(ဆရာ မောင်စိန်ရဲ့ တစ်ကွက် ကာတွန်းနဲ့ ပေဖူးလွှာ)
ယခင် post မှ အဆက်
WN >>> ဇာတ်ကောင်စရိုက် ဆိုတာနဲ့ ပတ်သတ်ပြီး ပြောရဦးမယ်။ ဂျူး ဖန်တီးတဲ့ ဇာတ်ကောင်တွေဟာ မြန်မာ မဆန်ဘူး။ မြန်မာစရိုက် မရှိဘူး လို့ ဝေဖန်ကြတယ်။ ဘာဖြစ်လို့ပါလဲ။ ဆရာမ ရှင်းပြနိုင်မလား။
Juu >>> ပထမဆုံး မြန်မာဆန်တယ် ဆိုတာကို ခွဲခြမ်း စိတ်ဖြာကြည့်ရင် မြန်မာဆန်တယ် ဆိုတာ မြန်မာလူမျိုးများရဲ့ ဟိုရှေးယခင် ကတည်းက ကျင့်သုံးလာခဲ့တဲ့ စရိုက် လက္ခဏာကို ပြောတာမဟုတ်လား။ မြန်မာလူမျိုးတွေဟာ ရိုးသားတယ်။ သူများအပေါ် နိုင်ထက်စီးနင်း မလုပ်ဘူး။ တစ်ယောက်ကို တစ်ယောက် အခက်အခဲတွေ့ရင် ကူညီ ဖြေရှင်း ပေးလေ့ရှိတယ်။ ပရိယာယ် မကြွယ်ဝဘူး။ ဟန်မဆောင်တတ်ကြဘူး။ ဒါ မြန်မာတွေရဲ့ ကောင်းမြတ်တဲ့ character တွေပါ။ အဲဒီ character တွေကနေ သွေဖည်ပြီး ကျွန်မ ၀တ္ထု မရေးခဲ့မိသေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မက မြန်မာလူမျိုး ပီပီ မြန်မာတွေရဲ့ ကောင်းကွက်တွေကို ချစ်မြတ်နိုးတတ်လို့ပါ။
မျက်နှာမလိုက်ဘဲ ပြောရစတမ်း ဆိုရင် ဘယ်နေရာမှာမဆို နည်းနည်း ညံ့တတ်တာ၊ တီထွင်ကြံဆမှု နည်းတာ၊ အရာရာမှာ နောက်ကျစွာ တွေးခေါ် မျှော်မြင်တတ်ကြတာ၊ ခေတ်နောက်ပြန်ဆွဲချင်ကြတာ၊ လှေနံဓားထစ် မှတ်ချင်ကြတာ အဲဒါတွေကတော့ မြန်မာလူမျိုးတွေရဲ့ ဂုဏ်ယူဖွယ်ရာ မဟုတ်တဲ့ character တွေပါ။
အတွေ့အကြုံ တစ်ခုကို လှေနံဓားထစ် မှတ်လို့ မရတာတွေ ရှိနေပါတယ်။ ခေတ်ပေါ် နည်းပညာ တစ်ခုဟာ ကိုယ့်အတွက် အသုံးတည့်မယ်၊ သင့်တော်မယ် ဆိုရင် အသုံးပြုရမှာပဲ။ ကုန်းကြောင်းအတိုင်း လှည်းနဲ့ ဆယ်ရက် သွားရမယ့် ခရီးကို လေယာဉ်နဲ့ တစ်နာရီ အတွင်း အရောက် သွားနိုင်တဲ့ ခေတ်ကို ရောက်နေကာမှ မြန်မာမှုကို ချစ်မြတ်နိုးပြီး လှည်းယာဉ်ကလေးနဲ့ သွားချင်တဲ့လူများ ရှိပါသလား။ ဘယ်သူမှ မရှိဘူး။
မြန်မာ အမျိုးသမီးတွေ အနေနဲ့ သားကို သခင်၊ လင်ကို ဘုရား ဆိုတဲ့ အတိုင်းအတာထိ ကိုယ့်ကိုကိုယ် နှိမ့်ချပြီး နေတတ်ကြတဲ့ စရိုက်မျိုးကိုတော့ ကျွန်မ ၀တ္ထုတွေထဲမှာ တွေ့ရမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတာတော့ ရှင်းပါတယ်။ အဲဒီ အယူအဆမျိုးကို ကျွန်မ ကိုယ်တိုင် မနှစ်သက်လို့ပါပဲ။
မိမိ လက်ထပ်ထားတဲ့ ခင်ပွန်းဟာ ကိုးကွယ်ဖို့ ထိုက်တန်လောက်အောင် မြင့်မြတ်ရင်တော့ ဒီစကားအတိုင်း မြန်မာမှု ပီသစွာ နေထိုင်ကျင့်ကြံဖို့ ၀န်မလေးပါဘူး။ ဒါပေမယ့် သူလဲ ၀န်ထမ်း၊ ကိုယ်လဲ ၀န်ထမ်း။ သူလဲ အိမ်စီးပွားရေးကို ဒီအတိုင်းအတာထိပဲ ရှာနိုင်တယ်။ ကိုယ်လဲ ဒီအတိုင်းအတာထိပဲ ရှာနိုင်တယ်။ အဆင့်အတန်းချင်း တူပါရက်နဲ့ ကိုယ့်မှာ ပိုများတာက မီးဖိုချောင် ဝေယျာဝစ္စ၊ သားသမီး မွေးထုတ် ပြုစုရတဲ့ ဒုက္ခ ဒါတွေ အမျိုးမျိုးနဲ့ တာဝန်ပိနေတဲ့ မိန်းမတစ်ယောက်ဟာ သူ့ခင်ပွန်းကို ဘုရားတစ်ဆူလို ကိုးကွယ် နေရဦးမှာလား။ ဒါဟာ တွက်ကပ်တာ မဟုတ်ဘူး။ အဓိက ကတော့ အချိန်မပေးနိုင်မှုပဲ။
ဟိုခေတ်က မြန်မာမိန်းမတွေဟာ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး ငွေမရှာရဘူး။ သူတို့မှာ အိမ်ထောင် ထိန်းသိမ်းရတဲ့ တာဝန်ပဲ ရှိတယ်။ အခု မိန်းမတွေကတော့ အရင်လို သဘောမထားနိုင်တော့ဘူးပေါ့။ လူနေမှု စနစ်ရဲ့ တိုးတက်ပြောင်းလဲမှု အတိုင်း အလိုက်သင့် မျောပါရတော့တာကိုး။
*****
ဂျူး ဟာ ကျွန်မ နှစ်ခြိုက်လေးစားရတဲ့ စာရေးသူ တစ်ယောက်ပါ။ ဒါပေမယ့် သူဘာရေးရေး ကြိုက်တာမျိုးတော့ မဟုတ်ပါဘူး။ သူဘာပြောပြော သဘောတူတယ်လဲ မဟုတ်ပါဘူး။
အထက်ပါ အင်တာဗျူးမှာလဲ ကျွန်မ နှစ်ခြိုက် သဘောကျတာတွေ အများကြီးပါ။ "ဒါဟာ တွက်ကပ်တာ မဟုတ်ဘူး။ အဓိက ကတော့ အချိန်မပေးနိုင်မှုပဲ။" ဆိုတဲ့ စာသားလေးကိုတောင် ကျွန်မ post တစ်ခုမှာ ထည့်ရေးဖူးသေးတယ်။ ဟင်းချက်တဲ့ post ဖြစ်လိမ့်မယ် ထင်ပါတယ်။
ဒါပေမယ့် တချို့နေရာတွေမှာ သူ နည်းနည်းတော့ အပြော လောကြီးသွားတယ် ထင်မိတယ်။
ဥပမာ။ ။ မိမိ လက်ထပ်ထားတဲ့ ခင်ပွန်းဟာ ကိုးကွယ်ဖို့ ထိုက်တန်လောက်အောင် မြင့်မြတ်ရင်တော့ ဒီစကားအတိုင်း မြန်မာမှု ပီသစွာ နေထိုင်ကျင့်ကြံဖို့ ၀န်မလေးပါဘူး။ ဒါပေမယ့် သူလဲ ၀န်ထမ်း၊ ကိုယ်လဲ ၀န်ထမ်း။ သူလဲ အိမ်စီးပွားရေးကို ဒီအတိုင်းအတာထိပဲ ရှာနိုင်တယ်။ ကိုယ်လဲ ဒီအတိုင်းအတာထိပဲ ရှာနိုင်တယ်။ အဆင့်အတန်းချင်း တူပါရက်နဲ့... ဆိုတာမှာ နည်းနည်းတော့ ဟ သွားသလို ခံစားရပါတယ်။ (သူ ဘာကို ဆိုလိုချင်တာလဲ ဆိုတာတော့ ကျွန်မ နားလည် ခံစားမိပါတယ်။)
ဒါပေမယ့် ကိုးကွယ်ဖို့ ထိုက်တန်လောက်အောင် မြင့်မြတ် တာနဲ့ သူလဲ အိမ်စီးပွားရေးကို ဒီအတိုင်းအတာထိပဲ ရှာနိုင်တယ်။ ကိုယ်လဲ ဒီအတိုင်းအတာထိပဲ ရှာနိုင်တယ်။ အဆင့်အတန်းချင်း တူပါရက်... လို့ ယှဉ်ပြောလိုက်တာမှာတော့ သူ လောကြီးသွားတယ် လို့သာ မြင်မိပါတယ်။
အိမ်ထောင်တစ်ခုမှာ ယောက်ျားက မိန်းမထက် ပိုပြီး ငွေရှာ နိုင်ဖို့ လိုတယ်ဆိုတာတော့ တခုထက်မကတဲ့ မြောက်မြားလှစွာသော အကြောင်းပြချက်တွေနဲ့ ကျွန်မ လက်ခံပါတယ်။ ဒါပေမယ့် ကိုယ်နဲ့သူ ငွေရှာနိုင်တာချင်း တူတူမို့ ကိုးကွယ်ဖို့ ထိုက်တန်လောက်အောင် မဟုတ်ဘူးလို့ အဓိပ္ပါယ် သက်ရောက်သွားစေတာကတော့ မရည်ရွယ်ဘဲ လောကြီးပြီး ပြောမိတယ်လို့သာ မြင်ပါတယ်။
တကယ်တော့ မိန်းမတစ်ယောက်က မိမိ ခင်ပွန်း ယောက်ျားကို (ရှေးယခင်ကလို) အချိန်ရ၍ ဖြစ်စေ၊ (ယခုခေတ်လို) အချိန်မရဘဲ ဖြစ်စေ ကြင်နာယုယတယ် ပြုစုစောင့်ရှောက်တယ် ဆိုတာဟာ သူက ပိုက်ဆံတွေ ရှာပေးနိုင်လို့ ၊ သို့တည်းမဟုတ် ကိုယ့်မှာ (ဘာတာဝန်မှ မရှိလို့) အားပြီး အချိန်တွေပိုနေလို့ မဟုတ်ပါဘူး။ မိန်းမတွေရဲ့ မွေးရာပါ ချစ်ခင် ကြင်နာ ယုယချင်တဲ့ မိခင်စိတ်ကြောင့်ပါ။
ဒါကို ဂျူး လည်း ကောင်းကောင်း သတိပြုမိတာ သေချာပါတယ်။
ဒါကြောင့်လည်း "မိန်းမ တစ်ယောက်၏ ဖွင့်ဟ ၀န်ခံချက်" ထဲမှာ ဒီလို ရေးခဲ့တာပေါ့။
"မိန်းမတွေရဲ့ မိခင်စိတ်ဟာ သားသမီးပေါ်မှာပဲ ရှိတယ်လို့ မောင့်ကို ဘယ်သူ သင်ပေးလိုက်သလဲ။ ဇနီးတစ်ယောက်က ခင်ပွန်း အပေါ်မှာ မိခင်စိတ်နဲ့ စောင့်ရှောက် ယုယတတ်တာကို မောင်ဖတ်တဲ့ စာအုပ်တွေထဲမှာ ရေးမထားဘူးလား။
...
ချစ်သူကို ဖိနပ်တိုက်ပေးတဲ့ အခါ၊ မုတ်ဆိတ်ရိတ်ပေးတဲ့ အခါ၊ ခြေအိတ်လျှော်ပေးတဲ့ အခါ ကျွန်ခံစိတ်နဲ့ လုပ်ပေးတာလို့ မောင်ထင်နေသလား။ ကျွန်တစ်ယောက်က သခင်တစ်ယောက်ကို ပြုစုသလို ပြုစုနေတာ မဟုတ်ဘူး။ မိခင်တစ်ယောက်က သားကို ပြုစု ယုယသလို ပြုစု ပေးနေတာ။ အဲဒါတွေဟာ ကျိုးနွံနာခံမှုတွေ မဟုတ်ဘူး၊ တာဝန် ၀တ္တရားတွေ မဟုတ်ဘူး၊ အဲဒါ အချစ်တွေ"
to be continued
Saturday, May 9, 2009
Subscribe to:
Post Comments (Atom)
4 comments:
ဝေဖန်ရေးသမားတွေရဲ့ ကြားမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုပြည့်တဲ့ မိန်းမတစ်ယောက်အနေနဲ့ စကားတစ်ချို့ကို ထိန်းသိမ်းတတ်ဖို့ မေ့လျော့ သွားတာ နေပါလိမ့်မယ် .... တရားနည်းလမ်းတော့ ကျပါတယ် ... ကိုယ့်ကို တိုက်ခိုက်နေတဲ့ ဝေဖန်ရေး သမားတစ်ယောက်ရဲ့ ရှေ့မှာ ကိုယ်ဘာကောင်လဲ .. ကိုယ်ပေးချင်တာက ဘာလဲဆိုတာတော့ သူမိမိရရပြောချင်တာနေမှာပေါ့ .... ဒါပေမယ့် သူနဲနဲ စကားပြောလောသွားတာ သေချာပါတယ် ... စကားတစ်ခွန်းကို ဆန်းစစ်ဝေဖန်နိုင်ဖို့ ဆိုတာထက် .. စိတ်ထဲမှာ ရှိတာတွေကို ဖွင့်ထုတ်နိုင်ဖို့ သူဦးစားပေးဖြစ်ခဲ့တယ်နဲ့ တူပါတယ် ... လူတစ်ယောက်က ကိုယ်ရေးတဲ့ စာတစ်ကြောင်းကို ထိန်းသိမ်းပြုပြင်ဖို့ အချိန်ရှိပေမယ့် ကိုယ်ပြောထွက်လိုက်တဲ့ စကားတစ်ခွန်းကိုတော့ ထိန်းသိမ်းဖို့ အချိန်သိပ်နှောင်းတတ်တယ်ဆိုတာကို ဒီပို့စ်မှာ မြင်သာစေပါတယ် ....
Thanks for your posts. Even though I have read this interview longtime ago, I still enjoy reading it again. I like Ju very much ,for I am always so delighted by her style of writing.....not always by the substance of her books. At times I do not agree with her. Since I have read her very first , controversial story " A Hmat Taya" published in the magazine I keep reading all her novels including the short stories and the articles available to me. At home I have a collection of my favorite novels by Ju. 20+ years later I still enjoy them though I am getting old. Very fascinating!
မြန်မာလူမျိုးတွေဟာ ရိုးသားတယ်။ သူများအပေါ် နိုင်ထက်စီးနင်း မလုပ်ဘူး။ တစ်ယောက်ကို တစ်ယောက် အခက်အခဲတွေ့ရင် ကူညီ ဖြေရှင်း ပေးလေ့ရှိတယ်။ ပရိယာယ် မကြွယ်ဝဘူး။ ဟန်မဆောင်တတ်ကြဘူး။ ဒါ မြန်မာတွေရဲ့ ကောင်းမြတ်တဲ့ character တွေပါ။ အဲဒီ character တွေကနေ သွေဖည်ပြီး ကျွန်မ ၀တ္ထု မရေးခဲ့မိသေးပါဘူး။
I can not accepted above paragraph.
Good character and Bad character are depend on the person.
Person who live in Upper/Middle/Lower Burma......
Japan/Korea/China/Thailand/Singapore up to Europe so on....
Some are good, some are bad.
As per my experience, most people are good.
Bino
ပညာရှိကြီးများ သိပ်လည်း အဝေဖန်မစောကြ
နဲ့ ဦးလေ စာရေးဆရာမဖြစ်ခင် စာရေးဆရာ ရင့်မကြီးတွေကို ဝေဖန်တာ တယ်တော့မတော် လှဘူး ကိုယ်တိုင်ဆို ဘယ်လို ခံစား၇မယ် ဘယ်လို ပြန်ပြောမိမယ်ဆိုတာမျိုးတွေးရတယ် ဟိုဆရာကြီး နေဒေးသစ်က အမြင်တွေ မှန်ဖို့ 
လိုနေသေးတယ် ကိုရေးတဲ့ စာတစ်ပုဒ်ကို အဝေ
ဖန်ခံနိုင်လောက်အောင် ရင့်ကျက်နေရင်လို့ 
ပြောရအောင် လဲ လက်တောက်လောက်လေး
တွေဆိုတော့ ခက်တယ် ဒီပိုစ့်ကိုတင်ပေးတဲ့ 
ဘလော့ပိုင်ရှင်က ဂျူးနဲ့ သူ့ ဝတ္တုတွေ
အကြောင်းကို သိစေချင်တာလား ဒါမှ မဟုတ်
ဂျူးရဲ့ အားနည်းချက်(ခင်ဗျားတို့ အထင်ပေါ့လေ) ဆိုတာတွေကို ဖော်ထုတ်ပြီး
ဆရာကြီးဟန်တွေနဲ့ ဝေဖန်ချင်တာလား နားမလည်ပါ ... နေဒေးသစ်က တောက် လျှောက်ဝေဖန်ပေးနေတော့ဆရာကြီး နေဒေး သစ်ပေါ့ ဗျာ အမြင် ကို အထင် တွေနဲ့  မပြောကြနဲ့  ... စာတွေကို သေချာ
ပြန်ဖတ် ပြန်မှတ် ပြန်တွေး ပြန်လေ့လာပြီး
သူ ဘာပေးချင်တာလဲလို့ ပြန်ကြည့်လိုက်
ခင်ဗျားတို့ ရေးနေကြတဲ့ စာတွေကရော ပရိတ် အမည်မခံ တဲ့ သူများကိုယ်တိုင် ဘာတွေ ရသွားသလဲဆိုတာ မသိဘဲနဲ့ တော့
မဝေဖန်နဲ့ ဦး အသေအချာလေး ပြန်တွေးကြ
ကိုယ်ပေးသမျှ ရမယ်မထင်နဲ့  ဒါကို ခေါင်းထဲ
ထည့်ကျုပ်ကတော့ စာမရေးတတ်ပါဘူး
ဒါပေမယ့် ပြောနေပုံတွေကြည့်ရတာ
စာပေဗိမ္ဗာန်စာပေဆုကြီးတွေရထားတာ ကျနေတာပဲ ဟဟ ရယ်စရာကြီး ဂျူးသာကြား ရင် သူ့ ရဲ့ ခွန်းအားကြီးတဲ့ 
စကားတွေကြားမှာ မျက်စိသူငယ် နားသူ
ငယ်နဲ့ ဖြစ်နေရမှာ ခင်ဗျားတို့ ပညာရှိကြီးများ
ဖြစ်မယ်ထင်ပါတယ် ရယ်စရာကောင်းတယ်
ဘလော့ပိုင်ရှင် ဒီလိုနဲ့ တော့ ပရိတ်သပ် အထင်တွေ ကြီးမလာပါဘူး လုပ်မနေပါနဲ့ 
နေဒေးသစ်လဲ လက်မကမြင်းနဲ့ ပေါ့
ကြီးလာပေမယ့် မရင့်သေး ရင့်လာပေမယ့် မမှည့်သေးတဲ့ အရွယ်မှာ ပါးစပ်ပိတ်ထား
တာကောင်းပါတယ် ကလေးတို့ ရယ်
Post a Comment