Sunday, October 25, 2009

Rudyard Kipling ရဲ့ ကဗျာတစ်ပုဒ်

If

If you can keep your head when all about you
Are losing theirs and blaming it on you;


မင်းအသိုင်းအဝိုင်းက တုန်လှုပ်ခြောက်ခြားပြီး ဒါတွေဟာ မင်းကြောင့်လို့ ဝိုင်းဝန်း ပြစ်တင်ကြတဲ့အခါ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ် ဆိုရင်

If you can trust yourself when all men doubt you,
But make allowance for their doubting too:


အားလုံးက မင်းကို မယုံသင်္ကာ ဖြစ်လာတဲ့အခါ သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့

မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ် ဆိုရင်

If you can wait and not be tired by waiting,
Or, being lied about, don't deal in lies,
Or being hated don't give way to hating,
And yet don't look too good, nor talk too wise;


စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ် ဆိုရင်

ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်တရား မုသားစကား ကြားရတဲ့အခါ မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူး ဆိုရင်

ဒါမှမဟုတ်
မင်းကို လူတကာက ဝိုင်းဝန်းမုန်းတီးတဲ့အခါ မင်းဟာ အမုန်းတွေပြန်မပွားဘူး ဆိုရင်

ပြီးတော့
မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ ပညာရှိဆန်လွန်းတဲ့ စကားတွေလည်း မပြောဘူး ဆိုရင်

If you can dream---and not make dreams your master;
If you can think---and not make thoughts your aim,


စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ် ဆိုရင်

If you can meet with Triumph and Disaster
And treat those two impostors just the same:


အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလား ရယ်လို့ ခံယူထားနိုင်မယ် ဆိုရင်

If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and building up with worn-out tools;


မင်းရဲ့အမှန်စကားတွေကို လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ် ဆိုရင်


ဒါမှမဟုတ်
မင်းဘဝတစ်ခုလုံးပေးပြီး အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့ ပြန်လည် တည်ဆောက်နိုင်မယ် ဆိုရင်

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings,
And never breathe a word about your loss:


မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်

ပြီးတော့ အစကနေ ပြန်စနိုင်မယ် ဆိုရင်
ပြီးတော့တစ်ခါ ဆိုးလှတဲ့ကံကြမ္မာရယ်လို့ ဘယ်သောအခါမှ ညည်းညူမနေဘူး ဆိုရင်

If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on!"


သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ မင်းတစ်ယောက်တည်းနဲ့ပဲ အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ် ဆိုရင်

အဲဒီလိုပဲ မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ အဲဒီ စိတ်ဓာတ်အင်အားကို ခိုင်မာစွာနဲ့ပဲ ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ် ဆိုရင်

If you can talk with crowds and keep your virtue,
Or walk with Kings---nor lose the common touch,


လူတွေနဲ့ ထိတွေ့ပြောဆို ဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ် ဆိုရင်
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူ လမ်းလျှောက်နေရပေမယ့် မာန်မာန သွေးမကြွဘူး ဆိုရင်

If neither foes nor loving friends can hurt you,


ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ မင်းကို သိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်


If all men count with you, but none too much:


လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့် စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူး ဆိုရင်


If you can fill the unforgiving minute
With sixty seconds' worth of distance run,


တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ် အသုံးချနိုင်မယ် ဆိုရင်

Yours is the Earth and everything that's in it,
And---which is more---you'll be a Man, my son!


မင်းဟာ
အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်းတစ်ယောက်ပဲပေါ့။

Rudyard Kipling


(Translated by Aung San Su Kyi)


***
email ကနေ ရတဲ့ ကဗျာပါ။
ကြိုက်လို့ ပြန်တင်ပါတယ်။

အနီရောင်နဲ့ ရေးထားတဲ့ စာသားတွေကို အကြိုက်ဆုံးပါပဲ။
ဘာဖြစ်လို့ ဆိုတော့ တခြား အကြောင်းအရာတွေက တွေ့ရ မြင်ရ ကြားရလွယ်ပြီး၊
အဲဒီလို အကြောင်းအရာမျိုးကျတော့ တွေ့ရ မြင်ရ ကြားရခဲတယ် ထင်လို့ပါ။

ဥပေက္ခာ သဘောတရားပဲလို့ ခံစားမိပါတယ်။
လောကကြီးမှာ နေတတ်ဖို့ အတော်လိုတာ။

လူတစ်ယောက်ကို "အများနဲ့ တန်းတူ လေးစားပါတယ်။ ခင်မင်ပါတယ်"
ပြောကြည့် ကြိုက်တဲ့လူ မရှိဘူး ဆရာ။ သူ့ကိုမှ အထူးတလည် ရှိစေချင်တာမျိုး၊ သူ့ကို သူလို့ပဲ မှတ်ရမယ်။ အများနဲ့ ရောထွေး မတွေးရဘူး ဆိုတဲ့ ပေါကြောင်ကြောင် စကားမျိုးတွေ ကြားရနိုင်တယ်။ (လွန်းထားထားတို့ dialogue တွေ ထင်တာပဲ)

လူတွေဟာ တန်ဖိုးထား လေးစားတာနဲ့ ဒွေးရောယှက်တင် ရောနှောတာကို ကွဲကွဲပြားပြား နားမလည်ကြဘူး။ အလေးအနက် အသိအမှတ်ပြု ဆက်ဆံတာနဲ့ လုပ်ဇာတ်ကြီး တစ်ခုလို အပေါ်ယံလေး ဟန်ဆောင်တာကို ခွဲခြားပြီး မသိကြဘူး။ ကိုယ်တော့ အဲလိုပဲ ခံစားရတယ်။

ဆိုတော့...

လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့် စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူး ဆိုရင်

ဆိုတဲ့ စာသားကို တွေ့လိုက်ရတော့ အတော် ကြိုက်သွားမိပါတယ်။
ပြီးတော့ ဒီအရည်အချင်းကတော့ အလိုလို ရှိပြီးသားလို့ တွေးမိလိုက်သေး။


Poet ပြောသလို mature ဖြစ်တဲ့ စိတ်အထာနဲ့တော့ ဟုတ်ချင်မှ ဟုတ်မယ်။
ကိုယ့် မူ အတိုင်း စိတ်နဲ့ မတွေ့တဲ့ အရာတွေကို ပေယျာလကံ လုပ်တတ်တဲ့စိတ်၊
အချဉ်ပေါက်လွယ်၊ အမြင်ကပ်လွယ်တဲ့ စိတ်နဲ့ ဖြစ်လိမ့်မယ်။

***

6 comments:

ဖြူတုတ်လေး said...

Love this poem. Thanks for posting! I don't know why but I personally like the THIRD paragraph the most.

Bino said...

Thanks for posting.
I absorbed all.
BINO

Phyo Maw said...

စာသားတချို့ကို သီချင်းထဲမှာ နားထောင်ဖူးတယ်
mfg ဆိုတဲ့ myanmar future generation အဖွဲ့ဆိုတဲ့ သီချင်းထဲမှာ နားထောင်မိတာ။

Nge Naing said...

ကြိုက်ချင်းတော့ တူနေတယ်၊ ဒါပေမယ့် စွဲလန်းမမှု သံယောဇဉ်ဆိုတာက လူက လုပ်ယူလို့ ဖြစ်လာတာ မဟုတ်ပဲ အလိုလို ဖြစ်လာတာက ခက်တယ် မဟုတ်လား။

ဒီကဗျာလေးကို ၈၉ ခုနှစ်ကတောင် စပြီး ရင်းနှီးခဲ့ပါတယ်။ ဒါပေမဲ့ မေ့သွားလို့ ပြန်ကူးသွားတယ်နော့်။ အခုလို တင်ပြပေးတာ ကျေးဇူးပါပဲ။ ဒီကဗျာကို အစ်မလည်း သိပ်ကြိုက်လို့ နောက်ပိုင်း အစ်မဘလော့ဂ်မှာ ပြန်တင်ချင် တင်ဖြစ်မလားမသိဘူး။

:P said...

10 တန်းတုံးက အင်္ဂလိပ်ကဗျာစာအုပ်မှာ ဒီကဗျာပြဌာန်းတယ်။

ZarChyLwin said...

ဖတ်ပြီးတော့အရမ်းကြိုက်သွားပါတယ်။
အဲလိုနေနိုင်ဖို့ကြိုးစားရမယ်...တကယ်