Friday, March 5, 2010

ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၃)

စာအုပ်



ရန်ကုန်မှာ အရောက်ဖြစ်ဆုံး စာအုပ်ဆိုင်ဆိုရင် လှည်းတန်း က "စာပေလောက"
ကျောင်းတုန်းတည်းက စလို့ ကျောင်းပြီးတဲ့ထိ၊ အလုပ်ထဲဝင်တဲ့ထိ၊ ခုထိ။ ဘယ်လောက်တောင်လဲ ဆိုရင် အဲဒီဆိုင်ထဲ ဘယ်စာအုပ်ကို
ဘယ်နားမှာ ရှာရမယ်ကစ သိခဲ့တယ်။

* ဂျူး ရဲ့ အမှတ်တရ ဒုတိယအကြိမ် ပြန်ထွက်တယ်။
စီစစ်ရေးက ပြန်ချပေးတာ အံ့သြစရာ...

* ဇွန်မိုးစက်
ညွှန်းပေးတဲ့ ရဲမြလွင် ဘာသာပြန် ခြေမစုံ လက်မစုံ ကျွန်တော့်ဘဝ အတွေ့အကြုံ (အိုးတိုးထာကဲ)


* ပလုံ နဲ့ပြောဖြစ်တဲ့ သိန်းဖေမြင့် - ကျော်ငြိမ်း

နောက်ထပ် တော်တော်များများပဲ။ ဝယ်လာတာရော၊ အဟောင်းတွေကို သယ်လာတာရော။ စာအုပ်ဝယ်ဖြစ်တာ ၂ ရက်။ ပထမတစ်ရက် စာပေလောက (လှည်းတန်း)၊ ဒုတိယရက် စာပေလောက နဲ့ ရာပြည့်။ တကယ်က စာအုပ်ဝယ်မယ်ဆိုတဲ့ စိတ်ကူး မရှိပါဘူး။ ဒီလိုပဲ ဝယ်ဖြစ်သွားတယ်။ ဥဒ္ဓိစ္စတွေ များလိုက်တာ ဆိုတာ...

ပန်းဆိုးတန်းစာအုပ်တန်းတော့ မရောက်ခဲ့နိုင်ဘူး။ အဲဒီနား ခဏခဏ ရောက်ပေမယ့်...

* ကြည်အေး ရဲ့ မြနန္ဒာ လည်း ပြန်သယ်လာခဲ့တယ်။

* နောက် မောင်သစ်ဆင်း ရဲ့ ဝတ္ထုတိုများ

(အဲဒါကို တကယ်တော့ ပြန်တင်ပေးချင်တာ။ ပြန်တင်လို့ ကောင်းပါ့မလားလဲ စဉ်းစားနေမိတယ်။ ကလေးတို့ရဲ့ မနက်ဖန် ပါယူခဲ့ဦးမလို့။ သိပ်များနေတာနဲ့...)

* ရင်မောင် ဝတ္ထုတိုများ သယ်ချင်တာလည်း ချန်ခဲ့ရတယ်။

* အောင်သင်း ရဲ့ ကန့်ကူလက်လှည့် ကတော့ ဝယ်လာခဲ့တာ။ ကန့်ကူလက်လှည့် တစ်ပုဒ်ကိုတော့ ဘယ်မဂ္ဂဇင်းထဲမှန်း မသိဘူး။ ဖတ်ခဲ့ဖူးတယ်။ ထူးခြားတဲ့ ဆောင်းပါးပဲ။

ကလေးတွေကို စိတ်ဝင်စားတော့ ကလေးတွေရဲ့ ပညာရေးကိုလည်း စိတ်ဝင်စားပါတယ်။
ကျောင်းပြီးကာစက cousin တစ်ယောက်ရဲ့ ၈ တန်းလား၊ ၇ တန်းလားမသိ... သမိုင်းစာအုပ် လှန်ဖတ်မိတာ (ယိုးဒယားအကြောင်း) တခါတည်း စာအုပ်ကို လွှင့်ပစ်ချင်စိတ် ပေါက်သွားတာပဲ။ ကလေးတွေကို ဒါမျိုးသင် ဒီစိတ်မျိုးသွင်းပေးတယ် ဆိုတာများ ဘယ်လို အံ့သြမိမှန်းကို မသိဘူး။

အမယ် ဒါကလည်း သေချာစဉ်းစားကြည့်တော့ အမျိုးမို့လို့နေမှာ။
ကိုယ့်အမျိုးတွေ အကုန် ကျောင်းပြီးလို့ သူများကလေးတွေ ဒါမျိုးသင်နေရတယ် ကြားကြည့်ပါလား စိတ်ကုန်လိုက်တာနော် ဆိုတာလောက်ပဲ ဖြစ်မိမယ်။ စာအုပ်လွှင့်ပစ်ချင်လိုက်တာထိတော့ ဖြစ်မယ် မထင်ဘူး။

"အမျိုးထိတော့ မချိအောင်နာ" ဆိုတာ ကိုယ်လိုလူမျိုး ဖြစ်မယ်ထင်တယ်။





လူထု
ဂါဒီယန်း ဦးစိန်ဝင်း ရဲ့ အကွဲအပြဲဇာတ်လမ်း စာအုပ်ပါတယ်။ (Guardian ဦးစိန်ဝင်း လို့ ပြောပြတဲ့ Tar ကို ကျေးဇူးတင်ပါတယ်) အဲဒီစာအုပ်က အိမ်က အဟောင်းပဲ။ ဒါပေမဲ့ တခါမှ မဖတ်ဖူးသေးဘူး။
ခဏလှန်ကြည့်တော့ "ကျော်ငြိမ်း" နဲ့ တွဲဖတ်ရမယ့် စာအုပ်လို့ အာရုံရနေလို့။


ဒါပေမယ့် ကိုယ့်လိုလူ (နိုင်ငံရေးဒိဋ္ဌိ ပြောရမလား၊ Sick in Politics ပြောရမလား) တစ်ယောက်က ဒီလိုစာအုပ် သွားဖတ်ရင် "စကတည်းက ယဉ်သကို" ဆိုတာလို "ဟင်သော၊ ပို၍ ဟင်သော" တွေ ဖြစ်လာနိုင်တယ်လို့လဲ sense ရနေပြန်တယ်။ ဒါပေမဲ့ ဖတ်ချင်နေတော့ ဖတ်ရမှာပဲ။

အစပိုင်းကို ဖတ်ခဲ့တယ်။ ဦးနုကို ပြောထားတဲ့ စကားလုံး တော်တော် စိတ်ဝင်စားစရာကောင်းတယ်။ "ရာဇပလ္လင် ဖင်ကပ်ပါလာသူ" တဲ့။ တချို့ အဖြစ်အပျက်တွေဟာ အတော်ဆန်းကြယ်တယ်။ ပြီးတော့ ဗမာ့သမိုင်းကြောင်းမှာ ဒါမျိုးတွေ အများကြီးရှိမှာပဲ လို့လည်း ခံစားမိတယ်။ ခုလည်းရှိတယ်။ နောင်လဲရှိဦးမှာ။

Somerset Maugham ဝတ္ထုတို (၃) ပုဒ်နဲ့ စာပေဗိမာန် ဘာသာပြန်ဆုရတဲ့ စာအုပ်တစ်အုပ်လည်း သယ်လာတယ်။ (Maugham ကို အတော်သဘောကျတယ်။ သူ့ဝတ္ထုတို/ရှည်တွေ အကုန်ကြိုက်တယ်။ Paul Gauguin အကြောင်းရေးထားတယ် ဆိုတဲ့ The Moon & Sixpence တော့ လုံးဝ မကြိုက်ဘူး။ တခါဖတ်ပြီး နောက် ဘယ်တော့မှ ပြန်မဖတ်ဖြစ်တော့ဘူး။

အဲဒီလို တခါဖတ်ပြီး နောက် ဘယ်တော့မှ ပြန်မဖတ်ဖြစ်တဲ့ စာအုပ် ၃/၄ အုပ် ရှိတယ်။

* Ward Six ရယ်
* The Pheasant ရယ်
* သူလိုလူ ရယ်
* မင်းခိုက်စိုးစန် ဘာသာပြန်တဲ့ သရဲ ဝတ္ထုတိုတွေရယ် (သတိုးတေဇ မဟုတ်သေး))

စာအုပ်တွေ သယ်လာရတာနဲ့ အပြန်ကျ 4 kg ပိုနေတယ်။

American Mosaic အဟောင်းတစ်အုပ်ကို ပြန်လှန်ဖတ်ရင်း Building Design အကြောင်း ဖတ်လက်စ ဖြစ်နေတာနဲ့ သယ်လာခဲ့သေးတယ်။ စာအုပ်ဟောင်းကြီးပေမယ့် ကောက်ဖတ်လိုက်တော့ အသစ်ဖြစ်နေတာ... ဟိုတုန်းက သေချာမဖတ်ခဲ့တာလား... ဦးနှောက်ကပဲ သုံးမရတော့တာလား။ နှစ်ခုလုံးပဲထင်ပါတယ်။ ဒီပြန်ရောက်တော့ ဆက်မဖတ်ဖြစ်တော့ပြန်ဘူး။

"sustainable"
စကားလုံးကို စိတ်ဝင်စားနေမိတာ ကြာပြီ။ ဖတ်ဖြစ်အောင်တော့ ပြန်ဖတ်ဦးမှပါ။

***
စိန်ဂေဟာ @ လှည်းတန်း


ထုံးစံအတိုင်းပဲ ဘာမှ မဝယ်ဘူး။ လျှောက်ကြည့်တာ။


အဆိုပြိုင်ပွဲလား၊ သက်သက်ဖျော်ဖြေနေတာလားတော့ မသိဘူး။ အောက်ထပ်မှာ...




Zoop က ပလုံ့ ဆိုင်ဆိုရင် TZAR ဆိုတာ TZA ရဲ့ ဆိုင်လား မသိ။




I hate you again! again and again!!!:vvx:

***

7 comments:

Bino said...

All of the above books had been kept in my library (Laptop).
Anyway thinks for your information and sharing.

BINO

Unknown said...

လူထုစိန်ဝင်း ရဲ့ အကွဲအပြဲဇာတ်လမ်း စာအုပ်ပါတယ်။
it is written by Gurdian Sein Win, not Ludu Sein Win
Hmm

Rita said...

ဟုတ်လား အိမ်ရောက်မှ သေချာပြန်ကြည့်လိုက်ဦးမယ်။ သေချာ မကြည့်ခဲ့ဘူး။ သယ်သာလာတာ။ စိန်ဝင်းတွေ့တာနဲ့ လူထုပဲ ထင်တော့တယ်။ မှားနေရင် ပြန်ပြင်လိုက်ပါမယ်။ ကျေးဇူးပါပဲ။

ဇွန်မိုးစက် said...

အိမ်ကစာအုပ်စင်ကိုတောင် ပြန်လွမ်းသွားတယ် ရီတာ။ ဒီတစ်ခါပြန်ဖြစ်ရင်တော့ ကိုယ်လည်း ကီလိုပိုပေးပြီး သယ်ရမယ်ထင်ပါရဲ့။း)

ဇွန်မိုးစက် said...

အောက်ဆုံးက ပုံလေးက စာနဲ့တွဲဖတ်လိုက်တော့ မုန်းနေပုံက ချစ်စရာလေး။ အင်း...ကိုယ်လည်းသူ့လိုပဲ။

khin oo may said...

ဘယ်သူ့ကို hate တာလဲ.ရှင်းရှင်းရေးပါ။

TZA said...

ဟုတ်ပ ဟုတ်ပ.. အာ့ဒါ ကိုယ့်ဆိုင်ပေါ့.. tsar တို့ czar တို့က ဆိုင်ခွဲတွေလေ.. ညှင်းညှင်း..