Friday, May 21, 2010

ပျော်သလိုနဲ့ ငိုချင်တယ်

ပျော်သလိုနဲ့ ငိုချင်တယ် (တေးရေး - မင်းချစ်သူ/ တေးဆို - ခိုင်ဆုဝေ)

လမ်းခွဲခဲ့ တို့တွေဟာ
ကံစီမံခြင်း အစမှာ
ဝေဒနာတွေကို ရင်မှာသိမ်းရင်း
နှုတ်ဆက်ခဲ့ လက်တွေဟာ
ချည်နှောင်ခဲ့သော ကြိုးကို
ပြေလည်အောင် မဖြေနိုင်တော့
ဝေဒနာတွေ ကျန်နေပေါ့
ပြန်လည်ကာ ဆုံ တွေ့ ကြ တော့ လေ

CHO:
* (ဝမ်းနည်း ဝမ်းလည်းသာ
တွေ့လိုက်တဲ့ အခိုက်အတန့် ခဏမှာ
ဆို့နင့်တဲ့ နှုတ်ခမ်းလေးများ ဘာမှ မပြောနိုင်

ဝမ်းနည်း ဝမ်းလည်းသာ
အတိတ်က သမုဒယလက်ကျန်
အဟောင်းများ အသစ်မဖြစ်ဖို့ရန်
ချုပ်ထိန်းရင်းနဲ့
ပျော်သလိုနဲ့ ငိုချင်တယ်)

ဟိုးတုန်းကလို ဆက်ဆံရန်
အခြေအနေတွေ မပေးမှန်းကို
သေချာတောင် ရင်တွေကခုန်
အခုတော့ ဘဝတွေ ခြားကုန်ပြီ
ဒါ အမှန်တရားပဲနော်
ကြင်နာတာ ယုံလိုက်တုန်း
ရင်ခုန်တာဟာ ဒါ နောက်ဆုံး
ကျီစယ်သူ ကံတရားကြောင့် ကိုယ်လေ... *()

မျက်လှည့်ပြတာမျိုးတွေလို
မယုံနိုင်တဲ့ အပြောင်းအလဲကို
မရေရာ မမျှော်လင့်လို့
အဆုံးသတ်တော့ အဖြစ်မှန်အတိုင်း
မလွန်ဆန်နိုင်ကြတော့နော်
ရာဇဝင်အိုကို အသက်သွင်း
ပြန်ဆုံတာဟာ နာကျင်ခြင်း
ဝေဒနာတွေ တရေးနိုးပြီလေ... *()

***
ကျောင်းပြီးကာစမှာ နားထောင်ဖြစ်တာတွေထဲက တစ်ပုဒ်။
အဆိုရှင်က Sony သီချင်းဆိုပြိုင်ပွဲတစ်ခုမှာ ဆုရတဲ့သူလို့ ပြောပါတယ်။ ကိုယ်တော့ သေချာမသိပါ။ you tube မှာ ရှာပေမယ့်လည်း မတွေ့ဘူး။ မကြာခင် မေ့သွားတော့မှာမို့လို့ ချရေးထားလိုက်တယ်။ စာသားတွေ နည်းနည်းတော့ အတိမ်းအစောင်း ရှိနိုင်ပါတယ်။

မင်းချစ်သူ စာသားလေးတွေ အတော်ကောင်းတယ်။
ဂျူး ရဲ့ ဝတ္ထုတိုတစ်ပုဒ်မှာလည်း ဖတ်ခဲ့ဖူးတယ်။ "ကိုယ့်ကို အလွယ်တကူ ချည်နှောင်နိုင်မယ့် ဘယ်ကြိုးတစ်ချောင်းကိုမှ အနီးနားမှာ မရှိစေနဲ့" တဲ့။

နားထောင်ကာစကဆို အတော် ဆွေးတာ။
(မှတ်ချက်။ ဘာတခုမှ မတိုက်ဆိုင်ပါ)

***

4 comments:

တီချမ်း said...

ဟုတ်တယ် မမရီတာ
အဲ့ဒီ သီချင်း ကို ကိုယ်လဲ အရမ်း ကြိုက်ခဲ့တာ
ဖရမ်ကို နဲ့ ခိုင်ဆုဝေ ဆိုတဲ့ စုံတွဲ အခွေမှာ ပါတာလေ
အဲ့တုံးက ကက်ဆက်ခွေတွေပဲ ခေတ်စားသေးတာ စီဒီ တွေမတွင်ကျယ်သေးဘူး
အေဆိုက် တတိယ အပုဒ် လား ဘီဆိုက် တတိယ အပုဒ် လား တခုခုပဲ

တခွေလုံး ကောင်းတယ်
ဒါပေမယ့် အဲ့ဒီ သီချင်းကို အကြိုက်ဆုံးပဲ
ရှာတွေ့ရင် မျှမယ်

ဂျူး ဝတ္တု တိုလေးလဲ ဘတ်ဖူးတယ်

ကြိုး ထင်တယ်
နောက်ဆုံးနားက စာသားလေး သတိရနေတယ်
ဘာတဲ့
“ခင်ဗျား ရဲ့ အနားမှာ ကြိုးတချောင်း ကို ဘယ်တော့မှ အလွယ်တကူ မထားလိုက်ပါနဲ့” ဆိုလား
ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ်သေ သွားတဲ့ လူကြီး စာရွက်အပိုင်းအစ ကလေးမှာရေးခဲ့တာလေ

khin oo may said...

မတိုက်ဆိုင်ရင် အကြောင်းရှိရမယ်။

Rita said...

@ Addy >>> တော်သေး။
ဒီသီချင်း ဘယ်သူမှ သိတဲ့သူ မရှိဘူးထင်နေတာ။ အခွေထွက်မှန်းတောင်မသိပါဘူး။

@ မမKOM >>> ဘာအကြောင်းမှ မရှိလို့ မတိုက်ဆိုင်တာပါဆို...

တီချမ်း said...

တော်သေးမဟုတ်ဘူး မမရီတာ
ဟုတ်တယ် မမကါမ် ကိုယ်ကတော့ ကြိုက်လို့
တိုက်ဆိုင်တာ မဟုတ်

မမရီတာ အဲ့အခွေ နာမည်က ဘဝဆက်တိုင်းတဲ့
နောက်ပိုင်း တင်ဇာမော် အဲ့အခွေထဲက သီချင်း အချို့ပြန်ဆိုတယ်
နောက်ပြီး အဲ့ အခွေက moffats တို့savage garden တို့ ပေါ်ခါစ နာမည် တက်ခါစ က ဆိုတော့ သူတို့သီချင်းတွေ ကော်ပီ ဆိုထားတာလဲပါတယ်

နောက်ထပ်မချစ်နိုင်ဘူး တို့ ဘာတို့
ရှာနေတယ်
မတွေ့သေး
တွေ့ရင် ရှယ်မယ် နော်