Thursday, October 8, 2009

Poor Fish !

ဒီနေ့မနက်
အိပ်ရာကထတော့ ရေနွေးတည်ဖို့ မေ့တယ်။
ခါတိုင်း နိုးတာနဲ့ တည်နေကျ... ပြီးမှ ရေမချိုးခင် ကော်ဖီဖျော်တယ်။
ဒါမှ ရေချိုးပြီးလို့ breakfast စားချိန်ကျ သောက်ဖို့ အနေတော်ပဲ။

နေ့တိုင်းလုပ်နေကျကို လုပ်ဖို့ မေ့တယ်။

ရေချိုးပြီးလို့ အဝတ်စားလဲတော့မှ သတိရတယ်။
ရေနွေးလည်း မတည်ဘူး၊ ကော်ဖီလည်း မဖျော်ရသေးဘူး ဆိုပြီး...
ဒါနဲ့ ကော်ဖီ တခွက်စာပဲ အရင်တည်ပြီး၊ စားရင်သောက်ရင်း စဉ်းစားမိတယ်။

ညနေ ရေကျက်အေးလုပ်ဖို့ ထပ်တည်လိုက်ဦးမယ်လို့...
electric kettle ရှိပေမယ့် ကြီးနေလို့ ရိုးရိုးအိုးနဲ့ နည်းနည်းပဲတည်မယ် ဆိုပြီး လျှာရှည်ပြီးသကာလ... မြန်မြန်ပြီးအောင် gas ကို နည်းနည်း မြှင့်ပြီး တည်လိုက်တာ...

ရုံးကိုလာတော့ ပိတ်ဖို့မေ့ပြီး ဒီတိုင်း ပစ်ထားခဲ့တယ်။
ငါးမိနစ်လောက် လမ်းလျှောက်ပြီးတော့မှ အိမ်မှာကျန်ခဲ့တဲ့ ညီမလေးတယောက်ကို အလန့်တကြား ဖုန်းလှမ်းခေါ်ရတယ်။ သူကလဲ တော်တော်နဲ့ မကိုင်တော့ ကိုယ့်မှာ ရှေ့ပဲဆက်ရမလား၊ နောက်ပဲ ပြန်လှည့်ရမလားနဲ့...

နှစ်ခါလောက် ဆက်တိုက်ခေါ်ပြီး ကိုင်တော့မှ... ဟင်း ချရတယ်။
သူကလဲ တန်းသိတယ်။ "အစ်မ မီးဖိုလား" တဲ့။

***
ခုတလော လုပ်သင့်တာတွေ မလုပ်ဘူး။
* အကျိုးရှိမယ့်စာ များများ ဖတ်ရမယ်။
* အချိန်ကို အလေးထားရမယ်။
* ဘာသာစကား တိုးတက်အောင် လုပ်ရမယ်။
* နိုင်ငံတကာ သတင်းပလင်းလေး နားစွင့်ရမယ်။
(ရုံးနဲ့နီးတဲ့ အိမ် ပြောင်းလာတာ ဘာလုပ်ဖို့လဲ။ ဒါတွေ လေ့လာဖို့ မဟုတ်လား။)

မလုပ်သင့်တာတွေတော့ လုပ်နေတယ်။
* အကျိုးမရှိမယ့်စာ (ရုံးတွင် ရာထူးတက်ရန် အထောက်အကူမပြု၊ လစာတိုးရန် အထောက်အကူမပြုသော စာများကို ဆိုလိုပါသည်။) အများကြီး ဖတ်နေတယ်။
* အားတိုင်း ကွန်ပျူတာနဲ့ မျက်နှာချင်းဆိုင်နေတယ်။
(ဟီးဟီးဟားဟားတွေ လုပ်တယ်။)
* ဘယ်တုန်းကမှ မကြည့်ချင်တတ်တဲ့ ဗမာကားတောင် ကြည့်မိနေသေးတယ်။
(တခါကြည့်ရင် မိနစ် ၂၀၊ နာရီဝက်နဲ့ ၂ ရက်ရှိပြီ။)
* ဘလော့က အတင်းတွေပဲ လိုက်ဖတ်နေမိတတ်တယ်။
(ဘလန့်ချက်နဲ့တောင် ဝယ်လိုက်သေးတယ်။)

***
တော်မှ တော်မှ...
ကိုယ့်အကြောင်း လူသိတယ်။


11 comments:

Bino said...

Rita,
You are right.
Work after worked.
Never stop the practice of continuous learning.
Don't stop thinking by your brain.
An idle mind is the devil's workshop.

BINO

ဖြူတုတ်လေး said...

OMG... I finally got what you meant by your 'Title'.
Originally, I thought that you must have cooked Fish for your dinner or lunch. Then, I read the whole thing and I got lost coz I saw no 'Fish' what so ever was mentioned in your post. I kept thinking, thinking, thinking and THINKING HARDER...
And 'YES' I got it now. Ha Ha I am quite embarassed for being so slow.

Steve Evergreen said...

whatever she said, Rita is the best and brilliant all the time.

Nay Nay Naing said...

ဒီလိုပဲ အားလုံး ရှုပ်နေကြတာပဲ ထင်တယ်။ ကိုယ့်ကိုကိုယ်လည်း အရမ်း Pressure မပေးပါနဲ့ ။ သက်တောင့်သက်သာ အဆင်ပြေ ပျော်အောင်နေပါ။
စိတ်ပင်ပန်း လူပင်ပန်းနေချိန်ဆို မီးပူ၊ မီးဖို သုံးတာ သတိထားပေါ့။ အဲဒါတွေ အရေးကြီးတယ်။

မြတ်နိုး said...

ခုတလော လုပ်သင့်တာတွေ မလုပ်ဘူး။
for me,long time before like this. now my brain is alarming.

မလုပ်သင့်တာတွေတော့ လုပ်နေတယ်။
that's right.
i know i m stupid .

ဘယ်တုန်းကမှ မကြည့်ချင်တတ်တဲ့ ဗမာကားတောင် ကြည့်မိနေသေးတယ်။
ever watch for spending time.
i m so stupid .

အားတိုင်း ကွန်ပျူတာနဲ့ မျက်နှာချင်းဆိုင်နေတယ်။
always read blog. :(


တော်မှ တော်မှ...
ကိုယ့်အကြောင်း လူသိတယ်။
တော်မှ တော်မှ...
ကိုယ့်အကြောင်း လူသိတယ်။
တော်မှ တော်မှ...
ကိုယ့်အကြောင်း လူသိတယ်။
I shouted 3 times .

နန်းညီ said...

တုတ်ကြီးကြီးကောက်ထား..

littlebrook said...

အမ ဘ၀ကတိုတိုလေး ပျော်သလိုနေ ... ဟီးဟီး မြောက်ပေးတာ ..

သက်ဝေ said...

ရီတာ နှမရေ...
ကိုယ့်ကိုများ စောင်းပြောထားသလားတောင် ထင်မိတယ်...
တခုပဲ... ကိုယ်က မြန်မာကားတွေ တော့ ကြည့်မနေသေးဘူး.. (ဘယ်တော့ ကြည့်ဖြစ်မယ် မသိ)

ရုံးချိန်နီးနေမှ ကော်ဖီဖျော်ရင် ရေနွေးကို တဝက်လောက်ပဲထည့်ပြီး ကော်ဖီမှုန့် သကြားနဲ့ Creamer တွေ ပျော်သွားအောင် အရင် ဖျော်လိုက်ပါ..
ပြီးမှ ရေအေး ဖြစ်ဖြစ် ရေခဲတုံး ဖြစ်ဖြစ် ထည့်ပြီး နွေးနွေးလေးမှာ သောက်.. (ကိုယ့်ရဲ့ အကျင့်ဆိုးတွေထဲက တခုပါ..)

. said...

အဲဒီအတိုင်း တွေးခဲ့ဖူးတယ်..သိလား။ လုပ်သင့်တာတွေ လုပ်မှ..လုပ်မှ.. ဆိုတာ ၂၀၀၃လောက်ကတည်းကပဲ။ ဒါတောင် .. အဲဒီတုန်းက ဘလော့ဆိုလို့ ကိုညီလင်းဆက်၊ မနိုင်းနိုင်း၊ မမေဗဲလက်စ်တို့လောက် ရှိသေးတာ။ ဒီလိုနဲ့ပဲ ခု ၂၀၀၉ ရောက်ပေါ့။ :P။

တန်ခူး said...

ညီမရီတာရေ… မီးဖိုတော့မမေ့ပါနဲ့ ညီမရယ်… မနက်အိမ်ကထွက်ခါနီးတိုင်း မီးဖိုမီးခလုတ်ပြူတင်းပေါက်တွေ တခါပြန်စစ်ပြီးမှ ထွက်နော်… စိုးရိမ်လို့ ညီမရေ

ဗီလိန် said...

ရာထူးတိုးမယ့်/လခတိုးမယ့် စာမှသာ အကျိုးရှိမယ့်စာလို့ထင်ရင် မှားသွားမပေါ့။