Thursday, September 3, 2009

Nice Day !


(ဒီနေ့မနက် စာတိုက်မှာ သွားရွေးလာတဲ့ "လေရူးသုန်သုန်" စာအုပ်)

ကျေးဇူး အများကြီး တင်ပါတယ်။

:)





(ဒီနေ့ညနေ Funan က အပြန်)


ဒီနေ့ ခြေတိုတဲ့နေ့။ နေကလည်း ပူလိုက်တာ ဆိုတာ။

Funan အပေါ်ဆုံးထပ်ကနေ Philips Headset ၀ယ်လာပြီး ကျန်တာတွေက အောက်ဆုံးထပ်ကနေ ၀ယ်လာတာ။


Sembawang DVD ဆိုင်ကနေ (ဘာမှ မ၀ယ်ဘဲ) အထွက် အပေါက်မှားထွက်မိလို့...

(ဟယ် ငါ ဒီလှေကားမျိုး မဆင်းဖူးပါဘူး ထင်နေတာ။ မော့ကြည့်လိုက်တော့မှ နောက်ပေါက်ဖြစ်နေတာကိုး)
အဲဒါနဲ့ အထဲပြန်ဝင်ပြီး နောက်တပတ် ပတ်လိုက်တာ ကျန်တဲ့ ၄ မျိုး ပါလာတာပဲ။

ဒါတောင် laptop တင်တဲ့ စားပွဲနဲ့ scanner မ၀ယ်ရသေးဘူး။
တစ်ယောက်ထဲ မသယ်နိုင်လို့။

ဒီ weekends တော့ ၀ယ်ဖြစ်အောင် ၀ယ်မယ် စိတ်ကူးတာပဲ။
scanner ၀ယ်ဖို့ ဆရာသမားတစ်ယောက်ကို ပင့်ရဦးမယ်။
(ငါ့နှယ်နော်.. အင်ဂျင်နီယာ မဟုတ်သလိုပဲ..

အေးလေ.. ဟုတ်မှ မဟုတ်တာ)


ရုပ်ရှင်လေး ဘာလေးတော့ ကြည့်ဦးမှလို့ စိတ်ကူးမိတာ ရွာသားတို့၊ ပုလုတို့၊ သပသ တို့ post တွေ ဖတ်မိလိုက်တိုင်းပါပဲ။ ဒါနဲ့ အခွေဆိုင် ပတ်တာ၊ သူတို့ ရေးဖူးတဲ့ ကားတွေ စဉ်းစားတော့ တစ်ခုမှ မမှတ်မိဘူး။ အိမ်ရောက်မှ ပေါ်လာတယ်။ လီဆာ ဆိုလား ဘာလား။


ဘာကားကြည့်ရမှန်းလဲ မသိဘူး။

သူတို့နဲ့ တွေ့ရင်ကောင်းမှာလို့တောင် တ မိသေးတယ် :)
ဘာကြည့်ရင် ကောင်းမလဲ မေးချင်လို့။ (တွေ့တော့ သိမှာကျနေတာပဲ)

Notting Hill
လဲ မတွေ့။ Pretty Woman လဲ မတွေ့။
Shawshank Redemption
လဲ မတွေ့။ Schindler's List လဲ မတွေ့။
The Driver
လဲ မတွေ့။ (ရှိရင်ရှိမှာပါ။ ကိုယ် မမြင်တာ ဖြစ်မယ်)

(တွေ့လို့ ၀ယ်လာပြီး ကြည့်လဲ အဲဒါတွေ နားလည်ချင်မှ နားလည်မှာပါ။
တခန်းတောင် မပြီးခင် အိပ်ငိုက်လာနိုင်တယ်။
Shawshank Redemption
ကတော့ ဂျူး ရဲ့ ရုပ်ရှင် ခံစားမှု ဆောင်းပါးကို အထပ်ထပ် ဖတ်ခဲ့ဖူးတော့ မှတ်မိနေတယ်။ Schindler's List ကတော့ လွယ်အောင် ပြန်ရေးထားတဲ့ စာအုပ် ဖတ်ဖူးတယ်။
ပါလက်စတိုင်း အကြောင်း ဖတ်ပြီးကတည်းက ဖတ်ချင် ကြည့်ချင်နေခဲ့တာ။)

နောက်တော့ Addy တခါပြောဖူးတဲ့
Note Book နဲ့ Baldwin Library ကနေ စာအုပ် ငှားဖတ်ခဲ့ ဖူးတဲ့ Jurassic Park ပဲ ၀ယ်လာပါတယ်။ တကယ်က Harry Potter တို့၊ Spider Man တို့ လောက်ပဲ ကြည့်ဖို့ စိတ်ဝင်စားတာ။ :D

Hary Potter
ကို Goblet of Fire တွေ့တယ်။ ကြည့်ပြီးသားလဲ မကြည့်ရသေးလား မသေချာတာနဲ့ မ၀ယ်ခဲ့တော့ဘူး။ ဒင်းကလည်း စာဖတ်ပြီး ကြည့်မှ နားလည်တာ။ သူ့ကိုလည်း ရှေ့သုံးအုပ်နဲ့ နောက်ဆုံး ဇာတ်သိမ်းတစ်အုပ်က လွဲလို့ မဖတ်ရသေးဘူး။


J K Rolling အကြောင်း သူငယ်ချင်းတစ်ယောက်နဲ့ ဆွေးနွေးဖူးတာ အမှတ်ရမိသေးတယ်။


သူကပြောတယ်။
"ဒီမိန်းမနော်.. မိန်းမဖြစ်ပြီး တော်တော်ကို ရေးတတ်တယ်" တဲ့။

ကိုယ်ပြောလိုက်ပါတယ်။

"မိန်းမဖြစ်နေလို့ ဉာဏ်နီဉာဏ်နက်တွေ
အဲဒီလို ထုတ်ပြီး ရေးနိုင်တာပေါ့" လို့။

Jurassic Park ကတော့ ကိုယ့်အကြိုက်နဲ့ နဲနဲ ကိုက်မယ် ထင်ပါတယ်။

***
ဘလော့ဂါ ဖြစ်ရတာ ကျေနပ်မိပါတယ်။

သံရုံးမှာ မမသီတာ နဲ့ တွေ့တုန်းက တစ်ခါ၊
ဖေဖေ့ကိစ္စ ဖြစ်တုန်းက ဘလော့မှာ လာအားပေးကြတုန်းက တစ်ခါ၊
ပြီးတော့ ကိုယ်လိုချင်တဲ့ သီချင်းတွေ ရှာပို့ကြတဲ့ အကြိမ်ကြိမ်တွေမှာ၊
ခု...
ကိုယ် လိုချင်နေတဲ့ "လေရူးသုန်သုန်" စာအုပ်ရတော့ တစ်ခါ...

အဲဒီအခါတွေမှာကတော့ အထူးသဖြင့် ဂုဏ်ယူကျေနပ်မိပါတယ်။
သိပ်ကျေးဇူးတင်တာပါပဲ။

***

13 comments:

yangonthar said...

Notting Hill နဲ့  Pretty woman ဇာတ်ကား တွေကို အရူးအမူးနှစ်ခြိုက်မိခဲ့တယ်အစ်မရေ ဂျူလီယာရောဘတ် ကို အသေကြိုက် Erin Brockovich တို့ My best friend's wedding တို့  Run away bride , the Closer အဟဲ သူ့  ကားတွေအကြောင်းထိုင်ပြောချင်လာပြီ
ခင်မင်လျှက်
ရန်ကုန်သား :D

littlebrook said...

မိန်းမမို့ ညဏ်နီညဏ်နက်တွေထွက်တယ်ဆိုတာတော့ မသိ
အမကေ ပြောဖူးတာ ခေါင်းဆောင်အားလုံးသာ မိန်းမတွေဆို စစ်ပွဲတွေ တော်တော်နည်းပြီး ခုထက်ငြိမ်းချမ်းချင်ချမ်းမှာတဲ့ .. ဟုတ်ချင်ဟုတ်မှာ

ကောင်းသောနေ့ အများကြီးပိုင်ပါစေ ..

Anonymous said...

လေရူးသုန်သုန်စာအုပ်ကရှားတယ်ညီမရဲ့..

ကောင်းတာပေါ့ အဲ့စာအုပ်လေးရတာ..


အမ.. စူး

ကိုပေါ said...

Gone with the wind ရုပ်ရှင် DVD အခွေက အခုဆိုရင် ဈေးပေါမှ ပေါပဲ ရီတာရေ။ ရုပ်ရှင်လည်း အရမ်းကောင်းတယ်ဗျ။

မီယာ said...

စိတ်ချမ်းသာတယ်ဟုတ်? နောက် ရုပ်ရှင်ကားကောင်းလေးတွေ ကြည့်ဖြစ်ရင် လက်တို့လိုက်မယ် ရီတာ

ကြည်ဖြူပိုင် said...

အဲဒိရုပ်ရှင်တွေကြည့်ပြီးပြီလား။ကောင်းလားသူငယ်ချင်း.

Phyo Maw said...

ရွှေပြည်တော် မျှော်တိုင်းဝေးလည်းရှိတယ်
လေရူးသုန်သုန်လည်း ရှိတယ်
ခက်တာက မဖတ်နိုင်တော့တာ
စလုံးရောက်မှ ကွန်ပျူတာ လက်က မချနိုင်ဖြစ်နေတာ
တစ်ခုခုဆို google ပဲ ဟိုစာဆို နည်းနည်းဖတ် ဒီဟာဆို နည်းနည်းဖတ်
နည်းနည်းတွေစုပြီး အများကြီးကလည်း ဖြစ်မလာ။

Ko Boyz said...

ပြောပုံက ကျန်တဲ့ အချိန်တွေဆို ကျေးဇူး မတင်ဘူး ဆိုတဲ့ အပေါက်။
သုံးလုံးနဲ့ တစ်တောင်ရယ်။ ငါစိတ်ညစ်တယ်။

Steve Evergreen said...

ကိုယ်လဲ"လေရူးသုန်သုန်" စာအုပ် လိုချင်လိုက်တာ

Steve Evergreen said...

ရီတာကအ နှစ်နှစ်ဆယ်ကားတွေပြန်ကြည့်ချင်တာလား။ ကိုယ်တော့အဲဒီကားတွေအလွတ်တောင်ရနေပေါ့။

Captain Corelli's Mandolin (2001)ကြိုက်လား?
Penélope Cruz, John Hurt, Nocolas Cage ပါတယ်လေ

ကိုယ်တော့ တနှစ်တခေါက်လောက် ပြန်ကြည့်ဖြစ်တယ်။ ကြိုက်တယ်

Sonata Cantata said...

ဒီကလည်း နာမည်လေးတွေ့တာနဲ့ လူကို မတွေ့တွေ့အောင်ရှာခဲ့တာပါနော်

မသီတာ

သက်ဝေ said...

လေရူးသုန်သုန် တဲ့... ပြန်ဖတ်ချင်လိုက်တာ...
ဒါနဲ့စကားမစပ်...
ညီမလေး ရီတာ... Diane Lane ပါတဲ့ Under the Tuscan Sun ဆိုတဲ့ကား ရှာကြည့်လိုက်ပါ.. သိပ်ကောင်းတယ်... အထူးသဖြင့် ပြောတဲ့စကားတွေ သုံးတဲ့ စကားလုံးလေးတွေ သိပ်ကောင်းတယ်...။

http://www.imdb.com/title/tt0328589/

တီချမ်း said...

ကြည့်ပြီရင လာဆွေးနွေး အုံး
မီး ကတော့ ကြည့်တိုင်း ငိုာပဲ
တစ်ရှုးဗူး ယူထားတယ် အနားမှာ
ငိုရင်းကြည့်
ကြည့်ရင်းငို
ခုရည်းစားက အဲ့ မင်းသား ryan gosling နဲ့ တောင် ခတ်ဆင်ဆင်ရယ်
ကျမ ကိုချစ်တဲ့ယောက်ျားတယောက်အကြောင်း

http://chenaddy.blogspot.com/2009/08/blog-post_1409.html

မှာလာကြည့်မယုံရင် ခိခိခိ
နောက်ကောင်းတာတကားရှိသေးတယ်
P.S I love you လေ
gerard butler နဲ့ hilary swank လေ
ကြုံရင် ကြည့်ဖြစ်အောင်ကြည့်
တစ်ရှုးဗူးန့ကြည့်
ကိုယ်ကတော့ အသည်းနုတဲ့ ကောင်မလေး ဆိုတော့ ကြည့်ရင်းငိုတယ် ဟိဟိ