Saturday, October 31, 2009

နေမျိုးဆေး နဲ့ မင်းထင်ကိုကိုကြီး ရဲ့ ကဗျာ


အသံထွက်သော အရာများ


ဖား

ခုံဖိနပ်

လင်းကွင်း
ဓါတ်စက်

တွံတေးသိန်းတန်

အမွေ

မာမီ နဲ့ ကျွန်တော့် ချစ်သူ


(နေမျိုးဆေး)

***

စင်အောက်က လူ


ဘာရယ်မဟုတ်

တငုတ်တုတ်နဲ့

ကျုပ်တို့မတော့ ညောင်းလှပြီ


(မင်းထင်ကိုကိုကြီး)


***
နေမျိုးဆေး
ကဗျာကတော့ ကျောင်းပြီးမှ မဟေသီထဲမှာ ဖတ်ခဲ့ရတာ။
စာသားတွေ အကုန် အလွတ်မရတော့ဘူး။ နည်းနည်း ကျန်သေးတယ်လို့ ထင်တယ်။
ရသလောက်လေးပဲ ချရေးထားလိုက်တယ်။
သူ့ idea လေး လှလွန်းလို့ပါ။

သိတဲ့သူ ရှိရင် ပြင်ပေးသွားနိုင်ပါတယ်။

ကူးမထားလိုက်မိတာ နောင်တရလိုက်တာ။


မင်းထင်ကိုကိုကြီး
ကဗျာကိုတော့ အလယ်တန်းလောက်မှာ ဖတ်ခဲ့ရတယ်။
'92/3 ပတ်ဝန်းကျင် မြားနတ်မောင် မဂ္ဂဇင်းမှာလို့ ထင်တာပဲ။

သေချာ မမှတ်မိတော့ဘူး။
အဲဒီတုန်းက သူ့ pen name နောက်မှာ မြန်မာ့ရုပ်သံ ဆိုတာတောင် ပါသေးတယ် လို့ ထင်တယ်။
နောက်ပိုင်း သူ ဒါရိုက်တာ လုပ်တော့ နာမည်ကြားတာနဲ့ ဒီကဗျာကို ကိုယ် သတိရမိတယ်။

သူ့မှာ ညောင်းမယ့်သာညောင်းတယ် အဲဒီတုန်းက ၄, ၅ နှစ် ရှိသေးတာ။

***

တကယ်တော့ ကဗျာတွေကို သိပ် စိတ်မဝင်စားဘူး။

ဖတ်ရတာလည်း ပျင်းတယ်။

ဖတ်မိတဲ့ ကဗျာအရေအတွက်က နည်းနည်းပဲ ရှိတယ်။

အဲဒီလို ကဗျာပုံစံမျိုးလေးတွေ ပိုကြိုက်တယ်။


မလိုအပ်ဘဲ အလွန်အကျူး ဖွဲ့နွဲ့ထားတာမျိုး မဟုတ်ဘဲ ထိထိရောက်ရောက် ရေးနိုင်တဲ့ အချစ်ကဗျာတွေလည်း ကြိုက်ပါတယ်။
ဘဝကို ငိုချင်းချနေတတ်တဲ့ ညည်းချင်း ကဗျာမျိုးတွေ ဖတ်ရရင်တော့
စိတ်ညစ်မိတာ ဝန်ခံရမယ် (ကိုယ့်ဘာသာ အလိုလိုမှ ညစ်ရတဲ့ထဲ)

ကဗျာတွေကို ဘာလို့ ဒီလောက်တောင် မှတ်မိနေလဲ ဆိုတော့ ကြိုက်တဲ့ ကဗျာတွေက နည်းနည်းပဲ စိတ်ထဲရှိလို့ ရှိသမျှလေးကို မှတ်မိနေတာ ထင်တယ်။


***

6 comments:

သိင်္ဂါကျော် said...

တိုတိုနဲ့ ထိမိတဲ့ ကဗျာလေးတွေပါပဲ...

ရွှေရတုမှတ်တမ်း said...

သဘောချင်းနှောလိုက်လေ..ငါ့တူမရယ်..
ဦးကျောက်လဲ..ငိုချင်းချနေတာတွေ(ကိုယ်က အလုပ် pressureတွေများလို့စိတ်ညစ်ရတဲ့အထဲ) နားမလည်အောင်ရှည်ရှည်ဝေးဝေး လျှောက်ရေးနေတာတွေကိုဆိုရင်မကြိုက်ဘူး..အချိန်ရတုန်းလေး ကမန်းကတန်းပြေးဖတ်ရတာမို့ပါ..

Nge Naing said...

အတူတူတွေ လာစုနေသလို ဖြစ်နေပြီ။ အစ်မလည်း ဒီအတိုင်းပဲ သိပ်ဖွဲ့နွဲ့လွန်းပြီး အလင်္ကာသိပ်များတဲ့ ကဗျာတွေကို နားလည်း နားမလည် ဖတ်လို့လည်း စိတ်မ၀င်စားတော့ဘူး။ အဲဒီလို လိုရင်းတိုရှင်းနဲ့ အများနားလည်နိုင်တဲ့ ကဗျာတွေကျတော့ တကယ်ကြိုက်တယ်။

ဖြူတုတ်လေး said...

Short to the point! I love both of them.

By the way, have you watched any of MHKKG's videos? You SHOULD if you haven't. His products are not like typical dramas. He made you think and let you interpret in your own way. I'd suggest... you watch ' Beyond The Dream' starring Lu Min, Eindra Kyawzin and Moe Hay Ko. Try Minthila.com or Burmeseclassic.com. I might later post a direct link for that video on my blog. Have a great weekend!

သက်ဝေ said...

အခုက အနှစ်နှစ်ဆယ်ကျော်ဆိုတော့ သူတော်တော် ညောင်းနေပြီလား မသိ... :-P

JulyDream said...

အသံထွက်တဲ့ အရာတွေက စိတ်ဝင်စားစရာပဲ။