Thursday, December 24, 2009

အကြွေးဆပ်ခြင်း (သို့) အစ ပြန်ဆွဲထုတ်ခြင်း

မျိုးမြင့်မောင် said...

၁) မြန်မာနိုင်ငံသားတယောက် အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ တိုက်ရိုက်ပါဝင်ဖို့အတွက် တခြားသူတွေကို ယုံကြည်ဖို့ဟာ အဓိကကျသလားဆိုတာ သိချင်တယ်။ လက်ရှိမှာ ကိုယ်က အဖိနှိပ်ခံနေရတာ မဟုတ်လား။ ကိုယ်တိုင် အဲဒီလို အဖိနှိပ်ခံဘဝက လွတ်အောင် မကြိုးစားသင့်ဘူးလား။ ယုံရမယ့်လူ ရှိရှိ မရှိရှိ ကိုယ်လွတ်ဖို့ ကိုယ်တိုင် မကြိုးစားသင့်ဘူးလား။ ယုံနိုင်ရလောက်တဲ့လူတွေ မတွေ့တာနဲ့ပဲ ဖိနှိပ်နေတာကို ဘာမှ မတုန့်ပြန်ဘဲ ငြိမ်ခံနေသင့်သလား။

၂) နောက်ပြီး ဘာက အဖြေ ဖြစ်တယ်၊ အဲဒါကို ရအောင် ဘယ်လို လုပ်သင့်တယ် ဆိုတာတွေကို သူများတွေကိုပဲ လိုက်မေးရုံနဲ့ ပြီးသွားသင့်သလား။ လက်ရှိ ကိုယ့်ခေါင်းထဲမှာ မရှိသေးရင်ပဲ ဖြစ်ဖြစ်၊ သူများဆီက မရနိုင်သေးရင်ပဲ ဖြစ်ဖြစ် အဖြေလိုချင်နေတဲ့အခါ ကိုယ်တိုင်လည်း မစဉ်းစားသင့်ဘူးလား။ အဖြေမရရင် ဝင်မလုပ်ဘူးဆိုတာ ဖြစ်သင့်သလား။ အဖြေကြိုသိမှ စာမေးပွဲ ဝင်ဖြေချင်တာလား။ အပြစ်တင်နေတာတော့ မဟုတ်ဘူး။ 'ဟင်' လို့ ခံစားရစေတဲ့ အချက်တွေကို ထောက်ပြပြီး မေးကြည့်တာ။


***

အရင်ဆုံး sorry ပါ။ နောက်ကျနေတဲ့ အတွက်။ ပြီးတော့ နည်းနည်း ကြိုပြီး ပြောထားပါဦးမယ်။ ကိုမျိုးမြင့်မောင်ကို ပြန်ထားတယ် ဆိုပေမဲ့ ကိုမျိုးမြင့်မောင် မေးခွန်းတွေနဲ့ မသက်ဆိုင်တဲ့ တချို့ အကြောင်းအရာတွေပါ ဆွဲထည့်ပြီး ပြောသွားပါမယ်။
၁) မြန်မာနိုင်ငံသားတယောက် အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ တိုက်ရိုက်ပါဝင်ဖို့အတွက်
ans:
ကိုယ့်အနေနဲ့ တိုက်ရိုက်ပါဖို့ စိတ်ကို မဝင်စားတာပါ။ အဲဒါဟာ ဟိုအရင် post တွေမှာ ပြောခဲ့သလို .......... နည်းနေတာ (သို့) .......... များနေတာ ဖြစ်ကောင်း ဖြစ်မှာပါ။ ကွက်လပ်ကို အဆင်ပြေသလို ဖြည့်လိုက်ပါ။

ပြောပြီးသားပေမယ့် ထပ်ပြောပါမယ်။ ကိုယ်သာ တကယ် စိတ်ပါဝင်စားလို့ သတ္တိပါရှိရင် ခုလို မနေပါဘူး။
၂) ယုံရမယ့်လူ ရှိရှိ မရှိရှိ ကိုယ်လွတ်ဖို့ ကိုယ်တိုင် မကြိုးစားသင့်ဘူးလား။ ယုံနိုင်ရလောက်တဲ့လူတွေ မတွေ့တာနဲ့ပဲ ဖိနှိပ်နေတာကို ဘာမှ မတုန့်ပြန်ဘဲ ငြိမ်ခံနေသင့်သလား။
ကိုယ် ကြိုးစားနေတာတော့ တကိုယ်တော် လွတ်မြောက်မှုပဲ။ ဒါပေမဲ့ ကိုယ်သိတယ်။ The Plague ထဲက စာသားတစ်ခုလိုပဲ။ အတွင်းရော၊ အပြင်ရော ဘယ်သူမှ မလွတ်ဘူး ဆိုတာကို။ တကယ်ကို ကပ် ဆိုက်နေတာပဲ။

လိုရင်းကတော့ ကိုယ်တိုင် တိုက်ရိုက် ပါဝင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ။ အဲဒီအခါမှာ သွယ်ဝိုက် ပါကောင်းပါဖို့ သူများကို လှည့်ကြည့်လာပါတယ်။ တကယ်တော့ သူများကို ကူညီတယ်ဆိုတာကိုက အရင်းစစ်ရင် ကိုယ့်အတွက်ကိုယ် လုပ်တာပါပဲ။ အနိမ့်ဆုံး အဆင့်ကတော့ ကြွက်ထောင်ချောက် ပုံပြင်ထဲကလိုပေါ့။ အမြင့်ဆုံး ကတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ပေါ့။
၃) နောက်ပြီး ဘာက အဖြေ ဖြစ်တယ်၊ အဲဒါကို ရအောင် ဘယ်လို လုပ်သင့်တယ် ဆိုတာတွေကို သူများတွေကိုပဲ လိုက်မေးရုံနဲ့ ပြီးသွားသင့်သလား။ ကိုယ်တိုင်လည်း မစဉ်းစားသင့်ဘူးလား။
အဲဒါလည်း ပါပြီးသား။ ကိုယ် နှစ်လမ်းပဲ မြင်တယ် ဆိုတာ... Some Comments ... ပို့စ်မှာလား၊ အဲဒီ post က Addy Chen ကို ပြန်ထားတဲ့ comment မှာလား မသိ။
ပြန်မရိုက်တော့ဘူး။

၎) အဖြေမရရင် ဝင်မလုပ်ဘူးဆိုတာ ဖြစ်သင့်သလား။
ဖြစ်သင့်တာ မဖြစ်သင့်တာထက် ဘာက ဘယ်လိုဆိုတာ မသိဘဲတော့ ဘယ်သူမှ ဝင်ပါမှာ မဟုတ်ဘူး။ ဖြစ်ကို ဖြစ်နေတာ။ သိအောင် ကိုယ့်ဘာသာလုပ် ဆိုရင်... ပြန်ပတ်မယ်။

၅) အဖြေကြိုသိမှ စာမေးပွဲ ဝင်ဖြေချင်တာလား။
စာမေးပွဲ ဖြေတဲ့ အခါ ဆိုတာနဲ့ နှိုင်းရင် - မေးခွန်းစာရွက်ပေါ်မှာ ပါတဲ့ မေးခွန်းကို သိရုံ၊ အဲဒီမေးခွန်းရဲ့ အဖြေကို သိရုံလောက် ဆိုလိုတာ မဟုတ်ဘူး။

သင်ရိုးညွှန်းတမ်း ဘာဆိုဘာမှ မသိဘဲ ဘယ်သူမှတော့ ဝင်ဖြေမှာ မဟုတ်ဘူး။ မယုံ မရှိနဲ့။
(ဒီဥပမာ သိပ်တော့ ကီး မကိုက်ဘူး။ ဘာဖြစ်လို့ ဆိုတော့ ဘာမှန်းမသိဘဲ ဝင်ဖြေခဲ့တဲ့ မြန်မာပြည် စာမေးပွဲတွေ သွားသွား သတိရနေလို့။ one subject, one night ပဲ။)

ပြန်ချုပ်မယ်။ ကိုယ်ဟာ နည်း (၂) နည်း ကို သိထားတယ်။ အဲဒီထဲက ကိုယ်တိုင် တိုက်ရိုက်ပါဝင်ဖို့ ဆိုတာကတော့ ဘယ်လိုမှ (
ဘယ်လိုမှ) လုံးဝ (လုံးဝ) မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်လို့ ကိုယ် နိုင်ငံခြား ရောက်နေတာပါ။ နောက်တနည်းဟာ သူများပေါ်မှာ မူ မတည်လို့ကို မရပါဘူး။ ကိုယ်လုံးဝ ကိုယ်တိုင် မလုပ်နိုင်လို့ပါ။

နောက်တခုက ဘာကို တိမ်းညွှတ်သွားကြသလဲ။

ကိုယ့်နံဘေးမှာ နိုင်ငံရေးသမား မိသားစု ရှိတယ်။ ကိုယ်ကလဲ လူမှုရေးအရ နှစ်လိုလေးစားနိုင်လောက်တဲ့ လူတွေဖြစ်တယ် ဆိုပါစို့။ အိမ်ထောင်ဦးစီးက နိုင်ငံရေးကြောင့် အိမ်ထောင့်တာဝန် မကျေနိုင်ရင် သူ့မိသားစုရဲ့ လူမှုရေး ပြဿနာတွေအတွက် (ကိုယ်သာ တတ်နိုင်မယ် ဆိုရင်) ကြည့်မနေဘဲ ကူညီမိနိုင်တယ်။ အဲဒီ နိုင်ငံရေးသမားကိုယ်တိုင် စားစရာ မရှိလျှင်သော် လည်းကောင်း၊ သေကောင်ပေါင်းလဲ ဖြစ်လျှင်သော်လည်းကောင်း ကိုယ် ကူညီဦးမှာပဲ။ သို့သော်........................

သူ့ နိုင်ငံရေးကိစ္စ အတွက် စာရွက်တွေ ရိုက်ဝေတာပဲ ဖြစ်စေ၊ လမ်းထွက်လျှောက်မှာပဲ ဖြစ်စေ၊ (သူက ပြောသည်ဖြစ်စေ၊ မပြောသည် ဖြစ်စေ) လိုအပ်တဲ့ ငွေရေး ကြေးရေး ... အဲဒီအချိန် ကိုယ်က လူမှုရေးအတွက် ၁ သိန်း သုံးပစ်လိုက်နိုင်တယ် ဆိုရင်တောင် အဲဒီကိစ္စ အတွက် ကိုယ် ၁ ကျပ် အကုန်မခံချင်ဘူး။

ဒီနေရာမှာ အဆုံးစွန်ထိ
ယုတ္တိမရှိတာ၊ မဖြစ်နိုင်တာကို ထည့်ပြောလိုက်မယ်။
ကိုယ် အဲလို မပံ့ပိုးလို့ အဲဒီလူ ဘိုင်းကနဲ လဲ သေနိုင်လောက်တယ် ဆိုရင်တော့ ကိုယ် ကြည့်မနေဘူး။ ကိုယ့်ရှေ့မှာ လူတစ်ယောက် သေသွားမှာကို ကိုယ် လုပ်ပေးနိုင်တာ ရှိရက်သားနဲ့ မလုပ်ပေးလိုက်ရမှာကို (တခြားလူတွေမှာ ရှိတတ်တာထက် မပိုတဲ့ ကရုဏာစိတ်နဲ့) စိုးရိမ်လို့။ လူဆန်ချင်လို့။ ဒါပေမဲ့ ကိုယ် ပံ့ပိုးလိုက်တဲ့ ငွေသည် သူ့ အရေးတော်ပုံအတွက် အထောက်အပံ့ အဖြစ် သူသုံးချင် သုံးမယ်။ ဒါပေမဲ့ ကိုယ့် အတွက်တော့ သူ့ အသက်အန္တရာယ်အတွက်သာ သုံးပေးလိုက်တာပဲ။

ကိုယ့်အနေနဲ့ အဲဒီ အရေးကိစ္စ နှစ်ခုအပေါ် အဲလောက်ထိ တိမ်းညွှတ်မှုက ကွာခြားတယ်။ ဒါက လူကို သိတဲ့ အပိုင်းနဲ့ ပြောထားတာနော်။ "ပလုံ" သံကို ကြားလိုက်နိုင်တဲ့ အနေအထား။

***
December 17, 2009 12:15 AM နဲ့ December 17, 2009 12:17 AM မှာရေးသွားတဲ့ Anonymous နဲ့ ပတ်သတ်လို့ ပြောပါမယ်။


ရေးတဲ့ အနောနီးမတ်စ် တယောက်တည်းလို့ ထင်တယ်။ အနောနီးမတ်စ် ဟာ တကယ်တော့ တခြား post တွေ အတွက် သိပ်ကိစ္စ မရှိဘူး။ ဒီလို post မျိုး အတွက်တော့ နည်းနည်း ကိစ္စ ရှိတယ်။

ကိုယ်ဆိုရင် ဘလော့စကာစ အချိန်တွေမှာ ကိုယ့်ဘလော့ကိုယ် ကြော်ညာဝင်သလို မဖြစ်ချင်ဘူး ဆိုပြီး Anonymous သုံးခဲ့တာက လွဲလို့ ကိုယ် ဘယ်သူဆိုတာ လူသိလာတဲ့ အချိန်မှာ နောက်ထပ် မသုံးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ စိတ်တိုင်းမကျတာ တွေ့ခဲ့ရင်၊ နာမည်ရင်းနဲ့လဲ မရေးချင်ရင် (သူ့ ခုတုံးလုပ်ပြီး
ကိုယ်က နာမည်ကြီးချင်လို့ လို့ အိညောင့် အိညောင့် ပြောမှာ နားညည်းလို့။ အရေးမလုပ်ချင်လို့ နာမည်ရင်း မသုံးချင်တာမျိုး) ရေးကြည့်ဖို့ ကြိုးစားဖူးတယ်။ ဒါပေမဲ့ ကိုယ် မတင်ခဲ့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ဘာသာ ရှက်လို့။

နောက်အရေးကြီးဆုံး အချက် - အဲလိုမျိုး မတူညီတဲ့ အတွေးအခေါ်အတွက် ဝေဖန် ငြင်းချက်ထုတ်ဖို့ ကိစ္စမှာ Anonymous သုံးလိုက်တာနဲ့ ကိုယ့်ဘာသာ တာဝန်ယူလိုစိတ် သိပ်နည်းသွားပြီး၊ နည်းလမ်းမကျတဲ့ ပုံစံနဲ့ စကားလုံးတွေ သုံးဖို့ရာမှာ (သဘောတရားက ဘယ်လောက် မှန်နေပစေ) သိပ်ကို လွယ်သွားတယ်။ အဲဒီအခါမှာ ကိုယ့်ဘာသာ ပြန်ဖတ်ပြီး မကြည်ညိုနိုင်တော့လို့။

ကိုယ့်သမိုင်းမှာ ဘလော့ စကာစက သာမန် နှုတ်ဆက်၊ ထင်မြင်ချက်ပေးတဲ့ comment တချို့ကလွဲလို့ ပျင်းပျင်းသော်လည်းကောင်း၊ ပျော့ပျော့သော်လည်းကောင်း ဝေဖန်တဲ့ comment မျိုးကို
Anonymous နဲ့ ရေးတဲ့ ထုံးစံ လုံးဝ မရှိဘူး။ ထေ့ဖို့ ငေါ့ဖို့ ရိဖို့ ဆိုရင်တော့ ဝေးရော။ အဲဒါတွေ မလုပ်ဘူးလို့ ပြောတာ မဟုတ်ဘူး။ Anonymous နဲ့ လုပ်ရိုး ထုံးစံ မရှိတာကိုပြောတာ။

ထပ်ပြောပါမယ်။ Anonymous သုံးတာက အဓိက ပြောချင်တာ မဟုတ်ဘူး။ ဥပမာ ကိုယ့်ကို Rita အဖြစ်နဲ့ သိထားကြတယ်။ ကိုယ်က blog တခု လူမသိအောင် ဖွင့်ပြီး တခြား နာမည်တခုခုသုံးလဲ တူတူပဲ။

နောက်တခုက ဆွေးနွေးတာ။ (ကြည့်လိုက်ပါ။ ဘယ်သူတွေ ဘယ်လို ဆွေးနွေးတယ်ဆိုတာကို၊ သူတို့တွေ အကျိုးသင့် အကြောင်းသင့်တာက သူတို့ သွားနေတဲ့ လမ်းကြောင်းနဲ့ သူတို့ ဘယ်လောက် အပ်စပ်တယ် ဆိုတာကို ပြတယ်။ သူတို့ ယုံကြည်မှုနဲ့ သူတို့ လုပ်ရပ်သည် တထပ်တည်း။) သူတို့နည်းကို ကိုယ် ယုံကြည်ချင်မှ ယုံကြည်မှာ ဖြစ်ပေမဲ့ သူတို့ကိုတော့ အပြောနဲ့ အလုပ် ညီတယ်လို့ အသိမှတ် ပြုကို ပြုတယ်။

နည်းနည်း ချော်သွားပြီ။ ပြောချင်တာနဲ့။
ရိသလိုလို ထေ့သလိုလိုတွေလာတော့ ဘာတွေ ဖြစ်သလဲ ပြောပြမယ်။
ရိုးရိုးတန်းတန်း လာဆွေးနွေးတဲ့ အခါ လူက စိတ်ထဲမှာ မတူသည့်တိုင် နှစ်လို နေတော့ ရေးတဲ့လူနဲ့ ပတ်သတ်လို့ ဘာမှ ဆက်မတွေးဘူး။ လာရိသလိုလို ဖြစ်တဲ့ အခါကျ (မဆိုင်တာတွေ လာရိရင်တော့ စာရင်းမရှိပါ။) ဘယ်သူ ဖြစ်နိုင်မလဲ ဆိုတာ ဆက်တွေးတယ်။ ဘလော့ရှိနေလို့များ အသိမခံတာလားပေါ့။

ပထမ - သံသယ ဝင်ပါတယ်။ သိတဲ့ လူများလား။ အင်း ဟိုတယောက်ထင်တယ်။
သွားရော... အဲဒါသည် အကုသိုလ်ဝင်တာပဲ။ (အဲဒါ အကုသိုလ် ဖြစ်တယ် ဆိုတာရော သိလား။)။ မတော်လို့ ရေးတဲ့ စတိုင်လ်ကပါ တယောက်ယောက်နဲ့ ဆင်တယ် ထင်ရင် ထပ် သွားရော။ နောက်တခုက ကိုယ့်ဘာသာကိုယ် sense ရှိတယ်လို့ ထင်နေတတ်တာ။ အဲဒီမှာ ပိုတွေးဖြစ်တယ်။ ကိုယ်တွေးတာတွေ တော်တော်များများ မှန်နေတဲ့ အခါကျ ပိုဆိုးပေါ့။

ခုလည်း ဘလော့ဖွင့်တာ သိပ် မကြာသေးတဲ့
အရင်က comment တခါမှတော့ လာမရေးဖူးတဲ့ အသက်အားဖြင့်တော့ ကြီးမယ့် တယောက်လို့ ထင်နေမိပြန်တယ်။ အဲဒါဟာ ကိုယ့် အတွက်တော့ အကုသိုလ် ဝင်နေတာပဲ။

***

ကိုမင်းကိုနိုင်ရဲ့ စာအုပ်ကောင်းကြောင်းပြောချင်တာ ဆိုတာနဲ့ ပတ်သတ်လို့။


အနုပညာ ပါတဲ့ စာအုပ်ဖြစ်တယ်။ သူ စာရေးတတ်တယ်လို့ ရေးတာ... နောက် တခြားအချက်တွေ လက်ညောင်းလို့ မထည့်တော့ဘူး။ အဲဒါတွေဟာ စာအုပ်ကို ချီးကျူးရာ ရောက်ပါတယ်။ မှန်ပါတယ်။ ဒါဟာ ကောင်းကြောင်း ပြောတာပါပဲ။ ကြိုက်တာ မကြိုက်တာက တဏ္ဍ။ ကောင်းတယ်လို့ ဦးနှောက်က သတ်မှတ်တိုင်း စိတ်ထဲ ငြိချင်မှ ငြိမှာ။ ကိုယ်က ဂျာနယ်ကျော် ဦးချစ်မောင် တောင် ခံစားလို့ ရတဲ့လူ မဟုတ်ဘူး။ အဲဒါ ဟိုးပဝေသဏီ post တွေမှာ ပါပြီးသား။ ထားပါ။

ဒါကို ထပ်မပြောတော့ဘူး။ စာအုပ်ကိစ္စကို အဓိက ရေးတာ မဟုတ်လို့။ ကိုယ်ရေးရတဲ့ အဓိက အကြောင်းသည် စာအုပ်ဖတ်ပြီးမှ တွေးမိတဲ့ အတွေးကို အဓိက ပြောချင်တာ။ အဲဒါသည် ကိုယ် မြင်တဲ့ အမြင်ကို ထုတ်ဖော်တာပဲ။ ကိုယ့်ရဲ့ norm လို့ ခေါ်ရမလား။ အဲဒါကို ရေးချင်တာပဲ။

နောက်တစ်ခုက
ဟင် ဆိုရင် လှည့်မကြည့်တတ်တဲ့ သူမျိုးတောင် ကိုမင်းကိုနိုင် ရဲ့စာအုပ်ဖတ်ပြီး ကြိုက်တယ် ဆိုတဲ့ အကြောင်းကို ကိုယ့်ဂုဏ်လေး ကိုယ်ဖော်ပြီး ရေးတာ

အဲဒါ ဂုဏ်လား။ အစက စိတ်မဝင်စားဘဲ စာအုပ်ဖတ်ပြီး စာအုပ်ကို ကြိုက်သွားတယ် ဆိုရင်တောင် အဲဒါ ဂုဏ်လား။ မသိလို့။ အဲဒါ အသံကောင်း ဟစ်တဲ့ လူတွေကို စာရင်းမရှိဘူးလို့ ပြောပြီး နှက်ထားတာ မဟုတ်ဘူးလား။ ဒုက္ခ။ တကယ်ပါ ကိုယ် တခါတခါကျ ဉာဏ်မီအောင် လိုက်တွေးလို့ မရဘူး။ ဝေးသကိုးကွယ်။ ကိုယ်က ခေတ်ပျက်ထဲမှာ ကြီးခဲ့ရတာ ဆိုတော့။

နောက်ကပ်ရပ် အကြောင်းကတော့ ပြောပြီးသားမို့ ထပ်မပြောတော့ဘူး။ အဲဒီ ခေတ္တကျွန်းပေါ်ဆိုတာ ဘယ်လိုဟာမျိုးလဲ ဆိုတာ ဘလော့လောကထဲ ဝင်တာ မကြာသေးလို့ မသိသေးရင် သိအောင်လုပ်လိုက်ဦး လို့ပဲ မှာချင်တော့တယ်။ စိတ်ကုန်တယ်။ တကယ်။

နောက်တခု ထပ်ပြောလိုက်ဦးမယ်။ "ငါ မယုံကြည်နိုင်တော့ဘူး" ဆိုတာ "မင်းတို့ ဆက်မသွားကြနဲ့" လို့ အဓိပ္ပါယ် ရောက်မရောက် ၈ တန်းကလေး (အို လုပ်မနေပါနဲ့။ ကိုယ့်ဟာကိုယ်ပဲ စဉ်းစားပါ။) စဉ်းစားလဲ မနေပါနဲ့။ ရေးလာတဲ့ ကာယကံရှင် ကိုတင်မင်းထက် ကိုယ်တိုင်က ပြောတယ် မဟုတ်လား။ ပြန်ဖတ်ချင်ဖတ်ပါ။ မဖတ်ချင်လဲ နေပါ။

နောက်တစ်ခု ဂျူး ကိစ္စ။ သိပ်ရှည်ရှည် မပြောတော့ဘူး။ ကိုယ် သွားသတိရတဲ့ ပျက်လုံး တစ်ခုရှိတယ်။ "စိုက်တာတဖွဲ့၊ ခုတ်တာတဖွဲ့" ဆိုတာ။ ကိုယ့်ဟာကိုယ်
အချင်းချင်း အရင်ဆုံး ညှိလိုက်ကြဦး။

ရီတာ့ကို ချီးကျူးအောင် ဒီပို့စ်ကို ရေးကာမှချီးကျူးအောင် စာဘယ်လို ရေးရမလဲ ကိုယ် မသိလောက်ဘူး ထင်ရင်တော့ ကိုယ် ဘာမှ မပြောလို။ လက် နဲ့ မျက်စေ့ ညောင်းလှပြီ။ သို့သော် တမင်တကာကို အဆဲခံရနိုင်လောက်တဲ့ post တွေ မှန်း သိသိနဲ့ တင်ခဲ့တာတွေ အများကြီးပဲ။ ပြန်မရှာချင် မရှာနဲ့နော်။ သိရုံပဲ ပြောတာ။ လောလောဆယ်ကိုပဲ အဆဲခံရတာ အရသာတွေ့လို့ ပြန်တင်ဖို့ စဉ်းစားနေသေးတယ်။ အရင်က တင်ခဲ့တာ ဆိုတော့ လူ သိပ်မသိဘူး။ ပြန်တင်ဦးမယ်။

နောက်တခု တို့က ရန်သူ မလိုချင်ဘူး။ ဘယ်သူနဲ့မှ ပြဿနာ မတက်ချင်ဘူး။ အေးအေးပဲ နေချင်တယ် ဆိုလဲ နေလို့ မရဘူး။ လူရယ်လို့ ဖြစ်လာရင် ချစ်သူ မုန်းသူ ရှိမှာ blog ရေးမှ မဟုတ်ဘူး။ ဘာမှ မကွိုင်လောက်တဲ့ ကိစ္စတွေချည်း ရွေးရေးနေရင်တောင် ပြဿနာဆိုတာ တက်တတ်လွန်းလို့မှ။ ဘလော့ဂါ သမိုင်းကြောင်းကြီး လှန်ပါဦးတော့။

အေး တစ်ခုတော့ ရှိတယ်။ ဘယ်နေရာမှာ ဖြစ်ဖြစ် ကိုယ်လုပ်ချင်တာ ပြတ်ပြတ်သားသား လုပ်ဖို့လိုလာပြီ ဆိုတဲ့ အဆင့်မျိုးမှာ ဘယ်သူနဲ့မှ ဘာမှ မဖြစ်ချင်၊ အားလုံးနဲ့ ပြေပြေလည်လည်ပဲ ဆိုရင်တော့ ရူးသလိုလို ပေါသလိုလို အဆင့်က တက်မှာကို မဟုတ်ဘူး။

ဒီလောက် ရာဇဝတ်အိုး တုတ်နဲ့ တည့်တည့် ထိုးလိုက်တဲ့ စကားလုံးတွေနဲ့ ရေးထားတာကိုမှ ချီးကျူးခံချင်လို့ ဖြစ်ရသေးရဲ့။

အို အသင်လောက။
ကိုယ့်ကို အကောင်းမြင်လွန်းချေပြီ တကား လို့သာ ဟစ်ချင်မိတော့တယ်။
တကယ်တော့ အကောင်းမြင်ရော၊ အဆိုးမြင်ရော ကိုယ် ဘာကိုမှ မကြိုက်။ အမှန်အတိုင်းပဲ မြင်ချင်တယ်။ ဒါပဲ။


ဒီနေရာမှာ ကြုံလို့ ပြောလိုက်ဦးမယ်။
comment တွေထဲမှာ ကိုယ်နဲ့ မတူပါဘူး ထင်ပြီး လာငြင်းနေကြတဲ့ လူတွေက တူနေတာ တချို့ရှိပြီး။ တူတယ်ထင်လို့ လာထောက်ခံနေကြတဲ့ လူတွေက သိပ်မတူတာ တချို့လည်း ရှိတယ်။ လာထောက်ခံပြီး မတူ ဖြစ်နေတဲ့လူတွေကို ကိုယ် ဘာမှ ပြန်မပြောခဲ့ဘူး။ အားပေးနေလို့ ငြိမ်နေတာ မဟုတ်ဘူး။ လိုရင်း မရောက်မှာ စိုးလို့။ လက်ညောင်း မျက်စေ့ညောင်းလို့။


အဲဒီလူတွေ ရင်နာရမယ့် စကားလုံးတွေ အဲဒီ့လူတွေရဲ့ အမွေကို လက်ဆင့်ကမ်းမယ့် ရဲရဲတောက် မျိုးဆက်သစ်လေးတွေ နောက်တွန့် စေမယ့် အရေးအသားတွေ မရေးပါနဲ့လို့ ပြောမှာပဲ၊

ဘယ်ဟာတွေကို ပြောတာလဲ ?????

ရီတာ့ဘာသာ နိုင်ငံရေး နားမလည်လို့လဲ ဘယ်သူ့မှ ဘာမှ လာမပြောဘူး။ မလုပ်လဲ ဘာမှ မပြောဘူး။


မပြောလို့ပဲ comment ၂ဝဝ ကျော်တာ။


ဘယ်သူတွေက မပြောတာကို ညွှန်းချင်နေတာလဲ။ ဟုတ်တယ် တကယ်လုပ်နေတဲ့ လူတွေကတော့ ဘာမှ လာမပြောနိုင်ဘူးလေ။ ပြောခြင်း၊ မပြောခြင်းကိုလဲ အဓိက ပြောချင်တာ မဟုတ်ပါဘူး။ တကယ်တော့ မပြောဘဲ မြုံထားတာကိုက အလုပ်ကို မဟုတ်ဘူး ထင်တယ်။ အပြောနဲ့ အလုပ် ညီဖို့ အဓိကပါ။

လိုချင်တာက ဘာလဲ။ ဒီမိုလား၊ ဟိုမိုလား။ ညီအောင်နေချင်တယ်ဆိုရင်
ဒီလို မလုပ်ပါနဲ့။ ဟိုလို မလုပ်ပါနဲ့ ကို အရင်ဆုံး ပြင်လိုက်ပါ။ အပြောနဲ့ အလုပ် ညီတဲ့ သူတွေဟာ ဘယ်လိုလမ်းကြောင်းကို သုံးလို့ ဘယ်လို ပြောဆိုတယ် ဆိုတာကို အရင်ဆုံး နည်းနာ ယူလိုက်ပါဦး။ ပြောသလို လုပ်တဲ့လူတွေကို (တန်ဖိုးထားရာ မတူညီသည့်တိုင်) ကိုယ် အမြဲ အသိအမှတ်ပြုတယ်။

ကိုယ့်ဘာသာ ဘယ်လမ်းကြောင်းသွားနေတာလဲ ဆိုတာ အရင်ဆုံး နားလည်အောင် လုပ်ဖို့လိုတယ်။


ယောအတွင်းဝန်နဲ့ မြင်းထိန်းငတာ


လူနာမည် မှားတာက no pblm ပါ။ ကိုယ်လဲ သမိုင်းဆို မှားတာပဲ။ သို့သော် ဆွေးနွေးချင်တယ်။
ဒီအဖြစ်ကို တော်တော်များများ quote လုပ်လေ့ ရှိကြတယ်။ ကိုယ် ကိုယ်တိုင်တောင် ပါပါတယ်။ ဒီနေရာမှာ ရေးခဲ့တယ်။ ဒါပေမဲ့ အဲဒါ ကိုယ့်ဘာသာ ငတာ နေရာမှာ ထားလိုက်ချင်လို့ ပြောတာ။

ဦးဖိုးလှိုင်နဲ့ ပတ်သတ်လို့ကတော့ ငတာလို ကောင်မျိုးများ သွား ဂရုစိုက်နေတယ်ပဲ တွေးမိတယ်။ ကိုယ်တော့ စသင်ရ ကတည်းက အဲဒီတိုင်းပဲ တွေးတယ်။ လွန်တယ် မထင်နဲ့။ ကိုယ်က ဦးချစ်မောင်တောင် မခံစားတတ်ဘူး ပြောထားတာ။ ငတာ ဘာသာ ဘာပြောပြောပေါ့။ အကွာကြီးပဲ ဥစ္စာ။ ဘာပုဆိုးတစ်ထည် သွားပေးစရာ လိုသလဲ။ ချီးကျူးရုံမကလို့ ကဲ့ပဲ ရဲ့နေနေလေ။ အမြင်မတော်တာတော့ မှန်မည်ပေါ့။ ဒါပေမဲ့ လူကြီးကလည်း လူကြီးနေရာနေဖို့ လိုသေးသလေ။ ဖတ်တဲ့လူတွေက ငတာ ဘာပြောပြော မသိမှာ မို့လို့တဲ့လား။ နလပိန်းတုံးတွေလား။

သို့သော်........... ဦးဖိုးလှိုင် ဒါမျိုးလုပ်တယ် ဆိုတာ ဘာမှ မထူးဆန်း။ သက်ဦးဆံပိုင် ခေတ်က၊ ပဒေသရာဇ် ဝန်ကြီးမို့ လုပ်တာလေ။ မရှင်းဘူးလား။ ဒါတောင် တော်တော် ကလေးကလား စိတ် ရှိလို့ ဖြစ်မယ်။ သို့မဟုတ် ဝန်ကြီးလောက် အဆင့်မို့ ဖြစ်မယ်။ ဘုရင်လောက် ဖြစ်ပြီး၊ တော်တော် ခက်ထန်တဲ့ စိတ်ရှိရင် တခါတည်း စိတ်နဲ့ မတွေ့တာနဲ့ သတ်စေ ပြောလည်း မထူးဆန်းဘူး ဆရာ။ သူတို့တွေ ပဒေသရာဇ်ခေတ်က ပဒေသရာဇ်စနစ် အကြောင်းပဲ နားလည်တာ။ ခု ဒီလူတွေ ပြောနေတဲ့ စနစ် အကြောင်း သူတို့ ဘာမှ မသိဘူး။

အဲဒါကို အဲဒီ နည်း အတိုင်း သွားချင်တယ်တဲ့လား။ :))))
လိုချင်တာက ဘာလဲ။ ပြန်စဉ်းစားလိုက်ပါဦး။

စာရေးသူ ကိုယ်စားတောင် ဝင်ပြောလိုက်သေးတယ် ဆိုတော့ တကယ်ပဲ အဲဒီစာရေးသူက အဲလို ပြောမယ်လို့ ယုံကြည်တယ်ပေါ့။ ကိုယ်သာ စာရေးသူနဲ့ နီးနီးစပ်စပ် ပတ်သတ်တဲ့လူ ဖြစ်ခဲ့မယ် ဆိုရင် အဲဒီ ကိုယ်စားဝင်ပြောလိုက်တဲ့ စကားလုံးအတွက် စာရေးသူအား အသရေပျက်စေမှု၊ အကြည်ညိုပျက်စေမှု နဲ့ တရားစွဲချင်မှာ အမှန်ပဲ။


ဒါမျိုးက ပြောရိုးပြောစဉ် အစဉ်အလာ ဆိုရင် အဲဒီနောက်လိုက်ပြီး တောက်လျှောက်ပြောကြတော့တာပဲ။ အနှစ်သာရက ဘာ ဆိုတာ ထပ် စဉ်းစားမယ် မရှိဘူး။ ဘောင်ထဲမှာပဲ ပိတ်မိနေတယ်။ ထပ်ကာ ထပ်ကာ ပြောလာရတာတွေကို ထပ်ပြောလိုက်ဦးမယ်။ ကိုယ့် အနေနဲ့ကတော့ ကိုယ်က ကိုယ့် အမြင်ကိုသာ ပြောတာနော်။ ဘယ်စနစ်နဲ့ ဘယ်အုပ်စုကိုမှ ကိုယ်စားပြုလို့ ပြောတာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုသာလျှင် တိုက်ရိုက်ထိမှာ။

တခုခုကို ကိုယ်စားပြုပြောချင်တဲ့ သူတွေ စဉ်းစားကြဖို့ ကောင်းတယ်။
ကိုယ်ပြောလိုက်တဲ့ စကားလုံးနဲ့ သဘောတရားတွေက ကိုယ်ပြောနေတဲ့ အရာကို မြင့်သွားစေတာလား။ နိမ့်သွားစေတာလား ဆိုတာ။

ဘာကို လိုချင်နေတာလဲ အခု။
စဉ်းစားပါဦး အဲဒါနဲ့ တန်အောင် နေတတ်ပြီလား အခု။

တော်ကြာမှ

ကျွဲပျောက်လို့ နွားရှာ

ဆင်ခြေရာ ဒီမှာတွေ့
ပေးဟဲ့ ငါ့မြင်း ဆိုတာမျိုးလည်း ဖြစ်နေကြဦးမယ်။

***
အားလုံးကို နောက်ကျမှ အကြွေးဆပ်နိုင်တဲ့ အတွက် sorry လို့ ထပ်ပြောပါမယ်။ မရေးရင်လည်း မရေးမှ ရေးရင် ရှည်တော့မယ် ဆိုတာကို သိလို့ ငြီးငွေ့ပြီး စာ မရိုက်ချင်တာ။ တခြား အကြောင်းအရာတွေ အတွက် ရိုက်ချင်ပါတယ်။ ဒီအကြောင်းအရာအတွက်တော့ အီလှပြီမို့ မရိုက်ချင်တာ။

ဒီ post အတွက် comment များအား ယခင် တခေါက်ကလို အားတက်သရော ပြန်ဆွေးနွေးမိမည် မဟုတ်ပါ။ တချို့တွေ ပြန်ပြောစရာ ရှိနေသည့်တိုင်အောင် စာမရိုက်ချင်လို့ ပြန်မပြောဘဲ ထားလိုက်နိုင်သည်။ သိပ်တော့ မသေချာ။

***

16 comments:

littlebrook said...

ဟိုက် ... ထိပ်ဆုံးပဲ
စဉ်းစားစရာတွေချည်းပဲ... အကျိုးအကြောင်းသင့်တွေးတတ်ဖို့ စနစ်တကျသင်ကြားဖို့လိုလား ဆိုတာကိုပါ တွေးစရာထပ်ရသွားတယ်ဗျ

Anonymous said...

မြန်မာပြည်ရဲ့ အနာဂတ်အတွက်၊ လူငယ်တွေရဲ့ အနာဂတ် အတွက် မင်းရဲ့ ထင်မြင်ယူဆချက်က ဘာလဲ၊
ရှင်းပြပါအုံး

ဒို့ဗမာ said...

ဒီကွန်မန့်က ပို့စ်နဲ့ တိုက်ရိုက်ဆိုင်ချင်မှ ဆိုင်မယ်။ ဒါပေမဲ့ မြင်တာတခုပြောချင်လို့။

ဂျာနယ်ကျော် ဦးချစ်မောင်တောင် မခံစားတတ်ဘူးဆိုတဲ့ စာကြောင်းကို ၂ခါတိတိ တွေ့ရတယ်။

ဦးချစ်မောင်အကြောင်းသေချာသိလား။
မသိသေးရင် သေချာလေ့လာလိုက်ပါအုံး ရီတာ။
လေ့လာပြီးမှ ပြောတယ်ဆိုရင်တော့ ကိုယ့်အဆင့်ကိုယ် ဖော်ပြနေသလိုပဲ။ စိတ်ပျက်စရာကောင်းတယ်။
ကိုယ်အသုံးမကျတာ ကမ္ဘာသိအောင် ကြေငြာနေသလိုပဲ။

high said...

Nothing to say during Christmas day.

BINO

high said...

How come the word high in my place (Icon).

BINO

Bino said...

Sorry Rita, I wrote comment by using my ship name high beam.
I,ve signed out from high beam and again signed my g. account.
As a good result, my icon bino will come with my comment.

Qte:
နောက်တခုက ကိုယ့်ဘာသာကိုယ် sense ရှိတယ်လို့ ထင်နေတတ်တာ။ အဲဒီမှာ ပိုတွေးဖြစ်တယ်။ ကိုယ်တွေးတာတွေ တော်တော်များများ မှန်နေတဲ့ အခါကျ ပိုဆိုးပေါ့။

ခုလည်း ဘလော့ဖွင့်တာ သိပ် မကြာသေးတဲ့ အရင်က comment တခါမှတော့ လာမရေးဖူးတဲ့ အသက်အားဖြင့်တော့ ကြီးမယ့် တယောက်လို့ ထင်နေမိပြန်တယ်။ အဲဒါဟာ ကိုယ့် အတွက်တော့ အကုသိုလ် ဝင်နေတာပဲ။
Unqte:
The suspect will make negative felling to yourself.
Better leave it.
I cannot typing in Myanmar font.
I also cannot good writing in English.
My English level is lower than high school boy.
BINO

Rita said...

To >> (December 25, 2009 7:35 AM)

ကျွဲပျောက်လို့ နွားရှာ
ဆင်ခြေရာ ဒီမှာတွေ့
ပေးဟဲ့ ငါ့မြင်း

Bino said...

Thanks you.

BINO

Rita said...

My Latest comment dedicates to the one ((December 25, 2009 7:35 AM)), not to you, uncle.

ကိုကျော် said...

အဲလဘတ်ကမူး ဖတ်ပြီး 0utsider ကြောင် ကြောင်နေတာပါ ဆက်ကြောင်ပါ

Rita said...

အော် မားဆိုး က ငကြောင်ကိုး

Anonymous said...

I want to quote your post in my blog. It can?
And you et an account on Twitter?

Rita said...

((December 25, 2009 7:35 AM)) မှာရေးတဲ့ တယောက်။ ဗမာစာရော ကောင်းကောင်း နားလည်ရဲ့လား မသိဘူး။ နားမလည်ရင် ၈ တန်းကလေး တယောက်လောက်ကို ပြန်ရှင်းခိုင်း။ ရှေ့မှာ သေချာ ရေးထားတယ် မဟုတ်လား။ ကောင်းတယ်လို့ သတ်မှတ်တိုင်း စိတ်ထဲက ငြိချင်မှ ငြိမှာ ဆိုတာကို။ ခံစားတာတို့ ငြိတာတို့ ဆိုတာ ဘာကို ဆိုလိုတာလဲ ဆိုတာ။ Character ရဲ့ သဘော သဘာဝ ဆိုတာကိုရော နားလည်ရဲ့လား။

နားလည်ပြီးမှ ပြောတယ်ဆိုရင်တော့ ကိုယ့်အဆင့်ကိုယ် ဖော်ပြနေသလိုပဲ။ စိတ်ပျက်စရာကောင်းတယ်။
ကိုယ်အသုံးမကျတာ ကမ္ဘာသိအောင် ကြေငြာနေသလိုပဲ။

တွေ့လိုက်မှဖြင့် ဒါမျိုးချည်းပဲ။
အဲလို အသုံးမကျတဲ့ သောက်တလွဲ အတွေးအချော်တွေကြောင့် အဲလိုဖြစ်နေတာ။

ဗမာစာတောင် သေချာမဖတ်နိုင်မှတော့ ဘာသွားသုံးရမလဲ။ စိတ်ဓါတ်နဲ့ တွေးပုံခေါ်ပုံတွေက တပုံစံတည်းပဲ။ ခုလက်ရှိလူတွေနဲ့။ ဆန့်ကျင်တယ် ဆန့်ကျင်တယ်သာ အော်နေတာ။ တကယ်က အတူတူ အနူနူတွေပဲ။

နည်းနည်း ထောင်ချောက်ဆင်မထားနဲ့ ကားကနဲ ဝင်လာတော့တာ။ ဒီလိုမျိုးတွေ ဝင်လာမယ်မှန်း သိလို့ကို အဲဒီပုံစံနဲ့ တမင် ရေးထားတာ။ ဦးနှောက်ကို မသုံးဘူး။ နည်းနည်းမှ ပိုမတွေးဘူး။

Steve Evergreen said...

"ဒီ post အတွက် comment များအား ယခင် တခေါက်ကလို အားတက်သရော ပြန်ဆွေးနွေးမိမည် မဟုတ်ပါ။ တချို့တွေ ပြန်ပြောစရာ ရှိနေသည့်တိုင်အောင် စာမရိုက်ချင်လို့ ပြန်မပြောဘဲ ထားလိုက်နိုင်သည်။ သိပ်တော့ မသေချာ။"

အားလုံးထဲမှာ ဒီစာသားကို အကြိုက်ဆုံးပဲ လေသံက မိုက်တယ်

Rita said...

To >> ((December 26, 2009 3:03 AM))

To do so, you need to declare what your own blog is. If it is a personal blog, I will take it into my consideration.

Otherwise, I won't let you quote.

အန်တီချမ်း said...

ဘုရား ဘုရား ဘုရား
အပြင်းစားမိန်းမ
တော်တော်အားနေတယ်

ပိုစ့်ကတော့ကောင်း၏