Sunday, August 16, 2009

For the moment



















ခုတလော တွေးနေမိတာက

၁) အိပ်ရေးဝဖို့လိုတယ်။

၂) Sweep Lottery တွေ
ထိုးထားပြီး တိုက်ဖို့ သတိမရဘူး။ ရလဲ တော်တော်နဲ့ မတိုက်ကြည့်ဘူး။ တကယ်တော့ ကိုယ် ငပျင်းပဲ။ ဘီလျှံနာ ဖြစ်ဖို့တောင် ပျင်းနေသေးတယ်။

ထီတိုက်စရာ မလိုဘဲ ပေါက်ရင် ဖုန်းကို message ပို့ အကြောင်းကြားတဲ့ စနစ်လုပ်ထားရင် ကောင်းမှာပဲလို့ တွေးနေမိတယ်။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

အဓိပ္ပါယ်မရှိ အချိန်ဖြုန်းတာတွေ ရပ်ဖို့ကောင်းပြီ။


ကျန်းမာရေး

ဒီရောက်ကတည်းက တခါမှ မဖျားသေးဘူး။

ဖတ်ဖြစ်တဲ့စာအုပ်တွေက

ကြည်အေးရဲ့ တမ်းတတတ်သည် (အဲဒီစာအုပ် မဖတ်ဖူးသေးဘူး) ဟိုတပတ်က စဖတ်တယ်။
၂ မျက်နှာကနေ မတက်တော့ဘူး။

ebook တွေ ဖတ်ရင် အဲလိုပဲ။


ရေးနေမိတာက

အသုံးစာရင်း


ရောက်နေဖြစ်တာက

ရုံးနဲ့ အိမ် ၊ အိမ်နဲ့ ရုံး ပြီးတော့ ဟိုနား ဒီနား shopping
& gathering

နားထောင်ဖြစ်နေတာက

Nothing gonna change my love for you (Glenn Medeiro)


ရွတ်နေမိတဲ့ကဗျာက

၁) This, too, will pass!

နောက်တစ်ပုဒ်က.. ရွတ်ဖြစ်နေတာတော့ မဟုတ်ဘူး။ စိတ်ထဲအမြဲရောက်နေတဲ့ ကဗျာ..

ပါပီလေး ပုတုတု
သူ့စကား ၀ုဝု၀ု
သူ့စကား လူမသိ
လူ့စကား သူမသိ
သနားပါဘိ။

ဖြစ်ချင်နေတာက
နောက်ထပ
ဘာမှ ဖြစ်ချင်စရာ မလိုတော့တဲ့သူ (ရှိတယ် ထင်တာပဲလေ)
(ဥပမာ Melinda Gates လိုမျိုး)

စားဖြစ်နေတာက

Terrible S'porean Food

သနားနေမိတာက

ကိုယ့်ကိုယ်ကိုယ်ထက် ပိုပြီး သနားစရာကောင်းတာကို ရှာမတွေ့ပါဘူး။


လွမ်းနေမိတာက

ထမင်းပွဲရှေ့ရောက် အချိန်တွေ။
အပြင်မှာ ကြိုက်တာ တူတူထွက်စားခဲ့တဲ့ အချိန်တွေ။

မေ့လျော့ပစ်နေမိတာက

တမင် မေ့ပစ်နေမိတာ မရှိပါဘူး။ အလိုလို နေရင်းမှ မေ့တတ်ရတဲ့ထဲ။
၁၀ တန်းအောင်တာ ၃ နှစ်လောက်ပဲ ရှိသေးတယ်ချည်း ထင်နေမိလို့။

ခါးသက်နေမိတာက
သားရွှေအိုးထမ်းလာတာပဲ မြင်ချင်နေမိတဲ့ ကိုယ့်ဆန္ဒတွေ

တမ်းတနေမိတာက
အားလပ်ချိန်


ကြိတ်ပြီးချီးကျူးနေမိတာက
Melinda Gates ပဲ


ကြိတ်ပြီးအထင်သေးနေမိတာက
ဗြောင်ပဲ အထင်သေးတယ်။

၁) ကိုယ့်ကိုယ်ကိုယ် အမြင့်က စပျစ်သီးလို့ထင်နေပြီး၊ တကယ်တော့ မျိုးစေ့မမှန် ပင်မသန် ဖူးတံငုံကင်း အသီးဖျင်းနေတဲ့ ပေါချာချာ ချဉ်စုတ်စုတ်တွေ။

(ခက်ဆစ်။ ။ပေါချာချာ = ချာတူးလန်အောင် ပေါသည်။ မြေခွေးတွေ မုသာဝါဒကံ မမြောက်လောက်အောင် ပေါသည်)
(မှတ်ချက်။ ။ ကံကောင်းလို့ အပြင်မှာ ဒါမျိုး တခါမှ မကြုံဖူးဘူး။ အပြင်မှာ မကြုံဖူးဘူး ဆိုတော့ ဘယ်မှာ ကြုံဖူးလဲ တွေးသာကြည့်ကြပါတော့။)


၂) အသံကောင်း ဟစ်တတ်တဲ့ လူမျိုး။
ဥပမာ ကိုယ်လုပ်တတ်တာတစ်ခုကို သူများလဲ လုပ်တတ်နေတာပဲ။
ဒါကို ဒီတိုင်းရိုးရိုး မရေးဘဲ "ဗိုင်းတောင့်ခဲဖိ" မို့လို့ ဆိုတဲ့ စကားနဲ့ စရေးတာမျိုး။

ကိုယ့်အမျိုးအကြောင်း ကိုယ် ရေးတာ ရိုးရိုးမရေးဘဲ "သူများနဲ့ မတူဘူး" ဆိုတဲ့ စကားထည့်ရေးတာမျိုး။
လူတိုင်းမှာ ဖြစ်တတ်တဲ့ ဠင်းတလောက်တော့ ငှက်တိုင်းလှ ကိစ္စကို ဆောင်ပုဒ်သဖွယ် စကားလုပ်ပြောတာမျိုး။


(အဲဒီလို အပိုပြောတတ်တာတွေ တွေ့ရင် ကိုယ်နဲ့ မဆိုင်လဲပဲ ၀င်ပြီး fighter လုပ်ချင်တာ ဘယ်လို ဆုပန်ခဲ့မိလို့လဲ မသိ။ အပိုတွေ အပိုတွေ... မသိတာလဲ မဟုတ်။)


ဆန္ဒမရှိတဲ့နေရာ
မြန်မာပြည်


ဆန္ဒရှိနေတဲ့ကိစ္စ

မြန်မာပြည် ပြန်ရန်

မုန်းတီးနေမိတာက

အထက်ပါ ပေါချာချာ အချဉ်သီးများ

ချစ်နေတာက
စိတ်ဝင်စားရင် ဒီမှာသာ ကလစ်ခေါက် ကြည့်ပေတော့ရှင်!

စိတ်ပျက်နေမိတာက

ဘလော့နဲ့ အချိန်ကုန်ခြင်း


စွဲလမ်းနေမိတာက
ဘလော့နဲ့ အချိန်ကုန်ခြင်း


သဘောကျနေမိတာက
အင်တာဗျူးမှာ "BE တွေ..... " လို့ ပြောလို့ ခုံကို ဆွဲလှဲပစ်ခဲ့တဲ့ သစ်သစ် (Bravo ! ကွ)
အဲလိုကို ဖြစ်နေရမယ်။ fighter ဆိုတာ ဒါပဲ။


လိုအပ်နေတာက

အများသားပဲ


တောင်းနေမိတဲ့ဆု

အမျှပဲ ဝေဖြစ်နေတယ်
(အမျှ အမျှ အမျှ)

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက

စားဖို့ပျင်း အိပ်ဖို့ပျင်း ငါဟာ ပျင်းရမှာတောင် ပျင်း
(မောင်မောင်ဇော်လတ် သီချင်း)

ဝန်ခံချင်တာက

ဘ၀မှာ အမှန်တွေချည်း (ကိုယ်ကတော့ မှန်တယ် ထင်တာတွေချည်း) မကွယ်မ၀ှက် လုပ်ခဲ့သလောက်... ဘာဖြစ်လို့များ မလိုအပ်ဘဲ ၀န်ခံစရာတွေ ကြုံလာရမှန်း မသိဘူး။

လုံလောက်ခဲ့ပါပြီ။ နောက်ထပ် မလိုတော့ဘူး။

လောဘ ဒေါသ မောဟတွေလည်း... အတိုင်းသားမြင်နေရတယ် လို့ ယူဆမိလို့ ၀န်ခံစရာ မလိုဟု ထပ်မံ ယူဆပါသည်။

*****
မမြတ်နိုး တက်ဂ် လို့ ကျေးဇူးတင်စွာ ရေးပါသည်။ အပိုပြောတာ မဟုတ်ပါ။ တက်ဂ်ရင် သတိတရရှိတာကို သိရလို့ ကျေးဇူး တကယ်တင်မိတာပါ။

မနေ့တည်းက သူတက်ဂ်ချင်နေပြီ ဆိုတာ သိသားပဲ။ မသိချင်ယောင်ဆောင်နေတာ မရဘူး။ ရအောင် တက်ဂ်သွားတယ်။ ဘာပဲပြောပြော သိပ်မစဉ်းစားရဘဲ post တစ်ခု ရတာပေါ့။

*****

5 comments:

စူး said...

နေပါဦး မရှင်းမရှင်းနဲ့

ဆန္ဒမရှိတဲ့နေရာ ..မြန်မာပြည် ဆိုပီးး

ဆန္ဒရှိနေတဲ့ကိစ္စက ..မြန်မာပြည် ပြန်ရန်ဆိုတော့...
ရှုပ်သွား၏

Rita said...

ဟုတ်တယ် အမြဲတမ်း အဲလိုပဲ မရှင်းမရှင်းဖြစ်နေတယ်။
ရွှေအိုးကြီးလဲ လိုချင်တယ်။ မျက်စေ့လဲ ပြန်မြင်ချင်တယ်။ သားကလေးလဲ ရှင်ချင်တယ်လေ။

ကိုလူထွေး said...

လောဘနဲ့ မောဟတော့ မသိဘူး...

ဒေါသတွေတော့ ကြိုကြားကြိုကြား မြင်နေရပါလား...

းP

Yu Ya said...

အစ်မ ရီတာရေ.. BE တွေ ဘာဖြစ်လဲဗျ..လုပ်ပါအုံး..သိချင်လို့ဗျ... လက်တို့ပြီးတော့ ပြောပါအုံး။

yu ya

တီချမ်း said...

ခုံဆွဲလှဲ တဲ့ သစ်သစ် ရဲ့ ပိုစ့် ဖတ်ချင်တယ် လင့်ခ် ပေးပါ
ဖိုက်တာ ဆိုလို့

ပြီး
တော့ ပိုတန်ရှယ် ပိုစ့် ကို သေသေချာချာမန့်မလို့ ကူးထားတယ်