Saturday, October 24, 2009

တရားချ ခံရခြင်း

ညက သူငယ်ချင်းတစ်ယောက်က အကြာကြီး တရားချတာ ခံလိုက်ရတယ်။
ကိုယ်ရေးကိုယ်တာကိစ္စအတွက်ပါ။ virtual world ကဟာနဲ့ မဆိုင်ပါဘူး။

ပထမ gtalk ကနေ ပြောရာက နောက်တော့ ပြောမရ ဆိုမရ ဖြစ်နေတယ် ထင်လားမသိ။

ဖုန်းခေါ်ပြီး ဆက်ပြောတယ်။


ည 12 နာရီ ကျော်တဲ့ထိ။

ဒါတောင် ငါ နက်ဖန် ရုံးသွားရမယ် ဆိုပြီး ဖြတ်လိုက်လို့။

မဟုတ်ရင် ဆက်ပြောဦးမှာ။


ပြောလိုက်တာတွေကတော့ စုံနေတာပဲ။

များလွန်းတော့လည်း ဟုန်သွားပြီ။

ဘာတဲ့ လျှပ်စစ်နဲ့ ရှော့ခ် ရိုက်လို့ ရတဲ့ဟာကို လည်လှီးဖို့ ကြံစည်နေတယ် ဆိုလား။

မဟုတ်ပါဘူး။ သူ့အလိုလျောက် သက်တမ်းကုန်သွားတာကို စောင့်နေတာပါ ပြောလဲ လက်မခံဘူး။


မျက်နှာကျောက တင်း၊ စကားပြောက ပြတ်တောင်း၊

ဒီကြားထဲ စကားက တတ်တတ်နဲ့ ပြောလိုက်ရင် "တိ" ကနဲ ပြတ်တော့မယ့် အသွားတွေက သုံးတတ်ခဲ့တာ ဆိုတော့ အရေးကြုံမှ "ငါက ကြင်နာတတ်တဲ့သူပါ" သွားပြောတော့ ယုံမယ့်သူ မရှိတော့ဘူး။

(ယုံမယ့်သူ မရှိတော့ဘူး ဆိုတာ... ဘယ်သူ့မှ သွားပြောဖူးလို့ မဟုတ်ဘူး။

ဒီလူတွေကမှ မယုံတာ ကျန်တဲ့ ဘယ်သူကမှ ယုံမှာ မဟုတ်ဘူး လို့ တွက်ကြည့်မိတာ)


အော် စိတ်ထဲမှာ ဘာရှိတယ် ဆိုတာ ဘယ်သူမှ မသိပါဘူး။

"I am just a poor girl. never lucky in the affair like that..." blah blah တွေ ပြောကြည့်တော့လည်း

"လာညည်းပြမနေနဲ့။ နင့် ဘယ်သူမှ မသနားဘူး" လို့ ပြောတယ်။


ခက်တာ...

ဘယ်လိုမှလည်း ကိုယ့်အမြင်ကို အဆိုတင်သွင်းလို့ မရ။ ပယ်ချည်း ချနေတော့တာပဲ။

နင့်ဟာနင် ငဲ့တာတွေက များနေတာ... တို့

ပါးပါးလေးနဲ့ ချည်ထားတာ... တို့

အမယ်.. အနုပညာနဲ့ တော်တော် ဝေးတဲ့သူ မို့ပဲ။ မှတ်တောင်ထားရဦးမယ်။ ဝတ္ထုထဲ ပြန်သုံးဖို့။

ဘယ်တုန်းတည်းက ပြောချင်နေတယ် မသိဘူး။


ကိုယ့် Personal Affair သက်သက်ပါ။

စကားလဲ မစပ်ပါဘူး။ တကယ်တော့ စကားလဲ စပ်စရာ မလိုပါဘူး။

ကမ်းပါးပြိုတယ်ဟေ့ ပြောရာကနေ နွားမပေါင်ကျိုးတာ ရောက်ချင်ရောက်မှာပဲ။


သူ့ဘာသာ ကိုယ့် ဖြစ်စဉ်တွေကို မသင်္ကာရာကနေ ဟိုမေးဒီမေးနဲ့ နောက်ဆုံးမှာ ပြောစရာ ရသွားတော့တာပဲ။ ဘယ်လို သဘောထားလဲ ပြောရရင်တော့ သူငယ်ချင်းမို့ ချစ်တဲ့ မျက်စေ့နဲ့ ကြည့်တော့ ဘာတွေပဲ လာပြောပြော ချစ်ပါတယ်။
(အဲလိုတွေ ထည့်ထည့်ရေးနေတာ သူ့ရီးစားတော့ ကျေနပ်ရဲ့လား မသိဘူး။)

ကျေးဇူးလည်း တင်ပါတယ် လို့ ပြောချင်ပေမယ့် အဲဒီစကား သိပ်မမိုက်ပါဘူး။


ဒါပေမဲ့ "My main point is I want you to be a Straight person" လို့ ပြောတော့ အဲဒါ ကိုယ့်ကို နှက်ထားမှန်း သိရက်သားနဲ့ ကျေနပ်နေတာပါပဲ။

အမြင်မတူတာကတော့ တပိုင်းပေါ့။


You are saying, "I'm so pity the fish so I hit its head and let it die." ဆိုတာ ပါသေးတယ်။

ဗမာလိုရော၊ ဘိုလိုရော စုံနေတာပါ့ပဲ။

အရင်ကတော့ soup လုပ်ပြီးရင် အိုးလိုက်ချပြီး သောက်နေကျ။

ပန်းကန်လုံးတစ်လုံး ဆေးရသက်သာ နည်းလား ဆိုပြီ။

နောက် အဲလို အိုးစွပ်ခွက်စွပ် မစားတော့ပါဘူး။


နောက်ကျမှ အိပ်ရာဝင်ဖြစ်ပြီး တော်တော်နဲ့ အိပ်မပျော်ဘူး။

သူပြောတာတွေ ပြန်စဉ်းစားမိပြီး...


အဲလို ထင်ရင် မှားသွားမှာပေါ့။

အိပ်လိုက်တာ တချိုးတည်းပဲ။ ၇ နာရီ ခွဲခါနီးမှ နိုးတယ်။

ရုံးကို ၁ဝ မိနစ်နီးပါး နောက်ကျပြီးမှ ဝင်တယ်။


***

ကံများ ဆိုးချင်တော့ နောက်ကျကာမှ MD က အပေါက်ဝမှာ ရပ်နေတယ်။

ပိုပြီး ကံဆိုးချင်တော့ သူနဲ့ကိုယ် အင်္ကျီ အရောင်က ဆင်တူနေသေး။


ခုတလော လုပ်သမျှတွေကလည်း အဆီအငေါ်မတည့် တော်တော်ဖြစ်နေတယ်။

ကိုယ်ရေးကိုယ်တာ affair တွေက သိပ်အဆင်မပြေရတဲ့ထဲ... ရှိတဲ့ သူငယ်ချင်းလေး နှစ်ယောက်နဲ့ တပိုင်းက ကိုယ့်ဘက်က မဟုတ်ဘူး။ ငါ့ကိုများ မိစ္ဆာမကြီး ထင်နေကြလား သွားမေးရင်လဲ မေးတော့မှ ပြောစရာ စကားလုံး အသစ်ရသွားဦးမယ်။ ကိုယ့်ရှူးကိုယ်ပတ်...


ကိုယ်ရေးကိုယ်တာ အဆင်မပြေလို့ ကိုယ်မရေးကိုယ်မတာ တာတွေ မနေနိုင် မထိုင်နိုင် လုပ်တော့လည်း တရားစွဲ မခံရတာပဲ တော်ဦးမယ်။ တကယ်တော့ ကိုယ် အာရုံများလို့ ရတဲ့သူ မဟုတ်ဘူး။ အဲဒီအချိန်မျိုးမှာ အမြဲတမ်း လွဲတတ်တယ်။ ဒါပေမဲ့ ဘယ်လို အငြိမ်မနေနိုင်တဲ့ ဇာတာလဲ မသိဘူး။


ပုံမှန်အားဖြင့်တော့ ကိုယ်ရေးကိုယ်တာကို ဝေဖန်ခံရရင် မကြိုက်ပါဘူး။

ဒါပေမဲ့ ချွင်းချက်တွေတော့ ရှိပါတယ်။

နည်းနည်းပါးပါးပဲ ရှိတဲ့ ချစ်တဲ့ သူငယ်ချင်းတွေက ချွင်းချက်ပေါ့။


တကယ်ဆို အဲဒီ ညနေမှာ online ကြောင့် စိတ်အနှောက်အယှက် ဖြစ်နေခဲ့တာ။

ဒီကြားထဲ ညကျ မမျှော်လင့်ဘဲ အပြောခံလိုက်ရပေမယ့် စိတ်တော့ မဆိုးပါဘူး။

စိတ်မကောင်းတော့ ဖြစ်မိတယ်။

ငါ့ကို နားမလည်ပါလား လို့။


***

ခု Tina Arena ရဲ့ I wanna know what love is... အပြန်ပြန် နားထောင်မိတယ်။


ကြားဖူးတယ် မဟုတ်လား။


"တားဆီးလို့ မရနိုင်တာ အချစ်၊ ကစားဖူးသလား ထိုးစစ်၊ အားလုံးနဲ့ ရှင်းရန် အဆင်သင့်၊ နောက်မဆုတ်နဲ့ ဆက်ချစ်..."
ဆိုတာ ဇော်ဝင်းထွဋ် ဆိုခဲ့တဲ့ သီချင်း။


***

လောကကြီးကို စိတ်ကုန်တယ်။

shopping ထွက်လိုက်ဦးမယ်။


***

သူငယ်ချင်းကိုတော့ ချစ်ပါတယ်။

ဒါပေမဲ့ သူအဲလိုပြောတော့ ဝမ်းနည်းတာပဲ။


***

7 comments:

ဖြူတုတ်လေး said...

I am absolutely intrigued by this one. I'd like to be able to understand the situation but we are not being provided the whole scope here. :) So, I can't decide which side to remain on ( yours or your friend's).

One thing for sure is ... I can feel that you are unhappy about something. If you have clear conscience on what you did, don't feel bad no matter what others say.

Ok, ok.... I'll let you do shopping. :)

တီချမ်း said...

အင်း သေချာတယ် ဒါတစုံတယောက်ကို
တစုံတခုပြောချင်နေတာပဲ
တစုံတရာ သောအကြောင်းတွေများလား
တစုံတခု တော့ တစုံတခုပဲ
မသိတော့ပါဘူးလေ
တစုံတရာလဲဖြစ်နိုင်တာပဲ
သေချာတာကတော့ တစုံတယောက်ကတော့ နားလည်မှာပါ
တစုံတယောက် ကမှ နားမလည်ရင်သေချာတယ် မမရီတာ တော့ တစုံတရာ ဖြစ်နေပြီ

ကြည်ဖြူပိုင် said...

ဝေးး..ဘာမှစိတ်မကောင်းဖြစ်မနေနဲ့သူငယ်ချင်း
သူကအဲလိုပဲပြောတတ်တာ..
သူ့ရီးစားကဘလော့ဂ်လည်လေ့ရှိပါဘူး
ငါ့သူငယ်ချင်းလေးခုတလောစိတ်ညစ်နေလား
ပျော်ရွှင်ပါစေ

Rita said...

24 Oct 09, 22:05
kom: :cool:
24 Oct 09, 19:51
steve: နာမည်များတော့ partner လဲများမလားပဲ bby
24 Oct 09, 19:42
sdl: လေဘယ်ထဲက သူငယ်ချင်းက ပြောသွားတာလား..အင်... ။ အဟိ...:)

Bino said...

You can go strait as your plan.
Do not follow advices of anyone if you don't believe.
Whatever you do you have to accept the consequences.
Everybody right to think....
right to believe......
but there is some restriction for right to do....
I worked the right way that I believed.
I do not care the society that they want me blame.
THE HONESTY IS THE BEST POLICY.
bino

Bino said...

You can go strait as your plan.
Do not follow advices of anyone if you don't believe.
Whatever you do you have to accept the consequences.
Everybody right to think....
right to believe......
but there is some restriction for right to do....
I worked the right way that I believed.
I do not care the society that they want me blame.
THE HONESTY IS THE BEST POLICY.
bino

Vista said...

ကိုယ် ဒီပိုစ့်စတင်တဲ့ ၃၀
မိနစ်လောက်တည်းကတွေ့ တယ် မန့် မလို့ ပဲ ..
ဘာဖြစ်မှန်းမသိမမန့် ဖြစ်ဘူး ..
နောက်တော့မေးလ်ပို့ ပြီးမန့် မလို
့ရီတာမကြိုက်ရင် တင်စရာမလို တော့ဘူးပေါ့
ဒါပေမယ့်အခုအထိမေးလ်မပို့ ဖြစ်သေးဘူး ...စဉ်းစားလိုက်ပါအုံးမယ် ..