![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiblxeMifwZa3R2U2mZUCnlS7DcmM6dnEqCsGJlSCwl-NRl6B-39LD5bPag3YiHPDF3hKFso88fCifuXhjGqpn1yJFMBk_ssqbvN4fy0Iz2cbTnXAuuiHpB6Lajh0LF3kADsOzw7nLujLA/s400/padaukw.jpg)
Photo from Here
My month starts!
ကိုယ့်ရဲ့လ။
ချိုမွှေးသင်းပျံ့တဲ့ နွေလေပြည်လေးတွေ တိုက်ခတ်တတ်တဲ့လ။
ကောင်းကင်တစ်ခုလုံး လင်းပကြယ်စင်နေတတ်တဲ့လ။
ကြယ်ကလေးတွေ စုံတဲ့လ။
နှစ်ကူးပွဲတော် ရှိတဲ့လ။
အရင်ကတော့ အညာကို ပြန်နေကျ လ။
ဆုံဆည်းခြင်းရဲ့လ။
စိတ်အလွတ်လပ်ဆုံး လ။
ငယ်ဘဝကို သတိအရစေဆုံးသော လ။
ဘာရယ်လို့တော့ မသိဘူး။ ဒီလကို ကိုယ်ပိုင်တယ်လို့ ထင်နေတတ်တယ်။
မွေးလဖြစ်တာလဲ တစ်ကြောင်း။ ကျောင်းပိတ်တဲ့ ရာသီမို့ ကိုယ်လုပ်ချင်တာ လွတ်လွတ်လပ်လပ် လုပ်ရလို့ ပိုင်တယ် ထင်တာလဲ တစ်ကြောင်း။
ပြီးတော့ သူငယ်ချင်းတွေ မိတ်ဆွေတွေထဲမှာ ဒီလမွေးတဲ့သူတွေ တိုက်တိုက်ဆိုင်ဆိုင် ရှိနေတာ။
ခင်အောင်ထွေး၊ နိုင်လင်း၊ ကိုသူရိန်၊ ညီလင်း၊ ချိုမာ၊ ရန်နိုင်၊ မိုးမြင့်၊ မဥမ္မာ။
ပြီးတော့ Apple က CEO "John Sculley"... သူကတော့ သူငယ်ချင်းမဟုတ်ပါဘူး။ မွေးနေ့တူလို့ ထည့်ရေးလိုက်တာ။ ပြီးတော့ မွေးနေ့တင်မက တခြားအရာတချို့ပါ တူတယ်လို့ ထင်မိတဲ့ ဒေါက်တာသန်းထွန်း။
အိမ်မှာပဲ နေချင်တဲ့ လ။
April...
ကိုယ့်ရဲ့လ...
(ရည်ညွှန်း။ ။ မြန်မာနိုင်ငံက ကုန်လွန်ခဲ့ပြီးသော April များသို့)
***
မနှစ်က တင်ပြီးသား post
နည်းနည်းပြန်ပြင်ပြီး တင်လိုက်တာ။
***
7 comments:
ကိုယ့်ရဲ့လ
moon or month =D
ရီတာက April လ born ကိုး။
''John Sculley'' နဲ့တူတယ်ဆိုတော့ မွေးနေ့ရောက်ဖို့ တစ်ပတ်တောင် မလိုတော့ဘူး။
April တစ်လလုံး ပျော်ရွှင်ပါစေ။း)
ရီတာ ရေ
ဒို့လည်း April ကို ဒို့ရဲ့ လလို့ မှတ်ထားတယ် ပိတ်ရက်တွေ များလို့ ပျော်စရာကောင်းတယ်
ခင်တဲ့
ရွှေစင်
စာကြွေးတွေ အားလုံးရှင်းသွားပြီနော် မမန့်ခဲ့တော့ဘူး မောင်သစ်ဆင်း အတွက်လည်း ကျေးဇူးဘဲ
မွေးနေ့ရက်တွေ သိတ်မကွာကြဘူးနော် အေရီးစ် ပဲလားဟင်....?
မြရဲ့လပဲ ကြားဖူးတာ..
ခုတော့ ကျမသိပြီ
Nobody own on day or month or year.
BINO
ပီးတော့ မွေးနေ့တင်မက တခြားအရာတချို့ပါ တူတယ်လို့ ထင်မိတဲ့ ဒေါက်တာသန်းထွန်း။
ဒေါက်တာသန်းထွန်း။
That right I had sent to you Dr. Than Tun's AUTOBIOGRAPHY.
If you want U Nu's Tartay Sanay Thar pdf. I'll send it.
But I don't think so.
May be you don't like that book.( Published in India)
BINO
Post a Comment