ချန်ဂီ
အဲဒီတယောက် အကြာကြီးပဲ ကွန်ပျူတာ သုံးတယ်။ အသွားမှာတော့ ဘာဖြစ်ဖြစ် ကြည့်ရ မြင်ရတာ ချန်ဂီလည်း လှနေ စိတ်တိုင်းကျနေတာပဲ။
ဒီနှစ်လည်း ဆစ်ခ်အဲပဲ စီးသွားဖြစ်တယ်။ ဒီလို လူပြန်မများတဲ့ လပိုင်းမှာတောင် ဈေးမချ၊ အဲဒါအပြင်ကို မနှစ်က ကီလို ၃၀ ရတာ ဒီနှစ် ၂၀ ပဲ ရတယ်။ ဒါပေမဲ့လည်း အကြောင်းကြောင်းတွေနဲ့ ဆစ်ခ်အဲပဲ စီးလိုက်ပါတယ်။ ဟန်းကယ်ရီသယ်တာတောင် (ဟန်းကယ်ရီကလည်း ၁၀ ကီလိုခွဲ) ကီလို ၂၀ က ဘယ်လိုမှ မပိုအောင် လုပ်လို့မရတော့ (၃ ကီလိုလောက် ပိုလားမသိ) နည်းနည်းပါးပါးလောက်တော့ ရမှာပါဆို ကိုယ့်ဘာသာ အားပေး၊ လိုက်ပို့တဲ့ အိမ်ကညီမလေးများကလည်း အားပေးပြီး သယ်လာခဲ့တယ်။
နောက် လေဆိပ်မှာ လူကြုံစောင့်နေတဲ့တစ်ယောက်နဲ့ တွေ့တော့ ကိုယ့်ဘာသာတောင် ကီလို ၂၀ က ၃ ကီလိုလောက် ပိုနေပါတယ်ပြောတော့ အဲဒီလူကြုံက ၂၅ ကီလို ရပါတယ်၊ ရရင် သယ်သွားပေးပါပြောတော့၊ ကီလိုချိန်တဲ့အခါ ရလည်း ရတော့ သယ်သွားပေးလိုက်ပါတယ်။ ကိုယ်လည်း မ, ရတာမှ မဟုတ်တာ။
နောက်တစ်ယောက်ကတော့ အနည်းငယ် ထူးဆန်းတယ်။ (တကယ်တော့ ဆန်းချင်မှ ဆန်းမှာပါ။ ကိုယ်သာ မကြုံဖူးလို့)။ လိုက်ပို့ပေးတဲ့ ညီမနှစ်ယောက်နဲ့ စကားပြောနေတုန်း "ရန်ကုန်ပြန်ကြမှာလားခင်ဗျာ" လို့ လာမေးပါတယ်။ "ဟုတ်တယ်" ပြောတော့ "အထဲဆိုင်တဆိုင်ကနေ ဆေးလိပ်လေးဝယ်ပြီး သယ်သွားပေးလို့ရမလား ခင်ဗျာ" တဲ့။ "မရပါဘူးရှင်" လို့ ပြန်ပြောလိုက်တယ်။ ဆိုတော့ "ဘာဖြစ်လို့လဲ ခင်ဗျာ" တဲ့။ "ဘာမှမဖြစ်ဘူး။ အလုပ်ရှုပ်လို့" လို့ ပဲ ပြောလိုက်တယ်။
သူက ဆက်ပြောသေးတယ်။ "ဘာဖြစ်လို့လဲဟင်၊ တကယ်က အဲဒီဆေးလိပ်သယ်တာ ဘာမှမဖြစ်ပါဘူး" တဲ့။ ဘာမှမဖြစ်ဘူးဆိုတာ သူ ဘာကို ဆိုလိုချင်တာလဲ မသိ။
ပြန်စဉ်းစားကြည့်ရင် အဲလို ပြတ်တောင်းတောင်း ပြောလိုက်ရတာကို စိတ်ထဲ တမျိုးပဲ။ ဒါပေမဲ့ အဲလို ကိစ္စမျိုး လိုက်လုပ်ပေးရလောက်အောင်ထိ ကိုယ် သဘောမကောင်းနိုင်ဘူးဆိုတာလည်း ကိုယ့်ဘာသာ သိတယ်။ မဖြစ်လို့ လုပ်ပေးရရင်တောင် အောင့်သီးအောင့်သက်ဖြစ်မိမှာပဲ။ အဲဒီနေရာမှာ ဆေးလိပ်မဟုတ်ဘဲ ဆေး၊ ဒါမှမဟုတ်လည်း တကယ် အရေးပါပြီး ကူညီရရာရောက်တဲ့၊ အဓိပ္ပါယ်ရှိတဲ့ ပစ္စည်းတမျိုးမျိုးဆို အဲလို ဖြစ်မိ၊ ပြန်ပြောမိမှာမဟုတ်ဘူး။
အမှန်ပြောရရင် သွားခါနီး၊ လာခါနီး ကိုယ်မသိတဲ့ဆိုင် ရှာရ၊ ဖွေရ၊ ကိုယ်သုံးနေကျမဟုတ်တဲ့ (ဘာမှလည်း အရေးမကြီးတဲ့) ပစ္စည်း ရှာရ ဝယ်ရ (သူပေးလိုက်တဲ့ ပိုက်ဆံလေး ကိုင်ပြီးတော့ ပေါ့လေ)... အဲလောက်ထိ ကရိကထ မခံချင်ဘူး။ ကိုယ့်ကိစ္စကိုယ်တောင် ဇယားရှုပ်မယ်ထင်ရင် ပြီးပြီးရော လုပ်ပစ်မိတာများတယ်။ သို့သော်လည်း အဲဒီအချိန်မှာ တကယ်လိုအပ် အရေးကြီးလို့ လုပ်ပေးရတာမျိုးဆိုရင် ဘယ်လောက် ကရိကထများလည်း လုပ်ပေးမိမှာ အသေအချာပဲ။ ခုတော့... "အထဲကနေ ဆေးလိပ်လေးဝယ်ပြီး ရန်ကုန်ကို သယ်သွားပေးပါ" ဆိုပဲ။
ဘယ်လိုပဲဖြစ်ဖြစ် အဲဒီပုံစံမျိုးနဲ့ ပြတ်တောင်းတောင်းပြောပြီး (ကောင်းကောင်းမွန်မွန်တော့ ပြောပါတယ်) ငြင်းလိုက်ရတာကို စိတ်တော့ မကောင်းပါဘူး။ ဒါပေမဲ့ နောက်တစ်ခါ အဲလိုမျိုးနဲ့ ကြုံလည်း အဲဒီတိုင်းပဲ ဆက်လုပ်မိမှာပဲ။
အလွယ်ပြောရင်တော့ အကူအညီတောင်းတယ်။ ကိုယ်က အကူအညီတောင်းတာကို ငြင်းလိုက်တယ်ပေါ့လေ။ ဒါပေမဲ့ ဝယ်ပြီးသား ယူသွားပေးရတယ်ဆိုရင်တော့လည်း တမျိုး။
ဒုက္ခ၊ ဒုက္ခ။
အကူအညီဆိုတာကို အနက်ဖွင့်ဖို့ ကြိုးစားကြရင် ကောင်းမလားပဲ။
စွဲလမ်း (၈ မိုင် ဆိုင်ခွဲ)။ မနှစ်ကထိ သမိုင်း တစ်ဆိုင်ပဲ ရှိသေးတယ်။ သမိုင်းလမ်းဆုံမှာ စဖွင့်တော့ နသတ်နဲ့ လန်းတဲ့ဆိုင်။ နောက်မှ ပြန်ပြင်လိုက်တယ်။
Happy (ကမ္ဘာအေး ဂမုန်းပွင့်မှာလို့ ထင်တယ်)
Happy
Happy
Happy
Happy
Happy
ဘာမှန်း မမှတ်မိတော့။
အဲဒီထဲ ပတ်နေတုန်းမှာပဲ အဲဒီမှာ ဗုံးပေါက်တယ်လို့ အပြင်မှာ ကောလဟလ ထွက်နေသေးတယ်။ ရောက်ပြီး နောက်တစ်ရက်။
Wednesday, August 3, 2011
Subscribe to:
Post Comments (Atom)
15 comments:
အော် ၈ မိုင် ၈ မိုင် သူတောင် ဂျုံးဂျုံးကျနေပါကောလား
မှန်တောင် မကြည့်ရဲတော့ဘူး
ဆွဲဆောင်မှုရှိလောက်တဲ့စားစရာလေးတပုံလောက် စင်ကာပူက စားစရာနဲ့  လုံးလုံးမှ မတူတဲ့စားစရာပြောတာ
ရီတာပတ်နေတုန်းမှ ဗုံးပေါက်တယ်ဆိုပီး ကောလဟလထွက်တာ ညက လေဆေးအသောက်များသွားလို့ နေမယ်
ဒီလိုပေါက်ကရရေးတာ တို့ ပဲနော်
စိတ်နာတာ အဲ့ဒါတွေပဲ အချိန်မရှိပါဘူးဆို အီးမေးလ်လိပ်စာရိုက်ထည့်ရ အုန်နာလက်ခံတာစောင့်ရနဲ့  အောက်ဆုံးက ပြောင်းဖူးကပ်ကြော်တောင် စားချင်စိတ်ပျောက်သွားပီ
ဆွဲဆောင်မှုရှိတဲ့ အစာတွေဆို တမင် မရိုက်လာခဲ့ဘူး ပိုး။ =D
ဒီပြန်ရောက်ရင် ကြည့်ပြီး ငတ်နေရမှာစိုးလို့။ သိပ်မကြိုက်တဲ့ ကြုံသလိုဝင်စားတာတွေပဲ ရိုက်လာတာ။ =D
အဲ့လို ဆိုင်တကာလိုက်စားမှ ရယ် ကိုဘလို ၂ရက်တပိုင်းကို စူဇကာလို စားနိုင်မှ မြန်မာပြန်ရတန်မယ်ဆို တို့ သာဆို အရှုံးကြီးရှုံးတာပေါ့ အပြင်စာဆို မတည့်တာများလို့  အိမ်က ပြန်ကိုမလာနဲ့  လိုက်တားရတာ ငရဲကြီးလွန်းလို့ တဲ့
ဝမ်းနည်းစရာကောင်းချက်
ဟုတ်ပ တူတူပဲ။
ဒီတခေါက်ပြန်တာ ဝက်သားကို လုံးဝ မစားခဲ့ရဘူး။ တအားဝမ်းနည်းဖို့ ကောင်းတယ်။
အစားအသောက်လပ်ကီးရှိတယ်ပြောတယ်။ မစားနိုင်သူတွေကျတော့ စားနိုင်သူကို မနာလို ဖြစ်ပြီး ဇူစကာခေါ်တာပေါ့။
“ငြင်းလိုက်ရတာကို စိတ်တော့ မကောင်းပါဘူး။”
အဲ့တာကိုက မမှန်သေးဘူး ကိုယ့် ကို ကိုယ် အပြစ်ရှိသလိုခံစားနေရတာ ကိုယ့် အပြစ်မှ မဟုတ်တာ မြန်မာလူမျိုးတွေကလဲ အဲ့လို မသိဘဲနဲ့ ရမလား ပြောကြည့်မယ်လေ ဆိုတဲ့ စိတ်ဓါတ် က မြန်မာလူမျိုးတွေ ရဲ့ အားနာတတ်တဲ့ စိတ်ဓါတ်ကို ပြန်အသုံးချတာပဲ
အလုပ်ရှုပ်လို့ လို့ ပြောပလိုက်တာ ကို သိပ်ကြိုက်တာပဲ ကိုယ်သာဆိုရင် သေချာတယ် မျက်နှာ မာမှာပဲ သူက ဘာဖြစ်လို့ လဲ လို့ထပ်မေးရဲတာကိုလဲ အံ့သြတယ် မအံ့လဲ မအံ့သြပါဘူး (ဒီလိုလူက ဒီလိုပဲလုပ်မှာပဲ)
ပြောရင်တော့ အရှည်ကြီးပဲ နောက်မှ ပိုစ့်ရေးတော့မယ်
မှန်၏။
အဲဒီကိစ္စတွေ ပြောရရင် နဲနဲတော့ ရှုပ်ထွေးတယ်။
ဒီကိစ္စမှ မဟုတ်ပါဘူး။ ဘယ်ကိစ္စမဆိုပါ။ တယောက်ယောက်ကို ကူညီလိုက်တယ်ဆိုတာ ကူညီချင်တာလည်း ပါတာပေါ့ (ဒါတော့ ထည့်ကို ပြောစရာမလိုဘူး)။ နောက်တခုက ကူညီတတ်တဲ့လူဖြစ်ချင်တာ၊ အဲဒီဂုဏ်ပုဒ်ကို လိုချင်တာလည်း ပါကိုပါတယ်။ အဲဒီတော့ စိတ်မကောင်းဖြစ်တယ်ဆိုတာ ဒီဂုဏ်ပုဒ်အတွက်လည်း ဖြစ်နိုင်တာပဲ။
ဒီကိစ္စမှာတော့ "အကူအညီ" ဆိုတဲ့ စကားလုံးထဲ အကျုံးမဝင်ဘူး။ သူတပါးကို အလုပ်ရှုပ်စေတာသက်သက်ပဲဆိုတာ သိပ်စဉ်းစရာမလိုဘူး။
ထပ်မှန်ပြန်သေးတယ်။
ဗမာတွေရဲ့ အားနာတယ်ဆိုတဲ့ အဖြစ်အပျက်တိုင်းမှာ တဘက်က အားမနာလျှာမကျိုးတတ်တဲ့သူတွေရှိလို့သာလေ။
အဲဒါကြောင့် အဲဒီ သုံးစားမရတဲ့ အားနာတယ်ဆိုတဲ့ စကားလုံးက ပေါ်လာရတာ။ အဲဒါကိုပဲ ကမ္ဘာမှာ မြန်မာအားနာတတ်တယ် ဆို ဂုဏ်လုပ်ချင်ကြသေးတယ်။ တကယ်တော့ အလိုက်မသိ အားမနာတတ်တဲ့လူတွေ မရှိရင်၊ အကုန် သိတတ်နားလည်ရင် အားနာတယ် ဆိုတဲ့ အသုံးမကျတဲ့၊ အပိုသက်သက် ဝေါဟာရကို ပေါ်လာမှာမထင်ဘူး။
အရီးတာ - အဲဒါ ပိုက်ပိုက်ပေးတယ် စီးပွါးဖြစ်လုပ်တာ အကူအညီတောင်းတာမဟုတ်ဘူး။ ဆေးလိပ်၁ဘူးကိုတစ်ဆယ်။ ၂ဘူးဝယ်ဖို့ ငွေနဲ့ သယ်ပေးခ နှစ်ဆယ် ရတယ်။ ကိုယ့်ပစပို့စ နံပတ်နဲ့ နံမယ်ယူထားတယ်။ ဟိုကျ ကာစတန်မာ နံမယ်လေးပြောလိုက် ဘာမှ မရှာဘူး ထွက်ရတယ်။ အတော်ရတယ် ထင်တာပဲ လုပ်တဲ့လူအတော်များလာတယ်။ ဆေးလိပ်ဘူးတွေလဲ မြန်ပြည်ထဲကို ဒိုးယိုပေါက်ပေါ့ကွယ်။ ဒီကမဝင်လဲ နေရာစုံက ဖောချင်းသောချင်း ဝင်နေတာပဲလေ
ခွေဖြူ
ဪ အဲလိုလား။
အဲဒါမျိုး အကူအညီ ဆိုရင်တောင် လုပ်ပေးရမှာ အောက်တယ်လို့ ထင်တယ်။ ကီလို ရောင်းလိုက်တာက တမျိုးလေ။ ဒါမျိုးဆို ပိုအောက်တယ်။ ဘယ်လိုလူမျိုးတွေ လက်ခံ လုပ်နေကြလဲတော့မသိ။ အလုပ်ပိုတာနဲ့ ပိုက်ဆံရတာ မကာမိလို့ ပြောတာပါ။
ဆေးလိပ်တွေ မြန်မာပြည်ထဲ ရောက်တာကတော့ မစိုးရိမ်လောက်ပါဘူး။ ကိုယ့်အမျိုးတွေ မသောက် ပြီးတာပဲ။ =D
တကယ် အဲ့လို လုပ်နေကြတဲ့ သူတွေရှိလို့လား
လေယာဉ်တောင် စီးနေမှတော့ အဲ့လောက် ပိုက်ဆံလေး ကို မက်မနေကြဘူး လို့ ထင်တာပါပဲ
အင်းလေ ကိုယ်ထင်တာ မှားရင်လဲမှားမယ်
အဲ့လိုလုပ်တယ်ဆိုလဲအခွန်ရှောင်တာ တမျိုးပဲ လိမ်တာပဲ
အစိုးရ က လိမ်သင့်လို့ငါတို့လဲ လိမ်ကြမယ် ဆိုတာကလဲ နောက်ထပ်မကောင်းတဲ့စိတ်တမျိုးပဲ ပြောရရင်ရှည်မယ်
ဘာတွေကို ဘယ်လို စိတ်ထားတွေနဲ့ ပဲ လုပ်ကြလုပ်ကြ
ညည အိပ်ပျော်ကြဖို့ က အဓိကပါ
အဲဒါမျိုး အကူအညီ ဆိုရင်တောင် လုပ်ပေးရမှာ အောက်တယ်လို့ ထင်တယ်။ ကီလို ရောင်းလိုက်တာက တမျိုးလေ။ ဒါမျိုးဆို ပိုအောက်တယ်။ ဘယ်လိုလူမျိုးတွေ လက်ခံ လုပ်နေကြလဲတော့မသိ။ အလုပ်ပိုတာနဲ့ ပိုက်ဆံရတာ မကာမိလို့ ပြောတာပါ။ ==> မကာမိဘူးလို့ ကိုယ်လဲထင်တယ်။ တလမ်းလုံးလေရင်ပေါ်မာ စောင့်ရှောက်သွားရအုန်းမယ်။ ကီလိုရောင်းတာက လေယဉ်ဗိုက်ထဲရောက်သွားတော့ပို အလုပ်ရှုပ်သက်သာတယ်
တကယ် အဲ့လို လုပ်နေကြတဲ့ သူတွေရှိလို့လား ==> ရှိလို့သိတာပေါ့ ယူတဲ့လူများလာလို့ ပေးတဲ့လူလဲ များလာတာပေါ့
လေယာဉ်တောင် စီးနေမှတော့ အဲ့လောက် ပိုက်ဆံလေး ကို မက်မနေကြဘူး လို့ ထင်တာပါပဲ ==> တီချမ်းလို ဘော်ဇာအတွက်တော့ဟုတ်မာပေါ့။ မိသားစုစီ မဖြစ်မနေ မှန်၂ ပြန်ချင်တယ် ၂၀လဲ ၂၀အလျှောက် နာရီတလုံး (Bugis ကဆို ၂လုံးတောင်ရတယ်) ရလဲ မနည်းပါဘူးလို့ တွေးတဲ့လူလဲ ရှိမာပေါ့။ ယူနိုင်လို့ယူတာ အပြစ်တင်စရာတော့ မရှိဘူးထင်ပါတယ်
အဲ့လိုလုပ်တယ်ဆိုလဲအခွန်ရှောင်တာ တမျိုးပဲ လိမ်တာပဲ ==> ဆရာသိန်းဖေမြင့်ရဲ့ အစွမ်းကုန် သန့်ရှင်းရေးဆိုတဲ့ဝထ္ထုလေး ဖတ်ဖို့ ညွန်းပရစေ
အစိုးရ က လိမ်သင့်လို့ငါတို့လဲ လိမ်ကြမယ် ဆိုတာကလဲ နောက်ထပ်မကောင်းတဲ့စိတ်တမျိုးပဲ ပြောရရင်ရှည်မယ် ==> ကြယ်ငါးတကောင်ကောက်လဲ ၁ကောင်ရှင်တာပေါ့လို့ တွေးရင် တီချမ်းအခွန် မှန်၂ဆောင်ပါ။ ၁၀% ကိုလုံးဝ မလျှော့ပါစေနဲ့။ (လခက 3999.50 ဆိုရင် 399.95 ဆောင်ရမယ်) သာဓုသာဓု
ခွေဖြူ
အိပ်လို့ကတော့ ဘာပျော်သလဲ မမေးနဲ့ လဲလိုက်တာနဲ့ တရေးပဲ
ခွေဖြူ
Post a Comment