ZT said...
ဝဋ်တို့ ကံကံ၏ အကျိုး ဆိုတာတွေနဲ့ ပတ်သက်လို့ စဉ်းစားလို့ မရတဲ့ ကိစ္စတစ်ခု ရှိတယ်။ ကိုယ်စဉ်းစားလို့ မရတဲ့ ကိစ္စတစ်ခုကို တခြားသူတွေပါ ရောပြီး ခေါင်းစားခိုင်းလိုက်ဦးမယ်။
ဥပမာ Mr.Y ကို Mr.Z က သတ်တယ်။
အတိတ်ဘ၀ တုန်းက Mr. Y က Mr. X ကို သတ်ခဲ့ဖူးမယ်။ အဲဒီအတွက် Mr. Y မှာ အတိတ်ဘ၀က ၀ဋ်ရှိလို့ အခု ဘ၀မှာ Mr. Z သတ်တာ ခံရတယ်လို့ ပြောလို့ရမယ်။
Mr. X အနေနဲ့လည်း အတိတ်ဘ၀က Mr. W ကို သတ်ခဲ့ဖူးလို့ Mr. Y က သူ့ကို သတ်တာ ခံရတယ်လို့ ပြောရမယ်။ Mr. W အနေနဲ့လည်း အတိတ်ဘ၀က Mr. V ကို သတ်ခဲ့ဖူးလို့ Mr. X က သူ့ကို သတ်တာ ခံရတယ်လို့ ပြောရမယ်။ အဲဒီလိုမျိုး အစဉ်အဆက် အရှေ့ကို လိုက်သွားမယ် ဆိုရင် သံသရာ အစမှာ ပထမဦးဆုံး အသတ်ခံရတဲ့ Mr. A ဆိုတာ ရှိမှာပဲ။ သံသရာအစ ဖြစ်တဲ့အတွက် သူ့မှာ ၀ဋ်ရှိမှာ မဟုတ်ဘူး။ သူ့မှာ ၀ဋ်မရှိဘဲ သူဘာလို့ အသတ်ခံရသလဲ။
ကတ်သီးကတ်သတ် မေးတာတော့ မဟုတ်ပါဘူး။ ခေါင်းထဲမှာ ဒီကိစ္စကို စဉ်းစားနေတာ ကြာပြီမို့ တစ်ယောက်ယောက်ဆီမှာ အဖြေရှိသလား သိချင်လို့ပါ။ မမေးသင့်ဘူးတော့ မဟုတ်ဘူး ထင်ပါတယ်။ မြတ်စွာဘုရား ကိုယ်တိုင်က သူဟောသမျှ ဆန်းစစ်ပြီးမှယုံလို့ ကာလာမသုတ်မှာ ဟောသွားလို့ တွေးမိတာလေး ပြောပြတာပါ။
တစ်ယောက်ယောက်မှာ အဖြေရှိရင် ပြောပြပေးပါ။ ကျေးဇူး အထူးတင်ပါတယ်။

***
Anonymous said...
ကိုယ့်အထင်ပြောရရင် Mr. A အသတ်ခံရတာက သူမကောင်းတာတွေ လုပ်တာများလို့ အကုသိုလ်ဖိစီးပြီး သူများသတ်တာခံရတာ နေမှာပေါ့။ ပြီးတော့မှ ဒေါသအလျောက် သတ်မိတဲ့ Mr. B က ဝဋ်ပြန်လည်တာ နေမှာပေါ့..
ဟီး ကိုယ်ထင်တာပြောပြတာပါ။
ဟို ဒိုမီနိုကစားသလိုမျိုးလေ။
စီတန်းထိဆက်ပြီး ပုံဖော်ထားတဲ့ ကဒ်လေးတွေ
တခုပြီးတခု ဆက်ကာဆက်ကာ လဲကျသွားဖို့ ပထမဆုံးကဒ်ကို ထိတို့လိုက်တာက လက်ချောင်းလေးဖြစ်ဖြစ် ဘောလုံးလေးဖြစ်ဖြစ် အခြားအရာ တခုခုက စလိုက်တာပေါ့။ အဲ့ဂလိုဖြစ်မယ်။ ဘာပဲဖြစ်ဖြစ်လေ စေတနာဆိုတာ တကယ်အကျိုးပေးတာနော်..

သူများ စိတ်ဆင်းရဲအောင် မနေနိုင်မထိုင်နိုင် ကြိုးစားအားထုတ်နေတဲ့သူ ဆိုရင် အခုလဲ အချိန်ကုန် လူပန်း၊ နောင်လဲ ဒီစေတနာရဲ့ အကျိုးပေးကြောင့် ကိုယ်ပြန်ပြီး စိတ်ဆင်းရဲစရာအကြောင်း ပေါ်ကို ပေါ်လာမှာပါ။ အဲ့ဒါတော့ ယုံတယ်။
Rita said...
ဟားဟား စက်ဖွင့်ဖွင့်ချင်း ရီမိတယ်။
အမေးနဲ့ အဖြေကို တကယ်သဘောကျလို့ပါ။
Anonymous ဖြေသွားတာ ဆီလျော်တယ်လို့လဲ ထင်မိပါတယ်။ ဝေးဝေးမကြည့်ပါနဲ့။ အဇာတသတ်နဲ့ ဗိမ္ဗိသာရမင်းကိုပဲ ကြည့်ပါ။ ဗိမ္ဗိသာရဟာ ကိုZT ပြောတဲ့ Mr. A နေရာကပဲ။ နောက်ပိုင်း ဆွေစဉ်မျိုးဆက် အဖသတ်သားတွေအဖြစ် မင်းဆက် ဘယ်နှစ်ဆက်ရယ်လို့ ပါးစပ်ရာဇဝင်တော့ ကြားဖူးပါတယ်။ ခိုင်ခိုင်မာမာ မသိပါ။
ဆိုတော့ ဒီသံသရာမှာ Mr. A နေရာက ဗိမ္ဗိသာရဟာ သူက ဖခင်ဖြစ်သူကို သတ်ခဲ့တာ မဟုတ်ဘူး။ တခြား အကုသိုလ်ကြောင့် သားဖြစ်သူရဲ့ အသတ်ကို ခံရတာပဲပေါ့။ အဇာတသတ်အနေနဲ့ ကြည့်ရင်လည်း သူ့ အကုသိုလ်ဟာ သူ ရွေးချယ်ခွင့်ရှိတဲ့ထဲကနေ သူကိုယ်တိုင် ရွေးချယ်ခဲ့တာပဲ။ အဖသတ်သားသာ မဖြစ်ခဲ့ရင် အဲဒီ ဘဝမှာတင် ကျွတ်တမ်းဝင်နိုင်တယ် ဆိုတယ် မဟုတ်လား။ (ကံ = အလုပ် ဆိုတာ တကယ့်ကို ကိုယ်ပိုင်ဥစ္စာပဲ။ ကိုယ်တိုင် ရွေးချယ်နိုင်ခွင့်ရှိတဲ့ အရာပဲ)
ဒါကို ကြည့်ရင် Anonymous ပြောသလိုပါပဲ။
ဝဋ် ဆိုတာ တူသော အကျိုးပေးလို့ ဆိုကြပါစို့။ တူသော အကျိုးပေးဆိုတာ အဖြစ်အပျက်အားလုံး ဆင်တူပြန်ဖြစ်တယ်ရယ်လို့တော့ မဟုတ်ဘူးထင်တယ်။
ဥပမာ။ ။ ဒေဝဒတ်က ဘုရားကို ခြေမသွေးထွက်အောင် ပြုခဲ့တယ်။ တကယ်တမ်း သူ့ရည်ရွယ်ချက်က အသက်ကို လုပ်ကြံတာလေ။ ဘုရားရှင်တို့မည်သည် သူတပါးက လုပ်ကြံလို့ အသက်သေရိုးထုံးစံ မရှိလို့သာ မဟုတ်လား။ အဲဒီအဖြစ်မှာ ဖြစ်စဉ်သာ တူကြေးဆို ဒေဝဒတ်သည် သူများက သူ့ကို ပြန်လုပ်ကြံခံရရုံနဲ့တင် ပြီးတော့မှာပေါ့။ ဒါပေမဲ့ သူ့အကုသိုလ်က ကြီးလွန်းလို့ ငရဲတန်းရောက်တယ် ဆိုတယ်။
နောက်တခုက ကိုZT မမေးပေမယ့် သုံးသွားတဲ့ စကားလုံး "သံသရာ"။
အဲဒီ ကိစ္စတော့ ကိုယ်လဲ ခုထိ စိတ်ထဲ မကျေလည်သေးပါဘူး။ သံသရာအစ လို့ ကိုZT သုံးသွားပေမယ့် ဘုရားဟောမှာ ဒီလို မလာဘူးရှင့်။ သံသရာသည် အဆုံးအစမထင်/ အဆုံးအစမရှိ လို့လာတယ်။ လူဘယ်က စဖြစ်တယ်လို့ ဘုရား မဟောဘူးဆိုတယ်။
အဲဒါ ဘာဖြစ်လို့ ဆိုတော့ ဒီသံသရာ စက်ဝန်းဟာ အဆုံးအစ မရှိလို့ပါ တဲ့။ စက်လုံးတစ်လုံးကို အဆုံးအစ သတ်မှတ်လို့ မရသလို သံသရာကိုလည်း အဆုံးအစ သတ်မှတ်လို့ မရပါတဲ့။
ဒါကိုတော့ ကိုယ်လဲ ဉာဏ်မမီပါဘူး။
ဘုရားရှင်တို့ မည်သည် "ဟုတ်မှန် အကျိုးရှိ" နှစ်တန်သော စကားကိုသာ ဆိုတယ် ဆိုတော့ ဒီကိစ္စဟာ ဟုတ်မှန်ရာ ဖြစ်သော်လည်း ဝေနေယျ သတ္တဝါတွေအတွက် အကျိုးမရှိနိုင်လို့ ဟောမသွားဘူးလို့ ယူဆရမလို ဖြစ်နေပါတယ်။

(အဆုံးအစမရှိ ဆိုတာ သက်ရှိတွေရဲ့ ဖြစ်စဉ် သံသရာကို ဆိုပါတယ်။ individual တဦးတယောက်ချင်းရဲ့ ဘဝသံသရာကတော့ ဘဝဆက် ပြတ်အောင် ဖြတ်နိုင်ရင် ပြတ်တယ် ဆိုရမယ်ပေါ့။ ဒါက တဦးချင်းစီရဲ့ သံသရာအဆုံး ဖြစ်မှာပေါ့။)
ကိုZT ရော၊ Anonymous ကိုရော သိပ်ကျေးဇူးတင်ပါတယ်။

စဉ်းစားစရာ ဖြစ်တယ် ယူဆလို့ post အဖြစ်ပြန်တင် လိုက်ပါတယ်။
ကိုZT ကိုရော၊ လာဆွေးနွေးတဲ့ Anonymous ကိုပါ သိပ် ကျေးဇူးတင်ပါတယ်။

3 comments:
Thanks for your answer and post. :)
I am satisfy with your answer to some extents.
ကံ ကံ၏အကျိုးဆိုတာကို အနက်သိရင် သံသရာဆိုတာကို နားလည်လာလိမ့်မယ်လို့ အကြံပြုချင်တယ်။ http://www.lknt11.com/2009/07/blog-post_8973.html အဲဒီပိုစ့်မှာ ဆရာတော်ရေးထားတာလေး ကောင်းတယ်။
ကျုပ်တို့ တချို့ဗုဒ္ဓဘာသာဝင်တွေရဲ့ အားနည်းချက်ဟာ တကယ်မလေ့လာသေးပဲ ဗုဒ္ဓဘာသာလို့ မှတ်ပုံတင်ထဲ စာရင်းသွင်းထားတာ သိပ်ဆိုးတယ်။ (ကျုပ်အပါအ၀င်ပေါ့။) ဒီပိုစ့်အတွက် ကျေးဇူးပဲ။
ပိုစ်ပြန်တင်တဲ့အတွက် မှတ်မှတ်သား သား မှတ်သားထားတယ်ဗျာ...
Post a Comment