
ယခင် post မှ အဆက်....
သူက ကိုယ့်ရဲ့ အိပ်မက်ဟောင်းတွေကို စိုးမိုးခဲ့တဲ့သူ
ကိုယ့်ရဲ့ ရင်ခုန်သံတွေကို ထွန်းညှိခဲ့တဲ့သူ
ကိုယ့်ရဲ့ ဘဝလမ်းညွှန် ဆိုင်းပုဒ်တွေကို အလွဲလွဲ အမှားမှား ဖြစ်အောင် တတ်စွမ်းခဲ့တဲ့သူ
အနှစ်နှစ် အလလက တွယ်တာ စွဲလမ်းခဲ့ရပြီး မြတ်နိုး တန်ဖိုးထားခဲ့ရသူ...
သူက အင်မတန်မှပင် အဖြူရောင်ဆန်ပါသည်
အဖြူရောင်ကဲ့သို့ ကြည်လင် သန့်စင်သည်... ထို့ကြောင့် သူ့ကို ကိုယ် ဂရုတစိုက် ယုယ လိုပါသည် အဖြူရောင်ကဲ့သို့ ရိုးရှင်း သက်ငြိမ်သည်... ထို့ကြောင့် သူ့ကို ကျွန်မ တသသ အရိပ်ကြည့် နေချင်သည် အဖြူရောင်ကဲ့သို့ ပကတိ သိမ်မွေ့သည်... ထို့ကြောင့် သူ့ကို ကျွန်မ အမြတ်တနိုး ချစ်ခင်သည်
အဖြူရောင်ကဲ့သို့ ကျွန်မ၏ စိတ်နှလုံးကို ပေါ့ပါးလွတ်လပ်ကာ ချမ်းမြေ့ နှစ်သိမ့်စေသည်... ထို့ကြောင့် ကျွန်မ သူ့ကို လေးလေး နက်နက် တန်ဖိုးထားပါသည်
*
(အချစ် ဆိုတာ ပေးလိုက်ရတာချည်း မဟုတ်သလို ရရှိလိုက်တာချည်းလဲ မဟုတ်တဲ့ တိုက်ရိုက် လဲလှယ်တဲ့ စနစ် တစ်ခုလို့ သိခွင့်ရလိုက်တယ်)
*
(အဲဒါ သူ့ဆီမှာတွေ့ရှိ
ကိုယ် ရှာဖွေမိတဲ့ အချစ်ပေါ့)
(to be continued)
***
ဝန်ခံချက်။
----------
တတိယ စာကြောင်း "ဘဝလမ်းညွှန် ဆိုင်းပုဒ်တွေကို အလွဲလွဲ အမှားမှား ဖြစ်အောင် တတ်စွမ်းခဲ့တဲ့သူ" ဟူသော စာသားမှာ ၁၉၉၄/၅ တဝိုက် "မြားနတ်မောင် မဂ္ဂဇင်း" ပါ "ဆရာ မြမြင်းမိုရ်" ၏ "အချစ်ဟောင်း" ကဗျာမှ စာသား ဖြစ်ပါသည်။
3 comments:
ဟင်
အဲ့တာက ဘာလုပ်တာလဲ မမရီတာ
စာဖတ်သူကိုမလေးမစား
တကြောင်းချင်းစီပဲတင်လိုက်ပါတော့လား
အိုမသိဘူးမသိဘူး
ရှင့်ကို စိတ်ဆိုးသွားပြီ
စလုံး မလာတော့ဘူး
ဒါဗြဲ
Nothing to say.
to be continued reading.
BINO
နည်းနည်းတော့ ရုပ်လုံးပေါ်လာပြီ..ဆက်ဖတ်ပါဦးမယ်။
Post a Comment