ယတြာ
ဗေဒင်မေးတယ် ဆိုတာ ယုံကြည်ခြင်းနဲ့ သိပ်မဆိုင်တဲ့ ရှေ့ဘာဖြစ်မလဲ ကြိုသိချင်တဲ့ စိတ်ဝင်စားမှုသက်သက်ကြောင့်လို့ ကိုယ် ယူဆပါတယ်။ ဒါပေမဲ့ အဲဒီ နေရာမှာတင် ရပ်မသွားသေးဘဲ ဗေဒင်မေးခြင်းမှာ နောက်ဆုံးအဆင့် တစ်ဆင့် ကျန်သေးတယ်။
အဲဒါကတော့ ယတြာ။
မိမိရဲ့ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ကြိုသိချင်လို့ မေးမြန်းပြီးတဲ့နောက် မကောင်းတာ တချို့တလေများပါခဲ့ရင် ရှောင်လွှဲ ကာကွယ်နိုင်မယ့် ကုစားချက်တစ်မျိုး ၊ အဲဒါ ဗေဒင်မေးသူတွေရဲ့ အန္တိမ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။
အမှန်တော့ ဗေဒင်မေးခြင်းရဲ့ အချုပ်ဟာ ယတြာသာ ဖြစ်တာမို့ ဗေဒင်ယုံသလား အစား ယတြာကို ယုံသလားလို့သာ မေးသင့်တယ် လို့ ကိုယ်တော့ ထင်ပါတယ်။ အဲဒီလိုသာ လာမေးရင်တော့ ဗေဒင်ယုံသလား မေးတုန်းကလို ဖြေမိတော့မှာ မဟုတ်ဘဲ "မယုံဘူး" လို့သာ ဖြေဖြစ်ပါလိမ့်မယ်။
မိမိပြုခဲ့သမျှ ကုသိုလ် အကုသိုလ်တွေဟာ နွားခြေရာနောက်ကို လိုက်တဲ့ လှည်းဘီးလို မိမိနောက်က ထပ်ကြပ်မကွာလိုက်တယ်ဆိုတဲ့ အယူအဆကို ယုံကြည်ကြတဲ့ ဗုဒ္ဓဘာသာဝင် ဆိုသူအများဟာ မိမိပြုခဲ့သမျှ အတိတ်၊ ပစ္စုပ္ပန်နှစ်တန်က ကောင်းမွေ ဆိုးမွေတွေကို ချေဖျက်နိုင်ဖို့ ဘာကြောင့် ကြိုးစားအားထုတ်ကြတာလဲ။
ဒီနေရာမှာ အငြင်းပွားစရာ တစ်ချက်တော့ရှိနိုင်ပါတယ်။
တချို့တွေပြောတတ်တဲ့ "ဘုရားယတြာ" ဆိုတာ... နားလည်သလို ပြောရရင် ဘုရားယတြာဆိုတာ... ဘုရားရှင်ရဲ့ နှုတ်ကပါတ်တော် ဖြစ်တဲ့ သုတ္တန် ပရိတ်တော် စတာတွေကို ရွတ်ဖတ်ပူဇော်တာ၊ ဘုရားရှေ့မှာ ဘာသာရေးနဲ့ဆိုင်တဲ့ ကုသိုလ်ကောင်းမှု တစ်ခုခုကို ပြုခိုင်းတာ စတဲ့ ယတြာမျိုးပါပဲ။ (ဘာအရောင် အဝတ်အစားကို ဝတ်ပြီး ဘာပင်ကို ဘာပူဇော်လိုက်ပါ ဆိုတဲ့ လူမှုရေး ယတြာမျိုး မဟုတ်ဘူးပေါ့)
ဘာသာရေးနဲ့ ပတ်သတ်လို့ ကောင်းတာလုပ်တာဟာ အပေါင်းလက္ခဏာ ဆိုပေမယ့် ကောင်းမှုကုသိုလ် လုပ်တာတောင်မှပဲ ကိုယ်လိုသူလို လူသာမန်တစ်ယောက်ရဲ့ ညွှန်ကြားမှုအောက်ကနေ လုပ်နေပြီဆိုကတည်းက စိတ်ဓာတ်ရေးရာအရ အဲဒါ အနုတ်လက္ခဏာပဲ လို့ ထင်ပါတယ်။
ကိုယ်ကပဲ ထောင်လွှားမော်ကြွားလွန်းသလား ...
ကိုယ် လုပ်နိုင်သမျှ လုပ်နေကျ ကိစ္စတစ်ခုခုကို ကိုယ့်ထက် သဒ္ဓါ၊ သီလ၊ ပညာ မြင့်မားသာလွန်တယ်လို့ မသေချာတဲ့ လူတစ်ယောက်က ညွှန်ကြားမှ လုပ်ရတဲ့ အဖြစ်မျိုး တွေးကြည့်လို့တောင် မရပါ။
ကိုယ်စိုက်ပျိုးခဲ့သမျှ ကိုယ်ရိတ်သိမ်းရတယ် (ကံ၊ ကံ၏ အကျိုး) ဆိုတဲ့ ဗုဒ္ဓဝါဒရဲ့ အနှစ်သာရနဲ့ ပတ်သတ်လို့ သက်သေ သက္ကာယ အများအပြားနဲ့ ကျမ်းကိုး အခိုင်အမာနဲ့ လောလောဆယ် အခြေအနေအရ ရေးမပြနိုင်ပါ။
ဘုရား ရဟန္တာသော်မှ နောက်ဆုံး ဘဝမှာ ဝဋ်ကြွေးရှိသမျှ အကုန်ချေခဲ့ကြရတယ်ဆိုတဲ့နောက်..
တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ ရှင်မဟာ မောဂ္ဂလာန် ကိုယ်တော်တိုင် ဘဝဟောင်းက ဝဋ်ကြွေးကို ခိုးသား ၅ဝဝ ဆီမှာ ဆပ်ခဲ့ရတယ် ဆိုတဲ့နောက် ...
လူသာမန်တွေမှာ ဘဝဘဝက ပါလာနိုင်တဲ့ ဆိုးမွေတွေကို ဘုရားရှေ့မှာ ရွတ်ဖတ် သရစ္ဇျာယ် လိုက်ရုံနဲ့ ချေဖျက်စေနိုင်လိမ့်မယ် လို့ ဘာကြောင့်များ တွေးနေမိကြသလဲ။ အဲဒီလို အခြေခံကျတဲ့ ဘာမှ မခဲယဉ်း မပင်ပန်းတဲ့ ကုသိုလ်ကောင်းမှုလေးတစ်ခု လုပ်ဖို့ကို ပြင်ပက တွန်းအားတစ်ခုခု ညွှန်ကြားမှုတစ်ခုခု ဘာကြောင့် လိုအပ်နေရတာလဲ။
ဗုဒ္ဓဘာသာဟာ ပြဋ္ဌာန်းခံ ဖန်တီးခံ ဝါဒမဟုတ်ပါ။ ဒါပေမယ့် ဘဝအဆက်ဆက်ကို ယုံကြည် လက်ခံတဲ့ ဝါဒဖြစ်ပါတယ်။ ကိုယ်ပြောချင်တာသည် ဘယ်ဘဝမှာ ဘာအကျိုးပေးဆိုတဲ့ မသေချာ မရေရာတဲ့ ကိစ္စ မဟုတ်ပါဘူး။ ကိုယ် အဲလောက်လဲ နှံ့စပ် ဝင်စားသူ မဟုတ်ပါဘူး။
ကိုယ်ပြောချင်တဲ့ အဓိက အကြောင်းက မိမိလက်ရှိ ခံစားရတဲ့ ကောင်းမွေ ဆိုးမွေတွေဟာ ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ ပယောဂမှ မပါတဲ့ မိမိကိုယ်တိုင် ဖန်တီးပြုမူခဲ့ပြီးသား၊ မိမိပိုင် ဥစ္စာပစ္စည်းတွေသာ ဖြစ်လို့ ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ ပယောဂနဲ့မှ ပျက်စီး ဆုတ်ယုတ် တိုးပွား စည်ပင် ဖြစ်မှာမဟုတ်ဘူး ဆိုတာပါပဲ။ အဲဒီ အကြောင်းတရားတွေကို စီမံ ဖန်တီးသူဟာ မိမိကိုယ်တိုင်ပါပဲ။
ဗုဒ္ဓဘာသာမှာ ပုံချလို့ရတဲ့ ဖန်ဆင်းရှင် မရှိဘူး။ ရှိတယ်ဆိုရင်လဲ အဲဒါ ကိုယ်ကိုယ်တိုင်ပဲ။
ဆန့်ကျင်ဘက် လားရာနှစ်ဖက်မှာ အကုသိုလ် အကြွေးကို ယတြာနဲ့ပဲ ချေမယ်ဆိုတဲ့ တစ်ဖက်ကိုရွေးမယ်ဆိုရင်တော့ ဘုရားဟောတဲ့ "ကံ ကံ၏ အကျိုး" ကို ကျောခိုင်းပစ်ဖို့သာ ရှိတော့မယ် လို့ မြင်ပါတယ်။
နောက်ဆုံးတော့ မြန်မာပြည်က ကိုယ့်ရဲ့ director တစ်ယောက်ပြောဖူးတဲ့ စကားတစ်ခွန်းကိုသာ ကိုးကားချင်ပါတယ်။
["ဗုဒ္ဓဘာသာ" ဟာ လူတွေရဲ့ အကြောက်တရားကြောင့် ပေါ်ပေါက်လာတာဟုတ်ဘူး။ ဘာသာတရား အမျိုးမျိုး ရှိလို့ ဘာသာ လို့ ခေါင်းစဉ်တပ်ထားပေမယ့် တကယ်တော့ "သဘာဝ ဓမ္မ" ပဲ ဖြစ်တယ်]
***
ဒီ post မျိုးတင်ရတာ နည်းနည်းတော့ မျက်စေ့ စပါးမွှေးစူးခံရမယ် ဆိုတာ အာရုံတော့ ကြိုရနေသလိုလိုပါပဲ။ ဘလော့လောကမှာတော့ နာမည်ကြီး မဟုတ်လို့ ရှော့ခ် မရှိပါ။ အပြင်လောကမှာ (၁) တင်ပြီးကတည်းက နည်းနည်းတော့ တ မျိုးပဲ။
ဒါပေမယ့်လည်း သိပ်တော့ ဂရုစိုက်မနေနိုင်ပါ။ လူဆိုတာ အမှန်တရားကို ခါးသီးတတ်တဲ့ သတ္တဝါမျိုးတွေပဲ လို့ သိထားရင် နေတတ်ထိုင်တတ် သွားတာပါပဲ။
မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံ ဖြစ်လို့ .... အစချီပြီး ပြောလာရင် အဲဒီလူဟာ ကိုယ့်ထက် အသက် နှစ်ပြန် သုံးပြန်ကြီးနေပစေ အခြေအနေပေးရင် ငြင်းပစ်ဖို့ ဝန်မလေးပါ။ ဗုဒ္ဓဘာသာထွန်းကားတယ် ဆိုတာ ဘုရားကျောင်းကန်တွေ ပေါတာ၊ အဲဒီနေရာတွေမှာ လူစည်နေတာ၊ ဘုန်းကြီး သီလရှင်တွေ ပေါတာကို ခေါ်တာမဟုတ်ဘူး လို့ ကိုယ်တော့ ထင်တယ်။
ဘုရားကို ဘာသားနဲ့ ထုလုပ်ပူဇော် ၊ ဘယ်အရပ်ကလာတဲ့ ဘာညွန့် ဘယ်နှစ်ညွန့်နဲ့ ဘယ်အချိန် ဘယ်နှစ်နာရီမှာ ဘာနေ့သားသမီး အတွက်... (အမလေးနော် မောလိုက်တာ)
ဒီ post ကိုရေးလို့ blog လောကမှာ ဘာမှ ထူးခြား ပြောင်းလဲ မသွားနိုင်ပေမယ့် ပြင်ပလောကမှာ မိတ်ဆွေတချို့ ကနေ ရန်သူ (ဒါမှ မဟုတ်) သူစိမ်း ဖြစ်သွားနိုင်ပြီး ၊ သူတစိမ်းတချို့ မိတ်ဆွေ ဖြစ်လာနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်သမျှတွေရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို မလွှဲမရှောင် တာဝန်ယူချင်တတ်တာတော့ သေချာတာမို့ ...
ရန်သူ (ဒါမှမဟုတ်) သူစိမ်းဖြစ်သွားမယ့် မိတ်ဆွေ၊
မိတ်ဆွေ ဖြစ်လာမယ့် ရန်သူ (ဒါမှမဟုတ်) သူစိမ်း...ဘယ်သူ့ကိုမဆို ကျေကျေနပ်နပ် ကြိုဆိုမိပါလိမ့်မယ်။
(ကိုယ် အပြောင်းအလဲတွေနဲ့ စိမ်ခေါ်မှုကို ကြိုက်တယ်)
***
Dedicated to My Mum, My Aunt & All of the crazies about Predictor
***
ဒီ post ကို 15th Feb 2009 က တင်ခဲ့တာပါ။
ကိုယ်ကတော့ မိတ်ဆွေလို့ ခေါ်တဲ့လူတွေ အများကြီး မရှိချင်ပါဘူး။ ရှိလည်း မရှိပါဘူး။
လူရယ်လို့ ဖြစ်လာရင် မုန်းသူ၊ ရန်သူဆိုတာလည်း ရှာစရာ မလိုဘဲကို ရှိတယ်လို့ ထင်မိပါတယ်။
လူအားလုံးရဲ့ နှစ်လို ကြည်ဖြူမှုကို ဘယ်သူမှ မရနိုင်ပါဘူး။ ဘုရားအဆူဆူပဲ ကြည့်ပါတော့။
လူတိုင်းက ကြည်ညိုကိုးကွယ်တဲ့ ဘုရားရယ်လို့မှ မရှိဘဲ။
ကောင်းတာ လုပ်နေရင်တောင်မှပဲ အပြောအဆို အမျိုးမျိုး ခံရတတ်တာ နီးနီးဝေးဝေးမှာ အလွယ်တကူ ကြည့်လို့ရပါတယ်။
လူတိုင်းကို လိုက်ချီးကျူးတာဟာ ဘယ်သူ့ကိုမှ မချီးကျူးတာနဲ့ အတူတူပဲ ဆိုတဲ့ စကားလိုပဲ။
လူတိုင်းနဲ့ ပလူးပလဲ အလွမ်းသင့်နေတဲ့ လူမျိုးဆိုလည်း အင်း... ဆက်မပြောတော့ပါဘူး။
နည်းနည်းတော့ သတိထားနေပေါ့။ နောက်ကျောကို ဓါးနဲ့ ထိုးတတ်တာ အဲလို လူမျိုးတွေပဲ။
ကိုယ်ကတော့ အုတ်အရောရော ကျောက်အရောရော ဓလေ့တွေ ကြိုက်လေ့ရှိတဲ့သူ မဟုတ်ပါဘူး။
အရာရာကို ပြတ်ပြတ်သားသား စည်းခြားချင်တဲ့သူ ဖြစ်နိုင်ပါတယ်။
(တချို့နေရာတွေမှာ ခြား နိုင်ချင်မှတော့ နိုင်မယ်ပေါ့။)
အဲလို စည်းခြားလိုက်ဖို့ကို ဘယ်တော့မှ မတွန့်ဆုတ်တတ်၊ ခြားလိုက်ပြီးရင်လည်း ဝမ်းမနည်းတတ်သူ ဖြစ်ပြန်ပါတယ်။
(Update: ဒီနေရာမှာ စည်းခြားချင်တယ် ဆိုတာဟာ ကိုယ့်ရဲ့ ပုဂ္ဂလိက ပေါင်းသင်းဆက်ဆံရေးပိုင်းကို ဆိုလိုပါတယ်။ အဲဒီ အပိုင်းမှာမှ... ယုံကြည်မှုနဲ့ အယူအဆပိုင်းကို ဆိုလိုပါတယ်။
ဥပမာ - ကိုယ်က ဒီကိစ္စတွေကို အပိုအလုပ်တွေလို့ ယူဆတယ် ဆိုရင်... ဒါမျိုးတွေ ဝင်စားသူရှေ့ ရောက်ခါမှ အေး ကောင်းသားပဲ။ ဟို ဗေဒင်ဆရာ ကောင်းတယ် ကြားဖူးတယ်။ သွားမေးပါလား။ လိုက်ခဲ့ပေးမယ်... ဆိုတာမျိုးကို ရူးသလိုလို ကြောင်သလိုလိုနဲ့ ထပြောမှာ မဟုတ်ဘူး။ ဒါမျိုးကို ဆိုလိုတယ်။
အဲဒီအခါမျိုး နဲ့ နောက်ပြီး ကိုယ် ဒီလို post မျိုးကို ရေးတဲ့ အခါမျိုးမှာ ဒါဟာ သူတို့ကို စော်ကားတယ်လို့ ယူဆပြီး ဟင် တယ်ဆိုရင်တော့ ကိုယ်လုံးဝ လုံးဝ ဝမ်းနည်းမှာ မဟုတ်ဘူး။ ဝမ်းသာမနေရင် ကံကောင်း။
ဒီ ပို့စ် အပြီးမှာ ကိုယ်နဲ့ တတန်းတည်း (ဒီ blog မှာတောင် ကိုယ် သူ့အကြောင်း အစက ရေးဖူးသူ) စံဇာဏီဘို စာအုပ် အမြဲ လက်စွဲတဲ့၊ ဘာပဲ စလုပ်လုပ် ဗေဒင်နဲ့ ယတြာနဲ့ဆိုတဲ့ သူငယ်ချင်းနဲ့ ကိုယ်နဲ့ ကြားမှာ ဘာအနှောင့်အယှက်မှ မရှိဘဲ... ဆက်တွဲနေတုန်းပဲ။ ဒီ ပို့စ်ကိုလဲ မနှစ်ဆီကတည်းက ရေးပြီး မေးလ်ပို့ပြီးသား။
ဒါပေမဲ့ ကိုယ်နဲ့ တွဲလာတဲ့ တလျှောက်လုံးမှာ သူဒါတွေလုပ်ဖို့ ဘယ်တုန်းကမှ အားပေးအားမြှောက် မလုပ်ခဲ့စဖူး၊ မကူညီခဲ့စဖူး။ သူကလဲ အကူအညီ မတောင်းခဲ့ဘူး။ ပြတ်ပြတ်သားသား စည်းခြားတယ် ဆိုတာ အဲဒါပဲ။ သူအဲလို နေနိုင်တာကို ကိုယ် ဝမ်းသာတယ်။ လွတ်လပ်စွာ ကွဲလွဲတယ် ဆိုတာ အဲဒါပဲ။ အဲလိုမှ မဟုတ်ဘဲ ကိုယ်အဲလို ယူဆနေတာ သူ မကျေနပ်လို့ သွားမယ်ဆိုလဲ ကိုယ်ကတော့ ဝမ်းမနည်းဘူး။
သူတပါး လွတ်လပ်ခွင့်ကို တန်ဖိုးထားတယ် ဆိုတာ ဘာလဲ နားလည်သူတွေဟာ အဲဒါကို ထိခိုက်ထိန်းချုပ်ဖို့ ဘယ်တော့မှ မကြိုးစားဘူး။ မေးခွန်းတော့ ထုတ်ချင်ရင် ထုတ်မယ်။ အဲဒီ အခါမှာ တဖက်ကလည်း ငါနဲ့ မတူ ငါ့ရန်သူ သဘောမထားမိဖို့တော့ လိုတယ်။ ဒါဆို ဆက်သွားလို့ ရပြီ။
ဆိုခဲ့ပြီးတဲ့ သူငယ်ချင်းနဲ့ ကိုယ်နဲ့ ကြားမှာ... ဒါမျိုးတွေရှိလို့ ဒါကို ရေးလိုက်ပြီးသည့်တိုင် ကိုယ်တို့ကြားမှာ ဘာမှ မပြောင်းလဲ တာပဲ။ လူတချို့နဲ့ ပတ်သတ်လို့ ပြောင်းလဲတာတွေ တချို့ရှိတာဟာ ဂရုကို စိုက်စရာ မလိုတဲ့ အပိုင်းဖြစ်တယ်။
ဒီနေရာမှာ ကြုံလို့ ပြောလိုက်ပါရစေဦး။ ဗေဒင် ယတြာနဲ့ နိုင်ငံရေး ဘာမှ မဆိုင်ဘူး ထင်ရပေမဲ့ ကိုယ့်ရဲ့ ဉာဉ်အရ ဆွဲထည့်ချင်သေးတယ်။ ခု ဒီ ပို့စ်မှာ လာရေးတဲ့ သူတွေကိုလည်း အရင် ဖြေကြည့်သူများမှာ လာတဲ့သူတွေလို့ ထင်လို့ မဟုတ်ပါဘူး။
တကယ်တော့ ကိုယ် ဥပမာ ပေးလိုက်တဲ့ ကိုယ့်သူငယ်ချင်းနဲ့ ကိုယ်နဲ့ဟာ ဘာကရေစီ ညာကရေစီမှ ပါးစပ်က မအော်ဘူး။ ဟိုမိုဒီမိုလည်း မဟစ်ဘူး။ သို့သော် ကိုယ်တန်ဖိုးထားတဲ့ အရာကို ကိုယ့်ဘာသာ တည်ဆောက်ယူတယ်။ ဒါဟာ ဘာနည်းလမ်းကိုမှ လိုက်နာ ကျင့်သုံးတာလည်း မဟုတ်ဘူး။ ကိုယ့်ဘာသာ နည်းလမ်းကျတယ် လို့ ယုံကြည်တဲ့နည်းနဲ့၊ လိုချင်တဲ့ ပုံစံကို ရထားတာပဲ။ ဒါကြောင့်လည်း အပြောတခြား အလုပ်တခြား ... ပေးဟဲ့ ငါ့မြင်းတွေကို စာရင်းမရှိတာ။ )
ဘာပဲဖြစ်ဖြစ် "ဖြေကြည့်သူများ" မှာ comment ရေးသွားတဲ့ Tavoygyi ကိုတော့ ကျေးဇူးတင်မိပါတယ်။ သူ့ကြောင့် ဒီ post ပြန်တင်ဖြစ်တာ အပြင် သူ့ comment ကနေ စေတနာကို ခံစားရတယ် ထင်လို့ပါ။
***
125 comments:
ဘာ “ယတြာ” ချေရမှန်း တောင်မသိတော့ ဘူး...
ကိုထားဝယ်ကြီး ကို တင်းသွားပြီ..ဟင်း :-)
ဗေဒင်ဟုဆိုရာဝယ်....
လက်ရှိ မြို့ရွာ မကျန် တော်တော်များများဟာ ဗေဒင်မပါရင် မပြီးသလို ဗေဒင်ဆရာကလည်း ယတြာမပါရင် မဟောတတ်သလိုပါပဲ။
ဗေဒင်တွေရဲ့ လွှမ်းမိုးမှုကတော့ ကြောက်ခမန်းလိလိပါပဲ။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ဗေဒင်ကဏ္ဍကို မထည့်မနေ ထည့်ကြပါတယ်။ ဒါမှလည်း ဖတ်သူ ပိုပြီး များလာမယ်လို့ ဆိုပါတယ်။ အိတ်ဆောင် စာအုပ်လေးတွေကလည်း ဘယ်ရာသီခွင် ဘာခွင်, ညာခွင်နဲ့ တကယ်တော့ ဗေဒင်ဆရာရဲ့"ဂွင်" ပါပဲ။
ယနေ့လက်ရှိအချိန်တွင်ကား ဗေဒင်ဆရာရဲ့ စကားတစ်ခွန်း၊ ဟောပြောချက်ဟာ ဘယ်လောက်ထိ မှန်သလဲ၊ ဘယ်အတိုင်းအတာအထိ လက်ခံသင့်သလဲ၊ စသဖြင့် မစဉ်းတော့ဘဲ လက်အုပ်ချီ၊ ဒူးတုန်ကာ မျက်လုံးစုံမှိတ်ပြီး ခိုင်းတာ အကုန်လုပ်တော့တာပါပဲ။
မည်သူ၏ တပည့်ဆိုပြီး ဆိုင်းဘုတ်တပ်ကာ ဟောပြောခန်းများဖွင့်ထားပြီး အားချိန်တိုင်း ဗေဒင်ဆရာ အ၀ှာများ လက်ဖက်ရည်ဆိုင်ထိုင်ကာ လုပ်ကြသည်မှာ နှစ်လုံး သုံးလုံး တွက်နေကြသည်က များပါတယ်။ ပေါက်ရော ပေါက်ကြလို့လား ?..
"ကံကံ၏ အကျိုး"
ကံ = အလုပ်
စာမေးပွဲအောင်ဖို့အတွက် အညွန့်အတက်တွေနဲ့ ယကြာချေရင် အောင်ပါ့မလား.. ။ကိုယ်တိုင် ကြိုးစား ကျက်မှတ်ဖြေမှသာလျှင် အောင်မြင်မှု ရမှာပါ။ ဒါကိုလည်း သိရက်နှင့်ပင် မျက်စိစုံမှိတ်လုပ်နေကြတာဟာ ဗေဒင်ဆရာရဲ့ အလွန်မဟုတ်တော့ပါဘူး။
ရေးရင်နဲ့ ကွန်မတ်က ရှည်သွားပြီ...
ခင်မင်စွာဖြင့်
လင်းဦး(စိတ်ပညာ)
(ခုရေးတဲ့ ကောမန့်ဟာ ဗေဒင်အကြောင်းနဲ့ မသက်ဆိုင်ကြောင်း ပြောပါရစေ)
၁။ “ကိုယ်စိုက်ပျိုးခဲ့သမျှ ကိုယ်ရိတ်သိမ်းရတယ် (ကံ၊ ကံ၏ အကျိုး) ဆိုတဲ့ ဗုဒ္ဓဝါဒရဲ့ အနှစ်သာရနဲ့ ပတ်သတ်လို့ သက်သေ သက္ကာယ အများအပြားနဲ့ ကျမ်းကိုး အခိုင်အမာနဲ့ လောလောဆယ် အခြေအနေအရ ရေးမပြနိုင်ပါ။”
ဆိုတဲ့စကားအရ ကျမ်းကိုးအခိုင်အမာနဲ့ အခြေအနေအရ ရေးမပြနိုင်ရင် အခုလိုမျိုးပို့စ်ကိုမရေးပါနဲ့..။ လူတွေကို misleading ဖြစ်စေပါတယ်..။ ရေးချင်လွန်းအားကြီးလို့ ရေးမယ်ဆိုတာတောင် စာလာဖတ်တဲ့သူတွေကို လေးစားသောအားဖြင့် ကျမ်းကိုးအထောက်အထားနဲ့ ခိုင်ခိုင်မာမာ ရေးသားတင်ပြပါ..။
၂။ “ဒါပေမယ့်လည်း သိပ်တော့ ဂရုစိုက်မနေနိုင်ပါ။ လူဆိုတာ အမှန်တရားကို ခါးသီးတတ်တဲ့ သတ္တဝါမျိုးတွေပဲ လို့ သိထားရင် နေတတ်ထိုင်တတ် သွားတာပါပဲ။”
လူဆိုတာအမှန်တရားကို ခါးသီးတတ်တဲ့ သတ္တ၀ါမျိုးလို့ အပေါ်မှာဆိုထားတော့ လူသားအားလုံးကိုဆိုလိုတာလား အချို့လူတွေကိုဆိုလိုတာလား ရှင်းရှင်းလင်းလင်းပြောပါ..။ မှန်တယ်မှားတယ်ဆိုတာဘာနဲ့ ဆုံးဖြတ်တာတည်း ဒေါ်ရီတာ သတ်မှတ်တဲ့ Standard နဲ့လား...။ သေချာရှင်းအောင်ရေးပါ..။ ဥပမာ ဒေါ်ရီတာပြောခဲ့တဲ့စကားတစ်ခု တစ်နေ့နေ့မှာ လုံးဝကိုမှားနေခဲ့တယ်ဆိုရင် ဖြင့်...။
၃။ “မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံ ဖြစ်လို့ .... အစချီပြီး ပြောလာရင် အဲဒီလူဟာ ကိုယ့်ထက် အသက် နှစ်ပြန် သုံးပြန်ကြီးနေပစေ အခြေအနေပေးရင် ငြင်းပစ်ဖို့ ဝန်မလေးပါ။”
လို့ဆိုထားတော့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာမထွန်းကားဘူးဆိုတော့ ဘယ်လိုအခြေအနေတွေဖြစ်နေသလဲ ဆိုတာ ရှင်းပါ..။ ဘာအချက်တွေကြောင့်ငြင်းရတယ်ဆိုတာ ရှင်းပြပေးပါ..။ အခြေအနေပေးရင်လို့ဆိုထားတော့ အခုပဲအခြေအနေပေးလာတယ်လို့ သတ်မှတ်ပြီး ပြန်ဖြေပေးပါ..။
(ကိုယ်ရေးတဲ့စာတွေ ကိုယ်တာဝန်ယူစေချင်ပါတယ်.. တာဝန်ယူတယ်ဆိုတာ ဂရုတစိုက် ပြန်လည်ဖြေကြားပေးခြင်းလို့ ခံယူထားပါတယ်.. )
စာဖတ်သူတစ်ဦး
I like စာဖတ်သူတစ်ဦး 's comment. Lady, whether you believe it or not,it's your choice and rights.Don't insult other people's belief.
ရီတာ ရေးထားတာတွေကို မဖတ်ဖြစ်သေးပါ။ ဒါပေမဲ့ ကိုယ်က မင်းတို့ လုပ်သမျှ ရက်ရာဇာ ဆိုတာကို ယုံကြည်တဲ့သူမျိုး။
ဒါနဲ့ အထက်က anonymous က ဉဏ်ရှိပုံရတယ်။ သာမာန် cbox မှာ ပျော်ပါးနေတဲ့သူတော့ ဖြစ်ပုံမရပါ။ ကိုယ်က တခု တင်မယ် ဆိုရင် သေးသေးအချက် အလက်လေးတောင် တော်တော် research တွေလုပ်ပြီး လေ့လာပြီးမှ တင့်လေ့ရှိတယ်။ ရီတာ လဲ အဲလို လုပ်တယ် မဟုတ်လား
I don't want to argue too much and I'm not saying I totally believe that kind of things.My suggestion to you "If you want to write meaningful blogs,read more books and write with quotes or evidences."
This is how other people write:
http://www.ainmat.com/index.php?/archives/891-Applied-Astrology.html
(၁) "မိမိပြုခဲ့သမျှ ကုသိုလ် အကုသိုလ်တွေဟာ နွားခြေရာနောက်ကို လိုက်တဲ့ လှည်းဘီးလို မိမိနောက်က ထပ်ကြပ်မကွာလိုက်တယ်ဆိုတဲ့ အယူအဆကို ယုံကြည်ကြတဲ့ ဗုဒ္ဓဘာသာဝင် ဆိုသူအများဟာ မိမိပြုခဲ့သမျှ အတိတ်၊ ပစ္စုပ္ပန်နှစ်တန်က ကောင်းမွေ ဆိုးမွေတွေကို ချေဖျက်နိုင်ဖို့ ဘာကြောင့် ကြိုးစားအားထုတ်ကြတာလဲ။"
ဘာကြောင့် မကြိုးစား အားမထုတ်ရမှာလဲ ... လို့ ရီတာကို ပြန်မေးချင်တယ်။
ကံမှာ အားကြီးတဲ့ကံ အားနည်းတဲ့ကံ ဆိုပြီးရှိတယ်။ အားကြီးတဲ့ ကုသိုလ်ကောင်းမှု (ကံ) တွေပြုရင် အားနည်းတဲ့ မကောင်းကံတွေက ပပျောက်သွားရတယ်။ အဟောသိကံ လို့ ခေါ်တယ်။
ဒါကြောင့် အတိတ်က ဆိုးမွေတွေကို ချေဖျက်ဖို့ ပစ္စုပ္ပန်မှာ ကောင်းမှုပြုခြင်းအားဖြင့် ကြိုးစားသင့်ပါတယ်။
မင်္ဂလသုတ်မှာပါတဲ့ ပုဗ္ဗေစ ကတပုညတာ (ရှေးကတင်ကြို ပြုခဲ့ဖူးတဲ့ ကောင်းမှု အထူးရှိပါစေ) ကို ပြောမယ်ဆိုရင် အတိတ်တုန်းက ကိုယ်ကောင်းမှု ပြုခဲ့ မပြုခဲ့ မသေချာဘူး။ ဒါကြောင့် ယခုလက်ရှိပစ္စုပ္ပန်အချိန်မှာ (အနာဂတ်ကာလ အတွက်ရည်ရွယ်ပြီး) ကောင်းမှုပြုခြင်းဟာ ပုဗ္ဗေစ မင်္ဂလာပါပဲ။
၇-ရက်အတွင်း သေရမယ့်ကံပါလာတဲ့ ကျောင်းသားတယောက်ဟာ အိမ်အပြန်လမ်းမှာ တံတားထိုး၊ ညောင်ထောက်၊ ဆူးခက်ရှင်း စသဖြင့် ပြုလုပ်သွားတဲ့အတွက် မသေဘဲ အသက်ရှည်နေခဲ့ရတဲ့ သာဓကတွေရှိတယ်။ (သုတ္တန် အမည် မမှတ်မိပါ) ဒါကိုကြည့်ခြင်းဖြင့် အတိတ်က ပါလာတဲ့ မကောင်းမှုကံဟာ ပစ္စုပ္ပန် ကောင်းမှုကံက အားကြီးရင် ပပျောက်သွားနိုင်ပါတယ်။
ဒါကြောင့် ယတြာဆိုရာမှာလည်း မိမိကောင်းကျိုး၊ သူတပါးကောင်းကျိုးအတွက် ပြုလုပ်တဲ့ ယတြာဆိုရင် လုပ်သင့်ပါတယ်။
(၂) "လူသာမန်တွေမှာ ဘဝဘဝက ပါလာနိုင်တဲ့ ဆိုးမွေတွေကို ဘုရားရှေ့မှာ ရွတ်ဖတ် သရစ္ဇျာယ် လိုက်ရုံနဲ့ ချေဖျက်စေနိုင်လိမ့်မယ် လို့ ဘာကြောင့်များ တွေးနေမိကြသလဲ။"
ပရိတ်ဆိုတာ အရံအတားပါ။ မိမိထံ ကျရောက်လာမယ့် ဘေးအန္တရာယ်တွေ မကျရောက်အောင် ပရိတ်တော်တွေနဲ့ ရံတားပေးလို့ရပါတယ်။
ဘီလူးစားခံရမယ့် ကလေးငယ်တယောက်ကို သံဃာတော်တွေ ၀ိုင်းရံပြီး ပရိတ်ရွတ်ဖတ်ပေးခြင်းဖြင့် ဘီလူးဘေးက လွတ်ခဲ့ရတဲ့ သာဓကလဲ ရှိတယ်။
အဓိပ္ပါယ် နားမလည်ဘဲ ရွတ်တယ်ပဲထား၊ ကုသိုလ်စိတ် ဖြစ်နေရင် အကျိုးရှိပါတယ်။
ယုတ်စွအဆုံး ဘယာကြောင့်၊ လာဘ်လာဘကြောင့် ရွတ်တယ်ဆိုလဲ လုံးဝ မလုပ်သူထက်စာရင်တော့ အကျိုးရှိပါတယ်။ သူတို့အကျိုးပေးကတော့ သူတို့အလုပ်နဲ့ ထိုက်သလောက်ပဲပေါ့။ (အသေးစိတ်တော့ ရှင်းမပြတော့ဘူး)
လူတွေဟာ ဒုက္ခရောက်ရင် အားကိုးရှာကြတယ်။ ကိုယ့်ကိုယ်ကိုယ် မယုံကြည်တော့ဘူး။ ဒါကြောင့် သံဃာတော်တွေထံပဲ ဖြစ်ဖြစ် လူပြောများတဲ့ ဆရာသမား တွေထံပဲဖြစ်ဖြစ် ချဉ်းကပ်ကြတယ်။ (ကြုံလို့ စကားဖြတ်ပြောပါဦးမယ်၊ ရီတာက စာလုံးပေါင်း အကဲဆတ်တတ်လို့ပါ။ ဉ - ညကလေး က အသတ်ပါရင် အမြီးရှည်စရာမလိုဘူး။ တလုံးထဲရေးမှ "ဉ" လို့ ရေးရမယ်။ ပဉ္စ၊ စဉ်းစား၊ ချဉ်းကပ် တို့ကိုရေးရင် အတိုနဲ့ရေးရတယ်။)
ကိုင်း - ဆက်ပြောမယ်။
ကိုယ်ချဉ်းကပ်တဲ့ ဆရာသမားတွေက ပုဂ္ဂိုလ်အလိုက် ပြုလုပ်ရမယ့် အရာတွေ ညွှန်ကြားတယ်။ (ဥပမာ - ငှက်လွှတ်၊ ငါးလွှတ်၊ ပုတီးစိပ် စသဖြင့်) ဒါကို ယတြာချေတယ်လို့ ဆိုကြတယ်။ ဒါတွေဟာ ကောင်းမှု (ကုသိုလ်ကံ) တွေပါပဲ။ ဒါကြောင့် ယတြာချေသူတိုင်း ကံ ကံ၏ အကျိုးကို ကျောခိုင်းတယ် ပြောလို့မရပါဘူး။ ကောင်းကျိုးဆက်အောင် ကောင်းတဲ့ကံပြုတယ်လို့ ဆိုနိုင်ပါတယ်။
ကံတွေဟာ ဆန်းကြယ်သလို အကျိုးပေးတွေကလဲ ဆန်းပြားပါတယ်။ သေချာလေ့လာမှ သိနိုင်တယ်။ တသက်လုံး ကုသိုလ်တွေ ပြုခဲ့ပေမဲ့ သေခါနီး စိတ်တချက် မှားသွားလို့ အပါယ်လားရတဲ့ သာဓကတွေလဲရှိတယ်။
တသက်လုံး သူတပါးအသက်တွေ သတ်လာခဲ့ပြီးမှ သေခါနီးမှာ ဘုရားကို အာရုံပြုမိလို့ နတ်ပြည်ရောက်ရတဲ့ သာဓကတွေလဲရှိတယ်။
ဒီတော့ ယတြာချေလို့ပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် ကုသိုလ်ကောင်းမှုတွေ လုပ်ပေးနေရင် အကောင်းဆုံးပဲမဟုတ်လား။ ဗုဒ္ဓဘာသာဟာ အကြောက်တရားကြောင့် ပေါ်လာတာ မဟုတ်ပေမဲ့ ခလုတ်ထိမှ အမိတကြတာ အန္ဓပုထုဇဉ်တွေရဲ့ ထုံးစံပါပဲ။ အများစုက မိရိုးဖလာ ဗုဒ္ဓဘာသာတွေကိုး။
ဒီလိုတ’ ရင်း ဒုက္ခတွေပြေပျောက်တဲ့အခါ ဘာသာတရားကို သက်ဝင်ယုံကြည်လာပြီး
အန္ဓပုထုဇဉ်ဘ၀က ကလျာဏပုထုဇဉ် အဖြစ်ကို ပြောင်းသွားတတ်ပါတယ်။ ဒါကတော့ ဆရာသမားပေါ်မူတည်သလို မိမိပါရမီနဲ့လဲ ဆိုင်တယ်။
ကဲ ရှည်ပြီမို့ ဒီလောက်ပဲ။
အားလုံးကို ပြန်ပါမယ်။ လောလောဆယ်တော့ မအားပါ။ စာကို သေချာပြန်ဖတ်စေချင်ပါတယ်။ ဘယ်နေရာမှာမှ ကုသိုလ်ကောင်းမှု လုပ်ဖို့ မလိုဘူးလို့ ရေးထားတာမျိုး အဓိပ္ပါယ်မျိုး မပါဘူး။ ကိုယ့်ထက် သဒ္ဓါ၊ သီလ၊ ပညာ သာလွန်တယ်လို့ မသေချာတဲ့ လူတယောက်ရဲ့ ညွှန်ကြားမှုမျိုးကို ဘာလို့ လိုအပ်နေတာလဲပဲ မေးထားတာ။ လုပ်ဖို့ မလုပ်ဖို့ တိုက်တွန်းတာ မဟုတ်သလို၊ လုပ်ဖို့ မလိုဘူး ဆွဲရေးထားတာလဲ မဟုတ်။
စာသေချာ မဖတ်ဘဲ ပြန်ပြန်ရှင်းရတာတော့ စိတ်ကုန်တယ်။
ကျမ်းကိုးအခိုင်အမာ မပြနိုင်ရင် မရေးနဲ့ ဆိုတော့ အောက်က "ဘုရား ရဟန္တာသော်မှ အစချီပြီး၊ ရှင်မဟာ မောဂ္ဂလန် ကိုယ်တောင်တိုင်" ဆိုတာ ဘာလဲ။ သေချာရော ဖတ်မိပါရဲ့လား။
ကျမ်းကိုးတာ ဘာခက်လဲ။ စာအုပ်ကိုင်ညွှန်းရတာကို ပြောထားတာ။ (စာအုပ်ထဲပါတိုင်းလဲ ကိုယ်ယုံမယ် မထင်နဲ့- ဒါက စကားချပ်) ကျမ်းကိုးမပြနိုင်တာနဲ့ မရေးနဲ့။ လာပြန်ပြီ။ အာဏာရှင် လက်သစ်တွေ။ ထောင်ဖမ်းလဲ မိ၊ ထောင်မဖမ်းလဲ မိ ပါလား။
ကျမ်းကိုး ကိုး၊ မကိုးကိုး။ တလွဲရေးထားရင် ရေးထားတယ်ပြောဖို့ပဲ ရှိတယ်။ ကျမ်းမကိုးနိုင်လို့ အထက်က စာပုဒ်ကို ထည့်ထားတာ။ ဘယ်သူရေးတဲ့ ဘယ်စာဆိုတာ သိချင်မှတော့ ကိုယ့်ဘာသာပဲ စာအုပ်လှန်ရှာကြပေတော့။
နောက်တခုက အကုသိုလ်ကို ကုသိုလ်နဲ့ ချေလို့ ရ မရတွေ ဘာတွေ ဘာမှ သက်သေ မရှိတာတွေမို့ ဆက်မပြောလိုဘူး။ ဒါက ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်မို့ပဲ။ ရမယ်ထင်ရင် လုပ်ပေါ့။ အတိတ်က ဘာရှိမှန်း မသိတာတွေကို လက်ရှိထိုင်ပဲ ရွတ်နေရုံနဲ့ ဖြစ်မယ် ထင်ရင် ရွတ်နေကြရုံပေါ့။
ကိုယ်လဲ ရွတ်ဖြစ်တယ်။ ဒါပေမဲ့ အဓိက မေးခွန်းထုတ်ထားကတော့ ဒါလေးလုပ်ဖို့ကို ဘာကြောင့် သူများရဲ့ ညွှန်ကြားချက်လိုအပ်နေရတာလဲ။ ဒါပဲ။ လိုရင်းကိုသာ ဉာဏ်မျက်စေ့နဲ့ ကြည့်ပါလေ။
ဒီလောက်ဟာလေး လုပ်ဖို့ကို ဘာဖြစ်လို့ ပြင်ပက တွန်းအားတခုခု ဘာကြောင့်လိုအပ်နေတာလဲ။
စာကို သေချာ မဖတ်ဘဲ တူတာတွေချည်း လာလာ မငြင်းပါနဲ့။ ကျေးဇူးပြု၍...
နောက်တခု ဘယ်သူပြောမှန်းတော့ မသိဘူး။ ညကလေး ကိစ္စ။
ညကလေးမှန်း သိသာစေတဲ့ အသတ်တင်တဲ့ နေရာတွေမှာ ဥ ရေးရင် လုံလောက်မှန်း သိတယ်။ ဒါပေမဲ့ ဘာကြောင့် ရေးရတာလဲ ဆိုတာ မသိရင် သိအောင် အရင်လုပ်လိုက်ဦး။ ဒါမှ မသိသေးဘူး ဆိုရင် လာပြန်မေး။ ပြန်ပြောပြမယ်။
Hint တော့ ပေးလိုက်မယ်။ ဒါမျိုးကို online မှာပဲ ရေးတယ်။ အပြင်က စာရွက်ထဲမှာ ဘယ်တော့မှ မရေးဘူး။ အဲဒါ ဘာကြောင့်လို့ ထင်သလဲ။ မသိရင် လာပြန်မေးပါ။ အချိန်မရွေး ရှင်းပြပါမည်။
နောက်တခုက အနောနီးမတ်စ်နဲ့ စကားပြောရင် သတိထားပါ။ စေတနာနဲ့ ပြင်စေချင်လို့ ပြောတာလား။ သက်သက်မဲ့ သေချာမသိဘဲ ချွတ်ချင်လို့ ဆရာကြီးလာလုပ်တာလား ဆိုတာ ဖတ်ကြည့်ရင် ဘယ်သူမဆိုသိတယ်။
ခု ရုံးမှာမို့ ရောပြန်လိုက်တယ်။ ကျန်နေတာရှိရင် အိမ်ရောက်မှ ပြန်ရှင်းမယ်။
လာရေးတဲ့လူတွေ အားလုံးကို ကျေးဇူးပါ။
အထက်က "စာရေးသူတဦး" ရေးထားတာ တော်တော် ကောင်းပါတယ်။
(မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာမထွန်းကားဘူးဆိုတော့ ဘယ်လိုအခြေအနေတွေဖြစ်နေသလဲ ဆိုတာ ရှင်းပါ..။ ဘာအချက်တွေကြောင့်ငြင်းရတယ်ဆိုတာ ရှင်းပြပေးပါ.)
ဒီကိစ္စ ရှင်းခိုင်းတယ် ဆိုတာ ကိုယ်တော့ အံ့သြမဆုံးဘူး။ နေရာတကာမှာ အလွယ်တကူတွေ့ရတဲ့ ပိုက်ဆံ အလှူလိုက်ခံနေတဲ့ သင်္ကန်းဝတ်တွေ မြင်ဖူးသလား။ ရန်ကုန်မြို့ပေါ် ဘတ်စ်ကားတစီးပေါ်မှာ ကားက လူစောင့်ခေါ်ပြီး တော်တော်နဲ့ မထွက်နိုင်လို့ စိတ်မရှည်ဘဲ ဒရိုင်ဘာကို မကြားဝံ့မနာသာ ဆဲရေးတဲ့ ကားမှန်ကို သပိတ်နဲ့ ရိုက်ခွဲမယ်လို့ ချိန်းခြောက်တဲ့ သင်္ကန်းဝတ်ကို မြင်ဖူးသလား။ မိန်းကလေးရှေ့က ဖြတ်သွားရင် သီချင်းဆိုပြီး စတဲ့ သင်္ကန်းဝတ်ကို မြင်ဖူးလား။ ရွှေတိဂုံ ဘုရားက ဘီလူးမရုပ်မှာ စည်ကားနေတဲ့ လူတွေကို မြင်ဖူးလား။
ကိုယ်လက်ညောင်းတယ် ဆက်မရေးတော့ဘူး။
ပြန်ပဲ မေးမယ်။ ဒါဖြင့် မြန်မာ နိုင်ငံမှာ သာသနာ ထွန်းကားတယ်လို့ ဘာအထောက်အထားနဲ့ ပြောတာလဲ ဆိုတာ အရင်ရှင်းပါ။
သဘာဝ ဘေးအန္တရာယ်တွေနဲ့ ဝေးနေတာကြောင့်လား။ :)))
ကိုယ်ပြောခဲ့တာ တချို့သည် သာသနာဘောင်အတွင်း ဝင်နေတဲ့သူတွေလို့ သတ်မှတ်ရတဲ့ သူ တချို့ကိုပဲ ပြောတာ။
တကယ်တော့ သာသနာ ထွန်းကားတယ် ဆိုတာ... ကိုးကွယ်တဲ့ လူအားလုံးနဲ့ ဆိုင်တဲ့ ကိစ္စ ဖြစ်တယ်။ ဆိုတော့ ဗုဒ္ဓဘာသာဝင်တွေဟာ (အားလုံး ဖြစ်ရန်မလို၊ ထက်ဝက်လောက်ဟာ) တကယ်ပဲ ဗုဒ္ဓဘာသာရဲ့ တရားနဲ့ အညီ နေထိုင်နေကြသလား။ (ဒီခေတ် ဒီအခါမှာ အစိုးရအလုပ် ခုမှ ဝင်လုပ်ကြတဲ့ လူအတော်များများ (အားလုံးကို မဆိုလို) 80% လောက်ကို စောကြောကြည့်ပါ။ ခိုးဖို့ ဖျောင်ဖို့ ဆိုတဲ့ စိတ်နဲ့ လုပ်တာ မဟုတ်ဘူးလို့ ပြောနိုင်ရင်... ကိုယ့် အဆိုကို ပြန်ရုပ်သိမ်းမယ်)
ခုလာမေးတဲ့သူက ကိုယ်ပြောတဲ့ အချက်ကို လက်မခံနိုင်လို့ မေးတယ် မြန်မာပြည်ဟာ ဗုဒ္ဓဘာသာ ထွန်းကားတယ် ယုံကြည်နေသူ ဖြစ်တယ်လို့ ယူဆရလို့ ပြန်မေးချင်တယ်။
ဘာအချက်အလက်တွေက ထွန်းကားတယ်လို့ ယူဆရပါသလဲ။ ဘယ်လို အရေးကိစ္စတွေကို ကြည့်လို့ ထွန်းကားတယ်လို့ ပြောချင်ရတာပါလဲ။
တကယ်ပဲ ထွန်းကားကြောင်း သက်သေ အခိုင်အမာပြလို့ ပြောနိုင်ရင် ဝမ်းမြောက်ဝမ်းသာ (တကယ့်ကို ဝမ်းမြောက်ဝမ်းသာ) ထောက်ခံယုံကြည်ပြီးတော့ ကိုယ့် အဆိုကို ပြန်ရုတ်သိမ်းလိုက်ပါမည်။
လိုအပ်ရင် post တင်ပြီးတော့တောင်မှ ထောက်ခံ ပစ်လိုက်ပါဦးမည်။
(စကားမစပ်- မကေ ရေးတဲ့ စိန်ပန်း ကံ့ကော် ဖတ်ဖူးလား။ မဖတ်ဖူးရင် သွားဖတ်။ အဲဒီထဲမှာ ချောင်းဝက သင်္ကန်းဝတ် အငြိမ့်ကြည့်တဲ့ အကြောင်းပါတယ်။)
(ဒါကြောင့် ယတြာဆိုရာမှာလည်း မိမိကောင်းကျိုး၊ သူတပါးကောင်းကျိုးအတွက် ပြုလုပ်တဲ့ ယတြာဆိုရင် လုပ်သင့်ပါတယ်။)
အဲဒါလုပ်ဖို့ကို ဘာကြောင့် ဗေဒင်ဆရာဆီက ယတြာဆိုတဲ့ ညွှန်ကြားချက်မျိုးကို ရယူဖို့လိုနေရတာလဲ ဆိုတာ ကိုယ့် post ရဲ့ မေးလိုရင်း မေးခွန်း ဖြစ်တယ်။
ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်။ ကိုယ်ပြုသမျှ ကိုယ့်ကံက ကိုယ်ပိုင်တဲ့ဥစ္စာပဲ လို့ ယုံကြည်ကြတဲ့ ဗုဒ္ဓဘာသာဝင် ဆိုသူများဟာ... အဲလို သူများဆီက ညွှန်ကြားချက်ကို ဘာကြောင့် မဖြစ်မနေ လိုအပ်နေရတာလဲ။ ငှက်အစား ငါးမှားလွှတ်မိမှာ စိုးလို့လား။
အဲဒါ ကိုယ်တင်တဲ့ post ရဲ့ မေးလိုရင်း၊ စဉ်းစားစေလိုရင်း ဖြစ်တယ်။
သူ့တို့ရဲ့ အခွင့်အရေးပဲလေ မရီတာရဲ့ နိုင်ငံရေးကိုစိတ်မဝင်စားပဲ နေခွင့်ရှိသလို ဗေဒင်ကိုလဲယုံခွင့်ရှိတယ် ဘဘလီတို့တောင်ဗေဒင်ရုံတယ်တယ်ဆိုလား ကြားဘူးတာပြောတာ ဟုတ်မဟုတ်တော့မသိဘူး
ဟုတ်ပါပြီ ကိုယ်ကလဲ ဘယ်သူ့ အခွင့်အရေးကို တားနေလို့လဲ။ ဒါ ဘာကြောင့်လို့ မေးခွန်းထုတ်ပြီး ကိုယ့်အမြင်ကို ရေးထားတယ်။ ပြောနေရင်း တန်းလန်းကနေ... ချော်လာပြန်ပြီ။
နောက်ပြီး ကိုယ် နိုင်ငံရေးကို စိတ်မဝင်စားတာ မဖြစ်နိုင်ဘူး။ အဲဒါ နောက်မှ ပြောမယ်။ စိတ်မဝင်စားဘူးလို့ ဆွေးနွေးထားတယ်ဆိုရင်တောင် အဲဒီလူဟာ စိတ်ဝင်စားလို့ ဖြစ်နိုင်တယ်။ တကယ် မဝင်စားတဲ့သူက ပြောကို မနေဘူး။
ကိုယ်ပြောခဲ့တဲ့ ဖြေကြည့်သူများ ဟာ ကိုယ်ကြုံခဲ့ရတဲ့ လုပ်နေသူများ ဆိုတဲ့ လူတွေနဲ့ ပတ်သတ်လို့ ကိုယ့်ရဲ့ တုန့်ပြန်မှုကို ရေးခဲ့တာဖြစ်တယ်။
ပါတီ နိုင်ငံရေးကတော့ လုံးဝ ပတ်သတ် လုပ်ဆောင်လိမ့်မည် မဟုတ်ပါ။ သို့သော် သိချင်ရင်တော့ မေးခွန်း ထုတ်မည်။ ထိုအခါ နင် ဘာနားလည်လို့ လာမေးရတာလဲ၊ နင် မလုပ်ဖူးဘဲ ဘာကိစ္စ လာမေးရတာလဲ ဆိုတာတွေကိုတော့ စာရင်းမှ ဖျက်မည်။ ထိုသူများသည် သူတို့အော်နေသော အရေးကိစ္စနှင့် မတန်ဘဲ ခုလက်ရှိလူများနှင့် တသဘောတည်း ရှိသူများဟု သတ်မှတ်မည်။
နောက်ဆုံး တချက် အလေးအနက်ပြောချင်တာက... စာကို သေချာ ဖတ်ပါ ဆိုတာပဲ။
ဒီကိစ္စက ဗေဒင်ကို ယုံခြင်း မယုံခြင်းကို ဆွေးနွေးထားတာ မဟုတ်ဘူး ဆိုတာ စာဖတ်တတ်ရင် သိသလို ပထမပိုင်း ကွန်မန့်တခုမှာ ကိုယ် အတိအလင်း ရေးပြီး ဖြစ်တယ်။ မှန်ခြင်း မမှန်ခြင်းကို ပြောချင်တာလဲ မဟုတ်ဘူး ဆိုတာပါ ပါပြီးသား ဖြစ်တယ်။
မှန်တာတွေ ဘယ်လိုရှိတယ် ဆိုတဲ့ ကိစ္စကိုတောင် ဘုရားလက်ထက်တော်က ဆိုတာနဲ့ ယှဉ်လို့ ဆွဲထုတ်ပြခဲ့ပြီး ဖြစ်တယ်။
ယုံခြင်း၊ မယုံခြင်း.. မှန်ခြင်း၊ မမှန်ခြင်း အား ပြောလိုရင်း မဟုတ်ကြောင်း ဉာဏ်မျက်စေ့ဖြင့် ကြည့်ပါလေ။
ဒီဗေဒင်အကြောင်းအား သေချာစွာ ရေးခဲ့ပါသေးတယ်.... ထပ်ရေးရင် Comment ရှည်ရုံပဲ ရှိတော့မယ်.... ဒီမှာ ဖတ်ကြည့်လို့ရပါတယ်။ http://linoo.myanmarbloggers.org/2008/03/blog-post_11.html
ခင်မင်စွာဖြင့်
လင်းဦး(စိတ်ပညာ)
အမှန်တော့ ဗေဒင်မေးခြင်းရဲ့ အချုပ်ဟာ ယတြာသာ ဖြစ်တာမို့ ဗေဒင်ယုံသလား အစား ယတြာကို ယုံသလားလို့သာ မေးသင့်တယ် လို့ ကိုယ်တော့ ထင်ပါတယ်။ အဲဒီလိုသာ လာမေးရင်တော့ ဗေဒင်ယုံသလား မေးတုန်းကလို ဖြေမိတော့မှာ မဟုတ်ဘဲ "မယုံဘူး" လို့သာ ဖြေဖြစ်ပါလိမ့်မယ်။
Everybody have a right to believe or not to believe.
I had never been made ယတြာ for my benefit.
Be careful Rita,
Some comments pushed you to enter in Religion field.
Don't go there.
Presently, you are on a trap.
Remember!
The post level "Thein Pe Myint" of Manorhary was criticized by two group blog reader who believe Buddhism and others.
BINO
အင်း .. ဖတ်တာကတော့ ဗေဒင်အပေါ် မရီတာရဲ့သဘောထားပဲ .. နောက် ကောမန့်ရေးမယ်ဆိုတော့ ကောမန့်တွေက စိတ်ဝင်စားစရာ .. အားလုံးပြီးသွားတော့ ခေါင်းထဲကျန်ခဲ့တာ TOM and Jerry လေ ..
အမ.. ကိုဘွိုင်ဇ်တို့နဲ့ စီပုံးမှာ ပြောပီး နောက်ပို့စ်မှာ အမ. ဉတွေနဲ့ ရေးတော့ ကြည့်လို့မလှတဲ့ အကြောင်းရေးတာ ကျွန်တော်ပါ ... ကြည့်မကောင်းတဲ့ အကြောင်းရေးတာပါ .. မမှန်ဘူး မဆိုလိုပါဘူး
တကယ်တော့ ဘာသာရေးကို ခုတုံးလုပ်လို့ ထောင်ချောက်ဆင် ဖမ်းမယ် ဆိုရင်တောင် ကျွန်မကတော့ ဝင်လိုက်မှာ ဖြစ်ပါတယ် အန်ကယ်။
ကျွန်မကိုယ် ကျွန်မ ယုံမှား သံသယ ကင်းပြီးသူလို့ မပြောခဲ့ဘူး ဆိုတာပြီးခဲ့တဲ့ တချို့ ပို့စ် တွေ (ကို zt နဲ့ အမေးအဖြေ) မှာကို အတိအလင်း သိနိုင်ပါတယ်။ ရှိနေတဲ့ သံသယကို ဖွင့်ထုတ် မေးလိုက်ဖို့ ဝန်မလေးသလိုပဲ၊ အဲဒါကို ပြေအောင် ဖြေပေးနိုင်ရင် ပြေပါတယ်လို့ ဝန်ခံဖို့ ဝန်မလေးပါ။
တကယ်လို့ ဖြေတဲ့သူက မဖြေနိုင်ဘူးဆိုရင်တောင် သူမဖြေနိုင်တာဟာ သူမဖြေနိုင်တာသာ ဖြစ်ပြီး ဘာသာရေးရဲ့ ပျော့ကွက်တကွက် ဖြစ်တယ်လို့ ကျွန်မက ယူဆမယ် မဟုတ်ပါ။
သို့သော်....... ကျမ်းကိုး ဆိုရာမှာ လူတွေတီထွင်ထားတဲ့ ဘာသာစကားနည်းစနစ်လိုမျိုး စာလုံးတလုံးရေးဖို့ စာလုံးပေါင်း သတ်ပုံကျမ်း ကိုင်စရာ လိုတယ်လို့တော့ မထင်ပါလေ။
ဒီဆရာတော် ရေးမှ မှန်တယ်။ ဒီစာအုပ်ကို ကိုးကားနိုင်မှ မှန်တယ် လို့ ယူဆမယ် ဆိုရင်တော့.... တရားကို စာအုပ်ကွယ်တယ် ဆိုတာ ဒီလို အယူအဆတွေကြောင့် ဖြစ်မှာပဲ လို့ ယုံကြည်မိပါတယ်။
ကျွန်မ ခုရေးနေတာတွ ကို ဘယ်စာအုပ်မှ လှန်လို့ ရေးတာ မဟုတ်ဘူး။
ဘာကြောင့်ဆိုတော့ လောလောဆယ် အနားမှာ ဘာမှ မရှိလို့ပဲ။ ဒါကို ထည့်ပြောလိုက်ချင်လို့သာ ကျမ်းကိုး အခိုင်အမာ ဆိုတာကို ထည့်သုံးလိုက်တာပါ။ တကယ်လို့ စာအုပ် လှန်ရေးခဲ့တယ် ဆိုရင် ဘယ်က ဆိုတာကို ညွှန်းဖို့ ရှိပါတယ်။ နောက်တခုက အဲဒီအခိုက်အတန့်မှာ ဘုရား ရဟန္တာ သော်မှ အစချီတဲ့ အပိုဒ်ကလွဲလို့ ထပ် ကိုးကားပြစရာ ခေါင်းထဲ ပေါ်မလာခဲ့လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
သဘောတရား အဓိကလား။ စာအုပ် အကိုးအကား အဓိကလား ဆိုတာပဲ သူ့ ပြန်မေးချင်မိတော့တယ်။ တရားကို စာအုပ်ကွယ်တယ် ဆိုတာ ဒါမျိုး နေမှာပဲ။
ကိုယ်ပြောတဲ့ထဲက လွဲနေတဲ့ သဘောတရားမှန်သမျှ လာပြောလို့ရပါတယ်။ စာအုပ်ဆိုတဲ့ ထဲမှာလဲ ဘုရားဟောတဲ့ တရားသဘောပဲ။ ကိုယ်ပြောချင်တာလဲ ဒါပဲ။ မှားနေရင်သာ လာပြောလှည့်ပါ။
ဒါပေမဲ့ ဘယ်စာအုပ်က အထောက်အထားယူတာမှ မဟုတ်လို့ မရေးပါနဲ့ လာပြောရင်တော့ စာရင်း မရှိတော့ပါ။
little brook
အဲဒီ ကောင်လေးက တမျိုး။ မင်းပြောတာ ကြည့်မလှတာ။
ခုပြောထားတာကို တယောက်ရှိသေးတယ်။ သူက သုံးဖို့ မလိုအပ်ဘူးလို့ ပြောနေတာ။ ကိုယ်က ဘာကြောင့် ဒါကို online (အထူးသဖြင့် blog) မှာ သုံးသလဲ သိပါသလားလို့ ပြန်မေးထားတာ။
မင်းရော ဘယ်လို ထင်သလဲ။ ညီလင်းဆက်ကို အားကျပြီး လိုက်ရေးနေတယ်လို့ ထင်သလား။
ကိုယ်ဘယ်တော့မှ စာရွက်ပေါ်မှာ မသုံးဘူး။ အဲဒါ ဘာကြောင့်လို့ ထင်သလဲ။
ဒေါ်ရီတာရေ စာလာဖတ်သူတွေကို ဒေါ်ရီတာရေးထားတဲ့ စာတွေကို သေချာပြန်ဖတ်ပါလို့ပြောနေတော့ အပေါ်ကကောမန့်ရေးထားတဲ့သူတွေကို စာသေချာမဖတ်ဘူးလို့ ပြောချင်တယ်လို့ နားလည်ပါတယ်..။ ပြောပါရစေ.. ကောမန့်လာရေးသူတွေဟာ အားနေလို့ ၊ သက်သက် အချိန်ဖြုန်း အငြင်းပွားနေဖို့ လာရေးတာမဟုတ်ပါ..။ ဒေါ်ရီတာ့ စာတွေကို အတိုင်းအတာတစ်ခုအထိ လေးစားမှုတစ်ခုရှိလို့ ၊ နောက်လာဖတ်သူတွေကိုလည်း ပြည့်ပြည့်စုံစုံ လေ့လာနိုင်စေဖို့ လည်း ရည်ရွယ်တာပါ..။
တိတိကျကျ သတ်သတ်မှတ်မှတ်မရေးထားဘူးဆိုရင်.. လာဖတ်သူတွေကို စမ်းတ၀ါးဝါးဖြစ်စေပါတယ်..။
“အဲဒါကြောင့် စာဖတ်သူတွေ လွတ်ခဲ့မဲ့ ကျန်ခဲ့မဲ့ အချက်တွေရှိခဲ့မယ်ဆိုရင် လည်း ခဏခဏ “စာကို သေချာဖတ်ပါ.. ၊ စာကိုသေချာမဖတ်ဘူး ” စတာတွေပြောနေမဲ့အစား ဒေါ်ရီတာကိုယ်တိုင် သေသေချာချာ ပြန်ရှင်းပေးပါလား..။ အဲ့ဒီအတွက် ဒေါ်ရီတာ့ အချိန်နည်းနည်းဖဲ့ပြီးပြန်ရှင်းပေးဖို့တော့ ၀န်လေးမိမယ်မထင်ပါဘူး..။ ”
ပြီးတော့ ဒေါ်ရီတာရဲ့
“ကျမ်းကိုးအခိုင်အမာ မပြနိုင်ရင် မရေးနဲ့ ဆိုတော့ အောက်က "ဘုရား ရဟန္တာသော်မှ အစချီပြီး၊ ရှင်မဟာ မောဂ္ဂလန် ကိုယ်တောင်တိုင်" ဆိုတာ ဘာလဲ။ သေချာရော ဖတ်မိပါရဲ့လား။ ကျမ်းကိုးတာ ဘာခက်လဲ။ စာအုပ်ကိုင်ညွှန်းရတာကို ပြောထားတာ။ (စာအုပ်ထဲပါတိုင်းလဲ ကိုယ်ယုံမယ် မထင်နဲ့- ဒါက စကားချပ်) ကျမ်းကိုးမပြနိုင်တာနဲ့ မရေးနဲ့။ လာပြန်ပြီ။ အာဏာရှင် လက်သစ်တွေ။ ထောင်ဖမ်းလဲ မိ၊ ထောင်မဖမ်းလဲ မိ ပါလား။”
ဆိုတဲ့စကားကိုထောက်ရင် ကျမ်းကိုးပြတယ်ဆိုတာ စာဖတ်သူတွေ နားမလည်လို့ဖြစ်စေ ၊ ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံလေ့လာချင်ရင် ဖြစ်စေ ထပ်ဆင့်ပြီးကိုယ့်ဘာသာကို လေ့လာနိုင်ဖို့ဖြစ်စေ အဲဒီအကြောင်းတွေအတွက် ကျမ်းကိုးပြစေချင်တာပါ..။
အကြောင်းကြောင်းကြောင့် ကျမ်းကိုးမပြနိုင်ရင်တော့ ကိုယ်ရေးထားတဲ့စာထဲမှာ အချက်အလက်ပြည့်ပြည့်စုံစုံလေးဖြစ်စေချင်တာပေါ့..။ ဒေါ်ရီတာ့ ခေါင်းထဲမှာပေါ်လာတဲ့အချက်အလက်တွေနဲ့ သိထားသမျှတွေကို အခြေခံပြီးရေးထားတာဆိုရင်တော့ ..နောက်ထပ်လည်းမပြောတော့ဘူး ဆက်လက်မဆွေးနွေးတော့ပါဘူး.. ။ အတွေးတွေကို မျှဝေနေတယ်လို့ပဲ သတ်မှတ်ပါမယ်..။ အာဏာရှင် လက်သစ်တွေလို့လဲ သတ်မှတ်ခံရပြီ.. ဒီစကားလုံးကိုယ်နဲ့မဆိုင်လို့ ဆက်မပြောလိုပါ..။
“စာအုပ်ထဲပါတိုင်း ကိုယ်ယုံမယ်မထင်နဲ့” ဆိုတဲ့စကားကတော့ ဇွတ်အတင်းငြင်းနေတယ်လို့ ခံစားရပါတယ်..။ စာအုပ်တိုင်းကို မဆိုလိုပေမယ့် တစ်ချို့စာအုပ်တွေဟာ စာရေးသူတွေ အထပ်ထပ်လေ့လာ သက်သေပြပြီးတဲ့စာအုပ်တွေမို့ တကယ့်အပြင်မှာ မှန်ကန်ကြောင်းတွေ့နေရတာတွေလည်းရှိပါတယ်..။ ဘာအကြောင်းကြောင့် မယုံကြည်တာ လက်မခံနိုင်တာ ဒါမျိုးတွေ ရှင်းလင်းပေါ့...။ ဒါကြောင့် အရေးအသားအသုံးအနှုန်း ဂရုစိုက်ပေးပါ.. ( သတိပေးသည်ဟု ဆိုလိုသည်မဟုတ်.. . )။
စကားချပ် - ကို Steve Evergreen ကျွန်တော့်ကို Judge မလုပ်ပါနဲ့ ..ကျွန်တော် သာမန်လူတစ်ယောက်ပါ..။ ကျေးဇူးတင်တယ်..။
< ၃ ခုမြောက်ကွန်မန့်မှာ ရေးခဲ့တဲ့ စာဖတ်သူတစ်ဦး>
ကျေးဇူး အများကြီး တင်ပါတယ်။
ဒီတခါ တကယ်ပြောတာပါ။
(ခေါင်းထဲမှာပေါ်လာတဲ့အချက်အလက်တွေနဲ့ သိထားသမျှတွေကို အခြေခံပြီးရေးထားတာဆိုရင်တော့ ..နောက်ထပ်လည်းမပြောတော့ဘူး ဆက်လက်မဆွေးနွေးတော့ပါဘူး.. ။ အတွေးတွေကို မျှဝေနေတယ်လို့ပဲ သတ်မှတ်ပါမယ်..။)
အဲဒီသဘောထားမျိုးကတော့ မဆိုင်ဘူးလို့ ပါတယ်။ ကိုယ့်ခေါင်းထဲက ဆိုပေမယ့် ကိုယ် ဖတ်မှတ်လေ့လာဖူးတဲ့ထဲက သဘောတရားတွေပါပဲ။ ဒါတွေမှားရင် မှားတယ် အချိန်မရွေး ပြောလို့ ရပါတယ်။
(“စာအုပ်ထဲပါတိုင်း ကိုယ်ယုံမယ်မထင်နဲ့” ဆိုတဲ့စကားကတော့ ဇွတ်အတင်းငြင်းနေတယ်လို့ ခံစားရပါတယ်..။ စာအုပ်တိုင်းကို မဆိုလိုပေမယ့် တစ်ချို့စာအုပ်တွေဟာ စာရေးသူတွေ အထပ်ထပ်လေ့လာ သက်သေပြပြီးတဲ့စာအုပ်တွေမို့ တကယ့်အပြင်မှာ မှန်ကန်ကြောင်းတွေ့နေရတာတွေလည်းရှိပါတယ်..။)
ဟုတ်ပါတယ်။ စာရေးသူ ပြောတဲ့ထဲမှာကိုက အဖြေက ပါနေပါပြီ။ စာအုပ်ထဲပါတိုင်း ယုံချင်မှ ယုံတယ်ဆိုတာ ယုံချင်ရင်လည်း ယုံမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ဘယ်လို အခြေအနေမျိုးမှာ ယုံမလဲ။ စာရေးသူ ပြောတဲ့ အခြေအနေမျိုးနဲ့ ကိုက်ညီတယ်ဆိုရင် ယုံမှာပေါ့။
နောက်တခုက အချိန်ပေးတာ။ တကယ် အလေးအနက်နဲ့ စာဖတ်တယ် ဆိုရင် ဆိုလိုရင်းကို သေချာအောင် ဖတ်တော့ ပိုမကောင်းဘူးလား။ နှစ်ဦး နှစ်ဖက် အချိန်ကုန်သက်သာပြီး အကျိုး မရှိဘူးလား။
ပထမ ပို့စ်မှာ ကိုယ့်ကို လာထောက်ခံနေတာပေမဲ့ ကိုယ်ပြောတာနဲ့ လွဲနေလို့ ကိုယ်သေချာ ပြန်ပြောပါတယ်။ ဒီလိုပဲ လာငြင်းတယ် ဆိုပေမဲ့ ကိုယ် ဆိုလိုတာကို သေချာ သဘောမပေါက်ဘဲ သူ့ဘာသာ မတူဘူးထင်လို့ လာငြင်းကြတာတွေလဲ ရှိတာပဲ။
အဲဒါတွေ ထပ်ကာ ထပ်ကာ လာရင်တော့ ညည်းငွေ့မှာ အမှန်ပဲ။ စကားကို အထူးသတိထားပြောနေတဲ့ ကြားက ပြတ်တောင်းတောင်း လေသံတွေ ဖြစ်သွားတာ ကိုယ်လဲ သတိထားမိတယ်။
အဲဒီအတွက် တကယ်ပဲ တောင်းပန်ပါတယ်။
ကိုယ်ပြောသမျှမှာ သဘောတရားက လွဲချော်နေတယ် လို့ ယူဆရတဲ့ အခါ အချိန်မရွေး လာပြောလို့ ရပါတယ်။
လူသာမန် တစုံတဦးက ပြောတဲ့အခါ ဘယ်သူ ဘယ်မှာ ဘယ်တုန်းက အတတ်နိုင်ဆုံး ကိုယ်ပြောပါတယ်။ ဒါပေမဲ့ ဘုရားတရားတော်လို့ ဆိုတဲ့ အခါမှာ အနှစ်သာရနဲ့ သဘောတရားက အဓိကလို့ပဲ ယူဆပါတယ်။ လောလောဆယ် ကိုယ့်မှာ ဘာစာအုပ်မှ မရှိဘူး။ အားလုံးက ဘုရားဟောတွေပဲလို့ ယူဆရင် ကိုယ်ဆွေးနွေးမယ်။ မှားရင် ဘယ်သူမဆို ပြန်ဆွေးနွေးလို့ ရတယ်။
တကယ်ပဲ လိုလိုချင်ချင် ကြိုဆိုပါတယ်။ ဆန္ဒရှိတာ ပြောရရင်တော့ မြန်မာစာတော့ ရေရေလည်လည် ကျွမ်းကျင်စေချင်တယ်။ (ကိုယ်လဲ မြန်မာစာတောင် မသိတာတွေ အများကြီး ရှိပါတယ်။ ဝန်ခံပါတယ်) သို့သော် မဆိုင်တာတွေ ချော်ပြီး ပြောနေရရင်တော့ ကြာလာရင် အီလာတတ်လို့ပါ။ ဒါပေမဲ့ ကိုယ် အတတ်နိုင်ဆုံး ပြေပြေပြစ်ပြစ် နဲ့ လူတိုင်းကို မကျန်ရစေအောင် ပြန်ပါမယ်။
ဗုဒ္ဓဘာသာ ဆိုတာ ဘာဆိုတာကို အဓိပ္ပါယ်ဖွင့်ပြီး ကိုယ်ပြောခဲ့တယ်။ အဲဒါနဲ့ ဆက်စပ်ရာကို ကိုယ်ဆက်ပြောတယ်။
အဲဒီမှာ ဘယ်စာအုပ်က ဘယ်သူရေးတာ ဆိုတာ မပြောနိုင်လို့ ဆက်မဆွေးနွေးဘူး ဆိုရင်တော့ စိတ်မကောင်းရုံကလွဲလို့ ကိုယ်လဲ ဘာမှ မတတ်နိုင်ပါဘူး။ ဖတ်တဲ့သူတွေ ဝိုးတဝါး ဖြစ်တာ မဖြစ်အောင်လို့ စာဆက်ဖတ်ရမယ်ဆိုတာလဲ အတိုင်းအတာ တခုထိပဲ မှန်နိုင်ပါတယ်။
ဘုရားက ဟောပြီးသားပါ။
ယုံမှားသံသယကို ဘယ်လို ဖျောက်ရမယ် ဆိုတာ... (အဲဒီမှာ ကျမ်းဂန်တွေ လိုက်ဖတ်ပါလို့ မပါဘူး)
ဒီနေရာမှာ လိုအပ်တယ် ထင်လို့... ကျေလဲ ကျေနပ်စေချင်လို့ ကိုးကားပေးလိုက်ပါမယ်။
ကာလာမသုတ်ကို လေ့လာပါ။ (မှတ်ချက်။ ဝိုးတဝါး ဖြစ်နေသူများကို ပြောခြင်းဖြစ်သည်။)
မြန်မာစာရေရေလည်လည် ကျွမ်းကျင်စေချင်တယ်ဆိုတော့ ပြုံးမိသေးတယ်..။ ဘယ်လိုကျွမ်းကျင်စေချင်တာလဲ.. ထားပါတော့ .ဒါက ကိုယ်ရေးကိုယ်တာပါ.. စာဖတ်သူသက်သက်ဖြစ်တဲ့အတွက် မလိုအပ်ပါ.. .။
ဆိုလိုရင်းကတော့ စာရေးသားရာမှာ တိကျပြတ်သားစေလိုခြင်းဖြစ်ပါတယ်..။
ဒေါ်ရီတာရဲ့ သဘောထားကို နားလည်ပါပြီ..။ ရွှင်လန်းချမ်းမြေ့ပါစေ..။
စာဖတ်သူတစ်ဦး
(ဘယ်လိုကျွမ်းကျင်စေချင်တာလဲ) ဆိုတော့ "မဆိုင်တာတွေ ချော်ပြီး ပြောနေရရင်တော့ ကြာလာရင် အီလာတတ်လို့ပါ။" လို့ ရေးခဲ့ပြီး ဖြစ်ပါတယ်။ ဆိုင်နေသမျှကာလပတ်လုံး ကိုယ်မှားနေရင် အကုန် ဆွေးနွေးလို့ ရပါတယ်။
ကိုယ်ပြောတာကို တလွဲ အဓိပ္ပါယ် ကောက်ပြီး ပြောနေမယ် ဆိုရင်တော့ ထောက်ခံပါတယ်လို့ ဖတ်သူက ပြောနေတောင်မှ လွဲတာကတော့ လွဲတာပါပဲ။
ကျေးဇူးတင်ပါတယ်။
(ဆိုလိုရင်းကတော့ စာရေးသားရာမှာ တိကျပြတ်သားစေလိုခြင်းဖြစ်ပါတယ်..။)
ဘယ်နေရာတွေမှာ မတိကျ မပြတ်သားဘူး ထင်ရတာလဲ ဆိုတာ ထောက်ပြပြီး ဆွေးနွေးမယ်ဆိုရင် ပိုကောင်းမယ် ထင်မိပါတယ်။
အထောက်အထား ကိစ္စပဲလား။
ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကနေစလို့ ကိုယ်ပြောခဲ့တဲ့ သဘောတရားတွေမှာ အယူအကောက်လွဲနေတာ ပါရင် ဆွေးနွေးလို့ ရပါတယ်။ အကိုးအကား အားလုံးဟာ ဗုဒ္ဓပဲ ဖြစ်ပါတယ်။
ဘာသာရေးနဲ့ ပတ်သတ်လို့ ဘယ်သူက ဘယ်မှာရေးရေး ဗုဒ္ဓဟောတာတွေနဲ့ ဗုဒ္ဓဟောတယ်လို့ ထင်ရတာတွေကို ရေးကြတာချည်းပါပဲ။ ကျမ်းကိုးကိုမှ ဆိုရင်တော့ ကိုယ့်မှာ ဘာမှ မရှိဘူး။ ကိုယ်နားလည် လက်ခံထားတဲ့ အနှစ်သာရကို ဆွေးနွေးတယ်။ အားလုံးရဲ့ အကိုးအကားနဲ့ မူရင်းက ဗုဒ္ဓ ပဲ။ မဟုတ်ရင် လာဆွေးနွေးပါ။ အချိန်မရွေး။ ထပ်ဆင့် ပြောပြတာတွေက အဓိကလား။ မူရင်း အဓိကလား။ ကိုယ်ကတော့ ဒါ ဘာသာပြန်သူ ထည့်ပေးရမယ့် နိုင်ငံခြားဝတ္ထုကို translate လုပ်သလို မဖြစ်မနေ လိုအပ်တဲ့ ကိစ္စမျိုးလို့ မယူဆတာ အမှန်ပါ။
အဓိက က ဆီလျော်သလား။ မဆီလျော်သလား ဆိုတာ ဖြစ်ပါတယ်။
အ.ဟားး
မပြောဘူး လို့ နေတာ ဝင်ပြောလိုက်ဦးမယ် ဗျိုးးးး
ဗေဒင်ဆိုတာ...
ဟိန္ဒူဘာသာ ဗေဒင်(ဗေဒ-Veda) လေးပုံ ကနေ လာတာပါ ၊
(သာမ၊ ယဇု၊ ဣရု၊ အထဗ္ဗဏ၊( Sama, Yaju, Rg, Atharvana)
ဣရုဗေဒ (Rg Veda) က ရှေးအကျဆုံးပေါ့..
နောက် သုံးခုကတော့...နောက်မှ ပေါ်လာတာတွေ လို့ မှတ်သားရကြောင်းပါ။
အဲဒီမှာ..ပြောချင်တာက
ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူပြီးတော့
ခမည်းတော် သုဒ္ဓေါဓနမင်းကြီးက..ဟူးရားဖြူ၊ ဟူးရားညို (ပုဏ္ဏားဖြူ၊ ပုဏ္ဏားညို)
ပုဏ္ဏားတို့ကို ပင့်ပြီးသားတော်၏ ဗေဒင်၊ ကျမ်းဂန်၊ ဇာတာ၊ စန်းလဂ်ကို
တွက်ချက်စစ်ဆေး စေပါတယ်။
ပုဏ္ဏားတွေက မင်းသားသည် “စကြ၀တေးမင်း” သော်လည်းကောင်း၊
သုံးလူ့ထွဋ်ထား “သဗ္ဗညု ဘုရားရှင်” သော်လည်းကောင်း
ဖြစ်မည်ဟု ဟောကြပါတယ် ။
(ရာမပုဏ္ဏား ၊ ဇေပုဏ္ဏား ၊ လက္ခဏပုဏ္ဏား ၊မန္တိကပုဏ္ဏား ၊ယညပုဏ္ဏား ၊ သုဘောဇ ပုဏ္ဏား )
တွေပေါ့။
အငယ်ဆုံးဖြစ်တဲ့ “ကောဏ္ဍညပုဏ္ဏား” က
“ဘုရားစင်စစ် ဧကန်ဖြစ်လတ္တံ့” တပ်အပ်ဟောပါတော့တယ်။
(ကောဏ္ဍညပုဏ္ဏား ဆိုတာ ပဉ္စ၀ဂ္ဂီ ငါးပါးထဲက အညာသိ ကောဏ္ဍညမထေရ် ပါ။)
ထပ်မံ အတည်ပြုပေးသူကတော့..
ခမည်းတော် သုဒ္ဓေါဓန မင်းကြီးနဲ. မယ်တော်ဘုရား ကိုးကွယ်တဲ.
ဈာန်အဘိဥာဏ်ရ အသိတ(ဒေဝိလ) ရသေ့ကြီး ဖြစ်ပါတယ်...။
(အားလုံး သိပြီးသား ဖြစ်မှာပါ၊ ဪ.ငါ့နှယ် ဗုဒ္ဓဝင် လာခင်းနေသလိုဘဲ).
ဆိုလိုတာက ..တဖက်ကမ်းခတ် ပါရမီရှင် “ကောဏ္ဍညပုဏ္ဏား” ကတောင်
ဘုရားလောင်းက ဒုက္ကရစရိယ မကျင့်တော့ဘဲ အစားအစာလဲ ပြန်စားရော
ဘုရားမဖြစ်တော့ပါဘူးလို့ ယုံကြည်ထင်မှတ်သွားလို့
ပဉ္စ၀ဂ္ဂီ (၅) ပါးလုံး ဘုရားလောင်းကို စွန့်ခဲ့ကြတယ် ..မဟုတ်လား ဗျာ။
(သူ့ပညာတောင် သူ မယုံကြည်နိုင်တော့တဲ့ အတွက်..
ကျွန်တော် ကလည်း ဗေဒင်ဆို ပိုလို့တောင် မယုံသေးထဲကပါ)....။
နောက်.....။
ဘုရားလောင်း “သိဒ္ဓတ္တ”မင်းသား တောထွက်ချိန်မှာ..
ရက်ရာဇာ၊ ပြဿဒါး မရွေးခဲ့ပါဘူး ..
အင်းအိုင်၊ခလှဲ့၊ လက်ဖွဲ့ တွေ ပါမသွားဘူး..
“ဒုက္ကရစရိယ” မကျင့်ကြံ ရအောင် ယတြာတွေ ချေမသွားပါဘူး
ပြောဆိုနေကြ...
“ယတြာ ကောင်းရင် မင်းလောင်း ဘာဖြစ်တယ် ညာဖြစ်တယ်” ဆိုရင်တော့..
ကဲ..ရောင်းရင်းရေ “နေပြည်တော်” ကို သွားကြစို့ ရဲ့။
ဒါကြောင့်...အနှစ်ချုပ် ရရင်
ကျွန်တော်သည် ဗေဒင်၊ ယတြာ လုံးဝ(ဥဿုံ) မယုံကြည်ပါ။
(ကျွန်တော်တစ်ဦးတည်း အယူအဆပါ)
အဲ..ယုံကြည်သူများ အတွက်ကတော့....
ဟုတ်ကဲ့..ဗေဒင် ကိန်းခန်းအရ ဒီအချိန်ဟာ “မန့်” ကောင်းတဲ့ အချိန်တဲ့. :-)
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ မထွန်းကားဘူးဆိုတာနဲ့ ပတ်သက်ပြီး ပြောချင်တယ်။
ဗုဒ္ဓဘာသာတိုင်းပြည်တွေ များစွာရှိတဲ့အနက် မြန်မာနိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘာသာ စစ်စစ် အထွန်းကားဆုံးသော တိုင်းပြည်ဖြစ်တယ်။ သံဃာတော်တွေဟာလည်း ဗုဒ္ဓသတ်မှတ်ထားတဲ့ ၀ိနည်းနဲ့အညီ (များသောအားဖြင့်) နေထိုင်ကြတယ်။ ရီတာပြောတဲ့ သင်္ကန်းဝတ်တွေ၊ အငြိမ့်ကြည့်တဲ့ ဘုန်းကြီးတွေ မရှိဘူး မဟုတ်၊ ရှိတယ်။ ဒီလိုရှိတိုင်း ဗုဒ္ဓဘာသာ မထွန်းကားဘူးလို့ မဆိုနိုင်ဘူး။ ရီတာဆိုလိုတဲ့ ဗုဒ္ဓဘာသာ ထွန်းကားတယ် မထွန်းကားဘူးဆိုတာ ဘာနဲ့ တိုင်းတာသလဲ။
ဗုဒ္ဓသာသနာ ဆိုတာ ဗုဒ္ဓရဲ့ အဆုံးအမပဲ။ ဗုဒ္ဓအဆုံးအမနဲ့ အညီ ကျင့်ကြံနေထိုင်ရင် ဗုဒ္ဓသာသနာ တည်တယ်လို့ ဆိုနိုင်တယ်။ မြန်မာနိုင်ငံက သံဃာတော်တွေ၊ လူပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓသာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသလို လက်ရှိလဲ ဆောင်ရွက်နေဆဲဖြစ်တယ်။ ဒီလိုဆောင်ရွက်နေပေမဲ့ တချို့သံဃာတွေဟာ ပုထုဇဉ်ပီပီ အမှားအယွင်း ပြုမိကြတယ်၊ (ဥပမာ အငြိမ့်ပွဲ ဇာတ်ပွဲကြည့်တာာမျိုး) ဒါမျိုး အသေးအဖွဲ ကံတွေကို အာပတ်ဖြေလို့ရတယ်။ ပဉ္စာနန္တရိယကံ၊ သံဃာသင်းခွဲ စတဲ့ ပါရာဇိကံ ကျနိုင်တဲ့ ပြစ်မှုအကြီးမျိုးကလွဲလို့ အသေးစား အာပတ်မျိုးကို ဖြေလို့ရကြောင်း မြတ်စွာဘုရား ကိုယ်တော်တိုင် ၀ိနည်းပိဋကတ်မှာ ဟောထားတယ်။
သင်္ကန်းဝတ် ကိစ္စကိုပြောရရင် လူတွေရဲ့ သဒ္ဓါတရားကို ခုတုံးလုပ်တာမျိုးက ခုခေတ်မှ မဟုတ်ဘူး အရင်ခေတ်ကတည်းက ရှိခဲ့တယ်။ ဘုရင်တယောက်ဟာ သံဃာတော်တပါးကို ကြည်ညိုလို့ ဆွမ်းကပ်လှူပြီး မှူးမတ်ကြီးကို နောက်ကလိုက်ကြည့်ခိုင်းတော့ ထိုသူဟာ သင်္ကန်းကိုချွတ်ပြီး ရလာတဲ့ ဆွမ်းဟင်းတွေကို မိန်းမတွေကလေးတွေနဲ့ စားသောက်နေတာ မှူးမတ်က မြင်ခဲ့တယ်။ ဒါပေမဲ့ ဘုရင်ကိုတော့ “ကျွန်တော်မျိုး လိုက်ကြည့်နေစဉ် ထိုသံဃာတော်ဟာ ရဟန်းအသွင်ပျောက်သွားပါတယ် ဘုရား” လို့ လျှောက်တော့ ဘုရင်ကြီးက တန်ခိုးကြီးပုဂ္ဂိုလ်ကို ဆွမ်းလောင်းလှူလိုက်ရတယ် ဆိုတဲ့ ပီတိနဲ့ ကုသိုလ်စိတ်တွေ ပိုမို ပွားများခဲ့တယ်။
ဒီတော့ ပြောလိုရင်းက ဘယ်နေရာမဆို စုန်းပြူး ဆိုတာရှိတယ်။ စပါးတခင်းမှာ အသိမ်အဖျင်း တနှံတလေ ပါလာတာနဲ့ ဒီလယ်က စပါးတွေ အကုန် အဖျင်းချည်းပဲလို့ ပြောလို့ မရဘူး။ ရိတ်သိမ်းသူက စပါးဖျင်းကို ဖယ်ရှားရမယ်၊ ရိတ်သိမ်းသူက မမြင်လိုက်လို့ မဖယ်ရှားမိတဲ့အခါ ချွေလှေ့သူက ဖယ်ရှားရမယ်၊ နောက်ဆုံး အဆင့်ဆင့် တာဝန်ရှိသူတွေက မမြင်ကြလို့ဘဲ ဖြစ်ဖြစ် မသိကြလို့ဘဲဖြစ်ဖြစ် မသိချင်ယောင်ဆောင်ပြီးပဲဖြစ်ဖြစ် စားသုံးသူရှေ့မှောက် သိမ်ဖျင်းတဲ့ စပါးတွေ ရောက်သွားပြီ ဆိုပါတော့ … ။ စားမယ့်သူ (မိမိကိုယ်တိုင်က) ကောင်းတယ် မကောင်းဘူး ဉာဏ်နဲ့ချင့်ချိန်ပြီး ဖယ်ရှားစားသုံးနိုင်ရမယ်။ ဒီလိုမှ မဟုတ်ဘဲ စပါးဖျင်းတနှံကို ကိုင်ပြီး အားလုံးသိမ်းကျုံး မကောင်းဘူးလို့ ကမ္ဘာဖြန့်ကြွေးကြော် နေဖို့ မလိုအပ်ဘူး။
ဒီတော့သာသနာထွန်းကားသလား မထွန်းကားသလား ဆိုတာ မိမိကိုယ်တိုင်က ဗုဒ္ဓဘာသာ ဟုတ်သလား မဟုတ်သလား အရင်ပြန်မေးကြည့်ပါ။ ကိုယ်ကိုယ်တိုင်ဟာ မြန်မာနိုင်ငံမှာ မမွေးဖွား မကြီးပြင်းခဲ့ရင် (ဥပမာ - ပါကစ္စတန် မှာ မွေးခဲ့ရင်) ဗုဒ္ဓဘာသာ ဖြစ်နိုင်ပါမလား။ ဗုဒ္ဓတရားတော်တွေကို သိနိုင်မလား၊ နာကြားနိုင်မလား၊ လေ့လာနိုင်မလား။
(ရှည်လို့ အကုန်တင်မရဘူး။ ဒီနေရာမှာခွဲတင်လိုက်တယ်)
မြန်မာနိုင်ငံမှာ လူအများစုက ဗုဒ္ဓဘာသာဖြစ်ပေမဲ့ ဗုဒ္ဓတရားတော်နဲ့ အညီ ကျင့်ကြံမှု နည်းပါးတယ်လို့ ရီတာက ဆိုတယ်။ ဘာကြောင့်လဲ။ ခိုးတယ် - ဖျောင်တယ် - လာဘ်ပေး လာဘ်ယူတဲ့ကိစ္စတွေဟာ စာရိတ္တပျက်ယွင်းအောင် ပြုလုပ်ထားတဲ့ တိုင်းပြည်ရဲ့ စနစ်နဲ့ အများကြီး သက်ဆိုင်တယ်။ လစာတွေ၊ ခံစားမှု (benefit) တွေ လုံလုံလောက်လောက် ပေးထားရင် ဒီလိုကိစ္စမျိုး နည်းပါးနိုင်တယ်။ ပုထုဇဉ်ပီပီ အူမတောင့်မှ သီလစောင့်နိုင်မှာမို့ ဒါကို နားလည်ပေးသင့်တယ်။ လုံလောက်တဲ့ လစာနဲ့ ခံစားမှုတွေ ပေးထားတဲ့ တိုင်းပြည်ကြီးတွေမှာတောင် လာဘ်စားမှုနဲ့ မရိုးသားမှုတွေက အနည်းနဲ့ အများရှိနေကြတာပါပဲ။ ဒီတော့ ဒါမျိုးရှိရုံနဲ့လဲ သာသနာမထွန်းကားဘူးလို့ မဆိုနိုင်ဘူး။
ကိုင်း သာသနာအကြောင်း အကြမ်းမျဉ်း ရှင်းပြမယ်။ သာသနာမှာ ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဓ ရယ်လို့ရှိတယ်။ ပရိယတ္တိ = သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်း တရားတွေကို ဟောပြောပို့ချ သင်ကြားခြင်း/ သင်ယူခြင်း၊ ပဋိပတ္တိ = သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ကျင့်ကြံအားထုတ်ခြင်း၊ ပဋိဝေဓ = ထိုသို့ လွတ်မြောက်ကြောင်း မဂ်ဖိုလ် နိဗ္ဗာန်တရား အမှန်တွေကို သိခြင်း၊ (အတိုချုပ်ပြောရရင် သီလ၊ သမာဓိ၊ ပညာ) ပါပဲ။
ဒီတော့ ကြည့်မယ်ဆိုရင် ခေတ်အဆက်ဆက် မြန်မာနိုင်ငံမှာ ဆရာတော်ကြီးတွေ ဆင်းရဲဒုက္ခခံပြီး စာပေပို့ချပေးနေကြတယ်။ သင်ယူတဲ့ သံဃာတော်တွေလဲ သင်ယူကြ၊ ပြန်လည်ပို့ချကြတဲ့အပြင် တိုင်းတပါးများကို သွားရောက် သာသနာပြုလုပ်ငန်းများ ပြုလုပ်ဆောင်ရွက် နေကြတယ်။ ဒါက ပရိယတ္တိ။
ဒီဆရာတော်ကြီးတွေ ကိုယ်တော်တိုင် ကျင့်ကြံ အားထုတ်ခဲ့ကြသလို ကိုယ်တိုင်လည်း မဂ်ဖိုလ် နိဗ္ဗာန် တရားအမှန်တွေကို သိမြင်ကြတယ်။ (လယ်တီဆရာတော်၊ ဝေဘူဆရာတော်၊ မဟာစည်ဆရာတော်၊ စွန်းလွန်းဆရာတော် အစရှိသဖြင့်) ဒါက ပဋိပတ္တိနဲ့ ပဋိဝေဓ။
ဒီလို သံဃာတော်တွေ အပူအပင် ကြောင့်ကျကင်းအောင် ဆွမ်းသင်္ကန်း ကျောင်း ဆေး စသဖြင့် ထောက်ပံ့လှူဒါန်းနေကြတာက လူပုဂ္ဂိုလ်တွေဖြစ်တယ်။ ဆရာတော်တွေ ဘယ်လောက် တော်နေပါစေ လူတွေက မလှူမတန်းရင် ရပ်တည်ဖို့ ခက်ခဲကြရှာမယ်။ ဒီတော့ ဆရာ တကာ ညီမျှပါမှ သာသနာ အဓွန့်ရှည် တည်တံ့မှာ ဖြစ်တယ်။ ပုထုဇဉ် လူသားတွေမို့ ချွတ်ယွင်းချက်တွေကို အများကြီးရှိနိုင်တယ်။ ဒါကို ထောက်ကွက် တခုအနေနဲ့ ပြောပြီး သာသနာ မထွန်းကားဘူးလို့ မဆိုနိုင်ဘူးလို့ ပြောချင်တယ်။
အဓိကပြောချင်တာကတော့ ဒါပါပဲ။
သာမည ပြောချင်သေးတာကတော့ ရီတာဟာ ကိုယ့်စာဖတ်သူကို မလေးစားဘူး။ ပြန်လည် တုန့်ပြန်မှုက အပေါ်စီးဆန်တယ်။ တကူးတက လာရောက် ဆွေးနွေးခြင်းကို “စကားပြောရင် သတိထားပါ၊ စာသေချာဖတ်၊ သိချင်ရင် မေး ပြောပြမယ်၊ ဒီစာကို ဖတ်ဖူးလား မဖတ်ဖူးရင် သွားဖတ်” ဆိုတဲ့ အထက်စီးလေသံနဲ့ ပြောခြင်းကို လုံးဝရှုံ့ချပါတယ်။ လာရောက်ဆွေးနွေး သူတွေဟာ အားနေလို့ မဟုတ်ဘူး။ တန်ဖိုးရှိတဲ့ အချိန်တွေ ဖဲ့ပေးရတာပဲ။ ၀င်ရောက်ဆွေးနွေး သူတွေထဲမှာ ရီတာထက် အသက်အရွယ် ဂုဏ်သိက္ခာ ကြီးမြင့်သူတွေလဲ ပါနိုင်တယ်။ ဒါကြောင့် ဂါရ၀ နိဝါတ တရား ထားနိုင်ပါစေ ရီတာ။
ဗေဒင်ဆိုတာ ပညာ တခုပါပဲ၊
ယတြာ ကတော့ အဲဒီပညာရဲ့ နောက်ဆက်တွဲပါပဲ၊
ဗေဒင် ယတြာ ကို ငြင်းခုံကျတာ ကျောင်းကတဲကပါပဲ အေ ဆောင် ကနေ အီးဆောင် ဂျီဟော ထိတောင်၊
ဆရာတော်ကြီးတွေဖြစ်တဲ့ မဟာဂန္ဓာရုံဆရာတော် နှင့် သျှင် ဥက္ကဋ္ဌ စာတွေ ထဲမှာ ပါ ပြီး ဖြစ်ပါတယ်၊
မြန်မာနိုင်ငံ နှင့် ဗုဒ္ဓဘာသာလည် အဲဒီလိုပဲရေးထားပါတယ် ဖတ်ကြည့်ပါ။
ရီတာ က သူ့ အမြင်ကို သူ့ ရေးထားတာ ရှင်းပါတယ်။
စာရေးသူတဦးပြောတာမှန်တယ် ဟုတ်တယ် ခင်ဗျားတော်တော်ရိုင်းတယ် စာလာဖတ်တဲ့လူတွေကခင်ဗျားစာ ဖတ်ကောင်းလို့လာနေတာမဟုတ်ဘူး လယ်ရင်းပတ်ရင်း ကြုံ လို့ဝင်ဆွေးနွေးတာ
(အငြိမ့်ကြည့်တဲ့ ဘုန်းကြီးတွေ မရှိဘူး မဟုတ်၊ ရှိတယ်။ ဒီလိုရှိတိုင်း ဗုဒ္ဓဘာသာ မထွန်းကားဘူးလို့ မဆိုနိုင်ဘူး။)
ဒါဖြင့် ဘယ်လောက်ရှိရင် မထွန်းကားဘူးလဲ။ ဘယ်လောက်ရှိရင် ထွန်းကားပါပြီလဲ။ ဒီကိစ္စဟာ အရေအတွက် ကိစ္စနဲ့ ဆုံးဖြတ်ရမယ် ထင်ပါတယ်။ ကိုယ်ကိုယ်တိုင်လဲ ရေတွက်ထားတာ မဟုတ်ပေမဲ့ သွားလေရာ လာလေရာမှာ မြင်တွေ့နေရတဲ့ ကိစ္စဟာ ၅ဝ/ ၅ဝ ထက်တော့ မကတော့ဘူးလို့ ထင်တယ်။ အဆိုးရှိရင် အကောင်းရှိတာဟာ ပြောစရာကို မလိုတဲ့ ကိစ္စဖြစ်ပါတယ်။ ကိုယ်လဲနားလည်ပါတယ်။ တယောက်တလေ မကောင်းတာနဲ့ အားလုံးကို မကောင်း မပြောပါဘူး။ သို့သော် မကောင်းတာ ၆ဝ ရှိမယ်။ ကောင်းတာ ၄ဝ ရှိမယ် ဆိုရင် ဒီစနစ်ဟာ မထွန်းကားဘူးလို့ ပြောနိုင်ပါတယ်။ အဲဒါဟာ ကောင်းတဲ့ ၄ဝ ကို မကောင်းစာရင်း သွင်းရာ မရောက်ပါ။
(ဗုဒ္ဓသာသနာ ဆိုတာ ဗုဒ္ဓရဲ့ အဆုံးအမပဲ။ ဗုဒ္ဓအဆုံးအမနဲ့ အညီ ကျင့်ကြံနေထိုင်ရင် ဗုဒ္ဓသာသနာ တည်တယ်လို့ ဆိုနိုင်တယ်။) မှန်ပါတယ်။ ကိုယ်တိုင်လဲ အဲဒါကို ကွန်မန့်မှာ ပြန်ရေးပြီး ဖြစ်ပါတယ်။ ဒါဟာ သာသနာ့ဘောင်က ရဟန်းတွေတင် မကဘဲ ကိုးကွယ်တဲ့ လူတွေနဲ့ပါ တိုင်းတာရမယ့် ကိစ္စပါ။
(ဒီလိုဆောင်ရွက်နေပေမဲ့ တချို့သံဃာတွေဟာ ပုထုဇဉ်ပီပီ အမှားအယွင်း ပြုမိကြတယ်၊ (ဥပမာ အငြိမ့်ပွဲ ဇာတ်ပွဲကြည့်တာာမျိုး) ဒါမျိုး အသေးအဖွဲ ကံတွေကို အာပတ်ဖြေလို့ရတယ်။ ပဉ္စာနန္တရိယကံ၊ သံဃာသင်းခွဲ စတဲ့ ပါရာဇိကံ ကျနိုင်တဲ့ ပြစ်မှုအကြီးမျိုးကလွဲလို့ အသေးစား အာပတ်မျိုးကို ဖြေလို့ရကြောင်း မြတ်စွာဘုရား ကိုယ်တော်တိုင် ၀ိနည်းပိဋကတ်မှာ ဟောထားတယ်။)
ကောင်းပါပြီ။ ဒါဖြင့် အဲဒါတွေ ကြည့်လိုက်၊ ပြီးရင် အာပတ်ပြန်ဖြေလိုက်လုပ်ပြီး ထွန်းကားတဲ့ သာသနာတော်ကို တည်ထောင်မယ်ဆို တည်ထောင်ပါ။ ဘာမှ ဆက်ပြောရန်မရှိပါ။
(သင်္ကန်းဝတ် ကိစ္စကိုပြောရရင် လူတွေရဲ့ သဒ္ဓါတရားကို ခုတုံးလုပ်တာမျိုးက ခုခေတ်မှ မဟုတ်ဘူး အရင်ခေတ်ကတည်းက ရှိခဲ့တယ်။)
ဘယ်ခေတ်မှာပဲ ရှိရှိ ရှိတာဟာ ရှိတာပါပဲ။ မကောင်းတာဟာ မကောင်းတာပါပဲ။
(ဘုရင်ကြီးက တန်ခိုးကြီးပုဂ္ဂိုလ်ကို ဆွမ်းလောင်းလှူလိုက်ရတယ် ဆိုတဲ့ ပီတိနဲ့ ကုသိုလ်စိတ်တွေ ပိုမို ပွားများခဲ့တယ်။) ဒါဟာကောင်းပါတယ်။ ဒါဟာ စိတ်သာရှင်စော ဘုရားဟောပါ။ ဘုရင်ကြီးဟာ အကြောင်းရင်းမှန်ကို မသိတာရယ်၊ သူ့လူက ပါးပါးနပ်နပ်လျှောက်တင် လိမ္မာတာရယ်ကြောင့် ကုသိုလ်စိတ်ဖြစ်သွားတာ ကျေနပ်စရာပါ။ ဒါပေမဲ့ ဆိုလိုရင်းနဲ့တော့ ဘာမှ မဆိုင်ပါ။
(ဘယ်နေရာမဆို စုန်းပြူး ဆိုတာရှိတယ်။ စပါးတခင်းမှာ အသိမ်အဖျင်း တနှံတလေ ပါလာတာနဲ့ ဒီလယ်က စပါးတွေ အကုန် အဖျင်းချည်းပဲလို့ ပြောလို့ မရဘူး။)
အကုန် မဖျင်းဘဲ အကုန် အဖျင်းချည်းပဲ မပြောပါ။ သို့သော် ခုနက ဥပမာ အတိုင်းပဲ။ ၅ဝ/ ၅ဝ မဟုတ်တဲ့ ကိစ္စမှာ ၆ဝ က ဖျင်းနေပြီ ဆိုရင် ဒီလယ်ကွက် မအောင်မြင်ဘူး ပြောရပါမယ်။ ဒါဟာ မဖျင်းတဲ့ ၄ဝ ဟာ အဖျင်းတွေလို့ မျက်စေ့မှိတ်ပြောလိုက်တာ မဟုတ်ပါ။
(နောက်ဆုံး အဆင့်ဆင့် တာဝန်ရှိသူတွေက မမြင်ကြလို့ဘဲ ဖြစ်ဖြစ် မသိကြလို့ဘဲဖြစ်ဖြစ် မသိချင်ယောင်ဆောင်ပြီးပဲဖြစ်ဖြစ် စားသုံးသူရှေ့မှောက် သိမ်ဖျင်းတဲ့ စပါးတွေ ရောက်သွားပြီ ဆိုပါတော့ … ။ စားမယ့်သူ (မိမိကိုယ်တိုင်က) ကောင်းတယ် မကောင်းဘူး ဉာဏ်နဲ့ချင့်ချိန်ပြီး ဖယ်ရှားစားသုံးနိုင်ရမယ်။)
ရေးချင်တဲ့ ရည်ရွယ်ချက်က အဲဒါပါပဲ။ ဒါကို ကုစားဖို့ (သို့) ကယ်တင်ဖို့ဆိုရင် ပထမဆုံး ဒါကို အရင်မြင်ရမယ်။ ရှိနေတာတွေကို မရှိဘူး၊ ဟုတ်နေတာတွေကို မဟုတ်ဘူး ငြင်းနေလို့ကတော့ ... ဟုတ်ကဲ့ ငြင်းချင်ရင်လဲ ငြင်းပါ။ ဘာမှ မဖြစ်ပါဘူး။
(ဒီလိုမှ မဟုတ်ဘဲ စပါးဖျင်းတနှံကို ကိုင်ပြီး အားလုံးသိမ်းကျုံး မကောင်းဘူးလို့ ကမ္ဘာဖြန့်ကြွေးကြော် နေဖို့ မလိုအပ်ဘူး။) လာဖတ်တဲ့ သူတွေဟာ ဗမာပဲ အများစုပါ။ ဘာဖြစ်လို့ ဆိုတော့ မြန်မာလိုပဲ ရေးထားတာကိုး။ မြန်မာစာတတ် နိုင်ငံခြားသား ဘယ်နှစ်ယောက် လာဖတ်မှာလဲ။ ထို့ကြောင့် ဒီကိစ္စ မပူပါနှင့်။ နောက်ဆုံး ဖြန့်တယ် ထားဦး။ မှန်နေရင် ဘာဂရုစိုက်ရမလဲ။ ဖုံးထားတာသာ ပိုရှက်ဖို့ကောင်းတာ။
(ကိုယ်ကိုယ်တိုင်ဟာ မြန်မာနိုင်ငံမှာ မမွေးဖွား မကြီးပြင်းခဲ့ရင် (ဥပမာ - ပါကစ္စတန် မှာ မွေးခဲ့ရင်) ဗုဒ္ဓဘာသာ ဖြစ်နိုင်ပါမလား။ ဗုဒ္ဓတရားတော်တွေကို သိနိုင်မလား၊ နာကြားနိုင်မလား၊ လေ့လာနိုင်မလား။)
ဒါဟာ နိုင်ငံတွေ၊ လူမျိုးတွေ၊ မျိုးရိုးတွေနဲ့ မဆိုင်တဲ့ ပါရမီသက်သက် ကိစ္စလို့ ယူဆပါတယ်။ ဘုရားကိုယ်တိုင် ဘယ်မှာ မွေးဖွားခဲ့တာပါလဲ။ ဘာကိုကိုးကွယ်တဲ့ မိဘတွေက ဆင်းသက်လာတာပါလဲ။ နောက်ပြီတော့ အပမာဒ လို၊ ဓမ္မရုပ်စုံလိုတွေထဲမှာ နိုင်ငံခြားမှာ မွေးဖွားကြီးပြင်းကြပါရက်နဲ့ ဗုဒ္ဓဘာသာကို သက်ဝင်လာသူတွေ အကြောင်း ဘာလို့ ပါလာရတာပါလဲ။ မြန်မာပြည်မှာ မွေးပြီး၊ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းက ကြီးပြင်းလာတဲ့ တချို့သောလူတွေ နတ်ကနားပေးပြီး၊ နတ်ကတော်နောက်လိုက်နေချိန်မှာ သူတို့ဘာလို့ ဗုဒ္ဓတရားတော်ကို သက်ဝင်ယုံကြည်နိုင်ကြတာပါလဲ။ ဒါဟာ ပါရမီကိစ္စလို့ ကိုယ်ကတော့ ခံယူပါတယ်။ လေ့လာစူးစမ်းဖို့နဲ့၊ စိတ်တံခါးကို ဖွင့်ထားဖို့သာ အဓိကပါ။
(ခိုးတယ် - ဖျောင်တယ် - လာဘ်ပေး လာဘ်ယူတဲ့ကိစ္စတွေဟာ စာရိတ္တပျက်ယွင်းအောင် ပြုလုပ်ထားတဲ့ တိုင်းပြည်ရဲ့ စနစ်နဲ့ အများကြီး သက်ဆိုင်တယ်။)
ဒါကို ဒီနေ့ cbox က chatting တခုမှာ သူငယ်ချင်းတယောက်နဲ့ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ သူက ပြောပါတယ်။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ ထွန်းကားပါတယ်တဲ့။ ပြီးတော့ ဆက်ပြောပါတယ်။ ကောင်းတာရှိသလို မကောင်းတာ ရှိတာပဲ။ ယူတတ်ရင်ရမယ်။ ခေတ်အခြေအနေအရ မကောင်းမှန်းသိပေမဲ့ လုပ်လိုက်ရတာရှိတယ်။ ရွှေလည်းရှိတယ်။ ရွှံ့လည်းရှိတယ်။ ဘာလိုချင်လည်း ရွေးယူတဲ့။
ပြီးတော့ "ကိုယ်ပိုင်ကျောရိုး ခိုင်မာတောင့်တင်းဖို့ လိုတယ်လေ.. ကိုယ်ပိုင်ကျောရိုးမခိုင်မာ မတောင့်တင်းတဲ့သူဟာ ဘယ်လို ရပ်နိုင်ပါ့မလဲ.. ဆွဲဆောင်မှုနောက် ပါကြမှာပဲ.. ဗုဒ္ဓဘာသာဝင်ပါလို့ ပြောတဲ့သူတိုင်းဟာ ဗုဒ္ဓဘာသာကို ဘယ်လောက်ထိ နက်နက်ရှိုင်းရှိုင်း သိထားလဲ.. စိတ်ရောလူရော ဗုဒ္ဓဘာသာ ဟုတ်ရဲ့လားးး ဒါအရေးကြီးဆုံးပဲ" တဲ့။
သူက ပထမ ဘာသာတရား ထွန်းကားတယ်လို့ စပြောပြီးမှ မထွန်းကားရတဲ့ အကြောင်းရင်းတွေကို အဲဒီလို ပြောပါတယ်။ ဒီတော့ သူဟာ ဒါတွေဖြစ်နေတယ်လို့တော့ လက်ခံတဲ့ သဘောပေါ့။ တကယ်တော့ ပြောနေတဲ့ အကြောင်းအရာဟာ "ဘာကြောင့်ဖြစ်ရတာလဲ" ဆိုတာ မဟုတ်ဘူး။ "ဒီလို ဖြစ်သလား၊ မဖြစ်ဘူးလား" ဒါပဲ။ ဘာကြောင့်ဆိုတာ လူတိုင်းသိနေတာပဲ။ ... ဆိုတော့ အတိုင်းအတာအရ အကောင်းနဲ့ အဆိုး 50/50 မကရင်။ အဆိုး 50 ထက်များရင် ဒါဟာ ကျရှုံးတာပဲ။ ကိုယ်ကတော့ ထက်ဝက်မကတော့ဘူး ထင်တယ်။ ဒါပါပဲ။
(ပုထုဇဉ်ပီပီ အူမတောင့်မှ သီလစောင့်နိုင်မှာမို့ ဒါကို နားလည်ပေးသင့်တယ်။) ဒီကိစ္စ နားလည်မှုနဲ့ မဆိုင်ပါ။ အပြစ်တင်နေခြင်းလဲ မဟုတ်ပါ။ ဝေဖန်ခြင်းလဲ မဟုတ်ပါ။ ရှိသလား ရှိတယ်။ ဘယ်လောက်ထိရှိလဲ။ အဲဒါသည် အဓိက ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး ဗုဒ္ဓဘာသာရဲ့ အဆုံးအမနဲ့ လျော်ညီစွာ မကျင့်ကြံနိုင်ရင် ဒါ မကျင့်ကြံနိုင်တာပဲပေါ့။ ဗုဒ္ဓဘာသာဝင်တွေကမှ မကျင့်ကြံနိုင်ဘူးဆိုရင် ဘယ်သူက ကျင့်ကြံပေးနိုင်မယ်လို့ မျှော်လင့်ရပါမလဲ။ အဲဒီ ရာခိုင်နှုန်းကရော ဘယ်လောက်တောင်များနေပြီလဲ။ ဒါပဲ စဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။
(ဒီတော့ ဒါမျိုးရှိရုံနဲ့လဲ သာသနာမထွန်းကားဘူးလို့ မဆိုနိုင်ဘူး။) ဘယ်လောက်ရှိရုံကို ဆိုလိုတာပါလဲ။ အရင်းစစ်တော့ အမြစ်မြေကမှန်းတော့ လူတိုင်း သိပါတယ်။ ဒါပေမဲ့ ဒါက အမြစ်လှန်နေတာ မဟုတ်ပါ။ အရွက်ဖြစ်စေ၊ အသီးဖြစ်စေ ပိုးကိုက်တယ် ဆို ကိုက်တာပါပဲ။ ဒါဟာ စနစ်ကြောင့်မှန်း လူတိုင်းသိပါတယ်။ သို့သော် ဗုဒ္ဓဘာသာဝင် အများစု ရှိတဲ့ နိုင်ငံမှာ အများစုသော ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓတရားတော်နဲ့ လျော်ညီစွာ မနေထိုင်နိုင်ဘဲနဲ့တော့ ဘာကို ထွန်းကားတယ်လို့ ယုံကြည်ရပါမလဲ။
((အတိုချုပ်ပြောရရင် သီလ၊ သမာဓိ၊ ပညာ)) မှန်ပါတယ်။ ဒီ post မှာတောင်မှ ခပ်ဆင်ဆင်ပါပါတယ်။ ဒီ post ရဲ့ အဓိကဆိုလိုချင်တာကိုက ကိုယ့်ထက် သဒ္ဓါ၊ သီလ၊ ပညာ သာလွန်တယ်လို့ မသေချာတဲ့ လူတယောက်ရဲ့ ညွှန်ကြားမှုကို ဘာကြောင့် ဗုဒ္ဓဘာသာဝင် ဆိုသူများက အရေးတကြီး လိုအပ်နေကြတာပါလဲ လို့ မေးလိုရင်း ဖြစ်ပါတယ်။ post မှာ သီလ၊ သမာဓိ၊ ပညာ လို့ သုံးလိုက်နိုင်ရင် ပိုကောင်းပါလိမ့်မယ်။ အဲလို မသုံးလိုက်မိဘူး။
(ပုထုဇဉ် လူသားတွေမို့ ချွတ်ယွင်းချက်တွေကို အများကြီးရှိနိုင်တယ်။ ဒါကို ထောက်ကွက် တခုအနေနဲ့ ပြောပြီး သာသနာ မထွန်းကားဘူးလို့ မဆိုနိုင်ဘူးလို့ ပြောချင်တယ်။) ဟုတ်ကဲ့ ပြန်ပြီး ပြောပါမယ်။ ဘယ်လောက် အတိုင်းအတာ ဆိုတာ အဓိက ကျပါတယ်။ မျက်စေ့နဲ့ မြင်နေရသလောက်ကတော့ သိပ်မဟန်တော့ဘူးလို့ ခံစားမိပါတယ်။ ဒါကို ကုစားဖို့ ဆိုရင် ဒါကို မြင်မှ ဖြစ်ပါမယ်။
(သာမည ပြောချင်သေးတာကတော့ ရီတာဟာ ကိုယ့်စာဖတ်သူကို မလေးစားဘူး။ ပြန်လည် တုန့်ပြန်မှုက အပေါ်စီးဆန်တယ်။ တကူးတက လာရောက် ဆွေးနွေးခြင်းကို “စကားပြောရင် သတိထားပါ၊ စာသေချာဖတ်၊ သိချင်ရင် မေး ပြောပြမယ်၊ ဒီစာကို ဖတ်ဖူးလား မဖတ်ဖူးရင် သွားဖတ်” ဆိုတဲ့ အထက်စီးလေသံနဲ့ ပြောခြင်းကို လုံးဝရှုံ့ချပါတယ်။ လာရောက်ဆွေးနွေး သူတွေဟာ အားနေလို့ မဟုတ်ဘူး။ တန်ဖိုးရှိတဲ့ အချိန်တွေ ဖဲ့ပေးရတာပဲ။ ၀င်ရောက်ဆွေးနွေး သူတွေထဲမှာ ရီတာထက် အသက်အရွယ် ဂုဏ်သိက္ခာ ကြီးမြင့်သူတွေလဲ ပါနိုင်တယ်။ ဒါကြောင့် ဂါရ၀ နိဝါတ တရား ထားနိုင်ပါစေ ရီတာ။)
ဒါကတော့ ကိုယ် ဝန်ခံထားပြီး ဖြစ်ပါတယ်။ ဘယ်သူမှန်း မသိရင် စိတ်က သတိထားသည့်တိုင် အလေးမထားတဲ့ စိတ်က ပိုများပါတယ်။ ဒါကြောင့် ဘာမှန်း မသိတဲ့ ID တွေလာရင် သူတို့တောင် ကိုယ့်ကိုယ်ကိုယ် မလေးစားလို့ တွေ့ရာ နာမည် ကောက်တပ်ထားသေးတာ ဆိုတဲ့ စိတ်ကို ကြိုးစားဖျောက်သော်လည်း မပျောက်ပါဘူး။ ပြီးတော့ အလုပ်ရှုပ် စိတ်ရှုပ်တဲ့ အချိန်နဲ့ အဲလို ID မရှိတာတွေ သွားဆုံရင် ပိုဆိုးပါတယ်။ ဒါ ကိုယ်က ကိုယ့်ဘာသာ လျှော့တွေးခွင့်လွှတ်ပြီး အကြောင်းပြနေတာပါ။ အမှန်ကတော့ ဘယ်သူဘာဖြစ်ဖြစ် ကိုယ် ကိုယ်တိုင် တရားမပျက်ဖို့ အဓိကပါ။ ဘာနဲ့လာလာ ပြေပြေပြစ်ပြစ် ပြောရမှာ ကိုယ့်တာဝန်ပါ။
comment တွေ ပြန်တဲ့နေရာမှာ ရေးသူရဲ့ flow အတိုင်း လိုက်ပါတုန့်ပြန်မိတာကတော့ အမှန်ပါ။ အဲဒါကြောင့် ကိုယ့်ကို comment ရေးရင် ဘယ်လို တုန့်ပြန်စေချင်သလဲ ဆိုတာ အရင်စဉ်းစားပြီးမှ တုန့်ပြန်စေချင်တဲ့ ပုံစံအတိုင်း ရေးပါလို့ ပြောချင်ပေမဲ့ အဲလို ပြောတာဟာ နည်းလမ်းမကျမှန်း ကိုယ် သိပါတယ်။
ဘယ်သူတရားပျက်ပျက် ကိုယ် မပျက်ဖို့ လိုရင်းပါ။ သူဒီလို ပြောလို့ ကိုယ် ဒီလို ပြောရပါတယ် လို့ ကိုယ်ပြောနေတာ တကယ်တော့ အကြောင်းပြချက်ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် အလေးအနက် တောင်းပန်ပါတယ်။
အသက်အရွယ်ကတော့ စာဖတ်ပြီး သိနိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါ့အပြင် ကိုယ့်ထက် အသက် တရက် တမနက် ကြီးတဲ့သူတွေကို ရိုသေရမယ် ဆိုတာမျိုး လုံးဝ လက်ခံနိုင်ဖွယ်ရာ ကိစ္စလို့ မထင်ပါဘူး။ လမ်းပေါ်အော်ဆဲနေတဲ့ အရက်သမားကို အသက်ကြီးလို့ ဆိုပြီး ဘယ်သူမှ မရိုသေပါဘူး။ ကိုယ်ဟာ အသက်ကြီးရုံ ကြီးတာလေး တခုတည်းနဲ့တော့ ရိုသေသမှု ပြုနိုင်လိမ့်မည် မဟုတ်ပါကြောင်း ကြိုတင် အသိပေးလိုပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ထက် အသက်တရက် တမနက် ကြီးတာနဲ့တင် ရိုသေထိုက်သူ ဖြစ်တယ်လို့ ဂင်္ဂါဝါဠု သဲစုမက ပွင့်ခဲ့ပြီးသော ဘုရားရှင်တွေထဲမှာ ဘယ်ဘုရားကမှ ဟော မသွားပါဘူး။ ဒါဟာ ဗုဒ္ဓအလိုကျ မဟုတ်ပါဘူး။ အကျိုးသင့် အကြောင့်သင့် မရှိတဲ့ မြန်မာတွေရဲ့ အစွဲအလမ်းတစ်ခုသာ ဖြစ်ပါတယ်။
ကိုယ့်အနေနဲ့ကတော့ တကယ် လေးစားထိုက်ရင် ကိုယ့်ထက်နှစ်ပေါင်းများစွာ ငယ်ရွယ်နေရင်လဲ လေးလေးစားစား ပြောဆိုဆက်ဆံပါမယ်။ ၅ နှစ် ကလေးကိုပဲ ဖြစ်ဖြစ် ကိုယ်ဘယ်တော့မှ ချစ်လို့ ဖြစ်စေ မလေးမစား မစနောက်ပါဘူး။ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး ပျက်အောင် မလုပ်ပါဘူး။ ဒါဟာ ကိုယ့်ရဲ့ လေးစားမှု ပါပဲ။ ဒီလိုပဲ ကိုယ့်ကို ကိုယ်ရည်ကိုယ်သွေး ပျက်အောင် ရည်ရွယ်လို့ တခုခု လုပ်ခဲ့မယ် ရေးသားခဲ့မယ် ဆိုရင်လည်း လေးစားမှု မရှိနိုင်တော့ပါဘူး။
ဂါရဝေါစ ရဲ့ အနက်က ကိုယ် နားလည်သလို ပြောရမယ် ဆိုရင် "ရိုသေထိုက်သူကို ရိုသေခြင်း" ဖြစ်ပါတယ်။ ကြီးတာ ငယ်တာနဲ့ မဆိုင်ပါ။ အသက်ကြီးသူ ဖြစ်နေလင့်ကစား မြန်မာတွေရဲ့ အစဉ်အလာ အမှားကြီး အရ မရိုသေထိုက်ဘဲ ရိုသေလိုက်ရင် အမင်္ဂလာတောင် ဖြစ်နိုင်သလား လို့ စောကြောချင်မိပါသေးတယ်။
ဒီမင်္ဂလာ တရားတော်နဲ့ အညီနေကြဖို့ ဆိုရင် ကြီးသူ ငယ်သူ နှစ်ဦးနှစ်ဖက် harmony ဖြစ်နေမှ ရပါမယ်။ ရိုသေမှုကို လိုလားရင် ရိုသေထိုက်အောင် နေဖို့ပဲ ရှိပါတယ်။
ဆွေးနွေးလာသမျှကို ပြန်ဆွေးနွေးပြောဆိုပါတယ်။ လာရိ လာချွတ်တာနဲ့ ပြန်နွှာဖို့ အဆင့်သင့် ဖြစ်နေတတ်ပါတယ်။ အဲဒါဟာ မကောင်းပါဘူး။ ဝန်ခံပါတယ်။
နောက်ဆိုရင် လာရိတာ လာချွတ်တာတွေကို လာဆွေးနွေးတာနဲ့ အတူတူ တုန့်ပြန်နိုင်ဖို့ ကြိုးစားပါဦးမယ်။
ခုလို လာရောက်ဆွေးနွေးတာကို အင်မတန် ကြိုဆိုပါတယ်။ နောက်နောင်လဲ လာစေချင်ပါတယ်။ ကိုယ်ကတော့ ဘယ်သူ့ကို မဆို တံခါးဖွင့်ထားပါတယ်။ ဘာပေတံနဲ့မှ မတိုင်းပါ။ အသက်နဲ့တောင် မတိုင်းတာပါ။ တဘက်လူရဲ့ ဖွင့်ထားခြင်း မဖွင့်ထားခြင်းကသာ ကိုယ့်အတွက် အဓိက ဖြစ်ပါတယ်။ သဘောတရားနဲ့ အနှစ်သာရထက် အသက်အရွယ်က ပိုလည်း အရေးမကြီးပါဘူး။
ရိုသေထိုက်ရင် ရိုသေလိုက်ဖို့၊ ဦးညွှတ်ထိုက်ရင် ဦးညွှတ်လိုက်ဖို့ အဆင်သင့်ရှိပါတယ်။
သာသနာ့ဝန်ကို အမှန်တကယ် ထမ်းဆောင်နေတဲ့ သံဃာတော်တွေ အများကြီးပဲ ရီတာ။ သူတို့က လူမြင်သူမြင် နေနေကြတာမဟုတ်သလို ငါတို့ ဒါလုပ်နေတယ်လို့လဲ ကြွေးကြော်နေကြတာ မဟုတ်ဘူး။ ကိုယ့်မျက်စိရှေ့မှောက် မမြင်တာနဲ့ သံဃာစစ် သံဃာမှန် နည်းတယ်လို့ ပြောလို့ရသလား။ ရီတာဟာ စစ်မှန်တဲ့ သံဃာတော်တွေကို မဆည်းကပ်မိဘူးထင်တယ်။ ဒါမှမဟုတ်လဲ အဲဒီလိုနေရာမျိုးတွေကို မသွားတာလား။ အတုအယောင်ဆိုတာက ပပလွှားလွှားနေတယ်၊ လူမြင်သူမြင်နေတယ်။
ဘယ်လောက်ရှိရင် မထွန်းကားဘူး၊ ထွန်းကားတယ် ဆိုပြီး အရေအတွက်နဲ့ ငြင်းစရာ မဟုတ်ဘူးလို့ ထင်တယ်။ သာသနာတော်အတွက် ဘာတွေ ဆောင်ရွက်နေကြသလဲ … ဘယ်လို ဆောင်ရွက်နေကြသလဲ … လုပ်ရပ်တွေနဲ့ ကြည့်ပြီး ဆုံးဖြတ်ရမယ်။ အထက်မှာ ပြောခဲ့သလို ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာ သုံးရပ် အထွန်းကားဆုံး တိုင်းပြည်ဟာ မြန်မာနိုင်ငံပါပဲ။
“ကောင်းပါပြီ။ ဒါဖြင့် အဲဒါတွေ ကြည့်လိုက်၊ ပြီးရင် အာပတ်ပြန်ဖြေလိုက်လုပ်ပြီး ထွန်းကားတဲ့ သာသနာတော်ကို တည်ထောင်မယ်ဆို တည်ထောင်ပါ။ ဘာမှ ဆက်ပြောရန်မရှိပါ။”
ဒီစကားဟာ အင်မတန် အဆိုးမြင်စိတ်နဲ့ ရေးတယ်လို့ ယူဆတယ်။ ငယ်ရွယ်တဲ့ ရဟန်းပျိုတွေ အနေနဲ့ ကာမဂုဏ် အာရုံတချို့ကို မကောင်းမှန်း သိပေမဲ့ မပယ်ဖျောက်နိုင်သေးတာမို့ မှားယွင်းနိုင်တယ်။ ဒါတွေကို ပြုရုံမျှနဲ့ သာသနာ ပျက်မသွားဘူး။ မကောင်းမှန်းသိလို့ အပြစ်ရှိမှန်း သိလို့ အာပတ် ပြန်ဖြေကြရတာ ဖြစ်တယ်။ ဒါတွေကို ပြုလိုက် အာပတ်ဖြေလိုက် လုပ်ပြီး ထွန်းကားတဲ့ သာသနာ တည်ထောင်နေကြတာ မဟုတ်ဘူး။ မိမိပြုတဲ့ ပါရမီ ရင့်ကျက်လာတာနဲ့ အမျှ ကာမဂုဏ် အာရုံတွေကို ပယ်ဖျောက်နိုင်ကြမှာ ဖြစ်တယ်။
“ဘယ်ခေတ်မှာပဲ ရှိရှိ ရှိတာဟာ ရှိတာပါပဲ။ မကောင်းတာဟာ မကောင်းတာပါပဲ။”
(ဘုရင်ကြီးက တန်ခိုးကြီးပုဂ္ဂိုလ်ကို ဆွမ်းလောင်းလှူလိုက်ရတယ် ဆိုတဲ့ ပီတိနဲ့ ကုသိုလ်စိတ်တွေ ပိုမို ပွားများခဲ့တယ်။) ဒါဟာကောင်းပါတယ်။ ဒါဟာ စိတ်သာရှင်စော ဘုရားဟောပါ။ ဘုရင်ကြီးဟာ အကြောင်းရင်းမှန်ကို မသိတာရယ်၊ သူ့လူက ပါးပါးနပ်နပ်လျှောက်တင် လိမ္မာတာရယ်ကြောင့် ကုသိုလ်စိတ်ဖြစ်သွားတာ ကျေနပ်စရာပါ။ ဒါပေမဲ့ ဆိုလိုရင်းနဲ့တော့ ဘာမှ မဆိုင်ပါ။”
ဘယ်ခေတ်မှာ ရှိရှိ မကောင်းဘူး … ဟုတ်တယ်။ ဒီအဖြစ်အပျက်ကို အကြောင်းမဲ့ ထည့်ရေးတာ မဟုတ်ဘူး။ ယောနိသော မနသိကာရ ကို နားလည်စေချင်လို့ပဲ။ ယောနိသော မနသိကာရ ဆိုတဲ့ သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းခြင်း ဆိုတာ အင်မတန်မှ အရေးကြီးတယ်။ ကိုယ့်အကုသိုလ်ကံကြောင့် မကောင်းတဲ့ အာရုံကို မြင်ရပါစေ နှလုံးသွင်းကောင်းရင် အကုသိုလ်ကနေ ကုသိုလ်ဖြစ်တယ် ဆိုတာကို သိစေချင်တယ်။
ဒီအဖြစ်အပျက်မှာကြည့်ရင် ရဟန်းတုဟာ အကုသလ ၀ိပါက်နဲ့ ပမာတူတယ်။ မှူးမတ်ဟာ ယောနိသောမနသိကာရနဲ့ ပမာတူပြီး ဘုရင်ကြီးကတော့ ကုသိုလ်စိတ်နဲ့ တူတယ်။
အကုသလ၀ိပါက် + အယောနိသော မနသိကာရ = အကုသိုလ်စိတ် ဖြစ်တယ်။
အကုသလ၀ိပါက် + ယောနိသော မနသိကာရ = ကုသိုလ်စိတ် ဖြစ်တယ်။
ဒီတော့ ပြောချင်တာက လောကမှာ မကောင်းတာတွေ ရှိတယ်၊ ကဲ့ရဲ့ပြစ်တင်ပြီး အကုသိုလ်စိတ် ပွားများနေမယ့် အစား ယောနိသော မနသိကာရ ထားပြီး ကုသိုလ်စိတ် ပွားများစေချင်တယ်။
“ရေးချင်တဲ့ ရည်ရွယ်ချက်က အဲဒါပါပဲ။ ဒါကို ကုစားဖို့ (သို့) ကယ်တင်ဖို့ဆိုရင် ပထမဆုံး ဒါကို အရင်မြင်ရမယ်။ ရှိနေတာတွေကို မရှိဘူး၊ ဟုတ်နေတာတွေကို မဟုတ်ဘူး ငြင်းနေလို့ကတော့ ... ဟုတ်ကဲ့ ငြင်းချင်ရင်လဲ ငြင်းပါ။ ဘာမှ မဖြစ်ပါဘူး။”
ဟုတ်ပြီ။ ဒါဆိုရင်တော့ ရီတာဟာ စာရေးရာမှာ ရည်ရွယ်ချက် ရောက်အောင် လိုရင်းရောက်အောင် မရေးနိုင်သေးဘူးလို့ ယူဆရမှာပဲ။
ဒီကိစ္စကို ဘယ်သူကမှ မဟုတ်ဘူးလို့ ငြင်းမနေကြပါ။ မမြင်တဲ့သူလည်း ရှိမယ် မထင်ပါ။ အားလုံး သိမြင်နေကြတာပဲ။ ဒါပေမဲ့ ကုစားဖို့ ကယ်တင်ဖို့က ပညာ ရှိမှရမယ်။ နှစ်နှစ်ကာကာ သဘောပေါက်မှ ရမယ်။ မသိ နားမလည်တဲ့ လူတွေကို ဆွဲဆောင် သိမ်းသွင်းဖို့က အဆိုးမြင်ဝါဒကို လျှော့မှ ဖြစ်မယ်။ မာန်ကို ချမှ ဖြစ်မယ်။ အတ္တကို တတ်နိုင်သမျှ နည်းအောင် လုပ်မှ ဖြစ်မယ်။ လူတွေနဲ့ လိုက်လျောညီထွေ သဟဇာတ ဖြစ်အောင်ပြုပြီး ရန်သူကို မိတ်ဆွေဖြစ်အောင် ဆောင်ရွက်ယူမှ ရမယ်။
“ဒါဟာ နိုင်ငံတွေ၊ လူမျိုးတွေ၊ မျိုးရိုးတွေနဲ့ မဆိုင်တဲ့ ပါရမီသက်သက် ကိစ္စလို့ ယူဆပါတယ်။ ဘုရားကိုယ်တိုင် ဘယ်မှာ မွေးဖွားခဲ့တာပါလဲ။”
ဗုဒ္ဓမွေးဖွားခဲ့တဲ့ တိုင်းပြည်ဟာ အခု ဘာဖြစ်နေသလဲ။ ဗုဒ္ဓသာသနာ ထွန်းကားနေပါသလား။ နောင် နှစ်ပေါင်း များစွာ ကြာတဲ့ အချိန်မှာ ငါ့သာသနာဟာ ဇနပုဒ်မှာ ထွန်းကားမယ်လို့ ဗုဒ္ဓက မိန့်ခဲ့တယ်။ မြန်မာပြည်ဟာ မဇ္ဈိမတိုင်းနဲ့ ယှဉ်ရင် ဇနပုဒ် သာသာမျှသာ ဖြစ်တယ်။
နိုင်ငံ၊ လူမျိုး၊ မျိုးရိုးဆိုတာ မဆိုင်ဘူး ပြောလို့တော့ မရပါဘူး။ ယေဘုယျပြောရရင်တော့ ဆိုင်ပါတယ်။ မိမိပါရမီ အနည်းအများဆိုတာ ဘယ်သူမှ သိနိုင်တာ မဟုတ်ဘူး။ မိရိုးဖလာကြောင့် ဗုဒ္ဓဘာသာကို ကိုးကွယ်လိုက်တာမျိုးတွေက အများစုပါ။ ဒီလိုမိရိုးဖလာ ကိုးကွယ်လာရင်း ပတ်ဝန်းကျင်ကြောင့် ဆရာသမားတွေကြောင့် စစ်မှန်တဲ့ ဓမ္မကို သိလာရတာတွေ အများကြီးပါ။ မင်္ဂလသုတ်မှာပါတဲ့ “ပတိရူပ ဒေသ၀ါသောစ” မင်္ဂလာဟာ အလွန်အရေးကြီးတယ်။ ပတိရူပမှာ နေမှာ ဆရာကောင်းနဲ့ တွေ့မယ်၊ ဒါန သီလ ဘာဝနာ တရားပွားများနိုင်မယ်။ အစွန်အဖျား ဝေးလံသီခေါင်တဲ့ ဒေသမျိုးမှာ မွေးဖွားကြီးပြင်းခဲ့ရင် ဘယ်လောက်ပဲ ပါရမီရှင်ကြီးဖြစ်ပါစေ … အပတိရူပ အရပ်မှာ ဘာကိုမှ လေ့လာစူးစမ်းနိုင်မှာ မဟုတ်ဘူး။ စိတ်တံခါးဖွင့်ထားလဲ အလကားပဲ။ ကုသိုလ်ကောင်းမှုလဲ ပြုခွင့်ရမှာ မဟုတ်ဘူး။ တရားအမှန်လဲ သိနိုင်မှာ မဟုတ်ဘူး။
နတ်ကတော်နောက် လိုက်နေတဲ့သူတွေဆိုတာ စစ်မှန်တဲ့ ဓမ္မကို မသိကြတဲ့ မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေ ဖြစ်မှာပါ။ တခြားဘာသာဝင်တွေ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်ကူးပြောင်းလာကြတယ်ဆိုတာလည်း သာသနာပြုသူတွေကြောင့် တကြောင်း၊ ဗုဒ္ဓရဲ့ တရားဟာ သိပ္ပံနည်းကျ လက်တွေ့ကျနေတာက တကြောင်းကြောင့် သူတို့တွေ ယုံကြည် ကိုးကွယ်လာကြတာ ဖြစ်တယ်။
“သူက ပထမ ဘာသာတရား ထွန်းကားတယ်လို့ စပြောပြီးမှ မထွန်းကားရတဲ့ အကြောင်းရင်းတွေကို အဲဒီလို ပြောပါတယ်။”
ရီတာဆိုလိုရင်းက မထွန်းကားဘူး ထွန်းကားတယ် ဆိုတာထက် သာသနာ ပျက်စီးကြောင်း တရားတွေ များနေပြီလို့ ဆိုချင်ပုံရတယ်။ ဒါပေမဲ့
မြန်မာပြည်မှာ သာသနာ ထွန်းကားပါတယ်။ သို့သော် အနှောင့်အယှက် အဖျက်အစီးတွေတော့ ရှိတယ်။ အဓမ္မ၀ါဒီတွေလည်း အများကြီးပါပဲ။ ဘယ်နေရာမဆို ဒါမျိုးတွေက ရှိတတ်ပါတယ်။ ဒါပေမဲ့ သာသနာ မကွယ်သေးပါဘူး။ သံဃာတော်တွေက သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားအောင် ဆက်လက် ထိန်းသိမ်း စောင့်ရှောက် နေကြဆဲပါ။
ကြုံလို့ သာသနာ ကွယ်ရခြင်းကို ပြောချင်တယ်။ သာသနာ ကွယ်ပုံ ကွယ်နည်း ၅ မျိုး ရှိတယ်။
(၁) ပရိယတ္တိသာသနာလို့ဆိုတဲ့ ပိဋကတ် သုံးပုံ တွေ တစစ ကွယ်ပျောက်ခြင်း။
(၂) ပဋိပတ္တိသာသနာဆိုတဲ့ မဂ် ဖိုလ်ရကြောင်း အကျင့်ကောင်းတွေ ပျက်ပြား ဆုတ်ယုတ် ကွယ်ပျောက်ခြင်း။
(၃) ပဋိဝေဓ သာသနာဆိုတဲ့ မဂ်ဖိုလ်ရတဲ့ ပုဂ္ဂိုလ်တွေ တစစ ကွယ်ပျောက်ခြင်း။
(၄) လိင်္ဂသာသနာ ဆိုတဲ့ ပရိက္ခရာ ရှစ်ပါး ဆောင်တဲ့ ရဟန်းသံဃာများ တစစ ကွယ်ပျောက်ခြင်း။
(၅) ဓာတုသာသနာဆိုတဲ့ ဗုဒ္ဓနဲ့ သာဝကများရဲ့ ဓာတ်တော် မွေတော်တွေကို ကိုးကွယ်ဆည်းကပ်သူ မရှိတော့ဘဲ ဓာတုစေတီများ ကွယ်ပျောက်ခြင်း။
ဆိုပြီး ရှိတယ်။
ဒါကြောင့်မို့ မြန်မာပြည်မှာ ဒီ ၅ - မျိုး မကွယ်ပျောက်သေးသမျှ သာသနာကွယ်တယ် လို့ မဆိုနိုင်ဘူး။ ဒီ ၅-မျိုး ရှိနေရင် သာသနာ ထွန်းကားနေသေးတာပဲ။
(သာသနာ့ဝန်ကို အမှန်တကယ် ထမ်းဆောင်နေတဲ့ သံဃာတော်တွေ အများကြီးပဲ ရီတာ။ သူတို့က လူမြင်သူမြင် နေနေကြတာမဟုတ်သလို ငါတို့ ဒါလုပ်နေတယ်လို့လဲ ကြွေးကြော်နေကြတာ မဟုတ်ဘူး။)
မှန်ပါတယ်။ ကြွေးကြော်နေဖို့ မလိုပါဘူး။ တကယ်လုပ်ရင် လူသိတာပါပဲ။ ဒါမျိုးတွေ အများကြီး ရှိတာ လက်ခံပါတယ်။ မင်းကွန်းဆရာတော်ဟာ ပြောလို့ ကျော်ခဲ့တာ မဟုတ်ပါဘူး။
(စစ်မှန်တဲ့ သံဃာကို မဆည်းကပ်မိဘူး ထင်တယ်) :) ကိုယ်ပြောချင်တဲ့ ဂါရဝေါစ ကို သတိမရစေတဲ့ အသုံးအနှုန်းမျိုးဟာ အဲဒါပါပဲ။ တကယ်တော့ အဲဒီ အသုံးအနှုန်းမျိုးဟာ လိုအပ်တယ်လို့ ထင်ပါသလား။
ထားပါ။ လုပ်တဲ့သူ လုပ်လို့ မလုပ်တဲ့သူက ပိုများတယ်ဆိုရင် ဒါဟာ အနုတ်လက္ခဏာပါပဲ။ အဲဒီမှာ ကောင်းတာလေးပဲ စိတ်ထဲ ရွေးထည့်ဆိုလဲ ရပါတယ်။ လူတိုင်းဟာ ဒါမျိုးစိတ်ထားတတ် ထားနိုင်ကြပါတယ်။ ကိုယ့်စိတ်ထဲ ဒီ မဟုတ်တာ လုပ်နေတဲ့ သင်္ကန်းဝတ်တွေ အချိန်ပြည့်ရှိနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြောရေးရှိက ပြောအပ်လှ၏ ပါပဲ။
ကိုယ့်အနေနဲ့ ပြောရရင်တော့ သမုတိ သံဃာကို ယုံကြည်လေးမြတ်ပါတယ်။
(အရေအတွက်နဲ့ ငြင်းစရာ မဟုတ်ဘူးလို့ ထင်တယ်။)
ကောင်းပါပြီ။ ကိုယ်ကတော့ အဲဒီ အရေအတွက်ဟာ ထိရောက်ပျံ့ပွားမှုရဲ့ အတိုင်းအဆ လို့ တွေးတောမိလို့ ဖြစ်ပါတယ်။ ဒါဟာ ထွန်းကားမှုကို တိုင်းတာစရာ ညွှန်းကိန်းတခုလို့ မြင်မိလို့ ဖြစ်ပါတယ်။
ဆရာတော်ကြီးများ လုပ်တာ မှန်တယ်။ ဗုဒ္ဓဘာာသာရဲ့ အနှစ်သာရ ကောင်းမွန်တာ မှန်တယ်။ ဒါတွေနဲ့ တင်ပြီးသွားရောလား။ ဒီကိစ္စက ကိုးကွယ်သူတွေကြားထဲ ဘယ်အရေအတွက်နဲ့ ရောက်သလဲ မတိုင်းတာဘဲ ဘာနဲ့ ပြဆိုမလဲ။ ကိုယ်တော့ မစဉ်းစားနိုင်တာ သေချာတယ်။ ဆရာတော်များ ကောင်းတာမွန်တာတွေ ဟောကြားပြီး မကြာမီတော့ ပြုပြင်လာမယ် မျှော်လင့်ရသော သံဃာငယ်များနှင့် ကိုးကွယ်သူ အမည်ခံ ဒကာ၊ ဒကာမများက ဟောကြားဆုံးမကြတာတွေနဲ့ တလွဲသာ လုပ်တယ် ဆိုရင်... ကိုယ့် ဆိုလိုရင်းဟာ ဒါပါပဲ။
(ဗုဒ္ဓမွေးဖွားခဲ့တဲ့ တိုင်းပြည်ဟာ အခု ဘာဖြစ်နေသလဲ။ ဗုဒ္ဓသာသနာ ထွန်းကားနေပါသလား။) အဲဒါ ဆိုလိုချင်တဲ့ ပတ်ဝန်းကျင်နဲ့ သိပ်မဆိုင်ဘဲ ပါရမီနဲ့ ဆိုင်တဲ့ ကိစ္စကို ပြတယ်လို့ ထင်ပါတယ်။
(ကုစားဖို့ ကယ်တင်ဖို့က ...) အရင်ဆုံး မြင်ရင် ရပါပြီ။ နောက်ကိစ္စကတော့ ကိုယ်မပြည့်စုံရင် ကိုယ်တတ်နိုင်သလောက်လုပ်ပြီး၊ အပြီးထိကို လုပ်ချင်စိတ်ရှိပြီး ပြည့်စုံတဲ့လူတွေက ဆက်လုပ်ပါလိမ့်မယ်။ ကိုယ်ကတော့ ပြည့်စုံတဲ့သူ မဟုတ်ဘူးဆိုတာ ကိုယ့်စာတွေ ဖတ်ရုံနဲ့ သိနိုင်ပါတယ်။
(အပတိရူပ အရပ်မှာ ဘာကိုမှ လေ့လာစူးစမ်းနိုင်မှာ မဟုတ်ဘူး။) မှန်ပါတယ်။ ဒါပေမဲ့ စာရေးသူက မြန်မာပြည်မှာ မဟုတ်ရင် လို့ ဆိုထားတဲ့ အတွက် မြန်မာပြည် မဟုတ်တဲ့ နိုင်ငံတွေက လို့ ဥပမာပေးတာ ဖြစ်ပါတယ်။ ပါရမီ မမြင်ရတာလဲ မှန်ပါတယ်။ ဒါပေမဲ့ ပါရမီပါလာတဲ့အခါမှာ ဘယ်မှာနေနေ ချဉ်းကပ်နိုင်ကြတာကို ပြောလိုတာ ဖြစ်ပါတယ်။ ပါရမီ မပါလာတော့ ဘုရားပွင့်တဲ့ အရပ်မှာ လူဖြစ်တာတောင်မှပဲ ဒီသာသနာကို မြည်းစမ်းခွင့် မရတော့တာ ဖြစ်ပါတယ်။ ဒါကို ပြောလိုရင်းပါ။
(နတ်ကတော်နောက် လိုက်နေတဲ့သူတွေဆိုတာ စစ်မှန်တဲ့ ဓမ္မကို မသိကြတဲ့ မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေ ဖြစ်မှာပါ။ တခြားဘာသာဝင်တွေ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်ကူးပြောင်းလာကြတယ်ဆိုတာလည်း သာသနာပြုသူတွေကြောင့် တကြောင်း၊ ဗုဒ္ဓရဲ့ တရားဟာ သိပ္ပံနည်းကျ လက်တွေ့ကျနေတာက တကြောင်းကြောင့် သူတို့တွေ ယုံကြည် ကိုးကွယ်လာကြတာ ဖြစ်တယ်။)
ဒါကတော့ ငြင်းစရာမရှိတဲ့ အချက်ပါပဲ။ ဒါဟာ ပါရမီ အနုအရင့်ကြောင့် ဖြစ်တယ်လို့ ပြောလိုရင်းပါ။
ဟုတ်ပါပြီ။ ကျမ်းကိုး ကျမ်းကား အခိုင်အမာ ရှိတယ် ဆိုရင်တော့ ထွန်းကားတယ်လို့ ထားလိုက်ပါ။ ကိုယ်လက်ခံတာ မခံတာကတော့ အရေးမကြီးပါ။ ဒီလိုပဲ ဗုဒ္ဓဘာသာဝင်များ ဒီလိုဖြစ်နေတာတောင် သာသနာ ထွန်းကားနေတုန်းပဲ ဆိုရင်လည်း၊ ဘယ်သူဘာလုပ်နေနေ အရေးမကြီးတော့ပါ။ ဒါတွေကို ကုစားဖို့လည်း မလိုအပ်သေးဘူးလို့ပဲ ထားလိုက်ပါ။
တကယ်ပဲ သိပ် ကျေးဇူးတင်ပါတယ်။
ဒါပေမဲ့ ဒီလူတွေ ဒီလိုဖြစ်နေကြ နေထိုင် ကျင့်ကြံကြတယ် ဆိုတဲ့ ကိစ္စ ဘာမှ မဖြစ်သေးဘူးလို့ စိတ်ထဲတော့ မထည့်နိုင်သေးတာမို့ ပြေသွားပြီလို့တော့ မဆိုနိုင်သေးပါ။
ဆွေးနွေးမှုကို ကျေးဇူးတင်တာတော့ အမှန်မို့ ထပ်ပြောပါရစေ။
Very good discussions between Rita and unknown writer.
I got some knowledge from above arguments.
I fully respected both of you.
I had read ကာလာမသုတ်.
My father explained the ကာလာမသုတ်.
It is very clear and acceptable.
In the past, I asked so many questions to believers who known well in Buddhism.
Most were accepted. But not all.
Prey for what?
To get something
to go heaven
To free from dangers
Meditation for what?
to get totally peace?
Some are still confuse.
Confuse means not yet clearly understand. not satisfy.
I'm still alive as a agnostic.
I had never been arrived at famous Pagodas in middle Burma.
I visited to some religion places, but it is not a piligrim trip.
I do the best way what I believe it.
BINO
ရီတာကတော့မနိုင်တော့ဘူး။ ကိုယ့်ဇာတ်ကို ကိုယ်နိုင်အောင်က လို့ပဲ ပြောတော့မယ် :)
အရေးထဲမှာ သူက တမျိုး။
ဘာဖြစ်နေလို့ ဘာလာပြောနေရပြန်တာလဲ။
(ငယ်ရွယ်တဲ့ ရဟန်းပျိုတွေ အနေနဲ့ ကာမဂုဏ် အာရုံတချို့ကို မကောင်းမှန်း သိပေမဲ့ မပယ်ဖျောက်နိုင်သေးတာမို့ မှားယွင်းနိုင်တယ်။ ဒါတွေကို ပြုရုံမျှနဲ့ သာသနာ ပျက်မသွားဘူး။)
ဒါဟာ သူတို့ ပုထုဇဉ်မို့ပါ ဆိုပြီး လျော့တွေး ရမယ့် အရာလို့ ကိုယ်တော့ ခုထိ လက်မခံဘူး။ ဘာဖြစ်လို့ ဆိုတော့ လူပုထုဇဉ်မဟုတ်လို့ပဲ။ လူလိုနေချင်ရင် လူဝတ်နဲ့ပဲနေရုံရှိမယ်။ သင်္ကန်းဝတ်ပြီးထားရင်တော့ ရဟန်းလိုကျင့်မှရမယ်။ ဒီလို မကျင့်လို့ သာသနာ မပျက်ဘူး။ မကွယ်ဘူးပြောတယ်။ ဒါဖြင့် ဒီလို ကျင့်တဲ့သူတွေ များလာတာဟာ ထွန်းကားနေတာလား။
ပျက်ခြင်း ကွယ်ခြင်းထိ မရောက်ပေမယ့် ဒါဟာ မထွန်းကားခြင်း တနည်း မှေးမှိန်ခြင်းပဲ လို့ ကိုယ်ကတော့ ယူဆတယ်။ သာသနာကြီးရဲ့ အနှစ်သဘောကောင်းနေတာနဲ့ပဲ ကျန်တဲ့ လူတွေ သင်္ကန်းဝတ်တွေ ဘာလုပ်လုပ် ကောင်းမြဲ ကောင်းဆဲပဲ လို့ ယူဆရင်တော့ ကိုယ်နဲ့ တွေးတာခြင်း မတူတော့ဘူး။
တကယ်တော့ ဘယ်သူမှလည်း ဒါတွေချည်း ခေါင်းထဲထည့်ပြီး အကုသိုလ် ယူမနေဘူး။ လူဆိုတာ ငါငါငါနဲ့ ငါ့အတွက် ကောင်းအောင်ပဲ ဦးစားပေးစဉ်းစားနေကြတာမို့ ကိုယ့်အတွက် ကောင်းရာမွန်ရာ ပေးနိုင်မယ့် လေးစားလောက်သူတွေဆီကိုပဲ ချဉ်းကပ်ကြမှာ။ အဲဒီကိစ္စ ဘယ်သူ့ညွှန်ကြားချက်မှတောင် တကယ်တော့ မလိုအပ်ဘူး။ လူ ဆိုတာ ကိုယ့်အတွက် ကိုယ်တော့ လုပ်တတ်တာချည်းပဲ။ သို့သော် ဆိုခဲ့ပြီးသလို ပြောရေးရှိရင်တော့ ပြောအပ်လှ၏ ပဲ။
အနှစ်ကတော့ သင်္ကန်းဝတ်ရင် ရဟန်းဖြစ်ပြီ။ ပုထုဇဉ်မကလို့ ဘာဖြစ်ဖြစ် လူလိုနေချင်လို့ မရတော့ဘူး။ လူလို နေချင်ရင် လူပဲလုပ်နေဖို့ရှိတယ်။ သာသနာ့ဘောင်ဆိုတာ အသက်မွေးဝမ်းကျောင်းပြုရာအရပ် မဟုတ်ဘူး။ မကွယ်ရုံ မကွယ်တာနဲ့ ထွန်းကားတယ်ပြောတာနဲ့လည်း တကယ်တော့ တွေးကြည့်လေ မဆိုင်လေပဲ။
To,စာရေးသူတဦး
If possible, may I know your background whether you are monk or normal person.
To, Ma Rita,
I hope you may be the eldest or the youngest in your family. :DD
Have a nice day! with best wishes,
ပြောရေးရှိက ပြောအပ်လှ၏ ဆိုသော်လည်း အပြောမတတ်တော့ ဆဲသလို ဖြစ်မှာစိုးပါတယ်။ လူတွေ လိုက်နာကျင့်သုံး လက်ခံလာအောင် ပြောရာမှာ အပြောတတ်ဖို့ အရေးကြီးတယ်။ ကိုယ့်ဘလော့ကိုယ် ထင်ရာ မြင်ရာ ရေးမယ်ဆိုရင်လည်း သဘောပါပဲ။
ရီတာ ပြောချင်တဲ့ အချက်တွေကို ကောက်နုတ်ကြည့်ပြီး လိုရင်းကို ပြောရရင် …
(၁) မြန်မာပြည်ဟာ ဗုဒ္ဓဘာသာ အများစုရှိတဲ့ တိုင်းပြည်ဖြစ်လျက်နဲ့ ဘာသာတရားကို အမှန်တကယ် လေးစားလိုက်နာတဲ့သူ (လူပုဂ္ဂိုလ်/ ရဟန်း) တစတစ နည်းပါးနေခြင်း။
(၂) လူအများစုဟာ ကိုးကွယ်ရာ အမှားနောက် လိုက်နေကြခြင်း။ (ဗေဒင်၊ ယတြာ)
(၃) ရဟန်းတု ရဟန်းယောင်များ များပြားနေခြင်း။
(၄) အဓမ္မတရား (တရားအတု အယောင်) များ ပေါ်ထွက်နေခြင်း။
(၅) တချို့သူများကလည်း ထိုရဟန်းတု၊ တရားတုများနောက် လိုက်ပါနေကြခြင်း။
ဆိုတဲ့အချက်တွေ အကြမ်းဖျဉ်းတွေ့နိုင်ပါတယ်။ ဒါကြောင့် သာသနာ မထွန်းကားဘူး လို့ ဆိုတယ်။ ဘာကြောင့် လူတွေ ဒီလိုဖြစ်နေကြတာလဲ၊ ဘယ်လို ကုစားမလဲ ဆိုတဲ့ အတွေးနဲ့ အထက်ပါ စာကို ရေးတယ်လို့ ထင်ပါတယ်။ (ဟုတ် မဟုတ်တော့ မသေချာပါ)
ဘာကြောင့် ဖြစ်နေရတာလဲ ဆိုတာ ရှင်းပါတယ်။ အထက်က ကွန်မန့်တွေမှာလဲ ရေးခဲ့ပြီးပြီ။ နည်းနည်း ထပ်ရေးပါမယ်။
အထက်ပါ အချက်တွေကို မရေးခင် အရင်ပြောပြချင်တာက ခုခေတ်ဟာ ဆုတ်ကပ်ခေတ်လို့ သိစေချင်တယ်။ ဆုတ်ကပ်ခေတ်မှာ လောဘ၊ ဒေါသ၊ မောဟတွေ များပြားတယ်။ အမှန်နဲ့ အမှား ခွဲခြားသိသူ နည်းပါးတယ်။
(၁) ပုထုဇဉ် အများစုဟာ ငတ်ပြတ်လာချိန်မှာ သီလကို စောင့်ထိမ်းဖို့ ခဲယဉ်းလာကြတယ်။ အူမတောင့်မှ သီလစောင့်နိုင်တယ် ဆိုတဲ့ စကားပုံအမှားကို အမှန်ယူဆပြီး (တကယ်က သီလစောင့်ရင် အူမ တောင့်တယ်) သီလအပျက်ခံပြီး အူမ တောင့်အောင် လုပ်ကြတယ်။
ဒါကြောင့် ခိုးတဲ့ ကိစ္စ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေ ဖြစ်နေကြတာပဲ။
ရဟန်းတွေမှာလဲ ထိုနည်းတူပါပဲ။ ခြိုးခြံစွာ မကျင့်နိုင်ဘူး။ ကာမဂုဏ်အာရုံ ခံစားစရာ များပြားတဲ့ ခေတ်ကြီးမှာ စိတ်အလိုလိုက်ကြတယ်။ နောက်တခု ပြောချင်တာက ရဟန်းတွေ ပျက်စီးရခြင်းကတော့ ဒကာ/ဒကာမတွေ ကြောင့်လဲ အများကြီးပါတယ်။ ကိုယ့်ဆရာတော် သူ့ဆရာတော် ဂုဏ်ပြိုင်ကြတယ်။ ဘယ်သူက ဘယ်နှစ်ဘွဲ့ရ ဓမ္မာစရိယ၊ ဘယ်သူကဖြင့် ပီအိတ်ခ်ျဒီ စသဖြင့်ပေါ့။ ဒီလိုနဲ့ တချို့ ရဟန်းတွေလည်း နာမည်နောက် ဂုဏ်နောက် လိုက်ကာ ရိုးသားမှုကင်းပျောက်လာကြတယ်။
(၂) ပထမကွန်မန့်မှာ ပြောခဲ့သလို လူတွေဟာ ဒုက္ခရောက်လာရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းပါးလာကြတယ်။ အားကိုးရှာချင်ကြတယ်။ ဒီအခါမှာ ကိုယ့်အိမ်ဦးခန်းမှာ စမ္ပါယ်နေတဲ့ မြတ်စွာဘုရားကို မေ့လျောပြီး လူပုဂ္ဂိုလ်တွေကို အားကိုးတကြီး မေးကြ မြန်းကြတယ်။ တကယ်တမ်း ဗေဒင်ဆိုတာ လေ့လာစရာ ပညာရပ်သာဖြစ်တယ်။ ကိုးကွယ်စရာ မဟုတ်ဘူး။ ယတြာဆိုတာကတော့ ဗေဒင်မေးသူ သက်သာရာ သက်သာကြောင်း ကောင်းမှုအလုပ် ပြုလုပ်စေတာ ဖြစ်တယ်။ ယတြာရဲ့ အစဟာ ပထမကွန်မန့်မှာ ဖော်ပြခဲ့ပြီးတဲ့ နိပါတ်တော်လာ မောင်ကျောင်းသားရဲ့ အဖြစ်အပျက်က စတာပဲ ဖြစ်တယ်။
(၃) ရဟန်းတုတွေ များပြားရခြင်းကတော့ လူတွေရဲ့ ကြည်ညိုမှု သဒ္ဓါတရားကို ခုတုံးလုပ်ကာ စားရချောင်အောင် သင်္ကန်းရုံလိုက်ကြတာပဲ ဖြစ်တယ်။ ခုခေတ်လို (ဆုတ်ကပ် ခေတ်မှာမဆိုထားနဲ့) ဟိုခေတ်ကပင် ရှိတယ်ဆိုတာ အရင်ကွန်မန့်ထဲမှာ ဖော်ပြထားပြီးပြီ။
(၄ - ၅) ရဟန်းတုတွေ များလာတဲ့အတွက် တရားတုတွေလည်း များလာတယ်။ တချို့သူတွေဟာ မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေကို မိမိရဲ့ အတ္တနောမတိနဲ့ ပြင်ဆင် ဖြည့်စွက်ပြီး လူတွေအကြိုက် လိုက်ဟောခဲ့တာမျိုးတွေ ဖြစ်လာကြတယ်။ မသိနားမလည်တဲ့ လူတွေကလည်း အပြောကောင်း အဟောကောင်းရင် သဘောကျကြတယ်။ ယုံကြည်ကြတယ်။ အားကိုးကြတယ်။ ကိုးကွယ်ဆည်းကပ်ကြတယ်။
ဒါဟာ ဘာကြောင့်လဲ ဆိုတဲ့ အချက်တွေပဲ။
ဘယ်လိုကုစားမလဲ … ဆိုတာကို ဆက်ပြောမယ်။
မှားယွင်းခြင်းရဲ့ အဓိက အချက်ကတော့ မသိလို့ဘဲ။
မသိမှု အ၀ိဇ္ဇာကြောင့် ကျန်အကုသိုလ် တရားတွေ ဖြစ်ပွားရတယ်။
ဒါဆို သိအောင် ဘယ်လိုလုပ်မလဲ။
သိအောင် သင်မှရမယ်။ (လေ့လာ၊ သင်ယူ၊ ဆည်းပူး)
သင်တဲ့နေရာမှာလဲ ဆရာရွေးချယ်မှု မှန်ကန်ဖို့လိုတယ်။
ဆရာမှားလို့ တသံသရာလုံး ဒုက္ခများရတဲ့ သာဓကတွေရှိတယ်။
အတုအယောင်တွေ များပြားနေတဲ့ ကာလကြီးမှာ ဆရာစစ် ဆရာမှန် ဘယ်လို ရွေးချယ်မလဲ။
ကိုယ်က ဘာမှမသိသူဆိုရင် ဆရာမှား/မှန် ဘယ်လို သိနိုင်မလဲ။
အဲဒါက အရေးကြီးပါတယ်။ မိမိမှာ ကိုယ်ပိုင်ဉာဏ် (အသိ) မရှိတော့ မဆုံးဖြတ်နိုင်ဘူး။
ပထမအချက် တာဝန်ရှိတာက သာသနာ့ဝန်ထမ်းနေတဲ့ ဆရာတော်ကြီးတွေမှာ တာဝန်ရှိတယ်။ သူတို့က ဘယ်တရားအစစ် ဘယ်တရားအတု ခွဲခြားသိနိုင်တယ်။ အဲဒီလို ခွဲခြားသိတဲ့အခါ ကိုယ့်ဒကာ ဒကာမတွေကို ပြောပြတဲ့အပြင် နိုင်ငံရဲ့ အာဏာပိုင် အစိုးရကို ပြောပြရတယ်။ ဆရာတော်ကြီးတွေက အမှားအမှန် ခွဲခြားသိပြီး ပြောပြရုံပဲ တတ်နိုင်တယ်။ တကယ်တမ်း အရေးယူ ဆောင်ရွက်ရမှာက အစိုးရကပဲ ဖြစ်တယ်။
အစိုးရက ဒီတရားတွေဟာ အဓမ္မ၀ါဒီတရားလို့ လူသိရှင်ကြား ကြေငြာရတယ်။ ရဟန်းတုဆိုရင် လူထွက်ခိုင်းရတယ်။ တရားတု စာအုပ်တွေ ဖြန့်ချိ ပုံနှိပ် ရောင်းချခြင်းတွေကို တားဆီးရတယ်။ (သာသနာ သန့်ရှင်းရေး ပြုလုပ်ခြင်း) တရားအတုတွေ ရဟန်းအတုတွေဟာ အမိန့်အာဏာနဲ့ တားဆီးပိတ်ပင်မှ ရနိုင်တယ်။ (ခု လက်ရှိဖြစ်နေတာကတော့ အစိုးရကလဲ နိုင်ငံရေး မလုပ်ရင်ပြီးရော ဘာလုပ်လုပ် လက်ခံထားတာမို့ မမှန်ကန်တဲ့ ဟောပြောချက်တွေကို နိုင်ငံတော်ပိုင် MRTV4 ကတောင် တရားဝင် လွှင့်နေကြတယ်၊)
ဒီလို တရားအတုတွေကြေငြာရက်နဲ့ ယုံကြည်နေကြသူတွေကတော့ သူတို့ အကုသိုလ်နဲ့ သူတို့မို့ ဆွဲခေါ်မရရင် လွှတ်ထားလိုက် ရုံပါပဲ။ (မြတ်စွာဘုရားပင်လျှင် ကယ်တင်နိုင်တဲ့ သူကိုပဲ ကယ်တင်ပါတယ်)
ကိုင်း ဒီလောက်ပါပဲ။ အချိန်ကုန်တာမို့ ဆက်မပြောလိုတော့ဘူး။ မာမာရဲ့ အမေးကို ဖြေပါမယ်။ ခုစာရေးသူဟာ ဘုန်းကြီး မဟုတ်ပါဘူး။ သာမန် လူပုဂ္ဂိုလ်သာ ဖြစ်ပါတယ်။
(ပြောရေးရှိက ပြောအပ်လှ၏ ဆိုသော်လည်း အပြောမတတ်တော့ ဆဲသလို ဖြစ်မှာစိုးပါတယ်။)
ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ ကိုယ်က မရိုသေထိုက်သူကို သွားရိုသေမိရင် မင်္ဂလာတရားတော်နဲ့ ဆန့်ကျင်ပြီး အမင်္ဂလာ ဖြစ်မှာစိုးသူ ဖြစ်လို့ပါ။
ကိုယ်ရေးတဲ့ comment တွေကို စိတ်ဝင်စားရင် တချက် စောကြောကြည့်ပါ။ မဝင်စားရင် မကြည့်ပါနဲ့။ ကိုယ်ကတော့ အပြောအဆို အတွေးအခေါ်အားဖြင့် လေးစားထိုက်တဲ့သူတွေကို မလေးမစား မတုန့်ပြန်မိသေးဘူး ဆိုတာ ကိုယ့်ဘာသာ သေချာ ပြောရဲပါတယ်။
ဒါပေမဲ့ စကတည်း ရိသလိုလို ထေ့သလိုလို ငေါ့သလိုလို လာခဲ့ရင်တော့ ကိုယ်က ကိုယ့်ဘာသာ သတိမထားမိခင်မှာကို နွှာဖို့ အသင့်ဖြစ်နေပါပြီ။ ဒါပေမဲ့ ဘောင်အပြင်ကတော့ ဘယ်တော့မှ မနွှာဘူး။
ဆိုတော့ ဆွေးနွေးပြောဆိုလို့ ရတဲ့ အကြောင်းအရာ တစ်ခု အတွက် အပြောအဆို အသုံးအနှုန်းအားဖြင့် ရိလာ ထေ့လာ ငေါ့လာပြီ ဆိုရင်တော့ ကိုယ့်ဆီက လေးစားမှုကို ရဖို့ သိပ်မသေချာတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မင်္ဂလာတရားတော်နဲ့ ဆန့်ကျင်ဘက်ပြုမိမှာ စိုးလို့ပါ။
ဘုရားကိုယ်တော်တိုင် ဆွေးမျိုးရင်းကြီးဖြစ်တဲ့ ဒေဝဒတ်နဲ့ သုဗ္ဗဗုဒ္ဓ (စာလုံးမသေချာ) ကို လေးစားခဲ့ပါသလား။ ထားပါတော့ ဒါကတော့ ဘုရားမို့လို့။ ဒါဖြင့် ဘုရားရှင်ရဲ့ တပည့်သာဝကတွေကိုတော့ မင်းတို့တော့ ရိုသေလိုက်ကြပါလို့ ညွှန်ကြားတာမျိုး ရှိနိုင်ပါသလား သိချင်မိပါတယ်။
(လူတွေ လိုက်နာကျင့်သုံး လက်ခံလာအောင် ပြောရာမှာ အပြောတတ်ဖို့ အရေးကြီးတယ်။)
မှန်ပါတယ်။ ဒါပေမဲ့ ခုရေးလိုက်တဲ့ စာကတော့ ကိုယ့်အမြင်သက်သက်ကို ပြောတာ ဖြစ်ပါတယ်။ ကိုယ်ဟာ ဒီလိုပဲ မြင်ပါတယ်။
အဲဒီလို ပြောတဲ့အခါမှာ ကိုယ်ဟာ သံဃာဆိုတဲ့ စကားလုံးကို လုံးဝ သုံးမထားတာ သတိထားမိပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သံဃာကို ကိုယ်ဝေဖန်စရာအကြောင်း ဘာမှ မရှိလို့ပါ။ သင်္ကန်းဝတ်ပြီး မဟုတ်တာလုပ်တဲ့သူတွေကိုသာ ပြောထားတာ ဖြစ်ပါတယ်။ နောက်တော့ လူတွေပါ။
ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာနဲ့ ဘယ်လို ကုစားမလဲ ဆိုတာတွေကို ရေးသားတင်ပြသွားလို့ တကယ်ပဲ ကျေးဇူးတင်မိပါတယ်။ ဒါပေမဲ့ ငြင်းရတဲ့ အကြောင်းရင်းဖြစ်တဲ့ ထွန်းကား၊ မထွန်းကားကိစ္စတော့ ပါမလာဘူးလို့ ထင်မိပါတယ်။ ကုစားဖို့ လိုတယ်ဆိုတော့ မထွန်းကားလို့ပေါ့လို့ ကိုယ်လိုရာပဲ ဆွဲတွေးလိုက်ရမလား တွေးမိပါတယ်။ ထွန်းကားနေတယ် ဆိုရင်တော့ ဘာမှ ကုစားစရာ မလိုဘူးလား လို့ပါ။
***
နောက်တခုက မဆိုင်ပေမဲ့ ဆက်စပ်ပြီး ပြောမှာပါ။ စာရေးသူကို ရည်ညွှန်းပြောမှာ မဟုတ်ပါဘူး။
ကိုယ့်အနေနဲ့ အသံကောင်းဟစ်ရင် အင်မတန် အကြည်ညိုပျက်ပါတယ်။ ဒါဟာ ကိုယ်ပြောချင်တာကို အစပျိုးတာပါ။ စာရေးသူနဲ့ အထက်ပါ စာကြောင်း ဘာမှ မဆိုင်ပါ။ ကျေးဇူးပြုပြီး ဆက်ဖတ်ပေးရင် ဘာကို ပြောချင်တာလဲ သိပါလိမ့်မယ်။
ဥပမာ - အနုပညာသမား တယောက်က သူ သရုပ်ဆောင်တာ၊ သီချင်းဆိုတာ၊ စာရေးတာ စသဖြင့် အနုပညာ လှုပ်ရှားမှု တခုခု လုပ်တာဟာ ပရိသတ် အတွက်ပါ လို့ ပြောတာကို ကြားရရင် အင်မတန် စိတ်ကသိကအောက် ဖြစ်ပါတယ်။ တကယ်တော့ အနုပညာသမား ဆိုတာ အနုပညာကို မလုပ်ရ မနေနိုင်လို့ လုပ်တာပါ။ သူ့ဘာသာ လုပ်ချင်လို့ကို လုပ်နေတာပါ။ အဲဒါကို ပရိသတ်အတွက် လုပ်နေရတာပါလို့ ပြောရင် (ဟုတ်ကဲ့ သူ့လွတ်လပ်ခွင့်မို့ ပြောချင်တာ ပြောလို့ ရပါတယ်။ ကိုယ်နဲ့ ဘာမှ မဆိုင်။ သူ့ပရိသတ်တွေ ကျေနပ်ကြရင် ပြီးတာပါပဲ)။ ဒါပေမဲ့ ကိုယ်ကတော့ အဲဒီလူမျိုးဟာ အိညောင့်ညောင့်နဲ့ ရိုးသားမှု မရှိသူလို့ပဲ သတ်မှတ်ပါတယ်။ ကြုံလို့ ပြောရရင် "ဖြေကြည့်သူများ" ဟာ အဲဒီ အတွေးကနေ အခြေခံလို့ ရေးခဲ့မိတဲ့ post ဖြစ်တယ်။
ဒါကြောင့် ကိုယ် ဘလော့ဖွင့်ပြီးစာရေးတာဟာ ကိုယ် အနုပညာသမား မဟုတ်ပေမဲ့ ရေးချင်လို့ ရေးတာပါ။ မရေးရ မနေနိုင်လို့ ရေးတာပါ။ ဘယ်သူ့အတွက်လို့မှ အသံကောင်း ဟစ်ပြီး မရေးပါဘူး။ ကိုယ့်အမြင်ကို ကိုယ်ပြောမယ်။ အဲဒီအခါမှာ အကျိုးသင့် အကြောင်းသင့် ဆွေးနွေးလာသမျှကို တူညီစွာ ပြန်ဆွေးနွေးပါတယ်။ ဘယ်သောအခါမှ ရန်စွယ်ငေါငေါ မလုပ်ပါဘူး။
ရေးရင်းနဲ့ ပရိသတ်ရလာတဲ့ အခါမှာ သူတို့ကို ကိုယ် အလေးထားပါတယ်။ ကိုယ်စာရေးရတဲ့ ကိစ္စနဲ့ ဘာမှ မဆိုင်တဲ့ ကိစ္စကို တောင်းဆိုလာရင်တောင် ကိုယ်တတ်နိုင်ရင်၊ သိရင် ဖြည့်ဆည်းပေးချင်လာမိပါတယ်။ လုပ်လဲ လုပ်ပေးပါတယ်။ ဒီလိုပဲ သူတို့ဆီကနေ ကိုယ်ပြန်ယူခဲ့ရတဲ့ အရာတွေလည်း ရှိပါတယ်။ စာအုပ် သီချင်း ဆိုတာမျိုးတွေက စလို့ အကြံဉာဏ်ထိပါပဲ။ ဒါက ကိုယ်က ရေးသူအဖြစ်နဲ့ ကိုယ့်ရဲ့ဖတ်သူကြားမှာပေါ့။ ဒီလိုပဲ ကိုယ်က ဖတ်သူ ဖြစ်သွားတဲ့ အခါမှာလည်း သူတို့ဘာသာ ကိုယ့်ရည်ရွယ်ပြီး ရေးတာ မဟုတ်တာတောင်မှ ဖတ်လိုက်လို့ ဘဝင်ကျစရာတွေ့ရင် အင်မတန် ကျေးဇူးတင်မိပါတယ်။
ဒါတွေကို တကယ်ပဲ လေးလေးနက်နက် သိမှတ်ပါတယ်။ အဲလို နေရတာကို ကျေလည်း ကျေနပ်ပါတယ်။ တန်ဖိုးလည်း ထားပါတယ်။
သို့ပေမယ့် ကိုယ်သည် ပရိသတ် ဖတ်ရအောင် စာတွေရေးပြီး တင်ပေးနေတာပါလို့ အိညောင့်အိညောင့် ပြောတတ်တာတွေကို ကြည်ညိုလေ့ ရှိသူ မဟုတ်တော့... ကိုယ့်ဘာသာလဲ ဘယ်တော့မှ မပြောပါဘူး။ ကိုယ့်စာသည် ကိုယ့် အတွေးအမြင်ကို တင်ပြထားရုံသက်သက်ပါပဲ။ ကိုယ့်ဖန်တီးမှုတချို့ကို ချပြထားရုံ သက်သက်ပါပဲ။
ဒါပေမဲ့ ဘယ်သူနဲ့မှ ပြဿနာ မဖြစ်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ့်ဘလော့ကို ဟီးဟီးဟားဟားလေးပဲ ရေးမယ်လေ ဆိုတဲ့ စိတ်မျိုးကတော့ လုံးဝ မရှိပါ။ ဘာဖြစ်လို့ ဆိုတော့ ပြဿနာဆိုတာကို လုံးဝ မကြောက်လို့ ဖြစ်ပါတယ်။
အဲဒီအခါမှာ သဘောထားမတိုက်ဆိုင်တာအတွက် ရိမယ် ငေါ့မယ် ထေ့မယ် ဆိုလို့ကတော့ လာခဲ့ ပြန်နွှာပေးလိုက်မယ် ဆိုတဲ့စိတ်ဟာ လှစ်ခနဲ ထလာတော့တာပဲ။ ဘာဖြစ်လို့ဆိုတော့ သူတို့ကိုယ် သူတို့တောင် မလေးစားလို့မှ ဘယ်သူမှန်း မသိတဲ့ identity နဲ့ လာရိသေးတာ ကိုယ်က ဘာဖြစ်လို့ သူတို့ကို ပြန်လေးစားရမှာလဲ ဆိုတဲ့ အတွေးကြောင့် ဖြစ်ပါတယ်။
အဲဒီစိတ်ဟာ မကောင်းပါဘူး။ တကယ်တော့ မလေးစားထိုက်ရင် ဥပေက္ခာပြုနိုင်ဖို့သာ ကောင်းတာပါ။ ဒါပေမဲ့ အဲလောက်ထိတော့ မပြည့်ဝသေးလို့ ဖြစ်ပါတယ်။
သို့သော် မလေးစားထိုက်တဲ့ အပြုအမူ အပြောအဆိုမျိုးနဲ့ လာခဲ့တဲ့သူတွေကိုတော့ ကိုယ့်ဆီက လေးစားသမှုရဖို့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့ လို့ ပြောချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဘုရားဟောတဲ့ မင်္ဂလာတရားတော်နဲ့ မကိုက်ညီမှာ စိုးလို့ပါ။ ဥပေက္ခာပေးနိုင်အောင်တော့ အတတ်နိုင်ဆုံး ကြိုးစားပါမယ်။
ဗုဒ္ဓဘာသာဝင်တယောက် မဟုတ်ပေမဲ့ စိတ်ဝင်စားလို့ ဖတ်ကြည့်ပါတယ် စာဖတ်သူတဦး ရေးထားတာလေးတွေကို သဘောကျမိပါတယ်။ တချို့များကြတော့ ဇွတ်ကို အနိုင်လိုချင်တုန်း ငြင်းချင်တုန်းပါ့လား မရီတာရေ ကိုအဲဗားဂရင်း ပြောသလို ကိုယ့်ဇာတ်ကို ကိုယ်နိုင်အောင်ကနိုင်ပါစေ
အဲဒီလို ဘာအထောက်အထားမှ မပြဘဲ ပြောရုံပြောတာထက် စာရင်... ဘယ်နေရာမှာ နည်းလမ်းမကျဖြစ်နေတာလဲ။ ဘယ်နေရာမှာ ကိုယ်ပြောတာတွေ ဟာ နေတာလဲ။ ဘယ်နေရာမှာတော့ လွဲချော်ငြင်းပြီး ဇွတ် အနိုင်ယူထားတာလဲ။ ဘယ်နေရာမှာတော့ ကိုယ့်ဇာတ်ကိုယ် မနိုင် ဖြစ်နေတာလဲ ဆိုတာ ထောက်ပြပြီးပြောရင် ပိုကောင်းပါလိမ့်မယ်။
ဘာမှ မပြဘဲ ကောက်ချက်လေးချရုံနဲ့တော့ ဘာမှ ဖြစ်မလာပါဘူး။ လူဆိုတာ ကိုယ့်အမှားကိုယ်လဲ တော်ရုံမမြင်ပါဘူး။ အဲဒီအခါ အချက်အလက်နဲ့ ထောက်မှ အချက်အလက်နဲ့ ပြန်ဖြေလို့ရမယ်။ ဘာမှ မပါဘဲ ပြောရုံပြောတာတော့ လူတိုင်း ပြောတတ်တဲ့ အပြင် ကာယကံရှင်ကလည်း ဘာကို ပြောနေမှန်းမသိတော့ ဘာမှ အရေးတယူ ရှိမှာ မဟုတ်ဘူး။
ဒီတော့ အကျိုးသင့် အကြောင်းသင့် အချိန်မရွေးလာပြောပါ။ comment တက်မှာစိုးရင် email ပို့ပါ။ ကိုယ်က ဖြေရှင်းဖို့ ဝန်လေးတတ်သူ မဟုတ်သလို ဆွေးနွေးချင်လို့ကို အားလုံးဖွင့်ထားတဲ့ သူပါ။
အကျိုးအကြောင်းမပါတဲ့ ကောက်ချက်တွေကိုတော့ ကိုယ်ဘာမှ အရေးမယူနိုင်ပါ။
ငြင်းခုန်တယ်ပဲ ပြောပြော၊ ဆွေးနွေးတယ်ပဲ ပြောပြော အကျိုးသင့် အကြောင်းသင့်သာ မရှိခဲ့ရင် အချက်အလက်နဲ့ ထောက်ကွက်ဆိုတာ ရှိကို ရှိရတယ်လို့ ကိုယ်ကတော့ ခံယူပါတယ်။
စာရေးသူ ရေးသွားတဲ့ နောက်ဆုံး comment နှစ်ခုဟာ ကောင်းမွန်တဲ့ comment ၊ တန်ဖိုးရှိတဲ့ comment ဆိုတာ ကိုယ်လက်ခံလို့ ကျေးဇူးစကားလဲ ဆိုခဲ့ပါတယ်။ ဒါဟာ စကားအဖြစ်ရေးတာ မဟုတ်ပါဘူး။
သို့သော် အစွန်းထွက်တဲ့ အကြောင်းကတော့ သူနဲ့ကိုယ် စပြောခဲ့ကတည်းက ပြောခဲ့သော အကြောင်းသည် ကိုယ့်ဘက်က ဒါတွေဖြစ်လို့ ကိုယ်က မထွန်းကားဘူး ခံယူတယ် ပြောတယ်။ သူက ဒါတွေဖြစ်သည့်တိုင်အောင် ထွန်းကားတုန်းပဲ ဆိုတယ်။
နောက်ဆုံးမှာ ဖြစ်တာတွေကို ဒီလို ကုစားရမယ်ပြောတယ်။ ဒါဖြင့် သူနဲ့ကိုယ် စပြောခဲ့တဲ့ အကြောင်းအရာအတွက် ကောက်ချက်က ဘာလဲ၊ အဲဒါ ပါမလာတော့လို့ ကိုယ်က ပြန်မေးထားတာ ဖြစ်ပါတယ်။ သူနဲ့ ကိုယ် ပြောတာသည် ကုရ မရ ပြောကြတာ မဟုတ်ဘူး။ ကိုယ်မေးထားတာကလဲ ဘယ်လိုကုမလဲ မေးထားတာ မဟုတ်ဘူး။ (သို့သော် သူဖြေလိုက်တဲ့ နည်းလမ်းနဲ့ အယူအဆတွေ အတွက် ကိုယ်ကျေနပ်ကျေးဇူးတင်တာ အမှန်ပါ)
ဒါပေမဲ့ ဘယ်လောက်ပင် ကောင်းပင်ကောင်းညားလဲ ကိုယ်တို့ အစဦး ဆွေးနွေးရတဲ့ ကိစ္စနဲ့ ဘာမှ မဆိုင်တာတော့ အမှန်ပဲ။
ကိုယ်က ကုစရာ မရှိဘူး။ ကုစရာ မလိုဘူး ပြောထားတာ မဟုတ်တဲ့ အတွက် ဒီလို ကုရမယ်လို့ ပြောတာဟာ ကနဦးလမ်းကြောင်းနဲ့ ဘာမှ မဆိုင်တာ အမှန်ပဲ။
စာဖတ်သူပေးထားတဲ့ ကွန်မန့်တွေ အရမ်းကောင်းတယ်။ စာရေးသူရဲ့ တုန့်ပြန်မှုကတော့ ဒေါသတွေထွက်ပြီး ရန်တွေ့ တာနဲ့တူနေပြီ။ ဘယ်နေရာမှာလဲ မမေးပါနဲ့။ ကွန်မန့်တိုင်းလိုလိုပါပဲ။ စကားမစပ် နင်က အညာသူလား ?/? မဟုတ်ဘူးဆိုလည်း နင်က အဲ့ဒီရုပ်ပေါက်နေလို့ပါ။
:))))
ဟုတ်ပါပြီ။ ကိုယ့်ရဲ့ ရန်လိုနေတဲ့ blog မှာ ခုလို မိကောင်းဖခင်သားသမီး ပီပီသသ သုံးနှုန်း ပြောဆိုပြီး လာရောက် comment ပေးတာ အင်မတန် ဝမ်းသာ မိပါတယ်။
နောက်လည်း ခုလို အပြောအဆိုမျိုးတွေနဲ့ လာခဲ့ပါဦး။
:))))
Great!
Your are very very smart. Brave.
Carrying on.
I can read your content.
Everybody has duty and responsibility.
A team leader has more duty and responsibility.
The Governor must follow according to rules and regulations.
ရဟန်း must strictly follow according to သံဃာ ၀ိနည်း
We, public people must follow law and order of Governor.
We also should regard each other under the limited human right in our Country.
If everybody undertook each duty and responsibility, everything will go well.
If not, something will go wrong.
လောဘ၊ ဒေါသ၊ မောဟတွေ များပြားတယ်။
same thing in the past.
ဆုတ်ကပ်ခေတ်မှာ
Bearing in mind "new generation IQ is much higher than old generation"
Remember!
All are quickly growth in Globalization.
BINO
ရီတာရေ …
ပြီးခဲ့တဲ့ ကွန်မန့်ကို နောက်ဆုံးကွန်မန့်ဆိုပြီး ရေးခဲ့တာပဲ။ ဒါပေမဲ့ ရီတာက မပြီးနိုင်ဆက်လာတာနဲ့ ထပ်ရေးလိုက်တယ်။
အဲဒီကွန်မန့်ရေးတာက ရီတာနဲ့ ငြင်းချင်လို့ မဟုတ်ဘူး။ ပြီးတော့ ပြောပြီးသားတွေ မလိုအပ်တာတွေမို့ ဆက်မရေးချင်တော့ပေမဲ့ ရီတာက ပြောရေးရှိက ပြောအပ်လှ၏ ဆိုလို့ “ပြောချင်ရင် ဒီလိုပြောလို့ရတယ်” ဆိုပြီး ရေးပြထားတာပါ။
စာဖတ်သူတွေ လက်ခံလာအောင် ရေးတာမဟုတ်ဘူး ကိုယ့်အမြင်ကိုယ် ရေးတယ် ဆိုပေမဲ့ စာရေးရာမှာ အမျိုးမျိုးရှိတယ်။
(၁) ကိုယ်တယောက်ထဲအတွက် ကိုယ်ရေးခြင်း (public ကို ပြရန်မလို)
(၂) တခြား တစုံတယောက်အတွက် ရေးခြင်း (စာပို့ခြင်း၊ မေးလ်ပို့ခြင်း)
(၃) အများသူငါ ဖတ်ရှုဖို့ရေးခြင်း (စာ နယ် ဇင်း နှင့် ၀က်ဘ်ဆိုက်များ, ဖိုရမ်များတွင် ရေးခြင်း)
ရီတာအခုရေးတာက နံပါတ် ၃ နဲ့ ကိုက်ညီတယ်။
“ပရိသတ်ဖတ်ရအောင် တင်ပေးနေတာပါလို့ အိညောင့်အိညောင့် ပြောတတ်တာတွေကို …”
မဟုတ်ရင် အများဖတ်ဖို့ တင်ရန်မလိုဘူး။ ကိုယ့်အတွေးအမြင်ကို တင်ပြထားတယ် ကိုယ်ဖန်တီးထားတာကို အများရှေ့ချပြတယ် ဆိုကတည်းက အများဖတ်ဖို့ပဲ။ ဘယ်လိုပဲ မဟုတ်ပါဘူးဆိုဆို အများဖတ်ဖို့ ရည်ရွယ်တယ်ဆိုတာ ရှင်းတယ်။
ဒီတော့ အဲဒီလို အများသူငါ ဖတ်ရှုဖို့ ရေးမယ်ဆိုရင် အချက် (၅) ချက်နဲ့ ပြည့်စုံရမယ်။ (က) ခေတ်ရဲ့ အခြေအနေ (situation)
(ခ) စာရေးသူရဲ့ ရည်ရွယ်ချက် (၀ါ) စေတနာ (intention)
(ဂ) အကြောင်းအရာ (matter)
(ဃ) ချဉ်းကပ်နည်း (၀ါ) ဇောင်းပေးခြင်း (approach)
(င) အကြောင်းအကျိုး (၀ါ) ရှေ့နောက် ဆီလျော် ညီညွတ်ခြင်း (consistency)
စာဖတ်သူကလဲ အဲဒီ ၅ ချက်ကို ရှာဖွေဖတ်ရှုရမယ်။ အဲဒီ ၅ ချက်ကလဲ ပေါ်ပေါ်ထင်ထင် ရှိမနေရဘူး။ ပေါ်ပေါ်ထင်ထင်ရှိနေရင်လဲ ဒေါသသင့်တယ်။ ထားပါတော့ …
ဒီ ၅ ချက်ထဲက အရေးအကြီးဆုံးက ဇောင်းပေးခြင်းပဲ။ ရီတာရဲ့ပို့စ်ကို ဖတ်ပြီး ရီတာ ဇောင်းပေးချင်တဲ့ အချက်က ရှေ့ကွန်မန့်မှာ ပြောခဲ့တဲ့ “ဘာကြောင့်လဲနဲ့ ကုစားခြင်း” ဆိုတာကို မြင်လို့ အဲဒီအချက်ကို ကောက်နုတ်ပြီး ရေးခဲ့တာ။
သာသနာထွန်းကားခြင်း မထွန်းကားခြင်းကို အရှေ့က ကွန်မန့်တွေမှာ ရေးခဲ့တယ်။ သာသနာ ၃ ရပ် (ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဓ) ရှိနေတာ သာသနာထွန်းကားနေတာပဲ။ သာသနာ မကွယ်သေးရင် သာသနာ ထွန်းကားနေသေးတာပဲ။ သာသနာ ကွယ်တယ်ဆိုတာ ဘယ်လိုဆိုတာလဲ ရှင်းပြပြီးပြီ။ သာသနာ မကွယ်သေးသမျှ သာသနာ ထွန်းကားနေသေးတယ်။ သာသနာ ထွန်းကား မထွန်းကားကို ရီတာက အရေအတွက်နဲ့ တိုင်းတာလိုတယ်။ အရေအတွက်နဲ့ တိုင်းတာမယ်ဆိုရင် တိကျအောင် survey လုပ်ရမယ်။ အဲဒီလိုလုပ်သည့်တိုင် တိကျမှန်ကန်မယ်လို့ မဆိုနိုင်ဘူး။
ဒါ့အပြင် သာသနာ အထွန်းကားဆုံး အချိန်လို့ ပြောရမယ့် ဘုရားရှင်လက်ထက်တော် အခါတုန်းကတောင် ဘုရားပွင့်တဲ့ ဒေသမှာ ဒိဋ္ဌိအမျိုးပေါင်း အများကြီးရှိခဲ့တယ်။ အယူမှား ကိုးကွယ်မှုမှားသူတွေ အများကြီးရှိခဲ့တယ်။ ဘုရားယောက်ဖ ဒေ၀ဒတ်ကိုယ်တိုင်တောင် အယူမှားခဲ့တာပဲ မဟုတ်လား။ ဒီတော့ ဒီလိုမျိုးတွေ ရှိနေတာနဲ့ သာသနာမထွန်းကားဘူး မဆိုနိုင်ဘူး။
ခေတ်အဆက်ဆက်မှာ အမှန်နဲ့ အမှား၊ အစစ်နဲ့ အတု၊ အပြုနဲ့ အဖျက် ဆိုတာ ဒွန်တွဲ ရှိကြတယ်။ အတုတွေမြင်တာနဲ့ အစစ်မရှိဘူး မဆိုနိုင်ဘူး။ ဒီတော့ ထွန်းကား မထွန်းကား ငြင်းနေကြမယ့်အစား သာသနာ သန့်ရှင်း တည်တံ့ ပြန့်ပွားအောင် တတ်နိုင်တဲ့ ဘက်က ထောက်ပံ့ ကူညီကြဖို့ပါပဲ။
ဝေဖန်ရတာလွယ်တယ်၊ ကိုယ်တိုင်ကျင့်ကြံဖို့က ခက်ပါတယ်။
ကိုယ့်ရဲ့ အတိတ်ကံကို မမြင်နိုင်သလို သူတပါးရဲ့ ကံတွေကိုလဲ မသိနိုင်ဘူး။ လူတယောက်ဟာ အရက်သမား၊ လူသတ်သမားပင် ဖြစ်လင့်ကစား အလောင်းတော်တွေလဲ ဖြစ်နိုင်ပါတယ်။ (အင်္ဂုလိမာလကိုကြည့်)
ဒါကြောင့် ဘယ်သူ့ကိုမှ မပြစ်မှား မစော်ကားဖို့ အရေးကြီးပါတယ်။ ပြစ်မှားမိရင် ကိုယ့်အတွက် အလွန်အပြစ်ကြီးနိုင်ပါတယ်။
ဂါရ၀ နိဝါတ ရိုသေတယ်ဆိုတာ ဦးညွတ်နေဖို့ မဟုတ်ပါ။ ထိုင်ရှိခိုးနေဖို့လဲ မလိုပါ။ သို့သော် ဒေါသသင့်တဲ့ အသုံးအနှုန်းတွေ မလိုအပ်ဘဲ ထည့်ရေးထားတာဟာ အဂါရ၀ ဖြစ်လို့ ပြောခြင်းဖြစ်တယ်။ (ဘာတွေလဲ ဆိုတာ ပြန်မကောက်နုတ်တော့ပါဘူး။)
(သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ) ဆိုပြီး ကိုယ့်ကိုကောင်းမှ ကိုယ်ကလဲ ကောင်းနိုင်မယ်ဆိုတာ မှားနေတဲ့ အယူအဆပါ။ ကိုယ့်ရဲ့ လုပ်ရပ်က သူများပေါ် မူတည် မှီခိုနေတယ်ဆိုတာ ဘယ်ဟုတ်မလဲ။ သူ့ကြောင့် ငါဒီလို လုပ်ရတာပါဆိုတော့ ကိုယ့်မှာ ခိုင်မာတဲ့ စိတ်ဓာတ်မရှိသလို ဖြစ်နေတယ်။ နဂိုထဲက ကိုယ့်တိကျခိုင်ကျည် မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ (သင်ဆိုးလဲ ကျွန်ုပ်ကောင်းပါမည်) ဆိုပြီး ကိုယ့်အပေါ် ကောင်းကောင်း မကောင်းကောင်း ကိုယ့်ဘက်က မပြောင်းလဲတဲ့ သဘောထားရှိဖို့ အရေးကြီးတယ် လို့ ပြောရင်း နိဂုံးချုပ်ပါတယ်။
(“ပြောချင်ရင် ဒီလိုပြောလို့ရတယ်” ဆိုပြီး ရေးပြထားတာပါ။) ဟုတ်ကဲ့ပါ အဲဒီ အတွက် ကျေးဇူးတင်တယ် ဆိုတာလည်း ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာတကယ်ကို ပြောခြင်းဖြစ်ပါတယ်။
ဒီလို ပြောလို့ရတယ် ဆိုတာ စာရေးသူ ရဲ့ အပြောဖြစ်ပါတယ်။ အင်မတန် ကောင်းမွန်တယ် ဆိုတာလဲ ဝန်ခံပါတယ်။
သို့သော် ကိုယ့်အနေနဲ့ကတော့ ဘာတွေကြောင့် သာသနာ မထွန်းကားဘူးထင်ရတာလဲ ဆိုတဲ့ မေးခွန်းကို ဒါတွေကြောင့် မထင်တာပါ လို့ ပြန်ပြောခဲ့တာ ဖြစ်ပါတယ်။ ပြောရေးရှိက ဆိုတာ ဒါပါပဲ။ ဘာတွေကြောင့် ထင်တာလဲ ဒါတွေကြောင့်ထင်တယ်။ ဒါပါပဲ။ ဒါကို ဒီလို ရေးပြလို့ ရတယ် ဆိုတာကတော့ နောက်ဆက်တွဲ ကိစ္စသာလျှင် ဖြစ်ပါတယ်။ :)
(မဟုတ်ရင် အများဖတ်ဖို့ တင်ရန်မလိုဘူး။ ကိုယ့်အတွေးအမြင်ကို တင်ပြထားတယ် ကိုယ်ဖန်တီးထားတာကို အများရှေ့ချပြတယ် ဆိုကတည်းက အများဖတ်ဖို့ပဲ။)
မှန်ပါတယ်။ တင်တဲ့ အချိန်မှာ အများဖတ်စေချင်လို့ပဲ။ ပန်းချီကားချိတ်လိုက်တဲ့ အချိန်မှာ လူကြည့်စေချင် ခံစားစေချင်လို့ပါပဲ။ မဂ္ဂဇင်းတိုက် ပို့လိုက်တဲ့ အချိန်မှာ လူဖတ်စေချင်လို့ပါပဲ။ ဘလော့ပေါ်တင်တာကလဲ လူဖတ်စေချင်လို့ပါပဲ။
ဒါနဲ့ပဲ အနုပညာသမား ဆိုသူတွေဟာ လူတွေအတွက်လုပ်နေတာလို့ ပြောလို့ ရပါသလား။ သူတို့ ဖန်တီး နေတဲ့အချိန်မှာ ဘယ်သူ့ကိုမှ ခေါင်းထဲ မရှိပါဘူး။ သူတို့လုပ်ချင်တာကို လုပ်လိုက်တာပါပဲ။ ဥပမာ အဖေ့အတွက် မွေးနေ့ရေးရင် အဖေတော့ ရှိမယ်။ ချစ်သူအကြောင်း ရေးရင် ချစ်သူတော့ရှိမယ်။ ပရိသတ်တွေအတွက်ဆိုတာကတော့ အနုပညာမှာ မရှိပါဘူးလို့ ခံယူပါတယ်။ ဒါဟာ ကဲ့ရဲ့စရာလည်း မဟုတ်ဘူး။ ဒါ သဘောသဘာဝကို ပြောတာဖြစ်ပါတယ်။ ပရိသတ်အတွက်လို့ ရည်ရွယ်ချက်ကြီးနဲ့ လုပ်ရင်လည်းပဲ အဲဒီထွက်လာတဲ့ အနုပညာဟာ ရိုးသားမှု မရှိပါဘူး။ ဒီသဘောကို ဆိုလိုတာ ဖြစ်ပါတယ်။
ဒါကိုမှ ပရိသတ်ကြီး အတွက်လို့ ပြောနေရင် ကိုယ်ကတော့ သူ မရိုးသားဘူးလို့ မြင်ပါတယ်။ သူလုပ်ချင်လို့ လုပ်တာပါ။ ဘာမှ ပေးဆပ်နေတာ မဟုတ်ဘူး။ ဒါပါပဲ။
အကျိုးပြု စာပေများ၊ ပေါ်လစီစာပေများ၊ တရားစာပေများ ရေးရင်တော့ ပြောလို့ရတာပေါ့။ ဒါမျိုးကို။
ကိုယ်ကတော့ ကိုယ့်ဘာသာ ရေးချင်တာ ရေးတာပါ။ ဘယ်သူ့အတွက်မှ ဆိုတဲ့ စိတ်နဲ့ ရေးတာ မဟုတ်ပါ။ ဒါပေမဲ့ ရေးပြီးလို့ တင်လိုက်ရင်တော့ ဖတ်ချင်သူ ဖတ်ဖို့ ဆိုတဲ့ သဘောက ပါကို ပါပါတယ်။ မှန်ပါတယ်။ မတူတာတွေ ရှိခဲ့ရင်လည်း ပြောဆို ဆွေးနွေး ငြင်းခုန်ဖို့လို့ အမြဲ စိတ်အားထက်သန်ပါတယ်။ အဲဒီအခါမှာ ကောင်းရင် ကောင်းတယ်။ အရင်က ကိုယ် မတွေးမိခဲ့ရင် မတွေးမိခဲ့ဘူး စသဖြင့် ပြောဖို့လည်း ဝန်မလေးပါ။ မတူလို့လည်း ရန်သူလို့ သဘောမထားပါဘူး။ ကိုယ့်နိုင်ငံလေး ဖြစ်လို့ ဒါမျိုးတွေ မဝေဖန်ရဘူး ဆိုတာမျိုးကိုတော့ ကန်တော့ဆွမ်းပါ။ (စာရေးသူမှာတော့ ဒီလို သဘောထားမျိုး မတွေ့ရပါဘူး။ ရှိတဲ့လူ ရှိလို့ ထည့်ပြောရခြင်း ဖြစ်ပါတယ်)
ဒီနေရာမှာ ကြုံလို့ ပြောရရင် ကိုယ့်နိုင်ငံကိုယ် အကောင်းချည်း မြင်ပေးမှ ချစ်ရာ ရောက်တယ် ပြောနေရင်တော့ အဲဒီလူရဲ့ အချစ်နဲ့ စဉ်းစားနိုင်စွမ်းကို (ဘာကြီးပဲ ဖြစ်နေဖြစ်နေ) ကိုယ်ကတော့ သံသယဝင်ပါတယ်။
ပြီးတော့ စာရေးသူနဲ့ ကိုယ် ဆွေးနွေးနေတဲ့အကြောင်းအရာကလည်း မူရင်း post ရဲ့ အစွယ်အပွား အချက်ကို ဖြစ်ပါတယ်။ ကိုယ့် post ရဲ့ ရည်ရွယ်ချက် အကြောင်းအရာ စသဖြင့် စာရေးသူ ရေးထားတဲ့ အချက်အလက်တွေနဲ့ မူရင်း post ကို တိုက်ဆိုင် စစ်ဆေးနိုင်ပါတယ်။
ကိုယ်ကတော့ ဘာတွေကြောင့် မင်းက ဒီလို မြင်ရတာလဲ ဆိုတဲ့ မေးခွန်းကို "ဒါတွေကြောင့် ဒီလို မြင်ပါတယ်" လို့ ပြန်ဖြေထားတာသာ ဖြစ်လို့ ဒီလို ရေးလို့ ရတယ် ဆိုတာ ကိုယ်နဲ့ ဘာမှ မဆိုင်ကြောင်းပါ။
ဒါပေမဲ့ တကယ်ကိုပဲ စာရေးသူရဲ့ ရည်ရွယ်ချက်နဲ့ အချက်အလက် အနှစ်သာရတွေဟာ ကောင်းမွန်ပါတယ် ဆိုတာကိုတော့ ထပ် ထပ်ပြောလို့လည်း မလုံလောက်ဘူး ထင်မိပါတယ်။
ဒီ post မှာ ဒါနဲ့ ပတ်သတ်လို့ ဒီလို comment မျိုးရလိမ့်မယ် လို့ မမျှော်လင့်ပါဘူး။ ဘာဖြစ်လို့ ဆိုတော့ ဒါ post ရဲ့ အစွန်းထွက်တဲ့ အကြောင်းလေးသာ ဖြစ်လို့ပါ။ ဒီလို comment မျိုးနဲ့ ဒီလို အတွေးအမြင်မျိုးကို blog မှာ ရလိုက်တာ တန်ဖိုးရှိလိုက်တာ လို့ တကယ်ပဲ တွေးမိပါတယ်။
(အဲဒီကွန်မန့်ရေးတာက ရီတာနဲ့ ငြင်းချင်လို့ မဟုတ်ဘူး။)
ကိုယ်ကတော့ ငြင်းစေချင်ပါတယ်။ ကိုယ်မှားရင်မှားတယ်လို့ ဘာဖြစ်လို့ မငြင်းရမှာလဲ။ ငြင်းတာဟာ ပုတ်ခတ်တာ မဟုတ်ဘူး။ အောက်တန်းကျတဲ့ အလုပ်ကို လုပ်တာ မဟုတ်ဘူး။ သူ့အယူအဆ ကိုယ့်အယူအဆ အားပြိုင်တာပဲ။ အားပြိုင်တယ် ဆိုတာ တယောက်နဲ့ ရန်လုပ်တာ မဟုတ်ဘူး။ အားအားယားယား အရည်မရ အဖတ်မရ အချိန်ဖြုန်းတာ မဟုတ်ဘူး။ အမှန်တခုခု ထွက်လာဖို့ လုပ်တာလို့ပဲ မြင်ပါတယ်။
စာရေးသူ အနေနဲ့ ခုလောာက်ထိ စိတ်ရှည်လက်ရှည် comment လာရေးတာကို တကယ်ပဲ ကျေနပ် ကျေးဇူးတင်တာပါ။ အလေးအနက် မရှိရင်၊ ရန်စရရုံ သဘောထားရင် မလာပါဘူး ဆိုတာ ကိုယ် နားလည်တယ်။ နောက် တလွဲ မြင်နေရင်လည်း မလာပါဘူး။ နောက်တခု သိသာတာက စာရေးသူရဲ့ နှံ့စပ်မှုပါပဲ။ အဲဒါကို ကိုယ်က သိပ်တန်ဖိုးထားပါတယ်။ တချို့ဟာတွေက ကိုယ်တို့ ပြောနေတာနဲ့ မဆိုင်ဘူး။ မဆိုင်လို့ မဆိုင်ဘူးပြောတာဟာ အလကားဟာတွေလို့ ပြောတာ မဟုတ်ဘူး။ မဆိုင်ပေမဲ့ ကိုယ့်အတွက် တန်ဖိုးရှိသွားတဲ့ အရာတွေလို့ ထည့်မပြောလိုက်မိရင်တော့ ကိုယ့် ပျက်ကွက်မှုသာလျှင် ဖြစ်ပါတယ်။ ပြောဖို့ ပျက်ကွက်ပေမဲ့ ကိုယ့်စိတ်ထဲမှာတော့ ရှိနေပါတယ် ဆိုတာ ပြောကြားလိုပါတယ်။
စာရေးသူ ပြောတာတွေကို ကိုယ် လက်မခံနိုင်တာလဲ ပါပါတယ်။ ဒါပေမဲ့ အဲဒါတွေနဲ့တော့ တန်ဖိုးရှိတဲ့အရာတွေ ပါတာကို ချေလိုက်လို့ မရပါဘူး။ ကိုယ်က ချေလဲ မချေပါဘူး။ သဘောသဘာဝချင်းက တခြားစီပါ။ ဘယ်လိုဟာမျိုးတွေကို သဘောမတူ လက်မခံနိုင်ဘူးလဲ ဆိုတော့... သင်္ကန်းဝတ်ထားသော သံဃာငယ်များဟာ ပုထုဇဉ်သာဖြစ်လို့ ဆိုတဲ့ အချက်မျိုး ဒါကို ကိုယ်လဲ comment အတိုနဲ့ ပြန်ပြီးပါပြီ။ ပြန်မရေးတော့ပါဘူး။ ဒါမျိုးကတော့ ကိုယ်လက်မခံနိုင်တဲ့ အချက် ဖြစ်ပါတယ်။
ဒါပေမဲ့ ဒါနဲ့ပဲ စာရေးသူနဲ့ ကိုယ့်ကြား ရန်သူ ဖြစ်သွားသလား။ ကိုယ့်ဘက်ကတော့ မဖြစ်ပါဘူး။ စာရေးသူ ဖြစ်တာ မဖြစ်တာထက် တချို့က ဖြစ်တတ်ကြလို့ ထည့်ပြောတာပါ။
သာသနာ မထွန်းကားခြင်း ထွန်းကားခြင်း ကိစ္စကတော့ (ဒီတော့ ထွန်းကား မထွန်းကား ငြင်းနေကြမယ့်အစား သာသနာ သန့်ရှင်း တည်တံ့ ပြန့်ပွားအောင် တတ်နိုင်တဲ့ ဘက်က ထောက်ပံ့ ကူညီကြဖို့ပါပဲ။) မှန်ပါတယ်။ သို့သော် ကိုယ်ပြောရတဲ့ အကြောင်းကို ဆက်ပြန်ပြောရရင်ဖြင့် ထပ်ကာ ထပ်ကာ ဖြစ်နေမှာပါ။ မေးလို့ ဖြေခဲ့တာပါပဲ။ ကိုယ့် post ရဲ့ ရည်ရွယ်ရင်းက ဗုဒ္ဓဘာသာဝင်တွေဟာ ဘာကြောင့်... ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ post ဖြစ်ပါတယ်။
မေးလာတော့ ဖြေရတာပါပဲ။ ကိုယ့်အမြင်ကို ... သူများနဲ့ တူချင်မှ တူမယ်။ ဒါပေမဲ့ ငြင်းနေကြမယ့် အစား လို့ တော့ ပြောမရတော့ဘူးလေ။ ကိုယ်က မေးလို့ ဖြေခဲ့တာဖြစ်လို့ ပြောရေးရှိက ပြောအပ်လှ၏ပါပဲ လို့ ဆိုချင်ပါတယ်။ :)
ကိုယ် သေချာ ပြန်မစစ်မိဘူး။ မေးသူကို စာရေးသူလို့ ထင်နေခဲ့တာ။ မဟုတ်ဘူး ထင်တယ်။
"ဘာကြောင့် မထွန်းကားဘူး ပြောရတာလဲ" ဆိုတဲ့ မေးခွန်းဟာ စာဖတ်သူတစ်ဦး ဆိုတဲ့ ID နဲ့ မေးခဲ့တာ ဖြစ်ပါတယ်။
စာရေးသူ မေးခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်နဲ့ တောက်လျှောက်ဆွေးနွေးလာတဲ့ စာရေးသူ မေးခဲ့တယ်ပဲ ကိုယ် တလျှောက်လုံး ထင်ခဲ့မိတယ်။
((သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ) ဆိုပြီး ကိုယ့်ကိုကောင်းမှ ကိုယ်ကလဲ ကောင်းနိုင်မယ်ဆိုတာ မှားနေတဲ့ အယူအဆပါ။ ကိုယ့်ရဲ့ လုပ်ရပ်က သူများပေါ် မူတည် မှီခိုနေတယ်ဆိုတာ ဘယ်ဟုတ်မလဲ။ သူ့ကြောင့် ငါဒီလို လုပ်ရတာပါဆိုတော့ ကိုယ့်မှာ ခိုင်မာတဲ့ စိတ်ဓာတ်မရှိသလို ဖြစ်နေတယ်။ နဂိုထဲက ကိုယ့်တိကျခိုင်ကျည် မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ (သင်ဆိုးလဲ ကျွန်ုပ်ကောင်းပါမည်) ဆိုပြီး ကိုယ့်အပေါ် ကောင်းကောင်း မကောင်းကောင်း ကိုယ့်ဘက်က မပြောင်းလဲတဲ့ သဘောထားရှိဖို့ အရေးကြီးတယ်)
မှန်ပါတယ်။ ဒီအချက်ကတော့ ကိုယ်တိုင်လဲ ဝန်ခံပြီး ထည့်ရေးပြီး ဖြစ်ပါတယ်။ ဘယ်သူတရားပျက်ပျက် ကိုယ် မပျက်ဖို့ လိုတာပါပဲ ဆိုတာ။ ဟိုးအရင်နေ့က post တွေမှာကို ပါပြီး ဖြစ်ပါတယ်။ ကိုယ့်ဘက်က မပြည့်ဝတာကိုလဲ ကိုယ် ပြောပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ "ပြေပြေပြစ်ပြစ် ပြောပါမည်။ ဥပေက္ခသာပြုပါမည်" လို့ မပြောဘဲ.. "ပြေပြေပြစ်ပြစ် ပြောနိုင်အောင် ကြိုးစားပါမည်။ ဥပေက္ခသာပြုနိုင်အောင် ကြိုးစားပါမည်" လို့ ရေးခဲ့တာပါပဲ။
မှန်တာ မှားတာကို သိပါတယ်။ ဒါပေမဲ့ သိနေတဲ့ ဘယ်လိုတုန့်ပြန်သင့်တယ် ဆိုတာကို လိုက်လုပ်ဖို့ကတော့ ကြိုးစားတုန်းပါပဲ။ ဝန်ခံရရင် ဘယ်သူမှန်း မသိတဲ့ ID တွေကို သူတို့ကိုယ် သူတို့ မလေးစားတာလို့ ယူဆပါတယ်။ အဲဒီလူတွေကို ကိုယ်က လေးစားဖို့ရာမှာ သိပ်ကို ခက်ပါတယ်။
နောက်တခု အဂုင်္လိမာလ။
ကိုယ်က ယုံမှားသံသယ ကင်းပြီးသူ မဟုတ်ပါဘူး။ (ကင်းပြီးရင်လည်း ဒါတွေ မလုပ်တော့ဘူးလေ။) အဲဒီအခါမှာ ကိုယ်ဟာ သိချင်တာကို မေးခွန်းထုတ်ဖို့ သိပ်ကို ခက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာ အသိုင်းအဝိုင်း ဖြစ်နေလို့ပါ။ "ဒါတွေက ပညာရှိတွေရဲ့ အရာသာဖြစ်တယ်။ နင်က ဘာမို့လို့ ဒါတွေကို ဝေဖန်ရတာလဲ။ ဒေါ်အောင်ဆန်းစုကြည်က ငါတို့ကတောင် အမေလို့ ခေါ်ရတာ.. နင့်အဆင့်နဲ့ သူ့ကို ဝေဖန်စရာလား"... စသဖြင့်ပေါ့လေ။ အတော်ကို နအဖလမ်းစဉ်လိုက်သော အတွေးအခေါ်များပါပေ။ ကာယကံရှင်ကတော့ ဒါမျိုး သဘောထား မထားမသိ။
ထားပါတော့။ မဆိုင်တာတွေ ပါကုန်ပြီ။
အင်္ဂုလိမာလ ကိစ္စမှာလည်း ကိုယ်ဟာ မေးစရာ ရှိပါတယ်။ အဲဒီလို မေးရင် များသောအားဖြင့် ဗမာတွေက ဒါဟာ ငြင်းတာလို့ပဲ ယူဆပါတယ်။ ငြင်းတယ် ဆိုတာတောင် ကိုယ်လိုရာဆွဲငြင်းတယ် လို့ပဲ ယူဆကြပါတယ်။ ဒါဟာ ဒီလိုမဟုတ်ဘူးလား ဆိုလာရင် မေးခွန်းလို့ကို မမြင်တတ်တော့တာ အဲဒါ အာဏာရှင်စရိုက်ပါ။
ပြောရင်းနဲ့ တော်တော်နဲ့ လိုရင်း မရောက်တော့ပါဘူး။ အလောင်းတော် ဖြစ်နေနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ ဒုစရိုက်မှုကို ပြုနေတဲ့ အချိန်မှာ သူ့ကို ဒုစရိုက်သမား အဖြစ်ပဲ မြင်မယ် ဆိုရင် မြင်တဲ့သူမှာ အပြစ်ရှိပါသလား ဆိုတာ ကိုယ် သိချင်ပါတယ်။ တကယ်ကို နှစ်နှစ်ကာကာ သိချင်နေတာ ဖြစ်ပါတယ်။ အင်္ဂုလိမာလဟာ လက်ညှိုးဖြတ် လူသတ်ပါတယ်။ (တကယ်တော့ လူကို အရင်သတ်မှ ရမှာပါ။ ဘယ်သူမှ ကြည်ကြည်ဖြူဖြူ အဖြတ်မခံပါဘူး။) အဲဒီအခါမှာ သူ့ကို လူသတ်သမား အဖြစ်မြင်ပြီး၊ မလေးစားဘူး ဆိုရင် အဲဒီလူမှာ အပြစ်ဖြစ်ပါသလား။ သူ ရဟန်းဘဝ ရောက်တဲ့ထိ လူတွေ မကြည်ညိုကြဘူး ဆိုတာတော့ ကိုယ် ဖတ်ခဲ့ဖူးပါတယ်။ ဆွမ်းခံကြွရာမှာ ခဲနဲ့ ပေါက်တာ စသဖြင့်ပေါ့...
ဒီလူတွေမှာတော့ အပြစ်ဖြစ်မှာ အသေအချာပါပဲ။ ဘာလို့ဆို ရဟန်းအသွင် ရှိနေပြီကို။ အပြစ်လဲ မရှိတော့ဘူးကိုး။ လောလောဆယ်မှာလဲ ဝိနည်းအရ ဆွမ်းခံနေတာကိုး။
ထပ်ပြောပါမယ်။ ကိုယ်ဟာ ယုံမှားသံသယ ကင်းပြီးသူ မဟုတ်လို့ ဒါကို မေးပါတယ်။ ဒါဟာ အရင်မေးခွန်းတွေလို အယူအဆ မတူလို့ မေးတာမျိုးတောင် မဟုတ်ဘဲ... စာရေးသူရဲ့ စာတွေကို ဖတ်ပြီး အဖြေကို မျှော်လင့်စိတ် သက်သက်နဲ့ မေးတာ ဖြစ်ပါတယ်။
ထပ်ပြီး အတည်ပြု နိဂုံးချုပ်ရရင် ကိုယ်ဟာ ဒီလို အဖြစ်အပျက်တွေထဲက ရလာမယ့် မိတ်ဆွေတွေကို ပိုလို့ တန်ဖိုးထားပါတယ်။
စာရေးသူ ပြောတဲ့ထဲမှာ ကိုယ် လက်မခံနိုင်တာတွေလည်းပါ၊ တချို့ မဆိုင်ဘူး ထင်တာလဲပါ ပါတယ်။ သို့သော် စာရေးသူဆီက တန်ဖိုးရှိတဲ့ အချက်အလက်တွေ များစွာ ရလိုက်တဲ့အတွက် တကယ် ကျေးဇူးတင်ရမယ့် သူ လို့ အတည်ပြုပြီး ပြောလိုပါတယ်။
ကိုယ်ကတော့ မတူတာကို ရန်သူလို့ မမှတ်ပါ။ အဲဒီအခါမှာ ကျေးဇူးတင်စရာ ပါလာခဲ့ရင် ပိုပြီးတော့တောင် မတွေးပါ။ ကိုယ့်မှာ မေးစရာ ရှိတာတွေကို စာရေးသူဆီမှာ မေးရင် ရမလား ထင်မိလို့ မေးတာ ဖြစ်ပါတယ်။
အထက်က ကိုယ့် comment မှာ ရေးခဲ့ပြီးသလို... မဖြေနိုင်ခဲ့ရင်လည်း ကိုယ်က ဘာသာတရားရဲ့ ပျော့ကွက်ဟာကွက်လို့ မယူဆဘဲ စာရေးသူ မဖြေနိုင်ရုံသက်သက်သာ ဖြစ်တယ်လို့ ယူဆမှာ ဖြစ်ပါတယ်။ ဘယ်သူမှတော့ အလုံးစုံ မသိနိုင်တာကိုလည်း နားလည်ပါတယ်။ သိထားတာတွေကိုတောင် အခန့်မသင့်ရင် မေ့သွားနိုင်သေးတာပဲ။
ဒါကြောင့် ဒီ blog ပေါ်မှာ မဖြေချင်ရင် ကိုယ့်ရဲ့ mail ကို add လဲ ရပါတယ်။
ammk6480 @ gmail.com ပါ။
မအယ်တော့ မဂ္ဂဇင်းထဲပါတဲ့ ဗေဒင်ကို ဖတ်တဲ့ခါ ဖတ်တယ်။ ယုံတော့ မယုံပါဘူး။ ဒါပေမဲ့ ကောင်းတာလေးတွေပါရင် ဟေးဆိုပြီး ပျော်တယ်။ မကောင်းတာတွေဆို စိတ်မပျော်ဘူး။ နှင်းဆီပန်း ဘုရားကပ်လိုက်ပါတို့ ဖိနပ်စုတ် လွှင့်ပစ်ပါတို့ဆို လိုက်လုပ်လိုက်တယ်။ ဒါတွေ လုပ်လိုက်လို့ အားလုံးအော်တိုမက်တစ် ကောင်းလာမယ်တော့ ဘယ်ယုံပါ့မလဲ။ ဒါပေမဲ့ စိတ်ထဲ ကျေနပ်သွားတာပေါ့။ အိုးငါ့မကောင်းတာတွေ ဖိနပ်စုတ်နဲ့ အတူ ဂျောင်းပြီပေါ့။
ဒီလို စိတ်ကျေနပ်သွားတော့ ခွန်အားတွေ ရှိလာတတ်တဲ့ သဘောပေါ့။ ဒါကြောင့် လူတွေ စိတ်ဓါတ်ကျတဲ့ခါ ဗေဒင်မေးကြ ယတြာ လုပ်ကြတာနေမယ်။ ကိုယ့်ကိုကိုယ် လှည့်စားကြတာမျိုး ထင်တာပဲ။
အစွန်းရောက်အောင် လိုက်လုပ်ရင်တော့ စီးပွား ပျက်နိုင်တယ်။ ကိုယ်တိုင်က လုပ်စရာရှိတာလည်း လိုက်လုပ်ထားတယ်ဆိုရင်တော့ ယတြာတို့ ဗေဒင်တို့က တွန်းအားပေးယုံ စိတ်ခွန်အား ရရုံဆိုတာမျိုး ဆိုရင်တော့ အကုသိုလ် အလုပ်လို့တော့ မထင်ဘူးလေ။ ဗေဒင်က ဘာပြောလိုက်တယ်ဆိုပြီး စိတ်စွဲလွန်းရင်တော့ ဥပဒ် ဖြစ်နိုင်တယ်။
အတိတ်ဘ၀က ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာ သိတော့ မသိနိုင်ဘူး။ မကောင်းတာလုပ်ခဲ့ရင် အဲ့ဒါကို ဘ၀ တခုခုမှာ ပြန်ဆပ်ရတာပဲလို့ဆိုတယ်လေ။ မကောင်းတာ လုပ်ခဲ့ပြီးတဲ့နောက် ကောင်းတာတွေလုပ်တာ များလာရင် မကောင်းတာတွေ ကျေသွားမှာလား ဆိုတာက မအယ်လည်း မသိဘူး။
လူ့လောကမှာတော့ ကောင်းတာလုပ်တာ များလာရင် လူတွေက မကောင်းတာ လုပ်ခဲ့တာကို ခွင့်လွှတ်လိုက်ကြတယ်။ သံသရာမှာတော့ ကျေအေးဖို့ ဘယ်သူနဲ့ လက်ဆွဲ နုတ်ဆက်ရမယ် မသိ။
ကောင်းမှု့လေးတွေ များလာရင် မကောင်းမှုကြောင့် နာကျင်ရခြင်းကို သက်သာစေမဲ့ ပါရာစီတမောလောက် အထောက်အပံ့ဖြစ်နိုင်ကောင်းတယ်။
တခါတည်းတော့ မပေးဆပ်ပဲ နိဗ္ဗာန်ရောက်သွားမယ်တော့ မထင်ဘူး ရီတာရ။ မအယ်လည်း ဘာသာရေး အားနည်းတော့ လူသာမန်လို စဉ်းစားမိသလောက် ပြောတာပါ။ ဒီလိုသာ လွတ်ကြေးဆို လူသတ်လိုက် ဘုရားတည်လိုက် မီးစတဖက် ရေမှုတ် တဖက်နဲ့ လူတွေ အပြစ်ကျဖို့ မရှိတော့ဘူးပေါ့။ မတရားဘူး ထင်တာပဲ။
မအယ်
(မကောင်းတာ လုပ်ခဲ့ပြီးတဲ့နောက် ကောင်းတာတွေလုပ်တာ များလာရင် မကောင်းတာတွေ ကျေသွားမှာလား ဆိုတာက မအယ်လည်း မသိဘူး။ ဒီလိုသာ လွတ်ကြေးဆို လူသတ်လိုက် ဘုရားတည်လိုက် မီးစတဖက် ရေမှုတ် တဖက်နဲ့ လူတွေ အပြစ်ကျဖို့ မရှိတော့ဘူးပေါ့။ မတရားဘူး ထင်တာပဲ။)
မှန်ပါတယ် မမ။
သိပ်တန်ဖိုးရှိတဲ့ အတွေးအခေါ်။
ကျွန်မလည်း ယုံမှားသံသယ ကင်းပြီးသူ မဟုတ်ပါဘူး။ ဒါကြောင်း လက်ညှိုးနဲ့ ထောက်ပြလို့ မရတဲ့ကိစ္စတွေကို အသိဉာဏ်ကလည်း မမီတဲ့အခါ မပြောပါဘူး။ မီသလောက်ကိုတော့ ပြောဆိုချင်မိ၊ မေးစမ်းချင်မိပါတယ်။
ဒါကြောင့် ဘီလူးစားခံရမယ့် ကလေး.... အစချီလို့ ရေးထားတဲ့ comment ကို မတူတဲ့ အယူအဆတွေမို့၊ ထောက်ပြစရာ ဘာမှ မရှိလို့ (မရှိဘူးလို့ ထားလိုက်ပါတော့။ တကယ်က ရှိပါတယ်။ သိပ်မကြာခင်က ကမ္ဘာသိတဲ့ မြန်မာပြည်က အဖြစ်အပျက်တစ်ခုမှာကို ရှိနေပါတယ်။ ဒါပေမဲ့ မေးခွန်းထုတ်ချင်သော်ညား... ထားပါတော့လေ) ဆက်မပြောခဲ့ပါဘူး။
ခုသိချင်နေမိတာကတော့ ဘုရားရှင် ကိုယ်တိုင် သူ့ နှုတ်ကပါတ်တော်တွေကို ရွတ်ရုံမျှနဲ့ အကုသိုလ်တွေ ကျေဖျက်နိုင်တယ်လို့ ဟောသွား မသွား သိချင်မိပါတယ်။
ရွတ်ဖတ်နေတဲ့ အချိန်မှာ ကုသိုလ်စိတ် ပွားများပြီးတော့ ကုသိုလ်ရနိုင်တာကတော့ လူတိုင်းနားလည်တဲ့ ကိစ္စပါ။ ကိုယ်တိုင်လဲ ရွတ်ပါတယ်။ ဘာအတွက်လို့ စိတ်ထဲ မရှိပါဘူး။ မမေ့လျော့ဘူး ဆိုတဲ့ သဘောပါ။ နောက်တခုက လုပ်နိုင်သမျှ လုပ်တာပါ။
ကုသိုလ်ဟာ အကုသိုလ်ကို ဖျက်နိုင်သလား၊ သို့ သပ်သပ်စီသာ အကျိုးပေးသလား သိချင်မိပါတယ်။
ဘုရားဟောတဲ့ တရားတွေ တည်နေတာကိုးမှ သာသနာတည်တယ် ထွန်းကားတယ် ဆိုတယ်လို့ တရားနာ ဖူးတယ်။
မအယ်
နိဂုံးချုပ်လို့ မရသေးပါလား။ ခက်ပြီ။
ကွန်မန့်တွေထဲ ဆွေးနွေးရတာတော့ ကောင်းပါတယ်။ သို့ပေသိ အချိန်သိပ်ကုန်တယ်။
ပြီးတော့ သိပ်လက်ပေါက်ကပ်တာတွေ မဆွေးနွေးချင်ဘူး။ တချို့ကိစ္စတွေက အခြေခံသိမထားရင် ရှင်းပြရခက်တယ်။ မဆိုင်တာတွေ ထည့်ပြောတာကလည်း ဆက်စပ်ပြီး သိသင့်တယ် ထင်လို့ပါ။
စိတ်၊ စေတသိက်အကြောင်း အကျမ်းဖျဉ်းသိထားရင် ပြောရတာလွယ်တယ်။
စေတနာနဲ့ အကြံပေးလိုတာက အဘိဓမ္မာအခြေခံကို လေ့လာကြည့်စေချင်တယ်။
အပြစ်ဖြစ်မဖြစ် (အပြစ်ကြီးမကြီး) ဆိုတာ ကံတခု ပြုလိုက်တဲ့ အခိုက်အတန့်မှာ ဖြစ်သွားတဲ့ မိမိစိတ်ပေါ်မှာ မူတည်တယ်။
ဥပမာ - ခြင်ကိုက်လို့ ရိုက်လိုက်တယ်။ ခြင်ကသေသွားတယ်။
ပါဏာတိပါတကံ ဖြစ်သလား။
သေစေချင်တဲ့ စေတနာရှိရင် ကံမြောက်တယ်။ မရှိရင် ကံမမြောက်ဘူး။
သေစေချင်တဲ့ စေတနာလဲရှိတယ်။ ၀မ်းမြောက်ဝမ်းသာနဲ့ သတ်တယ်။ ဒီလိုသတ်လို့ ကိုယ့်မှာ အပြစ်ဖြစ်မယ်ဆိုတာလဲ မသိဘူး၊ (သူကိုက်လို့ ငါရိုက်တာ ဆိုတဲ့ ရည်ရွယ်ချက်နဲ့)၊ ဘယ်သူကမှလဲ သတ်ဖို့ မတိုက်တွန်းဘူး … ဆိုရင် အပြစ်က အကြီးဆုံး။ အကျိုးပေးတဲ့အခါ အဲဒီလိုကံမျိုးကို ဦးဆုံးအကျိုးပေးတယ်။
ပါဠိလိုဆိုရင် သောမနဿ သဟဂုတ်၊ ဒိဋ္ဌိဂတသမ္ပယုတ်၊ အသင်္ခါရိကစိတ် လို့ ဆိုတယ်။
အကုသိုလ်ကို ဒီစိတ်နဲ့ပြုရင် အကျိုးပေးအကြီးဆုံး။
ထားပါတော့ သူခိုးတယောက် ပစ္စည်းခိုးလို့ ၀ိုင်းထိုးကြတယ်။ သူ့မှာ ခိုးတဲ့အပြစ်ရှိတာမှန်တယ်၊ အဲဒါက သူ့အပြစ်။ ၀ိုင်းထိုးတဲ့လူတွေက လူလူချင်း ညှဉ်းဆဲတာ … ဒီတော့ ထိုးတဲ့လူတွေမှာလဲ အပြစ်ရှိတယ်။ (ဒီလူဟာ ဘာဖြစ်နေနေ) ခိုးတဲ့သူအတွက် ဥပဒေရှိတယ်။ ရုံး၊ ထောင် စသဖြင့် သူ့ကိုအပြစ်ပေးတဲ့နေရာရှိတယ်။ ဒီလိုမှ အပြစ်မပေးဘဲ လွတ်ခဲ့ရင်လဲ မလွတ်နိုင်တာ သံသရာ။ သူ့အပြစ် သူခံရမှာပဲ။ သူ့အပြစ်ကနေ ကိုယ့်အပြစ်ဖြစ်အောင် မျှမယူသင့်ဘူး။ ဒုစရိုက်ပြုလို့ ဒုစရိုက်သမား မြင်ရုံမျှနဲ့ အပြစ်မဖြစ်ဘူး။ သို့သော် နင်သာလူမိုက် ဒုစရိုက်ဆိုပြီး ကဲ့ရဲ့ပြစ်တင်တာမျိုးက မသိရင် အပြစ်ဖြစ်နိုင်တယ်။ [ဘုရားပေါ် တံတွေးထွေးမိတဲ့ သောတာပန် ယောဂီမကြီးကို မြင်ပြီး (သောတာပန်မှန်းမသိလို့) ကဲ့ရဲ့မိရာက အပါယ်ကျသွားတဲ့ အဖြစ်။] ဆိုတော့ … ပြောချင်တာက ဘယ်သူက ဘာဆိုတာ ကိုယ်က မသိနိုင်ဘူး။ မှားယွင်းအပြစ်တင်မိရင် တသံသရာလုံး ဒုက္ခများတတ်တယ်။
သောတာပန်မှာ မပယ်နိုင်သေးတဲ့ အကုသိုလ်တရားတွေ အနည်းငယ်ကျန်သေးတယ်။ မသိရင် သာမာန်ပုထုဇဉ်လိုပဲ။ ကာမဂုဏ်တွေလဲ ခံစားသေးတာပဲ။ အိမ်ရာလဲ ထူထောင်နိုင်သေးတာပဲ။ အငြိမ့်လဲ ကြည့်နိုင်သေးတာပဲ။ ရဟန္တာဖြစ်မှသာ အကုသိုလ်အလုံးစုံ ပယ်နိုင်တယ်။
သောတာပန်ကိုမှ မဟုတ်ဘူး ဘယ်သူ့ကိုမဆို ကဲ့ရဲ့ပြစ်တင် ရှုံ့ချစိတ်ဟာ ဒေါသစိတ်ဖြစ်တယ်။ ဒီတော့ ဒီစိတ်နဲ့ပြုရင် ဒေါသမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိက စိတ် (အကုသိုလ်စိတ်) ဖြစ်လို့ အပြစ် ဖြစ်ပါတယ်။ ဒါဆိုရင် အင်္ဂုလိမာလနဲ့ ပတ်သက်လို့ ရှင်းပြီ ထင်တယ်။
(မကောင်းတာ လုပ်ခဲ့ပြီးတဲ့နောက် ကောင်းတာတွေလုပ်တာ များလာရင် မကောင်းတာတွေ ကျေသွားမှာလား …)
အဲဒါနဲ့ပတ်သက်လို့ ကံနဲ့ ကံအကျိုးပေးပုံကို နားလည်ဖို့လိုတယ်။
တချို့ကံတွေ အဟောသိကံ ဖြစ်သွားတယ် (အကျိုးမပေးတော့ဘူး)။ အင်္ဂုလိမာလနဲ့ပဲ ဥပမာထပ်ပေးရရင် သူဟာ ဒီဘ၀မှာပဲ လူသတ်တယ်။ ဒါပေမဲ့ ဒီဘ၀မှာပဲ ရဟန္တာဖြစ်သွားတယ်။ ဒါဟာ သူသတ်ခဲ့တဲ့ ကံထက် ကြီးမြတ်တဲ့ကံဖြစ်လာတဲ့အခါ လူသတ်ခဲ့တဲ့ ပါဏာတိပါတကံဟာ အဟောသိကံ ဖြစ်သွားတယ်။ အဇာတသတ်ဟာ သူ့မှာ ဒီဘ၀မှာ မဂ်ဖိုလ်ရမယ့် ပါရမီ ပါလာတယ်။ ဒါပေမဲ့ မိတ်ဆွေတု (ဆရာတု) နဲ့ပေါင်းမိလို့ အဖကိုသတ်လိုက်မိတဲ့ ပိတုဃာတကကံကြောင့် ငရဲကျရတယ်။ ဆိုတော့ အတိတ်ကံပါလာပေမဲ့ အဲဒီကံတွေက ကိုယ့်ပစ္စုပ္ပန် လုပ်ရပ်ကြောင့် ပြောင်းလဲသွားနိုင်တယ်။
ပရိတ်တွေ ရွတ်နေရုံနဲ့ အကုသိုလ်တွေ ကျေပျက်သွားသလားဆိုတော့ ပရိတ်ရွတ်သူပေါ်မှာ မူတည်တယ်။ အဖျဉ်းဆုံး အဓိပ္ပါယ်မသိဘဲ ရွတ်နေပါစေ (ကုသိုလ်စိတ် ဖြစ်ပွားပြီး) ရွတ်သူ အတွက် အကျိုးရှိတယ်၊ ပါရမီဖြစ်တယ်။ ပရိတ်ရွတ်သူ အင်္ဂါနဲ့ ညီရင် အကျိုးပေးပိုများတယ်။ ပရိတ်ထဲမှာ ပါတဲ့အတိုင်းကျင့်ရင် မဂ်ဖိုလ်နိဗ္ဗာန်ထိ အကျိုးပေးတယ်။ မင်္ဂလသုတ် တခုထဲနဲ့တင် မဂ်ဖိုလ် ရောက်နိုင်တယ်။
ကုသိုလ်အားကြီးရင် အကုသိုလ်ကို ဖျက်နိုင်သလို အကုသိုလ်အားကြီးရင် ကုသိုလ်ကို ဖျက်နိုင်တယ်။ ကုသိုလ် အကုသိုလ် အားပြိုင်တာပဲ။ ဒါကြောင့် ကုသိုလ်ကို အသေးအဖွဲပင် ဖြစ်လင့်ကစား ပြုပေးရတယ်။ ဒါဟာ စုဘူးထဲမှာ ငွေစုသလို၊ ရေအိုးထဲ ရေနည်းနည်းချင်း ဖြည့်သလို၊ ပါရမီတွေ ဖြည့်နေတာပဲ။ ဒီလောက်ဆို လုံလောက်ပြီ ထင်တာပဲ။
ဗေဒင်ဟောထားပါတယ်...
နှစ်သစ်အတွက်...
ပျင်းရင် လာလည်အုံးပေါ့...
အခုတော့... Happy New Year...
းဝ)
နှစ်သစ်ကူးမှာ....
ဗေဒင်ဟောလိုက်မယ်..
ဒီနှစ်အတွင်း...
စုတ် ရော လဒ် ဝင်မယ်... :D
ဖတ်ရင်း..ဖတ်ရင်း..ဖတ်ရင်း..
မသောက်ရဘဲကောင်းသွားဘာသည် ။
HAPPYNEWYEARS-2010-marita
အားလုံးကို ကျေးဇူးတင်ပါတယ်။
နှစ်ဟောင်းက post မို့ နှစ်သစ်ကို ယူမသွားချင်ဘူး လို့တော့ ကိုယ့်မှာ မရှိပါဘူး။
နှစ်သစ်ဆိုတာလည်း ပြက္ခဒိန်သာ အသစ်ပြောင်းသွားတာ။ ကိုယ့်အတွက်ကတော့ ဒီနေ့ကနေ မနက်ဖန်ပြောင်းရုံပဲမို့... ဒီ post အဟောင်းတွေနဲ့ ပတ်သတ်လို့ ပြောချင်တာရှိရင် အချိန်မရွေး လာပြောကြပါဦး။
စာရေးသူ ပြောတာတွေကို လက်ခံပါတယ်။
လေးစားစရာ မကောင်းတဲ့ အပြုအမူအတွက် (ကဲ့ရဲ့ ရှုံ့ချ ပြစ်တင်တာ မဟုတ်ဘဲ) လေးစားသမှုကိုတော့ ဘယ်သူဆီကမှ ရနိုင်မယ် မထင်ဘူး ယူဆပါတယ်။ ဘက်တူရင်တော့ တမျိုးပေါ့
သူခိုးဟာ သူခိုးဖြစ်ရင် သူခိုးလို့သာ သတ်မှတ်ခံရမှာပါ။
ဒီလိုပဲ ကလေးကလား လာရိရင် ကလေးကလား လာရိတယ်လို့သာ သတ်မှတ်ခံရမှာပါ။
သောတာပန် ယောဂီ အမျိုးသမီး မှားယွင်းလို့ တံတွေးထွေးမိတာကို ဝေဖန်ကြတာကတော့ တကဏ္ဍပါပဲ။
(အပြုအမူကို လက်ခံရသူဘက်က ကိုယ့်စိတ်စေတနာအရ ကုသိုလ် အကုသိုလ်ကို ပြန်ရမှာ မှန်ပေမဲ့... ) မလေးစားစရာ အပြုအမူကို ပြုသူဘက်က ပြုလဲ ပြုသေးတယ် လေးစားမှုလည်း လိုချင်တယ် ဆိုလို့ကတော့ မရနိုင်ပါ။
အင်္ဂုလိမာလ ကိစ္စကတော့ ရှင်းပါတယ်။
လူသတ်နေတဲ့အချိန်မှာ လူသတ်သမားလို့ သတ်မှတ်တာဟာ အကုသိုလ်စိတ်ဖြစ်ခဲ့ရင်တောင် သေးငယ်တဲ့ အမှုဖြစ်နိုင်ပြီး၊ အဲဒီ အချိန်မှာပဲ သတ်မှတ်ရုံမျှမက၊ ကဲ့ရဲ့ပြစ်တင် စကားလုပ်ပြောနေရင်တော့ သူ့အကုသိုလ်က ကိုယ့်အကုသိုလ် ဖြစ်မှာကို ပြတယ် လို့ နားလည်ပါတယ်။ ရဟန်းဖြစ်ပြီးနောက်ပိုင်းမှာတော့ အပြစ်ဖြစ်ကိုဖြစ်မယ် ဆိုတာ နားလည်ပါတယ်။
ပြုသူများဖက်က ကိုယ့်အပြုအမူ တလွဲအတွက်တော့ တဘက်လူရဲ့ ထိုက်တန်တဲ့ သတ်မှတ်ချက်ကိုသာ ရပါလိမ့်မယ်။ အဲဒါက သတ်မှတ်သူအတွက် အကုသိုလ် ဖြစ်ကောင်းဖြစ်နေနိုင်ပေမဲ့... လောကီနယ်ပယ်မှာတော့ ဒီတိုင်းသာ ဖြစ်နေမှာပါပဲ။ စကားတော့ တော်ရုံ လုပ်ပြောမိမှာ မဟုတ်ပါ။
ဒါကြောင့်လည်း ပညာဉာဏ်ကြီးတဲ့သူတွေဟာ သံသရာက လွတ်ရာလွတ်ကြောင်းကို ရှာကြတာနေမှာပါပဲလို့ ဆက်တွေးမိပါတယ်။ လောကီမှာတော့ ကိုယ်မလုပ်လဲ သူ့အမှားက ကိုယ့်အမှား ဖြစ်နေနိုင်သေးတာကို။
အဲဒါကြောင့် ကိုယ်က comment ပေးရင် တတ်နိုင်သမျှ သတိထားတာ။ ကိုယ့်ကို ထင်ယောင်ထင်မှား ဖြစ်ပြီး သူ့မှာ အကုသိုလ် ဝင်မှာစိုးလို့ ဘာမှန်းမသိတဲ့ ID နဲ့ မသွားဘူး။ ကိုယ်ဘာဖြစ်တယ် ဆိုတာ ရှင်းရှင်းလင်းလင်း ဖွင့်ပြီးမှ သွားခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ဆီကိုတော့ အဲဒီ အကုသိုလ်တွေ လာမြဲပဲ။
ဒီနေရာမှာတော့ ချေလိုက်လို့ ရရင် ကောင်းသားပဲ တွေးမိတယ်။ ကိုယ်က သူများကို အကုသိုလ် ပေးချင်စိတ်မရှိလို့ သူများကို comment ပေးတော့မယ် ဆိုရင် သတိထားတယ်။ ကိုယ်မှန်းသိအောင် နေတယ်။ ဘယ်သူဆိုတာ သိသာစေတယ်။ ဒါတွေကြောင့် သူများ ကိုယ့်ဆီလာလို့ ထင်ယောင်ထင်မှား ဖြစ်ရတဲ့ အကုသိုလ်(ဟုတ်တာကို မဟုတ်ထင်၊ မဟုတ်တာကို အဟုတ်ထင်တာ အကုသိုလ်) တွေ ကြေလေသတည်း ဆိုရင်တော့ မဆိုးပါဘူးလေ။
ကျေးဇူးတင်ပါတယ်။
ဆန္ဒမရှိရင် (အစွန်းထွက်တဲ့ အကြောင်းလဲ မရှိတော့တာာမို့) မပြန်ဘဲ နေနိုင်ပါတယ်။
ဒေါ်ရီတာရေ ဘာမဟုတ်တဲ့ Comment ပေးတာကို နာမည်အရင်းနဲ့ ၀င်ပြောမှ ဂုဏ်ရှိတာလား နာမည်ပြမှ အထင်ကြီးတတ်တာလား အပေါ်မှာ စာရေးသူတဦး ရေးသွားတာတွေကို သေချာ ပြန်ဖတ်စေချင်ပါတယ်
အင်း ကိုယ်ကလည်း ကိုယ်ရေးတဲ့စာကို ဖြတ်ပြီး မဖတ်စေချင်ဘူး။ ဖြတ်ဖတ်ရင် ဖြတ်ထားတဲ့ အဓိပ္ပါယ်လောက်ပဲ တွေ့မှာ။
အဲဒီ အနောနိမတ်ကိစ္စကို ဟို ဖြေကြည့်သူများ၊ အစဆွဲထုတ်ခြင်းတွေမှာကို ပြောပြီးပြီ။
အတိအကျပြောချင်တာက အနောနိမတ်ကို မဟုတ်။ အနောနိမတ်နဲ့ လာရိသူများကို ပြောချင်တာ။
လူဟာ နှစ်လို နေပြီိဆိုရင် ဘာနဲ့လာလာ ဘာမှ ဆက်မတွေးဘူး။ သို့သော် ရိလာပြီ ဆိုတာနဲ့ ဘာလို့ အသိမခံတာလဲ ဆိုတာကနေ ဆက်လာတဲ့ နောက်ဆက်တွဲတွေ အကြောင်း အဲဒါ ရေးပြီးသားမို့ ပြန်မရေးတော့ဘူး။
အနောနိမတ်တိုင်းကို မဆိုလို။
ဖြေကြည့်သူများ မှာတည်းက ကိုယ်နဲ့ ဆန့်ကျင်ဘက် အမြင်က ရေးပေမဲ့ ကိုယ် impress ဖြစ်ရတဲ့ အနောနိမတ် အများအပြားရှိတယ်။
အတိအကျ ပြောချင်တာက အနောနိမတ်နဲ့ ရေးလိုက်တာနဲ့ အများအားဖြင့် တာဝန်ယူစိတ် သိပ်နဲသွားပြီ။ ရိလိုက်ဖို့ ထေ့လိုက်ဖို့ သိပ်လွယ်တယ် ဆိုတာ ကိုယ်တိုင်ကြုံတဲ့ အဖြစ်နဲ့ အစဆွဲထုတ်ခြင်းမှာ post ပေါ်မှာတောင် တင်ရေးပြီးဖြစ်လို့...ဆက်မရေးလိုတော့ပါ။ ဖတ်လိုက ဖတ်နိုင်ပါသည်။ မဖတ်လိုက နေပါ။
(နာမည်အရင်းနဲ့ ၀င်ပြောမှ ဂုဏ်ရှိတာလား နာမည်ပြမှ အထင်ကြီးတတ်တာလား)
မေးစရာကို မလိုတဲ့ မေးခွန်းကြီး။ ဒါဆို blog ID အမှန်သုံးပြီး ပြောသွားတဲ့ ဟိုတလောလေးကမှ နာမည်ကြီးသွားတဲ့ ခုတလောတော့ ငြိမ်နေပြန်တဲ့ ဖြေကြည့်သူများမှာ အစပိုင်းနားလောက်က comment ပေးသွားတဲ့ blogger ကြီးတယောက်ကို ကိုယ် အထင်တွေကြီးနေရမှာပေါ့။
(ဘာမဟုတ်တဲ့ Comment ပေးတာ)
လာရိတဲ့ comment တွေကတော့ ဘာမဟုတ်တဲ့ comment တွေပဲ။ အဲဒါတွေကို ဘာနာမည်နဲ့ လာလာ အထင်မကြီးဘူး။
(ဟိုတလောလေးကမှ နာမည်ကြီးသွားတဲ့ ခုတလောတော့ ငြိမ်နေပြန်တဲ့) <<< ဆိုတာ blogger ကြီးကို ညွှန်းချင်တာပါ။ ကိုယ့် post ကို ပြောတာ မဟုတ်ပါ။ ဘာမှနားမလည်ဘဲ ဝင်မပြောနဲ့ ဆိုတဲ့ bloggerကြီး။
ဒါပေမဲ့ သူရေးတဲ့စာကို သူ့ ကိုယ်ပိုင် ID နဲ့ တာဝန်ယူပါလား လို့တော့ အသိအမှတ်ပြုမိတယ်။ အဲဒါ အထင်ကြီး/ သေးခြင်းနဲ့ ဘာမှ မဆိုင်ပါ။
1 Jan 10, 15:56
မိုးတိမ်ညို: မရီတာရေ မင်္ဂလာ နှစ်သစ်ပါခင်ဗျ။ ကွန့်မန့်မရေးဖြစ် ပေမယ့် မရီတာရေးတဲ့ ဗေဒင်အကြောင်းကို သေချာ ဖတ်သွားပါတယ်။ အဲဒါမျိုးကြိုက်တယ်။ အားပေးနေပါတယ်။
Rita ရဲ့ ပြန်ပြောတာတွေက ရန်လိုနေတယ်လို့ ခံစားရပါတယ်၊ မာန်မာနတွေများနေတယ်၊ ဒီလိုဆို မှားနေရင်တောင် အမှန်ကိုရှာတွေ့ဖို့ ခဲရင်းမယ့် မိန်းကလေးမျိုးပါလား။ ဘာပဲနေနေ စာတွေ အမြဲလာ ဖတ်ပါတယ်၊ တခါတလေတော့လဲ Rita ရဲ့ အပြောအဆိုတွေက စိတ်မချမ်းသာ မနှစ်မြို့စရာပါ။
မှန်ပါတယ်။
ကိုယ့်ဘာသာလဲ အဲလိုပဲ ခံစားမိတယ်။
သိပ် proud ဖြစ်လွန်းရင် အမှန်ကို ရှာတွေ့ဖို့ ခဲယဉ်းတာ အပြင်၊ တွေ့ခဲ့ရင်တောင် မျက်နှာလွှဲပစ်လိုက်နိုင်တယ် လို့ ဖတ်ဖူးတယ်။ ကိုယ်ဟာ တခါတလေ တကယ်ကို အဲဒီ ပုံစံဝင်နေတယ်။
ဒါပေမဲ့ အတတ်နိုင်ဆုံး ဘယ်ဟာမှန်တယ်၊ ဘယ်ဟာကောင်းတယ် ဆိုတာကို ဆန့်ကျင်ဖက်ပြုသူက ပြောလာခဲ့ရင်တောင် ဝန်ခံလိုက်ဖို့ သတိထား ကြိုးစားပြီး post မှာပဲ ဖြစ်ဖြစ်၊ အပြန်အလှန်ရေးကြတဲ့ comment တွေမှာ ဖြစ်ဖြစ် ဝန်ခံပြောဆိုနေခဲ့ပါတယ်။
တခုတော့ရှိတယ်။ အမှန်ကိုတော့ ရှာချင်စိတ် ရှိတာတော့ အမှန်ပါပဲ။
သူများ မပြောနဲ့၊ ဒေါသအလျောက်တုန့်ပြန်ပြီးလို့၊ စိတ်ပြေသွားတဲ့ အခါ ပြန်ဖတ်ကြည့်ရင် ကိုယ့်ဘာသာတောင် မနှစ်မြို့နိုင်တာတော့ အမှန်ပါပဲ။
ကြိုးစားပြီး ပြင်ကြည့်ပါဦးမယ်။
ဒီ comment အတွက် တကယ်ကို ကျေးဇူးတင်မိပါတယ်။
နောက်ကြုံကြိုက်လို့ ဟိုးအပေါ်က (January 1, 2010 6:05 PM) မှာ ရေးသွားတဲ့ အနောနီးမတ်ကို ပြောချင်ပါသေးတယ်။
ခုရေးသွားတဲ့ အနောနိမတ် (January 2, 2010 2:02 PM)လို comment မျိုး အတွက်ဆို ID မသုံးလဲ ကိုယ့်အတွက် ပြဿနာ မဟုတ်ပါဘူး ဆိုတာပါ။ တယောက်တည်း ဖြစ်နေမလားတော့ မသိဘူး။
ဒါပေမဲ့ ဘယ်သူဆိုတာ သိနေခဲ့ရရင်တော့ အသိအမှတ်ပြုတာက တခု ပိုသာပါလိမ့်မယ်။
ဒါကတော့ လူသာမန်တွေရဲ့ သဘာဝ အရပါပဲ။
ဗေဒင်ကတော့ ထားပါ .. ဒါပေမယ့် ယတြာချေရင်တော့ ပိုက်ဆံပိုကုန်တော့မယ် ထင်တယ်။ ဟီး
မြန်မာပြည်က လာပါတယ် ဗေဒင် မယုံဘူးဆိုလို့ပါ..။ အထက်က ရေးထားတဲ့ အပြန်အလှန် ဖြေရှင်းဆွေးနွေးချက်တွေကလည်း အဆင့်မြင့်လှပါတယ်။ ကိုယ်တောင် လိုက်မမီလို့ ကုလားမခြေထောက် ငှားလိုက်ရတယ်။ သေချာ ဖတ်ပြီးချိန်မှာတော့ လိုက်မီအောင်ဟဲ့ ဆိုပြီး ငှားသုံးမိတဲ့ ကုလားမခြေထောက်ကို ပြန်အားနာလိုက်မိပါတယ်။ မရီတာ... ဘာလဲ .. ဘယ်လဲ..။
" ကိုယ့်အတွက်ကတော့ ဗေဒင်ဆိုတာ သူဟောတာ မှန်ခဲ့ရင် (မှားရင် ဆိုတာ စကားထဲထည့်ပြောစရာ မလိုတော့ဘူး) ကြည့်ပြီးသား ရုပ်ရှင်ကို နှစ်ခါပြန် ကြည့်ရသလို ဖြစ်မှာကလွဲလို့ ..."
rita...
ညီမလေးကို ဗေဒင်ဟောပြောတဲ့ဆရာ တစ်ဦးက
"Rita .သမီးလေး... သမီးဟာ ဒီလ မှာ သေမယ် လို့ ဟောကိန်းထုတ်လိုက်တယ် ဆိုပါစို့ "
သမီးရုပ်ရှင်ကို နှစ်ခါပြန်ကြည့်သလို မဖြစ်တော့ဘူး.. ဘာလို့ လဲဆိုတော့ သမီးသေသွားတာ သမီးကိုယ်တိုင် ပြန်မကြည့်လိုက်ရလို့ ပဲ..။
သမီး စိတ်ဝင်စားတာ မ၀င်စားတာ မပြောလိုပါဘူး..
ဗေဒင် မယုံဘူးလို့ ငြင်းချင်သူများ .. ဗေဒင်က ပြောတဲ့ အတိတ်နိမိတ်တွေကို မယုံဘူးလို့ ပြောချင်သူများ.. ကိုယ့်စီးပွားရေးလုပ်ငန်းဖြစ်ဖြစ် ၊ ကုမ္မဏီဖြစ်ဖြစ် အမည်လေးပေးကြည့်ပါ..
- မွဲပါပြီ ကုမ္မဏီ
- သူတောင်းစား ကုမ္မဏီ
အစရှိသဖြင့်ပေါ့..
သားလေး သမီးလေး မွေးရင်လည်း အတိတ် နိမိတ်မကောင်းတဲ့ အမည်တွေ
- တစ်ခုလပ်ပျိုပျိုမေ
- မုဆိုးဖိုကိုကို
တို့ ပေးကြည့်ပါ..
စိတ်မ၀င်စားဘူးဆိုတဲ့ Rita တောင်မှ ဘလော့အမည်ကို ဘာတဲ့
rita. ever green sky ဆိုလားဘာလား..
ဗေဒင်ဆရာ
တဟားဟားကို အော်ရယ်နေရလို့ ကျေးဇူးတင်မိပါတယ် :D
သေမယ်ဟောလဲ ရုပ်ရှင် နှစ်ခါပြန်ကြည့်ရသလို ဖြစ်ဦးမှာပါပဲ။ ဘာလို့ဆိုတော့ ဗုဒ္ဓဘာသာ အလိုအရတော့ နောက်ဘဝ တစ်ခုခုကို ကူးရဦးမှာကိုး။ အဲဒီမှာ ကြားထဲ နာနာဘာဝ ဘဝများ နေရဦးမယ် ဆိုရင် ပြန်မြင်နေမှာမို့ မပူပါနဲ့။ ထပ်ကြည့်ဦးမှာ အဲဒီရုပ်ရှင်။
ဗေဒင်က ပြောတာကို မယုံတာလဲ မဟုတ်။ ဗေဒင်ကို မယုံဘူး ပြောထားတာလဲ မဟုတ်ဘူးဆိုတာကို စာဖတ်ကြည့်လို့ နားလည်ရင် သိသလို၊ မဟုတ်ဘူးဆိုတာကို အတိအလင်း ပထမပို့စ်တစ်ခုရဲ့ comment မှာ ထည့်ရေးထားပြီးဖြစ်ပါတယ်။
ကိုယ့်ပြောလိုရင်းသည် ဗုဒ္ဓဘာသာဝင် စစ်စစ်ဆိုသူများအတွက် ဗေဒင် လိုအပ်ပါသလား ဆိုတာပဲ ဖြစ်ပါတယ်။
နာမည်ပေးကိစ္စ။
ဘယ်ဗေဒင်ဆရာမှ မလိုပါ။
ဗေဒင်မမေးဘူး ဆိုတာနဲ့ပဲ၊ ကျက်သရေတုံးတဲ့ နာမည်များလည်း ပေးစရာမလိုပါ။
ကျက်သရေရှိတဲ့ နာမည်တစ်ခုခုပေးဖို့လည်း ဘယ်သူ့ အကြံဉာဏ်မှ မလိုပါ လို့ပဲ ပြောချင်ပါတယ်။
ကိုယ့်သားသမီးအတွက်တော့ မွေးထားတဲ့ မိဘဆွေမျိုးသားချင်းက ချစ်ခင် ဂရုစိုက်မှုနဲ့ မှည့်ပေးထားတဲ့ နာမည်ကသာလျှင် အဓိပ္ပါယ် အရှိဆုံး ဖြစ်တယ်လို့ ခံယူပါတယ်။
ကိုယ့်နာမည်ရင်း နဲ့ ဘလော့နာမည်ဟာလဲ ဘယ်ဗေဒင်ဆရာရဲ့ အာဘော်မှ မဟုတ်တာကို ဂုဏ်ယူစွာ ပြောကြားလိုပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်။ နောက်လဲလာပါ။ ရီရလို့။
:)))
အော်ရီချင်လည်း ရီပါ ..ပြဿနာ မရှိပါဘူး.. ပြက်ရယ်ပြုတာ မရှိဘဲ အပြန်အလှန် လေးစားမှု ရှိရင် ရပါပြီ..
rita ကို ယုံလဲမယုံခိုင်းပါ.. မယုံနဲ့ လို့ လည်း မဆိုလိုပါ..
ပြောချင်တာက အဲဒီ နာမည်ပေးတာတို့ ကို ကြက်သရေတုံးတဲ့ အမည် မပေးရဲသရွေ့ မသိစိတ်က
လက်ခံနေသေးတာပါပဲ..
ဗေဒင် ယတြာ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဗေဒင်အကြောင်း မသိမတတ်ဘဲ ကိုယ်ထင်ရာ ကိုယ်ပြောထားလို့ ပညာပိုင်းဆိုင်ရာ အနေနဲ့ ရှင်းပြတာပါ..
ကွန်မန့် တစ်ခုက ဟာလေးပေါ့
"ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်။ ကိုယ်ပြုသမျှ ကိုယ့်ကံက ကိုယ်ပိုင်တဲ့ဥစ္စာပဲ လို့ ယုံကြည်ကြတဲ့ ဗုဒ္ဓဘာသာဝင် ဆိုသူများဟာ... အဲလို သူများဆီက ညွှန်ကြားချက်ကို ဘာကြောင့် မဖြစ်မနေ လိုအပ်နေရတာလဲ။ ငှက်အစား ငါးမှားလွှတ်မိမှာ စိုးလို့လား။"
ကောင်းတာလုပ်တိုင်းလည်း ကောင်းတာမဖြစ်ပါ..ကောင်းကျိုးတော့ ခံစားရပါလိမ့်မယ်..
ငှက်အစား ငါးမှား လွှတ်မိမှာ စိုးလို့ ဆိုတာကတော့
တနင်္လာနံချင်းတူပေမဲ့ .. ငှက်ဟာ လေမှာ ကျက်စားပါတယ်.. ငါးဟာ ရေမှာ ကျက်စားပါတယ်။
လေ =၀ါယော (လျှင်မြန်မှုကို ဖြစ်စေပါတယ်)
ရေ = အာပေါ (ယိုစီးမှုကို ဖြစ်စေပါတယ်)
လျှင်မြန်မှု ကို လိုချင်တဲ့ သူ ယိုစီးမှုကို လုပ်လို့  မရပါ။
ငါးလို့ ပြောပြီး ငါးရံ့ ပဲ လွှတ်မှာလား.. ရွှေငါးလွှတ်မှာလား..။ အစာကျွေးရင်လည်း ကျောင်းတော်ရာက ငါးတွေကိုပဲ အစာသွားကျွေးမှာလား ။ ငါးမွေးကန်က အလှငါးလေးတွေကို အစာကျွေးမှာလား ...
လေးနက်မှု ရှိပါတယ်.
ဒါကြောင့် ဒီပညာပိုင်းမှာ တတ်သိတဲ့သူ ရဲ့ အကြံပေးမှု လိုအပ်ပါတယ်.. ဘာလို့ လဲ ဆိုတော့ ကိုယ်မှ မတတ်တာကိုး။
ဗေဒင်ဆရာ
အင်း ဟုတ်ပါပြီ။ အချိန်ပေးလာရှင်းပြတာတော့ ကျေးဇူးပါ။
ဒါပေမဲ့ ကိုယ်သာဆိုရင်တော့ ကောင်းမှုတစ်ခုခုကို လုပ်ဖို့ ဆန္ဒရှိရင် ချက်ချင်း လုပ်ဖို့လွယ်တာကို လုပ်လိုက်မှာပါ။ ခက်ခက်ခဲခဲ လုပ်မှ ရမှာကို ကိုယ်သိတယ်။ လုပ်ဖို့လည်း လိုမယ် ဆိုရင်လည်း လုပ်မှာပါ။
ဒါပေမဲ့ ငှက်အစား ငါးကိုမှားပြီး လွှတ်မိမှာ စိုးရိမ်နေမှာ မဟုတ်သလို... ငှက်မလွှတ်ဘဲ ငါးလွှတ်မှ ရမယ် လာပြောတာမျိုးကိုတော့ စိတ်ဝင်တစား နာယူမိမည် မဟုတ်ပါ။
ကိုယ့်ကိစ္စ အဆင်ပြေဖို့ဆိုတဲ့ စိတ်သက်သက်နဲ့လည်း ဒါတွေကို ခုချိန်ထိ မလုပ်ဖြစ်သေးတာ သေချာ ပြောနိုင်ပါတယ်။ ဒီလိုပြောလို့ အတ္တအားလုံး ကင်းစင်ပြီး လုပ်တယ်လို့လဲ မကြွေးကြော်ပါ။ ကိုယ့်အတွက် ကောင်းမှုတခုခု လုပ်လိုက်တာပါပဲ။ အဲဒီ အခါမှာ ကိုယ့်အတွက်ချည်း သက်သက်မဟုတ်ဘဲ သူများရဲ့ အသက်ချမ်းသာရာ၊ လွတ်မြောက်ရာအတွက် လုပ်လိုက်တာပါပဲ။ ဒါပါပဲ။
ငါးလွှတ်မယ့် အချိန်မှာ ငါးလွှတ်လို့ မင်းကိစ္စတွေ အဆင်ပြေမှာ မဟုတ်ဘူး ပြောလာမယ့် စကားမျိုးကိုလည်း ကိုယ်က ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါ။ ဘာလို့ဆိုတော့ အဲဒီလို အယူအစွဲ မရှိလို့ ဖြစ်ပါတယ်။
ကျက်သရေ ရှိတဲ့ နာမည် ပေးတာ လူကြားကောင်းတဲ့ နာမည်ပေးတာကတော့ ဗေဒင်နဲ့ ဘာမှ မဆိုင်ဘူး။ လူဆိုတာ အတ္တကို အခြေခံလို့ ကိုယ်နဲ့တကွ သူများ ကြားကောင်းအောင် သူများလေးစားအောင် ပေးတာပါပဲ။ အမည်နာမဆိုတဲ့ ပညတ်တွေအတွက် ဗေဒင် အားကိုတဲ့လူက ကိုးမှာပေါ့။ မကိုးတဲ့လူက မကိုးဘဲ ကိုယ့်ဘာသာပေးမှာပေါ့။
နင်တို့ ဗေဒင်ဆရာမမေးရင် အဲလို ကျက်သရေတုံးတာတွေ ပေးလိုက်ပါလား ဆိုတာကတော့ ဘာမှ မဆိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်။
ကိုယ့်ဘာသာ မမေးချင် မမေးဘဲ နေလို့ရသလို၊ မေးချင်လည်း မေးလို့ ရတာပါပဲ။ မမေးရင် ဘာ... မေးရင် ဘာ... ဆိုတာကတော့ ပြောနေလဲ ပြောလို့ရပါတယ်။ ဒါပေမဲ့ အာညောင်းရုံပဲ။ ဘယ်သူမှ လိုက်နာမှာ မဟုတ်ဘူး။
ကိုယ့် ပို့စ်ကတော့ ဘာသာရေးနဲ့ ယှဉ်လို့ တွေးမိထားတဲ့... "ဗုဒ္ဓဘာသာက ဒီလို ရှိတယ်လို့ ယုံကြည်တယ်ဆိုရင်... ဗုဒ္ဓဘာသာဝင်များဟာ ဘာကြောင့်..." ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။
အေးဗျာ.. ကိုယ်က လေရှည်မိတာကိုး..
ဘာသာရေးနဲ့ ယှဉ်တွေးမိလို့ 
ဗုဒ္ဓဘာသာက ဒီလိုရှိတယ်လို့ ယုံကြည်တယ်ဆိုရင်..ဗုဒ္ဓဘာသာဝင်များ ဘာကြောင့်..
(၁) ကွန်ပျူတာ သင်တာလဲ
(၂) စစ်ပညာ သင်တာလဲ
(၃) သိပ္ပံ ၀ိဇ္ဖာပညာတွေ သင်တာလဲ
အဲဒါတွေက သံသရာက လွတ်မြောက်ကြောင်းတရားတွေ မို့ လို့ လား.. ဒါဆိုရင် ဒီပညာသင်တဲ့သူတွေအားလုံး ဘာကြောင့်.......။
ဒီလိုမျိုးရေးတဲ့သူတွေ တစ်ယောက်မှ မရှိပါ...
လောကီပညာလေ့လာလိုက်စားနေတဲ့သူအချင်းချင်း တစ်လုံး ပိုရှူချင်နေတာတော့ rita ပြောသလို အတ္တကြောင့် ထင်ပါရဲ့ .။
နိဗ္ဗာန်ရောက်ဖို့ ရာအထောက်အပံ့သည် ဟောတု ဖြစ်ပါစေသတည်း...။
ဗေဒင်ဆရာ
ဒါကတော့ ရှင်းပါတယ်။
ဗုဒ္ဓဘာသာဟာ ကိုယ်လုပ်မှ ကိုယ်ရတယ် ဆိုတဲ့ အနှစ်သာရနဲ့ ဘာသာ ဖြစ်ပါတယ်။
အဲဒီတော့ ကိုယ့်ဘဝအတွက် ကိုယ်လုပ်မှ ကိုယ်ရတဲ့ ဘာသာရပ်တွေကို လေ့လာသင်ကြားတာပေါ့။ သံသရာက လွတ်မြောက်ကြောင်းတရားတွေကိုပဲ လေ့လာရမယ်ရယ်လို့ ကိုယ့် post မှာ ပြောခဲ့တာမှ မဟုတ်တာ။ ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး ဒါမျိုးတွေ သင်တာဟာလည်း သံသရာက လွတ်မြောက်ကြောင်းကို ဆန့်ကျင်တယ်လို့ ဘယ်ဘုရားမှ ဟော မသွားပါ။
ကိုယ်ပြောချင်တဲ့ လိုရင်းဟာ ကိုယ်လုပ်မှ ကိုယ်ရမယ့် ကိစ္စကို ရှေ့ဘာဖြစ်မလဲ မသေမချာ မရေမရာပဲ ပြောနိုင်မယ့် လူတွေကို ဘာလို့ မေးချင်ကြတာလဲ ဆိုတာပါ။ ကောင်းတာ လုပ်ဖို့ အတွက် ဘာမှန်းညာမှန်း ကိုယ် သေချာ မဝေခွဲနိုင်တဲ့ လူတစ်ယောက်ဆီက ညွှန်ကြားချက်ကို ဘာကြောင့်လိုနေရတာလဲ ဆိုတာပါ။
ကိုယ့်ဆိုလိုရင်းကို ဉာဏ်နဲ့ သိမြင်နိုင်ပါစေ။
ဆရာ့ဆရာတွေကလည်း တွယ်သကိုး။ မလုပ်ကြပါနဲ့ဗျာ။ ဘုရားမပွင့်ခင်တည်းက သူ့ဖာသာ ခမ်းနားတောက်ပလာတဲ့ ဗေဒင်ပညာဟာ ကမ္ဘာပျက်သုဉ်းသည်အထိ ဆက်တည်တံ့နေဦးမယ်ဆိုတာ မသိရှာတော့ ခွင့်လွှတ်လိုက်ကြပါ။ သူ့ခမျာ .. နထူပထူ ဗေဒင်ကြောင်ပါးဆရာတွေပဲ မြင်ဖူး၊ ကြားဖူးရှာသနဲ့ တူပါတယ်။ သံသရာက အရင်လွန်မြောက်သွားမယ့်သူ၊ နိဗ္ဗာန် မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ဒိုးမယ့် ဆုထူးပန် ပုဂ္ဂိုလ်ကြီးများ ဖြစ်နေရင် နေရင်းထိုင်ရင်း ... အကုသိုလ်များနေပါ့မယ်။ မမကြီးရီတာပြောသွားတဲ့အတိုင်း လူဆိုတာ အမှန်တရားကို ခါးသီးတတ်တဲ့ သတ္တဝါမျိုးတွေပဲ လို့ သိထားရင် နေတတ်ထိုင်တတ် သွားတာပါပဲ။ တဲ့။ ဗေဒင်ယုံသော ပရိသတ်များ ဗေဒင်ဟောသော ဆရာများလည်း ... နေတတ်ထိုင်တတ် ပါစေဗျာ။
အော်..မေ့လို့..မြန်မာပြည်က လာဖတ်ပါတယ်။ UserOne ဆိုတာ ကိုယ့်ကိုကိုယ် ထေရဝါဒစစ်စစ်ကြီးပါ ကြွေးကြော်ရင်း ဖေတော့မောင်တော့နေသူများ၊ ဆတ်ဆတ်ထိမခံ၊ ကြက်ခေါင်းဆိတ်မခံသူများ၊ ကာလာမသုတ်ကို ကိုင်ပြီး ကာလာမသုတ်ကို မေ့နေသူများအတွက် သံလက်သီးစွပ်ထားတဲ့ လူတစ်ယောက်ပါ။ နောက်လဲ လာပါဦးမယ် ပျော်လို့။
Rita ကောင်းမှုကုသိုလ် လိုချင်လို့ ၊ ကောင်းတာလုပ်ချင်လို့ .. ကိုယ်တိုင်ကိုယ်ကျ ဘုန်းကြီးကျောင်းဆောက်ပြီး လှူဒါန်းချင်တယ်.. Rita ကိုယ်တိုင် ဆောက်မှာလား..တတ်ကျွမ်းတဲ့ ဗိသုကာပညာရှင် ခေါ်ပြီး ကျောင်းဆောက်ပြီးမှ ကောင်းမှုကုသိုလ်အဖို့ ကို ရေစက်ချ အမျှဝေမလား။ ဒါမှ မဟုတ် ကိုယ်တိုင် အုတ်သယ်ပေးမှာလား။ မဆလာအိုး ရွက်မှာလား ။ ဒါလည်း ပညာရှင် အကူအညီလိုတာပဲ.. ဆလာအိုး မရွက်တတ်ရင် ဇက်လေးတယ်..မဆလာ ပေမယ်..
ထောင်ထဲရောက်နေတဲ့သူ တစ်ယောက် ကောင်းမှုကုသိုလ် ရအောင် ဘုန်းကြီးဝတ်ချင်လို့ မရဘူး.. ကိုယ်လုပ်မှ ကိုယ်ရတယ် .. ဒါပေမဲ့ အချိန်နဲ့ နေရာမှားနေတယ်..
အူအတက်ပေါက်လို့ ခွဲမယ်.. ကိုယ်လုပ်မှ ကိုယ်ကောင်းမယ်.. ကိုယ့်ဟာကိုယ် ခွဲလို့ မရဘူး...ပညာရှင်ကို ပြရတယ်..
ကောင်းတာ လုပ်ဖို့ အတွက် ဘာမှန်းညာမှန်း ကိုယ် သေချာ မဝေခွဲနိုင်တဲ့ လူတစ်ယောက်ဆီက ညွှန်ကြားချက်ကို ဘာကြောင့်လိုနေရတာလဲ ဆိုတာပါ။"
ရှေ့ ဘာဖြစ်မလဲ ဆိုတာ အနီးစပ်ဆုံး လမ်းညွှန်မှု ပေးနိုင်တဲ့ပညာရှင်တွေဆီမှာ တိုင်ပင်ပေါ့ဗျာ.. ကိုယ်လုပ်မှ ကိုယ်ရတယ်..ဒီလို လုပ်ရင် ဒီလိုဖြစ်မယ် လို့ မသိကြတဲ့သူတွေ
မောဟဖုံးနေတဲ့သူတွေများနေတော့ သိနားလည်တဲ့ ပညာရှင်တွေ ဆီမှာ အကူအညီတောင်းရတာ သဘာဝပါပဲ..
Rita နိုင်ငံတစ်ကာက Consultant တွေ၊ Counselling ပေးနေတဲ့ ပညာရှင်တွေ ထမင်းငတ်ကုန်ပြီ.. Weather forecast ချက်ပေးနေတဲ့ ပညာရှင်တွေ သွားတာပဲ..
ဘာဖြစ်မယ်မှန်း သိလို့ လား.. အနီးစပ်ဆုံးခန့် မှန်းပေးကြတာပဲလေ..
Rita မြို့ တစ်ခုရဲ့ ဘုန်းကြီးကျောင်းမှာ ကောင်းမှုလုပ်ချင်လို့ သွားတဲ့အခါ လမ်းပျောက်နေရင် ၊ လမ်းမှားနေရင် အဲဒီ မြို့ နယ်က ဘာမှန်းညာမှန်းမသိတဲ့ ဆိုက်ကားသမား ကို မေးရတာပါပဲ..။
တိုက်ခန်းတစ်လုံး လို ချင်လို့  ၀ယ်တာတောင် ဘာမှန်းညာမှန်းမသိ တဲ့ ပွဲစားတွေဆီမှာ ဘာလို့ မေးနေကြတာလဲ.. ကိုယ့်ဟာကိုယ် ပိုင်ရှင်ဆီ ၀ယ်ကြပေါ့.. ဒီပွဲစားက ဒီအခန်း သေချာပေါက်ရမယ် အာမခံနိုင်လို့ လား..
Rita လို ဘာသာတရားကို ပေါက်မြောက်အောင် ထားထုတ်ဖူးကြတဲ့သူတွေ ၊ လေ့လာဖူးကြတဲ့ သူတွေမဟုတ်တော့ လည်း ဒီလိုပဲ တတ်သိနားလည်တဲ့ ပညာရှင်တွေဆီ ချဉ်းကပ်ကြရတာပါပဲ..
လူတိုင်းဟာ ဘုန်းကြီးကျောင်းသားတွေ မဟုတ်ကြသလို အချိုတွေချည်းလဲ မဟုတ်ကြပါ...
ဗေဒင်ဆရာ
၁။ ပရိတ်နိဒါန်းမှာ အပိုဒ်၉မှာ နက္ခတ္တတောဝါ (ဂြိုဟ်နက္ခတ်ဘေးအန္တရာယ်)ဆိုပြီးပါပါတယ်၊ပုဗ္ဗဏှသုတ် နောက်ဆုံးသုံးဂါထာ တိကုဂုင်္တ္တရပါဌိတော်လာမှာ သုနက္ခတ္တံ (ကောင်းသောနက္ခတ်ဖြစ်ပါစေသတည်း)ဆိုပြီး ပါပါတယ်၊ ဗုဒ္ဓဟောကြားခဲ့တဲ့ ပရိတ်တော်တွေပါ။
၂။ ဗေဒင်ပညာက ဘာသာရပ်တစ်ခုပါ၊ ဘာသာရေးနဲ့ မပတ်သက်ပါဘူး၊ ဒါပေမယ့် ကံဟောပညာဖြစ်လို့ နဲ့ ကံအကြောင်းတရားကောင်းမှ အကျိုးတရား ကောင်းမယ်ဆိုတဲ့မူအရ နောက်ဆက်တွဲ ယတြာကို ဒါန၊ သီလ၊ ဘာဝနာ အခြေခံတဲ့ ကံအကြောင်းတရားတွေ ပြုလုပ်ခိုင်းတတ်ပါတယ်။
၃။ အစစ်ဆိုတာရှားတယ်၊ တန်ဖိုးရှိတယ်။
အတုတွေနေရာတိုင်းမှာရှိတယ်၊ ဗေဒင်လောကမှာလည်း အတုတွေရှိတယ်၊ ဆင်းရဲမွဲတေလာလေ အတုတွေက အစစ်အယောင် ဆောင်ပြီး လိမ်စားလာလေပဲ၊ ကိုယ်ခံအားနည်းသူ အယုံလွယ်သူတွေဟာ အတုတွေရဲ့ သားကောင်ဖြစ်မယ်၊ ဒါကြောင့် အတုတွေက အစစ်တွေရဲ ဖြစ်တည်မှုနဲ့ ဂုဏ်သိက္ခာကို ဖျက်စီးပစ်တတ်တယ်။
၎။ စီးပွားရေးလုပ်ငန်းဆိုင်းဘုတ်တင်တဲ့အခါ၊ ကိုယ့်ကလေးမွေးတဲ့အခါ စသဖြင့် စသဖြင့် အခါတွေတိုင်းမှာ စုတ်ပြတ်သတ်နေတဲ့နံမည်ကို ရွေးရဲပေးရဲပြီဆိုတဲ့သူကိုတော့ ဗေဒင်မယုံသူစာရင်းမှာ သွင်းပေးထိုက်ပါတယ်၊ အဲလိုမပေးရဲသေးသ၍တော့ မသိစိတ်ထဲမှာ ဗေဒင်လိုလောကီပညာတွေကို လက်ခံထားတုန်းပဲလို့ ယူဆလိုက်ပါရစေ။
ဗေဒသုတေသီတစ်ဦး
ဗေဒင်ပညာ ဆက်လက် တည်တံ့ခြင်း မတည်တံ့ခြင်းကို ကိုယ် စိတ်မဝင်စားပါ။ ကိုယ်ပြောလို့လည်း မေးတဲ့သူက ဆက်မေးနေမှာဖြစ်ပြီး မမေးတဲ့သူကလည်း အရင်အတိုင်းပဲ ဆက်မမေးဘဲ နေမှာပါပဲ။ ကိုယ်ကလည်း မေးခွန်းထုတ်ချင်လို့ ထုတ်ရုံသက်သက်ပါပဲ။
အူအတက် ပေါက်လို့ ဆရာဝန်ဆီ သွားရတာ ဆရာဝန် ခွဲခိုင်းရတာနဲ့ ကုသိုလ်ကောင်းမှုလုပ်ဖို ဗေဒင်ဆရာဆီ သွားရတာ ကိုယ့်အတွက်တော့ ဘာမှ မဆိုင်သော သဘောတရားများသာ။
အူအတက်ပေါက်ရင် ဆရာဝန်ဆီ သွားရမယ့် ကိစ္စ ဗေဒင်ဆရာဆီသွားပြီး သေမှာလား ကြေမှာလား မေးရန်မလို၊ ဗုဒ္ဓဘာသာ အရ ကိုယ်ပြုခဲ့သမျှ ကိုယ့်ကို အကျိုးပေးမှာ ဖြစ်လို့ ဆေးကုသခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက်သည် ကိုယ်ပြုခဲ့သမျှရဲ့ အကျိုးပေးအတိုင်းဖြစ်လာမည်လို့ လက်ခံရင် ယတြာမလိုပါ။ ကိုယ်လို လက်ခံသူများက ယတြာကိစ္စ မလိုအပ်ဘဲ လုပ်စရာ ရှိတာကို လုပ်ပါလိမ့်မည်။ လက်ခံသူများကလည်း ဗေဒင် ယတြာဆီ သွားကြပါလိမ့်မည်။ မပူပါနှင့်။
ထို့အတူ လမ်းမသိလို့ မေးခြင်းကိုလည်း ဒေသတွင်းက ဆိုက်ကားဆရာ တက်ဆီဆရာကိုသာ မေးမှ ရပါမည်။ ဒေသတွင်းက မဟုတ်သော ပြင်ပ နာမည်ကြီး ကိုယ်သွားမည့်နေရာ မရောက်ဖူးသော လျှမ်းလျှမ်းတောက် ဗေဒင်ဆရာဆီ မေးပြီး လမ်းမမှားအောင် ယတြာချေတာမျိုးတော့ ယုံကြည်သုံးစွဲသူများတောင်မှ လုပ်မည်မထင်။
ခုခေတ်မှာတော့ GPS ပါသော ဖုန်းတစ်လုံး ကိုင်သွားလျှင်ပင် လုံလောက်ပေပြီ။ မသုံးတတ်ပါကလည်း ဒသတွင်း ကျွမ်းကျင်သူများထံ မေးပါလိမ့်မည်။ ဒီကိစ္စ ကံ ကံ၏ အကျိုးနဲ့ ဆက်စပ်ပြောစရာ မမြင်လေ။
ဘုန်းကြီးကျောင်းဆောက်ခြင်း ကိစ္စ အတွက်လည်း ထို့အတူ။ ကျောင်းဆောက်သည် ဆိုသော ကောင်းမှု ကိစ္စ အတွက် ကိုယ်တိုင် ဘာမှ မလုပ်နိုင်။ ငွေရေးကြေးရေး ထည့်ဝင်သည်မှ လွဲ၍။ ခေါ်ပါမည်။ ဗိသုကာပညာရှင်မှ စ၍... အုတ်သယ်သူ အဆုံး။ ကိုယ်တိုင်လုပ်မှ ကိုယ်တိုင်ရမည်ဆိုသည်မှာ အုတ်ကစ ဖုတ်တတ်ရန် မလိုပါချေ။ ရှေးရှေးဘဝက ကုသိုလ်ကောင်းမှုများကြောင့် ကျောင်းဆောက်ရန်ပင် ကြွယ်ဝနေပြီး ဖြစ်လျှင် ပါရမီဖြည့်သူများ အလိုလိုပင် ပေါ်လာချေမည်။ ကိုယ်က တန်ရာတန်ဖိုး ပေးရုံမျှသာ။
သို့သော်........
ကိုယ်လို ယုံကြည်သူများ အဖို့... ဘယ်ဗေဒင်ဆရာဆီမှာမှ... ဘယ်ထောင့်လှည့်လို့ ဆောက်ရမည်။ ဘယ်မြေကွက်မှ သင့်တော်မည်။ ဘယ်အချိန် ဘယ်ကာလ ဘယ်နေ့ဘယ်ရက်မှ ဆောက်ရမည်။ ဆောက်ပြီးကျောင်းအား ဘယ်ကဲ့သို့ နာမည်ပေးရမည် စသည်များ တွက်ချက်ရန် ဘယ်ဗေဒင်ဆရာဆီမှ သွားရောက်မေးမြန်းရန် လိုမည် မဟုတ်ပါချေ။ လိုမည်ထင်သူများကလည်း မပျက်မကွက်ပင် ဆရာရှာ၍ မေးမြန်းကြပါလိမ့်မည်။ မပူပါနှင့်။
ကိုယ့်ကိုယ်ကိုယ်လဲ ထေရဝါဒ စစ်စစ်ဟု မကြွေးကြော်။ ယုံမှား သံသယ ကင်းပြီးသူ မဟုတ်ပါဟု ပြောကြားပြီး။ အလွန်ဆုံးမှ ထေရဝါဒ စစ်စစ် ဖြစ်ချင်သူမျှသာ။ ဖြစ်ဖို့ ကြိုးစားလေ့လာသူ မျှသာ ဖြစ်ပါသည်။
ထေရဝါဒကို နိုင်သလောက်လေ့လာရင်းမှ တွေ့ရှိရသမျှကို ချိန်ထိုး၍ မေးခွန်းထုတ်ခြင်းဖြစ်။
အထက်က ကွန်မန့်များတွင် ဗေဒင် ယုံကြည် သုံးစွဲသူများ လာရောက်ရေးသားခြင်း မရှိသလောက်ဖြစ်သည်ကို မြင်တွေ့နိုင်သည်။ အကြောင်းမှာ ဒီ ပို့စ်သည် ဗေဒင် ယုံခြင်း မယုံခြင်း အကြောင်း မဟုတ်သည်ကို နားလည်၍ ဖြစ်နိုင်သည်။ ဘာသာရေးနှင့် ပတ်သတ်၍သာ အများဆုံး ပြောသွားကြကြောင်း သိမြင်နိုင်ပါသည်။
စစ်ခြင်း တုခြင်း များကိုလည်း သိပါသည်။
တုခြင်းကို ထည့်မပြောလိုပါ။ စစ်ပါသည် ဆိုသော ဘုရားလောင်းကို ဘုရားဖြစ်မည် ဟောသူပင် ရှိတာကို သိပါသည်။ သို့သော် သူဟောဟော မဟောဟော ဖြစ်ကို ဖြစ်လာမှာ အတွက် ကိုယ်လိုလူတွေက ဗေဒင်ကို မလိုအပ်ဘူး ခံယူပါလိမ့်မည်။ သို့သော် ဖြစ်ဖြစ် မဖြစ်ဖြစ် ကြိုကို သိကိုသိရမှ ဆိုတဲ့လူတွေကလည်း ဗေဒင်ဆရာကို ရှာကို ရှာကြပါလိမ့်မည်။ ထို့ကြောင့် မပူပါနှင့်။ ကိုယ်ရေးလိုက်တဲ့ ပို့စ်ကြောင့် ဗေဒင်ခရေဇီများ ဗေဒင်ဆရာကို ပယ်ခွာကြလိမ့်မည် မဟုတ်ပါချေ။ မခရေဇီသူများကလည်း လုံးဝ ဆည်းကပ်ကြမည် မဟုတ်ပါချေ။
အမည်ပေး ကိစ္စကို ဗေဒင် မေးမေး မမေးမေး စုတ်ပြတ်သတ်တဲ့ နာမည် ပေးရဲမှ ဗေဒင် မယုံသူများ စာရင်းသွင်းမည် ဆိုပါကလည်း ဗေဒင် မသုံးသူ၊ စိတ်မဝင်စားသူ (မယုံသူ မဟုတ်) များက ဂရုစိုက်လိမ့်မည် မဟုတ်ပါ။ သူများ၏ စာရင်းသွင်းခြင်း မသွင်းခြင်းကို သူတို့က စာရင်းသွင်းလိမ့်မည် မဟုတ်သောကြောင့်ပင်။ လူဆိုသည်မှာ အတ္တရှိနေသရွေ့ ကိုယ်နှင့်သက်ဆိုင်ရာ ကိုယ်တန်ဖိုးထားရာကို ကောင်းရာမွန်ရာ ပညတ်သာပြုကြပါလိမ့်မည်။ ထိုကဲ့သို့သော ပညတ်လေးတစ်လုံးအတွက် ဗေဒင်ဆရာကို သုံးစွဲမည် မဟုတ်ပါ။ သုံးစွဲချင်သူများကတော့ မပျက်မကွက်ပင် သုံးစွဲပါလိမ့်မည်။ မပူပါနှင့်။ ထိုအတွက်တော့ ယူဆချင်သလို ယူဆပါ။ ကိစ္စ မရှိပါ။ မသုံးတာကတော့ မသုံးတာပဲ ဖြစ်ပါသည်။
နိုင်ငံတစ်ကာက Consultant တွေ၊ Counselling ပေးနေတဲ့ ပညာရှင်တွေ ထမင်းငတ်စရာမလိုပါ။ အဘယ်ကြောင့်ဆိုသော် ကိုယ်ကိုယ်တိုင်ပင်လျှင် သက်ဆိုင်ရာ ပညာရပ်အတွက် လိုအပ်ပါက သက်ဆိုင်ရာ ပညာရှင်ဆီ ချဉ်းကပ်နည်းနာယူ အကြံဉာဏ်ယူမည် ဖြစ်ပါသည်။ သို့သော် ဘာကိစ္စဖြစ်ဖြစ် သက်ဆိုင်ရာ ပညာရှင်တွေ ရှိရက်သားနှင့် ဗေဒင်ဆရာဆီ ပြေးမည့်သူတော့ မဟုတ်ပါ။ ပြေးမည့်သူများကလည်း ဘာကိစ္စဖြစ်ဖြစ် ဗေဒင်ဆရာဆီသို့သာ ပြေးလာကြပါလိမ့်မည်။ မပူပါနှင့်။ ကိုယ်ကလည်း မည်သူ့ကိုမျှ တရားချလို့ ဆွယ်လို့ ရမည် မထင်ပါ။ ထိုရည်ရွယ်ချက်ဖြင့် ဒီ ပို့စ်ကို ရေးခြင်းမဟုတ်ပါ။ မေးခွန်းထုတ်ချင်၍သာ။
ကိုယ့်အနေဖြင့် ဘယ်ဗေဒင်ဆရာဆီကိုမှ တခါမှ မသွားပါ။ ထို့ကြောင်း နားထူပထူလည်း မတွေ့ဖူး။ နားပါးပပါးလည်း မတွေ့ဖူးပါ။ ပညာရှင်စစ်စစ်များ ရှိနိုင်သည်ကို လက်ခံပါသည်။ မလွဲရအောင် ဟောသော ပညာရှင်များ ရှိနိုင်ပါသည်။ ငြင်းစရာ မရှိပါ။
မည်သို့ပင် မှန်စေကာမူ ကြိုသိစရာ မလိုဘူးဟု ယူဆသော ကိုယ်လိုလူများကတော့ ချဉ်းကပ်လိမ့်မည် မဟုတ်ပါ။ ကြိုသိကိုသိရမှ ဖြစ်မည်ဟု ယူဆသူများကတော့ မလွဲဧကန် ချဉ်းကပ်ကြပါလိမ့်မည်။ ထို့ကြောင့် မပူပါနှင့်။
(ဗေဒင်ယုံသော ပရိသတ်များ ဗေဒင်ဟောသော ဆရာများလည်း ... နေတတ်ထိုင်တတ် ပါစေဗျာ။) ကိုယ်ကလည်း ထပ်၍ ဆန္ဒ ပြုပါသည်။ ထို့ပြင် ထပ်၍ အတည်ပြုချင်ပါသေးသည်။ ကိုယ်က ဗေဒင် ယုံခြင်း မယုံခြင်းအား ဆွေးနွေးထားသည် မဟုတ်ပါ။ ကိုယ် မသုံးစွဲသည်ကို ပြဆိုရင်း မေးခွန်းမေးထားသည်သာ ဖြစ်ပါသည်။
ထေရဝါဒ စစ်စစ်လည်း မဟုတ်သေးပါ ဟု ဒုတိယအကြိမ် ထပ်မံ ပြောကြားလိုပါသည်။ ထေရဝါဒ ဖြစ်ချင်သူမျှသာ ဖြစ်ပါသည်။
တခု ကျန်သွားပါသေးသည်။
အရိမေတ္တယျ ဘုရားလောင်း ဘယ်အမျိုးက ဆင်းသက်မည် ဆိုတာ...
အလောင်းအလျာတပါး ဘယ်က ဆင်းသက်သက် ကိစ္စမရှိပါ။ ပြဿနာ မဟုတ်ပါ။ အလောင်းအလျာသည် အလောင်းအလျာသာလျှင် ဖြစ်ပါသည်။ အလောင်းတော်ဘဝမှာ ဗေဒင်ဆရာချည်း ဆက်တိုက်ဖြစ်လည်း ကိစ္စမရှိပါ။ ပြဿနာ မဟုတ်ပါ။ မျိုးရိုးကို ရွေးချယ်၍ မရပါ။ အထင်မသေးပါ။ ဘုရားစင်စစ် ဧကန်ဖြစ်လေသောအခါ ဘုရားသာလျှင် ဖြစ်ပါမည်။
ဇီဝကပင်လျှင် ပြည့်တန်ဆာမ၏သား ဟု အဆိုရှိသည် မဟုတ်ပါလား။ နောက်ဆုံးတော့ အဇာတသတ်ကို ဘုရားရှင်အား ကြည်ညိုအောင် သူ ပြုလုပ်ပေးနိုင်ခဲ့၊ သူကိုယ်တိုင်လည်း ကျွတ်တမ်းဝင်ခဲ့သည် မဟုတ်ပါလား။ ဘုရင့်သား ဖြစ်သော်ညား၊ အဇာတသတ် အပယ်လားရသည် မဟုတ်ပါလား။ မျိုးရိုး ဘာလုပ်ရမည်နည်။ ဗေဒင်မျိုးရိုး နိမ့်ကျသည် ဗေဒင်ပညာနိမ့်ကျသည် ဟုလည်း မထင်ပါ။ ကိုယ့်အတွေးအခေါ်အယူအဆ (တနည်း ထေရဝါဒကို လေ့လာရင်း ထေရဝါဒအရ) မလိုအပ်သည် မြင်၍ မေးခွန်းထုတ်ခြင်း ဖြစ်ပါသည်။
အဂ္ဂသာဝက အလောင်းအလျာများပင်လျှင် အယူလွဲသော အသိုင်းအဝိုင်းမှ ပေါက်ဖွားလာကြသေးသည်။ ဘုရားရှင်ဆီ မရောက်မီ တိတ္ထိတွေဆီ ရောက်ကြရသေးသည် မဟုတ်ပါလား။ မျိုးရိုး ဘာလုပ်ရမည်နည်း။ လူကိုယ်တိုင်သာ အဓိက။
ဘုရားအလောင်းတော် ဘဝမှာ ဗေဒင်မျိုးရိုးမကလို့ သူကိုယ်တိုင် ဗေဒင်ဟောစားပါစေဦး။ အလောင်းတော်သည် အလောင်းတော်သာ ဖြစ်ပါသည်။ ဘုရားဖြစ်ဖို့ ကြိုးစားရာ ပါရမီဖြည့်ရာ ဘဝတွေမှာ အမှန်တွေချည်း လုပ်နေမိတာမဟုတ်တာကို ဘုရားအဆက်ဆက် ပြဆိုခဲ့ပြီး ဖြစ်သည်ဟု ယုံကြည်မိပါသည်။ အလောင်းတော် ဆိုသော်ညား သစ္စာလေးပါးကို မမြင်မီကာလပတ်လုံး အမှားအယွင်းကို ပြုမိကြသည်သာ။
ထို့ကြောင့် နောက်ဆုံးဘဝ ဘုရားဖြစ်ခါနီး မှာပင် အစွန်းရောက်သော အကျင့်ကို လွဲ၍ ကျင့်မိသဖြင့် အလယ်အလတ်လမ်းစဉ်ကို ပြန်၍ ကျင့်ရသည် ဟု မှတ်သားဖူးပါသည်။ အထက်မှ ကိုရာဟု ဆိုသူ ပြောကြားသွားသောအဖြစ်အတိုင်း ဘုရားရှင်က လမ်းမှန်ပေါ်ရောက်အောင် ပြန်၍ ကျင့်ကြံသော အခါ သူကိုယ်တိုင် ဘုရားစင်စစ် ဧကန်ဖြစ်မည် ဟောထားသော ပါရမီရှင် သောတာပန်အလောင်းအလျာက သံသယဝင်၍ ဒီနည်းနဲ့ဆိုရင်တော့ ဖြစ်မှာ မဟုတ်ဘူးရယ်လို့ ရှောင်ခွာခဲ့သည် မဟုတ်ပါလား။
ထိုကိစ္စမှာပင် သိသာနေပေပြီ။ ကိုယ်တိုင်လုပ်မှ ကိုယ်တိုင်ရသည်။ ဗေဒင်ဟောသူသည် ဟောသူသာ ဖြစ်၍ နည်းပေးလမ်းပြ မလုပ်နိုင်၊ ဘယ်နည်းမှန်သည် ဘယ်နည်းမှားသည်ကို သူကိုယ်တိုင်မသိ။ သိသည့်သူက လုပ်သည့်တိုင် မယုံကြည်။ တနည်းအားဖြင့် သူ့အဟော သွေးထွက်အောင် မှန်တာကိုပင် သူ့ဘာသာ ပြန်၍ သံသယ ဝင်သေး၏။ သို့သော် သူ့ကို အထင်မသေးပါ။ သူသည် ဆုကြီးပန် ဖြစ်သော်ညားလည်း ထိုအချိန်က ပုထုဇဉ်သာ ဖြစ်သေးသည်။ သူ့နေရာ ကိုယ်ဆိုလည်း (မနှိုင်းကောင်း နှိုင်းကောင်း) ထိုသို့ပင် တွေးမည်။
ဘုရားလောင်းကိုပင် ပဉ္စသိင်္ခနတ်သားက သွယ်ဝိုက်၍ နည်းလမ်းပြရသေးသည်။ ဘုရားလောင်းပင် မှားတတ်သေးသည်။ မှားသည်ကို သိသူက လမ်းပြရသည်။ ထို့ကြောင့် ဆည်းကပ်သင့်သူ ချဉ်းကပ် သင့်သူများ ရှိမည် အမှန်။
သို့သော် ဘုရားစင်စစ် ဧကန် ဖြစ်မည် ဟောခဲ့သော ပါရမီရှင် ဆုကြီးပန် သောတာပန် အလောင်းအလျာသည် ဘုရားရှင်အား နည်းမပြနိုင်ပါ။ ဘုရားရှင်လမ်းလွဲကျင့်တော့ အမှန်ဟု ထင်ပြီး၊ လမ်းမှန်ကျင့်တော့ အမှား ဟုထင်ပြန်သည်။ ကိုယ် အထင်မသေးပါ။ ဒါသည် အထင်သေးစရာ မဟုတ်ပါ။ ပုထုဇဉ်ဘဝမှာ ပုထုဇဉ်လိုသာ တွေးနိုင်ပါသည်။
သို့သော် ထိုအချိန်တွင် ဘုရားအလောင်းအတွက် ဘာယတြာမှ စီမံပေးခြင်း မရှိခဲ့ဟု ယူဆရသည့်အတွက်တော့ အရှင်ကောဏ္ဍညအား မိမိပညာ၏ အတိုင်းအဆကို သိသူ အဖြစ် ကြည်ညို လေးစားမိပါသည်။ မသိလို့ စီမံခဲ့သည် ဆိုပါကလည်း အပြစ်တော့ မတင်မိပါ။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုအချိန်က ဆုကြီးပန်ဖြစ်သော်လည်း ပုထုဇဉ်သာ ဖြစ်နေသေးသောကြောင့် ဖြစ်ပါသည်။
ဒါဟာ Rita အတွက်မဟုတ်ပါ..
ရုရှနိုင်ငံက ကိုနေလင်းလို့ ခေါ်တဲ့ လေ့လာသူတစ်ဦး ရေးထားတဲ့စာရဲ့ အစပေါ့.. ခုတော့လည်း တိုင်းပြည်ကို အုပ်ချုပ်ဖို့ ပြည်တော်ပြန်သွားလေရဲ့ ..ဗုဒ္ဓဘာသာ နှင့် ဗေဒင် လက္ခဏာ အပေါ် သုံးသပ်တင်ပြချက်
လင့်က..
http://solomonn.0fees.net/wordpress/?page_id=8
ဗေဒင်က ရက်ရာဇာနှင့်  ပြဿဒါးကို ပဓာန ထားသကွဲ့ ။မြတ်စွာဘုရားက ကုသိုလ်နှင့် အကုသိုလ် ပဓာန ထားသကွဲ့ ။ ဗေဒင်က မဟာဘုတ်လေးပါး ပဓာနထား၍ ထူသကွဲ့ ။မြတ်စွာဘုရားက သမ္ပတိလေးပါးကို အဓိကထား၍ ထူသကွဲ့ ။ မြတ်စွာဘုရားနဲ့ ဆန့် ကျင်တာကို ယုံလျှင် ဘုရား၊တရား မယုံရာ ကျတာပေါ့ ။
မင်္ဂလာရာမကျောင်းဆရာတော်ဦးဥာဏ
နမ္မား ၊ ကချင်ပြည်နယ်
အဓိကပြောချင်တာကတော့ ဘုရားဟောကြားတဲ့ တရားတော်တွေကို အဲသလိုသာ လိုက်ယူနေရရင်တော့..ကျနော်က ပြန်မေးချင်ပါတယ်..
- ဗေဒင်က မဟာဘုတ်လေးပါးနဲ့ ပဓာနထားပြီး ထူပါတယ်..
- အင်ဂျင်နီယာတွေ pile ကို ပဓာနထားပြီး ထူပါတယ်..
ဒါဆိုရင် ကျန်တဲ့ ပညာရှင်တွေ ဖြစ်တဲ့ ဆရာဝန် ၊ ကွန်ပျူတာ ပညာရှင်၊ စားရင်းကိုင် ၊ ဘုမိဗေဒပညာရှင် အစရှိတဲ့ ပညာရှင်များ ပဓာနထားပြီး သင်ယူထားတဲ့ ၊ တတ်မြောက်အောင် အဓိကထားပြီး ထူထားတဲ့ Major ဘာသာရပ်တွေဟာ
" မြတ်စွာဘုရားက သမ္ပတိလေးပါးကို အဓိကထား၍ ထူသကွဲ့ "
စကားအရဆိုရင် သူတို့ အားလုံးဟာ မြတ်စွာဘုရားနဲ့ ဆန့် ကျင်တာကို ယုံလျှင် ဘုရား၊တရား မယုံရာ ကျသလိုဖြစ်နေပါပြီ..
ဆက်ပါအုံးမည်..
ဗေဒင်ဆရာ
လာပြန်ချေပြီ။ တခြားဘာသာရပ်များ သင်ယူခြင်းနဲ့ ဘုရားတရားတော်။
ဘယ်ပညာရှင်တွေ ဘာလုပ်လုပ် လောကီကိစ္စသာ။ ဗေဒင်ကိစ္စသည်လည်း လောကီကိစ္စသာ။ သို့သော် ကျန်ပညာရပ်များက သူ့ဘာသာ သူ့လမ်းကြောင်းသွား၍၊ ဗေဒင်ပညာက ဘယ်နယ်ပယ်က လူမဆို (စိတ်ဝင်စားသူ မဆို) က ကိုယ့်ရှေ့ကြောင်းနောက်ကြောင်းအတွက် သုံးကြလေသည်။
ဘယ်နယ်ပယ်က ပညာရှင်မဆို လောကုတ္တရာအလုပ်လုပ်လိုပါက၊ ဘုရားနည်းလမ်းကို ယူ၍ လုပ်ပါလိမ့်မည်။ လောကီမှာ သူတို့ပညာရပ်နဲ့ သူတို့ တိုင်ပဲ ထောင်ထောင်၊ pile ပဲ ထောင်ထောင် ဘုရားရဲ့ တရားတော်နှင့်ဆန့်ကျင်သည်ဟု မည်သည့် နလပိန်းတုံးက ပြောပါမည်နည်း။ ပြောချင်လျှင်ပြောပါစေ။ ဘယ်ပညာရှင်ကမှ စာရင်းသွင်းလိမ့်မည် မဟုတ်သဖြင့် အာညောင်းရုံ ရှိမည်။
လူ့လောကမှာ ပညာသင်ကြားတာကို ဘုရားတရားတော်နဲ့ဆန့်ကျင်တယ် လို့ ဘယ်ဘုရား အဆူဆူကမှ ဟောမသွားသည်ကို ဉာဏ်ဖြင့် ကြည့်ပါလေ။
ထို့အတူ ဗေဒင်ပညာသည် တရားတော်နှင့် ဆန့်ကျင်သည်ဟု မည်သူက ပြောပါသနည်း။ ရှေ့ဖြစ်ဟောသည့်ကိစ္စ ရှေ့ဖြစ်ကို သိချင်သူများ၊ စိတ်ဝင်စားသူများက သုံးပါလိမ့်မည်။ မဝင်စားသူ မသိချင်သူများက အပိုလုပ်ဟု မှတ်ယူ၍ သုံးမည် မဟုတ်ပါ။
အင်မတန်မှ အသုံးဝင်ကြောင်း ပြလိုလျှင် ကိုယ့်ဘာသာ ဘလော့တခု ဖွင့်၍ ရေးက ပို၍ အကျိုးများနိုင်မည် ထင်သည်။ ယနေ့ခေတ်တွင် ထိုပညာနှင့် ထိုပညာရှင်ကို စိတ်ဝင်စားသူအများအပြား ရှိသဖြင့် ပရိသတ်များစွာ ရနိုင်ပေသည်။ ကိုယ်ကြားဖူးသည်မှာ အင်္ဂလန်ပြန် နာမည်ကျော် မျက်စေ့ဆရာဝန်ကြီး တစ်ယောက်ပင်လျှင် သူကိုယ်တိုင် မျက်စေ့ရောဂါရတော့ သူများနဲ့ ခွဲရမှာ ကြောက်ပြီး ဗေဒင် ယတြာ ပျောက်စေဆရာထံ ပထမ သွားသေးသည် ဟူ၏။ ပါးစပ်သတင်း ဖြစ်ပါသည်။ အတိအကျမသိပါ။ ဆိုလိုသည်မှာ ဗေဒင်ဆရာများထံသို့ သာမန် လူတန်းစားရော၊ ဆရာဝန် အင်ဂျင်နီယာ သူဌေး သူကြွယ် ဆိုသူများပါ ဝင်ထွက်သွားလာ ယုံကြည်ဆည်းကပ်လျက် ရှိကြပေသည်။
မလိုအပ်ဘူး၊ အသုံးမဝင်ဘူးဟု ထင်သူ တစ်ယောက်၏ ဘလော့က ကွန်မန့် စာမျက်နှာတွင် ဝင်ရောက်ရေးသားနေခြင်းဖြင့် အကျိုးများစရာ မမြင်ပါ။ ဘာဖြစ်လို့များ ကိုယ့်ဇာတိပုည ဂုဏ်မာနကို အထိခိုက်ခံ၍ မလိုအပ်ဘူး။ အသုံးမဝင်ဘူးဟု ယူဆ ပြောဆိုနေသော ဘလော့တွင် လာရောက်ရေးသားနေပါသနည်း။
ကိုယ်ပိုင် ဘလော့တခု အလကားရပါသည်။ နေ့သင့် နံသင့် အချိန်အခါသင့်တွင် ဖွင့်၊ ဆီလျော်ကောင်းမြတ်သော အမည်နာမတစ်ခုရွေး၍ ဖွင့်စရာတောင် လိုမည်မထင်။ ဗေဒင်ဘလော့ဆိုသည်နှင့် ပရိသတ် ရလာပါလိမ့်မည်။ အာမခံပါသည်။
I'll be waiting at 100th comment.
BINO
စိတ်ဝင်စားသူ အတွက်ရော မ၀င်စားသူတွေအတွက်ရော.. ယုံသူဖြစ်ဖြစ် ၊ မယုံသူဖြစ်ဖြစ် ..
------
ရာသီဥတု မှာ ခန့် မှန်းကြတယ်. နိမိတ်ကောက်ကြတယ်ပေါ့ဗျာ. တံငါလုပ်သားတွေ ပင်လယ်ထဲထွက်တော့မယ်.. ကောင်းကင်ကို မော့ကြည့်ပြီး နေသာတယ်ဟေ့.. မိုးသားတိမ်လိပ်တွေကင်းစင်တယ်ဟေ့.. ဒီနေ့ ငါးဖမ်းထွက်ရင်အဆင်ပြေနိုင်မယ်ထင်တယ်... အဲ ငါးဖမ်းနေတုန်း ကောင်းကင်တစ်ခွင် မှာ မိုးသားတိမ်ရိပ် တစ်လိပ်လိပ်တက်လာပြီ.. ကောင်းကင်ရဲ့ ဘယ်အရပ်မျက်နှာဘက်မှာ နီနေတယ်.. မုန်တိုင်းတိုက်တော့မယ်ဟေ့ ..ကမ်းကို မြန်မြန်ကပ်မှဖြစ်မယ်.. သူတို့ ပြောနေကြတာလေးတွေပါ.
စားသောက်ချက်ပြုတ်တဲ့နေရာလေးမှာ ဆိုပါစို့ .. ဆီကို မီးနဲ့ အပူ ပေးလိုက်တယ်. .ဆီကျက်သွားအောင်.. အနံ့ လေးရလာတယ်.. အငွေ့ လေးထွက်လာတယ်.. ဟုတ်ပြီ ဆီကြက်လောက်ပြီထင်ပါရဲ့ .. နိမိတ်ဖတ်နေကြတာလေးတွေ.. သာမန်လူပြော ပြောရင်တော့ ခန့် မှန်းတယ်ပေါ့ဗျာ..
စီးပွားရေး.. ဒို့ ကုမ္ပဏီကတော့ဟေ့ ဒီနှစ်ကို သိန်း ၁၀၀၀ လောက်မြတ်မယ်လို့ ခန့် မှန်းတာပဲ..
ဘာကြောင့်လဲ..ပရိုမိုးရှင်းတွေလုပ်တယ်.. buy one get one တွေလုပ်တယ်.. အရောင်းပြခန်း အသစ် ဟိုနေရာလေးမှာ ဖွင့်ထားလို့ ဟေ့.. ပညာရှင်စကား ပြောရရင် risk analysis လုပ်တယ်ဆိုလား ..
ရုပ်ရှင်ထဲမှာ .. ကြေးစည်လေးထု..နောင်ဝေေ၀အသံလေးထွက်ပြီးသကာလ အမေရဲ့  ..အဖြစ်ဆိုးလှချီလား .ဟီး..ဟီး..ဟီး ဆိုတဲ့ အသံကို တီဗွီမှာ မကြည့်ဘဲနဲ့ အိမ်သာထဲ ထိုင်နေရင်း ကြားလိုက်ရတယ်.. ဟော ဒါ အနိဋ္ဌ အခန်းဖြစ်တဲ့ အသုဘအခန်းရောက်နေပြီ.. ခန့်  မှန်းနေကြတာ.
ဆရာဝန်များ လူနာ လက်ကောက်ဝတ်ကို ကိုင်ပြီး စမ်းတယ်.. ၁ မိနစ်ကို ဘယ်နှစ်ချက်.. နားကြပ်လေးတပ်ပြီး နှလုံးနားကို ၊ ရင်ဖတ်နား ဟိုနားသည်နား ထောက်ပြီး စမ်းတယ်.. မျက်စိဖြဲကြည့်တယ်.. လျှာထုတ်ပြခိုင်းတယ်..
ခန့် မှန်းနေကြပါတယ်..
အတိတ် နိမိတ် ဆိုတာ ဒါမျိုးလား..
သူလာချိန်မှာ မလာလို့ မျှော်လိုက်ရတာ.... အင်း ဒီနေ့ တော့ ရင်သားတွေ တင်းနေတယ်.. ကိုယ်လက်မအီမသာဖြစ်နေတယ်..
ဥာဏ်မရှိတဲ့သူကတော့ အထုပ်ကလေးပြေးဝယ်လိုက်အုံးမှပေါ့..
ဥာဏ်ရှိတဲ့သူကတော့ ကြိုတင်ဆောင်ထားပြီးသား..
နိမိတ်ဆိုတာ ဒါမျိုးလား
မသိမတတ်ဘဲ .. ပညာရပ်တစ်ခုကို ရမ်းသမ်း မဝေဖန်ပါနဲ့ ..ဝေဖန်ချင်ရင်လည်း လေ့လာပြီးမှ ဝေဖန်ပါ..(စိတ်မ၀င်စားလို့ လေ့လာစရာလည်းမလိုဘူးလို့ မပြောနဲ့ နော်)
ချိန်ထိုး မေးခွန်းထုတ်ချင်ရင်လည်း ၂ခုလုံးကို မျှအောင် လေ့လာပြီးမှ ထုတ်ပါ..
ပညာရပ်အကြောင်းကို အကျိုးနဲ့ အကြောင်းနဲ့ ဆွေးနွေးနေတာဖြစ်ပါတယ်..
အပေါ်မှာ ကျွန်တော် ရေးပြခဲ့တဲ့ အချက်အလက်တွေဟာ လက်မခံနိုင်စရာ အချက်တစ်ခုမှ မပါဘာဘူး..
"ဘယ်နယ်ပယ်က ပညာရှင်မဆို လောကုတ္တရာအလုပ်လုပ်လိုပါက၊ ဘုရားနည်းလမ်းကို ယူ၍ လုပ်ပါလိမ့်မည်။ "
ဗေဒင်ပညာရပ်ဟာ လောကီိနယ်ပယ် ဖြစ်တာကိုလည်း သတိချပ်စေလိုပါတယ်..
ဗေဒင်ပညာတတ်လို့ လည်း အကျိုးယုတ်တယ်လို့ ဘုရားမဟောထားပါ..
မကျန်းမာလို့ ဗေဒင်ဆရာဆီမှာ မေးတာ အပြစ်မဟုတ်ပါ..
ဆရာဖြစ်သူက မှန်ကန်တဲ့ လမ်းညွှန်မှုနဲ့ အတူ
- ဗေဒင်ကိန်းခန်း အရ ဒီလိုရောဂါမျိုးဖြစ်တတ်ပါတယ်.၊- ဒီရောဂါအတွက် ဒီဆရာကတော့ နာမည်ကြီးပါတယ်၊ ဒီဆရာကတော့ ငွေတောင်းကြမ်းတယ်.။ ဒီဆရာကတော့ ငွေကုန်သက်သာတဲ့အပြင် ရောဂါပျောက်တာ မြန်တယ်..ဆိုတဲ့ လမ်းညွှန်ချက်တွေ ပေးနိုင်ရပါမယ်။
ကံစပ်တယ်ဆိုတာ အလကားမဟုတ်ပါ.. အထက်က ကွန်မန့် တွေမှာ ဘုရားရှင်ကိုယ်တော်မြတ် ဘုရားမဖြစ်ခင် ကာလတစ်လျှောက် ဆေးကုခံဖူးတဲ့သူတွေ သံသရာက ကျွတ်လွတ်တယ်လို့ ရေးထားတာ တွေ့ ပါတယ်..
အဲသလို ကံစပ်မှုမျိုးဖြစ်အောင်လည်း ဆရာလုပ်တဲ့သူအနေနဲ့ သူတတ်စွမ်းတဲ့ ပညာနဲ့ ချိန်ထိုးပြီး ဒီနေ့ သားသမီး ၊ ဒီနာမည်နဲ့ စတဲ့ ဆရာဝန်ကတော့ ဒီနှစ်ထဲမှာ ကံစပ်နိုင်ပါတယ်.သူတို့ ဆီမှာ ပြကြည့်ပါ..လို့ consultation ပေးရတဲ့အပြင်
လူနာ စိတ်ချမ်းသာအောင် ၊ ရောဂါသက်သာအောင်၊ ဥပါဒန်ကြောင့် ဥပါဒ်မရောက်အောင် ဆိုဆုံးမရပါတယ်.. အကြောင်းနဲ့ အကျိုးကို ရှင်းပြရပါသေးတယ်..
ဆရာဝန်က ရောဂါပျောက်ဖို့ အတွက် ဆေးပေးပါတယ်. ဆေးလေးတော့ သောက်ပေါ့.. ဆေးမသောက်ရင် ရောဂါပျောက်ပါ့မလား..
ဒါဟာ ကိုယ်လုပ်မှ ကိုယ်ရတဲ့ အပိုင်းပါ.. ကိုယ်လုပ်လို့ မရတဲ့ အပိုင်းက ဘာဆေးနဲ့ သောက်ရင် ပျောက်မှာလဲကို တတ်ကျွမ်းတဲ့ သမားတော်တွေဆီ မှာ မေးရပါတယ်..
ဘုရားရှင် လေးအသင်္ချေ ကမ္ဘာတစ်သိန်း ပါရမီဖြည့်တာဟာလည်းပဲ အကူအညီယူတာပါပဲ.. ဘုရားဖြစ်အောင် ပါရမီဖြည့်ကျင့်တာ အဲဒီ ပါရမီ အထောက်အပံ့အကူအညီနဲ့ ဘုရားဖြစ်တာပါပဲ..
အလှူပေးတာတောင်မှ အလှူခံပုဂ္ဂိုလ်တွေ၊ အလှူခံပစ္စည်းတွေ ဆိုတဲ့ အကူအညီလိုပါသေးတယ်.. ကိုယ့်ဟာကိုယ်လှူလို့ မရပါ.. ကိုယ့်ဟာကိုယ် လှူခြင်ရင် ခေါင်းဖြတ်ပြီးတော့သာလှူ .. ဒါတောင် ဓါး ရဲ့ အကူအညီ လိုပါသေးတယ်..
ကွန်မန့် ၁၀၀ မပြည့်ခင် ဖြတ်လိုက်ပါပြီ.. ကိုဘီနိုကို ဆောရီးပါ :P
အပေါ်မှာ ပြောပြီးပါပကောလေ မလိုအပ်ဘူး၊ အသုံးမဝင်ဘူးဟု ထင်သူ တစ်ယောက်၏ ဘလော့က ကွန်မန့် စာမျက်နှာတွင် ဝင်ရောက်ရေးသားနေခြင်းဖြင့် အကျိုးများစရာ မမြင်ပါ။ ဘာဖြစ်လို့များ ကိုယ့်ဇာတိပုည ဂုဏ်မာနကို အထိခိုက်ခံ၍ မလိုအပ်ဘူး။ အသုံးမဝင်ဘူးဟု ယူဆ ပြောဆိုနေသော ဘလော့တွင် လာရောက်ရေးသားနေပါသနည်း။...
မရီတာက အရေအတွက်ကို တော်တော်ဦးစားပေးပုံရတယ်။ အင်း အဲဒါဆိုရင်တော့ project တွေမှာ ပိုက်ဆံများများတောင်းပြီး
အလုပ်လုပ်တော့ ပိုက်ဆံနည်းနိုင်သမျှ နည်းအောင် ခိုနိုင်သမျှ ခိုပြီး လုပ်နေတဲ့ အင်ဂျင်နီယာတွေ များနေတာကို တွေ့ရတယ်။
အဲတော့ အင်ဂျင်နီယာဆိုတာ သူခိုးလက်မှတ် တရားဝင် ကိုင်ဆောင်ပြီး ခိုးနိုင်တဲ့ သူခိုး အကြီးစားတွေလို့ အရေအတွက်နဲ့
သတ်မှတ်ပြီး ဆုံးဖြတ်ရတော့မှာလား။ အဲလိုပဲ ပိုက်ဆံမက်တဲ့ ဆရာဝန်တွေ နည်းနည်းများတာနဲ့ပဲ ကျန်တဲ့ မေတ္တာ စေတနာနဲ့
ကုသပေးနေတဲ့ ဆရာဝန်တွေကိုလည်း အကုန်သိမ်းကျုံးပြီး အလကားပါ ဆရာဝန်ဆိုတာ နားကြပ်ထောက်ပြီး ပိုက်ဆံတောင်းတဲ့
ဓားပြ သက်သက်ပါပဲလို့ ပြောရမလိုဖြစ်နေပြီ။ မေတ္တာရပ်ခံချင်တာကတော့ ၀ါးလုံးရှည်နဲ့ သိမ်းကျုံးမရမ်းပါဖို့ပါ။ အမည်းရောင်တွေ
ဘယ်လောက်ပဲ များနေပါစေ ကြားထဲမှာ အဖြူရောင်တစ်ရောင်ပဲ ပါဦး အဖြူရောင်ကတော့ ပေါ်လွင်နေမှာပါပဲ။ ဒါကို အမည်းတွေ
များတဲ့ အတွက် ဒီဟာကလဲ အဖြူရောင် မဟုတ်တော့ဘူး အမည်းရောင်ပါပဲလို့ မျက်စိမှိတ် ငြင်းချင်ရင်တော့လည်း တစ်မျိုးပေါ့။
နောက်ပြီး ဘယ်ပညာရပ်မဆို သုံးတဲ့လူအပေါ် မူတည်ပြီး အကောင်းအဆိုး ကွဲတတ်ပါတယ်။ အဲဒီဟာကို အသုံးချပြီး
ကောင်းအောင် လုပ်ပေးတဲ့လူ ရှိသလို မကောင်းတာ လုပ်နေတဲ့ လူတွေလဲ တစ်ပုံကြီးပါ။ အဲဒီတော့ ဗေဒင်ပဲ ဖြစ်ဖြစ်၊
အင်ဂျင်နီယာပဲ ဖြစ်ဖြစ်၊ ဆရာဝန်ပဲ ဖြစ်ဖြစ် အကုန်လုံးက သူ့ပညာနဲ့ သူတွေချည်းပါပဲ။ ဒါကြောင့် ဘာကိုပဲဖြစ်ဖြစ် ထဲထဲဝင်ဝင်
မလေ့လာနိုင်ဘဲ ဂဃနဏ မသိဘဲ မဝေဖန်တာ အကောင်းဆုံးပါ။ အော် အရေအတွက် အနည်းအများကို အဓိက ထားတယ်ဆိုလို့ တစ်ခုလောက် မေးပါရစေ။ အခုတင်တဲ့ ပို့စ်ကို လက်ခံတဲ့သူများလား လက်မခံတဲ့သူများလား ဆိုတာလေး နည်းနည်းလေး ရေတွက်ကြည့်ပါ။ လက်ခံတဲ့သူ များတယ်ဆိုရင်တော့ မရီတာ မှန်တယ်လို့ ဆိုချင်ဆိုပေါ့။ အဲလက်မခံတဲ့သူ များတယ်ဆို၇င်တော့ မရီတာပြောသလို အရေအတွက်များတာ သာတယ်ဆိုရင်တော့ ဒီပို့စ်က အမှားကြီးကို ရေးထားတာလို့ ဆိုရမှာပေါ့။
လက်ဖ၀ါး လက်ဖမိုး နှစ်ခုစလုံး မြင်နိုင်ပါစေ။
ပြီးပြီမှတ်နေတာ ပြန်စည်ကားနေတာကိုး။
နည်းနည်းလောက် ၀င်ပြောလိုက်အုံးမယ်။ ဘယ်သူမှ မေးလို့တော့ မဟုတ်ပါဘူး ရောက်နေတာနဲ့ ကြုံတုန်း ဗဟုသုတ အလို့ငှာပေါ့။
အတိတ် နိမိတ်နဲ့ ပတ်သက်လို့ နေမျိုးလေခပျံချီဘွဲ့ရ အယူတော်မင်္ဂလာဦးနိုးရဲ့ ဖွင့်ဆိုချက်တွေပါ။
“အတိတ်” ဟူသည်၊ သုံးပါးကာလ၊ အတီတကို၊ ညီမျှဆင်ခြင်၊ ပမာတင်၍၊ အဓိပ္ပါယ်ကောက်ယူရခြင်း ..
“နိမိတ်” ဟူသည်၊ အနာဂတ်မှာ၊ ဖြစ်ပျက်ရာကို၊ ပြလာတုံရှောင်း၊ အကြောင်းတစိ၊ တွေ့မြင်ဘိသည်ကို၊ နှိုင်းညှိဆင်ခြင်၍ သိရခြင်း …
“တဘောင်” ဆိုတာ တံဘာသ ဆိုတဲ့ ပါဠိစကားက ဆင်းသက်လာပြီး ရှေ့၌ ဖြစ်လတ္တံ့သော အကြောင်းကို ဆောင်၍ ပေါ်လာသော သီဆို ကခုန်မှုဆိုင်ရာ သီချင်းကို ခေါ်ပါသတဲ့။
“စနည်း” ဆိုတာကတော့ မြန်မာ နဲ့ ပါဠိ ရောနေတဲ့ စံ နဲ့ နယ ကလာတဲ့ စကားလို့သိရပါတယ်။ လူ၊ ငှက် စသည်တို့ရဲ့ အသံကို ကောက်ယူမှတ်သား ဟောပြောရခြင်း …ဖြစ်ပြီး
“ဘဝေါ” ကတော့ဘုရားကျောင်းကန် စေတီ ဇရပ် ပြာသာဒ် တို့မှာ ဖြစ်ပျက်ပုံတွေ နေ၊ လ၊ ကြယ်တံခွန်တို့ရဲ့ ဖြစ်ပျက်ပုံတွေကို အဓိပ္ပါယ်ကောက်ပြီး ဟောပြောခြင်း … စသဖြင့် ဖွင့်ဆိုထားပါတယ်။
အယူတော်မင်္ဂလာဦးနိုးဟာ သူ့သက်တမ်းတလျှောက် မင်း မိဖုရားတွေ ပြည်သူတွေအတွက် အကျိုးရှိစေဖို့ အတိတ် နိမိတ်တွေ ကောက်ပြီး လုပ်ဆောင်သွားခဲ့ပါသတဲ့။
ဦးနိုး မရှိတော့တဲ့နောက် ဒီလို အတိတ် နိမိတ်တွေနဲ့ ပတ်သက်လာရင် ဘယ်သူ့ကို အားကိုးရမလဲ မေးတဲ့အခါ … သဘင်သည်စကား၊ မြေမှုန့်နဲ့ ကစားတဲ့အရွယ် ကလေးငယ် စကားနဲ့ သူရူးစကားတို့ကို မှတ်သားပြီး အတိတ် နိမိတ်ကောက်နိုင်ကြောင်း ဦးနိုးက မှာခဲ့ပါသတဲ့။
ဒါကြောင့် အတိတ် နိမိတ်ဆိုတာ မပစ်ပယ်စကောင်းပါဘူး။
(အကျယ်သိချင်ရင် အယူတော်မင်္ဂလာဦးနိုးစာအုပ် ရှာဖတ်ကြည့်ပါ။)
အပေါ်က ကိုယ့် ID သုံးပြီး ရေးသွားတာ ဘယ်သူပါလဲ။
ဝင်ရှင်းပေးလို့ ကျေးဇူးတော့ တင်ပါတယ်။ ဒါပေမဲ့ ဒါတွေအတွက်နဲ့တော့ ဒုက္ခ မရှာပါနဲ့။
အရေအတွက် ကိစ္စ ရေးသူ။
မှန်ပါတယ်။ အရည်အချင်းရှိတဲ့သူ အရေအတွက်နဲ့ တိုင်းတာဖို့ဟာ ဘယ်နယ်ပယ်မှာ မဆို လိုအပ်တယ်လို့ ယူဆပါတယ်။ အင်ဂျင်နီယာတွေထဲမှာ သူခိုးများရင် မြန်မာပြည်က အင်ဂျင်နီယာလောက မထွန်းကားဘူး လို့ သတ်မှတ်နိုင်တယ် ဆိုတာ ဘယ်သူမှ အတည်ပြုပေးစရာ မလိုအောင် သေချာပါတယ်။ ဒါနဲ့ပဲ သမာအာဇီဝနဲ့ အသက်မွေးတဲ့လူ မကျန်ဘူး ပြောရာမရောက်ပါ။ ဒါဟာ ညွှန်းကိန်းအနေနဲ့ တိုင်းတာစရာ ကိစ္စတစ်ခုသာပဲ။ အဲဒါကြောင့် အစိုးရအလုပ်ကို ခုနောက်ပိုင်း ဝင်လုပ်သူ လို့ အစချီတဲ့ စာပိုဒ်ကို ရေးခဲ့တာပါ။ အင်ဂျင်နီယာကိုမှ ချန်ထားစရာလည်း အကြောင်းမရှိ။
(အခုတင်တဲ့ ပို့စ်ကို လက်ခံတဲ့သူများလား လက်မခံတဲ့သူများလား ဆိုတာလေး နည်းနည်းလေး ရေတွက်ကြည့်ပါ။ လက်ခံတဲ့သူ များတယ်ဆိုရင်တော့ မရီတာ မှန်တယ်လို့ ဆိုချင်ဆိုပေါ့။ အဲလက်မခံတဲ့သူ များတယ်ဆို၇င်တော့ မရီတာပြောသလို အရေအတွက်များတာ သာတယ်ဆိုရင်တော့ ဒီပို့စ်က အမှားကြီးကို ရေးထားတာလို့ ဆိုရမှာပေါ့။)
ရပါတယ်။ ဘယ်လိုပဲရေတွက်တွက် ကိစ္စမဟုတ်ပါ။ အရေးမကြီးပါ။
ခက်တာက ဘယ်သူမှန်တယ် ပြောလည်း ကိုယ်က ကိုယ့်ကိစ္စ ကိုယ့်အမြင်အရ မလိုအပ်ဘူး ထင်တာကို ပြောထားတာဖြစ်လို့ ကိုယ့်ကိစ္စ ကိုယ့်အမြင်ကို မတူတဲ့လူက မှားတယ်ပြောလဲ ကိုယ့်အမြင်ဟာ ကိုယ့်အမြင်ဟာ ဖြစ်နေမှာပဲ။
အသားငါး ဖြစ်စေ၊ အသီးအရွက်ဖြစ်စေ ကိုယ် မနှစ်မြို့နိုင်လို့ မစားဘူး ဆိုရင် မှန်တယ် မှားတယ် ပြောလို့ရသလား။ ဒီလိုပဲ။ ဒီကိစ္စမျိုး ကိုယ်မလုပ်ဘူး၊ မလိုအပ်ဘူး ပြောထားတာကို မှန်တယ် မှားတယ်လာပြောလို့ရလား။ ရပါတယ်။ ပြောပါ။ အာမညောင်းတတ်ရင်။
ကိုယ့်အမြင်အရ မလိုအပ်ဘူး။ ဒါကြောင့် လိုအပ်တယ် စိတ်ဝင်စားတယ် မြင်တဲ့လူတွေက မှားတယ်လို့ ပြောလည်း ရတယ်။ ကိုယ်ကတော့ အာညောင်းခံလို့ မပြောဘူး။
အရေအတွက် ဆိုတာသည် နယ်ပယ်တစ်ခုမှာ ရှိတဲ့ အရေအတွက်တစ်ခုက ဘာကို ဘယ်လောက် လိုက်နာနိုင် ဆောင်ရွက်နိုင်ကြတယ် ဆိုတာကို တိုင်းတာဖို့ ဆိုရင် လိုကိုလိုတယ်။
နောက်တစ်ခုက လူထောက်ခံခြင်း။ မခံခြင်း။
ဒါနဲ့ ဘာသာကြီး 4 ခုမှာ ဗုဒ္ဓဘာသာဟာ လူကြိုက်များတဲ့ ဘာသာလို့ ပြောလို့ရပါသလား သိချင်မိပါတယ်။ ဒါနဲ့ပဲ ဗုဒ္ဓဘာသာဟာ တခြားဘာသာတွေထက် အနှစ်သာရ နည်းပါးတဲ့ ဘာသာ ဖြစ်သွားပါသလား။ တခြားဘာသာတွေထက် မှန်ကန်မှု နည်းတဲ့ ဘာသာ ဖြစ်သွားပါသလား။ လူ ထောက်ခံခြင်း၊ မထောက်ခံခြင်းကို အဲဒီလို လက်ဖမိုး လက်ဖဝါး နှစ်ဖက်လုံး ကြည့်ခိုင်းတာပါလား။
ရီတာရေ ဘာပဲဖြစ်ဖြစ် အရေအတွက်များအောင် မမှန်လဲ ဇွတ်တာငြင်းဗျာ ကောမန့်များများရတာပေါ့ ဇွတ်တာငြင်း ဇွတ်တာငြင်းးးး မမှန်လဲ ငြင်းတာငြင်းးးးး အရေအတွက်များတော့ ပျော်စရာပေါ့
ဒါပေါ့ ဒါပေါ့။
ဒါပေမဲ့ အမှန်တရားကို ဘယ်မမှန်တရားကများ စွတ်ငြင်းပြီး နိုင်ဖူးလို့လဲ။
မိလိန္ဒနဲ့ ရှင်နာဂသိန်ဆို မိလိန္ဒက တခုတလေ နိုင်တာများ ရှိဖူးလို့လား၊ ရှင်နာဂသိန်ဘက်က တခုတလေ မယှဉ်နိုင်တာများ ရှိဖူးလို့လား သိချင်မိပါတယ်။
ကိုယ်သာလျှင် အမှန် လို့ မပြောပါဘူး။
ကိုယ်မှားနေတာ ဖြစ်ကောင်း ဖြစ်မှာပါ။
ဒါပေမဲ့ ကိုယ့်ဆီကို ကိုယ်လို မမှန်တာတွေပဲ လာနေပြီး၊ မှန်တာတွေ မလာသေးဘူး ပြောရမယ် ထင်တယ်။ ဘာလို့ဆို အမှန်တရားဆိုရင် အမှားက မကျော်နိုင်ဘူးလို့ ကိုယ်က ယူဆလို့။
(နောက်ပိုင်း ကွန်မန့်များ ဆိုလိုပါသည်။ အပေါ်ပိုင်းက စာရေးသူ တို့ မပါပါ။ ဝေသာလီလည်း မပါသေးပါ။ ဝေသာလီနဲ့ ဘာမှ သေချာ မပြောရသေးလို့။)
ဉာဏ်ပညာရှိသူမှန်ရင် ဘယ်သူဘာပြောပြော အမှား အမှန် ခွဲခြားနိုင်မှာချည်းပဲ။ ခွဲခြားနိုင်အောင် ကြိုးစားမှာပဲ။ ဘာပူစရာလိုလို့ပါလဲ။
ဉာဏ်မရှိတဲ့သူဆိုရင်လဲ ဘယ်သူဘာပြောပြော ယုံနေမှာပဲ။ ဒါလဲ ဘာပူစရာ ရှိလို့ပါလဲ။
ဒီ post ရဲ့ theme ကိုက အဲလို မလိုတာတွေနဲ့ ပတ်သတ်တဲ့ ကိုယ့်အမြင်ကို ပြောထားတာပါပဲ။
ထူးထူးခြားခြားဆိုစရာမရှိပါမရီတာ။ ပြောချင်တာတွေအားလုံး အပေါ်ဘက်မှာ နောင်တော်ညီတော်များလည်း ရေးသားသွားပါပြီ။ ယခုလာရောက်ရေးသားရသည်မှာလည်း ..စာပေမောင်နှမများကဲ့သို့ သဘောထားပြီး ကျွန်တော်ရေးသားသည်များကို ကြိုက်၏။မကြိုက်ဟူခြင်း
ထက် တွေးစရာတစ်ခုအနေမျှသာ သဘောထားပြီး အနဲငယ်စဉ်းစားစေလိုပါသည်။
(၁) စာပေဟူသည် တိုင်းပြည်နှင့်လူမျိုး၏ ကျောက်သင်ပုန်းဖြစ်ပါသည်။ ထိုကျောက်သင်ပုန်းမှနေပြီး ..သိသူ မသိသူ ပိုသိချင်သူ အသစ်သိချင်သူ စသည်အားဖြင့် အရွယ်စုံ
လူစုံ လာရောက်လေ့လာမှတ်သားကြရသည်နှင့် အလားသဏ္ဍာန်တူပါသည်။ ထိုကျောက်သင်ပုန်းပေါ်
တွင် တစ်စုံတစ်ဦးသည် အမှားတစ်ခုခုကို ရေးခြစ်မိခဲ့
သည်ကို မြင်ရပါက ထိုအမှားကို မှားသည်သိမြင်နေသော ကျွန်တော် သို့မဟုတ်မရီတာ သို့မဟုတ် အားလုံးသော တိုင်းပြည်မှလူမျိုးနွယ်စုအားလုံးက အမှန်ရောက်အောင် ပြုပြင်ပေးရန်လိုအပ်သည်ဟု ကျွန်တော်ထင်ပါသည်။
အကယ်လို့ မှားနေသူဟာ ကျွန်တော် သို့မဟုတ် မရီတာ သို့မဟုတ် တစ်စုံတစ်ဦးအနေနှင့် ကိုယ်တိုင်
ုကိုယ်ကျဖြစ်နေခဲ့ပါမူ..အရေးပိုမိုကြီးလာပါသည်။ အမြန်ဆုံး ပြုပြင်ဖို့ အရေးကြီးပါမည်။
အဘယ်ကဲ့သို့သောပညာဂုဏ်ကိုမြတ်နိုးသူ ...အမှန်တရားကို တန်ဖိုးထားသူသည် အမှားကိုမပြုပြင်ပဲနေပါမည်နည်း။
အထူးသဖြင့် အဆိုပါ တိုင်းပြည်၏ ကျောက်သင်ပုန်းကြီးပေါ်ဝယ် ဥပမာအားဖြင့် ဝေသာလီသည် အမှားကို မရေးမိလိုပါ။ ထို့အတူ မရီတာကိုလည်း ဆန္ဒပြုပါသည်။ မရီတာကိုမှားသည် ဟု ကျွန်တော်မဆိုလိုချင်ပါ။ သို့သော် မရီတာကိုယ်တိုင် ငါဘာများလိုအပ်နေသလဲ မှားနေသလဲ ဆိုတာ ကိုတော့ ကိုယ့်နည်းကိုယ့်ဟန်ကိုယ့်အတွေးဖြင့် မှန်ကန်အောင် တွေးတောဆင်ခြင်မိစေလိုပါသည်။
အဘယ်ကြောင့်ဆိုသော် ထိုကျောက်သင်ပုန်းသည် အနာဂတ်အတွက်အရေးပါသော အယူအဆအတွေးအမြင်သင်ယူစ တက်ခေတ်လူငယ်များအတွက် အရေးပိုမိုကြီးသော ကျောက်သင်ပုန်းကြီး ဖြစ်နေသောကြောင့်ပင်။
အချိန်ကဆက်ရေးဖို့ အခွင့်အရေးနဲနေပါတယ်မရီတာ။ နောက်တစ်ခေါက်မှ ဆက်ရေးပါတော့မယ်။
ချမ်းမြေ့ပါစေ။
I saw most of peoples believe the ဗေဒင်.
Everybody has right to believe.
Nothing to say.
I see,
Rita is very reliable.
If she says she'll do something, she'll do it.
She is brave.
Mostly are not.
Let us say,
Yes...Yes... Yes...even we are not clearly fully understood.
We followed under someone without dissatisfaction.
We are used to under stress.
We had been got strain.
BINO
နောင်တစ်ချိန် ပညာလိုလား အမျိုးကောင်းသား သမီးတွေက Google Search ကနေ " ဗေဒင် " လို့ ရိုက်ပြီး ရှာလိုက်တဲ့အခါမှာ ပိဋိကတ် အိုးခြမ်းကွဲလေးတွေက ပညာရပ်အမြင် တစ်ပြားသားမှ မရှိဘဲ ဝေဖန်ရေး နဲ့ လေကန်ရေး လုပ်နေတာကို တွေ့ တဲ့အခါမှာ ပညာရပ်အတွက် ရပ်တည်ပေးမဲ့ အရေးအသားတွေကို မြင်တွေ့ စေချင်လို့ ရေးပါတယ်..
ရေးသားတဲ့အခါမှာတော့ မျက်စိစပါးမွှေးစူးပါလိမ့်မယ်။ ကဲ စပါပြီ။
အပေါ်ဖက်က ကွန်မန့် မှာရေးကြပါတယ်.. ပိဋိကတ်အိုးခြမ်းကွဲတွေ.. ဘုရားဖြစ်မဲ့ အုတ်နီခဲလေးတွေက. ဘကြီးဘုန်းဆီ ကပ်ပြီး နာထားတဲ့ တရားတစ်ပိုင်းတစ်စလေးနဲ့ ... ။ အဲဒီအထဲကမှ ရာဟုဆိုသူ အစ်ကိုတော်လေးက ဒီလိုရေးထားသဗျ..ဆရာတော့်စကားလေး ကော်ပီခေတ္တခဏ ငှားသုံးတယ်ပေါ့ဗျာ...
ဘုရားလောင်း “သိဒ္ဓတ္တ”မင်းသား တောထွက်ချိန်မှာ..ရက်ရာဇာ၊ ပြဿဒါး မရွေးခဲ့ပါဘူး ..
ဗေဒင်ဆရာ ဖြေပါမယ်..။ တောထွက်ခန်းလေးနဲ့ စလိုက်ကြရအောင်.. အပေါ်မှာ သူကလည်း ဗုဒ္ဓ၀င်ခင်းပြပြီးသားဆိုတော့.. ဟိုး...ပဝေသဏီ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း မတိုင်ခင်က ပွင့်ခဲ့တဲ့ ကဿဖ ဘုရားရှင်ရဲ့  ဗျာဒိတ်တော် ( ရိုရိုသေသေ သုံးပါတယ် .. ဗေဒင်ဟောတယ်လို့ မသုံးပါ) ကို မပြောတော့ပါဘူး..။
အတိတ်နိမိတ် မယုံပါ. စိတ်လည်း မ၀င်စားပါဘူး.. ဟုတ်ကဲ့.မ၀င်စားလည်း ပြောစရာရှိတာ ပြောမှာပါပဲ။ တောထွက်ခန်းက နိမိတ်ကြီး ၄ ပါးနဲ့ စပါမယ်။ သိဒ္ဓတ္ထမင်းသားဟာ နိမိတ်ကြီး ၄ပါးထဲက နောက်ဆုံးနိမိတ်ဖြစ်တဲ့ " ရဟန်း " ဆိုတဲ့ နိမိတ်မြင်တဲ့အချိန်ဟာ ဘယ်အချိန်ဖြစ်မှန်းတော့ မသိပါဘူး..။ ထားပါတော့ နေ၀င်ရီတရော အချိန်လို့ ။ ဒါလည်း မသေချာသေးပါဘူး .. ပုံတွေထဲမှာတော့ ရဟန်းဟာ သပိတ်လေး ပိုက်နေတဲ့ ပုံတွေက များနေတော့ နေ့ လည် ဆွမ်းခံကြွချိန်လို့ မှတ်တာ အသင့်လျော်ဆုံးပါပဲ..။
သိဒ္ဓတ္ထမင်းသား နိမိတ်ကြီး (၄) ပါးလုံး မြင်ပြီးတဲ့အချိန်မှာ ဟေ့..ကိုယ်တော်တော့ တောထွက်တော်မူတော့မယ်.. အခြွေအရံတွေအားလုံး ပြန်တော့.. လို့ ပြောပြီး တစ်ခါတည်း တောထွက်တော် မမူသေးပါဘူး...
စံမြန်းတော်မူရာ နန်းတော်ကို ပြန်ကြွတယ်.. အခန်းပိတ်စဉ်းစားရင်လည်း စဉ်းစားပါအုံးမယ်.. ။ နောက်ဆုံးတောထွက်မယ် ဆိုတဲ့အချိန်မှာ ပုထုဇဉ်ဆိုတော့ ဇနီးမယား နဲ့ သမီးသား ကိုနောက်ဆုံး အနေနဲ့ ကြည့်ချင်သေးတယ်ပေါ့.. အဲသလိုကြည့်ပြီးတဲ့ အခါမှ တောထွက်တယ်..
အဲဒီအချိန်ဟာ .. ဘာအချိန်လဲ... အကာလ ညအခါ လူခြေတိတ်ချိန် ။ ဘာကြောင့် ညအခါ လူခြေတိတ်ချိန်မှ တောထွက်ရတာလဲ.. ရှင်းပါတယ်.. တောထွက်တာကို ၀ိုင်းဝန်းတားဆီးမှာကို မလိုလားတဲ့အတွက် လူခြေတိတ်ဆိတ် တဲ့ ညအခါ ကို ရွေးပြီးမှ တောထွက်တာဖြစ်ပါတယ်။။
ဒါဆိုရင် ပြဿဒါး ရက်ရာဇာ တော့ မရွေးပါဘူး။ ညအခါ ကို ရွေးပါတယ်..။
ဗုဒ္ဓ၀င်ကို ဒီနေရာမှာ ခဏဖြတ်လိုက်ပါတယ်...
ဗေဒင်ဆရာ
နောင်တစ်ချိန် ပညာလိုလား အမျိုးကောင်းသား သမီးတွေက Google Search ကနေ " ဗေဒင် " လို့ ရိုက်ပြီး ရှာလိုက်တဲ့အခါမှာ ပိဋိကတ် အိုးခြမ်းကွဲလေးတွေက ပညာရပ်အမြင် တစ်ပြားသားမှ မရှိဘဲ ဝေဖန်ရေး နဲ့ လေကန်ရေး လုပ်နေတာကို တွေ့ တဲ့အခါမှာ ပညာရပ်အတွက် ရပ်တည်ပေးမဲ့ အရေးအသားတွေကို မြင်တွေ့ စေချင်လို့ ရေးပါတယ်..
-----
"အင်းအိုင် ၊ ခလှဲ့ ၊ လက်ဖွဲ့ တွေ ပါမသွားဘူး ၊ ဒုက္ကရစရိယ မကျင့်ကြံရအောင် ယတြာတွေ ချေမသွားပါဘူး"
ကျနော်ကတော့ ပြောချင်ပါတယ်။ ဗေဒင်ဟာ လောကီပညာရပ်ပါ။
ဘုန်းတော် အနန္တ ၊ ကံတော်အနန္တ၊ ဥာဏ်တော် အနန္တ နဲ့ ပြည့်စုံတော် မူ သော မြတ်စွာ ဘုရားလို့ ဆိုပြီးတော့ ဒီလောကီပညာရပ်တွေ ပါမသွားပါဘူး ၊ ယတြာတွေ ချေမသွားပါဘူး လို ရေးသားနေခြင်းဟာ ဘုရားရှင်ရဲ့ ကြီးမြတ်တဲ့ ဂုဏ်ကျေးဇူးတော်တွေကို မိမိ မသိလိုက်ဘဲ ပြစ်မှားမိနေတာတွေ ပါ။
အဲသလို မျိုး ပြောကြမယ်ဆိုရင် ..ကျနော် လည်း ပြောချင်ပါတယ်..
အင်ဂျင်နီယာပညာရပ်သမားတွေအတွက်..
ဘုရားလောင်း သိဒ္ဓတ္ထ မင်းသား တောထွက်ချိန်မှာ..
- GPS ပါမသွားပါ။ သံလိုက်အိမ်မြှောင်မပါဘူး
- ၀န်ချီစက်တွေ ၊ ကရိန်းတွေ မရွေးခဲ့ပါဘူး
ဒုက္ကရစရိယ ကျင့်ကြံတဲ့နေရာကို ရေချိန်နဲ့ မညှိသွားပါဘူး။
ကွန်ပျူတာ ၊ ဆရာဝန် အစရှိတဲ့ ပညာရပ်သမားတွေလည်း ကိုယ်နဲ့ သင့်လျော်ရာ ပညာရပ်အလိုက်ပေါ့ ထည့်သွင်းစဉ်းစားနိုင်ပါတယ်..
"ယတြာ ကောင်းရင် မင်းလောင်း ဘာဖြစ်တယ် ညာဖြစ်တယ်"
ဘုရားရှင်ရဲ ဂုဏ်ကျေးဇူးတော်တွေကို တင်စားတဲ့ ဥပမာတွေ အများကြီးရှိပါတယ်။
ဗေဒင်ပညာရပ်ကို တင်စားထားတဲ့ ပညာရှင်တွေရဲ့ တင်စားချက်တွေ ဖြစ်ပါတယ်။ မှန်ကန်တဲ့ လမ်းညွှန်မှု ပေးနိုင်တဲံ ဆရာရဲ့ ယတြာကောင်းလို့ 
၇ ရက်သားသမီး တွေ စိတ်ချမ်းသာပေါင်းများပါပြီ။
နောက်ပြီး "ကောဏ္ဍညပုဏ္ဏား "
ဘုရားစင်စစ် ဧကန်ဖြစ်လတ္တံ့ လို့ တပ်အပ်ဟောပါတယ်။ ဖြစ်လည်း ဖြစ်သွားပါတယ်။
ဒီလိုလေး ရေးလိုက်ရင် လှသွားမလားလို့ ပါ။
ဘုရားလောင်း က ဒုက္ကရ စရိယ မကျင့်တော့ဘဲ အစားအစာ လဲ ပြန်စားရော ဘုရားမဖြစ်တော့ပါဘူးလို့ ယဲုံကြည်ထင်မှတ်သွားလို့ ပဉ္စ၀ဂ္ဂီ (၅) ပါးလုံး ဘုရားလောင်းကို စွန့် ခဲ့ကြတယ် .. မဟုတ်လားဗျာ..
(သူ့ ပညာစွမ်းအရတော့ မှန်ပေသားပဲ။ ဒီလို အစားအစာပြန်စားပြီး မှ ဘုရားဖြစ်မယ်လို့ မတွက်ထားမိခဲ့လို့ စွန့် ခွာသွားတာပဲ)
အဓိက ပြောချင်တာကတော့ဗျာ... ၃ လောက ထွဋ်ထား ဘုရားမြတ်၊ ဆရာမရှိ ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူတဲ့ မြတ်စွာဘုရား..
ဆိုပြီးတော့ ဘုရားထက်တတ်လို့ ဘုရားရှင်ရဲ့ တရားတော်တွေကို Judge လုပ်နေကြတာလားတော့ မသိဘူး..
ရေးလိုက်ကြတဲ့ အယူအဆတွေ .. ဘုရားရှင်က ဒီလိုဟောကြားခဲ့ပါတယ် ဆိုဆိုပြီး ကိုယ့်ရဲ့ မလောက်လေး မလောက်စား ဥာဏ်အမြင်နဲ့ ဘုရားဟောကြားခဲ့တဲ့ တရားတော်တွေကို ယှဉ်ယှဉ်ပြီး ချိန်ထိုးပြနေကြတာ ..
အ၀ီဇိငရဲက ဒယ်အိုးမှာ ဖင်ဂျွတ်တက်ပြီး ခံရမဲ့ အမျိုးတွေ...
- - -
ဒါကြောင့် အနှစ်ချုပ်ရရင်
ကျွန်တော်သည် ဗေဒင် ၊ ယတြာ လုံးဝ (ဥဿုံ) ယုံကြည်ပါတယ်။
ကျန်တဲ့သူတွေ.. ကိုယ်သင်ထားတဲ့ ပညာရပ်ကို ယုံကြရဲ့ လား။။
ဗေဒင်ဆရာ
စိတ်ချမ်းသာမယ် ဆိုရင်တော့ ဆက်ရေးပါ။
ဒါပေမဲ့ ကိုယ်သာဆိုရင်တော့ ကိုယ့်ပညာကိုယ် တန်ဖိုးထားရင် တန်ဖိုးမထားတဲ့သူရဲ့ ဘလော့ကြို ဘလော့ကြား လာကပ်ပြီး ရေးမှာ မဟုတ်ဘူး။ အောက်လို့။
ဘာပဲဖြစ်ဖြစ် comment page ဆိုတာ ဘလော့ဂါ ကိုယ်တိုင် ဆိုင်သာဆိုင် ပိုင်တာ မဟုတ်လို့ မတားမြစ်လိုပါ။
ဒါပေမဲ့ မလိုအပ်ဘူးလို့ မှတ်ယူတဲ့လူတွေကတော့ ဘာပြောပြော လိုအပ်လာမယ် မထင်ပါနဲ့။ ဘုရားရှင်တောထွက်တော့ ဘာလောကီပညာမှ ယူမသွားတာ ဆိုရာမှာ တီစကွဲရော၊ ကရိန်းရော၊ ဆေးထိုးအပ်ရော၊ ပရက်ရှာတိုင်းတာရော၊ ဗေဒင် ယတြာရော အကုန်ပါတယ်။ ဒါပေမဲ့ ဗေဒင် ယတြာမှ အပ ကျန်ပစ္စည်းတွေက ယူချင်သည့်တိုင် အဲဒီခေတ်က ရှိလို့လား။ ရှိသည့်တိုင်အောင်လဲ မလိုအပ်လို့ ယူမှာ မဟုတ်ဘူး။ ဒါကို ဘယ်သူမှ မငြင်းဘဲ ဘာလို့ တယောက်တည်း လာငြင်းနေတာပါလဲ။
ဘုရားအလောင်းတောထွက်တာ လောကုတ္တရာကိစ္စလုပ်တာ။ ဘယ်လောကီပစ္စည်းမှ မသယ်ဘူး ရှင်းနေတာပဲ။ ရှင်းပြီးသားကို ဘာလို့ ထပ်ရှင်းတာပါလဲ။ မလိုအပ်တာတွေဆိုတာ ဒါမျိုးကို ပြောတာ။
အဲလို တောထွက်ရာမှာ အင်ဂျင်နီယာပစ္စည်း မယူလို့ အင်ဂျင်နီယာများက သိမ်ငယ်စိတ် ဝင်မယ် ထင်ပါသလား။ ဘာမှ မဆိုင်။ ထို့အတူပဲ ဗေဒင်ဆရာများလည်း ခံယူတတ်သင့်သည် ထင်ပါသည်။ ဘုရားအလောင်းတော်မှာ မလိုအပ်လို့ ဘာအစီအရင်မှ လုပ်မသွားဘူး။ အဲဒါ ဘာစိတ်မကောင်းဖြစ်စရာရှိပါသလဲ။ ဘာသိမ်ငယ်စရာ ရှိပါသလဲ။
လောကီကိစ္စမှာ အင်ဂျင်နီယာပညာကို ယုံခြင်းမယုံခြင်း ဘာမှ ပြောစရာမလို။ လိုသည်ထင်က လိုသည့်သူက လိုသည့်အခါတွင် လိုအပ်သောပညာရပ်အတွက် အင်ဂျင်နီယာများအား ခေါ်သုံးလိမ့်မည်။
ထို့အတူပင်။ ဗေဒင်ဆရာများအားလည်း လိုသည်ထင်က လိုသည့်သူက လိုသည့်အခါတွင် လိုအပ်သောပညာရပ်အတွက် ခေါ်သုံးလိမ့်မည်။
သူ့ပညာသူ မယုံတော့ရော ဘယ်သူ့အရေးလဲ။ ဘယ်သူ ပူစရာလိုပါသလဲ။
ခွေးအိမ် ကြောင်အိမ်သော်လည်းကောင်း၊ ကားဂိုဒေါင်သော်လည်းကောင်း၊ နောက်ဆုံး လူနေတိုက်ပင်ဖြစ်စေ လက်သမား ပန်းရံဆရာနှင့် ပြီးနိုင်သည်။ သို့သော် သူတို့တွင်ပင် လက်မှတ်မရှိသည့်တိုင် ဆောက်လုပ်ရေးအခြေခံပညာတော့ ရှိရသည်။ ဘွဲ့ရအင်ဂျင်နီယာမလိုဘူး ထင်လို့ မခေါ်သုံးဘူး ဘာဖြစ်သလဲ ဘာမှမဖြစ်။ အဲဒါကို ဘာပဲ ဆောက်ဆောက် အင်ဂျင်နီယာ လိုကိုလိုတယ်လို့ အင်ဂျင်နီယာများက သိက္ခာကျခံ၊ ကိုယ်ရည်ကိုယ်သွေးပျက်ခံပြီး ပြောမယ် ခေါ်သုံးခိုင်းမယ် ထင်ပါသလား။
တကယ်လို့ တယောက်ယောက်ကများ အင်ဂျင်နီယာတွေ မလိုဘူး ဘလော့ပေါ်ကပြောလာပါက ၄င်း အင်ဂျင်နီယာများက ယခုကဲ့သို့ သူများ ဘလော့အား ကပ်မြှောင်၍ ဇွတ်အတင်း လိုပါတယ် လိုပါတယ် အော်နေမယ် ထင်ပါသလား။ ပညာမာနကို အကျခံမည် ထင်ပါသလား။ သူတို့ဘာသာ လိုအပ်တဲ့အိမ်ယာလို၊ မျှော်စင်လို ပြတိုက်လို အဆောက်အဦ များ ဆောက်နေရလို့ သူတို့ပညာကို မလိုဘူးပြောနေမှန်း သိတောင်သိလိုက်မည် မထင်။
အင်ဂျင်နီယာနှင့်သာ ဥပမာ ပေးလိုက်ပါသည်။ ကျန်တာများလည်း ထို့အတူဟု မှတ်ယူပါလေ။
လိုသည်ထင်က လိုသည့်သူက သုံးပါလိမ့်မည်။
ထို့အတူပင် ဗေဒင်ကိစ္စလည်း လိုသည်ထင်က လိုသူက သုံးပါလိမ့်မည်။
ရေးချင်ရင်တော့ ဆက်ရေးပါ။ အကျိုးတော့ မရှိနိုင်။
နောင်တစ်ချိန် ပညာလိုလား အမျိုးကောင်းသား သမီးတွေက Google Search ကနေ " ဗေဒင် " လို့ ရိုက်ပြီး ရှာလိုက်တဲ့အခါမှာ ပိဋိကတ် အိုးခြမ်းကွဲလေးတွေက ပညာရပ်အမြင် တစ်ပြားသားမှ မရှိဘဲ ဝေဖန်ရေး နဲ့ လေကန်ရေး လုပ်နေတာကို တွေ့ တဲ့အခါမှာ ပညာရပ်အတွက် ရပ်တည်ပေးမဲ့ အရေးအသားတွေကို မြင်တွေ့ စေချင်လို့ ရေးပါတယ်..
-----
ဂေါတမ ဘုရားရှင် ဗျာဒိတ် ပေးတော်မူခဲ့ပါတယ် ။ ဗျာဒိတ်ဆိုတာ နိမိတ်စကား ပါပဲ..
" နောင်သောအခါ ပွင့်တော်မူမည့် ဘုရားသည် အရိမေတ္တယျ လို့ ။"
ကံကံ၏ အကျိုးကိုသာ ယုံကြည်ရန် ၊ အတိတ် ၊ နိမိတ် များအား မယုံသင့်ဟု ဟစ်ကြွေးနေသော ပိဋိကတ်အိုးခြမ်းကွဲလေးများ ခင်ဗျား...
ဗျာဒိတ်တော်စကား ( နိမိတ်) ကိုကော ယုံပါသလား။ ။
စကားကိုးလေး တစ်ခု ပြန်ညွှန်းလိုက်ပါအုံးမယ်။
" မြတ်စွာဘုရားနဲ့ ဆန့် ကျင်တာကို ယုံလျှင် ဘုရား၊တရား မယုံရာ ကျတာပေါ့ ။"
မယုံတဲ့သူရော ၊ ယုံတဲ့သူရော အားလုံးကို လေးစားပါတယ်။
ဗေဒင်ဆရာ
သဗ္ဗညုတဉာဏ်နဲ့ ပေးတဲ့ ဗျာဒိတ်တော်ကို ဗေဒင်ဆရာက နှစ်လုံးထီ၊ သုံးလုံးထီ အတိတ်ပေးသလို၊ မြင်မြင်ကရာ အတိတ်ကောက်တဲ့ အယူသီးသမားလို နှိုင်းယှဉ်ပြီးပြောနေတာ ဒီတခါ နောက်ဆုံး ဖြစ်ပါစေ။
ကိုယ့်ဘာသာ ဘလော့ဖွင့်ပြီး ပြောရင် ဘာပြောပြော ပြောလို့ရပါတယ်။ ကိုယ်ဘက်က စိတ်ဝင်တစား ဝေဖန်ချက် ပြုမည် မဟုတ်ပါ။
ကိုယ့်ဘလော့က comment page မှာ နောက်ထပ် ဒီလို ခိုင်းနှိုင်းချက်မျိုး၊ နှိုင်းယှဉ်ချက်မျိုး ထပ်လာမယ်ဆိုရင် ကိုယ် မနှစ်မြို့နိုင်တာဖြစ်လို့ ဖျက်ပစ်မှာဖြစ်တယ် ဆိုတာ အသိပေးလိုပါတယ်။
နောက်တစ်ခုက ကိုရာဟုရဲ့အပြောကို ပေးတဲ့ comment.
အလောင်းတော်ဘဝမှာ ညအချိန်ရွေးလို့ တောထွက်တယ် ဆိုတာ အဆင်ပြေမယ့် အချိန်ကို သူ့ဘာသာ ဉာဏ်နဲ့ ရွေးလို့ ထွက်သွားတယ်ဆိုတာ ဘယ်လိုကြည့်ကြည့် သိသာတဲ့ အချက်ဖြစ်တယ်။ အဲဒီအချိန်ကို ထွက်ဖို့ သူ့အခြေအနေကို သူ့ပင်ကို ဉာဏ်နဲ့ ဆုံးဖြတ်တာ ဖြစ်တယ်။ နိမိတ်ကြီး လေးပါးဆိုတာဟာ သူဖြည့်ဆည်းခဲ့တဲ့ ပါရမီတော်တွေ (ကံ=အလုပ်တွေ) ကြောင့် သိကြား နတ်များက ဖန်ဆင်းပြခဲ့ (အချိန်ကျပြီ ဖြစ်ကြောင်း အချက်ပေးခဲ့)တာ ဖြစ်တယ်။
ဘယ်ဗေဒင်ဆရာကမှ အခါပေးခဲ့တာ မဟုတ်ဘူး။
ကိုရာဟုရဲ့ အပြောဟာ ဒါကို ဆိုလိုတယ်။
ဗျာဒိတ်စကားပေးတဲ့အချိန်မှာ အလောင်းတော်ရဲ့ လာမယ့် အသင်္ချေချီတဲ့ ဘဝဘဝတွေမှာ ဖြည့်ဆည်းနိုင်မယ့် ပါရမီကို ပွင့်ပြီး ဘုရားရှင်က သဗ္ဗညုတဉာဏ်နဲ့ လှမ်းမြင်နိုင်လို့ ကြိုးစားရင် (ပါရမီတော်တွေကို ဖြည့်ဆည်းနိုင်ရင်) ဘုရားဖြစ်မယ် လို့ ဗျာဒိတ်ထားတာဖြစ်တယ်။
အဲဒါကို ဗေဒင်ဆရာတွေ ဗေဒင်ဟောတာနဲ့ ယှဉ်ပြောစရာ အကြောင်း ရှိပါသလား။
နဖူးရေ ဒူးရေကြည့်ပြီး ပေးရတဲ့ ဗျာဒိတ်မဟုတ်ဘူး။ မွေးဖွားရာ ဇာတာကြည့်ပြီး ပေးရတဲ့ ဗျာဒိတ်မဟုတ်ဘူး။
တကယ်လို့များ အလောင်းတော်က ကြိုးစားတဲ့ (ပါရမီဖြည့်တဲ့) နေရာမှာ တခုခုများ အလွဲအချော်ဖြစ်ခဲ့ရင် ဒီယတြာချေလိုက်ပါလို့ နောက်ဆက်တွဲနဲ့ ပေးတဲ့ ဟောကြားချက်မဟုတ်ဘူး။
ပါရမီတော်တွေကို ဖြည့်စွမ်းနိုင်မယ့် ပုဂ္ဂိုလ်ဖြစ်တယ်လို့ သဗ္ဗညုတဉာဏ်နဲ့ သိမြင်လို့ (အဲဒီ သဗ္ဗညုတဉာဏ်ကလဲ ပါရမီတော်တွေကို အင်္သေချေဘဝနဲ့ချီလို့ ဖြည့်ဆည်းခဲ့လို့ရတဲ့ ဉာဏ်၊ ယတြာချေလို့ ရတဲ့ ဉာဏ်မဟုတ်။) ပါရမီဖြည့်ဆည်းနိုင်ရင် ဖြစ်မယ်လို့ ပေးတဲ့ ဗျာဒိတ်ဖြစ်တယ်။
အဲဒါကို ဗေဒင်ဆရာတွေ ဗေဒင်ဟောသလို ကိစ္စနဲ့ နှိုင်းယှဉ်ပြီး ဆက်ပြောနေမယ်ဆိုရင် ကိုယ့်ဘာသာ ကိုယ်ပိုင်ဘလော့ဖွင့်ပြီး ဆက်ပြောပါ။
နောက်ထပ်လာမယ့် အဲဒီလို ကဂျိုးကဂျောင် comment တွေကို ဖျက်ပစ်ပါမယ်။
(မကျန်းမာလို့ ဗေဒင်ဆရာဆီမှာ မေးတာ အပြစ်မဟုတ်ပါ..
ဆရာဖြစ်သူက မှန်ကန်တဲ့ လမ်းညွှန်မှုနဲ့ အတူ
- ဗေဒင်ကိန်းခန်း အရ ဒီလိုရောဂါမျိုးဖြစ်တတ်ပါတယ်.၊- ဒီရောဂါအတွက် ဒီဆရာကတော့ နာမည်ကြီးပါတယ်၊ ဒီဆရာကတော့ ငွေတောင်းကြမ်းတယ်.။ ဒီဆရာကတော့ ငွေကုန်သက်သာတဲ့အပြင် ရောဂါပျောက်တာ မြန်တယ်..ဆိုတဲ့ လမ်းညွှန်ချက်တွေ ပေးနိုင်ရပါမယ်။)
ခုပဲ အပေါ်က comment တွေ ကြည့်ရင်း တွေ့မိလို့။
မကျန်းမာလို့ မေးမေး၊ ကျန်းမာရဲ့သားနဲ့ ဘယ်တော့ မကျန်းမမာ ဖြစ်မလဲ သိချင်လို့ပဲ မေးမေး ဗေဒင်မေးတာဟာ အပြစ်မဟုတ်ဘူး။ မှန်တယ်။ ကိုယ်ကလဲ အပိုလုပ်တွေလို့ မြင်တယ်လို့သာ ပြောထားတာ။ ဒါပေမဲ့ ကိုယ့်မှာအကုသိုလ်ရှိလို့ ရောဂါဝေဒနာကျရောက်တယ်။ အဲဒီအခါမှာ ကုသိုလ်ကောင်းမှုလုပ်ဖို့ လိုတယ်။ လုပ်ချင်တယ်ဆိုရင် ဘာကို ဘယ်လို ဘယ်အချိန်မှာ လုပ်ရမလဲလို့ သူတပါးရဲ့ ညွှန်ကြားချက်ကို လိုလားတာကတော့ ဗုဒ္ဓဘာသာဝင် မပီသရာကျတယ်။ ဆိုလိုရင်းက ဒါပဲ။
နောက် (ဗေဒင်ကိန်းခန်းအရ ဒီလိုရောဂါတွေ ဖြစ်တတ်ပါတယ်) ဆိုတာထိတော့ ဟုတ်ပါပြီ။ ဒါဗေဒင်အလုပ်ပါပဲ။
နောက်ဆက်တွဲ (ဒီရောဂါအတွက် ဒီဆရာကတော့ နာမည်ကြီးပါတယ်၊ ဒီဆရာကတော့ ငွေတောင်းကြမ်းတယ်.။ ဒီဆရာကတော့ ငွေကုန်သက်သာတဲ့အပြင် ရောဂါပျောက်တာ မြန်တယ်..ဆိုတဲ့ လမ်းညွှန်ချက်တွေ ပေးနိုင်ရပါမယ်) ဆိုတာကတော့ ဗေဒင်ဆရာ အလုပ်လား။ ကောင်းပါတယ်။ ကောင်းတဲ့ အလုပ်ပါ။ ဒါပေမဲ့ အဲဒီလို သတင်းပေးတဲ့ အခါမှာ ပြင်ပက ရတဲ့ သတင်းကို ပေးတာပါလား၊ ဆရာဝန်တွေရဲ့ ဇာတာကို စစ်ဆေးပြီး လူနာကို သတင်းပေး ဟောကြားတာပါလား ဆိုတာစဉ်းစားစရာ ဖြစ်ပါတယ်။
ထားပါတော့။ ဘယ်လိုနည်းနဲ့ သတင်းပေးပေး ကိုယ်စိတ်မဝင်စားပါဘူး။
သို့သော် ဒါက ဗေဒင်ဆရာမေးမှ သိတဲ့ ကိစ္စလား။ GP ဆရာဝန်က ညွှန်းရင် သွားသင့်တဲ့ သက်ဆိုင်ရင် အထူးကု ဆရာဝန်ကို၊ ကုဖူးတဲ့ လူဆီ စုံစမ်းနိုင်ရင် ဆရာဝန်အကြောင်းကို သိနိုင်တဲ့ကိစ္စပဲ။
ဒီကိစ္စမှာ ဗေဒင် လိုတယ်ထင်ရင် ထင်တဲ့သူက လုပ်ကြပါလိမ့်မယ်။
ဒါပေမဲ့ ကိုယ်လိုလူတွေကတော့ ဒီကိစ္စအတွက် ဗေဒင်မေးမှာ မဟုတ်ဘူး။ သက်ဆိုင်ရာ ဆရာဝန်တွေရှိရက်နဲ့ ကုသထိတွေ့ဖူးတဲ့ လူတွေရှိရက်နဲ့တော့...
နောက်တခု အစွန်းထွက်တဲ့ အကြောင်းက တကယ်လို့များ ဗေဒင်ကဟောတဲ့ ရောဂါနဲ့ သက်ဆိုင်ရာ ဆရာဝန်က တွေ့တဲ့ ရောဂါ မတူရင် လူနာအနေနဲ့ ဘယ်သူ့စကားယုံမှာလဲ ဆိုတာ စိတ်ဝင်စားမိပါတယ်။
ထားပါ။ ဘယ်သူ့ကို ယုံမယ်ဆိုတာ သူ့ရွေးချယ်ပိုင်ခွင့်နဲ့ သူပါပဲ။ အဲဒီအခါမှာ လူနာအနေနဲ့ ဆရာဝန်တပ်တဲ့ ရောဂါကို လက်မခံဘဲ ဗေဒင်ဆရာပြောတဲ့ ရောဂါကိုသာ လက်ခံနေတယ်ဆိုရင် အဲဒီဗေဒင်ဆရာက တာဝန်ယူပြီး ကုပေးမှာမို့လို့ပါလား။
ဒါမှမဟုတ်ရင် ဗေဒင်ဆရာတပ်တဲ့ရောဂါနဲ့ ထပ်တူကျအောင် ပြောပေးမဲ့ ဆရာဝန်ကို မတွေ့မချင်း ရှာစေမှာပါလား။
ဗေဒင်ကို စိတ်ဝင်တစ်စား ဖြေကြားပေးတဲ့အတွက် အထူး ကျေးဇူးတင်ပါတယ်.. မှန်တာပြောလွန်းရင် ဒီလိုပဲ ဗေဒင်ဖက်လိုက်သွားတတ်ပါတယ်..
ဗေဒင်ဆရာ
ဘယ်သူက ဘာအကြောင်းပြောတယ်၊ ဘယ်ဘက်ကို လိုက်လို့၊ နွယ်လို့ ပြောတယ်ဆိုတာကို သိရက်နဲ့ ဖြစ်ဖြစ်၊ မသိလို့ဖြစ်ဖြစ် တလွဲအဓိပ္ပါယ်ဖွင့်ပြီး လိုရာဆွဲပြောတာဟာ ဘဝတူ ဗေဒင်ဆရာတွေကို စတည်းက တန်ဖိုးမထား အထင်မကြီးတဲ့သူတွေရှေ့မှာ နိမ့်ကျစေတယ်။
အဲဒါကို ဗေဒင်တွက်ပြီး မသိနိုင်တာလား။
ပညာကို ပညာလို့ မမြင်ဘဲ ဆက်လက် အငြင်းသန်နေသူတစ်ဦးဆီမှာ ရှင်းလင်းတင်ပြမနေပါနဲ့တော့ ကိုဗေဒင်ဆရာရေ။ ဒီ Comments တွေကို စောင့်ဖတ်နေတာ လေးငါးရက်လောက် ရှိရော့မယ်။ အထက်က စာရေးသူတစ်ဦးလည်း ခွေးပီကေ ကျွေးသလို၊ နွားပလာတာ ကျွေးသလို၊ ဝက် ဖာလူဒါ တိုက်သလို ဖြစ်နေလို့ ပြန်သွားရှာပြီ။ အထက်က ခပ်ကြမ်းကြမ်း Userone ဆိုသူကတော့ နည်းနည်းရိုင်းတယ်။ Bino ကတော့ Rita မှ Rita ပါပဲဗျာလို့ မင်းသားတစ်ယောက် လေသံနဲ့ ပြောရမလို လုံးဝ ရီတာ့ကို ထောက်ခံသူ အဖြစ် တွေ့ရပါတယ်။
ကျွန်တော်ကတော့ ဗေဒင်လဲ မေးတယ် လိုအပ်ရင် ယတြာလဲ ချေတယ်။ မယုံတဲ့သူတွေလည်း သူတို့ အတွေးကို လက်ခံတယ်။ ဒါပေမယ့်ဗျာ မယုံဘူးဆိုသူတွေ ကြည့်လိုက်၊ တကယ့် ဖြစ်တည်မှုဝါဒီတွေ၊ ကွန်မြူနစ်လက်သစ်တွေဗျ။ တကယ့် ဗုဒ္ဓဝါဒီသမားကျတော့ ဗေဒင်ကို အတိုင်းအတာနဲ့ လက်ခံတယ်။ ပညာရပ်တစ်ခုလို လေးစားပေးပါတယ်။ မေးတာ မမေးတာ သူ့ကဏ္ဍ မဟုတ်ဘူး။ ကွန်ပြူတာပျက်လို့ မပြင်တတ်ရင် သွားပြင်သလို၊ နည်းနည်းပါးပါး ရှေ့ရေးကြိုသိစရာလေး ရှိရင် သိနိုင်တဲ့ တော်သောတတ်သော ဗေဒင်ဆရာဆီ သွားမေးတယ်။ ဒီလောက် ရှင်းလင်းနေတဲ့အရာကို ဘယ်လို ရှုပ်အောင် ရေးနေကြလဲတော့ မသိဘူး။ အံ့ရောဗျာ။
အင်း အပေါ်က Anonymous လည်း ရှင်နာဂသိန် သိပုံ မပေါ်ဘူး။
(မယုံတဲ့သူတွေလည်း သူတို့ အတွေးကို လက်ခံတယ်။ ဒါပေမယ့်ဗျာ မယုံဘူးဆိုသူတွေ ကြည့်လိုက်၊ တကယ့် ဖြစ်တည်မှုဝါဒီတွေ၊ ကွန်မြူနစ်လက်သစ်တွေဗျ။)
ယုံတဲ့လူတွေကိုလည်း ကိုယ်က မယုံပါနဲ့ မပြောဘူး။ ကိုယ်တိုင်သော်မှ ယုံတာ မယုံတာကို ပြောမထားဘူး။ ယုံတဲ့ စိတ်ဝင်စားတဲ့ လူတွေရဲ့ အတွေးကိုလည်း နားလည်တယ် (လက်ခံတာ မခံတာနဲ့ မဆိုင်ဘူး။ လက်ခံတယ် မခံဘူး ပြောရအောင် သူတို့အတွေးအခေါ်ပေါ်မှာ ကိုယ်က ဘာအခွင့်အာဏာမှ မရှိဘူး)
ဒီမှာ လာငြင်းတဲ့ လူတွေကိုကြည့်လိုက်။ ဗေဒင်ကို အားကိုးယုံကြည်ပြီး မှီခိုချင်တဲ့လူတွေနဲ့ ဗေဒင်ဆရာတွေချည်းပဲ။
နောက်တခုက ဒီ post ဟာ ယုံခြင်း မယုံခြင်း မှန်ခြင်း မမှန်ခြင်းကို ရေးထားတာမဟုတ်ဘူး။ လိုခြင်း ပိုခြင်းကို ရေးထားတာဖြစ်တယ်။
(တကယ့် ဗုဒ္ဓဝါဒီသမားကျတော့ ဗေဒင်ကို အတိုင်းအတာနဲ့ လက်ခံတယ်။ ပညာရပ်တစ်ခုလို လေးစားပေးပါတယ်။ မေးတာ မမေးတာ သူ့ကဏ္ဍ မဟုတ်ဘူး။ ကွန်ပြူတာပျက်လို့ မပြင်တတ်ရင် သွားပြင်သလို၊ နည်းနည်းပါးပါး ရှေ့ရေးကြိုသိစရာလေး ရှိရင် သိနိုင်တဲ့ တော်သောတတ်သော ဗေဒင်ဆရာဆီ သွားမေးတယ်။)
အဲဒါကို post မှာတည်းက ထည့်ရေးပြီးသား။ သေချာအောင် ပြန်ဖတ်လိုက ဖတ်ပါ။ မဖတ်လိုက နေပါ။
နောက် ဗေဒင်ဆရာ ဆိုသူ ရေးတာဟာလည်း အပေါ်က စာရေးသူလို သဘောတရား အနှစ်သာရကို ဆွေးနွေးတာ မဟုတ်ဘူး။ ဘုရားရှင်တွေ ဗျာဒိတ်ပေးတာ၊ နိမိတ်ကြီးတွေ မြင်တာကို သူတို့တွေ ဗေဒင်တွက်တာ၊ အတိတ်ကောက်တာနဲ့ နှိုင်းပြီး ပြောထားတာ။
ဒီလောက်ရှင်းလင်းအောင်ရေးထားတာကို လေးငါးရက်ဖတ်တာတောင် နားမလည်တာတော့ အတော်အံ့သြမိပါတယ်။
(တကယ့် ဗုဒ္ဓဝါဒီသမားကျတော့ ဗေဒင်ကို အတိုင်းအတာနဲ့ လက်ခံတယ်။)
ဆိုတာကို ကိုယ် quote လုပ်တာမှာ ဗေဒင်ပညာရဲ့ မှန်နိုင်စွမ်း၊ (မမှန်နိုင်စွမ်း) ကို အတိုင်းအတာနဲ့ လက်ခံတယ်လို့ ဆိုလိုတယ်။ ဒါကို ပထမ post မှာ အတိအလင်း ရေးပြီး။
အော် ..ခင်ဗျားက ရှင်းအောင်မှ မရေးတတ်တာကိုး။ ရှင်နာဂသိန်တော့ မသိဘူးဗျ မိလိန္ဒမင်းကတော့ မြန်မာမဟုတ်၊ ကုလားမဟုတ် ဆိုတာတော့ သိပါတယ်။ သိကြား နတ်များက ဖန်ဆင်းပြခဲ့တယ်ဆိုတဲ့ ကိုရာဟုစကးကိုလဲ ဒီမှာ ပြန်မေးပါရစေ။ တခြားဘာသာဝင်များ ဖတ်ရင် ရယ်ကြဦးမယ်
ရှင်းအောင် မရေးဘူးလာပြောတာ ဖတ်ရောဖတ်ပါရဲ့လား။
မိလိန္ဒ မြန်မာမဟုတ် ကုလားမဟုတ်ဆိုတော့ရော ဘာဖြစ်လဲ။ ဒီပို့စ်နဲ့ ဆိုင်ပါသလား။
နောက် ကိုရာဟု စကားဆိုတာလည်း သူ့အာဘော်ကို ကိုယ်က ဖြည့်စွက်ပြောထားတာ။
တကယ့်အနှစ်သာရက ဘုရားအလောင်းတော်ဟာ နိမိတ်ကြီးလေးပါးကို မြင်တာ သူ့ပါရမီတော်ကြောင့် မြင်တာပဲ။ သိကြားနတ်ပဲ ဖန်ဆင်းဆင်း မဆင်းဆင်း (စာအုပ်ထဲကဟာတွေလဲ အမှန်ဖြစ်ချင်မှ ဖြစ်မယ်။ အဓိကက အနှစ်သာရပဲ။ အဖြစ်အပျက် မဟုတ်ဘူး) သေချာတာကတော့ အဲဒီနိမိတ်ကြီးလေးပါးကို ဘယ်ဗေဒင်ပညာရှင်ကမှ ပြခဲ့ရတာ မဟုတ်ဘူး။ သူ့ပါရမီတော်ကြောင့် မြင်ခဲ့တာဖြစ်တယ်။ ပြီးတော့လည်း အဲဒီနိမိတ်လေးပါးကို ဘယ်ဗေဒင်ဆရာဆီကိုမှ အနက်မဖွင့်ခိုင်း၊ အတိတ်မကောက်ခိုင်းခဲ့ဘူး။ အဲဒါ သေချာတယ်။
ဒါနဲ့ လူမျိုးရေး တော်တော် လိုက်စားတယ် ထင်ပါတယ်။ မိလိန္ဒက မြန်မာတဝက် အိန္ဒိယတဝက်ဆိုရင် ဂေါတမမြတ်စွာဘုရားက ဘာလူမျိုးပါလဲ။ ဒါက မဆိုင်တာတွေ ထည့်ပြောလို့ စဉ်းစားနိုင်အောင် ပြန်မေးတာပါ။ တကယ်တော့ ဒီ post က လူမျိုးရေးခွဲခြားတာ မဟုတ်ဘူး။
ဗေဒင်မေးလေ့ရှိတာလည်း အံ့သြစရာတော့ မဟုတ်ဘူး။ ပြန်ပြောတဲ့ comment မှာ မလိုတာတွေ လိုတာတွေကို မခွဲခြားဘဲ မဆိုင်တာတွေပါလာတာအများကြီးပါပဲ။
(သိကြား နတ်များက ဖန်ဆင်းပြခဲ့တယ်ဆိုတဲ့ ကိုရာဟုစကးကိုလဲ ဒီမှာ ပြန်မေးပါရစေ။ တခြားဘာသာဝင်များ ဖတ်ရင် ရယ်ကြဦးမယ်)
ဒါဖြင့် တခြား ဘာသာဝင်များပါ လေးစားလောက်အောင် ဒီ comment page မှာ ပြောနိုင်ရင် ကျေးဇူးတင်မှာပါ။ ပြောနိုင်ရင် ပြောသွားပါ။ ကိုယ်လဲ မှားနိုင်ပါတယ်။ မှတ်ဉာဏ်အရ မှားနိုင်သလို၊ ကိုယ် ဖတ်တဲ့ ကျမ်းဂန် စာအုပ်ကလဲ မှားနိုင်ပါသေးတယ်။
ကိုယ်ကတော့ ဗုဒ္ဓဝင်ဆိုရင် အဖြစ်အပျက် အဓိက မထားဘူး။ အနှစ်သာရကသာ အဓိကပဲ။ အဖြစ်အပျက်ဆိုတာ မှတ်တမ်းတင်သူက လိုတိုးပိုလျော့ လုပ်နိုင်တဲ့ အရာတွေပဲ။
ဇနက္က ဘဝမှာ မဏိမေခလာကယ်တာပဲ ဖြစ်ဖြစ်၊ သိဒ္ဓတ္ထဘဝမှာ သိကြားနတ်တွေက နိမိတ်ပြခဲ့တာပဲ ဖြစ်ဖြစ်၊ ဒုက္ကရစရိယာ ကျင့်နေစဉ်မှာ ပဉ္စသိင်္ခက သွယ်ဝိုက်လမ်းပြခဲ့ရတာပဲ ဖြစ်ဖြစ် အနှစ်သာရကတော့ ပါရမီတော်တွေကြောင့်ချည်းပဲ လို့သာ မှတ်ယူပါတယ်။
ှဗုဒ္ဓဘာသာနဲ့ပက်သက်လို့တော့ ရီတာ အမြင်မှားတယ်လို့ ကိုယ်ထင်တယ်။
ညီမ.. ဘယ်ဘာသာဝင်မဆို အကောင်းနဲ့အဆိုးဒွန်တွဲနေတာပဲ။ အမတို့ညီမတို့ ကြီးပြင်းလာတဲ့အချိန်မှာ သာသနာတော်ရဲ့ ဆုပ်ကပ်ကို ရောက်လာကြတော့ ဒီလိုအမြင်ဒီလိုအတွေးအခေါ်တွေ ဖြစ်လာရတာပဲ။ ညီမ..စာရေးသူတဦးပြောပြသွားတဲ့အချက်အလက်တွေဟာ သိပ်ကိုကောင်းတယ်။လက်ခံနိုင်တယ်။ စဉ်းစားဆင်ခြင်သင့်တယ်။
အမ အထင်တော့ ညီမမှာ မာနတွေဖုံးပီး အမှန်ကို မမြင်တာပဲဖြစ်မယ်။ ပီးတော့ ကိုယ်ပြောသမျှ အနိုင်ရလိုဇောနဲ့ ပြန်ရှင်းနေသလိုခံစားရတယ်။
ညီမ သတ္တိရှိတယိ။ အများထဲမှာချပြရဲတယ်။ ဒါပေမဲ့..ညီမ.. ကော်မန့်မှာ တချို့ထောက်ပြတဲ့အပိုင်းတွေက လုံးဝလက်ခံသင့်တဲ့အပိုင်းတွေပါတယ်။ ဒါပေမဲ့ညီမက ဒါကိုပါ ..ဇာတ်တော်တွေနဲ့တကွပြန်ရှင်းတယ်။
။
အမပြောချင်တာကတော့
အရင်ဆုံး ကိုယ့်ကို ကိုယ်ပြန်သုံးသပ်ဖို့လိုပီဆိုတာပဲ။
အမကိုယ်တိုင်လည်း ၀ါဝါမြင်တိုင်း ရှိခိုးတတ်တဲ့သူမဟုတ်ဘူး။ ဒါပေမဲ့ မြန်မာပြည်ကိုတော့ ဗုဒ္ဓဘာသာထွန်းကားနေဆဲလို့မြင်ပါတယ်။
ဘယ်သူတွေတရားပျက်ပျက် ကိုယ်မပျက်ဖို့လိုတယ်။
သာသနာတော်တွေထဲမှာ လေးစားလို့ရတဲ့သာသနာ့အာဇာနည်တွေ ရှိနေသေးတယ်။
အမ..မိုးကုတ်မှာ ရိပ်သာဝင်တော့ .. ဘုန်းဘုန်းကပြောတယ်။ ဘုန်းကြီးဆိုတာလဲ လူပဲတဲ့။ လူဆိုတာ ပုထုဇဉ်ပဲလေ..။ ဒီတော့ မှားမှာပဲ။ အဲဒါကိုနားလည်ထားရင်.. အဆင်ပြေပီလေ..။ ကိုယ်တိုင် ဘာကိုရွေးချယ်ရမလဲဆိုတာ ကိုယ့်အပိုင်းဖြစ်နေပီ။
မြတ်နိုး
ဘုရားရှိခိုးတာ... ဘာအတွက်လဲတဲ့..
ဘုရားရှိခိုးတဲ့အချိန်မှာ အနည်းဆုံး စိတ်တည်ငြိမ်ပါတယ်။
တန်ခိုးကြီးဘုရားများကိုဖူးတာမဖူးတာ..အရေးမကြီးပါဘူး။ကိုယ့်စိတ်ထားတတ်ဖို့က အရေးကြီးပါတယ်။
ဘုရားအရိပ်ရဲ့ အေးမြခြင်းကို မခံယူဖူးသေးရင်တော့ ဘုရားသွားတာ အဓိပါယ်မဲ့နေမှာပါပဲ..ကိုဘင်နို။
ညီမရေ..အမကတော့ မြန်မာပြည်မှာဘာပဲဖြစ်နေနေ.. မြန်မာ့ပြည်မှာမွေးခဲ့ပီး သာသနာတော်ထွန်းကားတဲ့တိုင်းပြည်မှာ ကြီးပြင်းခဲ့ရတာကိုကျေနပ်မိပါတယ်။
ညီမကိုကြုံလို့ ပြောရဦးမယ်..
အဲဒီလို ပြသနာတွေပေါ်နေတာ ..မြန်မာပြည်တွင်မကပါဘူး။
ယိုးဒယားနဲ့ လာအိုမှာလဲ ..မကောင်းတဲ့ ဘုန်းကြီးတွေ ရှိနေတယ်ဆိုတာအမတို့ သူငယ်ချင်းတွေနဲ့ ဆွေးနွေးဖူးပါတယ်။ ဒါပေမဲ့ အမတို့အားလုံး ကိုယ့်ဘာသာကို ကိုယ်ယုံကြည်နေဆဲမို့ ဘုရားသွားကုသိုလ်ယူတာလဲ အတူတူပဲလုပ်ကြပါတယ်။
ဘာသာတရားတွေဆိုတာ သိပ်ကျယ်ပြန့်ပါတယ်။ ကိုယ်ထဲထဲဝင်ဝင်မသိပဲနဲ့တော့ ဆွေးနွေးငြင်းခုန်တာ မလုပ်စေချင်ဘူး။
ညီမ.. ဆရာဦးစဆန်းထွန်းရဲ့ ဗုဒ္ဓဘာသာဝင်လူငယ်တယောက်အကြောင်း စာအုပ်တွေ ဖတ်ကြည့်စေချင်ပါတယ်။
ပီးတော့ .. စိတ်စေတသိတ်တို့ အစရှိတဲ့ အဘိဓမ္မာစာအုပ်တွေကို လေ့လာစေချင်ပါတယ်။
ဘာသာဆိုတာ တဦးတယောက်တည်းနဲ့ဖွဲ့တည်ထားတာ မဟုတ်ပါဘူး။
ဘာသာတိုင်းဘာသာတိုင်းဟာ သူ့ယုံကြည်မှုတွေနဲ့ သူပါပဲ။
ညီမကအခုအတိုင်းဆို ဖရီးသင်းကင်း ဖြစ်နေသလိုပဲ။ဒါကတော့ ညီမအပိုင်းပါ။ဆွေးနွေးစရာမလိုပါဘူး။
ဒါပေမဲ့ ကိုယ်မယုံတာနဲ့တော့ သာသနာတော်တခုလုံးကို မစော်ကားစေချင်ဘူး။
မြန်မာပြည်ဟာုဗုဒ္ဓသာသနာတော်ထွန်းကားနေဆဲနိုင်ငံပါပဲ..ညီမ။ ညီမဘယ်လိုပြောပြော ..သာသနာတော် မထွန်းကားဘူးလို့ ဘယ်သူမှ လက်မခံပါဘူး။ သာသနာတော်ထဲမှာ ရှိတဲ့ အညစ်အကြေးတွေကတော့ ခေတ်အဆက်ဆက်ရှိနေမှာပါပဲ။ ဒါကိုပဲထောက်ပြပီး သာသနာတော်မထွန်းကားဘူးလို့ သင်္ချာတွက် တွက်ပြလို့မရပါဘူး။
မှတ်ချက်။အမကိုယ်တိုင် ၀ါဝါမြင်တိုင်းမရှိခိုးပါ။ နအဖလက်ထက်တည် မည်သည့်ဘုရားမှ သွားရောက်ကြည်ညိုခြင်းမရှိပါ။
မြတ်နိုး
မှန်ပါတယ် အစ်မ။
စာရေးသူ ဆွေးနွေးသွားတာတွေ ကောင်းတယ် ဆိုတာ ဝန်ခံပြီး ဖြစ်ပါတယ်။
သာသနာ ထွန်းကားခြင်း မထွန်းကားခြင်း ထက် တကယ်တော့ သင်္ကန်းဝတ် အငယ်တွေဟာ ပုထုဇဉ်ဖြစ်လို့ အမှားဖြစ်ကြတယ် ဆိုတာကတော့ အတိုင်းအတာတစ်ခုထိတော့ လက်ခံရမှာပါပဲ။ ဒါပေမဲ့ လူမြင်ကွင်းမှာ လူကြည့်မကောင်းတဲ့ လူလိုနေ လူလိုစား လူလိုကြည့်တဲ့ ကိစ္စတွေ များသထက်များလာတာကတော့ ပုထုဇဉ်ဖြစ်လို့လို့ ဖြေတွေးရမယ့် ကိစ္စလို့ လက်မခံနိုင်တာ အမှန်ပဲ အစ်မ။ လူလိုနေချင်ရင်တော့ လူဝတ်နဲ့ပဲ နေဖို့ရှိပါတယ်။
ဘယ်သူမှတော့ ကိုးကွယ်ယုံကြည်ရာမှာ စိတ်စနိုးစနောင့်အဖြစ်ခံလို့ ဒါမျိုးတွေကို ထည့်တွေးနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သာသနာဟာ ဒါတွေကြောင့် ဒီလို ဖြစ်နေတယ် ယူဆပါတယ် ဆိုတာ မေးလာလို့ ဖြေခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာ ပို့စ်ရဲ့ ဆိုလိုရင်းလဲ မဟုတ်ပါဘူး။
စာရေးသူပြောတဲ့ ဒါတွေပြောနေမယ့် အစား တိုးတက်ရာတိုးတက်ကြောင်းသာ လုပ်ကြဖို့ ဆိုတာလည်း လက်ခံပါတယ်။ သို့သော် ကိုယ်တိုင်က ပို့စ်မှာ စရေးထားတဲ့ အထင်အမြင်တခုကို ဘာကြောင့်ဒီလို မြင်ရတာလဲလို့ မေးသူကမေးလာလို့ ဖြေခဲ့ရတာပါပဲ။ ဒါကို မဖြေလို့မရပါဘူး။ ဖြေတဲ့အခါမှာလည်း ဘာကြောင့်ထင်ရပါတယ်ဆိုတာကို အချက်အလက်မပြလို့ မရပါဘူး။
ဘယ်ဗုဒ္ဓဘာသာဝင်မှ ဒါတွေကြောင့် အနှစ်သာရကို မပစ်ပယ်ပါဘူး။ အတုအယောင်ကြောင့် ကိုယ်ယုံကြည်ပြီး အနှစ်သာရကို လျော့တွက်စရာလဲ မရှိပါဘူး။
ထွန်းကားခြင်း၊ မထွန်းကားခြင်းကတော့ ကိုယ်ပိုင်ကောက်ချက်တွေမျှသာပါပဲ။
ဘလော့ဂါအနေနဲ့ကတော့ ကိုယ့်အထင်အမြင်ကို မေးလာရင် မဖြေလို့ကို မရလို့ ဖြေရမှာပဲ ဖြစ်ပါတယ်။ ဒါတွေပြောတာ အလကားပဲ လို့ စာရေးသူ ပြောတာကိုလဲ လက်ခံပါတယ်။ ဒါကြောင့် ဒီအကြောင်းကို post တောင် လုပ်မရေးပါဘူး။ ဒါပေမဲ့ အစွန်းထွက်ရာ အကြောင်းကို မေးတော့ ဖြေရတာပါပဲ။
ခုတလော တင်တဲ့ post တွေက comment ပေးသူတွေကို ကျေးဇူးတင်ပါတယ်။
ခုတလော လက်တွေ့ကိစ္စတွေထဲက မေ့ထားချင်တာ၊ ခေါင်းထဲ မထည့်ချင်တာတွေကို ဒါတွေကြောင့် ဖယ်ထုတ်ထားလို့ ရခဲ့တာပါ။ comment ကိစ္စပဲ တချိန်လုံးလုပ်နေတာနဲ့ တကယ်ပဲ မေ့ချင်တာတွေ မေ့လို့ရနေခဲ့တာ။ အဲဒီအတွက်တော့ ဆိုးဆိုးကောင်းကောင်း လာရေးသူ အားလုံးကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။
ဗေဒင်နဲ့ ပတ်သတ်လို့ကတော့ ကိုလင်းဦး၊ ကိုရာဟု၊ ကိုဝေသာလီတို့ကို ကျေးဇူးတင်ပါတယ်။
ခေါင်းထဲမှာ တခြားအကြောင်းပဲ ထည့်ထားချင်တဲ့ အချိန်မှာ လာရောက် ဆွေးနွေး ငြင်းခုန်ကြတဲ့သူအားလုံးကို ကျေးဇူး အထူးပါ။
(ဒါ နိဂုံးချုပ်ပစ်လိုက်တာ မဟုတ်ပါဘူး။ ကျေးဇူးတင်ကြောင်းပြောချင်လို့ ပြောတာပါ။ နောက်ထပ်လာမယ့် comment တွေကို ကြိုဆိုလျက်ပါ။)
ဒီနေရာမှာ ဒီကိစ္စ ထွန်းကားတယ် မထွန်းကားဘူး ဆိုတဲ့ ကောက်ချက်ဟာ သာသနာရဲ့ အနှစ်သာရနဲ့ ဘာမှ မဆိုင်ပါ။ သာသနာရဲ့ အနှစ်သာရ ဘယ်လောက် ပျံ့ပွားသလဲ မပျံ့ပွားဘူးလဲဆိုတာကို တိုင်းတာခြင်းဟာ၊ မပျံ့ပွားဘူးလို့ အဖြေထွက်ရင်တောင်မှ သာသနာဟာ အနှစ်သာရမရှိဘူး ဆိုတာမျိုး ဆွဲတွေးလို့ မရပါ။
ဆုတ်ကပ်မို့ ဒါတွေဖြစ်တယ်ထား၊ မျက်စေ့ရှေ့မှာ ဖြစ်တယ် လို့ လက်ခံရင် ဖြစ်တယ် ဆိုတဲ့ ကောက်ချက်မျှသာပဲ။ အဲဒီကောက်ချက်ဟာ သာသနာကို စော်ကားတယ်လို့ ယူလိုက်လို့ မရဘူး။ သာသနာကို စော်ကားနေတဲ့ သာသနာ့ဘောင်အတွင်းက လူတွေ ရှိနေတယ်လို့ ညွှန်းဆိုထားတာသာ ဖြစ်တယ်။
အထင်အမြင် လွဲစရာဖြစ်နေလို့ ပြန်ရှင်းလိုက်ပါတယ်။
အထက်က ကွန်မန့်တစ်ခုမှ
(ဘယ်ဗုဒ္ဓဘာသာဝင်မှ ဒါတွေကြောင့် အနှစ်သာရကို မပစ်ပယ်ပါဘူး။ အတုအယောင်ကြောင့် ကိုယ်ယုံကြည်ပြီး အနှစ်သာရကို လျော့တွက်စရာလဲ မရှိပါဘူး။)
ဆိုတဲ့ နေရာမှာ- "ဘယ်ဗုဒ္ဓဘာသာဝင် စစ်စစ်မှ" ဟု ပြင်ဆင်ဖတ်ရှုပါရန်။
8 Jan 10, 15:47
ဘောက်ဆာ: မရီတာရေ ပို့စ်မှာတုန်းက ဒီလောက်မဟုတ်ဘူးဗျာ။ ကွန်းမင့်ကျမှပဲ ပို စိတ်ဝင်စားစရာ ကောင်းလာတယ်
8 Jan 10, 15:50
ဘောက်ဆာ: အားပေးတယ်ဗျာ။ လူတွေက သဘောကို သိအောင် မဖတ်ကြပဲ ကိုယ့်ရဲ့ ကြိုတင် ခံယူထားချက်တွေနဲ့သာ အဓိပါယ်ကို သတ်မှတ်ကြတာဗျ
8 Jan 10, 15:51
ဘောက်ဆာ: အမှန်တရားစီသွားမယ်ဆိုတဲ့ရည်မှန်းချက်မပါဘဲ သက်သက် လာငြင်းတဲ့သူတွေကိုတော့ လေကုန်ပါတယ်။ အဲလေ လက်ညောင်းပါတယ်ဗျာ။
8 Jan 10, 15:52
ဘောက်ဆာ: ငြင်းတာတွေ အများစုမှတော့ မရီတာ ပြောတာနဲ့ သဘောအတူတူတွေ တော်တော်လေးပါနေရဲ့သားနဲ့ ဘာလို့ငြင်းနေကြတာလဲ မသိတော့ပါဘူး
8 Jan 10, 15:54
ဘောက်ဆာ: ဘာပဲပြောပြော နှစ်ဘက်လုံးစီကနေ ကျွန်တော် တော်တော်လေး မှတ်စရာတွေ ရတဲ့အတွက် နှစ်ဘက်စလုံးကို ကျေးဇူးတင်ပါတယ်ဗျာ
ဗေဒင် ကို ယုံကြည်ပါသည် ဟုဆိုကြပါသောဝ်...
ကံ နဲ့ ကံ၏အကျိုးကို ပြစ်ပယ်ပြီး. ဗေဒင်၊ ယတြာနောက် အလွန်အမင်း လိုက်နေမယ် ဆိုရင်တော့
“သမာဒိဋ္ဌိ” မဖြစ်တော့ဘဲ “မိစ္ဆာဒိဋ္ဌိ” တောင်ဖြစ်သွားပါလိမ့်မယ် လို့ ဦးစွာသတိပေးလိုပါတယ်။
ဆက်လက်မှတ်သား ချင်ပါသေးဆယ် ဆိုရင်...
“နက္ခတ္တသုတ်” တော်မှ.
“နက္ခတ္တံ ပဋိမာနေန္တံ၊ အတ္ထော ဗာလံ ဥပစ္စဂါ။
အတ္ထော အတ္ထဿ နက္ခတ္တံ၊ ကိံ ကရိဿန္တိ တာရကာတိ။”
နက္ခတ်ကောင်းကို စောင့်မျှော်နေသော လူမိုက်ကို ကောင်းကျိုးချမ်းသာများက လွန်မြောက်သွားကြသည်။ ကောင်းသောအလုပ်ကို စတင်လုပ်သောနေ့သည်ပင် ကောင်းသော အချိန်အခါပင်ဖြစ်၏။
ကောင်းကင်မှာ သွားနေသောနက္ခတ်များသည် အဘယ်အကျိုးစီးပွားမှ ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်မည် မဟုတ်။
(ဧကနိပါတ်၊ နက္ခတ္တဇာတက၊ န၀မဇာတက (၁)၊ စာမျက်နှာ(၁၂) )
ဒါဆို အားလုံးရဲ့ အဖြေကရှင်းနေတာဗျာ။
------------------------------------------------------------------------------------------------------------->
အထက်တွင် ကွန်မန့် (များ) ပေးသွားသူ...
{Anonymous:January 9, 2010 9:21 AM
ကျွန်တော်သည် ဗေဒင် ၊ ယတြာ လုံးဝ (ဥဿုံ) ယုံကြည်ပါတယ်။
ဗေဒင်ဆရာ}
“ကွန်မန့်” အများဆုံးသောသူဟု ထင်ရလောက်သော ဗေဒင်ဆရာ၊ ( စိတ်အထင်တော့ “ကွက်စိပ်ဆြာ” ဖြစ်မည်)
မိတ်ဆွေ ယုံကြည်သော “ဗေဒင်” ပညာဖြင့်
ကာလ(၃)ရပ် ဆိုတဲ့ ..အတိတ် ၊ လက်ရှိ နဲ့ အနာဂတ်ဖြစ်ရပ်တွေ ထဲက
မိမိ၏ အနာဂတ် နိဂုံး ကို မိမိကိုယ်တိုင် ဝိညာဉ်ချုပ်ငြိမ်းမည့် နေ့ရက်၊ အချိန်၊ နေရာ ကို အတိအကျ မဟာဘုတ်ထောင်ကာ တွက်ချက်၍
“ယတြာ” ကောင်းများစီရင် ကာဖြတ်ကျော်နိုင်ပါစေ...ဟု ............ဆုတောင်း ပေးရင်း
“ပွဲသိမ်းဒူး” ဝင်တိုက်လိုက် ရပါသည်။
ဗေဒင်မယုံကြည်သူ
တွေ့မရှောင်
(ပရိတ်ထဲမှာ ပါတဲ့အတိုင်းကျင့်ရင် မဂ်ဖိုလ်နိဗ္ဗာန်ထိ အကျိုးပေးတယ်။)
စာရေးသူတစ်ဦး ဆိုတဲ့ ID နဲ့ ရေးသွားတဲ့ comment ကို ပြန်ကောက်နှုတ်ချင်လို့ ကောက်နှုတ်လိုက်ပါတယ်။ ကိုယ့် post ရဲ့ ဆိုလိုရင်းကို အထောက်အပံ့ပေးတဲ့ အချက်တစ်ခု ဖြစ်နေလို့ ပြန်တင်ပါတယ်။
ရွတ်ရုံမျှထက် ကိုယ်လုပ်နိုင်မှ (ကိုယ်ကျင့်နိုင်မှ) ကိုယ်ရမယ် ဆိုတဲ့ အချက်ကို ပိုမိုပေါ်လွင်စေလို့ ဖြစ်ပါတယ်။ သို့သော် စာရေးသူတစ်ဦး ID နဲ့ ရေးသူကတော့ ကိုယ့် post ကို ထောက်ပံ့ ထောက်ခံချက် ပေးတဲ့ အနေနဲ့ ရေးခဲ့တာတော့ ဟုတ်ပုံမရပါဘူး။ သူ မရည်ရွယ်ဘဲ အဲဒီအချက်က post ရဲ့ ဆိုလိုရင်းကို ထောက်ခံလိုက်သလို ဖြစ်သွားတာ ဖြစ်ဖို့ များပါတယ်။ (ကိုယ့်အထင်အမြင် သက်သက်ပါ။ တကယ်ပဲ စေတနာနဲ့ ကိုယ့်ဆိုလိုရင်းကို နားလည်လို့ ထောက်ခံပြီး ရေးပေးခဲ့တာ ဆိုရင်တော့ ကျေးဇူးတင်ရင်း တောင်းပန်ပါတယ် :) )
Post a Comment