Saturday, May 2, 2009

Loi Nine လွိုင်နိုင်းကို ရောက်ခဲ့တယ်



(ဆိုင်ရဲ့ ထူးခြားတဲ့ အတွင်းပိုင်း အပြင်အဆင်)

(တို့ဟူးကြော်)

(ကျွန်မအကြိုက်ဆုံး ထမင်းချဉ်- ၀က်သားနဲ့)

(ရှမ်းခေါက်ဆွဲ)

ကျွန်မက တိုင်းရင်းသား အစားအစာ တွေထဲမှာ ရှမ်းစာတွေကို အကြိုက်ဆုံးပါပဲ။
Loi Nine ကို ဒေစီပိုင် တို့ Zephyr တို့ ကြော်ငြာနေကတည်းက စားချင်နေတာ... မနေ့ကတော့ အရောက်သွားဖြစ်ခဲ့ပါတယ်။

ငတ်နေတုန်းလဲဖြစ်... အကြိုက်ဆုံး အစားအစာတွေလည်း ဖြစ်တော့ ကောင်းလိုက်တာ အလွန်ပါပဲ။ ဘာစားစား ကောင်းနေတော့တာ။ နောက်လဲ မကြာခဏ သွားစားဖြစ်မှာ သေချာတယ်။ (ဆိုင်ခန်းတော့ ချဲ့ဖို့လိုပြီ)။

ထမင်းချဉ်ကို ၀က်သားနဲ့ စားခဲ့တယ်။ :))
ကောင်းမှကောင်း Yammmmyyyyy!!!
Steve ကပြောတယ်။ သူ ၀က်သား မကျက်တကျက်နဲ့ Sandwich စားလိုက်တာ ပိုပြီးများတောင် အားပြည့်လာတယ် ဆိုပဲ။
(Steve နဲ့ Strike စကားတော့ ချင့်ယုံကြပါလေ။ သူတို့ နှစ်ယောက်က တမြေတည်းနေ တရေတည်းသောက် တလေတည်းထွက်)

ပုံမှာ မြင်ရတဲ့ အတိုင်း ရှားပါး ရုပ်ရှင် ဓါတ်ပုံတွေနဲ့ အတွင်းပိုင်းကို ပြင်ဆင်ထားပါတယ်။

> ညီလင်းဆက် ဘလော့မှာ ဖတ်ဖူးတဲ့ မြန်မာ မင်းသမီး "၀င်းမင်းသန်း" ပါတယ် ဆိုတဲ့ "Purple Plain"
> ကိုရန်အောင် You Tube ကနေ သူ့ဘလော့ပေါ် တင်ဖူးတဲ့ "Burmese Harp"
> "Beyond Rangoon" စတဲ့ ရုပ်ရှင်ကားတွေ

> ၀င်းဦး၊ ၀ါဝါ၀င်းရွှေ၊ ခင်ယုမေ၊ မေ၀င်းမောင် တို့ပုံတွေ တွေ့ခဲ့ရပါတယ်။

Peninsula Plaza ရဲ့ Ground Floor မှာ ရှိပါတယ်။

9 comments:

Sein Lyan Tun said...

ရောက်ရင်လိုက်ဝယ်ကျွေးမှာလားမမရှလွတ် အဲ မှားလို့ 
မမရီတာ
ကျနော်ကရှမ်းခေါက်ဆွဲ နဲ့ တို့ ဟူးနွေးကိုအကြိုက်ဆုံး
ထမင်းချဉ်တော့စားဖူးသေးဘူး

ဒါနဲ့စကားမစပ်
ကျနော့်နဲ့အန်ဒီနဲ့က
တော်ပြီး
ပြောတော့ဘူး
ကျနော့်ကိုပြောနေအုံးမယ်
ခင်တဲ့
ဖိုးစိန်

puluque said...

ပုလုကွေးတော့ နောက်တစ်ပတ်မှပဲသွားစားမလားလို့..ဒီနေ့တော့ အပြင်ကနေချောင်းကြည့်လိုက်သေးသဗျ...တစ်ယောက်ထဲဆိုတော့ ငေါင်တောင်တောင်ရယ် ..ပုံတွေကို ကြည့်ရင်းနဲ့ စားချင်လာသဗျ

စိုင်းစိုင်းလားရှိုး said...

သွားစားဦးမှပဲလေ လစာထွက်ရင် အဟီဟီး

Anonymous said...

ဆိုင်ခန်းလား ၀င်ပေါက်တံခါးလား သေချာပြောပါ.. :D

strike said...

ကိုယ့်တို့ နှစ်ယောက်က တမြေတည်းနေ တရေတည်းသောက် ဆိုပေမယ့် အန္တရယ်ပုဂ္ဂိုယ်ကြီးကသူပါကွယ် သူ့ကြောင့်သာ underground six feet ဖြစ်နိုင်တာပါ၊ကိုက်ကတော့အန္တရယ်ကင်းပါတယ်ကွယ်။

Anonymous said...

ထမင်းချဉ်ကို ငါးနဲ့ဆို ပိုကြိုက်တယ် .. ဒါပေမယ့် အရိုးမပါတဲ့ ငါးပဲ ကြိုက်တာ :D

ZT said...

အင်း။ သောကြာ နဲ့ တနင်္ဂနွေ ၂ ခါ ရောက်ခဲ့တယ်။ စားလို့တော့ ကောင်းပါတယ်။ ဂွတ်ရှယ်ပဲ။ ဒါပေမယ့် ပထမနေ့က တို့ဟူးနွေး ရှိတယ် အီကြာကွေး ကုန်နေတယ်။ နောက်တစ်နေ့က အီကြာကွေး ရှိတယ် တို့ဟူးနွေး ကုန်နေတယ်။ :D

khin oo may said...

တို့လည်း ရောက်ခဲ့ပြီးပြီ။
နံရံလေးတွေ ကိုလည်းငေးမော သဘောကျပြီးသွားပြီ
ရှမ်းထမင်းချဉ်စားချင်တယ။်

ဆောင်းချမ်းမိုး said...

ကျနော်လည်းမနေ့ကမှရောက်ခဲ့တယ်..မရီတာ ဘလော့မှာတွေ့လို့.. စားချင်တာနဲ့ ပြေးစားတာ :P