတယ်။ အခုလည်း အဲ့လိုဖြစ်နေတာဖြစ်မှာပါ။

Me: ကျေးဇူးတရားတို့ ငါတို့ အနစ်နာခံ လုပ်ရတယ်တို့ ဆိုတဲ့ လူတွေ DASSK ပြောတဲ့ သဘောတရားလေးပဲ ကျေအောင် ပြန်ဖတ်နေကြစေချင်တယ်။ လုပ်ချင်လို့ လုပ်တဲ့ အလုပ်မှာ နစ်နာတဲ့သူ မရှိဘူး။ ဘေးပတ်ဝန်းကျင်က ကျေးဇူးတင်ထိုက် မထိုက် ဆုံးဖြတ်ပြီး တင်သင့်ရင် တင်သွားလိမ့်မယ်။ မာသာထရီဆာရော နိုက်တင်ဂေးရော သူတို့ အနစ်နာခံ လုပ်နေရပါတယ်လို့ ပြောမသွား၊ တွေးမသွား၊ ကြွေးကြော်မသွားဘူးလို့ သူတို့ကို ကိုယ်သေချာမသိပေမဲ့ ယုံကြည်တယ်။

အားခွာ: အစောက မေးခွန်းလေး ပြန်ကောက်ရရင် ဂျူးရဲ့ ဘယ်စာတွေကို ကျေးဇူးတင်ဖြစ်သလဲဟင်။ ဆောရီး ကိုယ်ပြောစရာ ကျန်သေးရင် ဆက်ပြောပါနော် ဒီအင်တာဗျူးရာက သိပ်စိတ်လောတာ။

Me: ဘယ်စာတွေဆိုတာထက် general ပဲ ပြောပါမယ်။ လမ်းရိုးအတိုင်း လျှောက်နေရာကနေ ချိုးကွေ့ ပြောင်းလဲရမယ့် အဆစ်အပိုင်းတွေ ကိုယ့်ကို မြင်စေခဲ့နိုင်တဲ့ သူ့ စာတွေ ဖတ်ရတဲ့ အခါ။

အားခွာ: အညွှန်းလေး လုပ်ပါ ပိတ်သတ်တွေလည်း သိရအောင်ပေါ့။ ကိုယ်သေချာ တွေးပြီးစာရိုက်နေတယ်ပေါ့နော် (subtitle ထိုးရသေးတယ်)

Me: လရဲ့ အောက်ဘက်က စလို့ ပါပဲ။ နောက်ပိုင်းစာတွေ။ ခံစားမှုနဲ့ မကြိုက်တော့ဘဲ သူ့စိတ်စေတနာကို ဦးနှောက်နဲ့ မြင်ပြီး ကျေးဇူးတင်ခဲ့တယ်။

အားခွာ: လူငယ်တွေအကြောင်းကြောင့်လား ပညာပေးသလိုဖြစ်သွားစေလို့လား မိန်းမတယောက်ရဲ့ ဘ၀ကို လှစ်ဟသွားလို့လား။

Me: ဒါပေမဲ့ ပြောရရင် ရှေ့ပိုင်း ဝတ္ထုတွေမှာလဲ ခံစားမှု ဦးစားပေးတယ် ထင်ရပေမဲ့ မြင်စေခဲ့တဲ့ အကြောင်းအရာတွေ အများကြီး ရှိတယ်။ ဥပမာ- သူ့ ဇာတ်ကောင် အမျိုးသမီးတွေ နှံ့စပ်သိမြင်တာ၊ ကြိုးစားအားထုတ်တာ။ နောက်ပိုင်းမှာ လူငယ်တွေအတွက် သူ ဦးတည် ပြောနေတယ်လို့ပဲ မြင်မိတယ်။

ထူးဆန်းတာ တခု ပြောရဦးမယ်။ ဂျူး ရေးခဲ့တဲ့ "ကျွန်မတို့ လက်ထပ်ဖြစ်ကြရင်" ဆိုတာ...

အားခွာ: ဟုတ် ပြောပါ။

shrink: that dudes are mentally, being lonely overseas. that is.
shrink: mentally ill

Me: အဲဒါ ဆောင်းပါးလို့ ကိုယ်က ထင်နေတာ။ ဝတ္ထုလို့လဲ ပြောကြတယ်။ ထားပါတော့။ ပြောချင်တာက အဲဒါကို လက်မထပ်ရသေးတဲ့ မိန်းကလေးတယောက်ရဲ့ ချစ်သူနဲ့ လက်မထပ်ဖြစ်မှာကို စိုးရိမ်တဲ့ ခံစားမှုလို့ ဘာသာပြန်ကြတဲ့ စာဖတ်သူတွေ အများကြီးပဲ ဆိုတာပဲ။ (ဒီ blog မှာတော့ မဟုတ်ဘူး)

အားခွာ: ကိုယ်က ရော ဘယ်လိုထင်သလဲ

mon: နောက်တစ်ခုပြောရမယ် ဘလော့ဖတ်သူအနေနဲ့ပေါ့နော် ရီတာ ဂျူးအင်တာဗျူးတွေ တင်ပေးတာ သိပ်ကျေးဇူးတင်တယ်...ရေးသူရဲ့စေတနာကိုမြင်ရတယ်...

အားခွာ: အားခွာကတော့ သူတို့ လက်မထပ်ဖြစ်ကြဘူးလို့ထင်တယ်။ အင်တာဗျူးရာကလည်း နာမည်ပါချင်တာနဲ့ အမြင်တွေ စွတ်ပြောနေမိပြီ သည်းခံပါပိတ်သတ်ကြီး။

Me: အဲဒီမှာ ဂျူး က အဓိက ပြောချင်ခဲ့တာ လက်ထပ်ခြင်းမဟုတ်ဘူး လို့ပဲ ကိုယ် မြင်တယ်။ ကိုယ် မြင်တာ မှားနေလားလို့ တခြားလူတွေ မြင်တာကို ဖတ်ပြီးတဲ့ နောက်မှာ တွေးမိပြန်တယ်။ လူနှစ်ယောက် လက်မထပ်ဖြစ်တဲ့ အကြောင်းအရာကနေ ကမ္ဘာကြီး အကြောင်း၊ လူမှု ပတ်ဝန်းကျင်အကြောင်း အများကြီးကို ပြဆိုချင်တာလို့ ထင်မိတာပဲ။

အားခွာ: သူတို့ လက်မထပ်ဖြစ်တာ အဲ့ဒါတွေကြောင့်လား။ ဥပမာ တခုခုကို အတွက် သူတို့လက်ထပ်ခြင်းကို နောက်ဆုတ်စေခဲ့တာမျိုး။

Me: အဲဒီထဲက လူနှစ်ယောက် လက်ထပ်ဖြစ်တာ မဖြစ်တာကို ဂျူးက ဆက်တွေးစေချင်လိမ့်မယ်လို့ ကိုယ်မထင်ဘူး။ သူပြောချင်တဲ့ အဓိက အချက်က လူနှစ်ယောက်ရဲ့ လက်ထပ်ခြင်းလို့ ကိုယ် မမြင်ဘူး။ အဲဒါကို ဗဟိုပြုပြီး ချပြသွားတဲ့ တခြားအချက်အလက်တွေကမှ ဒီ ဆောင်းပါး/ဝတ္ထုရဲ့ ဆိုလိုရင်းလို့ မြင်တယ်။

အားခွာ: စာဖတ်သူတွေက ကိုယ်လိုရာဆွဲတွေးတတ်ကြတယ် မဟုတ်လား ခံစားမှု ကို ဦးတည်သူက ခံစားမှုကို တွေးပြီး ကျန်တဲ့တွေးတတ်သူတွေ တခြားအရာကိုတွေးသွားစေချင်တာရော... အများစုက ခေါင်းခြောက်မယ့်အတွေးမျိုးကိုမတွေးကြပဲ ခပ်လွယ်လွယ်တွေးတတ်သူတွေဆိုတာကို စာရေးသူတွေ သတိထားပြီး ဂရုစိုက်ကြရင်ရော... စာရေးသူ အမျိုးမျိုးရှိသလို စာဖတ်သူလည်း ရှိနိုင်တာမို့ပါ။

Me: ဟုတ်ပါတယ်။ ဒီလို ဆောင်းပါးမျိုးကို လက်မထပ်ရသေးတဲ့ မိန်းကလေးတစ်ယောက်ရဲ့စိုးရိမ်ပူပန်တဲ့ ခံစားမှုလို့ အကဲဖြတ်ကြတယ်ဆိုတော့ ညလဆရေးလိုက်တဲ့ စာကိုလည်း ဘယ်ဆရာဝန်၊ ဘယ်ကျောင်းဆရာမှ ကျေးဇူးတင်စရာမလိုဘူးလို့ပြောတာလို့ ဘာသာပြန်ကြတာ အံ့သြစရာတော့ မဟုတ်ဘူး။ ကိုယ် စ ဖတ်လိုက်ကတည်းက ဒါမျိုးတွေ လာတော့မယ် ထင်တယ်။ သူကိုယ်တိုင်လည်း ထင်လိမ့်မယ်။ ဒါကြောင့် ကျေးဇူးကို စော်ကားတဲ့ကောင်လို့ ပြောရင်လည်း ခံပါတယ် ဆိုတဲ့စာသား ထည့်ရေးခဲ့တာ။

အားခွာ: အများစုက ခေါင်းခြောက်မယ့်အတွေးမျိုးကိုမတွေးကြပဲ ခပ်လွယ်လွယ်တွေးတတ်သူတွေဆိုတာကို စာရေးသူတွေ သတိထားပြီး ဂရုစိုက်ကြရင်ရော... စာရေးသူ အမျိုးမျိုးရှိသလို စာဖတ်သူလည်း ရှိနိုင်တာမို့ပါ။

Me: ဒီ့ထက် ဂရုစိုက်လို့လည်း ဘာမှ မထူးဘူး။ တွေးချင်တဲ့လူက တွေးချင်သလို တွေးမှာပဲ။ မတတ်နိုင်တဲ့ အပိုင်းတွေ။ ဘုရားတောင် မချွတ်နိုင်တာတွေရှိတယ်။ ဘလော့ဂါက ဘာမို့လို့လဲ။

အားခွာ: ကိုယ်ကရော ဘယ်လို စာဖတ်သူမျိုးကို ပစ်မှတ်ထားပြီးရေးလေ့ ရှိပါသလဲ။

mon: အားခွာ...နင်နားလိုက်တော့...နင်နားလိုက်တော့

Vista: တကယ်က နားခိုင်းတာ စေတနာနဲ့ ပါနော် ဟိဟိ

Me: စာရေးတဲ့ အချိန်မှာ ပစ်မှတ်က ဘယ်သူမှမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ပဲ။ ဒါ ကိုယ့်အတွက်ပြောတာ။

အားခွာ: ဒါဆို ကိုယ်ပြန်ဖတ်ဖို့အတွက်ဆိုပါတော့ (မနိုင်းနိုင်းစနေဆို သူဖတ်ဖို့ဆိုပြီး သပ်သပ်ခွဲထားတတ်လို့ပါ)

Me: နောက်ဆုံး မောင်သစ်ဆင်း စာလို၊ ဂျူး ဝင်းငြိမ်း အင်တာဗျူးလို ရိုက်တင်တာတောင်မှ ကိုယ့်လို ဖတ်ချင်တဲ့သူတွေကို မျှချင်တာဆိုတာ ပါပေမဲ့ ကိုယ့်ဘာသာ ကိုယ့်ဘလော့မှာ တင်ချင်လို့ကို တင်တာပဲ။

mon: ဒါဆို ကျေးဇူးတင်စရာ မလိုဘူးပေါ့နော်။

အားခွာ: ဟမ် မွန် စာမကြေဘူး။ အောက်မှာ သေလောက်အောင် ပြောလာတာ သူ အခု ပြန်စပြီ။

mon: ဟုတ်ပါတယ် ကိုယ်စာမကြေပါဘူးး ကိုယ်စိတ်မဝင်စားရင် အပေါ်ယံရှပ်ပြီးဖတ်ပါတယ် ဝင်စားရင်တော့အခေါက်ခေါက်ဖတ်ပါတယ်။

Me: လုပ်ချင်လို့ လုပ်နေတာမှာ အနစ်နာခံတယ် အချိန်ကုန်ခံပေးတယ် ကျေးဇူးတရား ဆိုတာတွေ ဆိုတဲ့ အတွေးတွေ မရှိဘူး။ ကျေးဇူး တင်ချင်တဲ့လူက တင်လိမ့်မယ်။ မတင်ချင်တဲ့လူက မတင်ဘဲနေလိမ့်မယ်။ ဆဲချင်တဲ့လူက ဆဲလိမ့်မယ်။ ကိုယ့်အလုပ် ကိုယ်လုပ်ရုံပဲ။

ဒါပေမဲ့ တခုတော့ ရှိတယ်။
* ဂျာနယ်ကျော် မမလေး အကြောင်း မြသန်းတင့် ရေးတာတွေ ကို ပြန်ရိုက်တင်ပေးတဲ့ မရွှေမိ ကို ကိုယ် သိပ်ကျေးဇူးတင်တယ်။
* ဂျူး facebook page လုပ်ပြီး ဂျူးစာတွေ ပြန်ရိုက်တင်ပေးတဲ့ admin တွေကို ကျေးဇူးတင်တယ်။
* အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ ကို ရေးပြီး လူ့လောက က ကောင်းမြတ်မှုတွေကို အတွေးထဲ ရောက်အောင် ထည့်ပေးတဲ့ ဆရာမ ဝင်းဝင်းလတ်ကို သိပ်ကျေးဇူးတင်တယ်။
* ရန်ကုန်ပြန်တုန်းက ကိုယ် တစ်ယောက်တည်း ဆေးခန်းသွားတဲ့အခေါက် ဆေးကုရင်း ရင်းရင်းနှီးနှီး စကားပြောပြီး ကိုယ့်အကြောင်းတွေ မေးလိုက်တဲ့ ဆရာကြီး ဒေါက်တာဆွေမြင့် ကိုလည်း ကျေးဇူးတင်တယ်။


ဒါပေမဲ့ သူတို့ကိုယ်တိုင်က ငါတို့ မင်းတို့ အတွက် အချိန်ကုန်ခံ အနစ်နာခံပေးပြီး လုပ်ပေးနေတာလို့ လာပြောရင်တော့ အကြည်ညိုပျက်မှာပဲ။

(ဒါပေမဲ့ ဆိုခဲ့တဲ့ အဲဒီလူတွေဟာ ဘယ်သောအခါမှ ဒါမျိုး ပြောကြမှာမဟုတ်ဘူး ဆိုတာ ကိုယ့် အသိစိတ်ထဲက သေချာပေါက် ယုံကြည်တယ်)

mon: ကိုယ်လဲ ရီတာ့ စာတချို့အတွက် သိတ်ကျေးဇူးတင်ပါတယ်။ အင်တာဗျူးအတွက်လဲ အားခွာလေးကို နဲနဲကျေးဇူးတင်တယ်။ ရီတာတို့အားခွာတို့နဲ့ခင်ရတာကြောင့်လဲ မမကွမ် ကို သိတ်ကျေးဇူတင်တယ်။

အားခွာ: ကိုယ့်ရဲ့ သဘောထားအမှန်ကို အခုလို သိရတာ ကျေးကျေးနော်။ ဒွတ်ခေါ စာမျက်နှာများလာဘီ ဖောင်မဆန့်တော့ဘူး။

Me: ပရိသတ်က ထမင်းကျွေးထားလို့ ပရိသတ်ကျေးဇူးတွေ ပြန်ဆပ်နေတာလို့ ပြောတာမျိုးကိုတော့ စိတ်ပျက်တယ်။ လုပ်စရာရှိတာ လုပ်တယ်ဆို ပြီးတာပဲ။ ကျေးဇူးခံကျေးဇူးစားနဲ့ လုပ်ပေးရတာ ပိုကောင်းတယ်များ သူထင်နေလား မသိဘူး လို့ ဆက်တွေးရင်း စိတ်ကုန်မိတယ်။

အားခွာ: ဘယ်သူ့ကိုလဲဟင်

mon: မင်းသားမင်းသမီးတိုင်းတော့အဲလိုပြောတာပဲမဟုတ်လား

Me: ဟုတ်တယ် ဗမာတွေက အရိုးစွဲစိတ်နဲ့ပဲ အလုပ်လုပ်တယ်။ သူများ ဒါပြောဆို ကိုယ်လဲ ဒါပဲပြောတာပဲ။ အများကလည်း အဲလိုမှ မပြောရင် အရိုင်းအစိုင်းလို့ပဲ မှတ်တာပဲ။ ဒွေးလိုလူမျိုးတောင် ဒါမျိုးပြောသလား မသိ။

Vista: RITA: ဟုတ်တယ် ဗမာတွေက အရိုးစွဲစိတ်နဲ့ပဲ အလုပ်လုပ်တယ် (ကိုယ်မပါဘူး ဟန်နီ

အားခွာ: ဗမာတွေ ဘယ်လိုလုပ်သင့်ပါသလဲ (ဒါဆွေးနွေးခန်းဖြစ်သွားပြီ)။ ရှေးရိုးစွဲတာကို ပြောတာလား။ သူများယောင်လို့လိုက်ယောင်တာမျိုးလား။

Me: အေးလေ ယောအတွင်းဝန် နဲ့ ငတာဆိုလဲ သိပ်သဘောကျကြတာ မဟုတ်လား။ အဲဒါကို ဒေါက်တာ သန်းထွန်းရေးတာ ခုတခေါက် ပြန်တော့ ဖတ်လိုက်ရတယ်။ ကိုယ်နဲ့ တထပ်တည်းပဲ။

အားခွာ: ဒွေးက ပုထုဇဉ်ပဲလေ။

mon: ဒွေးလဲ ပြောတာပဲလေ။

အားခွာ: ဆိုလိုရင်းက...

Me: တကယ်တော့ ဒွေးမှာ ကိုယ်ပိုင် အတွေးအခေါ်ရှိတယ်။ စာသိပ်ဖတ်ခဲ့တယ်လို့ ထင်တယ်။ ဒါပေမဲ့ သူတောင် ဒါမျိုးတော့ ပြောပေးရတယ်။

mon: အားခွာလဲ ပုထုဇဉ်ပဲမလား အားခွာမင်းသားဖြစ်ရင်လဲအဲလိုပြောရင်ပြောမှာ။

Me: ဟုတ်တယ် ကိုယ် ဖြစ်ရင်လဲ ပြောချင်ပြောနေရမှာ။ အဲဒါကြောင့် မင်းသမီး မလုပ်တာ။

kkmg: မြန်မာအများစုလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်.. ရှေးရိုးစွဲ.. ကွန်ဆာဗေးတစ်တွေများတယ်.. သူတို့စိတ်ထဲမှာ တခုခုကောင်းပြီဆိုရင်.. ထာဝရ ကောင်းပြီလို့ ထင်နေကြတယ်..

mon: စကားမစပ် yishun north point မှာ addidas တွေ ချနေတယ်။

အားခွာ: ဟမ် မွန်

Me: ဂါဝန်ပဲ လိုချင်တာ

အားခွာ: မိန်းမ ပီသပါပေတယ်။

Me: အပေါ်တပိုင်း အောက်တပိုင်း ရှာ မဝတ်ချင်လို့။ ဂါဝန်ဆို တထည်တည်း စွပ်ချလိုက် ပြီးရော။

အားခွာ: အင်တာဗျူး ပြီးပြီပေါ့နော်။

Me: အလုပ်လုပ်လိုက်ဦးမယ်။ နော်မန် လာရင် ပြောလိုက်ပါ။ လွမ်းအောင်ရယ်တတ်သူ ဒုတိယပိုင်း မြန်မြန်ရှာပေးလို့။

mon: ဖြေပြီးသွားပြီလား။ ကျေးဇူးတင်ပါတယ်ရှန်လို့ပြောအုံးလေ။

Me: သူ့ဘာသာ ပထမပိုင်း လာပေးလို့ ဒုတိယပိုင်း ပြန်ရှာပေးဖို့ တာဝန်ရှိတယ်။ သူ့အလုပ် သူလုပ်တာ ဘာမှ ကျေးဇူး မတင်နိုင်ဘူး။ ဒါပဲ။ (:mt: ပုံ):mt:

mon:
အမ် အဲဒါပြောတာဟုတ်ဘူးလေ။ ဗျူးတာဖြေပီးရင် ကျေးဇူးတင်ပါတယ်ရှန်လို့ ပြောတယ်မဟုတ်လား။


Me: သူ့ဘာသာ ဗျူးချင်လို့ ဗျူးတာ တင်ပါဘူး။ ကိုယ်က ဗျူးပါလို့ ပြောလို့လား။

kkmg: ကိုယ်ရည်သွေးခြင်းသည်၎င်း၊ ကိုယ့်ကိုကိုယ်ဖော်ခြင်းသည်၎င်း.. အင်ဆိုမားနီးယား... သို့မဟုတ် ဘိုင်ပိုလာ ဒစ်အော်ဒါ ၏ ကာရိုက်တာရစါစတစ်များ ဖြစ်ကြသည်၊

Me: အင်း kkmg တော့ ဒါကို သူသိတယ် ဆိုပြီး ကိုယ်ရည်သွေးနေပြန်ပြီ။ ကုပေးလိုက်ကြဦး။

အားခွာ: အခုလို လေးလေးနက်နက် မေးသမျှကို မချွင်းမချန် အားကြိုးမာန်တက် လှိုက်လှိုက်လှဲလှဲ ထဲထဲဝင်ဝင် တိတိကျကျ သေသေချာချာ စေ့စေ့စပ်စပ် အလုပ်ချိန်ကိုပဓါနမထားပဲ ဖြေကြားပေးတဲ့အတွက် မမကွန် ဆီပုံပိတ်သတ်ကိုယ်စား လက်ညောင်းခံရိုက်ပြီးမေးခဲ့တဲ့ အားခွာမှ ကျေးကျေးပါလို့ ရင်ထဲအသည်းထဲက အတည်ပြောလိုက်ပါတယ် ဒန်

mon: ကြည့်စမ်းသိတ်တော်ကြတာပဲ ရွှေအမြုတေက ဦးဝင်းငြိမ်းအားခွာနဲ့ ဂျူးရီတာ တို့အင်တာဗျူးလေးက ဖတ်လို့သိတ်ကောင်းတာပဲ။ အားခွာ သိပ်တော်တယ် ... 7days မှာသွားလုပ်ပါလားငှင်။

အားခွာ: မြန်မာတိုင်းစ်မှာ ဘာလို့ မလုပ်ခိုင်းတာလဲဟင် ၁၅၀လောက်တော့ ရမှာ

mon: တော်လို့ပါဆိုနေမှပဲ 7days နာမည်တက်အောင်လေ။

shrink: those cbox dudes are mentally ill, being lonely overseas. that is.

kkmg: Then U better F uck out from this C-box Dude>>> to shrink
Wht the Bloody Hell... those Bipolar Disorder imitator

***
ပါဝင်ဆွေးနွေးသူများ (7 Days အားခွာ၊ မွန်၊ ဗစ်စတာ၊ kkmg၊ shrink) အားလုံးကို ကျေးဇူးတင်ပါတယ်။

***

30 comments:

Vista said...

Gosh !!!

Kyaw Hnin Se Lwin said...

ခစ် ပပရရ ပဲ
ဘုရားတောင် မချွတ်နိုင်တာတွေရှိတယ်။
ဒါလေးတော့ခိုက်သွားတယ်...

ဇွန်မိုးစက် said...

အလုပ်ချိန်မှာ တကယ်ပဲဗျူးသွားတာလား။း)

အန်တီချမ်း said...

1)
မူပိုင်ခွင့် စကားပြောပါမယ်
ရှေ့နေနဲ့ပြောပြီးပါပြီ
တရားစွဲဆိုဖို့ ဆင့်ခေါ်စာကို တရားရုံးက ပို့ပါလိမ့်မယ်

2)
သ လုံးကြီးတင် ပစောက် နှစ်ထပ်ဆင့် သေးသေးတင် သိပ္ပံ
o+d
y
Shift+ctrl+alt+y
shift h

3)

မင်းသမီး မဖြစ်နိုင်
ဂါဝန်ဝတ်လဲ လှမှာမဟုတ်ပါ
ရှင်မှီး ဆိုရင် ပိုအဆင်ပြေမယ်ထင်ပါတယ်

4)
မဆိုးဘူး ကိုယ့်လောက်နီးနီး ပေါရဲလာပြီ

ZT said...

၁ မိနစ် အင်တာဗျူးဆိုတော့ လက်မှာ မော်တာ တပ်ပြီးတော့များ စာရိုက်တာလား။ :D

MrDice said...

Art for People sake. Art for art sake. Art for no sake

Andy Myint said...

စာတစ်ပုဒ်တည်းက အကြောင်းအရောတွေ အများကြီးထဲက ကျေးဇူးတင်တာနဲ့ ပက်သတ်ပြီး နည်းနည်း ၀င်ရှည်လိုက်ဦးမည်။ ဒီနေရာမှာ ဘိုတွေနဲ့ “ဗမာ”တွေ ကွာသွားတာက ဘိုတွေက သေးသေးကြီးကြီး လုပ်ပေး Thank You လိုက်တာပဲ။ ပြောပြီးလည်း ခဏပဲ ခံတယ်။ နောက်နေ့မှာ မင်းကိုငါ မနေ့က ကူညီထားတာလေ သွားပြောရင်တောင် မမှတ်မိဘဲ ဘာတွေ လာကြောင်နေတာလဲ ပြောထည့်လိုက်ဦးမည်။
တို့ဗမာများကတော့ ပါးစပ်က မသွက်ပေမယ့် စိတ်ထဲမှာ တစ်သက်လုံး စွဲစွဲမြဲမြဲ မှတ်နေရော။ ညီလင်းဆက်ပေးတဲ့ ဆရာဝန်တွေ ကျောင်းဆရာတွေ ဥပမာက ကောင်းတယ်။ ဆရာဝန်၊ ကျောင်းဆရာ အတန်းအစားထဲကဆို ကိုယ့်ကို ကုသပေး၊ သင်ကြားပေးတဲ့သူ မဟုတ်တာတောင် အဲဒီ အတန်းအစားဆို လေးစားပြီး ကျေးဇူးတွေ တင်နေလိုက်ကြတာထဲမှာ ကိုယ်ကိုယ်တိုင်တောင် ပါချင်တယ်။
စာဖတ်နာတဲ့သူကတော့ အတွေးအခေါ် (မှန်ချင်လည်း မှန်မည်။ မှားချင်လည်း မှားမယ်) တမူထူးပေမယ့် လောကမှာ လူသာမန်တွေက အများသားလား။ တကယ်ပြောချင်တာက “ကိုယ် လုပ်စရာရှိ လုပ်လိုက် လူတွေ ကျေးဇူးတင်အောင် အထင်ကြီးအောင် မလုပ်နဲ့”လို့ ပြောချင်တာကို “(ဥပမာ) လုပ်အားပေးတဲ့သူတွေ ဘလော့ရေးတဲ့သူတွေက အားယားနေလို့ လုပ်တာ စိတ်အပန်းဖြေလုပ်နေကြတာ နိုင်ငံရေးလုပ်နေသူတွေက သူ့ခံယူချက်နဲ့မို့ သူလုပ်နေတာ ကျေးဇူးတင်စရာ မလိုဘူး” လို့ ယူသွားမည့်လူတွေ ရှိနိုင်တာ ကိုယ်တွေ့ပဲလေ။
ကိုယ်ကိုယ်တိုင်က ကလေးအဖေမို့လားမသိ့ လူသာမန်တွေကို (ကိုယ်ကိုယ်တိုင်လည်း လူသာမန်ပါပဲ) ပြောတဲ့ အခါ ကလေးတွေကို ပြောပြသလို ရှင်းရှင်းရိုးရိုးနဲ့ တည့်မတ်မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကိုပဲ လျှောက်စေချင်တယ်။ ခပ်မြင့်မြင့် အတွေးအခေါ်တွေနဲ့ လူသာမန်တွေကို ရှုပ်ထွေးလမ်းမှားစေတာနဲ့ စာရင် ဒီလိုပဲ ကောင်းတယ်လို့ Personally ထင်တယ်လေ။ ဒီ ကျေးဇူးခံ ကျေးဇူးစား အကြောင်းအရာ တစ်ခုထဲမှ မဟုတ်ပါဘူး တခြားဟာတွေကိုလည်း ဒီလိုပဲ ပြောလေ့ရှိတာတွေ့မိမှာပါ။
ဒါနဲ့ စာမပေါက်တဲ့ ဗမာတွေထဲမှာ ကျွန်တော်လည်း ပါမယ်။ ရီတာက ကျေးဇူးတင်သင့်တယ် ဆိုတာလား မဆိုတာလားကို အသေအချာ မရသေးဘူး။ (ဒါကိုကလည်း စာရေးနည်း တစ်ခုပဲကိုး…)

Phyo Maw said...

၁မိနစ် က ဖတ်တော့ တချို့စာကြောင်းတွေက ၂မိနစ် ၃မိနစ်ကျတယ်။

-_-ll

Rita said...

တကယ်တော့ ဒီ post အတွက် comment တွေ လာရင် ဘာမှ မပြန်ဘဲနေမယ်လို့ စဉ်းစားထားခဲ့တာပါ။ ခါတိုင်းပြန်နေကျ comment မျိုး (ဇွန် မေးထားတာမျိုး) ကိုတောင် မပြန်ဘဲ နေလိုက်တယ်။ နောက် မွန် ဆိုတဲ့ တစ်ယောက် ပို့တဲ့ comment ကိုလည်း သူ့ကို သေချာပြောပြပြီး မတင်ဘဲ ထားလိုက်တယ်။ မွန်က အကောင်းတွေ ရေးထားလို့ပါ။

ဒါပေမဲ့ ကိုအင်ဒီ comment ကိုတော့ ပြန်ချင်စိတ်ပေါက်မိလို့ရော၊ ပြန်သင့်တဲ့ comment ဖြစ်လို့ရော ပြန်ပါမယ်။

(တကယ်ပြောချင်တာက “ကိုယ် လုပ်စရာရှိ လုပ်လိုက် လူတွေ ကျေးဇူးတင်အောင် အထင်ကြီးအောင် မလုပ်နဲ့”လို့ ပြောချင်တာ)

အဲလို ပြောချင်တာလည်း မဟုတ်ဘူး ကိုအင်ဒီ။ ပြောလည်း ဘာမှ ထူးမှာ မဟုတ်ဘူး။ ကျွန်မ ဆိုလိုရင်းက "လုပ်စရာရှိတာ လုပ်နေတာပဲဖြစ်ဖြစ်၊ လုပ်ချင်တာကို လုပ်နေတာပဲ ဖြစ်ဖြစ် ကျေးဇူးခံ ကျေးဇူးစား ကျေးဇူးတရား ဆိုတာတွေ၊ အနစ်နာခံတယ်ဆိုတာတွေ မဆိုင်တာတွေ ထည့်ပြောနေရင် ပြောနေတဲ့ သူတွေဟာ စိတ်ကုန်စရာကြီး၊ ကျွန်မကတော့ အဲလိုလူမျိုးကို ရိုးသားတယ် မထင်တော့ဘူး။ မယုံကြည်ဘူး" လို့ ဆိုလိုချင်တာပါပဲ။ ကျေးဇူးတင်အောင် အထင်ကြီးအောင် လုပ်ချင်လုပ်၊ မလုပ်ချင် မလုပ်နဲ့။ သူ့သဘောအတိုင်းပါ။ အထင်ကြီးတာ မကြီးတာ၊ ယုံကြည်တာ မကြည်တာလဲ ကိုယ့်သဘောပဲပေါ့။ ဒါ ရှင်းပါတယ်။

ညီလင်းဆက် ဆီမှာ အဲဒီ စကားလုံးက ဘယ်ကနေ အရင်းခံလာသလဲ ကျွန်မ ထင်တာ ပြောကြည့်မယ်။ မီဒီယာနဲ့ အနုပညာသမား အပြန်အလှန် ကျေးဇူးရှိကြတယ် ဘာညာ ဘာညာကနေ စလာတယ် လို့ ထင်ပါတယ်။ ဘာဆိုင်လဲ။ မီဒီယာဘက်က မအောင်မြင်ခင်ပဲ တင်ပေးပေး၊ အောင်မြင်မှ တင်ပေးပေး မဂ္ဂဇင်း ဂျာနယ် ရောင်းရဖို့၊ သတင်းရဖို့ သူ့အလုပ် သူလုပ်တာပဲ။ ဒီလိုပဲ အနုပညာသမား ဆိုတာတွေဘက်ကလည်း ပေါင်းကူးတံတားခေါ်ခေါ်၊ အငှားပါးစပ်နဲ့ ပရိသတ်ကို စကားဆိုတယ်ပြောပြော သူ့အလုပ်သူ လုပ်တာပဲ။ အပြန်အလှန် အကျိုးပြုနိုင်တယ်ဆိုရင် အပြန်အလှန် အလေးထားကြပေါ့။ ဒါပါပဲ။ ပြီးတော့ ဖြစ်သွားတဲ့ကိစ္စက နှစ်ယောက်တည်းရဲ့ အရေးကိစ္စပဲ။ ဘယ်သူက ဘယ်ဘက်ကမို့လို့ ဘယ်လိုလူမျိုးတွေက ဘယ်လိုရပ်တည်တယ် ဆိုတာတွေ ဖတ်ရ သိရတာ အတော် လေ စရာပါပဲ။ ထားပါတော့။

Rita said...

(ရီတာက ကျေးဇူးတင်သင့်တယ် ဆိုတာလား မဆိုတာလားကို အသေအချာ မရသေးဘူး)

ကျွန်မအနေနဲ့ တင်သင့်၊ မတင်သင့် ဆိုတဲ့ဘက်က ဘယ်တော့မှ ဆွေးနွေးမှာ မဟုတ်ဘူး ဆိုတာပါပဲ။ အဲဒါက ခံယူတဲ့သူနဲ့ ဆိုင်တဲ့ ကိစ္စမို့လို့ပါ။ ဒီနေရာမှာ ကျွန်မ ခံယူတာကို post ထဲမှာ ထည့်ပြောပြီးပါပြီ။ ဒါပေမဲ့ တိကျအောင် ထပ်ဖြည့်ချင်သေးတယ်။ ထပ်ပြောရင်တော့ အဲဒါ ကိုယ့်ကိုယ်ကိုယ် 'တင်' တာနဲ့ တူသွားမှာကိုလည်း သေချာပေါက် သိတယ်။ ဒါပေမဲ့ တမင်ကို ထပ်ဖြည့်ပြောပါမယ်။ မနေ့က နေ့လည် ရုံးအောက်က fab လုပ်တဲ့နေရာကို ဆင်းတော့ ကျွန်မလျှောက်လာမယ့်လမ်းမှာ ရှိနေတဲ့ စတီးလ် ပိုက်လုံးတွေကို ကျွန်မ လာနေတာမြင်လို့ ဘေးကို သေချာကပ်ပြီး ရှင်းပေးတဲ့ ဘင်္ဂလားဒေ့ရှ် အလုပ်သမားတယောက်ကိုလည်း ကျေးဇူးတင်တယ်။

(သူရှင်းမပေးလည်း ကျွန်မ ကျော်သွားလို့ ရတယ်။ ဘေးက ကွေ့ပြီး လျှောက်လို့ရတယ်။ ဒါ့ပြင် ကိုယ်တိုင်ကလည်း ကျော်သွားရလို့ အိနြေ္ဒပျက်မှာတွေ ဘာတွေလည်း ပူနေမယ့် အစားကို မဟုတ်ဘူး) အဲဒီ အလုပ်သမားကလည်း ကျွန်မဆီက မျက်နှာသာရနိုင်လို့၊ အခွင့်အရေးတခုခု ရနိုင်လို့ လုပ်ပေးတာ မဟုတ်ဘူး။ သူ့ ပင်ကိုဗီဇအရ စိတ်စေတနာကောင်းနဲ့ လုပ်ပေးတာလဲ ဖြစ်နိုင်တယ်။ ရုံးမှာက S'porean MD က စလို့ မိန်းမတွေကို ဦးစားပေးတာ ရုံးပေါ်မှာပဲဖြစ်ဖြစ်၊ ရုံးအောက်က အလုပ်သမားတွေရှေ့မှာပဲ ဖြစ်ဖြစ် သိသိမှတ်မှတ်ကို လုပ်ပြထားလို့ သူတို့မှာပါ အဲဒီ အကျင့် ကူးနေတာလဲ ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် မဆိုင်သလိုနေလည်း ဖြစ်တာကို မနေကြဘဲ လုပ်ပေးလိုက်တဲ့ အဲဒီ သေးသေးမွှားမွှားကိစ္စအတွက် ကျွန်မ ကျေးဇူးတင်တယ်။

ကိုအင်ဒီရဲ့ စကားလုံးကို ထပ်ပြန်ကောက်ပြီး ပြောရရင်၊ လုပ်ချင်လို့ပဲ လုပ်လုပ်၊ လုပ်သင့်လို့ပဲ လုပ်လုပ်၊ အနစ်နာခံတယ်ပဲ ပြောပြော၊ မခံဘူးပဲ ပြောပြော အဲဒီလို လုပ်နေတဲ့ (ပေးနေတဲ့) လူတွေကို ခံယူတဲ့ လူတွေဘက်က ကျေးဇူးတင်သင့် မတင်သင့် ကျွန်မ ဘယ်တော့မှ မဆွေးနွေးပါဘူး။ ဒါ ခံယူတဲ့ လူတွေရဲ့ စိတ်သဘောအတိုင်းပါပဲ။ လုပ်ပေးနေကြတဲ့ လူတွေနဲ့ ပတ်သတ်လို့ ကျွန်မ ဘယ်လိုခံယူလဲ ဆိုတာကိုပဲ ပြောတာပါ။

ခု လုပ်နေတဲ့ (ပေးနေတဲ့) လူဘက်က ပြောကြည့်ပါမယ်။ ဒါလဲ post မှာ ထည့်ရေးပြီးသားပါ။ ကိုယ်တိုင် ဘလော့ရေးနေတော့ ဘလော့ရေးတဲ့သူတွေ နေရာကပဲ ပြောထားပါတယ်။ ကျွန်မ ရေးချင်လို့ ရေးနေတဲ့ အချိန်မှာ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ ကိုယ့် စိတ်ကျေနပ်မှုအတွက်ပဲ ရေးတယ်။ အင်္ကျီတစ်ထည် ဝတ်တာနဲ့ ဘာမှ မထူးဘူး။ ကြိုက်တဲ့လူက ကြည့်ပြီး နှစ်သက်ကြည်နူးနေမှာပေါ့။ မကြိုက်တဲ့လူက မျက်စေ့စပါးမွှေးစူးနေမှာပေါ့။ ကျွန်မကတော့ ကျွန်မ စိတ်ကျေနပ်မှုကို ဦးစားပေးလို့ လုပ်တာပါပဲ။

Rita said...

ကျွန်မ တကူးတက စာရိုက်တင်ဖြစ်နေတဲ့ မောင်သစ်ဆင်း စာတွေရော... ဘယ်သူ့အတွက်မှ အနစ်နာခံလို့ အချိန်ပေးလို့ လုပ်ပေးနေတဲ့ ဂုဏ်ကျေးဇူးကြီး မဟုတ်ဘူး။ ကျွန်မ လုပ်ချင်လို့ လုပ်တာပါ။ ကိုယ့်ဘလော့မှာ ဒီစာတွေ ရှိစေချင်လို့ပါပဲ။ အဲဒါ ကျွန်မရဲ့ သူတို့အပေါ် နှစ်ခြိုက်တာ၊ သူတို့ အလုပ်ကို ဂုဏ်ပြုချင်တာတွေပါတဲ့အပြင် ကျွန်မနဲ့ ကျွန်မရဲ့ blog ID ကို ထူထောင်ချင်တဲ့စိတ်လဲ ကျိန်းသေ ငြင်းမရအောင်ပါတယ်။ (ဒီနေရာမှာ post တခုဖြစ်မယ့် စာမျိုး ရိုက်တင်တာ မပြောနဲ့။ side bar မှာ ချိတ်ထားတဲ့ ကိုယ်ဖတ်တဲ့ blog roll စာရင်းကစလို့ blogger နဲ့ blog ရဲ့ ID ကို ပြဖို့ဆိုတဲ့ ရည်ရွယ်ချက် ကျွန်မအတွက် အတိအကျပါတယ်)

ဒါပေမဲ့ ဂျူး ဝင်းငြိမ်း အင်တာဗျူး တင်တုန်းက hit သိသိသာသာ တက်ပေမယ့် မောင်သစ်ဆင်းစာတွေ တင်တော့ လျော့တောင် လျော့ပါတယ်။ သို့သော် တစ်အုပ်လုံး ရိုက်တင်ဦးမှာ။ hit ဘာလုပ်ဖို့လဲ။ ထက်ဝက်လျော့ချင် လျော့ပစေ။ ရိုက်တင်မှာ။ ဘာလို့ဆို ကျွန်မက ကြိုက်တယ်လေ။ ကိုယ်လိုပဲ ကြိုက်တဲ့လူတွေ များရင်တော့ ဝမ်းမြောက်စရာပေါ့။ မကြိုက်လို့ အများစုက လှည့်မကြည့်ဘူးဆိုတော့ ဝမ်းမမြောက်ဘူးပေါ့။ ဒါ့ထက်ပိုလို့ ဘာလုပ်ရမလဲ။ ကြိုက်စေချင်တဲ့၊ ကိုယ့်လို စိတ်ဝင်စားမှုတူတဲ့ လူတွေရှိရင် ဖတ်မိစေချင်တဲ့ စိတ်ရှိပေမယ့် ကိုယ် လုပ်ချင်တာကို လုပ်နေတာပါပဲ။ အချိန်ကုန်ခံလို့ အနစ်နာခံ ဖြန့်ဝေနေတာ မဟုတ်ရပါ။ အန္တရာယ်ကြီးပေမဲ့ တခု ပြောရဦးမယ်။ ဂျာနယ်ကျော်မမလေးရဲ့ သူလိုလူ စာအုပ် ပြန်ရိုက်ပါလား ပြောလာရင် လုံးဝ စဉ်းစားမှာ မဟုတ်ဘူး။ ဘာလို့ဆို လုံးဝ မကြိုက်လို့။ (ဒီနေရာမှာ ဒီစာလေးပဲ ဖြတ်ဖတ်လိုက်ပြီး၊ ဒါ ဂျာနယ်ကျော်စုံတွဲကို စော်ကားမော်ကားပြောနေတာလို့ လာရင်လည်း လာနိုင်တယ်။ ဒါပေမဲ့ အဲဒါနဲ့ ပတ်သတ်တဲ့ သဘောထားကို post တစ်ခုမှာ အတိအလင်းရေးပြီးသားမို့ ဒါလေးပဲ ဖြတ်ဖတ်ပြီး ဘာပြောပြော ဂရုစိုက်နေမှာ မဟုတ်ဘူး)

လုပ်နေတဲ့သူအတွက်မှာ ကိုယ်လုပ်လိုက်တာက သက်ရောက်မှု တခုခု ရှိသွားပြီ၊ လူသိသွားပြီ ဆိုတာနဲ့ ကျေးဇူးတင်တာတွေရော၊ မတင်တာတွေရော၊ ဆဲတာတွေရော၊ ဆိုတာတွေရော လာမှာပဲ။ ကိုယ်လုပ်ချင်လို့ကို လုပ်တဲ့ အလုပ်နဲ့ ပတ်သတ်လို့ အသိအမှတ်ပြုလာတာ၊ ကျေးဇူးစကားဆိုလာတာနဲ့ ကြုံရင် ဝမ်းမြောက်မိတာသာ မကဘဲ အဲဒီလူကို ကျေးဇူးတောင် ပြန်တင်မိဦးမယ်။ ကျွန်မကြိုက်လို့ ရိုက်တင်တဲ့ မောင်သစ်ဆင်းစာတွေ ဖတ်ပြီး သဘောကျတယ် ပြောရင် လာဖတ်တဲ့လူကို ကျွန်မ ကျေးဇူးတင်တယ်။

မနေ့က မမကွမ် စီဘောက်မှာပဲ ဒီ post ကို ဖတ်ပြီး zyt ဆိုတဲ့ nick နဲ့ တယောက်က လာပြောတယ်။ သူပြောတဲ့ စကားလုံးအတိုင်း ပြန်ပြောရရင်... ကျွန်မပြောတာ မှန်ပါတယ်တဲ့။ post ထဲမှာပါတဲ့ ဂျာနယ်ကျော်မမလေးအကြောင်း ရိုက်တင်နေတဲ့ မရွှေမိက လာဖတ်တဲ့လူတွေကို သူကတောင် ပြန်ကျေးဇူးတင်နေသေးတာ တဲ့။ ဒီသဘောတရားက ဘာမှ အကျယ်ပြောစရာမလိုဘဲ နားလည်နိုင်ပါတယ်။

လုပ်တဲ့သူတွေဘက်က ကိုယ့်ဘာသာ လုပ်ချင်လို့ လုပ်ချင်တာကို ရွေးလုပ်နေပြီး၊ မလုပ်ချင်တော့တာနဲ့ ရပ်လိုက်လို့ရတာကို ဘယ်သူ့ ကျေးဇူးတင်ခံနေချင်ရမလဲ။ ဘယ်သူ့ခေါင်းထဲမှာမှ အဲဒါမရှိဘူးလို့ ယုံကြည်တယ်။ ကျေးဇူးတင်ခံချင်လို့ပဲ ဖြစ်ဖြစ်၊ ကျေးဇူးခံ ကျေးဇူးစားသဘောနဲ့ လုပ်နေတာပဲဖြစ်ဖြစ် အဲဒါ သူ့လမ်းကြောင်းပဲ။ သူ့ခံယူချက်နဲ့ အဆင့်အတန်းပါပဲ။

Rita said...

ခံယူသူဘက်မှာ ကိုအင်ဒီပြောတဲ့...
( “(ဥပမာ) လုပ်အားပေးတဲ့သူတွေ ဘလော့ရေးတဲ့သူတွေက အားယားနေလို့ လုပ်တာ စိတ်အပန်းဖြေလုပ်နေကြတာ နိုင်ငံရေးလုပ်နေသူတွေက သူ့ခံယူချက်နဲ့မို့ သူလုပ်နေတာ ကျေးဇူးတင်စရာ မလိုဘူး” လို့ ယူသွားမည့်လူတွေ ရှိနိုင်တာ ကိုယ်တွေ့ပဲလေ)
အဲလို ခံယူသွားအောင်လို့ ရည်ရွယ်ချက်ရှိရှိ ပြောလိုက်ရင်တောင် ဘယ်သူက နားယောင်ပါလိမ့်မလဲ လို့ ဆက်တွေးနေမိတယ်။ ထားပါတော့။ ဘယ်သူမှတော့ နားမယောင်ပါဘူး ဆိုတာ ကိုအင်ဒီလည်း သိပါတယ်။ ဆိုလိုရင်းကို တလွဲကောက်တာမျိုး ဖြစ်နိုင်ပါတယ်။ အဲလို ကောက်ယူတဲ့လူတွေရှိတာကို ဘာမှ မတတ်နိုင်ပါဘူး။ သူတို့ အတွေးအမြင်အတွက် ဘာလုပ်ပေးလို့မှ မရဘူးလို့ပဲ ယူဆမိတယ်။ မင်းကိုနိုင် ကိုတောင် ယောအတွင်းဝန်လို ပြောလိမ့်မယ်လို့ ကြည်ညိုစိတ်နဲ့ ထင်နေကြတဲ့လူတွေ ရှိနေသေးတာပဲ။ (ယောအတွင်းဝန် မြင်းထိန်းငတာနဲ့ ပတ်သတ်လို့ လုပ်လိုက်တဲ့ အကွက်ဟာ ကလေးကလားပါလားဆိုတဲ့ အတွေးမရှိဘူး။ ကျောင်းပြဋ္ဌာန်းစာမှာတောင် ပါလာသေးတာ ဒါထည့်ပြောလိုက်ရင် ဟုတ်လှပြီလို့ပဲ တွေးတယ်)

နောက်တခုက ကျေးဇူးတရားနဲ့ ပတ်သတ်တဲ့ ကိစ္စမှာ ဘာလို့ အဲဒီလို တလွဲကောက်ကြသလဲ။ ကျွန်မစဉ်းစားမိသလောက်က ဆိုလိုရင်းကို သေချာမစဉ်းစားနိုင်တာထက်၊ မစဉ်းစားချင်တာ နဲ့ သူများကို နှိပ်ကွပ်ချင်စိတ် များနေလို့ ဖြစ်နိုင်တယ်။ ဥပမာ- ဗမာဝတ်စုံ ဝတ်ခြင်း၊ မဝတ်ခြင်း။ ဝတ်တဲ့လူတွေ၊ ဝတ်သင့်တယ်လို့ ထင်တဲ့လူတွေဟာ သူတို့ဘာသာ ဝတ်ချင်လို့၊ ယဉ်ကျေးမှုကို ချစ်လွန်းလို့ ဆိုတာထက် ဒါကို နင်းပြီး မဝတ်တဲ့လူတွေကို ဆော်ချင်တဲ့ စိတ်က ဦးဆောင်တယ်။ ဒီလိုပဲ ခုကိစ္စမှာ သူများကို ကျေးဇူးတင်တတ်တာထက် လိုရာဆွဲပြီး ဆော်ချင်တဲ့ စိတ်က ဦးဆောင်နေတယ်လို့ မြင်မိတယ်။

သေချာစဉ်းစားကြည့်ရင် ကျေးဇူးတင်တဲ့စိတ် ဖြစ်ပေါ်ဖို့ (ကျေးဇူးစကားဆိုဖို့ မဟုတ်) ဆိုတာ ဘာခက်သလဲ။ အထူးသဖြင့် ကိုအင်ဒီပြောသလို အရိုးစွဲနေတတ်တဲ့ ဗမာတွေမှာ ဘာခက်သလဲ။ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်အနေအထားအရ၊ ဓလေ့ထုံးစံတွေအရ အလိုလို ကျင့်သားရနေကြတာပဲ။ နောက်တခု စေ့စေ့စပ်စပ် ထပ်ကြည့်လိုက်ပါ။ ကျေးဇူးတင်စိတ်ဟာ ဘယ်ကနေ ဖြစ်လာသလဲလို့။ ပုထုဇဉ်မှန်သမျှအတွက် ကိုယ်ကျိုးအတ္တကို ပြည့်စုံစေတဲ့အတွက် ကျေနပ်မိတဲ့စိတ်က ဖြစ်တယ်လို့ ထင်တယ်။ ပြီးတော့ ကိုယ့် စိတ်သဘောနဲ့ တွေ့တဲ့ အရေးကိစ္စတွေ လုပ်ဆောင်ပြတာ တွေ့ရတဲ့အခါ ဖြစ်မယ်ပေါ့။ ဆရာဝန်တွေ၊ ကျောင်းဆရာတွေကို ကျေးဇူးတင်ကြ လေးစားကြတာ အဲဒီသဘောတရားရဲ့ အပြင်ကို ထွက်သွားတာ ဘာရှိလို့လဲ။ ဆိုတော့ ကျေးဇူးတင်မိဖို့ တင်တတ်ဖို့ဆိုတာ အတ္တရှိတဲ့ လူတစ်ယောက်အတွက် ဘာများခက်လို့လဲ။ မတင်မိဖို့သာ ခက်တာပါ။

Rita said...

ညီလင်းဆက်ပဲ ဖြစ်ဖြစ်၊ ညီလင်းဆက်လောက်မှ မဟုတ်တဲ့ဟာပဲ ဖြစ်ဖြစ်၊ ညီလင်းဆက်ထက် မကတဲ့ဟာပဲ ဖြစ်ဖြစ် (ဒီနေရာမှာ နာမည်အစား နောက်ပိုင်းမှာ နာမ်စားပြောင်းသုံးလို့ရတယ်။ တမင်ကို အဲဒီနာမည်ကို 3 ခါတိတိ ထည့်ချင်လို့ ထည့်ရေးတာ) သူတို့ ကျေးဇူးတင်စရာရှိတာ တင်ဖို့ ဘယ်သူကမှ ဝေဖန်စောကြော၊ တွန်းအားပေးထောက်ပြနေဖို့မလိုပါဘူး ထင်မိတယ်။

ကျေးဇူးတင်ရတာထက် ခက်ခဲတာ၊ လေးနက်တာ၊ လုပ်ဖြစ်အောင် လုပ်သင့်တာက ကျေးဇူးတင်စရာကောင်းတဲ့ ကောင်းမြတ်တဲ့ အမှုကိစ္စတစ်ခုကို ကိုယ့်အပေါ် ပြုဖူးသူအပေါ် သူလိုအပ်ရင် တတ်နိုင်တဲ့ဘက်က ပြန်ဆပ်နိုင်ဖို့ရယ်၊ ကိုယ့်ကို ကျေးဇူးပြုဖူးသူအပေါ်မှာ တိုက်ရိုက်တုန့်ပြန်ဖို့ မလိုရင်တောင် အဲဒီ အမှုကိစ္စကို ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်ကနေ လက်ဆင့်ပြန်ကမ်းနိုင်ဖို့ရယ်သာ ခက်တာပါ။

ညီလင်းဆက် စလိုက်တဲ့ ကိစ္စကနေ ကျေးဇူး ကျေးဇူး ကျေးဇူး တင်တတ်ရမယ်လို့ မိုးမွှန်အောင်ပြောနေတဲ့လူတွေ ကိုယ့်ဘာသာ လွယ်တာပဲ လုပ်နေသလား၊ မလွယ်တာပဲ လုပ်နေသလားဆိုတာ ပြောနေမယ့်အစား စဉ်းစားကြည့်တာ ပိုကောင်းမယ် ထင်မိတယ်။

ကိုအင်ဒီ comment ကို ပြန်ရင်းနဲ့ ကိုယ့်ဘာသာလဲ ပြန်စဉ်းစားမိသွားတဲ့ အတွက် ပတ်သတ်ရာ ပတ်သတ်ကြောင်းများကို ကျေးဇူးဥပကာရ အထူးတင်ပါကြောင်း ပြောလိုပါတယ်။ :)

comment ရေးခဲတဲ့ ကိုအင်ဒီဆီ တကူးတက ရေးသွားတဲ့ comment ရလို့လည်း တကယ်ဝမ်းမြောက်မိတာ ပြောချင်ပါတယ်။

(စာ ရေးပုံရေးနည်းနဲ့ ပတ်သတ်လို့ကတော့ ကလေးကို ပြောသလိုပဲ ရေးရေး၊ ဓမ္မာစရိယကို ပြောသလိုပဲ ရေးရေး နားမလည်တဲ့လူက လည်ကို မလည်ဘူး၊ အရိုးစွဲနေတဲ့လူက စွဲကိုစွဲနေမှာပဲ ဖြစ်လို့ သိပ်မထူးဘူး ထင်မိပါတယ်။ အတိုက်အခိုက်က ဘယ်လိုရေးရေး ဘယ်လိုလုပ်လုပ် လွတ်မှာမဟုတ်တဲ့ တူတူတော့ ကိုယ် အာရုံလာသလိုပဲ ဆက်ရေးမယ်။ အဲဒီ အတွက် စာဖတ်သူကို မလေးစားတာတွေ၊ ထည့်မတွက်တာတွေ ပြောလာခဲ့ရင်လည်း ခံပါတယ်။ ဟုတ်တယ်လေ။ ဘလော့ရေးတာ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ ကိုယ့်အတွက် ကိုယ်လုပ်ချင်လို့ လုပ်နေတဲ့ အလုပ်ပါပဲ။

ဒါဖြင့် ရေးပြီး ဘယ်သူ့မှ ပြမနေနဲ့။ ကိုယ့်ဘာသာ သိမ်းထားလို့ ပြောလို့လည်း မရဘူး။ ဘာဖြစ်လို့ဆိုတော့ ကိုယ်ရေးတာကို သူများ ဖတ်စေချင်တာ၊ ပြချင်တာကိုက ရေးသူရဲ့ အတ္တနဲ့ ယှဉ်တဲ့ ဆန္ဒပဲ။ သူရဲ့ စိတ်ကျေနပ်မှု အတွက်ပဲ။ ဒါကိုမှ မကျေနပ်လို့ လာမဖတ်ကြလည်း ဘာမှ မတတ်ပါ။ မရေးဘဲ မတင်ဘဲတော့ နေမှာမဟုတ်လို့ ပြောလိုပါတယ်)

ကိုအင်ဒီရဲ့ comment ကို ပြန်တာ ဖြစ်ပေမယ့် တချို့ အကြောင်းအရာနဲ့ စကားလုံးတွေက ကိုအင်ဒီကို မရည်ရွယ်ဘူးဆိုတာ နားလည်မယ်လို့ ယုံကြည်မိပါတယ်။

Andy Myint said...

ဟားဟား တိုးတိုးတောက်တောက် ပိုးပိုးပေါက်ပေါက်နဲ့ စိတ်ထဲရှိတာတွေက တရစပ်သွန်ချနိုင်တာပဲ..။ ပို့စ်ဖတ်မိတုန်းက ကျေးဇူးမတင်မိဘူး။ ကောမန့်တွေ တလှေကြီး ပြန်ချလိုက်မှပဲ ကျေးဇူးတင်ချင်သလိုလို ဖြစ်လာတယ်။

(လျှောချခြင်းမဟုတ်ပါ။ ငြင်းခုန် အနိုင်လိုခြင်း ထက် နှစ်ဦးနှစ်ဘက် အမြင်ကို ဖလှယ်ရုံသက်သက်ဆိုတာ နားလည်ထားကြပါတယ်။)

tnaung said...

ကျောင်းတုန်းက ကဗျာကို စကားပြေ ပြန်ရေးသလို post တစ်ခုလုံးကို comments တွေနဲ့ပြန်ရှင်းထားသလိုဖြစ်နေတာလဲ တစ်မျိုးဖတ်လို့ကောင်းတယ်ဗျာ။ ကျေးဇူးပါ။း)

mg lay said...

အစ်မခင်ဦးမေဆီကရောက်လာတာပါ။ကိုညီလင်းဆက် ဘလော့မှာကတည်းကသတိထားမိပေမယ့် တတန်တက
တော့မရောက်ဖြစ်ပါ။နောက်ပိုင်းတော့မှန်မှန်ရောက်ဖြစ်မယ်
ထင်ပါတယ်။ဘာလို့လည်းဆိုတော့ဂျူးစာတွေ တင်ထားတယ်ဆိုလို့။ ဂျူး ကြိုက်တာ၊
ဂျာနယ်ကျော်မမလေးရဲ့ သူလိုလူ ကိုမကြိုက်တာ၊
ကျွန်တော်နဲ့သဘောချင်းတိုက်ဆိုင်တယ်ဗျ။တနေ့ကပဲ
သူငယ်ချင်းတစ်ယောက်နဲ့ငြင်းရသေးတယ်။ဂျူး စာတွေ
အကြောင်းပြောဖြစ်တော့ သူက အချစ်ဝတ္ထုတွေ မဖတ်ဘူးဆိုဘဲ၊ဂျူး ဝတ္ထုတွေ ကို အချစ်ဝတ္ထုသီးသန့်
တွေလို့ ဘယ်သူပြောလဲ၊ဘာအထောက်အထားနဲ့
ပြောနိုင်လဲလို့မေးတော့ တစ်အုပ်မှမဖတ်ဘူးတော့မပြော
နိုင်တော့ဘူး။ဖတ်တတ်ရင် စာရေးသူတွေရဲ့ စေတနာ
ကိုမြင်နိုင်တယ် လို့ကျွန်တော်ထင်မိတယ်။ကျွန်တော့
ကွန်မန့်ကအစ်မရဲ့ပို့စ် နဲ့ ဘာမှမဆိုင်သလိုဖြစ်သွားရင်
ခွင့်လွှတ်ပါခင်ဗျာ။ပို့စ်ထက် အစ်မရဲ့ ကွန်မန့်ကို
ပိုသဘောကြမိကြောင်းပါခင်ဗျား

Rita said...

ကိုမောင်လေးကို ကျေးဇူးတင်ပါတယ်။
ကိုယ်တိုင်လည်း ပို့စ်ထက် ကိုအင်ဒီနဲ့ ပြောဖြစ်တဲ့ ကွန်မန့်တွေကို ပိုအားရမိပါတယ်။

ပို့စ်ကတော့ cbox မှာ ရင်းနှီးပြီးသားလူတွေ အချင်းချင်း ပြောကြတာမို့ တချို့နေရာတွေမှာ နောက်သလိုတော့ ဖြစ်နေပါတယ်။

နောက်ဆုံးနားမှာဆို နော်မန် (ခ) ပေါက်စီ နဲ့ အားခွာကို ကျေးဇူးမတင်ပါဘူး ဘာညာပြောထားတာတွေဟာ တကယ်တော့ နောက်ထားတာတွေပါပဲ။

Ko Paw said...

ရီတာ...

ကွန်မင့်တွေအားလုံးကို ဒီနေ့မှ အပြည့်အစုံ ဖတ်မိလို့ အရမ်းသဘောကျ နှစ်သက်နေမိပါတယ်။ ကျနော့် ဘလော့ဂ်မှာ ပို့စ်အနေနဲ့ တင်လိုကြောင်း အကြောင်းကြားပါတယ်။ သုံးခွင့်ပြုပါ။ (အရင်သုံးလိုက်တော့မယ်။ သဘောမတူရင်တော့ ပြန်ဖြုတ်ပေးပါမယ်။)

ကိုပေါ။

Rita said...

တူပါတယ် တူပါတယ် ကိုပေါ
သုံးပါ

ဇွန်မိုးစက် said...

ဟုတ်တယ်... ကိုယ်လည်း ခုမှ ရီတာပြန်ထားတဲ့ comment တွေ ဖတ်ပြီး ပိုသဘောကျသွားတယ်။

ဘာကြောင့်မှန်းတော့ မသိဘူး၊ ရီတာပို့စ်ဆို ပြီးပြီးရော မဟုတ်ဘဲ သေချာဖတ်ချင်တယ်။ အပေါ်ယံသဘောမျိုး ရှပ်မဖတ်ချင်ဘူး။ ဒါကြောင့် ခုချိန်ထိ တစ်ချို့ စာကြွေးတွေ မရှင်းရသေးတာ။ အေးအေးဆေးဆေး သေချာဖတ်ချင်လို့။

Bino said...

I've just traced from Ko Paw Blog related Ritako's post item........

ကျွန်မ မောင်သစ်ဆင်းစာတွေ ရိုက်တင်တော့ တခြားစာတွေထက် လာဖတ်သူနည်းတာပါပဲ။
How to measure more come or less come on above related item?
That is improper way if you count base on comments.
I want to discuss Mg Thit Sin's articles on your post.
I had read his articles (Nearly all) a long time
ago.
I've read on your blog (မောင်သစ်ဆင်းစာ) in detail.
But I'm afraid to discuss for that item.
If something going wrong or misunderstand due to my poor English..........
I worry that my comment related (မောင်သစ်ဆင်းစာ) caused a furor to blog reader.
Nobody knows how many reader come in that item.
Bearing in mind,
Some are real readers, never give a comment.
BINO

Rita said...

counter ကနေ ကြည့်ပါတယ်။ comment နဲ့ မဟုတ်ပါဘူး။

အဓိက ပြောချင်တာက ကိုယ့်ဘာသာ လုပ်ချင်လို့ လုပ်တယ် ဆိုတာပါ။ ဆရာ မောင်သစ်ဆင်းစာ လူဝင်နည်းတယ်လို့ အဓိက ပြောချင်တာ မဟုတ်ပါဘူး။

အဝင်နည်းတယ်ဆိုရင် အဖတ်က ဒီထက်မက နည်းနိုင်ပါတယ်။ ဒါကတော့ အတွေ့အကြုံအရ သိတာပါ။ ကိုယ်တိုင်လည်း ဝင်ကြည့်ပြီး စိတ်မဝင်စားရင် ကြည့်ရုံကြည့်ပြီး ပြန်လာခဲ့တာပါပဲ။ ဝင်တိုင်းဖတ်တယ်လို့ ယူလို့ မရတော့... အဝင်နည်းရင် အဖတ်က ဒီ့ထက်မကကို နည်းမှာ ကျိန်းသေပါပဲ။

kyawhinselwin said...

ရီတာရေ
ဒီကွန်မန့်တွေ ပြတ်တယ် ကောင်းတယ်။
ဆိုလိုတာကိုသဘောပေါက်တယ်။

သည်တခုတော့စိတ်မကောင်းဖြစ်မိတယ်။
ကိုယ်တိုင် ဘလော့ရေးနေတော့ ဘလော့ရေးတဲ့သူတွေ နေရာကပဲ ပြောထားပါတယ်။ ကျွန်မ ရေးချင်လို့ ရေးနေတဲ့ အချိန်မှာ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ ကိုယ့် စိတ်ကျေနပ်မှုအတွက်ပဲ ရေးတယ်။ အင်္ကျီတစ်ထည် ဝတ်တာနဲ့ ဘာမှ မထူးဘူး။

Rita said...

@KNSL
ရပါတယ်။

ခုမှ သတိထားမိတယ်။ ဘလော့ရေးသူတွေ နေရာက ဆိုတာမှာ ကျန်တဲ့လူတွေကို ဆွဲမထည့်ဘဲ ကိုယ့်ဘာသာကိုယ်ပဲ အဓိက ရေးလိုက်သင့်တာ။ ဒါပေမဲ့ ကိုအင်ဒီမေးတာကို ပြန်ရေးတုန်းက ရုံးမှာဖြစ်တာရယ်၊ နဲနဲ လောနေတာရယ်နဲ့ သတိမထားဖြစ်လိုက်ဘူး။ နောက်ပိုင်းလည်း အမှတ်တမဲ့ပါပဲ။ တကယ်တော့ ကိုယ်က အားလုံးကို ကိုယ်စားပြုပြောလို့ ဘယ်ရပါ့မလဲ။ KNSL မှန်ပါတယ်။

ကိုယ့်အနေနဲ့ကျတော့ ဥပမာ စာဖတ်သူကို အင်ဖော်မေးရှင်း ပေးတဲ့ post ရေးတယ်ဆိုရင်တောင်မှပဲ ကိုယ်ရေးချင်လို့ ရေးလိုက်တာ လို့ပဲ ခံယူမိတယ်။ အဲဒီလို ရေးတဲ့နေရာမှာ ဘာအတွေးမှ မရှိပါဘူး လို့ ပြောထားတာပါ။ :)

Rita said...

(ရီတာပြောမှ ဘလော့ရေးသူတွေ ဆိုတာ သတိထားမိတယ်။
နားလည်ပေးတဲ့အတွက်ကျေးဇူးပါရီတာ။
ကိုယ်က ရီတာဘလော့ဂ်ကိုဖတ်တဲ့တယောက်အနေနှင့် ဘလော့ဂ်ကို ဒီအတွေးနဲ့ဆောက်ထားတယ် ဆိုတာကို စိတ်မကောင်းဖြစ်မိတာပါ။
ဒါပေမဲ့ ရီတာကလည်း တုတ်ထိုးအိုးပေါက်သမားမို့ ရီတာပြောတာလည်းမှားတယ်လို့တော့ မထင်မိဘူး။
အဆုံးသတ်က ကိုယ့်အတ္တမှာဆုံးတာကိုး။
သို့ငြား ကိုယ့်အတ္တတခုတည်းတော့မဟုတ်ဘူးဟုတ်။
အဲဒါလေးကိုပဲ စိတ်မကောင်းဖြစ်သွားတာပါ။
:))

(ပြောရရင် လောဘကြီးတယ်ဆိုမလား။
ရီတာ့ဆီက အဲဒီထက်နည်းနည်းပိုလိုချင်
မျှော်လင့်ခဲ့မိတယ် ထင်တယ်။
:P
မပေးနိုင်လည်း နေပါစေကွယ်
:D)

ကျော်နှင်းဆီလွင်

Rita said...

@KNSL
ကိုယ့်အနေနဲ့တော့ လွတ်လွတ်လပ်လပ်ပဲ ရေးချင်ပါတယ်။
စာရေးသူက စာဖတ်သူကို ပညာပေးဖို့၊ ဗဟုသုတ ဖြန့်ဝေဖို့၊ ထိန်းကွပ်ဖို့၊ ဆုံးမပဲ့ပြင်ဖို့ဆိုတာ ကိုယ့်အနေနဲ့ မရှိပါဘူး။
အဲဒါတွေကို မဆလခေတ်က အတွေးအခေါ်ဟောင်းတွေလို့လည်းထင်မိတယ်။ အဲဒီခေတ်က အဲဒီအချက်တွေနဲ့ တိုင်းတာခဲ့ကြလို့ "အမှတ်တရ" တို့၊ "နမ်းမှာလားမောင်ရဲ့ မွှေးတယ်ရှင်" တို့ ဆိုတာတွေက ပက်ပက်စက်စက်ကို အဝေဖန်ခံခဲ့ရတာ။ အဲဒီလို (ဝေဖန်တယ် ဆိုတဲ့နေရာမှာလည်း စာရေးသူတွေရဲ့ အလုပ် (စာအုပ်) တွေကိုတင်မကဘဲ ကိုယ်ရေးကိုယ်တာတွေထိ ပါခဲ့တယ်။)

အဲဒီမှာ ခါတော်မီလုပ်စားတတ်တဲ့ စာရေးဆရာ(ယောက်ျားရင့်မကြီးတွေ) တချို့ စာဖတ်သူကို လမ်းညွှန်မှုပေးရမယ်၊ လမ်းမှားမရောက်အောင် ပညာပေးရမယ်တွေ ဘာတွေ အသံကောင်းဝင်ဟစ်နိုင်ခဲ့ကြတာပါပဲ။ ဆိုခဲ့တဲ့ စာရေးဆရာမတွေကို နင်းပြီး စင်ပေါ်တက်ခဲ့ကြတာပါပဲ။ ဒါပေမဲ့ နောက်ဆုံးတော့ အမှတ်တရ က ဘာဖြစ်ခဲ့သလဲ။ နမ်းမှာလားမောင်ရဲ့ က ဘာဖြစ်ခဲ့သလဲ။ အချိန်ကာလတွေ ဖြတ်ပြီး ခုချိန်ထိ ထင်ကျန်ရစ်တုန်းပဲ မဟုတ်လား။

နောက် ဂျူး ကိုယ်တိုင်က ဘာဖြစ်နေပြီး၊ ဘာတွေကို စွမ်းဆောင်နိုင်ခဲ့လို့၊ ဂျူးကို နင်းတက်ပြီး အသံကောင်းဟစ်နေရာယူခဲ့တဲ့၊ စာဖတ်သူပေါ်ထားတဲ့ စေတနာဆိုတာကို တွင်တွင်ပြောလာတဲ့ စာရေးဆရာတွေ (အဲဒီ လူပုဂ္ဂိုလ်တွေကို ကိုယ် သိပေမယ့် ဒီနေရာမှာ ထည့်မရေးတော့ဘူး) သူတို့ကိုယ်တိုင် ဘာလုပ်လို့ ဘာဖြစ်နေခဲ့သလဲ။

စာရေးသူတစ်ယောက်က စာဖတ်သူအပေါ် ပဲ့ပြင်ထိန်းကွပ်ရမယ်၊ လမ်းမှန်ပြရမယ် ဆိုတဲ့ အယူအဆကို နှစ်သက်တဲ့သူတွေ အများကြီး ရှိမှာပါ။ ဒါပေမဲ့ ကိုယ်မပါဘူး။ ကိုယ် ဘလော့မှာ စာရေးနေလို့ လာဖတ်သူတွေကို မှန်ကန်တဲ့လမ်းကြောင်းပေါ်တင်ပေးဖို့ ကိုယ့်မှာ တာဝန်ရှိပါတယ်တွေ ဘာတွေ ပြောမှ လူပေါင်းများစွာက ကျေနပ်နှစ်သက်ပြီး ဖတ်ကြမယ် ဆိုရင်တောင်မှ ကိုယ်ကတော့ မပြောဘူး။ ဘာလို့ဆိုတော့ ကိုယ့်အမြင်အရ အဲဒါ စာဖတ်တဲ့သူအပေါ်မှာ look down ဖြစ်လို့၊ လျှော့တွက်လို့ ပြောနေတာနဲ့ တူလို့ပဲ။ စာရေးသူနဲ့ စာဖတ်သူမှာ စာရေးသူက ပိုမြင့်တယ်၊ ဒါကြောင့် စာဖတ်သူရဲ့ အတွေးအခေါ်ကို ပြုပြင်ရမယ် လို့ ဘယ်လိုအချက်အလက်တွေနဲ့ သတ်မှတ်မှာလဲ။ စာရေးနေသူမို့ ဖတ်သူကို guide လုပ်ရမယ် ဆိုတဲ့ အတွေးအခေါ်ဟာ reader ကို တဆင့်နှိမ့်တွေးလိုက်တဲ့ အတွေးလို့ ယူဆမိလို့ ကိုယ့်အတွက်တော့ ridiculous ပဲ။ ဒါကလဲ လက်ဖမိုး လက်ဖဝါး ကိစ္စတွေပါပဲ။

Rita said...

@KNSL
ဂျူး နဲ့ ဝင်းငြိမ်း အင်တာဗျူးမှာ ပြောသွားတဲ့ ဂျူးရဲ့ စကားတစ်ခွန်းကို ကြိုက်လွန်းလို့ ကိုးကားချင်မိတယ်။
"ရုပ်ရှင် တစ်ခု၊ ၀တ္ထု တစ်ပုဒ်ကြောင့် လမ်းမှားကို လိုက်သွားရလောက်အောင် တုံးတဲ့ မိန်းမမျိုး (ဒီနေရာမှာ ကိုယ်ကတော့ စာဖတ်သူလို့ ပြင်ချင်တယ်) သိပ်မရှိတော့ပါဘူး။
...
အခု စာဖတ်ပရိသတ်ဟာ ခပ်ညံ့ညံ့ မဟုတ်ကြဘူး။
စာဖတ်ပရိသတ်ကို ညာလို့ ရမယ် မထင်နဲ့။ သူတို့ အတွေးအခေါ်တွေ ပြတ်သားလာတာ၊ ရဲရင့်လာတာ၊ အကြောင်းအရာ တစ်ခု အပေါ်မှာ နက်ရှိုင်းစွာ ချဉ်းကပ် လေ့လာတတ်လာတာ ... ဒါတွေဟာ ၀တ္ထုတွေကြောင့်ချည်းလဲ မဟုတ်ဘူး။ ရုပ်ရှင် ဂီတတွေကြောင့်ချည်းလဲ မဟုတ်ဘူး။ သူတို့ဟာ New Generation ဖြစ်နေလို့ပဲ။

ဒီတော့ မိန်းကလေးတွေ အတုယူ မှားလောက်တာတွေ၊ မမှားလောက်တာတွေနဲ့ ညာမနေပါနဲ့တော့။ ဖုံးကွယ်ထားလို့ မရတဲ့ ကိစ္စတွေကို ဖုံးကွယ် မထားချင်ပါနဲ့တော့။ အရှိကို အရှိအတိုင်းပဲပေါ့။ လူဆိုတာ လွတ်လပ်ခွင့်ကို မြတ်နိုးတာပဲ။ တစ်ပါးသူရဲ့ လွတ်လပ်ခွင့်ကို မနှောင့်ယှက်ဘူး ဆိုရင် လွတ်လွတ်လပ်လပ် တွေးခေါ်ပါစေလား။ လွတ်လပ်စွာ တွေးခေါ်ပြီး ရဲရင့်စွာ ယုံကြည်တတ်တဲ့ ဇာတ်ကောင်စရိုက်မျိုးကို ဖန်တီးမိတဲ့အတွက် ကျွန်မ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး။"

အဲဒီလို ခံယူတဲ့အတွက် ဂျူးက စာဖတ်ပရိသတ် အပေါ်မှာ စေတနာမထားသူလား။ ယုံကြည်သိမှတ်သူလား ဆိုတာကို ခွဲခြားနိုင်မယ် ထင်ပါတယ်။ :)
ကိုယ်ကတော့ ဂျူးဟာ စေတနာဆိုတဲ့စကားလုံးကို အလွဲသုံးပြီး၊ စင်ပေါ်တက်ခဲ့သူ မဟုတ်ဘူးလို့ ယုံကြည်လေးစားမိတယ်။
အခြေအနေတိုင်း၊ အယူအဆတိုင်း၊ ရပ်တည်မှုတိုင်းအတွက်ကတော့ ထောက်ခံသူနဲ့ မထောက်ခံသူဆိုတာ ရှိမှာပါပဲ။

ကိုယ့် အယူအဆကို ရေးပြပြီးပါပြီ။
"ဘယ်သူ့ကိုမှ ကိုယ့် အာဘော်တွေ အတင်း သွင်းပေးဖို့ စိတ်မဝင်စားဘူး။
ကိုယ့်ကို လာသွင်းပေးလည်း မကြိုက်ဘူး။" ဆိုတာ
ကိုယ် တစိုက်မတ်မတ် လုပ်မယ့် အလုပ်က ကိုယ့်အယူအဆကို ချပြရုံပဲ။ ဒါပါပဲ။

Rita said...

(သည်တခုတော့စိတ်မကောင်းဖြစ်မိတယ်။
ကိုယ်တိုင် ဘလော့ရေးနေတော့ ဘလော့ရေးတဲ့သူတွေ နေရာကပဲ ပြောထားပါတယ်။ ကျွန်မ ရေးချင်လို့ ရေးနေတဲ့ အချိန်မှာ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ ကိုယ့် စိတ်ကျေနပ်မှုအတွက်ပဲ ရေးတယ်။ အင်္ကျီတစ်ထည် ဝတ်တာနဲ့ ဘာမှ မထူးဘူး။ KNSL)

:)))
အဲဒါရေးတဲ့ အချိန်မှာ အရှင်းလင်းဆုံး အဲဒီလို ရေးမှကို ကိုယ့်ဆိုလိုရင်းက ရောက်မှာပါ။

ဆိုလိုရင်းရောက်အောင် ရေးတာနဲ့ပတ်သတ်လို့ ဥပမာတစ်ခု ပြောမယ်နော်။ ဝင်းဝင်းလတ် ရဲ့ အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ ကို ရီဗျူးရေးတော့ "သူ့စာကို ဖတ်ပြီး စာရေးဆရာလုပ်ဖို့ နောက်ဆုတ်သွားစေတာပဲ" ဆိုတဲ့ စကားလုံးပါတယ်။ အဲဒါက ကိုယ်ရေးချင်တဲ့ အကြောင်းအရာ၊ ကိုယ်ပြောနေတဲ့ အကြောင်းအရာကို မြင်သာထင်ရှားအောင် တင်လိုက်တာလဲ ဖြစ်တယ်။ ဒါဖြင့် ဒါမမှန်ဘူးပေါ့၊ ညာတာပေါ့လို့လည်း ပြောလို့မရပြန်ဘူး။ သူ ရေးပြလိုက်တဲ့ အကြောင်းအရာက ကိုယ့်အတွက်တော့ လန့်သွားစေ (တုန်လှုပ်သွားစေ) လောက်တဲ့အထိ စွဲလမ်းစရာ အရေးအဖွဲ့မျိုးဖြစ်တာတော့ အမှန်ပဲ။ ဒါပေမဲ့ စာရေးဆရာလုပ်ဖို့ မရွေးချယ်ဘူးလို့ ဆုံးဖြတ်မိတာကတော့ တခြား အချက်အလက်တွေလည်း အများကြီးပါခဲ့ပါတယ်။ ဒီလောက်ဆို အကြောင်းအရာကို မူတည်လို့ သုံးလိုက်တဲ့ စကားလုံးတွေနဲ့ ပတ်သတ်ပြီး ဆိုလိုချင်တာကို သဘောပေါက်မယ် ထင်ပါတယ်။

ဒါပေမဲ့ ဘယ်လိုပဲ တွေးတွေး ကိုယ့်အတွက်တော့ ရေးချင်လို့ရေး၊ လုပ်ချင်လို့လုပ်နေတဲ့ အလုပ်ထဲမှာ စာရေးတာလဲ ပါပါတယ်။ ဘလော့ခေတ်ရောက်လို့၊ လွယ်လွယ်ကူကူလဲ သုံးနိုင်လို့ ဘလော့မှာ စာရေးပေမယ့် ကိုယ် 13 နှစ်လောက်တည်းက ရေးချင်တဲ့ အကြောင်းအရာမှန်သမျှကို ချရေးကျင့် ရှိလာခဲ့တာပါ။ ဘယ်စာနယ်ဇင်းမှလည်း မပို့၊ လူအများကိုလည်း ထုတ်မပြဘဲ ရေးလာခဲ့တာ။ ဒီလိုနဲ့ ဘလော့ကို အလွယ်သုံးနိုင်တော့ ဘလော့ပေါ်ရောက်လာရော။ မသုံးနိုင်ရင်လည်း ကိုယ့်ဘာသာ စာရွက်ပေါ်မှာ ဆက်ရေးနေမိမှာပါပဲ။ အဲဒီအခါမှာ ဘယ်သူ့အတွက်ဆိုတာ မရှိပါဘူး။

စိတ်ဝင်စားတာ၊ ဖတ်ခဲ့ဖူးတာ၊ ပြောပြချင်တာ၊ ဝမ်းသာတာ၊ ဝမ်းနည်းတာ၊ ဒေါသထွက်တာ အားလုံးက ကိုယ့်ဘာသာ ရေးချင်လို့ကို ရေးခဲ့တာတွေပါပဲ။ လိုချင်တဲ့သူက လိုချင်တဲ့ အပိုင်းကို ဖြတ်ယူသွားပါလိမ့်မယ်။ ကျေးဇူးဆိုတာကလည်း သူ့အကြိုက်နဲ့ကိုက်ရင်၊ အကျိုးရှိရင် ကျေးဇူးတင်တယ် ဆိုတာ ဖြစ်လာနိုင်တာပါပဲ။ အကြိုက်နဲ့ မကိုက်ဘဲ ကျော်သွားတဲ့ အကြောင်းအရာတွေအတွက် ကျေးဇူးတင်တယ်ဆိုရင်တော့ ညာနေတာ သေချာပြီ။

ဥပမာပေါ့။ ကျော်နှင်းဆီ ဂျပန်စာ/စကားအကြောင်းရေးတယ် ဆိုပါတော့။ အဲဒီအခါ ကိုယ့်အနေနဲ့ ညာပြောမှသာ ကျေးဇူးတင်တယ်လို့ ပြောဖြစ်တော့မယ်။

ဒါပေမဲ့ ဥပဒေကြောင်း ရေးလို့ သိရတဲ့ အခါကျ ကိုယ့်အတွက် သုံးဖို့မလိုသည့်တိုင်အောင် သိလိုက်ရတာကိုပဲ ကျေနပ်လို့ ကျေးဇူးတင်နေမှာပေါ့။ မရွှေမိ သာ "သူလိုလူ" ကို ရိုက်တင်နေရင် ကိုယ် ကျော်ဖတ်သွားမှာပါပဲ။ အဲဒီ ပို့စ်တွေအတွက် ကြိုက်တဲ့သူက ကျေနပ်စွာ နှစ်သက်စွာ ဖတ်နေပါလိမ့်မယ်။

အဲဒီကျေးဇူးလိုပဲ။ ရေးသူက ဘယ်လိုရေးရေး ကိုယ့်စိတ်နဲ့တွေ့တဲ့အခါ ကိုယ့်အတွက်ရေးသလို ခံစားရမှာပါပဲ။ ကိုယ်ပြောချင်တာတွေနဲ့ ကိုက်တဲ့အခါ ကိုယ့်ကိုယ်စား ဝင်ပြောပေးနေသလိုတောင်မှ ခံစားရသေးတယ်။ ဥပမာ - တေဇာ ရေးတဲ့ တောမီး။

နောက် ဂျူး နောက်ပိုင်းရေးတဲ့စာတွေနဲ့ ပတ်သတ်ပြီးလည်း ပြောချင်သေးတယ်။ နောက်ပိုင်းစာတွေကို အရင်ကစာတွေလို မစွဲလမ်းတော့ပေမယ့် ဂျူး ရဲ့ လမ်းကြောင်းကို လေးစားရင်း ကျေးဇူးတင်နေမိတယ်။

ဒီတော့ ကိုယ်ရေးချင်လို့ကို ရေးနေတဲ့စာတွေ ဖတ်ပြီးချိန်မှာ စာဖတ်သူအနေနဲ့ ကြိုက်ချင်တဲ့ အပိုင်း၊ နှစ်သက်ချင်တဲ့ အပိုင်းကို ရွေးလို့ သူ့သဘောနဲ့ သူ နှစ်သက်နေမှာပါပဲ။ ဘာရေးရေးကြိုက်တယ်ဆိုတဲ့ စာရေးဆရာ၊ ဘလော့ဂါ ကိုယ့်မှာ မရှိသလို၊ ကိုယ် ရေးသမျှကိုလည်း မချွင်းမချန် ကြိုက်မယ့်သူ ရှိလိမ့်မယ်လို့ မမျှော်လင့်ပါဘူး။

သေချာတာ တစ်ခုကတော့ ကိုယ့်အာဘော်နဲ့ အတွေးအခေါ်ကို ချပြရုံသာ ပြမှာဖြစ်ပြီး၊ ဘယ်တော့မှ သွတ်သွင်းဖို့ မကြိုးစားဘူး ဆိုတာပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို သဘောထားရှိတဲ့ စာရေးသူမျိုးကသာလျှင် စာဖတ်ပရိသတ်ကို ကိုယ်နဲ့ တတန်းတည်းထားပြီး၊ ယုံကြည်သိမှတ်သူ၊ အမှန်တကယ် လေးစားသူလို့ ကိုယ်က ယူဆလို့ပါ။

Rita said...

ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ တောင်းဆို၊ တိုက်တွန်း၊ လွှမ်းမိုးမှုမှ မပါဘဲ ကိုယ့်ဘာသာ လုပ်ချင်လို့ကို ရွေးချယ်လုပ်နေတဲ့ အလုပ်အတွက် "ကိုယ့်ဘာသာ လုပ်ချင်လို့ လုပ်တဲ့ အလုပ်၊ ကိုယ့်စိတ်ကျေနပ်မှုအတွက် လုပ်တဲ့ အလုပ်" ဆိုတာကလွဲပြီး တခြားပြောစရာ ကိုယ့်မှာ မရှိပါဘူး။

ဥာဏ်လင်း ထူး@norman said...

ရေးသူ၊ဖတ်သူ ဆွေးနွေးခန်း


(ဝေဖန်ရေးဆရာဆိုတဲ့သူတွေ ကော်ဖီနဲ့မြည်းဖို့ရေးထားတာ မဟုတ်ဘူးဆိုတဲ့
(အတိအကျမဟုတ်ပါ၊မှတ်မိသမျှ)ဂျူးရဲ့
စာသားလေးကို သတိရမိကြောင်း)