Sunday, September 6, 2009

တခါတရံမှာ



တိတ်ဆိတ်ခြောက်သွေ့

အလွမ်းငွေ့နှင့်

တမ်းတနေ့ရက်

ဆက်လျက်ဖြစ်တည်

ငြီးငွေ့သည်ရှင်။

***
(1998)

6 comments:

Dr. Yi Yi Win said...

“ကာလ ကြာရှည် ချစ်ရတစ်ရက်လွမ်းရက်တစ်ရာ ပြည့်တော့မယ် ချစ်ဦးရေ...”ဆိုတဲ့သီချင်းလေးအခုရေဒီယိုမှာလာနေလို့  ဒီကဗျာလေးနဲ့ တိုက်ဆိုင်လိုက်တာ။

yangonthar said...

အစ်မရေ ကဗျာလေးလာဖတ်ပါတယ်
ကဗျာတိုလေးက အလွမ်းငွေ့ တွေဝေနေတယ်
ခင်မင်လျှက်
ရန်ကုန်သား :)
အေးမြသာယာပါစေ

သက်ပိုင်သူ said...

အခုတလော ကဗျာအတိုလေးတွေ ဖတ်နေရတယ်။ လွန်ခဲ့တဲ့၁၀နှစ်ကျော်က ကဗျာလည်း ကောင်းတာပဲ

Nge Naing said...

လွမ်းရတဲ့ ရက်တွေ ၁၁ နှစ်တောင် ရှိပြီဆိုတော့ အချိန်ကုန်ခံ၊ စိတ်အညစ်ကြေးအဖြစ်ခံပြီး မျှော်နေတာကို အားမပေးချင်ဘူး ညီမရေ..
လူ့ဘ၀က တိုတိုလေးပါ။

:P said...

"ငြီးငွေ့သည်ရှင့်..."
လို့ အောက်ကမြစ်ထည့်ဖတ်လို့ ကောင်းနေတယ်... ။

သက်ဝေ said...

ကဗျာလေးက တိုတိုလေးပေမယ့် ချစ်စရာလေး