Monday, November 9, 2009

မှတ်စုထဲက စာသားအချို့

I'm happy to see that you are more like your usual self.
(မင်းကို အရင်ကနဲ့ ပိုတူလာတာ မြင်ရတဲ့ အတွက် ဝမ်းသာတယ်။)


This was a torture to me, like a single drop of water falling on my head.

(ငါ့ရဲ့ ခေါင်းပေါ်ကို တစ်စက်ချင်း ကျနေတဲ့ ရေစက်တွေလိုပဲ။ ငါ့အတွက်တော့ ကြီးမားတဲ့ (ညှင်းပန်းမှု) ဝဋ်ဆင်းရဲ တစ်ခုပဲ။)


My past is just a bad dream.

I realised that there was nobody else in the world like me.
(အတိတ်ဟာ အိပ်မက်ဆိုး တစ်ခုသာပဲ။ ကမ္ဘာပေါ်မှာ ငါ့လိုမျိုး တခြား ရှိမှာ မဟုတ်ဘူး ဆိုတာ နားလည်ခဲ့တယ်။)

I worked all through the night.
I want to be alone all the time.
My eyes become used to the dark.
(ညလုံးပေါက် အလုပ်လုပ်နေခဲ့ပြီး၊ တချိန်လုံး တယောက်တည်း ရှိနေချင်ခဲ့တယ်။ ငါ့မျက်လုံးတွေလည်း အမှောင်နဲ့ ကျင့်သားရနေခဲ့ပြီ။)

I have to confess I heard your voice in my dreams for the rest of my life.
(ငါ့ဘဝရဲ့ နောက်ပိုင်း အချိန်တွေမှာ အိပ်မက်တွေထဲထိ မင်းရဲ့ အသံကို ကြားယောင်နေခဲ့မိတယ် ဆိုတာ ဝန်ခံရပါမယ်။)

***
ဘာမှ တင်စရာ မရှိလို့ :)


ဖတ်ခဲ့ဖူးတဲ့ စာအုပ်ထဲက ကူးထားတဲ့ စာသားတချို့ ပြန်တင်မိတာ။

ဖတ်ခဲ့တဲ့ အချိန်မှာ
ဘာဖြစ်လို့မှန်း မသိ အဲဒီ ဇာတ်လမ်းထဲက စာသားတွေက အတော်ကို ထိ ခဲ့တာ။
ဖတ်ခဲ့တာတော့ retold series တွေထဲကပါ။

English ကောင်းရင်တော့ retold လုပ်တဲ့သူ တော်လို့ပါ။
ဘာသာပြန်ညံ့ရင်တော့ ကိုယ် ညံ့လို့ပေါ့။

အကြောင်းအရာရော၊ အထဲက ဇာတ်ကောင်တွေ နေရာမှာရော၊ စာသားတွေရော...
တော်တော်ကို မထင်မှတ်ဘဲ နစ်မျောပြီး ဖတ်ခဲ့မိတယ်။
(စိတ်ဝင်စားစရာကောင်းပေမယ့် တကယ်တော့ ကိုယ် ကြိုက်လေ့ရှိတဲ့ ဇာတ်လမ်းမျိုး မဟုတ်ဘူး။)

ဆက်ရဦးမယ့် ဇာတ်လမ်းအတွက် inspiration မရဖြစ်နေလို့ ဒါကို သတိရလိုက်ပြီး ပြန်ရှာ ဖတ်မိတယ်။
ခုပြန်ဖတ်တော့လည်း ထိ နေတုန်းပဲ။

ဇာတ်လမ်းကို ပုံဖော်လိုက်နိုင်တဲ့ စာသားတွေတော့ မပါပါဘူး။
ဒါပေမဲ့ အဲဒါ ဘာစာအုပ် ဖြစ်မယ်လို့ ထင်လဲ... ???

***
(Hint: အဲဒီစာအုပ်ကို 19th century အစောပိုင်းမှာ ထုတ်ခဲ့တယ် ဆိုတယ်။
ရေးတဲ့သူက အမျိုးသမီး။ surname က နာမည်ကြီး ကမ္ဘာကျော် ကဗျာဆရာ တစ်ယောက်ရဲ့ နာမည်နဲ့ တူတူပဲ။
(တူမှာပေါ့...)
ရုပ်ရှင်လည်း ပြန်ရိုက်ထားတယ်။

***

9 comments:

Anonymous said...

9 Nov 09, 01:57
kom: သိဘူး။

နန်းညီ said...

မသိဘူး မသိဘူး မသိဘူး (၃ ခါတိတိပြောသွားသည်)

ဖြူတုတ်လေး said...

Let's reveal the answer together! :D You have such a good habit of keeping notes.

rose of sharon said...

လာလည်သွားတယ်နော်... ဖတ်လို့ကောင်းတယ်သိလား... မှတ်သားစရာလေးတွေ

တီချမ်း said...

ဟဲမင်းဝေးများလား???

littlebrook said...

ငါ့အမရယ် ရှေ့ကဟာလေးတွေ ဖတ်ရင် မိုက်တယ်ပေါ့.. တ၀က်လောက်လဲရောက်ရော ..
ဘာမှတင်စရာမရှိလို့ :) ဟားဟားဟား ..
စာရေးဆရာမ နာမည်ကို ကျွန်တော်လည်းမသိပါ :)

Bino said...

I also don't know who?
BINO

Spring said...

Jane Austen? am i right ?

Rita said...

မဟုတ်သေးဘူး။ မှားတယ် =)