(PM)
***
ယောက်ျားလေးတွေဟာ ဂျူးရဲ့ အမျိုးသားဇာတ်ကောင်တွေကို မိန်းမဇာတ်ကောင်တွေထက် ညံ့တယ်၊ ဂျူးက မိန်းမတွေကို ဦးစားပေး အသားပေးတယ်လို့ ဘာလို့ တညီတညာတည်း မြင်ကြတာလဲ မသိဘူး။
ကိုယ်တော့ အဲလို မမြင်ပါဘူး။ ပြောရရင် ယောက်ျားဇာတ်ကောင်တွေကမှ ဟုတ်တုတ်တုတ်ရယ်။ မိန်းမဇာတ်ကောင်အတော်များများက တော်မလိုနဲ့ ချာတာတာ။
ပျော့ညံ့တဲ့ အမျိုးသားဇာတ်ကောင်တွေလည်း မရှိဘူး မဟုတ်ပါဘူး။ ရှိပါတယ်။
ဥပမာ - ကြာတော့သည်လည်း မောင့်စကားက (ဖြိုးကျော်)။ ဒါကလည်း အလကားနေရင်း ညံ့တာမှမဟုတ်တာ။ သူ့ဇာတ်နဲ့သူ လိုက်ဖက်စွာ ဇာတ်ကောင်စရိုက် ပီပြင်စွာ အားနည်းတဲ့ ဇာတ်ရုပ်ဖြစ်နေတာပဲ မဟုတ်လား။ သူ့ကို ဖျော့တော့ထားမှ နန္ဒက ပိုမြင်သာမှာ မဟုတ်လား။
ကိုယ့်အမြင်တော့ မောင်၊ နန္ဒ၊ ယုမော်၊ နေသန်၊ စသဖြင့် စသဖြင့် ကိုယ့်စိတ်ထဲတော့ သူတို့ ညံ့လိုက်တာ ဒါမှမဟုတ် စာရေးဆရာက မမျှမတ ဘက်လိုက်ရေးထားလိုက်တာလို့ မထင်မိပါဘူး။ မြတ်စုတို့ ဖြိုးကျော်တို့လို အားနည်းတဲ့ဇာတ်ကောင်တွေမှာတောင် ဘက်လိုက်ပြီးရေးထားတယ်လို့ မခံစားရဘူး။ သူ့ဇာတ်ရုပ်နဲ့ ဇာတ်လမ်းအနေအထားနဲ့ လိုက်ဖက်သင့်တော်နေတာပဲ။
မဟုတ်ဘူးလား။
ဒါမှမဟုတ် စာရေးဆရာရဲ့ကျွမ်းကျင်တဲ့ ဇာတ်ကောင်စရိုက် သရုပ်ဖော်မှုကြားမှာ ယောက်ျားဇာတ်ကောင်၊ ယောက်ျားစာဖတ်သူ နဲ့ မိန်းမဇာတ်ကောင်၊ မိန်းမစာဖတ်သူတွေဟာ မြွေ မြွေချင်း ခြေမြင်နေကြတာများလား။
***
SJD >>> ယုမော်နဲ့ သူ့မိန်းမဆို ယုမော်ကိုပိုကြိုက်တယ်။ ပိုကြိုက်တယ်တောင်မဟုတ်ပါဘူ
Me >>> ဟုတ်တယ်။ မိန်းမတစ်ယောက်၏ ဖွင့်ဟဝန်ခံချက် ကို နားလည်လာတဲ့အခါ အဲဒီမိန်းမထက် အဲဒီမိန်းမမျိုးရဲ့ ယောက်ျားဖြစ်ရတဲ့ အကြပ်အတည်းကို ပိုနားလည်လာသေးတယ်။
ဂျူးရဲ့ ဇာတ်ကောင်မိန်းမတွေ တော်တယ် ထက်မြက်တယ်ထင်ရပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ တော်နေ ထက်မြက်နေတာလဲ လို့ မေးကြည့်ရင် ဘယ်နားသွားရှာပြရမှန်းကို မသိဘူး။ တကယ်။
ဂျူးတော်တာကိုတော့ ချွင်းချက်မရှိ လက်ခံပါတယ်။
ဒါပေမဲ့ သူ့ဇာတ်ကောင်မိန်းမတွေကတော့
SJD >>> သူတို့က တနေရာမှာ တအားထက်ပီး တနေရာမှာ တအားညံ့နေလို့နဲ့တူတယ်။ ပညာတတ်တွေညံ့ဘီဆို လိုက်လို့ကို မမှီဘူး။ သင်လို့ကိုမရဘူး။ နောက်တခုက အတ္တနဲ့ မာနကြီးကြလို့လားပဲ။ ဒါပေမယ့် သူတို့ကိုယ် သူတို့မသိကျပြန်ဘူး။ ဂျူး ရဲ့ မိန်းမဇာတ်ကောင်တွေပြောပါတယ
Me >>> snake snake see the legs =D
SJD >>> ပညာသည်တွေ ဆိုတော့လေ :D
PM >>> လယ်ဗယ်သုံးတာထက် တခြားဘယ်လိုသုံးရင် ကောင်းမလဲတော့မသိဘူးဗျ
ပြောချင်တာကတော့ ဖတ်ဖူးတဲ့ အရင်ဇာတ်ကောင်တွေနေရာကို ဝင်ခံစားပေးလို့မရဘူး။ ဒီစာအုပ်ကျတော့မှ အမျိုးသားဇာတ်ဆောင်ကို ကိုယ်ထင်ဟပ်ကြည့် မြင်ယောင်ကြည့်ပေးလို့ရတယ်။
***
4 comments:
မှတ်မှတ်ရရ ကြိုက်မိတာကတော့ နန္ဒပဲ
နောက် နေသန်ကိုလဲ ကြိုက်တယ်
နောက် လရဲ့အောက်ဘက်က ကောင် အမေ ကိုကြိုက်တဲ့ ကောင် ပြောရရင် သူ့ ယောက်ျားဇာတ်ကောင်တွေ ကိုမှ ကြိုက်သေးတယ် ခေတ်သစ်ယောက်ျားတွေ မဟုတ်ကြလို့
SJD ပြောသလို ပညာတတ်တွေ ညံ့ပြီဆို
လိုက်လို့ကို မမှီဘူး ဆိုတာကို သဘောကျလို့.။
သိပ်ညံ့တဲ့ ပညာတတ်တစ်ယောက် တွေ့ဖူး
ကြုံဖူးလို့ပါ..။
စာပေက လူငယ်တွေရဲ့အတွေးအခေါ်ကိုလွှမ်းမိုးတာ တကယ်ပါ။ ဒီစာအုပ်ဖတ်အပြီ:မာ ကိုယ့်ဘာသာ မေးခဲ့ဖူးတယ်။ ဘယ်သူဖြစ်ချင်သလဲလို့။ အဖြေက နန္နပါ။ ဘဝဟာတိုတယ်ဆိုရင် ကိုယ်လိုချင်တာကို အပါးနပ်ဆုံးနည်းနဲ့ အရယူတတ်တာ ပညာလို့ လုံးဝ ယုံစေတဲ့ စာအုပ်။
ဖြိုးကျော် - တင်တင်ဇော့် စကားကို အမှတ်ထားရင် တော်အောင်ကြိုးစားပေါ့။ ဒီမိန်းမကို ချစ်ရင် သူ့ပြောစကားကို မခံချင်ရင် ဖြစ်အောင်လုပ်ပြရမာပေါ့ တော်တယ်စိုတာ စာတင်တော်လို့ရတာ မဟုတ်ပါဘူး။ ကျန်တဲ့
ဘက်တွေမာလဲ တော်လို့ရတာပါပဲ။ မပြိုင်ခင် အရှုံးပေးတာ လိုချင်တာကိုရအောင် နီးအောင် မကြိုးစားတာ ညံ့တာပဲ။
တင်တင်ဇော်က တော့ ကိုယ်ဘာသာ ဘယ်သူ့လိုချင်မှန်းတောင် မသိဘူး။ ဈေးကလဲချပစ်တော့ တော်တော်ချာတယ်လို့ ခံစားရတယ်။
ကိုယ်လိုချင်တာ ရအောင်ယူရမယ် မတရားအတင်းယူစရာ မလို။ ပါးနပ်တဲ့ မာယာလေးပဲလိုတယ်။ ပြိုင်ဘက်ကို သာအောင်လုပ်နိုင်ရမယ် အမြင်မတော် အနိုင့်အထက်ချစရာ မလို။ ဒါပေမယ့် စဉ်းလုံးချောရိုးသားနေစရာလဲမလို။
ခရေဖြူ့အမြင်သက်၂ပါ
"စာပေက လူကို လွှမ်းမိုးတယ်"
ကိုယ့်အမြင်မှာ အဲဒါ 50/50 ကိစ္စလို့ ထင်တယ်။
လူဟာ ကိုယ့်ဓါတ်ခံနဲ့ကိုယ် လာတာပဲ။ ထိတွေ့ဆက်စပ်သမျှကို အဲဒီဓါတ်ခံနဲ့ လိုသလို ဆွဲယူတာပဲ။ ကေ နန္ဒကို သဘောကျတယ်ဆိုတာ ကေ့မှာ ရှိပြီးသား ဓါတ်ခံနဲ့ ကိုက်ညီလို့ (မကိုက်ညီသည့်တိုင်အောင် ကိုယ့်ဘာသာ ဖြစ်စေချင်လို့) ဆွဲယူလိုက်တာပဲ။
ဥပမာ သိပ်မိန်းမပီသ စင်းလုံးချောချင်တဲ့ဓါတ်ခံနဲ့ မိန်းကလေးတစ်ယောက် ဂျာနယ်ကျော်မမလေးရဲ့ ရင်နင့်အောင်မွှေးလိုမျိုး ဖတ်ခဲ့ရင် မော့်ကို ဆွဲယူမှာပဲ။ ပြီးတော့ ဒီစာအုပ်ဖတ်ခဲ့လို့ သူ ဒီလိုဖြစ်လာတယ်လို့ ခံယူကောင်း ယူလိမ့်မယ်။
ကိုယ်ဖတ်တော့ အဲဒီ မော့် ကာရိုက်တာ အချက်အလက်တွေဟာ ဘာမှ မဟုတ်ဘူး။ ဇာတ်ကောင်က သပ်သပ်၊ ကိုယ်က သပ်သပ်ပဲ။ ကိုယ် မော် မဖြစ်ချင်၊ ကြိုက်လည်း မကြိုက်၊ အားလည်းမကျ၊ အဲဒီဝတ္ထုကိုလည်း မကြိုက်လှ မစွဲလှဘူး။
စာပေမှ ပတ်ဝန်းကျင်မှ ဘာမှရယ် မဟုတ်ဘူး။ လူဟာ ထိတွေ့ဆက်စပ်သမျှကို ပင်ကိုဓါတ်ခံနဲ့ (ဒါမှမဟုတ်ရင်လည်း ကိုယ့်ကိုယ်ကိုယ် ဖြစ်စေလိုတဲ့ဆန္ဒအခံနဲ့) လိုသလို ဆွဲယူတာပဲလို့ မြင်တယ်။ အဲဒီအတွက် ကောင်းကောင်းဆိုးဆိုး တခြားဘယ်သူ့မှ တာဝန် မခံခိုင်းသင့်ဘူး။
ဒါလည်း ကိုယ့်အမြင် သက်သက်ပါ။
(တိုက်တိုက်ဆိုင်ဆိုင် facebook မှာ လင်္ကာရည်ကျော် က တက္ကသိုလ်ဘုန်းနိုင်နဲ့ ရှိတ်စပီးယားကို ယှဉ်ပြောထားတာ ခုတလောပဲ ဖတ်မိတယ်။ သူက တက္ကသိုလ်ဘုန်းနိုင်ဇာတ်ကောင်တွေ အားကျလို့ သူ ဒီလိုဖြစ်လာတယ်။ ရှိတ်စပီးယား ရေးလိုက်တဲ့ ရိုမီယို ဂျူးလိယက်ကြောင့် လူငယ်စုံတွဲတွေ အတွဲလိုက် သတ်သေကြတယ်။ ရှိတ်စပီးယား ရဲ့ စာပေဟာ လူငယ်တွေကို အဆိပ်သင့်စေတယ်ဆိုတာမျိုး ရေးထားတယ်။
အဲဒီအယူအဆမျိုးတော့ လုံးဝ ခံစားလက်ခံလို့ မရဘူး။ ဆိုလိုတာက စာရေးဆရာကိုသာ တာဝန်ခံခိုင်းတဲ့ အတွေးအခေါ် အယူအဆကို ပြောတာ။
မီးခလုတ် နှိပ်လို့ မီးပွင့်လာတာ ကြည့်ပြီး အဲဒါ ခလုတ်ကြောင့်လို့ ပြောတာနဲ့ တူတယ်။ မီးပွင့်စေတဲ့ အကြောင်းရင်းတွေဟာ မီးခလုတ်ရဲ့နောက်မှာ အများကြီး ရှိနေသေးတယ်။ အဲဒါကို မီးပွင့်ပွင့် မပွင့်ပွင့် ခလုတ်ပေါ် ပုံချလိုက်သလိုပဲ။
လင်္ကာရည်ကျော် ပြောတာမျိုးက စာရေးဆရာတွေကို မလိုအပ်ဘဲ သိပ်မြှင့်ပစ်လိုက်ရာကျတယ်။ အဲဒါမျိုးကို သဘာဝမကျဘူးလို့ထင်တယ်။ ဗမာပြည်မှာ ဖြစ်ပျက်နေတာတွေ ကြည့်ကြည့်၊ တခုခုကို မလိုအပ်ဘဲ စွတ်တင်မယ်။ ပြီးရင် ရိုက်ချမယ်။ စတည်းကမှ သဘာဝမကျတာ။ လူကို လူပဲလို့ မတွေးဘဲ ခေါင်းစဉ်တခုခုအောက် အတင်းထည့်ပြီး (ကန့်သတ်ချက်တွေနဲ့) စွတ်တင်ချင်တာကိုး။
လူဟာလူပဲ။ ကိုယ့်ဘာသာကို ရွေးချယ်လုပ်တယ်။ ကိုယ့်တာဝန် ကိုယ်ကျေအောင်လုပ်တယ်။ တောင်သူ ယာစိုက်တယ်၊ စာရေးဆရာ စာရေးတယ်၊ ဆရာဝန် ဆေးကုတယ်။ တသဘောတည်းပဲလို့ မတွေးနိုင်ရင် သဘာဝမကျဘူး။ ရှေ့ဆက်ပြီး သဘာဝမကျတာတွေပဲ ဆက်ဖြစ်လာမှာပဲ။ ခုနောက်ပိုင်း စာနယ်ဇင်းနဲ့ ဆရာဝန်တွေဖြစ်တဲ့ကိစ္စက အဲဒီလို အတွေးအခေါ်အယူအဆတွေရဲ့ ရလဒ်လို့ ထင်တာပဲ။
ဒါကတော့ ကေရေးတာနဲ့ သိပ်မဆိုင်ပေမယ့် ကြုံလို့ တဆက်တည်း ရေးလိုက်မိတာ။ facebook မှာတော့ နည်းနည်း ရေးဖြစ်တယ်။ ဒီမှာတော့ မအားတာနဲ့ မရေးဖြစ်ဘူး။ ခုမှ အကြောင်းတိုက်ဆိုင်သလိုရှိသွားလို့)
Post a Comment