Sunday, March 14, 2010

ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၈)


အမြစ်ဖြတ်မရဘဲ အသည်းထဲ စွဲကာပင်...
(အဖြေက အသည်းကင်ဆာ မဟုတ်ဘူး)


ထန်းမြစ်


ကိုယ့် နိုင်ငံလေးမှာ ထန်းမြစ်လေးတွေကစ ချစ်တယ်။ (စားကောင်းတာကိုး)
အကြိမ်ပေါင်းတစ်ထောင် စားရရင်လည်း ကိုယ့်နိုင်ငံက အမြစ်တွေပဲ ပြန်စားမယ်။


ကိုယ်ပြန်တဲ့ အချိန်မှာ သိပ်မပေါတော့ဘူး။
ရအောင် မှာပေးတဲ့ မေမေ့ကို ကျေးဇူးတင်ပါတယ်။
Korea ဂျင်ဆင်း လောက်တော့ ပျင်းတာပေါ့။
(ခေါင်းစဉ်က မေရှင် သီချင်း နားထောင်နေရင်း ရေးတာမို့)

***

သလ္လာဝတီ









ရေချိုးဆိပ်






ဘဝတွေဟာ မတိုးတက်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အတိုင်းပဲ။
ဒါကြောင့် သူတို့ သနားစရာကောင်းတယ် လို့...
ကိုယ် (လုံးဝ) လုံးဝ မထင်မိဘူး။
သနားရအောင် ကိုယ်က ဘာမှ မဟုတ်ဘူးလေ။ ပြောလို့ရမလား။
ဘဝကို ကျေနပ်နိုင်တာခြင်း၊ လွတ်လပ် ပျော်ရွှင်တာခြင်း ယှဉ်ရင် ကိုယ်က သူတို့ထက် သာပါမယ် လို့...







အလောင်းစည်သူမင်းကြီး တည်ခဲ့ (တယ်လို့ ထင်ရ) တဲ့ မြစ်ကမ်းနဖူးက ဘုရား။
လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ထင်တယ်။
ရှေးဟောင်းဆင်းတုတော်တွေ အခိုးခံရတော့ တော်တော် နာမည်ကြီးသွားသေးတယ်။

***

ကျိန်စာမိနေသူများ (သို့မဟုတ်)
အညာက ဘူဇွာကြီးများ :D


အညာသူတွေဟာ ဆိုင်ကယ်ကို ဖိနပ်လို စီးတယ်။ :)




အဲဒီနေ့ကတော့ ၄ ယောက်ပဲ ဆုံဖြစ်တယ်။
အပြာရောင်တစ်ယောက်ပဲ အိမ်ထောင်ကျသေးတယ်။

ကိုယ့်ရဲ့ 3rd cousin တစ်ယောက်နဲ့။

ကျန်တဲ့လူတွေကို "နင်တို့ ကျိန်စာမိနေတာ ဖြစ်မယ်" လို့ ပြောမိတော့ "ဘယ်သူ့ကိုပြောတာလဲ။ သူလား ကျိန်စာမိတာ" လို့ အိမ်ထောင်ကျပြီးသား တစ်ယောက်ကို လက်ညှိုးညွှန်ပြီး ပြန်မေးတယ်။
"ခသမဟ" တွေချည်းပါလား။ :D


(ဖြတ်ပြောရရင် သူငယ်ချင်းတစ်ယောက် အိမ်ထောင်ကျလို့ သားကလေး တစ်ယောက်ရနေတာတွေ့တော့လည်း လုံးဝ အားမကျမိပြန်ဘူး။
အဲဒါကျတော့လည်း ကလေးတွဲလောင်းနဲ့ ရှုပ်လိုက်တာလို့ပဲ တွေးမိပြန်တယ်။ ဒုက္ခ)


***

16 comments:

Ko Paw said...

ပါဘလို ရီရုတာ နဲ့ လာတိုးနေပါပေါ့လား။း-)

ရေချိုးဆိပ်နဲ့ မြစ်ပြင်ကို ရိုက်လာတဲ့ ဓါတ်ပုံတွေက (အတန်ငယ် မှုန်ဝါးနေသော်လည်း) ကြည့်လို့ ကောင်းတယ်။

khin oo may said...

ကလေးမယူဘူးဆိုတဲ့သဘောပေါ့. ဟုတ်စ..

khin oo may said...

ကလေးမယူဘူးဆိုတဲ့သဘောပေါ့..

Rita said...

ခုစာကလေးကြော် ခုဆီထမင်းပါ မမ။

ဂျေဂျူဝိုင် said...

ထန်းမြစ်ကိုပဲ အသေကြိုက်တယ်ဗျာ

အန်တီချမ်း said...

ကိုယ့်ဘလောခ် ကိုရေးရင်တောင် သူများကို နည်းနည်းလေး ကလိလိုက်ရမှ
စားဝင်တယ် (စာကလေးကြော်နဲ့ ဆီထမင်းကို)
အိပ်ပျော်တယ် (နှစ်ယောက်အိပ်ကုတင်မှာ တယောက်ထဲအိပ်ရတာကို)

အကြိမ်တထောင်အရွဲ့တိုက်ရရင်လဲ
ဒီတပုံစံထဲနဲ့ပဲ ရွဲ့မယ်

ဟိဟိ

Rita said...

ဘုရားပေးပေး ကျမ်းပေးပေးပါ Addy
နီရူဒါ ကို စိတ်နဲ့တောင် မပစ်မှားပါဘူး။ ကလိဖို့ဝေးလို့...
:D

ရွှန်းလဲ့ said...

မုံရွာက ပုံလေးတွေလားမသိ....
ထန်းမြစ်စားချင်လိုက်တာ....
ကျောင်းကိုလွမ်းသွားပြီ.......
ကျွန်တော်တို့ ကတော့ ထန်းပင်မြစ်လို့ ခေါ်တယ်...

Rita said...

ဟုတ်တယ် ကိုယ်တို့လည်း ထန်းပင်မြစ်ပဲ ခေါ်တယ်။
မုံရွာတော့ မဟုတ်ဘူး။ မုံရွာနဲ့ နီးတယ်။ :)

အန်တီချမ်း said...

အော် ကိုယ်တော့ နယ်
နီရူဒါကို ကလိတယ်လို့ တပည့်တော် မပြောမိပါလားနော်
တပည့်တော်ပြောတာ ကိုယ်တော်သိပါတယ်လေ

ဇွန်မိုးစက် said...

ထန်းမြစ်လည်း ကြိုက်တယ်၊ ရေချိုးဆိပ်လည်း ကြိုက်တယ်။ စကားဝိုင်းလေးကို အကြိုက်ဆုံးပဲ။း)

ဇွန်မိုးစက် said...

အင်း...အဆက်လို့ ပြောလို့ရတယ်။ အမှတ်တရဆိုလို့ အမှတ်တရကို ပြန်ရေးတဲ့ဝတ္ထု ဖတ်ဖူးလား။ နီမင်းဆွေရဲ့ “တောင်ဆီမှာ မိုးတွေသည်းပါလို့”ဆိုတာ။

Rita said...

မဖတ်ဖူးသေးဘူး ဇွန်။
အဲဒါ ကြားဖူးတာတောင် သိပ်မကြာသေးဘူး။ ebook ရှိရင် share ပါဦး။

ဇွန်မိုးစက် said...

တို့ဖတ်ဖူးတာတော့ကြာပြီ။ ရှစ်တန်းလောက်က။ ebook ရှိမရှိ မသေချာဘူး။ ရှာကြည့်လိုက်ဦးမယ်။

ယောနက်သန် said...

ကျွန်တော်တို့လည်း ထပေမြစ်(ထန်းပင်မြစ်) လို့ခေါ်တယ်။ တကယ်ကတော့ ထန်းပင်ပေါက်လေး တွေပါ။

little brook said...

ဖောင်နဲ့ပုံလေ ကမ်းပါးပေါ်ကနေ စီးပြီးရိုက်ထားတဲ့ပုံလေး ကောင်းသည် အမ
ဖုန်းကင်မရာနဲ့ရိုက်ထားလို့သာ တကယ့်ကင်မရာနဲ့ဆို
ရေလည်မိုက်သွားမယ်း)