
On the Journey to Your Dreams
(အိပ်မက်များသို့ သွားရာလမ်း)
May you learn along the way about life, yourself, and who you want to be. ဘ၀အကြောင်း၊ သင့်အကြောင်း၊ သင် ဘာဖြစ်ချင်တယ် ဆိုတဲ့အကြောင်းဘ၀ခရီးလမ်းတလျှောက်မှာသင်ယူဆည်းပူးနိုင်ပါစေ။You will meet many people. May you treat each individual with kindness and respect, just as you want to be treated. လူပေါင်းများစွာကို တွေ့ရလိမ့်မယ်
တွေ့သမျှ လူတိုင်းလူတိုင်းကို ကိုယ်ချင်းစာစိတ် ထားပြီးကရုဏာစိတ် လေးစားစိတ်နဲ့ဆက်ဆံနိုင်ပါစေ။You will make new friends. May you remember to keep in touch with the old friends, too-
the ones who love you very much.
မိတ်သစ်ဆွေသစ်တွေ တွေ့ရလိမ့်မယ်
သင့်အပေါ် အထူးမေတ္တာထားကြတဲ့မိတ်ဟောင်း ဆွေဟောင်းများနဲ့လည်း မိတ်ဝတ်မပျက်ရှိစေဖို့ သတိရပါစေ။You will face many problems. May you come to accept that life is not easy. Be strong, and do the best that you can do.
ပြဿနာပေါင်းများစွာ ကြုံတွေ့ရလိမ့်မယ်ဘ၀ဆိုတာ ပန်းခင်းလမ်း မဟုတ်ပါလားဆိုတာသဘောပေါက် လက်ခံနိုင်ပါစေ။
လုပ်နိုင်သမျှ အကောင်းဆုံး လုပ်နိုင်အောင် ကြံ့ခိုင်မှုနဲ့ ပြည့်ဝနေပါစေ။ You will make mistakes. May you learn from them, so that you can grow and move on as a stronger and wiser person. အမှားတွေ ပြုလုပ်မိလိမ့်မယ်ပိုပြီး ကြံ့ခိုင်ပိုပြီး ပြည့်ဝသူတစ်ဦးအဖြစ်ရောက်ရှိရင့်ကျက် လာနိုင်စေဖို့အမှားတွေ ဆီက လေ့လာ သင်ယူနိုင်ပါစေ။You will make important decisions.
May you know yourself
and chose what is best for you.
If you are confused,
just listen to your heart.
အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချရပေလိမ့်မယ်
ကိုယ့်ကိုကိုယ် သိပြီး
ကိုယ့်အတွက် အကောင်းဆုံးကို ရွေးချယ်နိုင်ပါစေ။
ဝေခွဲမရ စိတ်ထဲမှာ ရှုပ်ထွေးနေခဲ့ရင်
အသည်းနှလုံးရဲ့ အသံကိုသာ နားထောင်လိုက်ပါ။You will set goals for yourself. May you have the courage to make your dreams true, and live the life that you want.
သင့်ဘ၀ ရည်မှန်းချက်တွေ ချမှတ်ရလိမ့်မယ်
သင့်အိပ်မက်တွေကို အကောင်အထည်ဖော်ပြီး
ဘ၀ကို စိတ်ကြိုက်ဖန်တီးနိုင်စေဖို့
သတ္တိ၊ ဗျတ္တိ အပြည့်အစုံ ရှိပါစေ။
(Tara Knudson) (Translated by လူထု စိန်ဝင်း)
ကလျာ မဂ္ဂဇင်း - February 2006
____________________________________________
စာအုပ်ထဲမှာ ကူးထည့်ထားခဲ့တဲ့ ကဗျာပါ။
ကိုယ်တိုင် မရေးဖြစ်လဲ ကူးပြီး သိမ်းထားမိတဲ့ ကြိုက်တာလေးတွေ တင်သွားလို့ရအောင် ရန်ကုန်ကအပြန် ဖတ်ဖို့ စာအုပ်တွေရော၊ တိုတို ထွာထွာတွေ ရေးတဲ့ notebook တွေပါ သယ်လာခဲ့ပါတယ်။
ဆရာ လူထုစိန်ဝင်း ကိုတော့ နိုင်ငံနဲ့ လူငယ်တွေ အပေါ်မှာ စေတနာထားတဲ့ လူကြီးသူမတစ်ယောက်လို့ ခံစားမိပါတယ်။
ဆရာရေးဖူးတဲ့ အရွယ်မတိုင်ခင် တပြည်တရွာမှာ ဆုံးပါးသွားတဲ့ သားအကြောင်း၊ မြန်မာပြည်ကို ခဏအလည်ရောက်လာတဲ့ မြေးလေးအကြောင်းတွေ နည်းနည်းလောက်ပဲ ဖတ်မိတာတောင် ပြောမပြတတ်တဲ့ ဆွတ်ပျံ့တဲ့ ခံစားမှု မျိုးကို ခံစားရတတ်ပါတယ်။
ကျွန်မ လေးစားတဲ့ ဆရာ ကျန်းမာ ရွှင်လန်းစွာဖြင့် အတွေးအခေါ်၊ ခံစားမှုနှင့် ခွန်အားပေးတဲ့စာတွေ ဆက်ရေးနိုင်ပါစေ။