Sunday, October 25, 2009

Top 10 in my mind !

1) မောင်










2) Bill Gates



အကြောင်းပြချက် ရေးစရာ လိုမယ် မထင်ပါဘူး။
ကျွန်တော် လုပ်မယ်လို့ စိတ်ဆုံးဖြတ်တဲ့ အရာမှန်သမျှကို ကျွန်တော် လုပ်နိုင်တယ် တဲ့။


3) A J Cronin



သူ့စာတွေကို စိတ်ဝင်စားရာကနေ သူ့ life ကိုပါ စိတ်ဝင်စားလာမိတယ်။ သူရေးသမျှမှာ စိတ်အဝင်စားမိဆုံးကတော့ Autobiography ပြောလို့ရတဲ့ "Adventure in the Two Worlds" ပဲ။ အဲဒီထဲကမှ စိတ်အဝင်စားမိဆုံး အပိုင်းက အောင်မြင်နေတဲ့ ပထမ professional ကနေ စာရေးဆရာဘဝကို ပြောင်းခဲ့တဲ့
တဆစ်ချိုးအကွေ့ပါပဲ။ မိဘမဲ့ လူငယ်တစ်ယောက်အနေနဲ့ အစောပိုင်းကာလမှာ ဘယ်လောက်တောင် ခက်ခဲခဲ့လည်း နောက်ပိုင်းမှာတော့ သူရွေးချယ်ခဲ့တဲ့ ဘဝနှစ်ခုလုံးမှာ အံ့မခန်း အောင်မြင်ခဲ့တယ်။ ဘာလုပ်လုပ် ပြောစမှတ်ဖြစ်လောက်အောင် အောင်မြင်ခဲ့တဲ့လူ။

4) Don Vito Corleone (Marlon Brando)



ကိုယ်က ရုပ်ရှင်ထက် စာအုပ်တွေကို ပိုကြိုက်တော့ Marlon Brando ဆိုတာထက် God Father, Don Corleone ဆိုတာကိုပဲ ပိုစိတ်ဝင်စားမိတယ်။
ယောက်ျားပီသတဲ့သူ၊ သစ္စာရှိတဲ့သူ၊ အောက်တန်းကျတဲ့ နည်းနဲ့ အနိုင်မယူတတ်တဲ့သူ၊ ဉာဏ်ကောင်းပြီး သတ္တိရှိတဲ့သူ၊ တိကျပြတ်သားတဲ့သူ၊ ပြီးတော့ ... သတ်ရဲတဲ့သူ၊ သေရဲတဲ့သူ။

ကြုံလို့ပြောရရင် ကိုယ် ဦးချစ်မောင်ကို ခံစားလို့ မရတာ တကယ်တော့ ဘာမှ မဆန်းဘူး။

5) Michael Corleone (Al Pacino)



အဖေကို ဆက်ခံနိုင်တဲ့ အရည်အချင်းရှိတဲ့ သား
တွေကို သဘောကျတယ်။
Cronin မှာ သား (၃) ယောက် ရှိတယ်။
ဒေါက်တာဝင်းဝင်းရှိန် (ဝင်းဝင်းလတ်) မှာ သား (၃) ယောက် ရှိတယ်။

Don Corleone မှာလည်း သား (၃) ယောက် ရှိတယ်။

ကိုယ်သဘောကျတဲ့ လူတွေမှာ တိုက်တိုက်ဆိုင်ဆိုင် သား (၃) ယောက်စီ ရှိတယ်။
နောက် အပြင်လောကမှာလည်း ရှိသေးတယ်။ တော်တဲ့လူတွေမှာ သား (၃) ယောက်စီ ရှိတတ်တာလား မသိဘူးလို့ အူကြောင်ကြောင် တွေးမိတယ်။ တချိန်က ကိုယ်လဲ အားကျခဲ့ဖူးတယ်။ ခုတော့ မကျတော့ပါဘူး။

6) Brad Pitt



အလယ်တန်း ၇ တန်း၊ ၈ တန်းလောက်က Interview with the Vampire ကြည့်ပြီး ကြိုက်ခဲ့တာ။
Jennifer နဲ့ Jolie ထက် ကိုယ်က အများကြီး စောပါတယ်။
Hollywood Star ဆိုတော့ ဘာမှတော့ သိပ်ပြောစရာ မရှိပါဘူး။
သူဘာဝတ်ဝတ် စတိုင်ကျတာ။ ဘယ်လိုနေနေ ကြည့်ကောင်းတာလောက်ပဲ ပြောစရာရှိပါတယ်။
ထူးခြားတာ ဆိုလို့ သူ့မိဘတွေက ငယ်လင် ငယ်မယားတွေ ဆိုတယ်။ ခုချိန်ထိပေါ့။

7) Keanu Reeves



သူ့ကိုလည်း Pitt နဲ့ မရှေးမနှောင်းလောက်မှာပဲ ကြည့်ဖြစ်တာ။
Speed မှာလေ။ Bus ကားအောက် ဝင်ပြီး time bomb ဖြုတ်ရတဲ့ ရဲ အရာရှိ Jack ဆိုတာ။
Hollywood က မင်းသားတွေ ဘာမှ သိပ်ပြောစရာ မရှိဘူး။
ကြည့်လို့ အဆင်ပြေရင် ကြိုက်လိုက်တာပါပဲ။

8) BYJ



သူ့ကားတွေ သိပ်မကြည့်မိပါဘူး။ ကြည့်ရသလောက် ကြိုက်ပါတယ်။
Winter Sonata ကိုတော့ လုံးဝကို မကြိုက်ပါ။
ဘိုးတော်ဘုရားခေတ်က ဇာတ်လမ်းမျိုး အတင်းကြီးပဲ မို့လို့။

ကိုယ် ပထမဆုံး ကြည့်ဖူးတာ Winter Sonata လဲ မဟုတ်၊ Hotel လဲ မဟုတ်ဘူး။
ဟိုတယ်ကားကတော့ ခုထိ မကြည့်ဖူးပါဘူး။
ဆရာမနဲ့ ကားလေ။ နောက်တော့ သူ ဦးနှောက် ကင်ဆာနဲ့ ဆုံးသွားတယ်။
မတုန်မလှုပ် အေးတိအေးစက်၊ ခေါင်းမာမာ ပုံစံနဲ့ ဘဝနာခဲ့တဲ့၊ အထက်တန်းလွှာထဲကို ဝင်ဆန့်ချင်တဲ့ လူငယ်တစ်ယောက် အကြောင်း။

အပြင်မှာ တွေ့ရင်တော့ ကြိုက်မယ် မထင်ဘူး။ မိန်းမနဲ့ တူလို့။

9) Zaw Win Htut



မြန်မာပြည်က တစ်ယောက်လောက်တော့ ထည့်ဦးမှလို့ စဉ်းစားမိတော့... တော်တော် ခေါင်းစားပါတယ်။ မင်းသားတွေ တစ်ယောက်မှ ကြည့်လို့ မရဘူး။ လွင်မိုး တစ်ယောက်လောက်တော့ ကြည့်ရ သလိုလို ရှိတယ်။ ဒါပေမဲ့ သူ့လည်း မကြိုက်တော့ မထည့်ချင်တာနဲ့။ အဆိုတော်ထဲကပဲ စဉ်းစားရပါတယ်။

သူနဲ့ ပတ်သတ်လို့ ခေါင်းထဲ ပေါ်လာတာ တစ်ခုရှိတယ်။
ဆရာမ မေငြိမ်း ရေးတဲ့ အသံသစ် ပြတိုက် ထဲမှာ ဖတ်ခဲ့ရတဲ့ သူ့အမျိုးသမီးကို ပေးခဲ့တဲ့ စာ ကလေး။ (Not Sparrow)

သူက စပြီး ကမ်းလှမ်းတော့ အသက်ကလည်းငယ် သီချင်းလဲ ဆိုနေပြီဆိုလား ... ဆိုတော့ အကျင့်စရိုက်ချင်းကလဲ တူမှာ မဟုတ်ဘူး ဆိုပြီး
မေခိုင်က ငြင်းလိုက်တယ်။... အဲဒီမှာ သူ စာရေးခဲ့တယ်။

"... ကိုယ် နောက်ဆုတ်သွားတာ မဟုတ်ဘူးနော်။
မေခိုင် စိတ်ညစ်မှာ စိုးလို့ နေရာမှာတင် ရပ်စောင့်နေတာ"

နောက်တော့လည်း စောင့်ရကျိုးနပ်သွားရော နေမှာပေါ့။

10) Cze Republic



အချစ်ဦးပေါ့။ ၁၆ နှစ်ကတည်းက Euro '96 မှာ အားပေးလာရတာ။
ပွဲစဉ်တွေမှာ သူတို့ ပျော်လျှင် ပျော်ခြင်း၊ သူတို့ ဝမ်းနည်းလျှင် ဝမ်းနည်းခြင်း၊ သူတို့ စိတ်လှုပ်ရှားလျှင် စိတ်လှုပ်ရှားခြင်းနဲ့ တစိတ်တည်း တဝမ်းတည်း ဖြစ်လာခဲ့တာ။

Final မှာ ဂျာမနီကို penalty နဲ့ ရှုံးတော့ ဂိုးသမား ထိုင်ကျသွားတဲ့ပုံကို မျက်စေ့ထဲက မထွက်တော့ဘူး။ ကိုယ့်စိတ်ထင် penalty ကိုပဲ ၅ လုံးစီ တကျော့တည်း မကဘူး ထင်တယ်။

အရေးကြီးတဲ့ တလုံးကို တယောက်က ကန်သွင်းမယ် ဆိုတော့... ကျန်တဲ့သူတွေ အားလုံးက မကြည့်ရဲလို့ စက်ဝိုင်းပုံ ဝိုင်းလို့ တယောက်ပုခုံး တယောက်ဖက်ပြီး တူတူ ခေါင်းတွေငုံ့ထားကြတာလဲ ဘယ်လို အမှတ်ရနေမိမှန်း မသိဘူး။ အဲဒီတည်းက အမျိုးတွေလို စိတ်ထဲမှတ်နေခဲ့တာ။ တကယ်တော့ နာမည်တွေတောင် နှစ်ယောက် ထက် ပိုမသိခဲ့ပါဘူး။

ကျောင်းပြီးကာစကတော့ Euro 2004 ကို ကြည့်ဖြစ်ပြန်တယ်။
ငယ်ချစ်ဦးမို့ သူတို့ကိုပဲ attention ပေးပြီး ကြည့်မိပြန်ရော။
ရှုံးပွဲ မရှိနဲ့ တောက်လျှောက် တက်လာခဲ့ပြီးမှ ရှုံးထွက်ပွဲလည်း ရောက်ရော တန်းပြီး ရှုံးတော့တာပါလား။
အသည်းကွဲတယ် ဆိုတာ အဲဒီမှာ နားလည်သွားတယ်။

နောက်နေ့မနက် အိပ်ရာနိုးတော့တောင် "ညက Cze အသင်းတော့ ရှုံးသွားရှာပြီ" ဆိုတဲ့ စိတ်နဲ့ နိုးခဲ့ရတယ်။

***
နှစ်သက်မိသော အမျိုးသားများ ဆိုတဲ့ post ကို ရေးပေးဖို့
ဖြူတုတ်လေး က tag လို့ပါ။
သူ မတဂ်လည်း ရေးမလို့ပါပဲ။

ခုလည်း gtalk မှာ ပြောရင်း ဒီ post အကြောင်းလည်း သိရော ရေးစရာတွေ အများကြီးရှိလို့ ရေးချင်လှချည်ရဲ့ ဆိုပြီး တောင်းတောင်းပန်ပန် tag ခိုင်းတဲ့ Addy ကို ဆက် tag လိုက်ပါတယ်။

***

16 comments:

Moe Cho Thinn said...

သဘောတကျ ဖတ်သွားတယ် ညီမ။
God Father သားအဖတော့ သဘောကျတာချင်း တူပါ့။ ကျန်တာတော့ တူဘူးရယ်.. :)

littlebrook said...

25 Oct 09, 14:16
littlebrook: ဂေါ့ဒ်ဖားသားထဲက အယ်လ်ပါချီနိုကို ကြိုက်သွားတယ် အေဂျေခရိုနင်လည်း ကြိုက်ပါ့ အမရေ ..

Anonymous said...

who is no: 1?...didnt explain about no: 1... :)

Anonymous said...

Click & Select the area beside No.1 .. you'll see the magic.

သက်ဝေ said...

ချစ်ညီမလေး ရီတာက မောင့်ကို ဖွက်ထားတာကိုးးးးးးးးး
တော်လိုက်တာ... :)

နှစ်သက်မိသော အမျိုးသားတွေ အကြောင်းကို မှတ်ချက်တွေနဲ့တကွရေးထားတာ.. စိတ်ဝင်စားစရာ...

တခုပဲ...
ဖွက်ထားတဲ့သူ အကြောင်းကိုလဲ မှတ်ချက်လေးနဲ့တကွ ဆိုရင် ပိုမိုက်သွားမှာ... ဟဲဟဲ...

တီချမ်း said...

အံမလေးတော် ကျုပ်ကပဲ တောင်းတောင်းပန်ပန် တက်ခိုင်းရတယ် ဖြစ်ရသေး
ကောင်းပါရဲ့
တက်ချင်လဲတက်ပါစေလို့ခွင့်ပြုတာပါနော်
ရေးမယ်

တီချမ်း said...

စကားမစပ်
အခုဘန်နာ ကိုအကြိုက်ဆုံးပဲ
လှပါ့

ဖြူတုတ်လေး said...

Thanks for this. I enjoyed reading your writing as always.

Hmmm...let's see, I can agree with you on 2, 7 and 9. I intentionally left 1 out as I can get into trouble if I also agree with you on that. (j/k)

Phyo Maw said...

ဆရာမနဲ့ကား ဆိုတာက ကျောင်းဆရာမကို ကြိုက်တဲ့ကားမဟုတ်လား စာမေးပွဲအဆင်ပြေအောင်
နောက်တော့ သူငှေးသမီးကို ရအောင်ယူဖို့ကြိုးစား
ကိုယ်တိုင်က အလုပ်ကြမ်းလုပ်နေပေမယ့်
လူသူအမြင်မှာ လူချမ်းသာကြားတိုးဖို့ သူငှေးယောင်ဆောင် နာလိုက်တဲ့ဇာတ် =)
ဆရာမသရုပ်ဆောင်တဲ့ မင်းသမီးတွေဝေပုံ
သူ့ကိုချစ်လွန်းလို့ မိဘတွေပြောစကားကြားက
သူနဲ့ တွေ့ဖို့ စွန့်လွှတ်ခဲ့ပုံတွေ ခုပြန်မြင်ယောင်တယ်

ပြောတဲ့ကားချင်းတူ မတူတော့ မသိဘူး ထင်တာတွေ စွတ်ပြောမိဘီ ^_^

Rita said...

ဟုတ်တယ် PM
အဲဒီကားပဲ။
ကိုယ် သိပ်ကြိုက်တာ။

Steve Evergreen said...

ကိုယ်ကတော့ ကိုယ့်ဘာသာကိုဘဲသဘောကျတယ် အဲဒီ အကောင်တွေ ကိုတခါမှသဘောမကျဘူး။ ချွင်းချက်ကတော့ movie character အနေနဲ့ Don Vito Corleone နဲ့ Michael Corleone ပါ။ Bill Gates အကြောင်း စာအုပ် ၃ အုပ်လောက်ဖတ်လိုက်ရပြီး သူ့ကိုအထင်ကို ကြီးလို့မရတော့ဘူး။ သူက opportunist သက်သက်ပဲ။ computer မှာတတ်တာထက် marketing မှာပိုတော်တာတွေ့ရတယ်။ Bill gates သာ ဒီ လောကကို လုပ်ခွင့်မရခဲ့ရင် ဒီထက်ကောင်းတဲ့ Operation system ကိုတယောက်က ထုတ်နိုင်မှာပါပဲ။ အခုလဲ ကြည့် လေ။ တကယ် ဒီလောကကိုစိတ်ပါတာမှမဟုတ်ပဲ။ အနားယူပြီး charity လုပ်နေသတဲ့။
ရီတာ မဖော်ပြတဲ့ နံပတ် တစ် ဘယ်သူလဲဆိုတာသိနေသလိုပဲ။ ဟဲဟဲ။

မြတ်နိုး said...

wow!..

most r same.
But i don't like Zaw win htut and BYJ.
BYJ for too beauty( i don't use handsome) like lady.

ကိုယ် နောက်ဆုတ်သွားတာ မဟုတ်ဘူးနော်။
မေခိုင် စိတ်ညစ်မှာ စိုးလို့ နေရာမှာတင် ရပ်စောင့်နေတာ"

i also like that word.
:)

Anonymous said...

ဟယ် အားလုံးနီးပါး အသက် ၄၀ ကျော်ကြီးပဲ။
လူငယ်တွေကိုလဲ အားပေးပါ။
Leonardo D, Matt Demon, Jake Gyllenhaal, Shia LaBeouf
their movies are also good..

Rita said...

သူတို့လဲ ဘယ်လောက်မှ ပိုမငယ်ပါဘူးလေ။
ပြီးတော့ ငယ်တာတွေ သိပ်ကြိုက်လို့ မဖြစ်ဘူး။

ဒီလူတွေကို တမင် ရွေးထားရတာ။
ဒါမှ သူ့ပြိုင်ဘက်တွေ အားလုံးနီးပါး အသက်ကြီးကြီးတွေချည်းပဲ ဆိုပြီး စိတ်ချနေအောင်လို့။
trick တွေပေါ့။
;)

Anonymous said...

ရိပ်မိတယ်။ No.1 လဲ လေးဆယ်ဝန်းကျင်ဆိုတာ။ :P j/k

SM

Anonymous said...

ရိပ်မိတယ်။ No.1 လဲ လေးဆယ်ဝန်းကျင်ဆိုတာ။ :P j/k

SM