Sunday, August 7, 2011

နှုတ်ဆက်ခြင်း



နှုတ်ဆက်ခြင်း (ဇော်ဝင်းထွဋ်၊ တေးရေး - ရွှေဂျော်ဂျော်)

မကြာခင်လေးမှာပဲ အဝေးကို သွားတော့မယ်
ဒီအချိန် မင်းကိုကွယ် ငါ နှုတ်ဆက်ခဲ့ပါတယ်
မပြေလည်ခဲ့တာလည်း အို မင်းရင်ထဲ ရှိရင်
ကျေပါ
ကိုယ့်ကို ခွင့်လွှတ်တော့ကွယ်

မလိုချင် ငြင်းပယ်ခဲ့ ဒီမေတ္တာတရားတို့ရယ်
အို ရင်ထဲပြန်ပြီး သိမ်းဆည်းသွားပါမယ်
ငါ ရင်မှာ ကြေကွဲ
အနှောက်အယှက် ဖြစ်ရင်လည်း
ကျေပါ
ကိုယ့်ကို ခွင့်လွှတ်တော့ကွယ်

အိမ်ပြန်ချိန်လေးမှာ ဝမ်းနည်း
နှုတ်ဆက်ခဲ့တယ်
ဒီချိန်မှာ မင်းရဲ့ အပြုံးလေး
ခဏလောက် ရချင်တယ်
မပြေလည်စရာ အကြောင်းတွေ ရှိလည်း
ခဏလောက် မေ့ပစ်ခဲ့
ဟိုအရင်အတိုင်းပဲ
ဘာမှ မပြောင်းလဲ
မင်းရဲ့ အနားက အမြဲတမ်း မိတ်ဆွေကွယ်

ငါတို့ ဝေးလေတဲ့ ဘဝတာ လမ်းမရယ်
တခါတလေတော့ ပြန်ပြီး
သတိရလိုက်ပါကွယ်
ပျော်စရာတွေ ကြုံခဲ့
အတိတ်က အကြောင်းတွေနဲ့

ကျေပါ
ကိုယ့်ကို ခွင့်လွှတ်တော့ကွယ်

2 comments:

khin oo may said...

ခွင့်လွတ်ပါတယ် ခွင့်လွတ်ပါတယ်။

ဇွန်မိုးစက် said...

ဇော်ဝင်းထွဋ် သီချင်းကြားရယင် သူ့ကို သိပ်သတိရတယ်။ သူက ခရေဇီဖြစ်ခဲ့ဖူးတယ်။ သူနဲ့ပတ်သက်ပြီးမှ ဇ၀ထ သီချင်းတွေနဲ့ ရင်းနှီးခဲ့တာ။