Wednesday, May 13, 2009
ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၉)
ယခင် post မှ အဆက်
စာရေးဖို့ စိတ်ပါလာတဲ့ အချိန်မှာတော့ ဘာသာပြန် ၀တ္ထုတိုတွေကို ကြိုက်တတ်လာပါတယ်။ အဲဒီ အချိန်တုန်းက အမေရိကန် ၀တ္ထုတိုရေးဆရာ အိုဟင်နရီ ရဲ့ ၀တ္ထုတိုတွေကို သဘောကျခဲ့တယ်။ သူ့ဝတ္ထုလေးတွေက စိတ်ကူးဆန်းကြယ်တယ်။ တခါတခါ လျှို့ဝှက်သည်းဖို ဆန်တယ်။ တခါတခါ ရိုမန်တစ် ဆန်တယ်။ သူက ၀တ္ထုတို ဖွဲ့တဲ့နေရာမှာ အလှည့်ကောင်းတယ် ခေါ်ရမှာပေါ့။ စနစ်တကျလေး လှည့်ယူတဲ့ ဇာတ်ကွက်ပဲ။ Wonderful Ending တွေနဲ့ အဆုံးသတ်လေ့ ရှိပါတယ်။ The Last Leaf ဆိုရင် ကျွန်မ ဆယ်တန်းနှစ်တုန်းက အကြိုက်ဆုံး ၀တ္ထုတိုလေးပေါ့။ အသက် ၁၆ နှစ် အရွယ်မှာ အဲဒါကို မှီးပြီး ၀တ္ထုတိုလေး တစ်ပုဒ်တောင် ရေးခဲ့မိလောက်အောင် ကြိုက်ခဲ့မိတာပါ။ အိုဟင်နရီ ရဲ့ ၀တ္ထုတိုတွေကို စကားလုံး ၁၀၀၀ သို့မဟုတ် ၂၀၀၀-၃၀၀၀ လောက်နဲ့ ပြန်ရေးတဲ့ (ladder series စာအုပ်ကလေးလို့ ထင်တယ်) စာအုပ်တစ်အုပ်ကို ရလာတဲ့ အချိန်မှာ အင်္ဂလိပ်ဘာသာနဲ့ ၀တ္ထုစဖတ်ဖို့ ကြိုးစားခဲ့တော့တာပါပဲ။ ၀တ္ထုရှည် အနေနဲ့တော့ အမေရိကန် စာရေးဆရာ အားနက်စ် ဟဲမင်းဝေး ကို သဘောကျခဲ့တယ်။ ဝေးပေါ့...ဝေးပေါ့ ဆိုတဲ့ ခေါင်းစဉ်နဲ့ (သန်းဆွေ ဘာသာပြန်ထင်တယ်) ဘာသာပြန်စာအုပ် A Farewell to Arms ၀တ္ထုကို စဖတ်ရပါတယ်။ နောက်ထပ်တွေ့လာတဲ့ စာအုပ်က ကိုကို ဘာသာပြန်တဲ့ ခေါင်းလောင်းသံ (For Whom The Bell Tolls) ပါပဲ။ ပင်လယ်ပြာနဲ့ တံငါအို (The Old Man and The Sea) ကိုတော့ တက္ကသိုလ်ရောက်မှ ဖတ်ဖူးတာပါ။
တက္ကသိုလ် ပထမနှစ်ရောက်တော့ ဆရာကြီး ရွှေဥဒေါင်း ရဲ့ တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်ကို ဖတ်ပြီး ဆရာကြီးကို ထိုင်ရှိခိုးချင်လောက်အောင် လေးစားသွားခဲ့တယ်။ အဲဒီနှစ်မှာပဲ ဆရာကြီး ဒဂုန်တာရာ ရဲ့ စာအုပ်တွေ ရှာဖတ်ခဲ့တာပါပဲ။ မှတ်မှတ်ရရ အဲဒီနှစ်မှာ ဆရာ တက်တိုး ရဲ့ ဆောင်းပါးပေါင်းချုပ် စာအုပ်တွေနဲ့ အတူ ဆရာကြီး မောင်ထင် ရဲ့ ကမ္ဘာ့ဝတ္ထုတို ပေါင်းချုပ် စာအုပ်ကို ဖတ်ရတယ်။ အဲဒီမှာ ကျွန်မ တော်လ်စတွိုင်း နဲ့ ချက်ကော့ဗ် ကို စတင်သိကျွမ်းခဲ့ပါတယ်။ တော်လ်စတွိုင်းရဲ့ လူတစ်ကိုယ်လျှင် မြေမည်မျှ လိုသနည်း (How Much Land does a Man Need?) ဆိုတဲ့ ၀တ္ထုကို ကျွန်မ သိပ်ကြိုက်သွားတယ်။ အဲဒီ ၀တ္ထုတို ပေါင်းချုပ် စာအုပ်ထဲက ချက်ကော့ဗ် ရဲ့ လောင်းကစားမှု (The Bet) ၀တ္ထုဟာ ကျွန်မကို လပေါင်းများစွာ စိုးမိုးခဲ့တယ်။ အဲဒီ စာအုပ်ထဲမှာ ချက်ကော့ဗ် ရဲ့ ၀တ္ထုတို လေးပုဒ် ဖတ်ရတယ်။ လူ့ပုတ်သင် ဆိုတဲ့ ၀တ္ထု (The Chameleon) တဲ့။ နောက်တစ်ပုဒ်က တရားခံ ဆိုတဲ့ ၀တ္ထု (The Culprit) တဲ့။ နောက်တစ်ပုဒ်က အမနာပ၊ နောက်တစ်ပုဒ်ကတော့ လောင်းကစားမှုပါ။ ဒီမှာတင် ကျွန်မ ကျေညက်အောင် ၀ါးစားရမယ့် စာအမျိုးအစားဟာ ချက်ကော့ဗ် ရဲ့ စာတွေပဲ လို့ ကျွန်မ သိခဲ့တယ်။
ကျွန်မ နောက်ဆုံးနှစ် အပိုင်း (က) ရောက်လာတော့ မြန်မာဘာသာပြန် ပြင်သစ် ၀တ္ထုတွေကို ကြိုက်တတ်စ ပြုလာပါတယ်။ ပထမဆုံး စဖတ်တဲ့ ၀တ္ထုက ကမူး ရဲ့ ပလိပ် ၀တ္ထုပါ။ ပထမဆုံး အကြိမ် စဖတ်တော့ အစအဆုံး မဖတ်နိုင်ခဲ့ဘူး။ နောက်တစ်ကြိမ် အစကနေ ပြန်ဖတ်ကြည့်တော့ အဲဒီ ၀တ္ထုကို တော်တော် သဘောကျသွားတယ်။ အထပ်ထပ် အခါခါ မရိုးနိုင်ဘဲ ဖတ်နေမိလို့ တချို့ စာကြောင်းတွေ၊ စာပိုဒ်တွေကို အလွတ်ရလုနီးပါး ဖြစ်ခဲ့တယ်။ ကျွန်မ စိတ်အထင်တော့ ဒီဝတ္ထုကို အိပ်ရာဘေးမှာ ချထားမိပြီး အားတဲ့ အချိန်တိုင်း ကောက်ကိုင် ဖတ်ခဲ့မိတယ် ထင်တယ်။ ဒီနောက်တော့ စည်းအပြင်ကလူ ကို ရှာဖတ်ပါတယ်။ ကမူး ကို ဖတ်ပြီဆိုတော့ ဆာ့(တ) က အလိုလို တွဲပါ လာခဲ့တော့တာပဲ။ ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ ၀တ္ထုတို စာအုပ်ထဲက နာမည်ကြီးအောင် လုပ်နည်း ၀တ္ထုကလွဲလို့ ဆာ့(တ) ရဲ့ တခြား မြန်မာဘာသာပြန် ၀တ္ထု ကျွန်မ မတွေ့ခဲ့ရဘူး။ လက်လှမ်းမီရာ အင်္ဂလိပ် ဘာသာပြန်တွေ လိုက်ရှာတဲ့အခါ The Wall ဆိုတဲ့ ၀တ္ထုတိုကို တွေ့ပြီး ဖတ်ခဲ့ရပါတယ်။ ဆာ့(တ) နဲ့ ကမူး ကို ဖတ်ရင်းနဲ့ မသိလို့ မဖြစ်တဲ့ အကြောင်းအရာ၊ ခေါင်းစီး တစ်ခုကို သွားတွေ့တယ်။ အဲဒါကတော့ အနောက်တိုင်း ဒဿနပညာ ပဲ။
(စကားချပ်။ ။ ဒီနေရာမှာ ကျွန်မက သူ existentialism လို့များ ပြောမလားလို့ ထင်မိတာ။ အဲဒါ ဂျူး ပဲ။)
ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ ဘာမှ မဆိုင်တဲ့ ဒဿန Philosophy ဘာသာရပ်ကို ကျွန်မ တာဝန်တစ်ခု အနေနဲ့ လေ့လာခဲ့ပါတယ်။
အဲဒါတွေကတော့ ကျွန်မ ဖတ်တဲ့ စာတွေရဲ့ ကောက်နုတ်ချက် အကျဉ်းပဲပေါ့။
*****
နောက်တစ်ပိုင်း ပြီးရင် ကျွန်မမှာ ရှိတဲ့ အင်တာဗျူး တပိုင်းတစ ပြီးပါပြီ။ ပိတ်ရက်ကျရင်တော့ Peninsula သွားပြီး ၀င်းငြိမ်း ရဲ့ ပေဖူးလွှာ အင်တာဗျူး စာအုပ် ရှာကြည့်လိုက်ပါဦးမယ်။ ရခဲ့ရင် အစပိုင်းနဲ့ အဆုံးပိုင်း အကုန် ပြန်တင်ပေးပါမယ်။
to be continued
Subscribe to:
Post Comments (Atom)
4 comments:
အိုဟင်နရီ , အားနက်စ် ဟဲမင်းဝေး, ရွှေဥဒေါင်း ရဲ့ တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ, ဒဂုန်တာရာ, တက်တိုး ရဲ့ ဆောင်းပါးပေါင်းချုပ်, မောင်ထင် ရဲ့ ကမ္ဘာ့ဝတ္ထုတို ပေါင်းချုပ်, တော်လ်စတွိုင်း,့ ချက်ကော့ဗ်, ကမူး and ဆာ့(တ)
I read above novels before 1980.
also some others A.J cronin, Jack London, Sidney Sheldon.
But I never assumed that ကျေညက်အောင် ၀ါးစားရမယ့် စာအမျိုးအစားဟာ ချက်ကော့ဗ် ရဲ့ စာတွေပဲ .
စည်းအပြင်ကလူ and The Sea wolf (Jack London) were read repeat and repeat again ကျေညက်အောင် ၀ါးစား
Ju's explanation is very good for every reader.
Thanks for sharing.
ချက်ကော့ဗ် ကိုတော့ 1999 လောက်မှာ ဖေမြင့် ရဲ့ Word Six ၀ယ်ဖတ်ခဲ့တယ်။ သိပ်မကြာခင်မှာပဲ သူငယ်ချင်း တစ်ယောက်က The Pheasant ပေးဖတ်လာတယ်။ နှစ်ပုဒ်လုံး ကျွန်မ ကြိုက်တဲ့ထဲမှာ မပါဘူး။ Word Six ဆိုရင် တခါပဲ ဖတ်ပြီး နောက် ပြန်မဖတ်မိတော့ဘူး။ ဒါပေမယ့် သူပေးချင်တဲ့ message လေးကိုတော့ ရ လိုက်သလိုလို ရှိပါတယ်။ ကျွန်မက သူ့ ၀တ္ထုတွေက ပေးလာတဲ့ feeling ကို မကြိုက်နိုင်တာ ဖြစ်ပါလိမ့်မယ်။
ကျွန်မ ကြိုက်တဲ့ စာရေးဆရာတွေ တော်တော်များများက ပြည်တွင်းရော၊ ပြည်ပရော ဆရာဝန် စာရေးဆရာတွေ များပါတယ်။ အဲဒီထဲမှာမှ ကျွန်မ အကြိုက်ဆုံးက AJ Cronin ပဲ။ Short stories တွေမှာဆို ဆမ်းမားဆက်မွမ် ကိုကြိုက်တယ်။ ဒါပေမယ့် AJ Cronin ကိုတော့ personal ကစလို့ စိတ်ဝင်တစားနဲ့ကို စွဲလမ်းမိပါတယ်။
သူ့အကြောင်းကို Autobiography လိုမျိုး ရေးထားတဲ့ Adventure in the Two Worlds ဆိုရင် ကျွန်မ မရိုးနိုင်အောင်ပဲ အထပ်ထပ် ဖတ်နေခဲ့မိဖူးတယ်။
ဒါပေမယ့် မြန်မာပြည်က Cronin ပရိသတ် တချို့ကတော့ ရဲတိုက် (The Citadel) ကိုများ ပိုကြိုက်ကြမလား မသိဘူး။
(ဂျူး နဲ့ရောပြီး ဈာန်ဝင်သွားလို့ ပြောမိသွားတာ။ သည်းခံကြပါကုန်)
နိုင်ငံတကာက စာရေးဆရာတွေ အကြောင်းပြောတာ ဖတ်ရပြန်တော့ ပြောစရာလေး တစ်ချို့ ရှိလာပြန်ရော .. အရင်ကတော့ ကျွန်တော်မြန်မာဝတ္ထုတွေကလွဲပြီး ဘာသာပြန်တွေ သိပ်ဖတ်လေ့မရှိပါဘူး .. ဘာလို့လည်း ဆိုတော့ စာအုပ်တွေက ကြည့်တာနဲ့ လူရှိန်စရာ အထူကြီးတွေလေ .. မျက်လုံးကလည်း သိပ်မကောင်းတော့ ဖတ်ချင်စိတ်ပေါ်လာခဲ့ရင်တောင် လက်ထဲကနေ လွှင့်ချပစ်ခဲ့ဖြစ်တာ များပါတယ် ..
ဒါပေမယ့် တစ်နေ့တော့ အမှတ်မထင်ပဲ စာအုပ်တစ်အုပ်ကို တွေ့ခဲ့မိတယ် ... စာရေးဆရာ မောင်မိုးသူ ဘာသာပြန်ထားတဲ့ Leon Uris ရဲ့ Exodus ဆိုတဲ့ စာအုပ်လေ ... ဆရာမောင်မိုးသူက အဲဒီ့ စာအုပ်ကို မြန်မာလို အိပ်ဇိုးဒပ် (နိုင်ငံတစ်ခုမွေးဖွားခြင်း) လို့ နာမည်ပေးထားခဲ့ပါတယ် .. ဒီစာအုပ်က အပြင်ပန်းကြည့်ရင်တော့ ဒီလောက်ကြီးထိ စိတ်ဝင်စားစရာ မကောင်းလှပါဘူး .. ဒါပေမယ့် အဲ့ချိန်က ကျွန်တော် ဂျူး ရဲ့ ဝတ္ထုတွေကို အခုတ်တရ စွဲလန်းနေတဲ့ အချိန် .. အဲ့စာအုပ်က ဂျူးနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ အစ္စရေးနိုင်ငံငယ်လေး ပေါ်ပေါက်လာပုံအကြောင်း ရေးထားတယ်ဆိုတာ သိရလို့ ဆရာမဂျူး ရဲ့ အရေးအသားကို သဘောကျမိတဲ့ လူတစ်ယောက် အနေနဲ့ ဂျူးအကြောင်း ပါတာလေး တစ်ခုတော့ ဖတ်ကြည့်ဦးမယ်ဆိုပြီး ဖတ်ခဲ့မိတာပါ .. အဲကနေ စခဲ့တာလို့ပဲ ပြောရတော့မှာပေါ့ .. ဘာသာပြန်ဝတ္ထုတော်တော်များများနောက်ကို ကောက်ကောက်ပါအောင် လိုက်ခဲ့မိပါတယ် ..
Leon Uris ရဲ့ Exodus ၊ Erich Maria Remarque ရဲ့ A Night in Lisbon ၊ Charles Dickens ရဲ့ Great Expectations ၊ Amy Tan ရဲ့ The Joy Luck Club ၊ Anthony Grey ရဲ့ Saigon ၊ Jack Higgins ရဲ့ Day of Judgment ၊ Ken Follett ရဲ့ Lie Down With Lions ၊ On Wings of Eagles , A.J. Cronin ရဲ့ The Citadel ၊ Adventure in the Two Worlds , Beyond This Place ... ဒါတွေက ကျွန်တော် ဖတ်ခဲ့ဖူးတာတွေထဲက မှတ်မိနေတာလေးတွေပါ .. သူ့ထက်ကောင်းတာတွေလည်း ရှိပါသေးတယ် ... ပြီးတော့ ရေနံကုန်သည်၊ ရွှေကုန်သည် ၊ ငွေကုန်သည် အဲဒါတွေလည်း ကောင်းပါတယ် .. စာအုပ်တွေကတော့ ကောင်းတာတွေ အများကြီးပေါ့လေ .. အားလုံးထဲကမှ အမြဲအမှတ်ရနေမိပြီး ကိုယ်ပိုင်ကို ဝယ်ထားဖြစ်တဲ့ စာအုပ်လေးတစ်အုပ်ရှိပါသေးတယ် .. အေဂျေခရိုနင် ရေးတဲ့ Citadel ပါပဲ ..
ဆရာဝန်ဘဝကနေ စာရေးဆရာ တဖြစ်လဲခဲ့တဲ့ အေဂျေခရိုနင်ဟာ The Citadel ( ရဲတိုက် ) စာအုပ်မှာ ကျွန်တော့်ကို တော်တော်လေး ဖမ်းစားနိုင်ခဲ့ပါတယ် .. သူ့လိုပဲ ဆရာဝန်ဘဝကနေ စာရေးဆရာ ဘဝကို ကူးပြောင်းခဲ့သူတွေကတော့ ကမ္ဘာပေါ်မှာရော မြန်မာနိုင်ငံမှာပါ အများကြီးပေါ့လေ .. ဥပမာ ရုရှားစာရေးဆရာကြီး ချက်ကော့ဖ် ၊ အင်္ဂလိပ်စာရေးဆရာကြီး ဆမ္မားဆက်မွန် ၊ ဆွီဒင်က ဆရာဝန် ဆရေးဆရာ အယ်ဇယ်မွန်သီ ...
ဒေါက်တာ အင်ဒရူးမေဆန် ...
သူကတော့ စာရေးဆရာ မဟုတ်ပါဘူး သူက စာရေးဆရာ အေဂျေခရိုနင် အသက်သွင်းခဲ့တဲ့ ရဲတိုက် ဝတ္ထုထဲက ဇာတ်ကောင် တစ်ခုပါ ... ဒေါက်တာ အင်ဒရူးမေဆန် ရဲ့ အတွေးအခေါ်လေး တစ်ချို့ကို တစ်ဆက်တည်း တင်ပြလိုက်ချင်ပါတယ် ..
" ကျွန်တော်တို့ ဆေးပညာရှင်တွေ ပြောတာမှ မှန်တယ် .. အပြင်ကလူတွေ ပြောတာ မမှန်ဘူးလို့ ထင်နေကြရင် သိပ္ပံပညာဟာ ဘယ်တော့မှ တိုးတက်တော့မှာ မဟုတ်ဘူး၊ သေသွားတော့မှာပဲ။ ဒီလိုဆိုရင် ကျွန်တော်တို့ ဆေးပညာလောကဟာ ကျဉ်းမြောင်းတဲ့ အဖွဲ့အစည်းလေး တစ်ခုပဲ ဖြစ်နေတော့မှာပေါ့ ... ဒီတော့ ကျွန်တော်တို့ ဆေးပညာလောကကို ပြုပြင်ပြောင်းလဲဖို့ အချိန်ရောက်ပြီ ကျွန်တော်တို့ ဆရာဝန်တွေရဲ့ မပြည့်စုံတဲ့ လေ့ကျင့်သင်ကြားမှုတွေကို ပြန်စဉ်းစားဖို့ ကောင်းပြီ ၊ ကျွန်တော်ဆရာဝန်ဖြစ်စတုန်းက ကျွန်တော်ဟာ လူ့လောကကြီးရဲ့ ကောင်းကျိုးထက် ဆိုးကျိုးကို ဆောင်နိုင်တဲ့ လူတစ်ယောက်လို့တောင် ကျွန်တော့်ကိုယ်ကျွန်တော် ထင်ခဲ့တယ်။ ကျွန်တော်ဟာ ရောဂါတစ်ချို့ရဲ့ နာမည်ကို သိတယ် ၊ ဆေးတချို့ကို သိတယ် .. ဒါပေမယ့် ဝမ်းဆွဲဆရာမရဲ့ ညှပ်ကိုတောင်ကောင်းကောင်း မကိုင်တတ်ခဲ့ဘူး .. ကျွန်တော်တို့ ဆရာဝန်တွေဟာ လက်တွေ့ကုရာမှာ တွေ့ခဲ့ရတဲ့ အခြေခံအချက်ကလေးတွေ လောက်ကလွဲလို့ ဒီပြင်ဘာမှ ပိုမသိခဲ့ကြဘူး... သူတို့မှာ အချိန်မရကြဘူး .. ပြေးလွှားနေကြရတယ် .. ဒီတော့ ကျွန်တော်တို့ဟာ ဆရာဝန်တွေအတွက် ဘွဲ့လွန်သင်တန်းတွေ ဖွင့်သင့်တယ် .. သိပ္ပံပညာကို ရှေ့တန်းရောက်လာအောင် ကြိုးစားသင့်တယ် ၊ ဆေးပုလင်းထဲက ဆေးကို တိုက်လိုက်ရင် ပြီးတာပဲ ဆိုတဲ့ အယူအဆကို စွန့်သင့်တယ်၊ ဆရာဝန်တိုင်းကို လေ့လာဖို့ အခွင့်အရေးပေးသင့်တယ်။ သုတေသန လုပ်ငန်းတွေကို လုပ်ကိုင်ဖို့ အခွင့်အရေးပေးသင့်တယ်။ အသပြာနောက်ကို လိုက်တဲ့ ကုထုံးတွေ၊ မလိုအပ်တဲ့ ခွဲစိတ်ကုသမှုတွေကို ရပ်ဖို့ အချိန်တော်ပြီ ၊ ဆေးပညာကို ကျွန်တော်တို့တွေမှ လိုက်စားခွင့်ရှိတာ မဟုတ်ပါဘူး ... သိပ္ပံနည်းကျ ဆေးပညာမှာ အင်မတန် ကျော်ကြားခဲ့တဲ့ လူဝီပတ်စချာဟာ ဆရာဝန် မဟုတ်ဘူး၊ ဂျာမာန်ပိုးမွှားဗေဒ ပါရဂူ အားလစ်ဟာ ဆရာဝန်မဟုတ်ဘူး၊ အိန္ဒိယမှာ ပလိပ်ရောဂါကိုတိုက်ဖျက်ခဲ့တဲ့ ဟတ်ဖကိုင်းဟာ ဆရာဝန်တစ်ယောက် မဟုတ်ပါဘူး .. ၊ ဒီတော့ ဆရာဝန် မှတ်ပုံတင် စာရင်းထဲမှာ မပါပဲ ... ရောဂါတွေကို တိုက်ဖျက်တဲ့ လူတွေဟာ လောကကြီးမှာ အများကြီးပါ.. သူတို့ဟာ လူအတွေ လူညံ့တွေ မဟုတ်ပါဘူး .. "
ဒီစာကြောင်းတွေ ကြောင့်ပဲ ကျွန်တော် ဒေါက်တာ အင်ဒရူးမေဆန်ကို အသက်သွင်းခဲ့တဲ့ အေဂျေခရိုနင် ကို သဘောကျခဲ့မိပါတယ် ..
ပို့စ်နဲ့တော့ သိပ်မပတ်သတ်ပါဘူး .. ဒါပေမယ့် နိုင်ငံတကာက ဝတ္ထုတွေအကြောင်း ရေးထားတာလေးတွေ တွေ့မိလို့ ကျွန်တော်သဘောကျတာလေးကို စာဖတ်သူတွေလည်း ခံစားလို့ရနိုင်ကောင်းရဲ့ ဆိုပြီး ဝင်ဆွေးနွေးကြည့်တာပါ .. အေဂျေခရိုနင် ကြိုက်တဲ့သူများ ရှိရင် လက်ထောင်ပါ .. သြော်သြော် မ Rita လည်း ပါသကိုး .. ဟဟ .. :D ကောင်းပဗျာ .. ဆထက်တစ်ပိုး အောင်မြင်ပါစေ ..
နေဒေးသစ်
Ko Nay Day Thit,
I had been read above novels since 1985.All are good.
Leon Uris ရဲ့ Exodus
ဆရာမောင်မိုးသူက အဲဒီ့ စာအုပ်ကို မြန်မာလို အိပ်ဇိုးဒပ် (နိုင်ငံတစ်ခုမွေးဖွားခြင်း)
The other name is opposite of
နိုင်ငံတစ်ခုမွေးဖွားခြင်း/ နိုင်ငံတစ်ခု(Corruption)
Same as two side a coin which opposite way.
I like it so much. I heard that Exodus is a 1960 epic war film directed by Otto Preminger with the film stars Paul Newman.
By the way, Do you like Paul Newman's "COOL HAND LUKE"?.That film is so good. I think you'll like it.
Oh! I am out of point.
I arrived at a port of Umm Qasr in Iraq on 6th Nov 2008 to 6th Dec 2008. I found the American soldiers who took security for Port areas. Iraq Govt servants such as port authorities, polices, immigration and custom are very very bad attitude. They wished to make problem to every foreigners.
Most of the character of Arabian are same as describe in the Exodus.
The country never unstable due to lack of knowledge of peoples.
Did you Harold Robbins, American novelist's books. I read his novels not less than 20.
I'd to advise to read them if you are in time permitted.
Thanks for sharing.
Bino
Post a Comment