ဘယ် Anniversary မှ ခေါင်းထဲ မရှိတော့ ကိုယ့်ဟာကိုယ်လဲ တစ်နှစ်ပြည့်လို့ ပြည့်မှန်း မသိ။
(အဲဒါကြောင့် April တုန်းက Birthday Wish တင်ဖို့ရှိတော့ တပတ် ဆယ်ရက်လောက် အလိုတည်းက ကြိုရေးပြီး schedule ချထားတာ... မမေ့အောင်... မဟုတ်ရင် အနားနီးမှဆို ဘယ်လိုမှ သတိရမှာ မဟုတ်ဘူး။ ပြီးမှ တပတ်လုံးလုံး ကြိုရေးခဲ့ရပါတယ် ဆိုတော့ ပြီးသွားရောပေါ့။
မှတ်ချက်။ ။ တင်ပြီးသား ကျေးဇူးဆိုတာ Non-returnable item!)
***
ရေးချင်တာတွေ ရေးလာခဲ့တာ တစ်နှစ်ကျော်လို့ ကျော်မှန်းတောင် မသိလိုက်ဘူး။ တကယ်တော့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိအောင် လုပ်ယူပြီး နေချင်စိတ် မရှိတဲ့ ကိုယ်လို လူမျိုးအတွက် ဒီရောက်ကတည်းက အတူနေသူတွေနဲ့ ပတ်သတ်လို့ စိတ်အနှောင့်အယှက် မရှိသလောက်နည်းခဲ့တာ အင်မတန် ကံကောင်းတယ် ဆိုရမှာပါပဲ။
အိမ်မှာလည်း အိမ်မှာမို့၊ အလုပ်မှာလည်း အလုပ်မှာမို့ ... အားလုံး ရာနှုန်းပြည့် စင်းလုံးချောတယ်လို့ မဟုတ်ပေမယ့် မျှော်လင့်ထားတာထက်တော့ အများကြီး ချောမွေ့တယ် ပြောရမယ်။
ဆိုတော့ အပြင်မှာ စိတ်တိုင်းမကျစရာ ရှားပါးနေတဲ့ ကိုယ့်အတွက် (ရွာသားစကားများ ငှားသုံးရရင်) ဘလော့ဆိုသည်မှာ စာရေးချင်လို့ရေးတဲ့ နေရာဆိုလည်းဟုတ်၊ အကုသိုလ်နည်းသေးလို့ အပိုထပ်ဆောင်းတဲ့ နေရာတစ်ခုဆိုလဲ ဟုတ်နေပါတယ်။
***
(ဟို စကားလုံးကတော့ အိုဗာတင်း ဖျော်နေတာ ၀င်စမ်းကြည့်လိုက်ဦးမယ်။
အပြောနဲ့ အလုပ် ညီရဲ့လားလို့။
ဒီစကားလုံးကတော့ အထာကို မကျတာ။
ပြောစရာကို မဟုတ်တာ ၀င်ပြောပေးလိုက်ဦးမှ။
ကိုယ့်စိတ်နဲ့တွေ့တဲ့ ဒီအစ်ကိုဘလော့ဂါကတော့ ဟို ဘလော့ဂါကို ၀င်ပြောနေပြီ။ သူပြောတာ ဟုတ်တယ်။ ကိုယ်လဲ ၀င်ထောက်ခံလိုက်ဦးမှ။
ဒီအကြောင်းအရာကတော့ UNESCO အဖွဲ့ကြီးတောင် ကိုယ်နဲ့ သဘောထားချင်း သိပ်မတိုက်ဆိုင်လှဘူး။ ကိုယ်လက်ခံလာအောင် ရှင်းပြနိုင်မလား blogger ကို ၀င်ရစ်ပေးလိုက်ဦးမယ်။ အဲလေ ၀င်မေးလိုက်ဦးမယ်။)
ဒါပေမဲ့ အချိန်မရှိတာကတကြောင်းကြောင့် blog တွေ သိပ်မသွားဖြစ်သလို သိပ်လည်း မသိတာမို့ စိတ်နဲ့ မတွေ့တဲ့ ဖြစ်ရပ်တွေ ဆိုတာလည်း အတော်နည်းပါတယ်။
***
အရင်ကတော့ ဘလော့တစ်ခုတည်းပဲ ဖတ်ဖြစ်တယ်။
2008 ကုန်ခါနီးနဲ့ 2009 အစပိုင်းလောက်မှာမှ ဘလော့တွေကို လည်ဖြစ်တယ်။
2009 မှာ အိမ်ပြောင်းပြီးမှ ပုံမှန်ဖတ်တဲ့ ဘလော့တွေ ရှိလာတယ်။
ကိုယ်စိတ်ဝင်စားပြီဆို ဘယ်နှစ်နှစ်စာ ရေးထားထား အကုန် ကုန်အောင်ဖတ်ခဲ့ပါတယ်။
ဥပမာ ... ကိုပေါ၊ မမ KOM၊ မမချို
တချို့ post တွေ run thro' လိုက်တာတော့ ရှိတာပေါ့။
***
မနေ့ကပဲ zizawa မှာ Wisdom of Life ဆိုတဲ့ post ဖတ်ခဲ့ရတော့ အဲဒီထဲက Identity အကြောင်း ကိုယ့်စိတ်ထဲရောက်လာတယ်။
ဥပမာပေးရရင် - ဗမာပြည်က စာတော်တဲ့ ကလေး၂ ယောက်ရှိတယ် ဆိုပါစို့။ ဝင်ခွင့်စာမေးပွဲ အမှတ်ကလဲ သိပ်မကွာဘူး။ အင်္ဂလိပ်လိုကလဲ ကောင်းကောင်း ပြောနိုင်တယ်။ ဒါပေမဲ့ တယောက်က ဇော်ဂျီရဲ့ ကဗျာတွေ စာတွေ ကောင်းကောင်းသိတယ်။ နတ်တွေအကြောင်း တီးမိခေါက်မိတယ်။ တယောက်က အဆိုတော် Rianna တို့ Black Eyed Peas တို့အကြောင်း နောကျေတယ်။ အမေရိကန်သမ္မတ အစဉ်အဆက်ကိုလဲ ကောင်းကောင်းသိတယ်။ ဒါပေမဲ့ ဒီနှစ်ယောက်ထဲက တယောက်ကိုပဲရွေးရမယ်ဆိုရင် ပထမတယောက်ကို ကျောင်းက ရွေးဖို့များတယ်။ သူ့မှာ ကိုယ်ပိုင်ဟန် ရှိတယ်လေ။
(Zizawa Post မှ။ အဲဒီ post လေး မဖတ်ရသေးရင် သွားဖတ်စေချင်ပါတယ်။)
***
ကိုယ်ရေးတဲ့ post တွေကို မြန်မာပြည်မှာ နောက်ဆုံးလုပ်လာတဲ့ ရုံးက senior အစ်မတွေကို ပို့ပေးနေတော့ တနေ့ ကိုယ့် director က လှမ်းပြောတယ်။ ဘလော့မှာ မြန်မာပြည်အကြောင်း အထူးသဖြင့် မင်းရဲ့ အညာအကြောင်း ရေးစမ်းပါတဲ့။
zizawa ရဲ့ အထက်က စာပိုဒ်ကို ဖတ်မိတော့ ကိုယ့် director ပြောတာ သတိရမိတယ်။
အမှန်တိုင်းပြောရရင် ကိုယ့်မှာ အဲဒီလို အရည်အချင်းမျိုး အတော်နည်းပါးတယ် ဆိုရမယ်။ ကိုယ်ရေးတဲ့ post တွေကို မြန်မာပြည်မှာ နောက်ဆုံးလုပ်လာတဲ့ ရုံးက senior အစ်မတွေကို ပို့ပေးနေတော့ တနေ့ ကိုယ့် director က လှမ်းပြောတယ်။ ဘလော့မှာ မြန်မာပြည်အကြောင်း အထူးသဖြင့် မင်းရဲ့ အညာအကြောင်း ရေးစမ်းပါတဲ့။
zizawa ရဲ့ အထက်က စာပိုဒ်ကို ဖတ်မိတော့ ကိုယ့် director ပြောတာ သတိရမိတယ်။
ရောက်လေရာ နေရာမှာပဲ adapt လုပ်နိုင်တာလိုလို၊ ဘာမှ အစွဲအလမ်း မရှိတာလိုလိုနဲ့ အညာသူ ဆိုတဲ့ identity လဲ မရှိ၊ အညာနဲ့ ပတ်သတ်တဲ့ မှတ်မှတ်သားသား ဆိုလို့ ကြိုက်တဲ့ အစားအစာတွေပဲ ရှိတယ်။ ဒါတောင် recipe တွေ မသိဘူး။
ဒါကလဲ ကိုယ့်မှာ အသက် ၁၀ နှစ်လောက်ထိပဲ အဲဒီမှာ ကြီးခဲ့ရတာကိုး။
နောက်ပိုင်း တောက်လျှောက်က ဖေဖေပြောင်းရတဲ့ အောက်အရပ်မှာပဲ နေခဲ့ရတယ်။
အသက် ၁၅/ ၁၆ လောက်မှာ ရန်ကုန် စရောက်တယ်။ ရန်ကုန်ကပဲ နိုင်ငံခြားထွက်တယ်။
အညာကို ပြန်ခဲ့ရချိန်တွေကလည်း နွေရာသီ ဆိုတော့ ပူလွန်းလို့ အိမ်ထဲပဲ နေမိတာ များပါတယ်။ ပြီးတော့ အလွန်ဆုံး ၃ ပတ်ပဲ။ ဘုန်းကြီးကျောင်းတွေ နာမည်တောင် စဉ်းစားလို့ မရတော့ဘူး။ အလွယ်ခေါ်တဲ့ နာမည်တွေတော့ သိတာပေါ့လေ။ အညာမှာလဲ ခက်တာ တစ်ခုက အဲဒါ။ ဘယ်သူမှ ပါဠိနာမည် ရှည်ရှည်ဝေးဝေး မခေါ်ဘဲ တောင်ကျောင်း မြောက်ကျောင်း ဆိုတာနဲ့ ပြီးတာပဲ။
ထန်းသီးမုန့်အကြောင်း ပြောမယ်ဆိုရင်တောင် ထန်းသီးမုန့်ဆိုတာ ထန်းပင်က ထန်းသီးနဲ့ လုပ်တဲ့ မုန့်ပေါ့ လို့ ပြောရုံကလွဲပြီး...
(ကျွတ်စ် ... ဒီတခါပြန်ရင်တော့ ထန်းသီးမုန့် recipe လေးတော့ မေးဖြစ်အောင် မေးလာဦးမယ်။
စိတ်ချ လုပ်မစားပါဘူး။ Identity လေး ပြဖို့ လိုလာရင် ထည့်ပြောဖို့ပါ။)
စိတ်ချ လုပ်မစားပါဘူး။ Identity လေး ပြဖို့ လိုလာရင် ထည့်ပြောဖို့ပါ။)
ဘုန်းကြီးကျောင်းတွေ မုန့်တွေ မပြောပါနဲ့။ မတွေ့တာကြာတဲ့ အမျိုး ဆိုရင်တောင် ကိုယ်တော့ မမှတ်မိတော့ပါဘူး။ အမျိုးစပ်ပြမှပဲ သိတော့တယ်။
(အမ် .. ဟိုတခါ "စိုသောလက်..." ကို ရေးတာ ကိုယ် မဟုတ်သလိုပဲ။)
နန်းညီရဲ့ ဘလော့ တစ်နှစ်ပြည့် post ဖတ်ပြီး၊ အဲဒီနေ့မှာပဲ Identity အကြောင်း စဉ်းစားမိစေတဲ့ zizawa post ကို ဖတ်မိပါတယ်။ နောက်တော့ ကိုယ့် ဘလော့မှာရော identity ရှိပါရဲ့လား စဉ်းစားမိပါတယ်။
အညာသူ ဆိုတာ
အင်ဂျင်နီယာ ဆိုတာ
ဇော်ဂျီလည်း သိပါတယ်။
မင်းသုဝဏ်လည်း သိပါတယ်။
ဦးဖေမောင်တင်လည်း သိပါတယ်။
ဒေါက်တာ သန်းထွန်းလည်း သိပါတယ်။
ရွှေတိုင်ညွန့်လဲ သိပါတယ်။
မြို့မငြိမ်းလည်း သိပါတယ်။
နန်းတော်ရှေ့လည်း သိတာပါပဲ။
စိန်ခြူးကြာညောင် နဲ့ လှိုင်ထိပ်ခေါင်တင်၊ မိုးဒေ၀ါ နဲ့ ဒေါ်စောမြအေးကြည်၊ မလှရွှေတို့ကိုလည်း သိပါတယ်။
ပေါ်ဦးသက်၊ ခင်မောင်ရင်၊ ဦးလွန်းကြွယ်၊ နေမျိုးဆေးနဲ့ ကိုထိန်လင်းကိုလည်း သိပါတယ်။
အော် ကိုကြီးကျော် @ ဦးမင်းကျော် ဆိုတာလည်း ကိုယ်တို့ နယ်ကပဲလေ။
ကိုယ်တို့မြို့ရဲ့ နာမည်တောင် သူပေးခဲ့တာ ဆိုလား။
ဒါဖြင့် ပြောပြစမ်းပါဆိုရင်တော့ အကုန် ၀ါးတားတားချည်းပဲ။
ဘယ်မလဲ ကိုယ့်ရဲ့ Identity ???
လောဘ၊ ဒေါသ၊ မောဟ တွေတော့ အတော်တွေ့ရသားပဲ။
အဲဒါ ကိုယ့် identity လား။
***
မြန်မာပြည်ဆိုလို့... ဖျတ်ခနဲ အာရုံထဲ ရောက်လာတာလေး တစ်ခု...
ဒီကိုလာခါနီး EC လုပ်တော့ သူများတွေ ၉ တန်းအောင်နဲ့ ထွက်မယ် ဘာညာ လုပ်ကြပါတယ်။
ကိုယ်ကတော့ စိတ်ပါလက်ပါကို လျော်ပါတယ်။ အင်မတန်မှ စိတ်ပါလက်ပါ...
မလျော်တဲ့ သူတွေကလည်း ငွေရေးကြေးရေးကြောင့် မဟုတ်ပါဘူး။
EC လုပ်တာ နိုင်ငံခြားထွက်ရတဲ့ ကုန်ကျစရိတ်ရဲ့ ဘယ်နှစ်ရာခိုင်နှုန်းမှ မှ မရှိတာကို။
ကရိကထများလို့ ဖြစ်ပါလိမ့်မယ်။
ကိုယ်လဲ မြန်မာပြည်က ဌာနဆိုင်ရာတွေ သွားလာပတ်သတ်ရမှာ အတော် စိတ်ကုန်တာပါပဲ။
ဒါပေမဲ့ ဘာလို့ စိတ်ပါလက်ပါကို လျော်ခဲ့တာလဲ ဆိုတော့
"အဲဒီ အကြွေးနဲ့ နောင်ဘ၀ မြန်မာပြည်မှာပဲ ပြန်ပြီး အင်ဂျင်နီယာ ဖြစ်နေမှာ စိုးလို့"
ခုဒီမှာလဲ သူငယ်ချင်းကပြောတယ်။ သူ လမ်းကြောင်းတစ်ခု တွေ့ထားတယ်တဲ့။ သံရုံးမှာ အခွန်ဆောင်ရင်... "&*@*^%^$$# ဆိုရင် *#@ % လောက်နဲ့ ရမယ်" တဲ့။ ပထမတော့ စိတ်ဝင်စားမိပါတယ်။ နောက်တော့ နေပါစေတော့လို့။ အထက်ပါစကားကိုပဲ သူ့ကို ပြန်ပြောမိတယ်။
သူတောင် သဘောကျသွားတယ်။ :)
***
ဒါနဲ့ ကိုယ့် Identity က ဘာပါလိမ့် ???
သူတောင် သဘောကျသွားတယ်။ :)
***
ဒါနဲ့ ကိုယ့် Identity က ဘာပါလိမ့် ???
***
ဒီ post ကို ရေးဖြစ်စေတဲ့ နန်းညီ နဲ့ Zizawa ကို ကျေးဇူးတင်ပါတယ်။
***
(စာကြွင်း။ ။ နောင်ဘ၀ မြန်မာပြည်မှာ လူပြန်မဖြစ်ချင်ဘူး ပြောတာ မဟုတ်ပါဘူး။ ဖြစ်ချင်တယ်လို့ ပြောတာလည်း မဟုတ်ပါဘူး။ အကြွေးရှိလို့ ဆပ်ရတာမျိုး မဖြစ်ချင်တာပါ။)
***
ဒီမှာ ကိုယ် ပထမဆုံး တင်ခဲ့တဲ့ post ကလေးပေါ့။
Title က It's Me!
အစကတော့ နာမည်ရင်းနဲ့ ရေးတာဆိုတော့ ဒီ post ရဲ့ Title က နာမည်ရင်းပေါ့။
It's Me က နောက်မှ ပြန်ပြောင်းလိုက်တာ။
DoB:
6th April 1980
Zodiac:
Aries
Occupation:
Project Engineer
Location: Singapore
Information ပေးထားတာကိုက ၀ါးတားတားနဲ့ ဘာမှန်းမသိဘူး။
အမှန်က ဆရာလုပ်သလို လိုက်လုပ်ထားတာပါ။ ဆရာလဲ အစမှာ အဲလိုပဲ လုပ်တယ်။
အလုပ်မရခင် AMK မှာနေတုန်းက ရိုက်ထားတဲ့ပုံ။
အဲလို ဘာဖြစ်လို့ ပြုံးနိုင်ခဲ့တာလဲ စဉ်းစားလို့ မရဘူး။
တကယ်တော့ အဲဒါ ဘ၀မှာ စိတ်အဆင်းရဲခဲ့ရဆုံး အချိန်တွေ။
ကိုယ် တော်တော် ဟန်ဆောင်ကောင်းပါလား ထင်မိတယ်။
***
ဘယ်မှာလဲ Identity ???
:)
***
20 comments:
Congratulation ပါ အစ်မရီတာ
ကိုယ့်ကို ကိုယ်ဝေဖန်သုံးသပ်ပြီး စိတ်ထဲရှိ တာကို အရင်းအတိုင်းချရေးထားတာ လေးစားမိပါတယ် စာကောင်းပေမွန်တွေ ဆက် လက်ရေးသားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်ဗျာ လေးစားလျှက်
ရန်ကုန်သား
အေးမြသာယာရှိပါစေ :))
အမရီတာ
မောင် ၊ ကိုကို နဲ့ မရီတာ ဆက်ရန် ရှိသေးလား
ရှိရင်ဆက်ရေးပေးပါဦး ။ စောင့်ဖတ်နေတာ ။
တူတူပဲ.. အမလဲ no identity ပါ။ အဖော်ရှိတယ်။
အမလဲ ငယ်တုန်းကတော့ ..စာ ..စာ..စာ နဲ့ လူကြီးတွေအကြိုက် လိမ္မာနေရတော့..
သူများတွေလို ပျော်ရွှင်စရာ ငယ်ဘဝဆိုတာလဲ မရှိခဲ့
တက္ကသိုလ်ရောက်တော့လဲ သယ်ချင်းတွေနဲ့ပျော်မြူး အလုပ်ထဲရောက်တော့လဲ အလုပ်ပိနဲ့
၇န်ကုန်မှာကြီး ၇န်ကုန်မှာမွေးပေမဲ့..ရန်ကုန်မှာ အမှတ်မိဆုံးတွေ ပြောပါဆို ကိုယ်ကြိုက်တဲ့ စားသောက်ဆိုင်တွေပဲ ပြောမိလိမ့်မယ်။
ငယ်ငယ်က လူကြီးတွေနဲ့ အတူသွားခဲ့တဲ့ နေရာတွေအားလုံးက သူတို့ရဲ့ လောင်းရိပ်ကြောင့် ဘယ်ဟာမှ သေချာမှတ်မိဘူး။ သွားခဲ့ရတာတော့ အတော်များပေမဲ့ စွဲနေအောင် ဘာမှ မမှတ်မိ။
Happy anniversary ပါ ညီမငယ်ရီတာရေ။
စာတွေအများကြီးဆက်ရေးပြီး မောင်နှမတွေနဲ့ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေနော်။
တနှစ်သမီး ရီတား)
19 Sep 09, 22:32
myo: ရီတာရေ.. တနှစ်ပြည့်ပို့စ် လာဖတ်သွားပြီ.. catlove
မမရီတာ သာမီးရောက်တယ် ကွန်ကရက်ကျူလေးရှင်း မမ ...း)
တို့ထက် ၅လနဲ့ ၉ရက်တိတိ ငယ်ပါတယ်။ညီမလေးရီတာ
ရေ Happy anniversary ပါ။
ရီတာ့ထက် ကျနော်က ၁၁ နှစ်တောင် ကြီးတာဗျ။ ၁၁ မီး ငြိမ်းစေသတည်း။ ဘာမှတော့ မဆိုင်ဘူး... ဟီး။
ရီတာ့ရဲ့ စာတွေ ကွန်မင့်တွေ ဖတ်ရင်း အင်ဂျင်နီယာအလုပ်ကို စိတ်ကုန်နေသူ ဘ၀တူတဦးထပ်တွေ့တယ် ထင်မိလို့ အားရှိသွားတယ်။
ဆယ်တန်းအောင်ပြီး အင်ဂျင်နီယာလိုင်းကို ရွေးချယ်မိတာ ပထမ အမှား။ ဒုတိယနှစ်ပြီးတော့ စက်မှုဘာသာရပ်ကိုမရွေးဘဲ အီးစီကို ရွေးမိတာ ဒုတိယ အမှား။ ဘွဲ့ရပြီးတော့ စိတ်မ၀င်စားတဲ့ ပါဝါ အီလက်ထရွန်းနစ်လိုင်းကို အလုပ်ရလို့ ၀င်သွားပြီး အခုထိ အဲဒီလိုင်းက ရုန်းမထွက်နိုင်သေးတာက တတိယအမှား။
ကျနော့် Identity ပျောက်ဆုံးနေမှုက ပိုဆိုးဟန်တူရဲ့။ ဘီလ်ဂိတ်ရဲ့ မိန်းမဖြစ်ဖို့ကလည်း ဒီဘ၀မှာ မျှော်လင့်ချက်မရှိတော့ပြီ။ မထူးပါဘူးလေ။ ပေါက်တဲ့နဖူး။ ဘလော့ဂ်ကိုပဲ ပျော်ပျော်ကြီးဆက်ရေးတော့မယ်။
လောလောဆယ်တော့
Happy Blog Birthday ပါ ရီတာ လို့သာ အရင် နှုတ်ဆက်သွားပါရစေအုံး...
Identity အကြောင်း နဲ့ အင်ဂျင်နီယာအကြောင်း၊ EC လျော်ခဲ့တဲ့အကြောင်း နဲ့ ဟန်ဆောင်ပြုံး ဓါတ်ပုံတွေအကြောင်း နောက်မှ တခေါက်လာရေးမယ်...
စာဖတ်တဲ့လူက စိတ်ထဲ သတ်မှတ်ထားမိတဲ့ ID တော့ ရှိပါတယ်လေ.. ဘယ်မှာလဲဆိုတော့ ဟောဒီထဲမှာ.. (ရင်ဘတ်ကို ပုတ်ပြီး ပြောသည်။)
Happy anniversary ပါ ရီတာ .. စာတွေအများကြီးဆက်ရေးနိုင်ပါစေ ။
၁ နှစ်သမီး Blogရီတာ တော်တော်ထွားနေပြီပဲ။.........
................
20 Sep 09, 21:22
promise: မင်္ဂလာပါ တစ်နှစ်ပြည့်မှစ နှစ်တစ်ရာတိုင်နော်
သူငယ်ချင်းblogလေး
တစ်နှစ်ပြည့်သွားပြီလား
ကြည်နူးစရာနော်
ရှေ့ဆက်ဒိထက်မက
ပိုမိုအောင်မြင်ပျော်ရွှင်မှုတွေရပါစေ
:)
Happy Anniversary!!
အစ်မကမှ ဂရုတစိုက် နှစ်ပတ်လည်သေးတယ်..
ဖတ်လို့ကောင်းမယ့်စာတွေ ရေးတတ်ညွှန်းတတ်လို့ လေးစားနေတာပါ.. =)
တနှစ်ပြည့်ပြီလား ညီမရေ
စာရေးကောင်းတဲ့ ၊ စာဖတ်နာပြီး ခံစား ဆင့်ပွား နားလည်နိုင်တဲ့ ညီမရဲ့ ဘလော့လေး အသက် ရာကျော် ရှည်ပါစေ။
ရီတာရေ
တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်း များစွာတိုင် ပျော်ပျော်ရွှင်ရွှင် ဘလော့ဂင်း နိုင်ပါစေဗျာ
ခင်မင်စွာဖြင့်
သီဟသစ်
အဟင့်.. မှတ်မှတ်ရရ.. မိုမိဂျိရဲ့အောက်မှာ မန့်ခဲ့တာ.. ကွန်နက်ရှင်စုတ်က ကျော်ရခွရနဲ့ မတက်တာကို ခုမှသိတယ်.. အဲ့တုန်းက ဘာတွေ မန့်ခဲ့လည်းဆိုတာ မမှတ်မိတော့ဘူးဗျ.. အဟင့်.... အဟင့် .. .
မှတ်မိသလောက်တော့ “ နန်းညီရဲ့ ကားတိုက်တဲ့အကြောင်း ပို့စ်မှာ လာမန့်သွားကတည်းက ကိုယ်ပိုင်အမြင်တစ်ခုခု ရှိနေမှန်း သိသာတယ်”ဆိုလား .. အဲ့ဒါပဲ မှတ်မိတယ်.. အဟီး
yoke ka taw taw ko nar dar be`
Post a Comment