






တရားရိပ်သာနဲ့ အနီးတဝိုက်က နေရာတွေ။
စရောက်တဲ့နေ့နဲ့ နောက်ဆုံးနေ့က ရိုက်ယူလာခဲ့မိတယ်။
အဲဒီမှာ ဝင်ခဲ့ရတဲ့ အချိန်တွေအတွက် ဝမ်းသာမိတယ်။
အဲဒီကနေ ထွက်ခဲ့ရတဲ့အချိန်ကတော့ ပိုပြီး ဝမ်းသာမိခဲ့တယ်။
(နောက်ဘက်မှာ ဖြတ်မပစ်နိုင်သေးတဲ့ ကြိုးတွေက အများကြီးကျန်နေသေးတယ်)
ထွက်ထွက်ချင်းရက်မှာပဲ အကြောင်းတိုက်ဆိုင်ပြီး ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်ကျော်အချိန်ကို ထိထိခိုက်ခိုက် သတိရမိသေးတယ်။
ခု ပြန်ကြည့်တော့ ဗလိဗောဓ နည်းပါးခဲ့တဲ့ အဲဒီအခိုက်အတန့်က ရှင်းလင်းမှုကို ပြန်တွေ့ရတယ်။
နှစ် ၃၀ လောက် ယဉ်ပါးလာတဲ့ နေ့စဉ်ဘဝက အရာတော်တော်များများကို ခွာချထားဖြစ်တဲ့ အချိန်။ လက်ရှိဘဝကို ဘာမှမရှိသလောက်နဲ့ ဖြတ်သန်းကြည့်ခဲ့ရတဲ့ ရက်ပိုင်း။
ဖြစ်နိုင်ရင်တော့ မကြာခဏ ပြန်ရချင်သားပဲ။ နှစ်ဝက်လောက်ကို တစ်ခါ။
***
2 comments:
ရီတာရေ... အမ အသက်အစိတ်လောက်က အင်းယားမြိုင်လမ်းက ဆရာကြီး ဦးဘခင်ရဲ့ International Meditation Centre (IMC) မှာ တရားဝင်တော့ စကားမပြောရဘူး ဆိုတော့ မပြောဘူးပေါ့...နောက်ဆုံးနေ့ကျတော့ ခြင်ထောင် ဖြုတ်သိမ်းဖို့ ကြိုးက ဖြုတ်မရတော့ အခန်းထဲက တယောက်ဆီ ကတ်ကြေး ကတ်ကြေးလို့ တောင်းတာ...
မပြောတော့လည်း မပြော...ပြောမည့်ပြောတော့လည်း ဖြတ်မည့်ဟာက စပြောတယ် ဆိုပြီး တခန်းလုံးက ၀ိုင်းရီကြတာ...သတိရသွားတယ်။
အဲ့နေရာမြင်ဖူးသလိုပဲ..။
ဘေးက ဘာတာဝါဆိုလား..။ဟုတ်လား..။
ပုံ။
ဝင်ရှုပ်သူ
Post a Comment