Wednesday, August 19, 2009

ဗလာ



မြန်မာပြည်မှာနေတုန်းက ကိုယ့်ခြေထောက်ပေါ် ကိုယ် မရပ်တည်နိုင်ခဲ့ဘူး။
မိဘကိုပဲ မှီခိုနေရတယ်။
ဒီရောက်မှသာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တယ် (လို့ ထင်ခဲ့မိတယ်)။
(ခုထိလည်း ထင်နေတုန်းပဲ)

တကယ်တော့ မြန်မာပြည်က မြေကြီးပေါ် ရပ်ခဲ့ရတုန်းက စိတ်ထဲမှာ အခိုင်မာဆုံးပဲ လို့ ခံစားခဲ့ရတယ်။
(အဲဒီလို ခံစားခဲ့ရတယ် ဆိုတာကိုလဲ ဒီရောက်မှ သိတာပါ)။
ဒါပေမဲ့ အဲဒီအချိန်တုန်းက လက်ထဲမှာ ကိုယ်ပိုင်တဲ့ ပိုက်ဆံများများ မရှိဘူး။
(အင်းလေ ခုလဲပဲ များများ မရှိပါဘူး)
ဒါပေမဲ့ ဘယ်သူ့ကိုမှတော့ မှီခိုစရာ မလိုတော့ဘူး။

ဒါပေမဲ့ တစ်ခုတွေးဖို့ ရှိသေးတယ်။
မှီခိုတယ်ဆိုတာ ရုပ်ပိုင်းအတွက်သာ လိုတာ မဟုတ်ဘူး။
စိတ်ပိုင်း အတွက်လဲ လိုပါတယ်။

P.S
ခေါင်းစဉ် နဲ့က ဘာမှ မဆိုင်ဘူးလား မသိဘူး။
အမှန်က ဖားတစ်ပိုင်း ငါးတစ်ပိုင်း လို့ ပေးသင့်တာ။
fwd mail နဲ့ ကိုပေါ blog မှာ ညွှန်းထားတဲ့ စလုံး မပြောင်းခင် ဒါကို ဖတ်ပါ ဆိုတဲ့ စာကို ဖတ်ပြီး... စိတ်ထဲမှာ...
ဘာမှတော့ သိပ်မဆိုင်သလိုပဲ...

9 comments:

Phyo Maw said...

အနော်တောင် အဲလို ခံစားမိလို့ ဒီရက်ပိုင်း ရေးထားသေးတယ်
၂ နှစ်ကျော် ကြာမှ ဒီနေမှာ တကယ်နေတယ်လို့ ခံစားမိတယ်လို့...

Yu Ya said...

စိတ်ပိုင်းကော.. ရုပ်ပိုင်းကော.. လေဟာနယ်ထဲရောက်နေပါတယ်ခင်ဗျာ.. အဟီး.။

yu ya

Steve Evergreen said...

ဒါကလူ့သဘာဝပါပဲ။ စိတ်ကိုသိတ်ပြီးတောင့်မထားနဲ့ ရီတာ။

သစ်သစ် said...

ရီတာ တောင့်ထားတယ်လို့ စတိကိုဘယ်သူပြောတုန်းးးးး အတွေးပွားနေသူ

ပုလုကွေး said...

ဖားတစ်ပိုင်း ငါးတစ်ပိုင် ဆိုတာကို ပိုသဘောကျတယ်. ကိုယ့်မြေမဟုတ်တော့ တစ်ခုခု လိုနေသလိုပဲဗျာ...

Sonata Cantata said...

ထွက်လာခဲ့တုန်းကတော့ ၂နှစ်ဆိုပြီး အိတ်လေး တလုံးဆွဲထွက်လာခဲ့တာပဲ ရီတာရေ...
အခုတော့ ရေစင်၊ ရေချမ်း အိတ်နှစ်လုံးနဲ့ပါ ဘီလို လုပ်ရပါ့...

Rita said...

မမသီတာရေးထားတာလေး ရီလိုက်ရတာ။
ဟားဟား

Nge Naing said...

အမှီအခိုဆိုတာ စားဝတ်နေရေး ဖြေရှင်းတဲ့ကိစ္စ၊ ငွေရေးကြေးရေး တခုတည်း ကို တွက်လို့ မရပါဘူး။ ဒါကြောင့်မို့ အမှီအခို ကင်းသူဆိုတာတော့ ဘယ်သူမှ မရှိနိုင်ပါဘူး။ မိဘကို မှိခိုတာမျိုး မဟုတ်ပေမယ့် အပြန်အလှန် အမှီသဟဲ ပြုစရာ တစုံတရာ ရှိဖို့တော့လိုအပ်ပါတယ်။

Rita said...

22 Aug 09, 10:45
Than Zaw Tun: သူငယ်ချင်း မြတ်ရေ ကြိုးစား ထား.........