Wednesday, March 24, 2010

မောင်သစ်ဆင်း ဝတ္ထုတိုများ





'94 ပတ်ဝန်းကျင်လောက်မှာ မောင်သစ်ဆင်း ရဲ့ ဝတ္ထုတိုတွေကို ဖတ်ဖြစ်ခဲ့ပါတယ်။
ဒီစာအုပ်ကို 27.11.2000 ရက်စွဲနဲ့ ဝယ်ခဲ့တယ်။


ရေးခဲ့သမျှ ဝတ္ထုတိုပေါင်း (၁၄) ပုဒ်ပဲ ရှိတယ်။ ဒီစာအုပ်ထဲမှာ (၈) ပုဒ်ပဲ ပါတယ်။

တခါတည်း အကုန်လုံး ထုတ်လိုက်တော့ ဘာဖြစ်မှာလဲလို့ မချင့်မရဲ တွေးမိပါတယ်။
ကိုယ် လုံးဝ မဖတ်ဖူးတာ (၄) ပုဒ်ရှိတယ်။

၁) ရှေ့ဆုံးကလူ

၂) ထန်းခေါက်တောင်း ပုံပြင်

၃) သောနုတ္ထိုပုံပြင်သစ်

၎) ဆရာဝန် ညွှန်ကြားချက်အတိုင်း
... ဆိုတာတွေ ...

"ရှေ့ဆုံးက လူ"
ဆိုတဲ့ ဝတ္ထုဟာ တော်တော် လူပြောများတဲ့ ဝတ္ထုလို့ မှတ်မိနေတယ်။
မဟေသီမှာ ဟိန်းလတ်က စာပေအင်တာဗျူးလုပ်တော့ အဲဒီအကြောင်း တော်တော် ပြောသွားတယ်။
ဒါပေမဲ့ ကိုယ် မဖတ်ဖူးဘူး။ :(

ဆရာ့စာတွေ ဘလော့မှာ ပြန်တင်ဖို့ စဉ်းစားနေတယ်။

ကိုယ် ကြိုက်မိတာတွေဆိုရင်
၁) ကျိန်စာ
၂) လေးသည်တော်
၃) လူနှစ်ယောက် ကျားတစ်ကောင်နှင့် တောင်တန်းများ
၎) တရား
ဆိုတာတွေ

တရား က ဒီစာအုပ်ထဲမှာ ပါမလာဘူး။ စိတ်မကောင်းစရာပဲ။

နီကိုရဲ ရဲ့ နာမည်ကျော် ချစ်ခြင်း၏ နဂ္ဂတစ်များ (ကြည်ပြာရောင် နဂ္ဂတစ်များ) ဝတ္ထုရဲ့ အဖွင့် စာသားဟာ လေးသည်တော် ကနေ မနီးယိုးစွဲ ယူထားတယ် လို့ နီကိုရဲ ရဲ့ အမှာစာ မှာ ရေးထားတယ်။ :)

ပံ့သကူ
ဆိုတာလည်း ထူးခြားတဲ့ တစ်ပုဒ်ပါပဲ။

***
ရင်မောင်၊ မောင်သစ်ဆင်း နဲ့ ဖေမြင့် တို့ရဲ့ ဝတ္ထုတို တင်ပြပုံအတတ်ကတော့ အံ့မခန်းလို့ ထင်မိပါတယ်။
သူတို့စာတွေ ဖတ်တဲ့အခါမှာ သူတို့ ပြောချင်တာကို ကိုယ် ရ၊ မရ... သဘောတူ၊ မတူ ဆိုတာထက်
သူတို့ ပြောချင်တာကို ပြောဖို့ ဖန်တီးထားတဲ့ အခင်းအကျင်း၊ သိုင်းဝိုင်းပုံဖော်ထားတဲ့ အတတ်ပညာ၊ စကားလုံး နဲ့ ဇာတ်ကွက်ရွေးတဲ့ပုံတွေကို သတိမပြုဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။

အမျိုးသားစာရေးသူတွေဆီက ကိုယ် မျှော်လင့်တတ်တဲ့ အရာကို သူတို့ဆီက အမြဲတမ်းရတယ်။

***
ဒီစာအုပ်ကို နောက်မှ Myanmar Books Catalogue မှာ တင်ရမယ်။
အဲဒီ site မှာ review တချို့သာ ရေးခဲ့မိတာ။ တခါမှ စာအုပ် မတင်ဖူးသေးဘူး။

***

8 comments:

Moe Cho Thinn said...

ညီမ
ကျန်တဲ့ ၄ပုဒ်က စိစစ်ရေးနဲ့ ငြိလို့ ခွင့်ပြုချက် မရတာလို့ ထင်တယ်။ အဲဒီတုန်းက ကြားလိုက်တယ်။ အမလဲ မောင်သစ်ဆင်း ၀တ္ထုတွေ သိပ်ကြိုက်တယ်။

Rita said...

ဖြစ်လောက်တယ် မမ။
တကယ်က (၆) ပုဒ် ကျန်ခဲ့တာ။ ကျွန်မ မဖတ်ဖူးတဲ့ အဲဒီ (၄) ပုဒ် အပြင် "တရား" ရယ်၊ "အတ္ထုပ္ပတ္တိ" ရယ် ကျန်ခဲ့သေးတယ်။

မှတ်မှတ်ရရ communism ကို အဲဒီနှစ်ပုဒ်နဲ့ "လေးသည်တော်" ကြောင့် စပြီး နဲနဲ သိလာတယ်။ တကယ်တော့ အရိပ်အမြွက်လောက်လေး ပါတာပါ။ ဇာတ်ကောင်တွေ လာခဲ့တဲ့ လမ်းကို ပြရုံကလေး။

ဇွန်မိုးစက် said...

မောင်သစ်ဆင်း ဝတ္ထုတိုများ မဖတ်ဖူးသေးဘူး။ ရီတာ ပြန်တင်ဖြစ်ရင်တော့ ဖတ်ရဦးမှာပေါ့။

Nay Lin said...

ကျွန်တော်လည်း ကိုညိုကို ကြုံတိုင်း blog ရေးဖို့request လုပ်နေတာ ကြာပါပြီ..
သူ့စာအသစ်တွေဖတ်ရတော့မယ်လို့တော့မျှော်လင့်
နေရတာပဲ..:)

Rita said...

ရေးဖြစ်အောင် ရေးဖို့ တိုက်တွန်းစေချင်ပါတယ်။
ဆရာ့စာတွေကို သိပ်ကြိုက်ပါတယ်။
အသစ်တွေချည်း မရေးဖြစ်တောင်မှ အရင်က သင့်ဘဝမှာရေးခဲ့တဲ့ ဆောင်းပါးတွေ၊ ဝတ္ထုတိုတွေ ပြန်တင်စေချင်မိပါတယ်။ တကယ့်ကို လှိုက်လှိုက်လှဲလှဲ ဖြစ်မိတဲ့ ဆန္ဒပါပဲ။

Bino said...

ရင်မောင်၊ မောင်သစ်ဆင်း နဲ့ ဖေမြင့်
I like all of their writing.

BINO

Unknown said...

သုတေသနဆရာဝန် က အတော်ဆုံး စာသားပါတာ ဘယ်ဝတ္ထုလဲ သိသူပြောကြပါအုံး

Rita said...

ကျိန်စာ