န: ညက သူငယ်ချင်းလိုပဲ ဆက်၍ ခေါ်မည် ခိုင် ဖတ်လို့ ပြီးတယ်.. ကောင်းသားဟ
Me: ခိုင် ကို မဖတ်ဖူးသေး။ ဒီတခေါက် ပြန်တော့ တွေ့ခဲ့တယ်။ တကသ ဘန ကို သိပ်မကြိုက်တော့
န: တက္ကသိုလ်ဘုန်းနိုင်ကို.. နွေကန္တာဦးရယ်.. သူ့ကျွန်မခံပြီရယ်ပဲ ဖတ်ဖူးတယ် မကြိုက်လို့။ ခုတော့ သူများ တိုက်တွန်းလို့ ဖတ်ဖြစ်တာ။
Me: နည ကောင်းတယ်ပြောတော့ ဖတ်ကြည့်ချင်သား
javascript:pop('onlinname: မဆလဘဲ
Me: သူ့အရေးအဖွဲ့တွေ ကိုယ်နဲ့ ကီးမကိုက်
န: ကာရိုက်တာတွေ ဖော်သွားတာ ကြိုက်တယ်
n: ဒါဆို ငြိမ်းကျော်လေး ဖတ်ကြည့်ကြပါလားကွယ်.. ဟိဟိ
န: ဟုတ်တယ်.. ကာရန်တွေရော အနွဲ့တွေရော ရေးတော့ စိတ်မရှည်ဘူး တခါတလေ
Me: နယ်က အိမ်မှာ ငက၊ နဂသ၊ မစဝ (ပတက) စာအုပ်တွေ တော်တော် များများ ရှိတယ်။
V: တကသဘန ကတော့ များကြီးဖတ်ဖူးတယ် ထားတွေ ဆင်စွယ်နန်းတွေပဲ များတာ .. အီမြေမှသည် တော့ ကောင်းပါတယ်။
Me: ငယ်ငယ်တုန်းက ဘာမှမရှိ အဲဒါတွေ လှန်ဖတ်တာပဲ။ ဒါပေမဲ့လည်း မရှိလို့ဖတ်တာ။ မစွဲဘူး။
C: တောင်ကြီးကဇတ်လမ်းဘာပါလိမ့် တကသဘန။ တအားနုတာပဲေ၇းထားတာက။
န: ဟုတ်ပ
Me: မစဝ (ပတက) ကို ကဗျာ ကြိုက်သလောက် လုံးချင်း မကြိုက်။
n: အေး ဟုတ်တယ် ရတ... မစဝ က ကဗျာတော့ ကောင်းးး တချို့ ကဗျာများ အလွတ်တောင် ရနေသေးး ကျက်စာမလို
V: အီမြေမှသည် တပုဒ်ပဲ သေချာ စိတ်ထဲကျန်တယ်
n: ဇာတ်ညွန်းရေးတတ်ချင်တဲ့သူတွေ ငြိမ်းကျော် ဖတ်သင့်တယ်
m: Mnemm , Emmt , tnclpsykmk are his masterpiece for me, tnclpsykmk is the best among them. Your post and your value , just thinking one's value and one's likes from books. I have almost all of pn books.
Me: ခိုင်ကတော့ အပြောများတယ်။ မဖတ်ဖြစ်သေးတာ။
m: I like him since he values what human beings should value. And the courage of the poor. He also was poor and bright. He tried to become an educated person and showed the way for the next gen. Almost half of the people on mc are under his novel influence :) at that time. Men becomes lecturers.
Me: အနုပညာရပ်တခုခုကနေ တစုံတရာကို မျှော်လင့် ရှာဖွေတဲ့သူနဲ့၊ အနုပညာရပ်တခုခုကနေ ခံစားမှုကလွဲလို့ ဘာမှ မမျှော်လင့်တဲ့သူတွေဟာ အမြင် ကွာမှာပဲ။ အဲဒါ ဘယ်သူအမှန် ဘယ်သူအမှားမဟုတ်ဘူး။ ကွာတာက ကွာတာပဲ။ m က ပထမအမျိုးထဲမှာ ပါပုံရတယ်။
m: There is no formula but preference.
Me: အနုပညာသမားက ခံစားသူအကျိုးအမြတ်အတွက်လို့ ရည်ရွယ်ရေးတာ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ စိတ်ထားဖြစ်မှာပါ။ ဒါပေမဲ့ ကိုယ့်အနေနဲ့တော့ အနုပညာသန့်သန့်လို့ မခံစားမိတော့ဘူး။ အဲဒါ ကွာတယ်။ ကိုယ်တော့ ကိုယ့် ဘာလမ်းမှ မပြဘဲ၊ ဘာလမ်းမှ ပြဖို့စိတ်ကူးမရှိဘဲ၊ အရှိအတိုင်း ခံစားမှုအတိုင်း အပြင်ကအတိုင်း ချပြတတ်တဲ့စာရေးသူတွေကို ပိုသဘောကျတယ်။
အဲဒါကြောင့် တကသဘနတို့ မစဝတို့ မကြိုက်ဘူးဆိုတာ အရေးအဖွဲ့နဲ့ ခံစားမှုပိုင်း ကိုယ်နဲ့ မတိုက်ဆိုင်တာကိုပြောတာ။ သူတို့ ဖန်တီးမှုပိုင်းကို ပြောတာ။ အဲဒီမှာ သူတို့ ထည့်ပေးလိုက်တဲ့ စေတနာဆိုတာတွေ ရည်ရွယ်ချက်ဆိုတာတွေကို ပြောတာမဟုတ်ဘူး။ အဲဒါတွေက ထိချင်းထိ ဦးနှောက်ကိုပဲ ထိတယ်။ ခံစားမှုကို မထိဘူး။ ဂျူး နောက်ပိုင်းစာတွေလိုပေါ့။
ဂျူး နောက်ပိုင်းစာအုပ်တွေ ကိုယ် လုံးဝမကြိုက်တော့ဘူး။ အဲလိုပြောရင် အဲဒါ ဂျူး ဖန်တီးမှုတွေကို တန်ဖိုးမထားဘူး ပြောတာ မဟုတ်ဘူး။ ကြိုက်တယ် မကြိုက်ဘူးဆိုတာကို စကားလုံးရှိလို့ သုံးလိုက်ရပေမယ့် အဲဒါနဲ့တင် တထစ်ချပြောလို့မရဘူး။ တကယ်တော့ စကားလုံးတွေက မလုံလောက်ဘူး။ တယ်လီပသီလိုနေတယ်။ စကားလုံးဟာ တခွန်းဆို တခွန်းပဲယူလို့ မရဘူး။ (ကိုယ်လိုရာကို ဆွဲယူလို့ မရဘူး)
ကိုယ့်အကြိုက်ပြောရရင် ဂျူးကို ဝတ္ထုမရေးဘဲ ဆောင်းပါးတွေချည်း နောက်ပိုင်းရေးစေချင်တော့တယ်။ သူပြောချင် ပေးချင်တာတွေက ဆောင်းပါးနဲ့ပိုလိုက်ပြီး ဆောင်းပါးသာဖြစ်ရင် ပိုတန်ဖိုးရှိမှာလို့ချည်း တွေးမိတယ်။ ကိုယ့်အကြိုက်ပေါ့။ ဈေးကွက်တော့ မသိဘူး။
ဥပမာ - ဝင်းဝင်းလတ် အချစ်၏နောက်ဆက်တွဲ မှာဆိုရင် သူ့ စံပြ ဇာတ်ကောင်တွေဟာ တကယ့် စံတွေပဲ။ (တကသဘနတို့ လိုင်းမျိုးပဲ)။ ဒါပေမဲ့ကွာတာက တင်ပြပုံ၊ သရုပ်ဖော်ပုံ၊ အင်မတိ အင်မတန် ကိုယ်တွေအတွက် ကွာတယ်။ အဲဒီလို အရည်အသွေးမျိုးထက်မကအောင် တကသဘန ရေးချင် ရေးနိုင်မယ်။ ဒါပေမဲ့ အဲဒီလို ဇာတ်ကောင်သရုပ်ဖော်မှုမျိုး သူ မတတ်နိုင်ဘူး။
တကသဘန တို့ မစဝတို့က သူတို့ စံတွေကို လူနဲ့တူအောင် (ဖတ်တဲ့လူနဲ့ တသားတည်းကျအောင်) မပြနိုင်ဘူး။ ဖတ်တဲ့လူက သပ်သပ်၊ ဇာတ်ကောင်က သပ်သပ်ကြီးပဲ။
န: ခိုင်ကလော့ လူပီသပါတယ် (နည အဲလို ညွှန်းလို့ ဖတ်ကြည့်ချင်တာ။ ခိုင် စာအုပ်ကို အဲလိုလာပြော လာညွှန်းကြတာ 3/4 ယောက်ရှိပြီ။ ပြီးတော့ အကုန်လုံးက တက္ကသိုလ်ဘုန်းနိုင် ဖန် မဟုတ်ဘူး)
Me: အနုပညာဟာ အနုပညာပေါ့။ အဲဒီထဲမှာ လူသားကောင်းကျိုး ရည်ရွယ်ပြီး မဖြစ်မနေပါကို ပါရမယ်ဆိုတာ နားကို မလည်ဘူး။ ဒီနေရာမှာ AP နဲ့ အမြင်ချင်းတူတယ်။ နောက် ဗမာစာဖတ်သူတွေရဲ့ လောဘ၊ တောင်းဆိုမှု သိပ်များတယ်။ အနုပညာသမားဟာ ပရိသတ်ကို လမ်းပြရမယ် ဘာရမယ် ညာရမယ် သိပ်လုပ်တာပဲ။
နောက်တစ်ခုက အကျင့်။ ကိုယ်ကြိုက်တာပဲ ကောင်းတယ်မှန်တယ် လုပ်ချင်တတ်တဲ့အကျင့်။ ဘာကြောင့်ကြိုက်ရတာဆိုတာလေးကို ဂုဏ်လုပ်လိုက်ချင်သေးတာ။ သူတပါးက တန်ဖိုးမသိလေခြင်းလုပ်လိုက်ချင်သေးတာ။ ဗမာဝတ်စုံဝတ်တာ ကိုယ့်ဘာသာအေးအေး မဝတ်ဘဲ မဝတ်တဲ့လူတွေကို လိုက်ရိလိုက်ဦးမှ ဆိုတာမျိုးနဲ့ ခပ်ဆင်ဆင်ပဲ။
ကောင်းတယ်လို့ ထင်ရမှတ်ရတိုင်း ကြိုက်မှာ မဟုတ်တာကို နားလည်ဖို့လိုတယ်။ မကြိုက်ဘူးဆိုတာ မကောင်းဘူး၊ အသုံးမကျဘူး၊ တန်ဖိုးမရှိ/မသိဘူး ပြောတာ မဟုတ်ဘူးဆိုတာလည်း နားလည်ဖို့လိုတယ်။
အတော်ပဲ။ ကူးထားရမယ်။ ပို့စ်တင်စရာမရှိရင် ဒါကောက်တင်လို့ ရတယ်။
***
တကယ်တော့ m ပြောတာလည်း အတွင်းစိတ်ရည်ရွယ်ချက်က ကိုယ်ထင်သလို ဟုတ်ချင်မှ ဟုတ်မယ် (ဟုတ်ချင်လည်း ဟုတ်မယ်)။ ကိုယ်လည်း ကိုယ်လိုရာ ဆွဲယူလိုက်တာ ဖြစ်နိုင်တယ်။
ဒါပေမဲ့ အဓိကက သူ့စကားလုံးတွေနဲ့ သူ့ကို ရည်ရွယ်ပြီးပြောချင်တာ မဟုတ်ဘူး။ ကိုယ်ပြောချင်တဲ့ သဘောထားတွေက စကတည်းက စိတ်ထဲမှာရှိပြီးသာ။ ဥပမာ - သူလိုလူ (ဦးချစ်မောင်) ကို မကြိုက်ဘူးပြောတော့ တုန့်ပြန်ကြပုံတွေကတည်းက။ အဲဒါမျိုးတွေကို ရည်ရွယ်တာပဲ။
***
ဖြည့်စွက်
TR: ရီတာဆို အဲလိုရန်ဖြစ်ရတာ ကြိုက်တယ်။ အားနေရင် ရန်ဖြစ်မယ် မဟုတ်တာတွေ အကုန်ပြောမယ် ဆရာကြီးလိုလို လုပ်မယ် သိပ်ကောင်းတယ် အချိန်ကုန်မှန်းမသိ ကုန်သွားရော။
***
ထပ်မံဖြည့်စွက်
ဒီပို့စ်ကတော့ စာရေးဆရာတစ်ယောက်ကို ကြိုက်တာ ကိုယ့်ဘာသာ ရိုးရိုး မကြိုက်ဘဲ၊ ကြိုက်တတ်တဲ့လူကမှသာ ဒီလို အရည်အသွေးကောင်းတွေကို မြင်တတ်လို့၊ မကြိုက်တတ်တဲ့လူတွေက အဲလောက် အသုံးမကျလို့ ဆိုတဲ့ အမူအကျင့် အပြောအဆိုမျိုး၊ ခုတုံးလုပ်တာမျိုးလို့ မြင်လို့ တင်လိုက်တာ။
အဲလို ပြောတတ်တဲ့လူရဲ့ စိတ်ထဲမှာ စာရေးဆရာရေးပြတဲ့ အရည်အသွေးတွေ တကယ် နှစ်နှစ်ကာကာရှိတာမှန်ရင် သူကြိုက်ရတဲ့အကြောင်းကို အဲလိုအပြောအဆိုမျိုးနဲ့ ပြောနေမှာကို မဟုတ်ဘူး။
အဲလို လူမျိုးက ခုတုံးလုပ်ရုံ အကြိုက်ခံရတဲ့ စာရေးဆရာမှာလည်း အကြိုက်ခံရလို့ ဘာမှ ဂုဏ်ယူစရာမရှိဘူး။
***
Wednesday, August 3, 2011
Subscribe to:
Post Comments (Atom)
11 comments:
အော် ဒီလို တွေလဲ ပိုစ့်တင်လို့ ရသလား
နောက်တခါ အန်တီချမ်း အင်တာဗျူးထဲ ထည့်ပြောခံရမယ် ဟွန်း
ရတာပေါ့။ ရလို့ တင်နေတာပဲ များလှနေပြီ။
ဒီပို့စ်ကတော့ စာရေးဆရာတစ်ယောက်ကို ကြိုက်တာ ကိုယ့်ဘာသာ ရိုးရိုး မကြိုက်ဘဲ၊ ကြိုက်တတ်တဲ့လူကမှသာ ဒီလို အရည်အသွေးကောင်းတွေကို မြင်တတ်လို့၊ မကြိုက်တတ်တဲ့လူတွေက အဲလောက် အသုံးမကျလို့ ဆိုတဲ့ အမူအကျင့် အပြောအဆိုမျိုး၊ ခုတုံးလုပ်တာမျိုးလို့ မြင်လို့ တင်လိုက်တာ။
အဲလို ပြောတတ်တဲ့လူရဲ့ စိတ်ထဲမှာ စာရေးဆရာရေးပြတဲ့ အရည်အသွေးတွေ တကယ် နှစ်နှစ်ကာကာရှိတာမှန်ရင် သူကြိုက်ရတဲ့အကြောင်းကို အဲလိုအပြောအဆိုမျိုးနဲ့ ပြောနေမှာကို မဟုတ်ဘူး။
အဲလို လူမျိုးက ခုတုံးလုပ်ရုံ အကြိုက်ခံရတဲ့ စာရေးဆရာမှာလည်း အကြိုက်ခံရလို့ ဘာမှ ဂုဏ်ယူစရာမရှိဘူး။
ကိုယ့်အမြင်ကို လွတ်လပ်စွာ တင်ပြနိုင်ပါစေ..။
အမ် လူတယောက်က ကိုယ့်ကို ကြိုက်ခြင်း မကြိုက်ခြင်း ကို ဂုဏ်ယူစရာလို့ဘယ်တုံးကမှ မတွေးခဲ့
လူချစ်လူခင်များခြင်း ကိုပြောတာ မဟုတ်နော်
သို့သော် လူမုန်းများလဲ ဘာမှ တော့ မဖြစ်
တရားသဘောနဲ့ ကြည့်ရင် ဒါတွေအကုန် အလကား မှလား
အဂရီး တူ ဒစ် အဂရီး ပါပဲ အမှန်တော့
ပြောချင်တာက ကြိုက်လို့ ဂုဏ်ယူ/မယူ ကိစ္စ မဟုတ်ပါဘူး။ ဗမာတော်တော်များများရဲ့ အကျင့်စရိုက်က တခုခုကို ရိုးရိုးသားသားလုပ်တာ/ပြောတာ/ခံယူတာ မဟုတ်ဘဲနဲ့ ခုတုံးလုပ်လေ့ရှိတာကို ပြောတာ။
ဘယ်စာရေးဆရာကိုမှတော့ စွဲစွဲမြဲမြဲ မဖတ်ဖူးဘူး။ အလျဉ်းသင့်သလို ဖတ်တာပါပဲ။
တက္ကသိုလ်ဘုန်းနိုင်ရဲ့ မြန်မာစာ၊ စကားလုံးအသုံးအနှုံးတွေကို ကြိုက်ပါတယ်။
တက္ကသိုလ်ဘုန်းနိုင်ကို မကြိုက်ဘူးလို့ပြောတဲ့လူတွေကိုတော့ အံ့သြပါတယ်
ခင်ဗျားတို့ အဲလိုပြောတာက နွားကိုပလာတာကျွေးမိသလိုဖြစ်သွားရင် စိတ်မကောင်းပါဘူး ဒီလောက်မြန်မာစာက၀ိကြီးကိုများမကောင်းဘူးဆိုတော့ရယ်ရတယ် တကယ်ပြောတာဇာတ်အိမ်ဘယ်လောက်ခိုင်လဲ
ဆိုတာလည်းကြည့်ဦး ဘာမှမဟုတ်တဲ့ အချစ်ဝတ္ထုတွေကိုတော့ အထင်ကြီးပြီး မြန်မာစာက၀ိကြီးကိုတော့ မကြိုက်ဘူတဲ့ ရယ်စရာတော်တော်ကောင်း
=)
ကိုယ်ဆိုရင် မအံ့သြဘူး။ ကိုယ်သာမက ကမ္ဘာ့လူမျိုးပေါင်းများစွာ ကြိုက်ကြတဲ့ စာရေးဆရာပဲဖြစ်ဖြစ် တခြားဘာကိုပဲဖြစ်ဖြစ် တယောက်ယောက်က၊ (သို့) လူနည်းစုက ရိုးရိုးသားသား မကြိုက်လို့ မကြိုက်ဘူး ပြောလာခဲ့ရင် လုံးဝ မအံ့သြဘူး။
အရသာ မခံစားတတ်လေ၊ အကောင်းကို မသိတတ်လိုက်လေ၊ ပညာရှင်ကို စော်ကားလိုက်လေ၊ အသိဉာဏ်နုံနဲ့လိုက်လေ၊ ရီစရာကောင်းလိုက်လေ၊ ပလာတာအရသာကို မသိတဲ့ နွားတွေလိုပဲ လို့ အပေါ်စီးကနေ ကိုယ့်ဘာသာ မြှောက်ပင့်တွေးတဲ့အတွေးမျိုး၊ ကိုယ်နဲ့ အတွေးအမြင် အယူအဆ အနုပညာအရာမှာ အရသာခံစားမှုခြင်း မတူတဲ့ သူတပါးကို နှိမ်ချချင်တဲ့ အတွေးမျိုး လုံးဝ လုံးဝ မတွေးမိဘူး။ အဲဒီလိုလူမျိုးဖြစ်နေရတဲ့အတွက် အတော်လေးကို စိတ်သက်သာရာရမိတယ်။ =)
ကိုယ် ဒူးရင်းသီးကြိုက်ပေမယ့် မကြိုက်နိုင်တဲ့လူတွေ ရှိမှာပဲ။ သူတို့ မကြိုက်တာ ဒူးရင်းသီးကိုလည်းကောင်း၊ ဒူးရင်းသီး စားသူများကိုလည်းကောင်း စော်ကားတာလို့ မထင်မိသလိုပဲ။ =)
ကသရဲ့ ကွန်မန့်မှာ လွဲနေတာတစ်ခုတော့ ရှိတယ်။
(ဒီလောက်မြန်မာစာက၀ိကြီးကိုများမကောင်းဘူးဆိုတော့) ဆိုတဲ့ စကား။
တကသဘန ကို မကောင်းဘူးလို့ ကိုယ့်ပို့စ်ထဲမှာ ပြောထားသလားဆိုတာ သေသေချာချာ ဖတ်ပြီးမှ အဲဒီစာသားကို ရေးသင့်တယ်။ =)
k ?
စကားမစပ် တကသဘန သာ အခုရှိသေးရင် မေးကြည့်ချင်တယ်။
ဆရာကြီးကို ကြိုက် (တယ်ဆိုတဲ့) လူတွေထဲမှာ မကြိုက်ဘူးလို့ ပြောတဲ့လူတွေကို ပလာတာအရသာမသိတဲ့ ဉာဏ်မရှိတဲ့ နွားတွေလို့ မြိန်ရေယှက်ရေ ပြောတတ်တဲ့လူတန်းစားမျိုးတွေပါကြောင်း၊ အဲလို လူတန်းစားမျိုးတွေက ဆရာကြီးစာတွေကို သိပ်ကြိုက်တာပဲဆိုတာကို ခုတုံးလုပ်ပြီး မကြိုက်ဘူးဆိုတဲ့လူတွေကို သူတို့လောက်တောင် ဉာဏ်မရှိကြောင်း ဖဲ့ရွဲ့တတ်ကြောင်း သိရရင် အဲလိုလူတွေရဲ့ ကြိုက်နှစ်သက်ခြင်းခံရတာအတွက် ဆရာကြီးအနေနဲ့ ဂုဏ်ယူကျေနပ်စရာဖြစ်ပါသလား ဆိုတာ...
အင်း မရီတာလိုပဲ
တက္ကသိုလ်ဘုန်းနိုင်မကြိုက်ဘူး
ချစ်သောဤကမ္ဘာမြေလား အဲတစ်အုပ်ပဲကြိုက်တယ်
ခင်နှင်းယုလဲမကြိုက်ဘူး
မောင်စိန်ဝင်းကိုလဲကဗျာပိုကြိုက်တယ် ကြည်အေးကိုကြိုက်ပေမဲ့ဟိုးတုန်းက ရေးတာတွေကကိုယ့်အတွက်ဖတ်ရနဲနဲခက်တယ်ထင်တယ်
ကေဖွဲ့ဆိုသီလောက်ကျမှ ဖတ်ရတာလွယ်သွားတယ်
ပီးတော့လဲမရီတာပြောမှစဉ်းစားမိတာ
ကိုယ်မကြိုက်ပေမဲ့ သူတို့ကိုမကောင်းဘူးလို့ဘယ်တုန်းကမှမထင်ခဲ့မိဘူး
နောက်တခါရွာပြန်ရင်ပလာတာဝယ်ပီးနွားလိုက်ရှာကျွေးကြည့်အုန်းမယ်
စားရင်ပြန်ပြောပြမယ်
ဟာ ဟုတ်တယ်။
ဒါဟာ လက်တွေ့စမ်းကြည့်သင့်တယ်။
လွယ်ရင် ဓါတ်ပုံလေးပါ ရိုက်လာခဲ့ပါလား။ ဖေ့ဘုတ်တို့ ဘလော့တို့မှာ တင်ကြရအောင်။ =D
Post a Comment