Tuesday, March 23, 2010

ဖရက်ရှာ ဂျီဟောသူ







ရန်ကုန် စက်မှုတက္ကသိုလ် နှစ်လည် မဂ္ဂဇင်း၊ အမှတ် (၉)၊ ၁၉၇၈-၈ဝ။

***

မစန္ဒာ
ရဲ့ ဂျီဟောသူ ကို လုံးချင်း မဖတ်ခဲ့ဖူးခင်မှာ ပန်းဝေသီ မှာ ပါတဲ့ ဝတ္ထုရှည်ကို အရင် ဖတ်ခဲ့ရဖူးတယ်။ အဲဒီတုန်းက ၄ တန်း/ ၅ တန်း။ ဝတ္ထုရှည်မှာကျ အချစ်ဇာတ်လမ်းမပါဘူး။ ဒဿဂီရိ နဲ့ ခေါင်းမဆံ့ တော့ပါတယ်။ ကျန်တာက ဘရုတ်ကျတာတွေချည်းပဲ။ အရမ်း အရမ်းကို ရီရတဲ့ ဝတ္ထု။

သိပ်မကြာခင်ပဲ ဒါရိုက်တာ ကြည်စိုးထွန်းက ကျော်ဟိန်းသမီးရယ်၊ သူ့သမီးတွေရယ်နဲ့ ဗွီဒီယိုရိုက်ထားတာကိုလည်း တီဗွီကနေ ကြည့်ခဲ့ရတယ်။ အဲဒါကတော့ လုံးချင်းဝတ္ထုကို ရိုက်တာ။ မင်းသားက မင်းဦး။ အာရ်အိုင်တီ စွယ်တော်ရိပ် အငြိမ့်က ချွန်စက် နဲ့ ချစ်စရာ က ဒဿဂီရိ နဲ့ ခေါင်းမဆံ့ ပေါ့။ ကျော်ဟိန်းသမီးကို ကိုယ်တော့ ကြိုက်တယ်။ သရုပ်ဆောင်တာရော၊ အထူးသဖြင့်ကတော့ သူ့ရုပ်မျိုးကို ကြိုက်တယ်။ ဒါပေမဲ့ ဘယ်လိုရုပ်မျိုးလဲ ဆိုတာ မမှတ်မိတော့ဘူး။
(Update : သီရိဂျေမောင်မောင်လို၊ ရေဗက္ကာဝင်း တို့လို မျက်နှာမျိုး ခပ်ဆင်ဆင်ပဲ။ ဒါပေမဲ့ သူက ပို ပြေပြစ်ကြည့်ကောင်းတယ်။)

လုံးချင်းကို ဖတ်ဖြစ်ခဲ့တဲ့ အချိန်က ကျောင်းပြီးခါနီးမှလား မသိဘူး။

၎/၅ တန်းမှာ အဲဒီဇာတ်လမ်းကို ဖတ်ပြီး ကြည့်ပြီး "ငါကြီးရင်တော့ အဲဒီလို ဘရုတ်သုတ်ခလုပ်လို့ ရတဲ့ ကျောင်းပဲ တက်မယ်" လို့ ကြီးမားတဲ့ ရည်ရွယ်ချက်နဲ့ စဉ်းစားခဲ့တယ်။ ကျောင်းပြီးရင် ဘာပညာနဲ့ လုပ်စားမယ် ဆိုတာမျိုးကတော့ ဘယ်သောအခါကမှ မတွေးခဲ့တဲ့ ကိစ္စ ဖြစ်တယ်။ စာကြိုးစားရတာလည်း ဝါသနာ မပါဘူး။ ဘာဝါသနာပါလဲဆို ဘာမှ ပါပုံ မရဘူး။ ကိုယ် ဈေးသည်ပဲ လုပ်ချင်တယ်။ ပွဲစားပဲ လုပ်ချင်တယ်။ ဘွဲ့တော့ လူရိုသေ ရှင်ရိုသေ အမျိုးအစားကို လိုချင်တယ်။ ဒါလောက်ပါပဲ။

(Update: ၇ တန်းနှစ်လောက်မှာတော့ ဗိသုကာ ဖြစ်ချင်တယ် လို့ ထင်ခဲ့ဖူးတယ်။)


၉ တန်းနှစ်ရောက်တော့ စိန်ရတုမှာ RIT ကလည်း ပြက္ခဒိန် ထုတ်တယ်။ အဲဒီထဲမှာ ထိပ်ဆုံး ပြက္ခဒိန်စာမျက်နှာက Archi က ချောကလျာ... သူ့ကို သဘောတွေကျပြီး သူ့လို ချောချောလှလှ Architect ဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့သေးတယ်။ (ပြန်တွေးကြည့်လေ အဲဒီ ရည်မှန်းချက်က ဘာမှ မဆိုင်လေပဲ။)
ခုမှ သဘောပေါက်သွားတာ။ တကယ်က ပညာရေးနဲ့ ပတ်သတ်လို့ ဘာမှ ဖြစ်ချင်ခဲ့ပုံ မရဘူး။
အဲလိုလူမျိုး ခု ဒီလောက် ဖြစ်နေတာပဲ တော်လှပြီ။

***
G Hall

ငယ်ငယ်တည်းက ရင်းနှီးကျွမ်းဝင်ဖူးတဲ့နေရာ၊ သွားလာပတ်သတ်ခဲ့ဖူးတဲ့နေရာ၊
သိပ်ကောင်းမွန်ခိုင်မာတဲ့ ရည်မှန်းချက်မျိုးနဲ့ မဟုတ်ပေမယ့် နောက်ကျရင် ကိုယ့်နေရာဖြစ်လာလိမ့်မယ်လို့ ထင်မှတ်ခဲ့ဖူးတဲ့ နေရာ...

ဒါပေမဲ့ ဖြစ်မလာခဲ့ဘူး။


***

12 comments:

:P said...

စာရေးသူက ဘလော့ဂ်ရေးတဲ့ မသီတာများဖြစ်မလားလို့ ။ ၁၉၇၈/၈၀ တုံးကစာအုပ်ဆိုတော့ မဖြစ်နိုင်တော့ဘူး။

sdl

JulyDream said...

သြော် ဂျီဟော ဂျီဟော...

ဘဝမှာ ဂျီဟောနဲ့ ကြုံဆုံချိန်လေး နည်းပေမယ့် အမှတ်တရတော့ ရှိမိတယ်။

Phyo Maw said...

ဖတ်တယ် မြင်ယောင်ကြည့်လို့မရ။
အချိန်သိပ်ကွာလို့နေမယ်

Rita said...

ဒီစာရေးတဲ့ ပဉ္စမနှစ်ကျောင်းသူ ဆောင်းပါးရှင်တောင် ခုဆို အသက် ၅ဝ အနည်းဆုံး ရှိပြီပေါ့နော်။

အနိစ္စ ဒုက္ခ အနတ္တ !

အရုဏ်ဦး said...

ခုမှပဲ ဂျီဟော ဆိုတာ G Hall ကို ဆိုလိုချင်မှန်း သိတော့တယ်။

အဲ့ဒီ ဂျီဟောသူ ကို ရုပ်ရှင်ပဲ ပထမဆုံး ကြည့်ခဲ့ဖူးတယ်။ အဲ့ဒီတုန်းက ၄၊ ၅ တန်း လောက် ရှိပြီ ထင်တယ်။ စာအုပ်ကို မဖတ်ဖူးဘူး။ ဒါပေမယ့် တစ်ခါတော့ ဝယ်လိုက်ပေမယ့် စလုံးက သူငယ်ချင်းတစ်ယောက်ကို လက်ဆောင်ပေးလိုက်တယ်။

Me said...

ကျော်ဟိန်းသမီး နာမည်က ပိုးတု မဟုတ်လား.. တို့လည်းကြည့်ဖူးလိုက်တယ်... ၀တ္တုကတော့ လက်ထဲမှာ ရှိပါတယ်... မစန္ဒာရဲ့ မာစတာပိစ် ပဲ ထင်တယ်..

Rita said...

ဟုတ်တယ် ပိုးတု။
နောက်ပိုင်း ပိုးကျော်ဟိန်း နာမည်နဲ့ သူ့အမေရိုက်တဲ့ ကားတွေမှာ ဆက်ပါနေသေးတယ်။ အဲဒါတွေတော့ မကြည့်ဖူးတော့ဘူး။

ကိုယ်ကြည့်ခဲ့ဖူးတာ ဒါရိုက်တာ ကြည်စိုးထွန်း ရိုက်တဲ့ နှစ်ကားပဲ။ နှစ်ကားလုံး သူ့ကို ကြိုက်ပါတယ်။ အထူးသဖြင့် သူ့ ရုပ်ရည်ပုံစံကို ကြိုက်တယ်။ :)

ဇွန်မိုးစက် said...

ဂျီဟောသူကို ဗွီဒီယိုအရင်ကြည့်ပြီး နောက်မှစာအုပ်ဖတ်ဖြစ်တယ်။ မစန္ဒာသမီးနဲ့ကျောင်းကားအတူတူစီးတော့ သူ့အမေရဲ့ဘယ်စာအုပ်ကို ရုပ်ရှင်ရိုက်နေပြီဆိုတာတွေ သူပြောပြောပြလို့ သိရတယ်။

ဇွန်တို့ဆယ်တန်းပြီးတော့ အရိပ်လည်းဖတ်ရင်း တက်ရတော့မယ် စက်မှုတက္ကသိုလ်ကျောင်းကြီးကို မြင်ယောင်ရင်း ပျော်ခဲ့တာ။ ၀ိုင်တီယူတက်ဖြစ်ခဲ့ရင် သေချာပေါက် အာခီပဲ ယုမိမှာ။ ကျောင်းမဖွင့်ဘဲ ၃နှစ်ကျော်၎နှစ်နီးပါးနားလိုက်တော့ အခြေအနေတွေတစ်မျိုးပြောင်းကုန်ပြီး မတက်ဖြစ်တော့ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ဟိုတုန်းက ဂျီဟောဝတ္ထုတိုလေး ဝေမျှတဲ့ ရီတာ့ကို ကျေးဇူးပါ။

တီချမ်း said...

ဂျီဟောသူကို ကြိုက်တယ်
အရိပ်ကိုလဲကြိုက်တယ်
မစန္ဒာကိုတော့ သိပ်မကြိုက်ဘူး
မရှုပ်သွားဘူးထင်ပါတယ်

စကားမစပ်
မရောက်တာကြာလို့ရောက်ပြီးပြန်လာရင်ရေးချည်းနေချင်တာ ဘာသဘောလဲ
ပြန်တမ်းတတာလား
မကောင်းတာတွေလဲရှိတာပဲလေနော်
စိတ်အခြေအနေတခုဖြစ်မလား
ကိုယ်လဲဖြစ်တတ်တယ်

SHWE ZIN U said...

ဒို့တွေလည်း မစန္ဒာ ရဲ့ ဂျီဟော ကို နှစ်သက်ခဲ့သူပါ..

sonata-cantata said...

ရီတာရေ
စင်စင်ရေ...
အမက ကျောင်းတတ်တုန်းက စာရေးဖို့ နေနေသာသာ ဘာမှ အဖြစ်မရှိပါဘူးကွာ
အခု ဘလော့ဂ်ရေးတော့ အဖြစ်ရှိနေပြီလို့ မဆိုလိုပါဘူး...ဥခွံထဲက တိုးထွက်ကြည့်နေရုံသာပါ...

ခင်တဲ့
မသီတာ

Bino said...

More than 50 years.

BINO