Sunday, March 28, 2010

ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၁၁)


အပြန်ခရီး


အပြန်မှာလည်း အလာတုန်းကအတိုင်းပဲ ခရီး နှစ်ဆင့်။ မုံရွာမှာ transit ။
မေမေတို့ အသိ အန်တီက ကြားထဲမှာ လပ်နေတဲ့ အချိန်မှာ လာစောင့်ပေး၊ နေ့လည်စာ လာကျွေးတယ်။ အဲဒီ အန်တီကို ကျေးဇူးလည်းတင်၊ အလုပ်တဖက်နဲ့မို့ အားလည်း နာမိတယ်။

မုံရွာရောက်တော့ ဖုန်းက ပြန်ရတယ်။
ကားမထွက်မချင်းဟာ မေမေနဲ့ သူကခေါ်လိုက် ကိုယ်ကခေါ်လိုက်နဲ့ ထပ်ပြောကြပြန်သေးတယ်။

တကယ်တော့ တစ်ယောက်တည်း
ခရီးသွားဖို့ အခွင့်အရေး အရင်က တခါမှ မရဖူးပါဘူး။
လူကြီး တစ်ယောက်မဟုတ် တစ်ယောက်တော့ အနားမှာ ပါတာချည်းပဲ။
လူကြီးတွေပါတော့ သက်တောင့်သက်သာနဲ့ အဆင်သင့်ရတာပေါ့။

ဒါပေမဲ့ ဒီတစ်ခေါက် ဒီလောက် ခရီးရှည်ကြီး တစ်ယောက်တည်း သွားရတော့လည်း စိတ်ထဲ ဘာမှ မထူးခြားသလိုပဲ။ အရင်ကတည်းကပဲ ဒီလို သွားခဲ့ဖူးသလိုလိုနဲ့။

ပြောသာ ပြောရတာ အသွားရော အပြန်ရော စီးလာတဲ့ ကား owner က အိမ်ဘေးက အသိ။ ဒါ့ပြင် သူရော သူ့အမျိုးသမီးရော ကားနဲ့ လိုက်ကြတာဆိုတော့ တစ်ယောက်တည်း ခရီးသွားတယ်လို့တောင် မဆိုသာပြန်ဘူး။ ထိုင်စရာလည်း ရှေ့ဆုံးက VIP အတွက် ချန်ရတဲ့ ခုံကို အသိမို့ အထူးနှုန်းနဲ့ ပေးပြီး နှစ်ခုံတွဲကို တစ်ယောက်တည်း စီးလာရတယ်။

မိတ္ထီလာ မရောက်ခင် ထင်ပါရဲ့ ကားပျက်တယ်။ ကံ ကောင်း လို့။
တကယ် ကံကောင်းတာ။ ဘာလို့ဆို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နေပြည်တော် အမြန်လမ်းမသစ်ကြီးကနေ မောင်းတာဆိုတော့ ရန်ကုန်ကို မနက် နေမထွက်ခင် အစောကြီး ဝင်မှာမို့လို့။ ပျက်နေတော့ လင်းမှ ဝင်မယ်။ ကောင်းလိုက်တာ။

20th Feb 2010 Saturday လင်းလင်းချင်းချင်းကြီးမှာ ရန်ကုန် ပြန်ရောက်တယ်။

***
မေခလာ

ကိုယ့်နိုင်ငံလေးမှာ မေခလာ ဆေးခန်းလေးကစ ချစ်တယ်။ (ဒါလည်း ဈေးပေါလို့ပဲ)
(ဈေးပေါတယ် ဆိုတာလည်း၊ ဟိုမှာနေတုန်း ရတဲ့လခနဲ့ ပေါတာ မဟုတ်။)


မျက်နှာက ဝက်ခြံတွေ ဆရာဝန်နဲ့ ပြမယ် ဆိုတော့ ပတ်ချာလည်အောင် လိုက်စုံစမ်းပြီး နောက်ဆုံးတော့ ရုံးက အစ်မတွေကပဲ ဆရာဝန် ရွေးတာ အစ ဆေးခန်းကို လှမ်းပြီး book လုပ်တာ အဆုံး ရုံးကနေ လှမ်းလုပ်ပေးကြတယ်။ ဘာမှ မသိတာတို့၊ ဘာမှ မလုပ်တတ်တာတို့ ဆိုတာ နာမည်သာ ဆိုးတာ လူတော့ အတော် ဇိမ်ကျတယ်။

ညနေပိုင်းကျ ဆေးခန်းတူတူသွားတယ်။
ဆရာဝန်က ဒေါက်တာ ဆွေမြင့်။ အသက်ကြီးကြီး ဝဝ ထောင်ထောင်မောင်းမောင်း။
စကားကို သူလိုမှ ပြောမယ့် စတိုင်လ်နဲ့။ ဖြုံစရာ ပုံစံ။
:chna:
ဒါပေမဲ့ ကိုယ့်ရဲ့ sense အရ နှစ်လိုယုံကြည်စရာကောင်းတယ် လို့ ခံစားမိတယ်။
(ကိုယ်လို လူမျိုးလို့ ထင်တာကိုး)

***
စူစကာပုဏ္ဏား

နောက်တရက်ကျတော့ ရုံးကို ထပ်သွားပြန်တယ်။
တကယ်တော့ မပြန်ခင်မှာ နောက်တခေါက် အပြင်မှာ ထပ်စားကြဖို့ ချိန်းပြီးသား။
ချိန်းတဲ့နေ့မှ တွေ့လည်း ရပေမယ့် အဲဒီနေ့က စားစရာတွေ ထည့်ပေးလိုက်မယ် ဆိုတာနဲ့။ :D



အကုန် ရုံးကပဲ ပေးလိုက်တာ။

အပြန်မှာ ကီလို ပိုတာလည်း မပြောနဲ့။ ပုစွန်ခြောက်က ၅ဝ သားလောက်ရှိလား မသိပါဘူး။ ဒီရောက်တော့ ဟင်းချက်မစားချင်တဲ့ ငပျင်း ဆိုတော့ ပုစွန်ခြောက်ထုတ်ကို ဖောက်တောင် မဖောက်ရသေးဘူး။ ကျန်တာတွေလည်း ခုထိ စားမကုန်သေးဘူး။ မေမေ ထည့်ပေးလိုက်တဲ့ (၃) မျိုးထဲကလည်း (၂) မျိုးကို မဖောက်ရသေးဘူး။

အဲဒါတွေ သွားယူတဲ့နေ့က ရုံးမဆင်းခင် သွားပြီး၊ ရုံးဆင်းတော့ အတူတူ ပြန်လာကြတယ်။
အဲဒီမှာ လုပ်ခဲ့တုန်းက feeling မျိုး ပြန်ဝင်လာပြီး၊ ကုန်သွားတဲ့ အချိန်တွေကို ပြန်သတိရမိပြန်တယ်။ အတိတ်ဆိုတာ ရထားတစ်စင်းလိုပဲ တဲ့။ ဖြတ်ကျော်လာခဲ့ပြီးတဲ့ နေရာတွေကို ဘယ်တော့မှ နောက်ပြန်လှည့်လို့ မရဘူး။

***
ငါးရံ့အူ

ကိုယ် ဘာမှ မချက်ချင် မပြုတ်ချင်ဘူး၊ မီးဖိုချောင်ထဲ မနေချင်ဘူး ဆိုတော့ အဲဒါ ပြဿနာ မဟုတ်ဘူး လို့ ပြောတယ်။ ဒါပေမဲ့ သူ ပိုက်ဆံတွေ အများကြီး ရှာနိုင်လို့ ဟိုတယ်မှာ နေ့တိုင်း တက်စားနိုင်တဲ့ အခြေအနေရှိလည်း၊ တခါတရံမှာတော့ ကိုယ်လုပ်ပေးတာကိုမှ စားချင်ပါတယ် လို့ ဖြစ်မိမှာပဲတဲ့။

:chna:
"ဒါဆို ကိုယ်ဘာတွေ ချက်ထားကြည့်ရမလဲ ခုတည်းက။ ပြော"
"ဘာပဲဖြစ်ဖြစ်လေ။ ကိုယ်မှ ဂျီးမများတတ်တာ။ ကောင်းမယ်ထင်တာတွေ စမ်းထားကြည့်ပေါ့။"
(အဲဒါ အမှန်ပဲ။)

"ဟုတ်ဘူးလေ။ မင်းကြိုက်တာ ၃/၄ မျိုးလောက်ကို expert ဖြစ်အောင် လုပ်ထားမှာပေါ့။"
(ကျောင်းတုန်းက စာမေးပွဲတွေမှာ စပေါ့ရိုက်ပြီး စာကျက်သလို)

နည်းနည်း စဉ်းစားနေတယ်။ ပြီးတော့မှ "ဘာပဲ ဖြစ်ဖြစ် ဂျီးမများတတ်ပါဘူးဆို။ အိမ်လိုက်မေးကြည့်ပါလား။ ဘာမဆို စားပစ်တာပဲ။"

"ဒါကတော့ မင်းအိမ်ကလူတွေ ဟင်းချက်ကောင်းလို့ ဖြစ်မှာပေါ့။ ကိုယ်ချက်တော့မှ စိတ်ကုန်နေရင် ဘယ်လိုလုပ်မလဲ။ ပြောပါဆို။ ဟို မပြန်ခင် သင်သွားမယ်။ ခု အိမ်ရောက်နေတဲ့ အဒေါ်တွေက ဟင်းချက် expert တွေ"

"တကယ်ပြောတာ။ ကိုယ်က ဇီဇာကို မကြောင်တတ်ဘူး။ သင်ချင်တယ် ဆိုလည်း ငါးရံ့အူ တို့ ဘာတို့ သင်ထားပေါ့။ အဲဒါ အရမ်းကြိုက်တာ။"

"ဟမ်... ငါးရံ့အူ။ မင်းဟာက ခက်တဲ့ ဟင်းကြီး။"

"ဟောဗျာ အဲဒါဆိုလည်း ဘာလို့ လာမေးနေသေးလဲ။ ကိုယ့်ဘာသာ ချက်ချင်တာပဲ ချက်၊ သင်ချင်တာပဲ သင်တော့ပေါ့။"

"စိတ်ညစ်အောင်ပဲ လာပြောနေတယ်"
:anr:
တခန်းရပ်။

(တကယ်လည်း ဘာမှ မသင်ဖြစ်ခဲ့ဘူး။ အချိန်မှ မရှိတာ။ ပြီးတော့ ဟင်းချက်တာများ သင်မှ တတ်ရမယ်လို့။ ရာဇဝင်ရိုင်းတယ်။ ဒေါက်တာသန်းထွန်း စကား ငှားသုံးလိုက်ဦးမယ်။ ကြားကာ မြင်ကာမျှနဲ့ တတ်တယ် မှတ်ထား။)
:mt:
***

ဆံပင်ဖြူ


ကိုယ့်ခေါင်းမှာ ဆံပင်ဖြူ ရှိတယ်။
ကျောင်းမပြီးခင်ကတည်းက ထိပ်ဆံစပ်မှာ တစ်ပင်တစ်လေကနေ နှုတ်ရင်း ပွားလာတာ။

(ခေါင်းမှာ ဆံပင်ဖြူ တပင်တလေ တွေ့လို့များ လုံးဝမှ မနုတ်မိပါစေနဲ့။ ပွားလာတတ်တာ ကိုယ်တွေ့ပဲ။ စဉ်းစားမိတာ တစ်ခုက အဖြူနုတ်လို့ အဖြူပွားတယ်ဆို အနက်နုတ်ရင်ရော အနက်ပွားလာလား မသိဘူး။ ဆံပင်အနက် နည်းနည်းပဲ ကျန်တော့တဲ့ လူတွေ အနစ်နာခံပြီး စမ်းသပ်ကြည့်ကြဖို့ ကောင်းတယ်။)

အဲဒီ ဆံပင်ကို ဘာလို့ ဆေးမဆိုးတာလဲ။ ဆိုးထားပါလားလို့ ပြောတယ်။
ကိုယ်က မေးတယ်။ ကိုယ့်မှာ ဆံပင်ဖြူရှိတာ မင်း စိတ်ပျက်သလား လို့။
မပျက်ပါဘူး တဲ့။ ဒါနဲ့ ကိုယ်က ပြန်ပြောရတယ်။ ဒါဆိုလည်း တခြားယောက်ျားတွေ အတွက်တော့ ကိုယ် ဆိုးစရာ မလိုပါဘူး လို့။

အတော် သဘောကျသွားပုံရတယ်။ Internet မှာ ပြန်ရေးလိုက်မယ် လို့တော့ ပြောခဲ့တယ်။

(အထင်မကြီးပါနဲ့။ အဲဒါ ကျော်ဟိန်း စကားလုံး။)

***

ယူဂျီးနီးယား

ဒီတခါတော့ ကိုယ် ကျွေးတာ မဟုတ်ဘူး။ လိုက်စားရုံပဲ။
ထုံးစံအတိုင်း ရွှေကောင်း သွားမယ် ဖြစ်လိုက်၊ ဟိုသွားမယ် ဒီသွားမယ် ဖြစ်လိုက် လုပ်ပြီးမှ အဲဒီကို ရောက်တယ်။ အဲလိုမှ မဖြစ်ဘဲ တနေရာရာကို တန်းတန်းမတ်မတ် ရောက်ရမယ် ဆိုရင်တောင် စိတ်ထဲမှာ ဟာတာတာ ဖြစ်မိမယ်။

သူတို့က ကိုယ် ဘာစားချင်လဲ ဘယ်သွားချင်လဲ မေးပေမယ့် ကိုယ်က စားဖို့က အဓိက မဟုတ်ပါဘူး လို့။ ဒီလူတွေနဲ့ တွေ့ပြီး၊ စကားပြောဖို့ ဟီးဟီးဟားဟား လုပ်ဖို့ အဓိကပါလို့။

လက်တုန်သွားလို့။

အကုန်လုံး ရုံးက လူတွေချည်းပဲ။



ဒါက ဆိုင်ကလူ ရိုက်ပေးတာ။ သူလည်း လက်တုန်သွားလို့။












အမှန်တိုင်း ပြောရရင် ဒါတွေ ကြည့်ပြီး ပြန်စားချင်လိုက်တာလို့ မဖြစ်မိဘူး။

ဒါတွေစားချင် အင်းလေး သွားလိုက်ရတာပဲ။
အဲဒါတွေ သိလို့ ရိုက်ဖြစ်တာ။

ဝက်နံရိုးနဲ့ တခြား ၂ မျိုး ဘယ်ရောက်မှန်း မသိဘူး။ ရိုက်ပဲ မရိုက်လာခဲ့မိဘူးလား မသိ။
မတွေ့တာပဲ ကောင်းပါတယ်။ တွေ့လည်း စားချင်စရာကောင်းအောင် ရိုက်လာနိုင်တာ မဟုတ်တော့...

အဲဒါ 23rd Feb ထင်တယ်။

စားပြီး အအေးသောက်နေတုန်း "နောက် ၂ ရက် ၃ ရက်နေရင် ဒီလို ဟီးဟီးဟားဟား နေရတော့မှာ မဟုတ်ဘူး။ ဟိုရောက်ပြီး မျက်နှာသေလေးနဲ့ ဖြစ်နေပြီ" လို့ မျက်နှာငယ်လေးနဲ့ ကိုယ်ပြောမိတယ်။ သူတို့က အတည်ပေါက် ပြန်မပြောကြဘဲ ရီစရာ လုပ်ပစ်တယ်။ ဘာဖြစ်လို့လဲဆိုတာ ကိုယ် နားလည်ပါတယ်။


***
ခေါင်းစဉ်နဲ့ မဆိုင်တာတွေ ထည့်ရေးမိလို့ အားနာပါတယ်။

တကယ်က မြန်မာပြည်ခရီးစဉ်အကြောင်း ရေးတာမှာ မြန်မာပြည်အကြောင်း ဘာမှ မရေးဖြစ်ဘဲ၊ ကိုယ့်အကြောင်းကိုယ် ပြန်ရေးမိတာ ပိုများပါတယ်။

ဒါနဲ့ မြန်မာပြည်အကြောင်းက ဘာများ ရေးစရာ ရှိသလဲ။

***


10 comments:

khin oo may said...

ရေးမယ်ဆို ရေးစရာအများကြီးပါရီတာ...

Kyaw Hnin Se Lwin said...

ရီတာရေ
မြန်ပြည်ကြီးကိုလွမ်းလာပြီ
ငပိကြော်တွေအများကြီးပဲ
အီး^^^

Thant said...

အတိတ်ဆိုတာ ရထားတစ်စင်းလိုပဲ တဲ့။ ဖြတ်ကျော်လာခဲ့ပြီးတဲ့ နေရာတွေကို ဘယ်တော့မှ နောက်ပြန်လှည့်လို့ မရဘူး။(မှန်၏ ။ ထို့ကြောင့် အဘယ်သို့သော အကြောင်းကိုမှ တမ်းတ နောင်တရနေစရာမလိုချေ)
ဒါဆိုလည်း တခြားယောက်ျားတွေ အတွက်တော့ ကိုယ် ဆိုးစရာ မလိုပါဘူး လို့။
( အဲဒီလိုပြောတတ်တာလေးကို ကြိုက်တယ် )

ဇွန်မိုးစက် said...

တစ်ခန်းရပ် 'ငါးရံ့အူ' ထဲက စကားပြောလေးတွေကို ကြိုက်တယ်။း)

ဇွန်လည်း ခေါင်းမှာ ဆံပင်ဖြူတွေ့ရင် နှုတ်မိတယ်။ ပွားမှန်းသိပေမယ့် နှုတ်လိုက်ရမှ ကျေနပ်သလိုလို။ နောက်တစ်ခါဆိုရင်တော့  မနှုတ်ဘဲ ကပ်ကြေးနဲ့ပဲ ဖြတ်တော့မယ်။ :D

အန်တီချမ်း said...

တီကိုယ်တိုင်တော့ ငါးရံ့အူ မစားဘူး
ချက်လဲမချက်တတ်ဘူး
သင်ချင်ရင်တော့ သင်ပေးမယ်လေ
ဒီကလဲ စာအုပ်ဖတ်လိုက် ဖုန်းနဲ့လှမ်းမေးလိုက်ရုံနဲ့တင် တတ်ပါတယ်

မောင်နဲ့ပြောတာပေါ့နော်
အစက ဖတ်ရင်းနဲ့ အချေကြီးနဲ့ ချက်တာ စားမယ် ဂျီးမများဘူးပြောနေတာ ဒေါ်ရီတာလို့ထင်တာ
ဟိဟိ
နောက်မှ ပြန်ပြောင်းဖြစ်နေတယ်
သူက များ အောက်ကျ နောက် ကျ ချက်ကျွေးမယ့်အရေး အဒေါ်တွေဆီက သင်ထားပါ့မယ်နဲ့
ဈေးကျတယ် မမ
ကျမ လို ချက်ကျွေးမယ် ယောက်ျား ယူထား
မဟုတ်ရင်လဲ ယောက်ျား ကို အနိုင်ယူနည်း တရာ့ တပါး အန်တီချမ်းဆီ လာသင်ထား ဟိဟိ
လင်နေစ ကြောင် ကော ကြွက်ကော ခွေးကော အကုန်သေထားမှနော်
မဟုတ်ရင် အောက် ချ ပြီး အနင်းခံရမှာ
အယ်ငါတော့ ဖျာ (ယပင့်ပါသည် သေချာဖတ်) ဖြစ်နေပါ့လား မပြောနဲ့
ဟွင်း

Bino said...

စားပြီး အအေးသောက်နေတုန်း "နောက် ၂ ရက် ၃ ရက်နေရင် ဒီလို ဟီးဟီးဟားဟား နေရတော့မှာ မဟုတ်ဘူး။ ဟိုရောက်ပြီး မျက်နှာသေလေးနဲ့ ဖြစ်နေပြီ" လို့ မျက်နှာငယ်လေးနဲ့ ကိုယ်ပြောမိတယ်။
Make fully enjoy.
Forget about your job.

Bino

HHMT said...

This guy in your photo is from IM 2?

Rita said...

Yes, he's Dr Aung Tin Htut.
Do u know him?

HHMT said...

yes I'm also from IM 2. We were same batch. Can you, please, relay my hello to him?

Rita said...

I will fwd your mail to him.
sorry for late bcoz of system err.