Wednesday, December 16, 2009

ကျမ်း မကြေသူများ နှင့် Happy Birthday !

Me : မြန်မာနိုင်ငံမှာ ၅၆ သန်းကျော်ရှိပါတယ်

ဘွိုင်းဇ်
: အီကြာကွေး ဆုံးသွားပြီတဲ့။ သေမယ်ဆို သေပျော်လောက်တဲ့ အသက်အရွယ်ပါပဲလေ။ ပျော်စရာတွေ ဟာသတွေ ရှာကြံရေးတတ်တဲ့ စာရေးဆရာ အသက်တစ်ထောင် ဂုရုကွေး ကောင်းရာ သုဂတိ လားပါစေ။ http://drlunswe.blogspot.com/2009/12/blog-post_4938.html

Me
: အီကြာကွေးက ကိုဘလိုပဲ လူပြိုကြီး။ တောင်ဥက္ကလာမှာ နေတယ်

Me
: ၉ သန်းကျော်က လူအိုတွေ (အငြိမ်းစားတွေ)။ သန်း ၃ဝ ကျော်က တိုင်းနဲ့ မြို့နယ်က အလုပ်သမားတွေ။ ၁၇ သန်းက အစိုးရလက်အောက်ခံ။ နှစ်မျိုးစလုံးက အလုပ်မလုပ်တဲ့ လူတွေ။ ၁ သန်းက IT ပညာရှင်တွေ။ ဒါပေမဲ့ နိုင်ငံထဲမှာ အလုပ်မလုပ်ကြဘူး။ (JD တို့ပါတာပေါ့) ၂၅ သန်းက ကျောင်းသား၊ ကျောင်းသူတွေ။ ၁ သန်းက ၅ နှစ်အောက်တွေလေ။ ၁၅ သန်းကျော်က အလုပ်လက်မဲ့။ ၁ သန်းခွဲကျော်က ဆေးရုံမှာ အချိန်နဲ့အမျှ။ (အာလူးပါတယ်)။ ၇၉,၉၉,၉၉၈ က အချိန်မရွေး အထဲမှာလေ။

လက်ကျန်နှစ်ယောက်ကတော့ မင်း နဲ့ ငါ။ မင်းကလည်း မအားဘူးလေ။ မေးလ်တွေဖတ်ရ၊ နောက်လူတွေဆီ Fwds နဲ့ ထပ်ပို့ရနဲ့။ ကဲ ပြော ငါတစ်ယောက်တည်းနဲ့ ဘယ်လိုလုပ် နိုင်ငံကြီးကို ထိန်းမလဲ :D :D :D LOL


ခုမှ ရလို့ fwd mail ရပြီးကြပြီလားတော့ မသိဘူး။


ဘွိုင်းဇ်: ထိုင်ဖတ်နေတာ ရီတာတို့များ ပြုစုတတ်တယ်လို့ ချီးကျူးမလို့ လုပ်တုန်း ဖော်ဝဒ်မေးလ်ထဲက ရတယ်ဆိုလို့ ရိုက်လက်စ စာတွေ အကုန် ပြန်ဖျက်လိုက်တယ်။

STY
: တူတူပဲ ကိုဘ

Me
: ပြုစုရအောင် ကိုယ်က စာရင်းကိုင်လဲ မဟုတ်။ သုတေသနသမားလဲ မဟုတ်။
အီကြာကွေးက ကိုဘလိုပဲ လူပြိုကြီး။ တောင်ဥက္ကလာမှာ နေတယ် <<< အဲဒါကတော့ ကိုယ့်ဘာသာ ပြုစုလိုက်တာ။


ဘွိုင်းဇ်
: လူပြိုမှန်းလူပျိုမှန်း သူသိတာကျနေတာပဲ။ ဘယ်က အချက်အလက်တွေ ကောက်လာတာလဲ။ အချက်အလက်တွေက ယုံကြည်ရလောက်တဲ့ ပင်ရင်းကလား...။ နောင်ကို တစ်ခုခု တင်ပြချင်တယ်ဆိုရင် ဘယ်ကရတယ်ဆိုတာ အရင်ပြောပြပါ။ (တိန်)

STY
: ကြည့်ရတာ ကိုဘ မိန်းမအကြီး ဆီက ယူလာတာထင်တယ်။

ဘွိုင်းဇ်
: ဟင်.. အက်တီဝိုင်က သိရပြန်ပြီ။

STY
: "ဥာဏ်" မျက်စိနဲ့ ကြည့်ဆိုလို့။

ဘွိုင်းဇ်
: စာလုံးပေါင်းက မှားပြန်ပြီ။ မှားစရာရှားလို့ ညကလေး ဉ ကိုမှ ရီတာရှေ့ လာမှားရတယ်လို့ကွာ အက်စ်တီဝိုင်ရာ။ ကျားရှေ့မှောက်ရက်လဲဆိုတာ ဒါကို ခေါ်တာနေမှာ။ "ဉာဏ်" လို့ မြန်မြန်ပြန်ပြင်လိုက်။ ဟိုက ဥ နဲ့ ဉ ကလေးကို တစ်အား စီးရီးယပ်စ် ဖြစ်နေတာ။ ဉ ကို သနားလွန်းလို့ နေရာတွေ လိုက်ပေးနေရှာတယ်။

STY
: ဆိုက်ကို ထင်တယ် (ပြောပြန်ပြီ)

ဘွိုင်းဇ်
: လူတိုင်းကို ဆိုက်ကိုထင်တာလဲ ဆိုက်ကိုပါပဲလေ။ သူများဆိုက်ကိုပြောတာကို ဆိုက်ကိုဖြစ်တယ်လို့ ပြောတဲ့သူလဲ ဆိုက်ကိုပဲတဲ့။

STY
: ဟုတ်တယ် ကိုဘ ဆိုက်ကိုလို့ သုံးတာနဲ့ ဆိုက်ကို ဖြစ်တာပဲ

STY
: ဘယ် ဥ က အမှန်လဲ
(ရှင်ချင်တယ်။ ဒီလောက် ရှင်းပြတာတောင် နှစ်ခုလုံးကို အု တယ် ထင်တုန်း)


ဘွိုင်းဇ်
: ဉ <<<< ဥ မဟုတ် .. ညကလေး လို့ ဖတ်ရတယ်

STY
: များသောအားဖြင့်တော့ ဥ ပဲရေးတာမဟုတ်ဘူးလား။ ကြက်ဥ ဘဲဥ။

ဘွိုင်းဇ်
: ချစ်ကောင်းဆိုတဲ့ သတ်ပုံမှားတဲ့ ည ဆိုတာ ဉ = ညကလေး ကို ပြောတာနေမှာ။

STY
: ကြက်ဥ= ကြက်ညကလေး ဖြစ်နေမှာပေါ့။
(မင်းနဲ့ တဆရာတည်းထွက် ဖြစ်ရတာ ကိုယ် ရှက်လိုက်တာ STY ရယ်။ ဖြူးရောက်ရင် ဆရာမဆီ ဝင်ပြီး ဆရာမတပည့် အု ကျမ်း မကြေဘူး လို့ ပြောပစ်ဦးမယ်။)
smile

ဘွိုင်းဇ်
: အာ.. အဲဒါတွေက ဥတွေလေ..ဥနဲ့ ရေးတာပေါ့။ အခုက ဉာဏ်ဆိုတာ (အသံထွက် ညံ) ညကလေး ကို ရေးချထည့်ပြီး ဏကြီးသတ်ထားတာ။
(ဆရာ မနိုင် နှစ်ဆောင်ပြိုင်ပဲ)


STY
: အဲ သိဘီ။ သားသိပြီ မာမီဘိုက်။

ဘွိုင်းဇ်
: သုံးတာ ရှားတယ်။ အဲဒါကို ဂျီးဒေါ်က နေရာမရရှာလို့ ဆိုပြီး ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေးတွေ လုပ်လိုက်တာ ပျဉ်ပုံကြီးတို့ ပျဉ်းမနားတို့ မျိုးသုဉ်းမတတ်ဖြစ်နေတဲ့ ပျဉ်းတော်သိမ်တို့ စဉ့်အိုးတို့မှာ နေရာရသွားတယ်။ (စဉ့်အိုးကို (စည့်အိုး) လို့ အသံထွက်တာလား။ (စင့်အိုး) လို့ အသံထွက်တာလား။ စဉ်းစားနေတယ်။)

(ပြောဖို့ကျန်ခဲ့တဲ့ "ပျဉ်းမငုတ်တိုကြီး" သနားပါတယ်
ကိုဘရယ်။)

STY
: ညကလေးကို ဘယ်လို ထွက်လာအောင်လုပ်ရမလဲ ကိုဘ။

ဘွိုင်းဇ်
: ညကလေး ကိုကိုတို့ ညကျ အိမ်နောက်က ကောက်ရိုးပုံမှာ တွေ့ရအောင်လို့ ချိန်းရင် ထွက်လာမယ်။ အက်စ်တီဝိုင်

STY
: ကောက်ရိုးပုံမရှိဘူး မာမီ ဘိုလုပ်ရမလဲ

ဘွိုင်းဇ်
: ကြမ်းပြင်ပေါ် ဘယ်ညာလူးလှိမ့် ဗိုက်ကိုနှိပ် အူတက်မတတ် မျက်ရည်ဘူးသီးလုံးထွက်အောင် လက်သီးဆုပ်ကို ကြမ်းပြင်ကို ထုထုပြီးရယ်။ ခြုံတိုးဟာ။ အခင်းသွားတဲ့ နေရာတော့ မတိုးလေနဲ့။ မိုင်းတွေ ရှိတယ်။

STY
: စလုံးရဲတွေနဲ့ တိုးမှာပေါ့ အန္တရာယ် များသေးတယ်။ ကျားကြီးထွက်လာပြီ။

ဘွိုင်းဇ်
: လူမမြင်ကွင်းရင် ကိစ္စန မရှိ။ stomper တွေ မတွေ့အောင်တော့ ရှောင်ပေါ့။ နို့မဟုတ်ရင် သကြားပဲ။ အဲ.. နို့မဟုတ်ရင် အင်တာနက်ပေါ် ရောက်သွားမယ်။

Me
: ဖတ်ပြီး တခွိခွိဖြစ်နေလို့ စီနီယာ မသင်ကာတွေ ဖြစ်နေပြီ။ လျှော့ပြောကြပါ ရီစရာတွေ

STY
: stomper တော့ သားကြောက်တယ်

ဘွိုင်းဇ်
: အက်စ်တီဝိုင် သတိထားပါ။ မနှဲလေးရဲ့ ကျားကြီး ထွက်လာပြီ။ မသင်္ကာကို မှန်အောင် ပေါင်းပါ ရီတာ.... မသင်ကာ မဟုတ်ပါ။

STY
: မနှဲလေး မကြောက်ဘူး ကိုဘ သူ့ကျားကြောက်တာ.. မနှဲလေးက ဘဲညကလေး တလုံးလောက် ကျွေးလိုက်ရင်ဖြစ်တယ်။

ခရမ်းချဉ်သီး
: နေရာပြန်လည်ချထားရေး <<< ပြန်လည်နေရာချထားရေး :P

STY
: ဟုတ်ပါပြီ ပြင်ပါလိမ့်မယ် ဝန်ကြီးရုံးက စာရေး ရယ်

ခရမ်းချဉ်သီး
::fo:

Me
: မမ မွေးနေ့ကို အလျား 1 မီတာ၊ အနံ 1 မီတာ၊ အမြင့် 1 မီတာ ရှိသော ဘားမားကိတ် (မုန့်စိမ်းပေါင်း) တစ်လုံး၊ အိုလံပစ် မီးရှူးတိုင် တစ်ချောင်းတို့နဲ့ ကန်တော့သွားပါတယ်။

ခရမ်းချဉ်သီး
::fo:

Me
: ဒီ ခရမ်းရီသီးကတော့ တချိန်လုံး ရီနေတော့တာပဲ။ အိမ်ရောက်မှ ဖျော်ရည်လုပ်သောက်ပစ်မယ်။

***
မမ မွေးနေ့ အမှတ်တရ။ (အမ် ဘာမှလဲ မဆိုင်ဘူး)

ပြီးတော့ ဒီနေ့က သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့။ သူလဲ အုကျမ်း မကြေရှာဘူး။
သူ့နာမည် ဉာဏ်ထွန်း ကို အမြဲတမ်း ဥာဏ်ထွန်း လို့ပဲ ပေါင်းတယ်။
တကျောင်းတည်းထွက်ပြီး၊ တဘွဲ့တည်း တူတူ ရထားတာ ရှက်ထှာ။

***
Update:

ခုလေးတင်ပဲ သူ့ဆီက ဖုန်းလာတယ်။ သူ blog အသစ်တစ်ခု စပြီး run ပါပြီတဲ့။
သူငယ်ချင်း ဆိုပေမဲ့ ကိုယ်လိုတော့ ဘယ်ရေးတတ်ရှာမလဲ။
သူတို့က ပညာကို စိတ်ဝင်စားတဲ့ သူတွေ ဆိုတော့ knowledge ကြောင်းလေးလိုလို ဘာလိုလို ကိုယ်လို အနုပညာကို အာရုံဝင်စားသူတွေ အိပ်ငိုက်ချင်မယ့် အကြောင်းပဲ ရေးတတ်တာပါ။

သိချင်တာ ရှိရင် မေးဖို့တဲ့။
ကိုယ့်ဆီ မေးခွန်းလာမေးတဲ့ လူတွေ သူ့ဆီ လွှတ်လိုက်ရ ကောင်းမလား စဉ်းစားတယ်။
:D

***

11 comments:

Ko Boyz said...

အုံထွန်းလို့ ဖတ်ရမှာပေါ့နော်...

Ko Boyz said...

အပေါ်အောက်ကို အောက်အပေါ် ပြောင်းထားတာ လေးစားပါတယ်။ ကိုယ်တိုင် တစ်ပင်တစ်ပန်းလုပ်ဖူးလို့ သိတာပါ။
(အရီးကွန်စတိုင် လုပ်နေတာလား မသိဘူး။ တစ်ခါတည်း မန့်လို့ ပြိးနေတာကို နှစ်ခါလာမန့်နေတယ်။ အဟက်)

Nyan Tun said...

ဟမ်!
ငါဘယ်တုန်းကမှ ဉ နဲ့ ဥ မမှားဖူး ပါဘူး။ သိက္ခာချဖို့ပဲ စဉ်းစားမနေနဲ့ ခုနစ်တန်းကတည်းက မြန်မာကဗျာ ပထမဆု ရခဲ့တာ။ ငါမကြွားချင်ဘူးနော်။

khin oo may said...

အဲဒါဆိုရင် စိပုံးကို အပေါါ်အောက် ဒီဇိုင်းပြောင်းလုကိရမလား။

khin oo may said...

ကျေးဇူးပါ Rita

နေ၀သန် said...

စာဒီဇိုင်းဆန်းသဗျ... အခုမှစရောက်တော့ စဖတ်ဖတ်ချင်း ဆန်းနေသလိုလို...း))).. ဆရာကြီး အီကြာကွေးလည်း ဆုံးပြန်ပြီနော်.. ဒီနှစ်အတွင်းတော့ ဆုံးတဲ့ ပညာရှင်တွေ အများကြီးပဲ... စိတ်မကောင်းစရာပဲ....

Anonymous said...

ဒီပွဲမှာ...

အဓိက
ချွန်တွန်း လုပ်သွားသူက “ STY ” ပါ။
သူလည်း အခုတော့ ကြေ သွားရှာပါပြီ


ပေါက်ဖော်

Anonymous said...

ပေါက်ဖော်ဆိုတဲ့နာမည်အတိုင်း ပေါက်ပြီးမှ လာဖော်ပြန်ပြီ

ပုံ
အမည်မသိ အက်စ်တီဝိုင်

Rita said...

18 Dec 09, 15:19
ပေါက်ဖော်: ဟိုမှာ..သက်သက်မဲ့ကို ဝင်ရောပြီးတော့..စ နေတာပါ.ပျော်ရွှင်ပါစေ.ဆီချက် လေး.။

18 Dec 09, 15:54
Rita: ကျေးဇူး ပေါက်ဖော်။ ပြန်လာခဲ့ပါဦး။ ပျော်စရာကောင်းတဲ့ဟာကို။ ပေါက်ဖော်သွားတော့ NN က မေးနေသေးတယ်။ လွမ်းလို့ ကျန်ရစ်ခဲ့မှာကို အားနာပါတယ် NN လို့ ကိုယ်ပြောပေးလိုက်တယ်။

khin oo may said...

သုူငယ်ချင်းစီသွားကြည့်သေးတယ။် စီပုံးမထား ကွန်မက် မရှိ. ဘယ်လိုလူလဲ။

:P said...

ဘိရုမာလိုလည်း မရေးဘူး၊ ဗြစ်တစ်သျှလိုတွေ မှုတ်ထားတယ်။