Sunday, August 21, 2011

စိတ်ကူးများနဲ့ ကျွန်မ



စိတ်ကူးများနဲ့ ကျွန်မ (ဆို - Sweety, ရေး - ကိုအောင်)

ကျွန်မရဲ့ ရင်ခုန်သံတွေကို ရှင်က ကြားမှ ကြားရဲ့လား
ကျွန်မ ချစ်နေတာတွေကိုလေ ရှင်က မသိသလိုပါ
ဒီ မျက်ဝန်းများနဲ့ ရှင် ပြုစားထားတော့
အို ရှက်သွေးလေးများ ဖြာ

ညအိပ်ရာဝင်ရင် ရှင် မာယာတွေနဲ့ အိပ်မက်ထဲကိုလာ
ကျွန်မ ဖြစ်ချင်တာတွေကိုလေ ရှင်က ပေးနိုင်မလား
ဒီ နှောင်ကြိုးများနဲ့ ရှင် ဖန်ဆင်းထားတဲ့
အို အိပ်မက်ထဲက ကျွန်မ

♫♪
ချစ်လား ♫♪ ♫♪ ဒီလို မေးခွန်းလေးတွေ ဖြေစမ်းပါ ♫♪
♫♪ ချစ်လား ♫♪ ♫♪ ယုံကြည်ခြင်းနဲ့ ပန်းတွေ ပွင့်ဆဲပါ ♫♪

ဒီ စိတ်ကူးများနဲ့ အတူ မျှော်လင့်ထားတဲ့
အို ရှင်နဲ့ ကျွန်မရဲ့ ဘဝ

***
Sweety (
ပြန်ဆုံမယ့်ညနေ အတွဲခွေထဲက အဆိုတော်) ရဲ့ တကိုယ်တော်အခွေက သီချင်း။
series title ကလည်း အဲဒီသီချင်းပဲ။ ပြောသာပြောနေတယ်။ အဲဒီနှစ်ခွေလုံး သေချာမသိဘူး။ အဲဒီအချိန်မှာ သီချင်းတွေကို အာရုံမရောက်တော့ သေချာနားမထောင်တော့ဘူး။ ဟိုကကြား ဒီကကြားနဲ့ သိနေ ကြားဖူးနေရုံလောက်ပဲ။

အဲဒီ သီချင်းလေးတော့ သူ့တကိုယ်တော်အခွေ ထွက်စ city FM မှာ ခဏခဏ လွှင့်တာ ကြားဖူးနေတယ်၊ နောက် mrtv မှာလား mwd မှာလားလည်း လွှင့်တာ ကြုံဖူးတယ်။ လိုချင်နေတာ ကြာလှပြီ။ tv မှာတော့ တေးရေးကို ထူးအိမ်သင် လို့ ရေးထားသလားလို့ပဲ။ ခုတော့ ကိုအောင်လို့ ရေးထားတယ်။ ကြယ်တွေစုံတဲ့ ည ကို ရေးတဲ့ ကိုအောင်။ အဲဒါ ထူးအိမ်သင် ညီများလား မသိ။

အမျိုးသားတေးရေးဆရာများ မိန်းမနောက်ပိုးသီချင်းရေးရင် အတော်ပီပြင်တာပဲ။ အငဲ လည်း တူတူပဲ။

(( အေးမြတ်သူလည်း ကြည့်ရင်း ကြည့်ရင်း အတော်ကို လှလာတယ်။
သူ့မှာ လှတာအပြင် ချစ်ခင်နှစ်လိုစရာ မြူးမြူးကြွကြွနဲ့ ဆွဲဆောင်နိုင်တဲ့ ဓါတ်ခံရှိတယ်။ ခိုင်သင်းကြည် တို့လို။ အဲဒါ လှတိုင်း မိုက်တိုင်းလည်း မရှိဘူး။ နန္ဒာလှိုင်ဆို တော်တော်လှတယ် ဆိုနိုင်ပေမယ့် အဲဒီဓါတ်ခံမျိုးမရှိဘူး ထင်တာပဲ။ မကြိုက်လို့လည်း ဖြစ်နိုင်ပါတယ်။ သီချင်းကြောင်းက ဘယ်ရောက်သွားတယ်မသိ။ (ဤကား စကားချပ်) ))

***

3 comments:

Aung Phyoe said...

ပြောလို့ပြောတာမဟုတ်ဘူး အေးမြတ်သူကို ပေါ်စ မပြင်တတ်မဆင်တတ်ခင် ကတည်းက လှတယ်လို့ ကျတော် စပြောခဲ့တာ :D ၊ မှတ်မိသလောက် ဘယ်သူမှ မထောက်ခံကြဘူး ... ။

Mrs. Bagel said...

မရီတာရဲ့ ဘလော့ ရှာတွေ့သွားပြီ။ ဒန်တန့်တန်

Rita said...

ကိုယ်လည်း ဝှက်မထားမိပါလား :think2: