ချဉ်ပေါင်ဟင်း (ဘယ်လိုချက်တာလဲ မမေးပါနဲ့။ မေမေကြော်ပေးလိုက်တဲ့ ချဉ်ပေါင်ကြော်ကို ရေနွေးဆူဆူထဲ ပစ်ထည့်ပြီးမွှေလိုက်တယ်။ ဟင်းတစ်ခွက်ရရော)
ငါးရံ့ခြောက်ကြော် (Ready-Made)
(ကိုပေါ ကဗျာ ကြောင့် ၀ယ်လာမိတဲ့ ဂျူးမြစ်ကြော်။ :D ကျွန်မရဲ့ မြန်မာပြည်ကြီးမှာ ဂျူးမြစ်လေးတွေကစ စားကောင်းပါတယ်။ အဲဒါကြောင့် အကြိမ်ပေါင်း ထောင် သောင်းမက စားရရင်လည်း ကျွန်မကတော့ မြန်မာအစားအစာတွေပဲ စားချင်တယ်။)
ကော်ကော် (အသတ်သေခံမလား ကော်ဖီမသောက်ဘဲ နေမလားဆိုရင် အသက်ပဲ အသေခံသွားမယ်။ ဘာဖြစ်လို့ဆိုတော့ ကော်ဖီမသောက်ရရင်လည်း သေသွားနိုင်လို့ပါ။)
(ဒါကတော့ Chinese New Year တစ်ရက်မှာ East Coast ကို ပျော်ပွဲစား သွားတုန်းက စားခဲ့ကြတာတွေ။ တူတူသွားတဲ့ သူငယ်ချင်း ညီမလေးတွေ ကိုယ်တိုင် လုပ်တာပါ။ ကျွန်မကတော့ East coast ရောက်မှ MacDonald က ၀ယ်သွားတာ။)
(စုစုပေါင်း ၇ ယောက်သွားတာ။ ကျွန်မက ဓါတ်ပုံရိုက်ပေးနေလို့ မပါဘူး။ နှစ်ယောက်က ဘယ်ပျောက်နေပါလိမ့်။ လက်တစ်စုံတော့ တွေ့တယ်။)
(ကဲ... ကဲတား... ကဲတက်စ် လေးတွေပေါ့)
(မြန်မာပြည်မှာဆိုရင်တော့ ကောက်ထုပစ်မိမယ့် အရာတွေ - ဗံဒါသီး)
နိုးနိုးချင်း မမ၀ါ blog ကို ရောက်တော့ (ရှမ်းခေါက်ဆွဲ ဆိုလို့) စားချင်လွန်းလို့ သွားရည်ကျမိတယ်။
အားကျမခံ ကိုယ်လဲ တင်ဦးမှ ဆိုပြီး...
Breakfast နဲ့ Lunch ပေါင်းစားတာကို တင်လိုက်ပါတယ်။ (ပိတ်ရက်ဆို ညဉ့်နက်အောင်နေပြီး နေမြင့်မှ အိပ်ရာကထတော့ အမြဲ ဒီလိုပဲ ပေါင်းစားဖြစ်တယ်။ economy ကျတာပေါ့)
Sunday, April 5, 2009
Subscribe to:
Post Comments (Atom)
3 comments:
ကိုပေါ က ပါဖြစ်အောင်ပါလသေးတယ် ခိခိ
ဓေါ်ယီဒါ နော်
အခါပေါင်း တသိန်းတသန်းသေရင်လဲ
အသုပ်စုံစားပြီးပဲ သေချင်ပါတယ်
ထန်းမြစ်ဝယ်ခဲ့ရမှာ။ မီးဖုတ်စားရင် မွှေးမွှေးလေး။း-)
ပြီးရင် အလယ်က အူတိုင်ကို ယပ်တောင် ရက်လို့ရတယ်။
ကိုပေါ ပြောမှ အညာပြန်ပြီး ထန်းမြစ်မီးဖုတ် ငရုတ်ဆုံထဲ ထည့်ပြီးထောင်း ပဲဆီဆမ်းပြီး စားချင်လိုက်တာ။ ရန်ကုန်မှာတော့ ပြုတ်စားသတဲ့။ ရန်ကုန်သူ/ သားတွေ အကောင်းကို မသိရှာဘူး။
အလယ်အူတိုင်ကို ယပ်တောင် မရက်ခင် အပေါ်က ပျော့ပျော့နုနုအိအိ အပိုင်းလေးကိုတောင် ကိုက်စားတတ်သေးတယ်။
Post a Comment