***
၁) လွမ်းနေတုန်း အိပ်မက်
အဲဒီသီချင်းကို ထပ်ကာထပ်ကာ နားထောင်နေမိတယ်။
သီချင်းထက် ရိုက်ထားတဲ့ ပုံစံလေးက ပိုထိပါတယ်။
အနုပညာကို အတုံးလိုက် အတစ်လိုက် ပြတာပဲဖြစ်ဖြစ်၊ သိပ်ကို ဖုံးကွယ် လျှို့ဝှက် သွယ်ဝိုက်နေတာပဲဖြစ်ဖြစ် မကြိုက်တတ်ပါလား လို့ တွေးနေမိတယ်။ အဲဒီ သီချင်းလေးလို ခပ်ပါးပါးလေးနဲ့ ခံစားသူတောင် မရိပ်မိလောက်အောင် လှစ်ခနဲ ရင်ထဲထည့်သွားတာမျိုး ကြိုက်နေမိတယ်။
ပရိသတ်ကို ဘယ်တော့မှ အပြည့်မပေးရဘူး ဆိုတာကို သဘောတူမိတယ်။
ရဲလေး သီချင်းတစ်ပုဒ်မှာ မြန်မာဗွီဒီယို ဇာတ်လမ်းကြီးလို သူက သွေးကင်ဆာဖြစ်ပြ ကောင်မလေးကို စိတ်နာအောင် တမင်လုပ်၊ ပြီးမှ သေလုမျောပါးဖြစ် ဆိုတာမျိုးတွေ ကြည့်တောင် မကြည့်ချင်တော့ဘူး။
လွမ်းနေတုန်းအိပ်မက် ကလေးကတော့ မိုက်နေတာပဲ။
အဲဒီထဲက သရုပ်ဆောင် ကောင်လေးကိုလည်း သဘောကျမိတယ်။
သူ့ရုပ်ကလေးနဲ့ အမူအယာလေးတွေလည်း ကြိုက်မိပါတယ်။အရမ်းကြီး မချောပေမယ့် ရယ်လိုက်ရင် ချစ်စရာကောင်းတယ်။
အသက်ကြီးလာလို့လား မသိ။ ငယ်တဲ့လူတွေပဲ ကြည့်ချင်နေတော့တယ်။
ဒါပေမဲ့ cbox မှာတော့ မလွှဲမရှောင်သာ အသက် ၄ဝ တန်းတွေနဲ့ပဲ စကားပြောနေရတာပေါ့။
ကောင်ကောင်မို တို့၊ ပလုံ တို့၊ ကိုဘ တို့၊ Simon တို့။ :(
ကောင်ကောင်မို တို့၊ ပလုံ တို့၊ ကိုဘ တို့၊ Simon တို့။ :(
***
လွမ်းနေတုန်းမို့ ခဏခဏ အိပ်မက်တယ်။
"ဟို အရင်လို ကိုယ့်အနား တိုးလို့ စကားလေး ပြောတဲ့အခါ..."
***
၂) စာရေးသူများ
အပေါ်က အကြောင်းအရာနဲ့ ဆက်စပ်ပြီး စိတ်ထဲပေါ်လာတာ...
ဟိုးအရင်ကတည်းကလည်း တွေးခဲ့မိဖူးတာက...
အမျိုးသား စာရေးဆရာတွေနဲ့ အမျိုးသမီး စာရေးဆရာတွေအပေါ် ကိုယ်မျှော်လင့်တတ်တဲ့ သဘောထား...
အမျိုးသားစာရေးဆရာတွေဆီက ကိုယ်မျှော်လင့်တတ်တာ ဖွဲ့နွဲ့ထားတဲ့ အချစ်ဇာတ်လမ်းတွေ၊ အရေးအသားတွေ မဟုတ်ဘူး။ မိန်းမတွေဆီက မျှော်လင့်လို့ မရနိုင်တဲ့၊ မိန်းမတွေ လက်လှမ်းမီဖို့ ခဲယဉ်းတဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေကိုပဲ မျှော်လင့်မိတတ်တယ်။
အမျိုးသမီးစာရေးသူတွေ ဖွဲ့နွဲ့ရင် အပိုမလိုမရှိ ကွက်တိ ခံစားလို့ ရတတ်ပေမယ့်၊ အမျိုးသားတွေ ဖွဲ့နွဲ့နေရင် ဖွဲ့တာများလေ ဖတ်ရတာ အူကြောင်ကြောင်နိုင်လာလေပဲ လို့ ခံစားရတတ်တယ်။

အဲဒါကြောင့် အမျိုးသားတွေ ရေးတဲ့ အချစ်ဝတ္ထုတွေ သိပ်မဖတ်ချင်တတ်ဘူး။
ချွင်းချက်တော့ ရှိတယ်။ နေနော် အစပိုင်း ရေးတဲ့ အရေးအသားတွေ (အကြောင်းအရာ မပါ) တော့ မဆိုးလှဘူး။ ကြိုက်လို့ရပါတယ်။ နောက် ဟိုးအရင် မြားနတ်မောင် မှာ နည်းနည်းပဲ ဖတ်ခဲ့ရဖူးတဲ့ ဧကံဖြိုး ရဲ့ ဝတ္ထုတို/ ရှည်လေးတွေ...
အဲဒီ စိတ်အခြေခံနဲ့ ဖတ်တဲ့အခါ တက္ကသိုလ်ဘုန်းနိုင် နဲ့ မောင်စိန်ဝင်း (ပုတီးကုန်း) တို့ရဲ့ အရေးအသားမျိုးတွေကို ခံစားလို့ မရတော့ဘူး။ (ဒီလိုပြောလို့ အမျိုးသားစာရေးဆရာတွေ အချစ်ဇာတ်လမ်းရေးရင် ဘာရေးရေး မကြိုက်ဘူး ပြောချင်တာ မဟုတ်ဘူး။ အချစ်ဝတ္ထုရေးတဲ့အခါမှာ အမျိုးသားစာရေးဆရာတွေရဲ့ သိပ်ဖွဲ့နွဲ့တဲ့ စာသားတွေကို ခံစားလို့မရတာ။)
ခင်နှင်းယု စာတွေ ကြိုက်လွန်းတယ်လည်း မဟုတ်ပါဘူး။ ကြိုက်တာလည်းရှိ မကြိုက်တာလည်းရှိတယ်။ ကြိုက်တယ် ဆိုတဲ့ထဲမှာကို မကြိုက်တာတွေ ပါနေတတ်ပြီး၊ မကြိုက်ဘူး ဆိုတဲ့ထဲမှာလည်း ကြိုက်တာတွေ ပါနေတတ်တယ်။
ရုပ်ရှင် ကြည့်ဖြစ်ရင်လည်း အဲဒီလိုပဲ။ တင်ပြတဲ့သူ (ဒါရိုက်တာ) နေရာက ဝင်ကြည့်နေမိတတ်တယ်။
"အမျှင်" ဇာတ်ကားကို ရေးတော့လည်း အဲဒီ သဘောတွေပါသွားတယ်လို့ ထင်မိတယ်။
***ခင်နှင်းယု အရေးအသားလေး အမှတ်ရမိတယ်။
"ပြုံးဖို့မေ့နေတာ ကြာပါပြီ" လို့ မိန်းကလေးက ပြောတော့..."ကိုယ့်ကို မြင်ရင်ရော မပြုံးချင်ဘူးလားဟင်" ဆိုတာ... ပြီးတော့ ခင့်ကို ပြုံးအောင် လုပ်နိုင်တဲ့သူ ဖြစ်ချင်ပါတယ် ဆိုလား... အဲဒီစာအုပ်ပျောက်သွားလို့ စကားလုံးတွေ မမှတ်မိတော့ဘူး။ အဲဒီ သဘောလေးပေမယ့် အဲဒီလို ရိုးစင်းစင်း ရေးသွားတာ မဟုတ်ဘူး။ ခင်နှင်းယု စာတွေ ကြိုက်လွန်းတယ်လည်း မဟုတ်ပါဘူး။ ကြိုက်တာလည်းရှိ မကြိုက်တာလည်းရှိတယ်။ ကြိုက်တယ် ဆိုတဲ့ထဲမှာကို မကြိုက်တာတွေ ပါနေတတ်ပြီး၊ မကြိုက်ဘူး ဆိုတဲ့ထဲမှာလည်း ကြိုက်တာတွေ ပါနေတတ်တယ်။
ဒါပေမဲ့ သူ့စာထဲက မိန်းကလေးတွေရဲ့ character အဖွဲ့လေးတွေကိုတော့ သဘောကျမိတယ်။ character ကိုတော့ သဘောကျချင်မှ ကျမှာ ဖြစ်ပေမယ့် ပုံဖော်ထားတဲ့ အရေးအသားကတော့ တို့ထိရုံနဲ့ ပြည့်စုံသွားတယ် လို့ ခံစားမိပါတယ်။ မိန်းမ စာရေးသူတွေမှာ အဲဒီအရည်အချင်း ရှိကြတယ်။
ကိုယ်တိုင်က စာရေးဖြစ်နေလို့ ဖြစ်လိမ့်မယ်။
ကိုယ်တိုင်က စာရေးဖြစ်နေလို့ ဖြစ်လိမ့်မယ်။
စာဖတ်တဲ့အခါမှာ ရေးတဲ့ အကြောင်းအရာသက်သက်ကို ခံစားတာထက် ဘယ်နေရာမှာ ဘယ်လိုရေးတယ် ဆိုတဲ့ ရေးပုံရေးနည်းကိုပါ တပါတည်း ကြည့်မြင်မိသွားတာ။ ဆိုတော့ ကြိုက် မကြိုက် ပြောတော့မယ် ဆိုရင် ဇာတ်လမ်းဇာတ်ကွက် အကြောင်းအရာအပေါ်မှာချည်း တန်းခနဲ ပြောလို့မရတော့ဘဲ ဘယ်အပိုင်းက ဘယ်လို ဆိုတာတွေ ပါလာတော့တယ်။
ရုပ်ရှင် ကြည့်ဖြစ်ရင်လည်း အဲဒီလိုပဲ။ တင်ပြတဲ့သူ (ဒါရိုက်တာ) နေရာက ဝင်ကြည့်နေမိတတ်တယ်။
"အမျှင်" ဇာတ်ကားကို ရေးတော့လည်း အဲဒီ သဘောတွေပါသွားတယ်လို့ ထင်မိတယ်။
၃) Feminist
ကိုယ့်ကို Feminist လို့ စွပ်စွဲတဲ့ လူတွေရှိတယ်။
အဲဒါ လုံးဝမှားတယ် ဆိုတာ စာရေးဆရာ နဲ့ စာရေးဆရာမတွေဆီက မတူညီတဲ့ ကိုယ့်မျှော်လင့်ချက်ကို ကြည့်ရုံနဲ့ သိနိုင်တယ်။ တကယ်တော့ ကိုယ်က Feminist ဆိုတဲ့ အဓိပ္ပါယ်တောင် သေချာဂဏ သိတဲ့လူ မဟုတ်ဘူး။ ဘာဖြစ်လို့ မသိလဲ ဆိုတော့ စိတ်မဝင်စားလို့။
ယောက်ျားနဲ့ မိန်းမမှာ မတူတာတွေ ရှိကို ရှိတယ်၊ အဲဒီ မတူတာတွေဟာ မတူတဲ့အတိုင်း ရှိကို ရှိနေရမယ် လို့ လက်ခံတဲ့သူသာ ဖြစ်တယ်။ တချို့သော မိန်းမ အခွင့်အရေးတွေ ကိုယ် လုံးဝ စိတ်မဝင်စားဘူး။
ဘယ်သူတွေဘာပြောပြော ကိုယ် Feminist မဟုတ်ဘူး ဆိုတာကို အနည်းဆုံး တစ်ယောက်တော့ သိပါတယ်။
***
၎) စစ်သားနှင့် သင်္ဘောသား
ကိုယ်သိတတ်စ အရွယ်ကတည်းက လူများစု မလုပ်နိုင်တဲ့ အလုပ်ကို လုပ်ကြတဲ့လူတွေကို စိတ်ဝင်စားတယ်။
အထူးသဖြင့် သင်္ဘောသားတွေနဲ့ စစ်သားတွေရဲ့ life ကို စိတ်ဝင်စားမိတယ်။
သူ့တို့ရဲ့ စွန့်စားခန်းသက်သက်တင် ဆိုလိုတာ မဟုတ်ဘူး။
သူတို့ဖြတ်သန်းလာတဲ့ သူမတူတဲ့ အဖြစ်အပျက် အတွေ့အကြုံနဲ့ အဲဒီအပေါ်က ထွက်လာမယ့် အတွေးအမြင်တွေ...
[စကားချပ်။ ။ စိတ်ဝင်စားတာနဲ့ နှစ်သက်တာ မတူ။
ကျန်တာတွေ ဖယ်ထားလိုက်ဦး။ ကိုယ့် မောင်တွေထဲက အဲဒီလိုင်းတွေ လိုက်မယ်ဆိုရင်တောင် ကိုယ် ဘယ်တော့မှ သဘောမတူတတ်ဘူး။ အဲဒါ နိုင်ငံရေးနဲ့လည်း မဆိုင်ဘူး။ ကိုယ့်နိုင်ငံ ဒီလိုဖြစ်နေလို့ စစ်ဆိုရင် ဘာဖြစ်တယ် ဆိုတဲ့... သတင်းစာကနေ အနောက်မယ်တော်လို့ လှမ်းရိတာမျိုးနဲ့ တူတဲ့ အထာနဲ့လည်း မဟုတ်ဘူး။ ဘယ်ခေတ် ဘယ်အခြေအနေ ဘယ်နိုင်ငံမှာဖြစ်ဖြစ်၊ ကိုယ်နဲ့ နီးစပ် ပတ်သတ်သူတွေကို အဲဒီအလုပ်တွေ မလုပ်စေချင်ဘူး။ လုပ်တဲ့သူတွေရဲ့ life ကို စိတ်ဝင်စားတာက တပိုင်းပဲ။
ဘာဖြစ်လို့ မလုပ်စေချင်ရသလဲ ဆိုတဲ့ အကြောင်းကတော့ သိပ်ရှင်းပါတယ်။ ကိုယ့်ဘာသာ ချစ်လို့ပါ။ သူတို့ကို ချစ်တဲ့ ကိုယ့်မှာ သူတို့အတွက် တွေးပြီး စိတ်ပူစိုးရိမ် မနေချင်တဲ့ ကိုယ့်ဘာသာ ချစ်တဲ့ ငဲ့ညှာတဲ့ စိတ်ကြောင့်ပါပဲ။] မောထှာ။ ရှင်းရတာ။
ဒါပေမဲ့ ကိုယ့်မောင်တွေထဲမှာ စစ်သားသာ မရှိတာ၊ အားနေ ရေကြောင်းပဲ သွားနေကြတယ်။
ဝင်းဝင်းလတ် ရဲ့ ဝတ္ထုရှည်တစ်ပုဒ်မှာ ဖတ်ခဲ့ရဖူးတယ်။ ဒါပေမဲ့ ကိုယ့်မောင်တွေထဲမှာ စစ်သားသာ မရှိတာ၊ အားနေ ရေကြောင်းပဲ သွားနေကြတယ်။
"မိန်းမတွေ လိုက်မလုပ်နိုင်တဲ့ အလုပ်မျိုးကို လုပ်တဲ့ ယောက်ျားမျိုးပဲ အထင်ကြီးတယ်။ ဥပမာ - စစ်သားတို့ သင်္ဘောသားတို့" ဆိုတာ။ "ကျောင်းသွားဖော် သူငယ်ချင်း" ဆိုတဲ့ ဝတ္ထုမှာ ထင်တယ်။ ကိုယ်ကတော့ ဒါမျိုးပဲ အထင်ကြီးတယ် ဆိုတာလောက် မဟုတ်ပါဘူး။ ပိုစိတ်ဝင်စား သိချင်ရုံလောက်ပါပဲ။
ဆရာဝန်၊ အင်ဂျင်နီယာ ယောက်ျားတွေရဲ့ life ကိုတော့ ထူးပြီး စိတ်မဝင်စားမိဘူး။
(သူတို့မှာ စိတ်ဝင်စားစရာ မရှိဘူး လို့ ပြောချင်တာ မဟုတ်ပါဘူး။ ဆရာဝန်မို့လို့ အင်ဂျင်နီယာမို့လို့ ဆိုပြီးတော့တော့ စိတ်မဝင်စားဘူး။ ဒီအလုပ်တွေ မိန်းမလဲ လုပ်လို့ရတာပဲ။)
စီးပွားရေးသမား လည်း စိတ်ဝင်စားတယ်။
(ဒီလိုရေးလိုက်ရင် ကိုကိုအင်ဂျင်နီယာတို့ ကိုကိုဒေါက်တာတို့များ စိတ်ခုစရာ ဖြစ်ကုန်မလား မသိ။ ဘလော့ဂါတွေထဲ အင်ဂျင်နီယာက များပါဘိသနဲ့။ တချို့ စိတ်ဆိုးလို့ comment ပိတ်ပစ်တတ်တဲ့ ဘလော့ဂါ အင်ဂျင်နီယာကိုကိုတို့ဆို ကိုယ့်တောင် gmail မှာ block ပစ်ချင်ပစ်နိုင်တယ်။)
***
၅) ကြိုးကြာများ
Cyber English Center မှာ တက်တော့ ဆရာတွေက အင်္ဂလန်ပြန်၊ အသက် ၃ဝ ပတ်ဝန်းကျင်တွေ။ ဦးဖြိုးပိုင်ဦးတို့ပေါ့။ (ဦးမျိုးမင်းဦးရဲ့ Mart II ကို ခုထိ မျက်စေ့ထဲ မြင်တုန်းပဲ။ ဦးဖြိုးပိုင်ဦးက '96 မတိုင်ခင်တုန်းက Archi မှာ တက်နေဆဲလို့ ပြောတယ်။)
ကိုယ့်မှာ တွေးမိတယ်။
ဆရာတို့နှယ် ဟိုမှာ ဘာလို့များ ဆက်မနေကြလဲ။
ဘာလို့များ ပြန်လာပြီး၊ ဒီကျောင်းမှာ စာတွေသင်နေရလဲ...
တွေးရုံနဲ့တင် မပြီးဘူး။ နီးစပ်ရာကိုပါ လိုက်ပြောနေသေးတယ်။
ခုတော့လည်း ငါ့နှယ် ဘာဖြစ်လို့ ပြန်လာကြတာလဲ ဆိုတဲ့အတွေးမျိုးကို ဘာဖြစ်လို့များ တွေးခဲ့မိပါလိမ့် လို့ ပြန်စဉ်းစားမိပြန်တယ်။
ရုံးက စီနီယာအစ်မက ဒီနှစ်ထဲ သူ့အမျိုးသားရှိရာ လိုက်တော့မှာ ဆိုတော့ ကိုယ်ပြောမိတယ်။ "အစ်မ လွမ်းနေရမှာနော်" လို့။ သူကလည်း ကိုယ့်လို ပေယျာလကံသမား၊ ရွက်ကျပင်ပေါက်လို လူမျိုး၊ ဒါ့အပြင် ခုလောလောဆယ် အချိန်က ထွက်ရဖို့ကို ထက်ထက်သန်သန် ကြိုးစားနေတဲ့အချိန်ဆိုတော့ "ငါတော့ သိပ်လွမ်းမယ် မထင်ပါဘူး။ မလွမ်းတတ်ဘူး။" လို့ ပြောတယ်။
ကိုယ် သူ့ကို ပြုံးကြည့်နေမိတယ်။ ပြီးတော့ "အစ်မ မသွားရသေးလို့ ဒီစကားမျိုး ပြောတာပါ" လို့။
လူဆိုတာ ကိုယ် မွေးဖွားကြီးပြင်းခဲ့တဲ့နေရာ၊
ကိုယ်ကျင်လည် ဝင်ဆန့်တဲ့ အသိုက်အဝန်းရှိတဲ့နေရာ၊
ကိုယ့်ကိုချစ်တဲ့ ကိုယ်ကချစ်တဲ့ ချစ်သူတွေ ရှိတဲ့နေရာကို စွဲလမ်းဖက်တွယ်ချင်တာပဲ။
(အဲဒါကို အတင်းရော ဇွတ်ရော ကိုယ်သာလျှင် ချစ်တတ်တဲ့ အာဝေနိက ဂုဏ်တရပ်လို လုပ်ပြောနေရင်တော့ မေတ္တာတုံးတယ်။ ပြီးတော့ အယုံအကြည်မရှိဘူး။ အဲဒါ ဠင်းတလောက်တော့ ငှက်တိုင်းလှတဲ့ အတ္တပဲ။)
***
၆) သူများယောင်လို့ယောင် အမောင် တောင်မှန်း မြောက်မှန်းမသိ
ဆန့်ကျင်ပါတယ်
ဆန့်ကျင်ပါတယ်
ဆန့်ကျင်ပါတယ်
ဆန့်ကျင်ပါတယ်
ဆန့်ကျင်ပါတယ်
(ဘာမှ မဟုတ်ဘူး။ အော်ကြည့်တာ။ တခုခုများ ဖြစ်သွားမလားလို့။)

13 comments:
အင်း ကောင်လေးရယ်တာ ဒေါ်ရီတာ နဲ့တူတယ်
ဒေါ်ရီတာ ပြောတာ ကို သဘောမတူပါ
ကောင်လေးက ရယ်လိုက်ရင် ချစ်စရာလေးဆိုတာ ကို
သိပ်မချောဘူးဆိုတာကိုတော့ သဘောတူတယ်
အဲ့ဒီတော့ ဒေါ်ရီတာနဲ့ ရယ်လိုက်ရင် တူတယ်လို့ ပြောတာ ဒေါ်ရီတာ ကို ရုပ်ဆိုးတယ်လို့ပြောထှာ မှုတ်ပါ
ဖန်မနစ်စ် မဟုတ်ဘူးတဲ့
အောက်မှာကျတော့ ဆရာဝန် အင်ဂျင်နီယာ အလုပ်တွေက မိန်းမတွေကလဲ လုပ်နိုင်ပါတယ်တဲ့
ဒီစကားထဲမှာကိုက ဂျန်ဒါသဘောတရာတွေပါနေတယ်
အဲ့လိုပြောလို့ ဖန်မနစ်စ် ဖြစ်တယ်လို့ပြောတာလဲ မှုတ်ပါဘူး
ကွန်ထရာဒစ် ဖြစ်နေတယ် ပဲပြောတာပါ
ကိုကတော့ သဘောသားရော စီးပွားရေးသမားရော ပိုက်ဆံတလုံးတခဲထဲရှိတဲ့ ယောက်ျားတွေ ဆို အကုန်စိတ်ဝင်စားတယ် ကိုက ပိုက်ဆံမက်တာကိုး ဟိဟိ
ရိတာမဟုတ်ပါ ရီတာ
တက္ကသိုလ် ဘုန်းနိုင်ကိုတော့ မကြိုက်တာတူတယ်
သစ်ရွက်တရွက်ကို နှစ်မျက်နှာလောက်ကြွေပြနေလို့
တချို့ကတော့လဲ အနုအလှ ကိုခံစားကြတာပေါ့လေ
ကိုကတော့ အတိသယဝုတ္တိတွေ သိပ်မကြိုက်တတ်ပါ
သဘောမတူခြင်းကို ကြိုတင် သဘောတူထားပါတယ်နော်
ပြန်ဖို့ မပြန်ဖို့
အားသာချက်...အားနည်းချက်
မီးလာ မီးမလာ
အင်တာနက် ရမရ
မြန်မမြန်
လွတ်လပ်ခွင့် အနည်းအများ
ကမ္ဘာကြည့်ကြည့်မြင်နိုင်ခွင့်
လက်လှမ်းမှီနိုင်မှုများ
ရိုးရာစားစရာများ
လူများ ဒေသများ အလှအပများ
လိပ်ခေါင်းထွက်လိမ့်မယ်။
လွင့်နေတဲ့အတွေး..ရေးထားတာလေးတွေအရမ်းကြိုက်ပါတယ်
BRAVOooo!
ADDY >>> ကိုယ်ပြောတာလဲ အဲဒါပဲလေ။ FEMINIST တွေက GENDER မခွဲရေးသမားတွေ မဟုတ်ဘူးလား။ ကိုယ်က GENDER ခွဲကို ခွဲတယ်။
(ဖန်မနစ်စ် မဟုတ်ဘူးတဲ့
အောက်မှာကျတော့ ဆရာဝန် အင်ဂျင်နီယာ အလုပ်တွေက မိန်းမတွေကလဲ လုပ်နိုင်ပါတယ်တဲ့)
ရှေ့နည်းနည်း ဆက်တွေးကြည့်ပါ။ အဲဒါ ယောက်ျားတွေသာလျှင် လုပ်နိုင်တဲ့ မိန်းမတွေ မလုပ်နိုင်တဲ့ အလုပ်တွေ ရှိတယ် လို့ ပြောချင်တာကို တွေ့လိမ့်မယ်။ FEMINIST သမားတွေက အဲဒါကို ဆန့်ကျင်တယ်။
နောက်တခု ကြုံလို့ ပြောချင်တာ ADDY နဲ့တော့ မဆိုင်ပါဘူး။
စစ်သား၊ သင်္ဘောသားဆိုတာ GENDER ခွဲပြီး ပြောလို့သာပါ။ GENDER မခွဲဘဲ PROFESSIONAL အနေနဲ့ပဲ ပြောရမယ်ဆိုရင် (တကယ် စိတ်ပါဝင်စား၊ တကယ် ဝါသနာပါခဲ့ရင်...) ဆရာဝန် အလုပ်ဟာ လူ့အသက်နဲ့ တိုက်ရိုက်ပတ်သတ်ပြီး၊ အကျိုးရလဒ်ကို ချက်ချင်းလက်ငင်းမြင်ရလို့ စိတ်ကျေနပ်စရာ အကောင်းဆုံး အလုပ်ဖြစ်မယ်လို့ ယူဆမိတယ်။
မမKOM >>> :D
moe >>> ကျေးဇူး :)
(ဒီလိုရေးလိုက်ရင် ကိုကိုအင်ဂျင်နီယာတို့ ကိုကိုဒေါက်တာတို့များ စိတ်ခုစရာ ဖြစ်ကုန်မလား မသိ။ ဘလော့ဂါတွေထဲ အင်ဂျင်နီယာက များပါဘိသနဲ့။ တချို့ စိတ်ဆိုးလို့ comment ပိတ်ပစ်တတ်တဲ့ ဘလော့ဂါ အင်ဂျင်နီယာကိုကိုတို့ဆို ကိုယ့်တောင် gmail မှာ block ပစ်ချင်ပစ်နိုင်တယ်။)
ိရယ်လိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော
ဦးဖြိုးပိုင်ဦး က တီတီစီ ဆင်းလား..
အမ Cbox ပိတ်လိုက်လို့နှုတ်မဆက်ဖြစ်ပေမဲ့ အမြဲလာဖတ်ပါတယ်။ (မဖတ်ရင်တောင် ပုံကြည့်သွားတယ်။ဟီးဟီး)
feminism စိတ်မဝင်စားဘူးလို့ ပြောပယ်မဲ့ အမ ထင်တာ လွဲနေတယ်ထင်လို့ ပြောပရစေ။ ကိုယ်တိုင် details မသိပေမဲ့ ဖတ်မှတ်ဘူးတာ ပြန်ပြောတဲ့ သဘောပါ။
Feminism က ယောက်ကျားလုပ်နိုင်တာ မိန်းမလဲ လုပ်နိုင်လို့ မဟုတ်ပါဘူး။ (အဲဒီ သီအိုရီက နောက်ပိုင်းမှ ပေါ်လာပြီး media ကလဲ Feminists ဆိုတာ society အတွက် မိန်းမတွေက ပိုကောင်းအောင် လုပ်နိုင်လို့ majority power ကိုမိန်းမတွေပေးသင့်တာတို့ ဘာတို့ wrong message ပေးနေကြတာလို့ ပြောကြတာပဲ။) Equal talent ရှိရဲ့သားနဲ့ မိန်းမမို့လို့ အလုပ်မခန့်ချင်တာ၊ လုပ်တာချင်း အတူတူ ယောက်ကျား ကလစာပိုရတာ၊ married ဆိုလဲ နောက်ပိုင်း ကလေးမွေးမှာ၊ ကလေးရှိရင် work priority မပေးမှာကြောင့် အလုပ်မခန့်ချင်တာ ၊ နောက် abortion rights ဆိုတာမျိုးပါ။ (ပထမဆုံး feminism က Vote ပေးခွင့်မရှိလို့ ဖြစ်လာတာပါ)
President Obama ကို true feminist လို့ အားလုံးက သက်မှတ်ထားပါတယ်။ တွေဘူးတဲ့ Professors, Students (အမျိုးသားများ) ထဲမှာလဲ I'm feminist လို့ပြောတဲ့သူများ တွေဘူးပါတယ်။ မြန်မာပြည်မှာ feminist ကို ဘယ်လို definition ဖွင့်ထားလဲ မသိဘူး။ online dictionary မှာ ရှာလို့ မတွေဘူး။ မိန်းမဝါဒီဆိုတာ feminism ကိုပြောတာလား။ အဲလိုဆိုရင် ဘယ်သူများ စပြီး ဘယ်လိုသဘောနဲ့ define လိုက်လဲ မသိဘူး။ President Obama က မိန်းမဝါဒီ အစစ်အမှန်လို့ ဘာသာပြန်ရင် ဖတ်ရတာ တမျိုးကြီးလားလို့။
ကျေးဇူး SM
မမKOM cbox က Simon ဆိုတဲ့ တယောက်ကိုတောင် SM ထင်နေသေးတာ။
ဂျူးတခါ ရေးဖူးတယ်။
ထိပ်ဆုံးနားရောက်လေ မိန်းမတွေ နည်းသွားလေ... အဲဒါဟာ ဘာကြောင့်လဲ။ မိန်းမတွေက မိန်းမဖြစ်နေလို့လား။ မိန်းမတွေက ထိပ်ဆုံးရောက်လောက်အောင် မတော်ကြလို့လား... ဆိုတာ
အဲဒီ အဖြေကို သိချင်ရင် တော်ကြည့်လိုက် တဲ့။
မြန်မာပြည်မှာ ဘယ်သူ ဘယ်လို ဘာသာပြန်လိုက်တာတော့ မသိဘူး။ feminist ဆိုရင် Korea ကားထဲက ကိစ္စနဲ့ရောပြောနေတဲ့သူတွေတောင် တွေ့ဖူးတယ်။ (ရည်းစားစကားစပြောတဲ့ ကိစ္စ ပြောတာ)
မိန်းမဝါဒီလို့ ဘာသာပြန်ပြီး ယောက်ျားတယောက်ကို သူက မိန်းမဝါဒီပေါ့လို့ ဗမာလိုပြောမယ်ဆို ကိုယ်လဲ feminist စာလုံးကို ပြေးမမြင်ဘဲ womaniser ပဲ ပြေးမြင်တော့တယ်။ :D
SM ပြောတာနဲ့ ဆက်စဉ်းစားမိတယ်။
ရုပ်ရှင် ဗွီဒီယိုမှာဆို မင်းသားနဲ့ မင်းသမီး ဈေးမတူတဲ့ ကိစ္စတွေ ရှိတာ ကြာလှပြီကော။ ဒါကြောင့်ပဲ မိန်းမတွေမှာ sponser ရှာရ ဘာရနဲ့ နောက်ပိုင်းဇာတ်လမ်းတွေ ဖြစ်လာတော့တာပဲ။ အဲဒါလဲ တကြောင်းပေါ့။
အဲဒါမျိုးကိစ္စတွေ တူသင့်တယ်တို့၊ ဘာတို့လုပ်ဖို့ ကိုယ်စိတ်မဝင်စားဘူး။ တူသင့်တယ်လို့ထင်ရင် သူတို့ဘာသာ သူတို့လုပ် လို့ပဲ သဘောထားမိမယ်။ ကိုယ့် pro မဟုတ်လို့ ကိုယ်နဲ့မဆိုင်လို့ပဲ သဘောထားမိမယ်။
(ဒါပေမဲ့ စာပေနယ်ကျ တမျိုး။
ယောက်ျားနာမည်နဲ့ဆို သိပ်မရောင်းရလို့ ယောက်ျားစာရေးဆရာတွေတောင် မိန်းမနာမည် ယူပြီး ရေးခဲ့ရတဲ့ ခေတ်ရှိတယ်။)
ကိုယ့် pro ဆိုရင်တော့ ပါမိမလားပဲ။ ဒါလည်း သိပ်တော့ မသေချာသေးဘူး။ အလုပ်လုပ်တာ ခုလို လခရဖို့ အဓိက မဟုတ်ဘဲ အလှလုပ်သလို လုပ်နိုင်တဲ့ အခွင့်အရေးသာ ရှိများရှိရင် စိတ်မဝင်စားဘဲ နေမိဦးမယ်ထင်တယ်။
ညီမ ရီတာရေ မအားလို့ ခုမှရောက်တယ်...ကောင်းလိုက်တဲ့ အတွေးလေးတွေ...
၁) ကာရာအိုကေ အဲဒီသီချင်း ခဏခဏ ဆို ...၊
ဟိုအရင်လိုငါ့အနား တိုးလို့ အနမ်းလေးပေးတဲ့ အခါ....
၂) အမလဲ အမျိုးသမီးပေမဲ့ သုမောင်၊ မောင်ဝဏ္ဏ၊ မင်းလူ အရမ်းကြိုက်တော့ ၊ ကိုယ်ကလည်း မိန်းမ သိတ်မဆန်တော့ ဟာသကို ပိုအားသန်တယ်၊ ရင်ထဲ လေးကျန်ခဲ့မှာထက် ပေါ့ပေါ့ပါးပါး ရယ်လိုက်ရတာကို ကြိုက်တယ် ၊ ဘယ်သူ ဘာပြောပြော.....
၃) ယောင်္ကျား၊ မိန်းမ ဆိုတဲ့ ဖြစ်တည်မှုကိုတောင် တခါတခါ မေ့ မေ့နေတယ်....:)
၎) အမကတော့ ဘယ်သူ့ကိုမှ သိတ်စိတ်မဝင်စားဘူး၊ ကိုယ်ကြိုက်တာကိုယ်လုပ်ပဲ....အားလုံးမှာ သူ့လစ်မစ်နဲ့သူပေါ့...
၅) အင်း ဟုတ်တယ် ဘယ်မှာနေနေပါ အနေတတ်ရင် စိတ်ချမ်းသာတာပါပဲ....
၆) မောလွန်းလို့ ခဏ နားနေတယ်....မအော်နိုင်ဘူး....
ညီမရေ...အလေးအနက် ဖတ်တယ်၊ မန့်တယ်...။ အလေးအနက် ရေးပေးတဲ့အတွက်လည်း ချစ်ရပါတယ် ညီမရီတာ...
ဇွန်မပြန်ဖြစ်သေးပါဘူး ရီတာရေ။ ခွင့်က အခုမှ schedule လုပ်နေတုန်း။ ပြန်တာတော့ဖြစ်မယ်။ ဥဒ္ဓိစ္စများတဲ့...ခေါင်းစဉ်လေးပေးထားတာ သဘောကျတယ်။ ဖတ်ရင်းတွေးရင်းနဲ့ တွေးရင်းဖတ်ရင်းနဲ့ ဖတ်သူကိုယ်တိုင် ဥဒ္ဓိစ္စတွေနဲ့လွင့်သွားတာ စဉ်းစားစရာတွေ တိုးလာတယ်။ အချိန်မရလို့ ရှည်ရှည်မမန့်နိုင်တော့ဘူး ရီတာရေ။ အပြင်သွားစရာရှိနေလို့။
လွမ်းနေတုန်းအိပ်မက် ရဲ့ မူရင်းသီချင်းကို သိပါတယ်ဆိုပြီး လိုက်ရှာနေတာ ခုတွေ့ပါပြီ။ မရီတာ နားထောင်ချင်နားထောင်လို့ရအောင် ဟောဒီမှာ ယူထု http://www.youtube.com/watch?v=u-92U99b5lM
enjoy!
ခမမ
Seaman!
Not sea women?
You are staying in Singapore.
You have to know about Singaporean women cadets.
They must be served onboard ship (foreign going) minimum one year for 3rd class.
I had found that Taiwan, Malaysia, Indonesia women cadets served onboard ship in good Company.
BINO
ခမမ >>> သင့်ခ်ယူ :)
Uncle >>> ဟုတ်တယ် Uncle မကြားဖူးသေးဘူး။ အဲဒါကို။ ကိုနဗန ရေးဖူးတဲ့ တရုတ်ပြည်က ရထားရဲတွေကို သွားမြင်မိတယ်။
သူတို့ တကယ်ပဲ နှစ်နဲ့ချီလို့ ပင်လယ်ထဲထွက်ရသလား။ သင်္ဘောပေါ်မှာ တကယ်ပဲ ဦးဆောင်နိုင်သလား။ စိတ်ဝင်စားမိပါတယ်။ :)
Post a Comment