Tuesday, August 18, 2009

cbox ပေါ်မှ အတင်းများ (မမ ပြန်လာရင် ဖတ်ဖို့)

18 Aug 09, 03:19 PM

လူမုန်း: အမှန်က ဘုတ်ဆုံ ဖြစ်ရမှာ

သစ်သစ်
: သြော် ဟုတ်တယ် သစ်သစ်အလုပ်က ၃လပြည့်လို့ပေးတာလေ စလုံးမှာဆက်နေခွင့်လေးပေါ့
သစ်သစ်
: ကိုဘက အဲလို ရက်ရက်စက်စက်ပေးတတ်တဲ့ နှလုံးသားမရှိဘူးလေ
သစ်သစ်
: px
Boyz
: ဟိ.. သေချာပြီ.. ဒီ၉၀ကတော့ ဆံဖြူသွားကျိုးမှပဲ...။ respect
Boyz
: provision period ဆိုတာ ဘာလဲ မိလုံး...။ Probation period ပဲကြားဖူးတယ်။

သစ်သစ်
: အင်းလေ အဲဒါကြောင့်မေးနေတာ ပြီးတော့မခေါ်စဖူး ညီမငေးတဲ့

Boyz
: မိလုံးစစ်လား မသိဘူး။ ပစဝ ပြောဇမ်း မိလုံး
သစ်သစ်
: ပစ၀တဲ့ thinking

moemoe
: အမရေမန္တလေးထိုးမုန်.လုပ်နည်းလေးပြောပြပါလား

လူမုန်း
: ကဲပြောသကွာ “ပစဝ"
လူမုန်း
: မန္တလေးထိုးမုန့် လုပ်နည်းတဲ့ မန္တလေးသားများ မရှိကျဘူးလားဗျာ
လူမုန်း
: ကြ*

Boyz
: ကောက်ညှင်းကို နူးအောင်သကြားနှင့် အုန်းနို့ရောက်က ပေါင်းပါ။ ၄င်းနောက် မိုးပြဲဒယ်ထဲတွင် လှေလှော်ရာတွင် သုံးသည့် တက်နှင့် နာနာမွေရပါသည်

ရွာသားလေးဝိုင်တီယူ
: အိမ်ရှင် မှာတာလေးများ ယောင်ပြီးသယ်လာမလား လာချောင်းပါတယ်

လူမုန်း
: ထမနဲ ဖြစ်ကရောလား

myo
: ထမနဲမဖြစ်သေးဘူး အုန်းသီးအဖတ်တွေ ထည့်ရဦးမယ်
myo
: မလုလု ဘလော့မှာ သွားရှာနေလား မုန့်လုပ်နည်းစာအုပ်မှာ ကြည့်နေလားမသိဘူး

Boyz
: အုန်းသီးအဖတ်က နောက်မှ ထည့်ရမယ်။ နာနာထိုးရင် ထိုးမုန့်ဖြစ်တယ်
Boyz
: အောင်မာ..သူ့လိုမျိုး ချက်ခါနီးတိုင်း ဘလော့ လာလှန်နေတယ် ထင်လား မသိဘူး

myo
: ဘလော့မလှန်ပါဘူး ချက်မဲ့ဟာကိုတခါတည်း ရုံးမှာ ဖတ်ပြီး ပရင့်ထုတ်လာတာ ဟိဟိ

Boyz
: ကြံသကာ ထည့်ရင် မိုက်တယ်။ ယာဂုထမင်းလုပ်တာဆို ဘေးနားမှာ ထိုင်စောင့်တာ။ ဘုရားကို တင်ဖို့ ဖယ်ထားပြီ ဆို ကိုယ်နှိုက်တာပဲ ဦးဆုံး...။ အိုးကပ်လေးတွေ တော်တော်ကြိုက်တယ်။ အတူးတွေ ကြိုက်တယ်
Boyz: ဒါ့ကြောင့် ထိပ်ပြောင်တာနေမှာ

myo
: ဘာဆိုင်လို့လဲ
myo: အမ် မှားပြီ သူ့ဘာသာပြောတာကို

သစ်သစ်
: ထိပ်ပြောရင် ဆံပင်စိုက်လိုက်လေ ဒီလောက်ထိုင်းကိုသွားတာ လုပ်မလာဘူး ညံ့ပါ့
သစ်သစ်: ထိပ်ပြောင်*

myo
: ထိပ်ပြောင်တယ်ဆိုလို့ ခွေဖြူ့ကိုတောင်သတိရသွားတယ် မလာတာကြာပြီ အဆင်ပြေသွားပြီထင်တယ်
myo
: သွားအော်လိုက်ဦးမယ်

သစ်သစ်: ကိုယ့်စီဘောက်မှာ ကိုယ်ထည့်ထားတဲ့ ခေါင်းထုတဲ့ပုံကြည့်ပြီး ကိုယ်ပါနာလာသလိုပဲ မဖြစ်ချေဘူး ဖြုတ်ဦးမှာပါလေ

Boyz
: blog တစ်ခုလုံးပါ ဖြုတ်လိုက်ပါလား။ သက်သာတာပေါ့

သစ်သစ်: ရက်စက်လိုက်ထှာ

Boyz: စေတနာနဲ့ ပြောပေးတာပါကွယ်။ ဘလော့ ရှိနေရင် မရေး မနေရ တာဝန်ကြီးက ရှိနေတယ် မဟုတ်လားကွဲ့..။

လူမုန်း: I/P နားကြပ်လေးနဲ့ ပုံကော..ဟင်

သစ်သစ်: အင်း လာဖတ်တဲ့သူရှိနေတော့လည်း သူတို့လာလို့ မရှိရင် ကိုဘတို့လိုလူချစ်လူခင်များတဲ့သူကျတော့တစ်မျိုးပေါ့ ကိုယ်ကနာမည်မှမကြီးသေးတာဂိုးးးးးးးးး
သစ်သစ်: .....ဖြုတ်ပေးလိုက်ရပါတယ်ကွယ်

လူမုန်း: လွတ်စေ..အဲ့ဒါပြောတာ..ဟို သုံးလုံးတစ်တောင် လုပ်တိုင်းလိုက်မလုပ်နဲ့ လို့

သစ်သစ်
: သုံးလုံးတစ်တောင်thinking

လူမုန်း: ကဲ..စပြီ “ပစဝ” ပြော.ဘုတ်ဆုံ

သစ်သစ်
: အမ် ဘာလဲ သိဘူး တစ်ခါမှမပြောကြပဲနဲ့

လူမုန်း
: ညည်းသူငယ်ချင်းကြီးလေ..မထီလေးစားပုံနဲ့ မခန့်တဲ့ပုံနဲ့ လက်ပိုက်ပြီး ကြည့်နေတဲ့သူလေ

သစ်သစ်: EC queen လား

myo
: smile

လူမုန်း
: ဟိုက်.သိဘူး
လူမုန်း
: စားပွဲ လှဲပြစ်ခဲ့တဲ့ သစ်သစ် ကို Bravo ဘာညာရေးထား သူလေ ကွာ

သစ်သစ်
: engineer က လူပေါင်းများစွာ သေစေနိုင်တယ် ဆိုပြီး ဘာသာရပ်ပေါင်းများစွာကို နားလည်အောင် ကြိုးစားခဲ့တယ်။ (ထင်သလောက်နားမလည်ခဲ့ပါဘူး) ဟီးဟီး
ပုံ ec queen <---အဲလိုတော့ ကွန့်မန့်ပေးသွားတာပဲလေ။


လူမုန်း
: သူ့ကိုယ်သူ EC Queen တဲ့လား အဲ့ သုံးလုံးတစ်တောင်က..အံ့ဖွယ် smile

Boyz
: သုံးလုံးတစ်တောင်ဆိုတာ လက်ပိုက်ပြီးတော့ မိန့်မိန့်ကြီး ရပ်နေတဲ့ တစ်ယောက်ကို ပြောတာလား မိလုံး
Boyz
: နာတို့တောင် သူ့လက်ချက် မိသွားသေးတယ်လေ
Boyz
: လူတိုင်းကွင်းသွားတဲ့ ကွင်းနေမှာပါ
Boyz
: respect
လူမုန်း
: အေး..သူက Queen ဆိုဘဲ smile (သားရေကွင်း) <<<(အဲဒါ ကိုယ့်စကားလုံးပါ။ ယူသုံးရင် premium ကြေးပေးရပါမယ်)

myo
: ကော်ပီထားတယ် ဟိ

သစ်သစ်
: ဘုရားကယ်ပါ ရီတာ ကိုယ်ဘာများမှားပြန်ပြီလဲကွယ် ဒါဆိုသုံးလုံးတစ်တောင်ဆိုတာမင်းပေါ့

လူမုန်း
: အရပ်လေးများ Internation ဖြစ်ရင် “အင်းစိန်ဂိတ်” ရဲ့ Lady များဖြစ်ချင်ဦးမလားမသိ ( Bill Gate မဟုတ်ပါလေ) smile <<<(သူများကို ပြောချင်ဇောနဲ့ စာလုံးပေါင်းတောင် မှန်အောင် မပေါင်းနိုင်တော့ဘူး။)

Boyz
: သူလျိုဒလန်မြိုး...။
Boyz
: အတင်းတွေ အားရပါးရကို အုပ်နေကြပါလား။ မိလုံးထမင်းစားပြီးပြီလား (ဤကား ခေါင်းစဉ် အတင်းပြောင်းခြင်းမည်၏) respect

သစ်သစ်
: အင်းလေ ရီတာကချောပါတယ် ပြီးတော့ပိန်ပိန်လေးရယ် လှမှလှ

လူမုန်း
: ဘယ်က ရီတာ လဲ သိဘူး smile ( ဂလို ရှောင်ပါတယ် မယ်ဘ) respect

သစ်သစ်
: သြော် ဒီလိုလား သူတို့က ဒါဆိုလဲပြောတော့ပါဘူး အတင်း

myo
: ကော်ပီရန်တာဝန်ရှိလို့ ပီတာပါ မကြောက်ပါနဲ့ ငှဲငှဲ

လူမုန်း
: ပြောလို့ဖြစ်တော့ဘူး.. ဒါးလှန် တဲ့သူရှိနေတယ်

သစ်သစ်: ကိုယ့်ဘလော့မှာ ၂လအတွင်းလာဖတ်တဲ့သူ ၇၀၀၀ ကျော်တယ် ၅၀၀၀က ကိုယ်ဝင်တာထင်တယ် respect

လူမုန်း
: စားရသေးဘူးဝေ့.မယ်ဘ စောသေးတယ်..
sdl: ဘယ်လိုပဲဖစ်ဖစ် ဝင်တဲ့လူ များဖိုက အရေးကြီးပါတယ် သစ်သစ် smile

လူမုန်း
: ၆၆၉၀ အဖြေမှန်
sdl: thinking ဒါးလှန်တယ်

သစ်သစ်: HR ဆိုတော့ ၀တုတ်ကြီးဘယ်ခန့်မလဲနော် မျိုး အားငယ်လိုက်ထှာ

myo: ဟင် ဆိုင်လို့လား (တို့သိနေတယ်နော် လမ်းလွှဲမှန်း)
myo: ငှင်း ငှင်း ငှင်း

သစ်သစ်: သူများကုမ္ပဏီမှာ လှတပတလေးတွေပဲ ခန့်ချင်မှာပေါ့လေ မျိုး မျှော်မှန်းလစာ ဘယ်လောက်လဲဟင် ပြောလို့ရမလား

Boyz: 7350 ဆို တို့ hr လုပ်မယ်ကွယ်။ HR က ချောလို့လားဟင်

myo: အဲဒါကတော့ တို့မသိပါကွယ် စိတ်ဝင်စားရင် ကိုယ့်ရဲ့ မျှော်မှန်းလစာထည့်ပြီး ပို့ရပါမယ်
myo: 7350 ဆိုတာ NOKIA နံပါတ်လား
myo: HR ဆိုရင် ပိန်ပိန် ချောချောလေးလား thinking
သစ်သစ်: ချောရတယ်ဟုတ်ဘူးလား ပိန်ရတာတော့သေချာတယ် anger
သစ်သစ်: သစ်ကိုမနက်က သူဌေးက ဒီ၃လမှာပျော်ရဲ့လားတဲ့ လုပိနိုင်ရဲ့လားတဲ့ ဘာလိုအပ်လဲတဲ့ ချက်ချင်းကျတော့စဉ်းစားမရဘူး

myo: ချက်ရတာ ဘလော့ဖတ်ရတာ သိပ်အားမရဘူးလို့ ပြောလိုက်ပေါ့

Boyz
: မျှော်မှန်းလစာကို ပြောတာ မြိုး...။

သစ်သစ်: ဒီလ အိုတီလည်းရှိဘူး လစာပဲဝင်မယ် အသုံးအစွဲလျှော့ရမယ်ကွယ်
သစ်သစ်: နိုင်ငံရပ်ခြားမှာ စကားလေးပြောပြီး အလုပ်လုပ်ရလိမ့်မယ်လို့ တစ်ခါမှမစဉ်းစားမိခဲ့ဘူး ဟိဟိ

Boyz: ဟင်ပြောတော့ အလိုအလျောက်ကြောင်နဲ့ အလုပ်လုပ်ရတာဆို။ ခုတော့စကားလေးပဲ ပြောရတဲ့ အလုပ်လား သစ်သစ်။ လည်တွားဘီ...။

သစ်သစ်: အင်းလေ အလိုအလျောက်ကြောင်လေးနဲ့ဆွဲလိုက် ချက်တက်လိုက်=စကားပြောခြင်း ဒါကိုဆိုလိုပါတယ် တစ်ယောက်ကိုမှလည်း မမြင်ဘူးသေးဖူး တော်သေးတယ် မြန်မာလူမျိုးတွေတော့သေချာတယ်

myo: ပြောပြီးလုပ်ရတာမှုတ်ဘူး သစ် ရိုက်ပြီး လုပ်ရတာ ပါးစပ်က တခါမှတောင် မဖွင့်ရဘူး စကားမပြောတတ်တော့မှာတောင် စိုးရတယ် လက်တွေကတော့ ညောင်းချိလို့

သစ်သစ်: သစ်သစ်ကတော့ ကွန်ကိုတစ်နေ့တစ်နေ့ ရီပြနေရတာ အားလုံးမမြင်တဲ့နေရာမို့လို့တော်သေးတယ်
သစ်သစ်: အရင်အလုပ်တုန်းကဆို လူတွေများတော့ တောင်ကြည့်မြောက်ကြည့် ဒီအလုပ်ကတော့ စုစုပေါင်း ကိုယ်ပါမှ ၅ယောက်ဆိုတော့ တော်တော်ကောင်းတယ်

Boyz: မိုက်လိုက်တာ .. လူငါးယောက်တည်းဆိုတော့ စည်းစည်းလုံးလုံးရှိမှာပေါ့နော်

myo
: ဒီလောက်ဆိုရင်တော့ ချက်ဟစ်စထရီ အောက်ကိုတော်တော်လေးးကျသွားပါပြီ ဒါပေမဲ့လည်း အဆုံးထိလိုက်ဖတ်ရင် တွေ့နိုင်သေးတယ်
myo: respect
လူမုန်း
: စကြောက်.. letn ပြောတာ ကိုယ်ပါကွယ်..

သစ်သစ်: လစာတွေပေးတဲ့ ငွေကိုင်တဲ့အဘွားကြီးက လုပ်သက် အနှစ်၃၀ တစ်ယောက် ဒီအလုပ်မှာပဲ ၃၀နော်

myo: သူတို့အစားပြောပေးတာများ

လူမုန်း: ပြောမရဘူး..အားအားရှိ ဒုတ်နဲ့ ရိုက်မယ်ဆိုတာကြီးဘဲ.(ဟော.ပြောမိပြန် B)
လူမုန်း: ဆက်ပြောကြပါ..ခဏ ခွာမယ်..( အကြွေစေ့တွေ) respect

သစ်သစ်: အရင်အလုပ်ကဆိုတွန်းတဲ့တိုက်တဲ့သူများတယ် ကိုယ်ဘာလုပ်လဲ လိုက်ကြည့်ချွန်ကြ သူ့မန်နေဂျာ ကိုယ့်မန်နေဂျာပြိုင် ရှုပ်နေတာပဲ

Boyz: အခုအလုပ်က အေးချမ်းတယ်ပေါ့.
Boyz: ဒါဆို ဒီလူတွေနဲ့ တည့်အောင်ပေါင်း ဒါဆို အလုပ်မှာ ပျော်လာလိမ့်မယ်။ ဒီလောက် လုပ်သက်ကြာတာဆိုတော့ ဒီနေရာက တစ်ခုခု ကောင်းနေလို့ ဖြစ်လိမ့်မယ်။ သူဌေး သဘောကောင်းတာလဲ ဖြစ်နိုင်တာပဲ
သစ်သစ်: အားလုံးထဲမှာ သစ်သစ်က အငယ်ဆုံး မုန့်ဆို၂ခုရတယ် အမြဲတမ်း respect
သစ်သစ်: သူဌေးကတစ်နေ့နေလို့ စကားတစ်ခွန်းမပြောဘူး သူ့အခန်းမှာပဲနေတယ် သတင်းစာဖတ်တယ် မျက်စိမှိတ်ပြီး မှေးနေတယ် လိုရင်ခေါ်တယ် ဒါပဲ

Boyz: ကောင်းတယ်နော်။ အေးချမ်းတာ။ ရုံးလဲ ၉-၅း၃၀ ဟုတ်လား
Boyz: အားကျလိုက်တာ။ ငါဘာလို့ ပုံဆွဲ မသင်ခဲ့ပါလိမ့်

သစ်သစ်: ၈ခွဲ ၅ခွဲ ၅ရက်

Boyz: အော်.. ၈၃၀-၅၃၀ ကိုး.. တို့က ၈၃၀-၆

myo: ပုံဆွဲသင်ချင်တာများ လွယ်ပါတယ် နန်းညီဆီမှာသင်လို့က် အွန်လိုင်းကနေ

သစ်သစ်: အားလုံးပဲပြန်တော့မယ်နော် ဘိုင်
Boyz: တာ့တာ သစ်သစ်

ကိုကိုဒီဘီ: တို့လဲ ၈ခွဲ၆ ... (ဇွတ်ဝင်ပြောသွားသည်)
ကိုကိုဒီဘီ: ဖက်အုံးကြီးရဲ့ အဲလေ တယ်လီဖုန်းကြီးရဲ့ အဲလေ မှားလို့ အရီးရဲ့ ခရီးလွန်နေသလား .. ငွှားငွှားငွှား

sdl: gun1

Boyz
: ပြောပါ.. ဖက်အုန်းဟုတ်ဘူး။ တစ်ခြမ်းပဲ့ တယ်လီဖုန်းလဲ မဟုတ်ဘူး။ ဘာတွေ လာပြောနေတာလဲ မသိဘူး ဒီကိုကိုဒီဘီ။ မာဖီးယားမှာတော့ လာမကူဘူး
Boyz: စိတ်နာတယ်။ (ကာကာလို အာခေါင်ခြစ်အော်သွားသည်)

*****
18 Aug 09, 05:51 PM (The End)

*****
ကြည့်စမ်း။ ၃ နာရီ က စပြောတာ။ ၆ နာရီ ထိုးကာနီးမှ ပြီးတယ်။
ဒါတောင် အစကို မမီလိုက်လို့။ ဘယ်ချိန်ကတည်းက စကားဝိုင်း စနေလဲ မသိဘူး။

13 comments:

littlebrook said...

ပျော်စရာကြီးဗျ .. ကိုဘွိုဇ်ရေးထားတာက ရီရတယ် ...:D

MrDBA said...

chat ကလဲ ပို့စ်ဖြစ်တယ်လား .. ဆန်းတယ်ဆြာ

လူမုန်း said...


“သားရေကွင်း” ကို သူဘဲ မှတ်ပုံတင်ထားသလိုနဲ့..ဟင်း

“Bill Gate” ကို တစ်ယောက်ထဲ ဖြစ်အောင်လို့ Plural ကနေ Singular ပြောင်းပေးထားတာ (လိုက်အားကျ နေတဲ့ သူတွေများလို့)..

ဖြည့်စွတ်ရန်..ကာယကံ ရှင်၏ ဆန္ဒအရ မူရင်းစာသား အချို့ ဖြုတ်ပေးလိုက်ပါသည်။ (ဘာ..ညာ ရေးသင့်ပါသှ်) အကြံပေးရုံမျှသာ။

ဟူးးး ပိုစ့်မှ ဖြစ်ပါ့မလားလို့ :-)

Rita said...

18 Aug 09, 21:49
littlebrook: အင်ဂျင်နီယာက လူပေါင်းများစွာသေစေနိုင်တယ်ဆိုလို့ ဟိုဟာလေးတောင် သတိရသွားတယ် E= MCစကွဲ ဆိုတာလေ ဟိဟိ အင်ဂျင်နီယာတစ်ယောက်က ဆရာဝန်၂ယောက်နဲ့ ညီတယ်တဲ့ ...

myo said...

"18 Aug 09, 07:38 PM
Rita: အဟမ်း အဟမ်း ကိုယ်အားလုံး သိပြီးပြီ"

ဒါလေးကိုတွေ့လိုက်ကတည်းက ပို့စ်ဖြစ်တော့မယ်ဆိုတာ သိလိုက်ပါတယ်ကွယ်.. အဲငှယ်
(တော်ပါသေးရဲ့ အတင်းပြောတဲ့ထဲ တို့မပါလို့)

တီချမ်း said...

ငံ လိုက်တာနော်
ချက်ချက် ကတော့ အလွန်ပဲ

ကိုလူထွေး said...

ကိုယ့်အမကိုယ် တော်တော်လေး ချစ်ရှာတာကိုးးးး

းP

သက်ဝေ said...

ဘယ်သူဘာပြောပြော... မမဖတ်ဖို့ ကူးထားတယ်ပဲပြောပြော ကိုယ်မဖတ်ရသေးရင် အသစ်ပဲ...
ဖတ်သွားတယ်...
ရယ်သွားတယ်...
(အမှန်ဝန်ခံရရင် လိုက်လို့မှီအောင် မနဲ ကြိုးစားပြီး ဖတ်ရတာပါ)

Steve Evergreen said...

ဒင်းတို့တော်တော်ကဲနေပါလား။

မေဇင် said...

တစ်ခါတစ်လေ ကိုယ်တစ်ခွန်းမှ ၀င်မပြောပဲ refresh နာနာခေါက်ပြီး ၀င်ငေးရတဲ့ စကားဝိုင်း...း)

Rita said...

18 Aug 09, 09:02 PM
သစ်သစ်: EC Queen ဆိုတာကို ဘိုးလ်တင်လို့ရဘူးလားဟင်

18 Aug 09, 09:05 PM
Rita: မလုပ်ပါနဲ့ EC ကလူတွေ မြင်ကုန်ရင် ကိုယ်ရွှီးထားတာတွေ ပေါ်ကုန်လိမ့်မယ်

Vista said...

ဝါးဟားဟား

Steve Evergreen said...

steve: မောင်ရင်ရောမောင်ရင့်အမေတို့အမတို့ကိုမချစ်ဘူးလားကွဲ့။ သူတို့ရောယောတ်ကျားမရှိဘူးလား
20 Aug 09, 01:36 AM
steve: မချစ်ရဘူးလို့ဘယ်ဘုရားကဟောလဲကွဲ့
20 Aug 09, 01:22 AM
ဂွတို: သူ့ယောင်္ကျားကြီးနဲ့ ကိုလည်း ချစ်တာပဲလား
20 Aug 09, 01:20 AM
steve: layin
20 Aug 09, 12:56 AM
ုkom: nite
20 Aug 09, 12:25 AM
Pauk: alarm
20 Aug 09, 12:18 AM
myo: sep
20 Aug 09, 12:16 AM
Pauk: pyaw
20 Aug 09, 12:16 AM
Pauk: ပေါက်စ်စ်: နောက်တခုက ( စိတ်ကိုတင်းတား..သူငယ်ချင်းး)ကိုဘ က လင်းဆိုတာ ဘယ်သူလဲတဲ့..ဟယ်..သိလားး...
20 Aug 09, 12:14 AM
ုkom:ိသိပါတယ်
20 Aug 09, 12:13 AM
ုkom:ူသူ မသိချင်ယောင်ဆောင်တာပါ
20 Aug 09, 12:09 AM
Pauk: ကိုဘကိုမေးတော့..ဘယ်က လင်းလဲတဲ့...
20 Aug 09, 12:09 AM
Pauk: မမ..လင်းစ် လင့်လေးပေးပါ..
19 Aug 09, 11:59 PM
ုkom: မြင်ရ
19 Aug 09, 11:59 PM
ုkom: အဲလေ
19 Aug 09, 11:58 PM
ုkom: နားမှ မချမ်းသာ
19 Aug 09, 11:52 PM
Boyz: သူခေါ်ရင် လာပါ လာပါ ညညဆိုကြားရကြားရ
19 Aug 09, 10:54 PM
ksg: လာပါ။ လာပါ။ တို့အစ်မ မလာရင် ပွဲမစည်ဘူး။
19 Aug 09, 10:51 PM
ုkom: တို့လာတယ်။
19 Aug 09, 10:41 PM
ksg: (ယင်ကောင်အသံနဲ့ ဆိုသွားတာ။ ယင်ကောင်။ ယင်ကောင်။)