
သူများတွေ ထမီလေးတွေနဲ့.. ကိုယ့်မှာ ယူမလာမိလို့.. စကဒ်ဝတ်ပြီး ဘုန်းကြီး ဆွမ်းကပ်ရတယ်။ ဖြစ်ပုံများ။
စကဒ်ဆိုလို့ စကဒ်လဲ သိပ်မကြိုက်တော့ ကောင်းကောင်းမရှိဘူး။ ထမီ ယူမလာမိဘူး ဆိုတာလဲ မြန်မာပြည်မှာတည်းက ထမီအစစ်လည်း သိပ်မ၀တ်ဖြစ်ပါဘူး။ ကိုယ့်မှာရှိတာ ချိတ်နဲ့ချုပ်ထားတဲ့ ထမီအတုတွေပဲ။ ရုံးတက်ရင် အဲဒါတွေနဲ့ပဲ တက်တယ်။ ထမီလဲ မကြိုက်ဘူး။ ခဏခဏ ပြင်ပြင်ဝတ်ရတာ အရမ်းမုန်းတယ်။ "ထမိုင်မခိန်" လေ :)...
ဒီရောက်မှ ဟုတ်သွားတော့တယ်။ ဒါပေမဲ့ ဒီလို ပွဲမျိုးဆို ၀တ်ဖို့ ထမီတစ်ထည်လောက်တော့ ရှိမှ ကောင်းမယ်လို့ တွေးမိတယ်။
အဲဒီနေ့ကတော့ ဧည့်သည်လာတဲ့ တယောက်ကလည်း စကဒ်နဲ့မို့ တော်သေး။ အဖော်ရှိသွားလို့..

ဒီတိုင်းကြည့်တော့ မလှဘူးလိုလိုပဲ။ ၀တ်လိုက်ရင် လှတယ်။ စိန်နားကပ်အရောင်နဲ့ ပါးပြောင်တယ် ဆိုလား... :)

ဒီလဆန်းမှာပဲ မဒဲနစ်တို့ (၁၂) ထပ် ကနေ လှမ်းရိုက်ထားတာ။ ဖုန်းက camera ဆိုတော့ သိပ်မမိုက်ဘူး။ အပြင်မှာ တော်တော်မိုက်တယ်။ ကိုယ်တော့ မြင့်လေ ကြိုက်လေပဲ။



ဒီပုံစံမျိုး သိပ်မ၀တ်ဖြစ်ဘူး။ ဒါပေမဲ့ ကိုယ့်မှာက ၀ယ်လိုက်ရင် အနက်နဲ့ အဖြူကလွဲလို့ အရောင်ရင့်ရင့်ဆိုလဲ မဲမဲတွေ၊ အရောင် ဖျော့ဖျော့ဆိုလဲ ဖြူဖျော့ဖျော့နဲ့။ ကိုယ့် ဗီရိုထဲမှာ မည်းတူးတူးတွေနဲ့ ဖြူလျော်လျော်တွေပဲ ရှိတယ်။ ဒါနဲ့ try ကြည့်မယ်လေ ဆိုပြီး ၀တ်ကြည့်တော့ ကြိုက်သွားတယ်။ ၀တ်လိုက်ရင် လှတယ်ချည်း ထင်နေတာ ဘ၀င်မြင့်တဲ့ ရောဂါလား။ ကိုယ့်ဘာသာ အမှန်အတိုင်း မမြင်နိုင်တဲ့ ရောဂါလား ဘာလဲတော့ မသိဘူး။ (သူများ မပြောခင် ကြိုပြောထားလိုက်တယ် အေးရော)
တကယ်တော့ ကိုယ့်အကြိုက်နဲ့ ယှဉ်ရင် အဲဒါ တော်တော် တုံးတဲ့ design ပဲ။ ဒါပေမဲ့ မရှိဖူးတာ ရှိသွားတာပေါ့။
အဲဒီမှာ ကလေးမ ငယ်ငယ်လေးက သူ့မေမေပေါ်ကနေ ဟိုဟာဆွဲ ဒီဟာဆွဲ နဲ့ လုပ်နေတော့ သူ့မေမေက "တူးဗစ် တူးဗစ်" နဲ့ အော်နေရတယ်။ ပထမတော့ နားမလည်ဘူး။ နောက်မှ အော် ကလေးကို e လို ပြောနေတာ။ "မင်းနဲ့ အရမ်းကြီးတယ်။ မင်း ၀တ်လို့ မရဘူး" ဆိုပြီး။ မိန်းကလေးတွေဟာ အလှအပနဲ့ ပတ်သတ်ရင် ငယ်ငယ်ထဲက ဇာတိပြတယ်။

တကယ်တော့ သောကြာညနေဆိုတာ တော်တော် ပင်ပန်းတဲ့ အချိန်။ ဒါပေမဲ့ မိန်းမများ ဒါမျိုးဆို မောတယ် ပန်းတယ် မထင်ဘူး။
အနီရောင် တစ်ထည်မှ မရှိဘူး ပြောရင် ယုံမှာလား။

ဒီလို တွန့်တွန့်တွေလဲ ဘယ်တော့မှ မ၀တ်ဘူး။ မလုပ်ဖူးတာတွေ လုပ်ကြည့်တာ။ တော်သေး ငလျင်စောစော လှုပ်သွားလို့။

ဒီ design ကတော့ စတွေ့တွေ့ချင်း တကယ့် rubbish ပဲ။ ဒါပေမဲ့ ၀တ်ကြည့်လိုက်တော့......................
မယုံဘူးလား။
မယုံရင် ကြည့်။ ခုပဲ ကိုယ့်ဘာသာ ပြန်ရိုက်ထားတယ်။ (ဖုန်းနဲ့)



ဒါကမှ ကိုယ်ဝတ်နေကျပုံစံ။ ဘာမှ ရှုပ်ရှုပ်ထွေးထွေး မပါဘူး။


ကိုယ်ကြိုက်တဲ့ ပုံစံ။ ဘာမှ ရှုပ်ရှုပ်ယှက်ယှက် မပါတာတွေ။ (စင်ကာပူ အလန်လေးတွေ ကြားမှာတော့ ဒါ တိုက်ဂေါ ဒီဇိုင်းပဲ)

လည်ပင်း ကျယ်ကျယ်တွေထက် လည်ပင်းပိတ်ပိတ်တွေ ပိုကြိုက်တယ်။ (ပိန်လို့)။ သိပ်တော့ မလွတ်လပ်ဘူး။ ဒါပေမဲ့ အဲဒီပုံစံတွေနဲ့ လိုက်တယ်လို့ ထင်တယ်။ (ကိုယ့်ဘာသာ ကိုယ်တော့ ဟုတ်နေတာချည်းပဲ)
ဒီဇိုင်းကတော့ နိုင်တီးဂွမ်တီးက ဒီဇိုင်းကြီးပါ။ ၀ယ်ထားတာ ၂ လကျော်လောက် ရှိပြီ။ တခါမှ အပြင်မှာ မ၀တ်ရသေးဘူး။

ဒါကို ၀တ်တဲ့နေ့က အသိတယောက်နဲ့ တွေ့တော့ ၀လာတယ်လို့ အပြောခံရတယ်။

ဘာမှ မဆိုင်ဘူး။ လှလို့တင်တာ။
*****
သူများတွေ အတည် ချက်ကြ ပြုတ်ကြတဲ့ အချိန်မှာ ပေါက်ကရ လုပ်ထားတဲ့ ဟင်းတွေ တင်လိုတင်...
သူများတွေ ဖိနပ်ကောင်းကောင်း ၊ အင်္ကျီကောင်းကောင်း တင်ကြတဲ့ အချိန်မှာ discount item တွေ တင်လိုတင်နဲ့ ကန့်လန့်တိုက်သလိုတော့ ဖြစ်နေလား မသိဘူး။
*****
တကယ်က ဘာမှ တင်စရာ မရှိလို့ စိတ်ကူးတည့်ရာတွေ လျှောက်တင်တာပါ။
*****
18 comments:
ကောင်းပါတယ်ကောင်းပါတယ်။ လုပ်ချင်တာလုပ်ရတာအကောင်းဆုံးပဲ
ငါ့သူငယ်ချင်း :D
ကောင်ပါတယ်။ဘုန်းကြီးဆွမ်းကပ်တုန်း စကပ်ကရှည်ရင်ပြီးတာပါဘဲ။ ဒီမှာလဲ မှတ်မိသလောက် ဘောင်းဘီရှည် ဝတ်တာပဲတွေ့တာပါဘဲ။ ဘယ်ဖြစ်ဖြစ်။ ထမိန်ကတော့မဝတ်တာကောင်းပါတယ်။ သိပ်လဲလက်တွေ့မကျဘူး။ အစလဲပိုကုန်သေးတယ်။ ကြုံတုန်းမှတ်မိလို့ ပြောရဦးမယ်။ ကိုယ်ဒီရောက်ခါစက တခြားမြန်မာတွေနဲ့နေရသေးတယ်။ ကောင်မလေး ၃ ယောက်လဲရှိတယ်။ အတူနေတာ ၆လလောက်အတွင်း သူတို့တွေ တလမှ နှစ်ရက်သုံးရက်လောက်ပဲ ထမိန်ဝတ်တာ တွေ့ရတယ်။ အဲဒီနောက်ကတဲက ထမိန်ဝတ်ထားတဲ့မိန်းမများတွေ့ရင် ခတ်လှမ်းလှမ်းကပဲစကားပြောတာ အကျင့်တောင်ဖြစ်နေပါပြီလေ။
ရီတာကအရေးအသားတော်တော်ညက်တယ်။ ရေးတာလဲရိုးရိုးလေးတယ်။ (သူတော့မလာပါဘူးထင်ပါရဲ့။ )မခင်ဦးမေရေးထားတာဆို ၃ခေါက်လောက်ဖတ်မှနားလည်တယ်။ သူကရေးတာကလဲမြင့်လို့ထင်ပါ့။ ကိုယ်ကလဲ နဲနဲထုံစပြုနေပြီလေ။
Tops လေးတွေ လှတယ်။ အထူးသဖြင့် ပန်းရောင်လေးတွေ။ ဘာ size ဝတ်လဲ။ UK 10-12 လောက်ဖြစ်မယ်ထင်တယ်။
စတိက ဆိုဒ်သိရင် ၀ယ်ပို့မလို့ထင်တယ် ဟားဟား
ဘုန်းကြီးနဲ့ ဖက်ရှင်ပွဲ လာကြည့်သွားပါတယ် မရီတာရေ...အဟီး။
yu ya
အော် တော်သေးတာပေါ့
ကိုယ်က ဒေါ်ရီတာ တယောက် ကိုယ့်အကြောင်း မရေးတတ်ဘူးထင်နေတာ
ပုံတွေ ကတော့ တော်တော် ဂေါတယ်
ဒါပေမယ့်လဲ အမက အဲ့လိုနဲ့ ပဲလိုက်မှာပါ
ယွန်းမှီမှီပေါ့လေ နော့
တော်တော် ဂေါ ဆိုပါလား။
ကိုယ့်ဘာသာတောင် သနားသွားပြီ။
ယွန်းမှီမှီ ဘာဝတ်လဲတောင် ပြန်မေးရဦးမယ်။ ဘာဝတ်လဲဟင် ???
if u r wearing something, it make u confident
it's a nice fashion for u.
ur fashion is not for others, it's for u
ဟုတ်တာပေါ့ ကိုယ့်အကြိုက်နဲ့ကိုယ် , ကိုယ့်အလုပ်နဲ့သင့်တော်သလိုပေါ့။ အားလုံး decent ဖြစ်ကြပါတယ် ။
အချစ်ဧ။်နောက်ဆကိတွဲစာမျက်နှာက pg156 ထိပဲတွေ့တယ်..ကျန်တာဘယ်မှာဖတ်လို့ရမလဲ...please....
16 Aug 09, 15:34
Rita: comment ပေးသွားတဲ့ Anonymous>>> အချစ်၏နောက်ဆက်တွဲက ... တ၀က်တပျက် ဖြစ်နေပါတယ်။ Upload လုပ်တဲ့သူကို msg ပို့ပြီး မေးထားတာလဲ ဘာမှ အကြောင်းမပြန်ပါဘူး။ ဆောရီးပါရှင်။ ဖြစ်နိုင်ရင် တင်ပေးချင်ပါတယ်။
အမ ပန်းရောင်လေးကြိုက်တယ်..။
ရိုးရိုးလေးကလဲ ဆန်းပါတယ်ကွာ..
အမဆီမှာ အသစ်တက်တာ မပေါ်ဘူး
ebay နဲ့ငါတော့ မှားဖွင့်ပြီ ထင်မိသေး
ဖတ်ဖူးတယ်
မိန်းကလေးတွေ အဝတ်အစား
တံဆိပ်ကအစတိကျသိ တန်ဖိုးမြှင့်ပြော
မူရင်းတန်ဖိုး ဘယ်တော့မှမမေ့
အော်ပီကျယ်ရဲ့ ယောက်ျားနဲ့ မိန်းမ ကာတွန်းစာအုပ်က
ထင်တယ်။ :P
အင်္ကျီလေးတွေကို စိတ်ဝင်တစားငေးသွားပါတယ် မရီတာ... စကဒ်အဆင်လေးကိုလည်း ကြိုက်မိပါတယ်...
အရင်တုန်းက မရီတာဆိုတာ အသက်ကြီးကြီး (အနည်းဆုံး ကိုပေါတို့ အရွယ်လောက်ရှိမယ်ပေါ့လေ :D ) ထင်တာ။ ခုတော့ ဘယ်ဟုတ်မလဲ။ အတော်လေး ငယ်သေးတာပဲ။
သူများကို ကိုပေါနဲ့ ရွယ်တူထင်လို့တဲ့။ ရက်စက်လိုက်တာ။ ကိုပေါသမီးလေးနဲ့မှ ရွယ်တူပါ။
ဟို စတိဆိုတဲ့ တစ်ယောက်ကလဲ အသက် ၄၀ ကျော်ထင်လို့တဲ့။ တော်သေးတာပေါ့ ဒါ့ပုံလေးတွေ တင်မိလို့။
ရီတာရေ အင်္ကျီလေးတွေ ကြိုက်တယ်တော့
အမဆို မ၀ယ်တတ်ဘူး (ကတ်စေးနည်းရတာလည်း ပါတာပေါ့)။ မိဘလက်ထက်တုန်းကတော့ ဘာပြောကောင်းမလဲ...
ကိုယ်လည်း ရိုးရိုးပဲ ၀တ်တတ်တယ်။ စင်္ကာပူရောက်ပြီး သိပ်မပြောင်းလဲတာကိုယ်ပဲ။ စကတ်က ၀တ်လေ့မရှိတော့ သူငယ်ချင်းလက်ဆောင်ပေးတဲ့ တစ်ထည်ပဲရှိတာ။ ဘောင်းဘီပဲအ၀တ်များတယ်။
အပေါ်ကပုံကြည့်ပြီး ရီတာ့ကို အပြင်မှ မြင်ဖူးသလိုပဲ။ ပြောလို့ဘယ်ရမလဲနော်...စင်္ကာပူက ကျဉ်းကျဉ်းလေးဆိုတော့ လူချင်းမသိပေမယ့် မြင်ဖူးချင်မြင်ဖူးနေမှာ။
တွေ့ရင် လှမ်းခေါ်လိုက်ပါ ဇွန် :)
Post a Comment