Sunday, April 18, 2010

riotously!

(ခိုးရိုက်လာမိတယ်)

မနေ့ညက စွယ်တော်ရိပ်အငြိမ့် သွားတယ်။
သွားဖူးတယ်ရှိအောင်သာ သွားကြည့်တာပါ။ အစက သိပ်စိတ်မပါဘူး။
ဒါပေမဲ့ သွားကြည့်ရတာ အတော်ကို တန်ပါတယ်။

၎ ယောက်သွားဖြစ်တာပေမယ့် နေရာက နှစ်ယောက်တတွဲပဲ ထိုင်လို့ရတယ်။
အသွားကတည်းက နှစ်ယောက်စီ ခွဲသွားလိုက်ရတယ် အခြေအနေအရ...
မိုးကလည်း ဖျက်သကိုးကွယ်။ MRT မှာ အကြာကြီး ထိုင်စောင့်ပေမယ့် နောက်နှစ်ယောက် တော်တော်နဲ့ ရောက်မလာလို့ စောပြီး သွားနှင့်ရတယ်။

break time မှာ ကျွေးတဲ့ ဆီထမင်းက ၂ လုပ်စာပဲ ရှိတယ်။ မဝဘူး။
ဒါတောင် ကိုယ်တွေမှာ ၄ ယောက် လက်မှတ်က ၅ စောင်မို့ တဗူး အပိုရသေးတာ။

MAI air ticket အတွက် form ဖြည့်ခိုင်းတာမှာ မေးခွန်းမေးထားတာ ဘာမှ မသိပါဘူး။

(တို့က အမြဲတမ်း Silk Air ပဲ စီးတယ်။ MAI ဘယ်တော့မှ မစီးဘူး)

ကံဆိုးချင်တော့ MAI website ကို မေးထားတာကို မှန်လား မှားလား မသိဘူး။
ကံကောင်းချင်တော့ စာရွက်ဝေတဲ့ တစ်ယောက်က ခံရေးဖို့ MAI က ထုတ်တဲ့ စာအုပ်တစ်အုပ် ပေးတယ်။ အဲဒီထဲက ကြည့်လိုက်တာပေါ့။

MAI က လေယာဉ်ကို မေးတယ်။ ကံဆိုးချင်တော့ မသိပါဘူး။
ကံကောင်းချင်တော့ အတူလာတဲ့ ညီမလေးတွေက MAI စီးဖူးတာဆိုတော့ သူတို့ပြောတဲ့အတိုင်း ရေးလိုက်တယ်။

အဖြေမှန်တဲ့သူ (၁၁) ဦးပဲ ရှိတဲ့ထဲ ကိုယ်မပါဘူး။
အဲဒါကို MAI အပေါ် feedback ပေးပါ ဆိုတာမှာ Nice Airline လို့ ရေးလိုက်တယ်။
အဲဒါ မှားသွားတာထင်တယ်။

အားလုံးလိုလို ကြိုက်ပါတယ်။ အကြိုက်ဆုံးကတော့ ပြဇာတ် နဲ့ အငြိမ့်ပါ။
ဦးစိန်ကတုံး နဲ့ မယ်အောင်ဗလ နှစ်ပါးသွားမှာ မယ်အောင်ဗလ လုပ်ပြီး ကတဲ့၊ ပွဲစား မိန်းမလည်သိန်းကြွယ် နေရာမှာ ကတဲ့၊ အငြိမ့်မှာပါ လူရွှင်တော်လုပ်တဲ့ ကိုသြဘာ ကိုတော့ အတော် သဘောကျပါတယ်။ ကျန်တဲ့ လူတွေလည်း အတော် ကောင်းပါတယ်။

4: 45 PM ~ 9: 00 PM လို့ လက်မှတ်မှာ ပါပေမဲ့ ၁၁ နာရီကျော်တဲ့ထိ မပြီးသေးဘူး။
အတူပါလာတဲ့ ညီမလေးတွေက woodlands ထိ ပြန်ရမှာဆိုတော့ သိပ်နောက်ကျနေမှာ စိုးတာနဲ့ ပြန်လာခဲ့တယ်။ ပြန်ခါနီး အပေါက်မှားထွက်မိသေးတယ်။ ဇာတ်စင်နောက်ကို ရောက်တော့မလို့။ ကံကောင်းလို့။

လမ်းမှာ ငှားလာတဲ့ taxi နဲ့ တခြားကားနဲ့ ကားချင်း ချိတ်မိတယ်။ အဲဒါ MRT ကို လှမ်းမြင်နေရပြီ။ taxi driver က အသက်ကြီးကြီး ဆိုတော့ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့ insurance ရှိမှာပါ လို့ပဲ တွေးလိုက်ပါတယ်။ မဟုတ်ရင်လည်း ကိုယ်လဲ စိုက်လျော်နိုင်တာ မဟုတ်ဘူး။ သူက ကိုယ်တို့ကို taxi ခတောင် မယူလိုက်ဘူး။ ချိတ်မိတဲ့ ကားနဲ့ ရှင်းရဦးမှာဆိုတော့ MRT က ဟိုရှေ့မှာနော် လို့ လှမ်းပြပြီး ကျန်နေခဲ့တယ်။

အပြီးထိ မကြည့်လိုက်ရလို့ dvd လည်း မဝယ်ခဲ့ရဘူး။ ရရင်တော့ လိုချင်ပါတယ်။ ဘယ်မှာ ဝယ်ရမလဲ မသိ။ အိမ်မှာ အတူနေတဲ့ ညီမတစ်ယောက်ကလည်း၊ အနားနီးမှ အရေးပေါ်လို့ ကျန်နေခဲ့ရတာဆိုတော့ သူလည်း ကိုယ်ပြန်ပြောတာနဲ့ အတော် ကြည့်ချင်နေတယ်။

တကယ်ပါပဲ။ အဲဒီညကတော့ တရုံလုံး တအုံးအုံးနဲ့။ MC လုပ်တဲ့ နှစ်ယောက်ကစ ရီနေရတယ်။
အစီအစဉ်အားလုံး ကောင်းပါတယ် ဆိုပေမဲ့ အပြီးထိ မကြည့်လိုက်ရတော့ တကယ်လို့များ အချိန်ကို ငဲ့ချင်တဲ့ ပရိသတ်တွေအတွက်ပါ ထည့်စဉ်းစားမယ်ဆိုရင်တော့ Rap အကနဲ့ Stereo ကို လျော့လိုက်ရင် အတော်ပါပဲလို့ တွေးမိတယ်။

အဲဒီညက recording လုပ်လာတာလေး နားထောင်ချင်ရင် ဒီမှာ ပါ။
၁၅ မိနစ်စာလုံး နားထောင်စရာ မလိုပါဘူး။ ၁ မိနစ်ကျော်ကျော်လေး နားထောင်ရင် ရပါပြီ။
သူတို့ premium ကြေး ပေးဖို့တော့ လိုမလားမသိဘူး။
(တကယ်က တိုက်ဆိုင်တာပါ။ တမင်ယူသုံးတာတော့ မဖြစ်နိုင်ပါဘူး။)

ဘာပဲဖြစ်ဖြစ် တရုံလုံး တကယ့်ကို riotously အားပေးကြတာပါပဲ။
:)

ရီလိုက်ရတာတွေ အတွက်တော့ အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒီရက်ပိုင်း စိတ်နောက်စရာတွေပဲ တွေ့နေရတာ။

***
PS - ပိတောက်လက်ဆောင် ဆိုတဲ့ သူငယ်ချင်း နိုင်ဝင်း အတော် အသံကောင်းပါလားဟဲ့လို့ ခုမှပဲ သတိပြုမိသွားပါတယ်။
မြန်မာပြည်မှာတုန်းက အလုပ်တူတူ လုပ်လာဖူးတဲ့ နိုင်ဝင်း ကို riotously အားပေးလိုက်ပါတယ်။

***
မေ့တော့မလို့။ အစ အဆုံး မျက်မှန်တပ်ကြည့်ရတယ်။ ဒါတောင် ရှေ့ဆုံးကရေရင် ၅ တန်းမြောက်မှာ ထိုင်တာ။ break time ပြီးတော့ မေ့ပြီး မတပ်မိတာ ဝါးတားတားနဲ့။

နောက်နှစ်လည်း ကြည့်ဦးမယ်။

***

13 comments:

ဇွန်မိုးစက် said...

အိမ်က ညီမလေးတစ်ယောက်လည်း သွားကြည့်ပြီး ပြန်လာတော့ သိပ်ကောင်းတယ်လို့ပြောတယ်။ နောက်နှစ်ဆို ကြည့်မယ်လို့ စိတ်ကူးထားတယ်။း)

sunday said...

မမြတ်” အဲဒီ အငြိမ့်ပွဲက ရီခဲ့ရတာ အာညောင်းသွားတာပဲနော်။ မ“ နဲ့အတူကြည့်ခဲ့ရတာ တကယ့်ကို အမှတ်တရပါပဲ။ နောင်နှစ် အခွင့်အရေးရရင် အတူကြည့်ချင်ပါသေးတယ်။
ချစ်တဲ့.. ညီမ

sonata-cantata said...

ဘယ်တုန်းက ဘယ်မှာ လုပ်တာလဲဟင်
တို့များလည်း မသိလိုက်ရပါလား

Rita said...

@မမသီတာ
17th Apr စနေ ညနေကပါ မမ။
နောက် သတင်းရရင် ပြောပါမယ်။
အရမ်း အရမ်းကို ကောင်းပါတယ်။
တချိန်လုံး ပါးစပ်စေ့မနေရအောင် ကောင်းတယ်။
:)

:P said...

နှစ်လုတ်စာတဲ့ ဘုရား...ဘုရား...။ (အဲလို အစားကြီးလို့ ဝိတ်တက်နေတာ )
တို့တောင် ငါးလုတ် စားရတယ်။

Rita said...

မောင်ကြီးဆီကများ လုစားသလား မသိဘူး။
:D

Naing Win said...

အေးမြတ်ကိုရေ....ကျွန်တော့်အသံကောင်းတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်ဗျာ....စွယ်တော်ရိပ်ကို feedback ပေးလို့လည်း ကျေးဇူးတင်ပါတယ်...

ကျော်နှင်းဆီလွင် said...

ရီတာရေပျော်စရာနော်
ရီစရာတွေကြည့်ရတာတကယ်သဘောကျတယ်
အချိန်လွဲတာတော့စေတနာကိုနားလည်ပေမဲ့ဝေဒနာဖြစ်တယ်နော်။

Rita said...

ဟုတ်တယ် မမရေ။
အတူလာကြတဲ့ ညီမတွေကလဲ ပြန်ရမှာ ဝေးတော့ ထပြန်လာရတယ်။ မကြည့်ဖြစ်ဘဲ ကျန်သွားတဲ့ အပိုင်းလေးက ဝေဒနာပဲ။ :)

thuya said...

ညီနိုင်ဝင်းရေ

ကိုယ်က အလုပ်ကနေလာတာ ညီ ဆိုတာလဲကြားချင်တယ်။ ကိုယ်က လက်မှတ်ဝယ်ပြီးရင် မကြည့်ရတာများတယ်။ အလုပ်ကပေါ်ပေါ်လာလို့ ဒီတစ်ခါတော့ မရရအောင် ကြည့်မယ်ဆိုပြီးလာတာ။ လာရကျိုးနပ်သွားတယ် ညီရာ။

T T Sweet said...

ကိုယ်သွားမကြည့်တဲ့နှစ်မှ တခြားနှစ်တွေထက် ပိုကောင်းနေသလိုပါပဲလား ... မကြည့်မိတာ နောင်တ အကြီးအကျယ်ရနေပါပြီ ... နောက်နှစ်တော့ ဘာဖြစ်ဖြစ် ကြည့်မည်။ ရှယ်ပေးတာကျေးဇူးပါ ရီတာရေ။ အခွေထွက်ရင်တော့ ၀ယ်ကိုကြည့်ဦးမည်။

Moe Tain Nyo said...

ကောင်းပါ့ဗျာ။ ကျွန်တော်တော့ မကြည့်ဖြစ်ပါဘူး။ အားကျတယ်။

Bino said...

4: 45 PM ~ 9: 00 PM လို့ လက်မှတ်မှာ ပါပေမဲ့ ၁၁ နာရီကျော်တဲ့ထိ မပြီးသေးဘူး။
အတူပါလာတဲ့ ညီမလေးတွေက woodlands ထိ ပြန်ရမှာဆိုတော့ သိပ်နောက်ကျနေမှာ စိုးတာနဲ့ ပြန်လာခဲ့တယ်။

Thanks for sharing.
Thanks for your kind arrangement for my loving daughter.

BINO