***
သူငယ်ချင်း မသူ (အေးမြတ်သူ) ရဲ့ သားကလေး။
ဒီမှာ တခါရေးဖူးတဲ့ ကလေးလေးပေါ့။
ခု ၅ လ ရှိပြီ။
ပြီးခဲ့တဲ့တပတ်က ဓါတ်ပုံတွေရတော့ တော်တော် အံ့သြမိတယ်။ သိသိသာသာကို ချောလာလို့လေ။
ဒီတပတ်မှပဲ တင်ဖြစ်တော့တယ်။
သူငယ်ချင်းတွေထဲမှာ အိမ်ထောင်ကျတာ နည်းပြီး (ဘာကျိန်စာမိနေကြလဲ မသိဘူး) ကလေးရတာဆို မရှိသလောက်ဖြစ်နေတော့... ဒါလေးက ရင်းနှီးတဲ့ သူငယ်ချင်းတွေထဲမှာ ဦးဦးဖျားဖျားလေးပါပဲ။
ဒါကြောင့် ကိုယ့် တူသားကလေးလိုပဲ ထင်မိပါတယ်။
သားသား လက်ျာငြိမ်းချမ်း လေး ထူးချွန်လိမ္မာတဲ့ လူကလေး ဖြစ်ပါစေ။
***
3 comments:
အင်း မျက်လုံးကတော့ အေးမြတ်သူ မျက်လုံးပဲ။ ဟက်ဟက်။
မိချိုမာဆီမှာလဲ တချို့ပုံတွေ တွေ့ဖူးတယ်...
ပင်နီအင်္ကျီလေးနဲ့ပုံက အခန့်ဆုံးပဲ...
းဝ)
နောက်ထပ် သားလေးတစ်ယောက်မွေးရင် လက်ဝဲမင်းညိုလို့ နာမည်ပေးဗျ ... ဟီးဟီး
Post a Comment