Monday, April 26, 2010

= is equal to =

၁) တထေရာတည်း
၂) တပုံစံတည်း
၃) ချွတ်စွပ်
၎) ပုံတူ
၅) ထပ်တူထပ်မျှ
၆) ကိုယ်ပွား
၇) တသွေမတိမ်း
၈) သူမသာ ကိုယ်မသာ
၉) အတူတူ နဲ့ အနူနူ
၁၀) ဘာဘူကြီး နဲ့ အရာကြီး
၁၁) ရှင်ကြီးဝမ်း နဲ့ ရှင်ငယ်ဝမ်း
၁၂) ကျား နဲ့ ရှင်ကြီး

ဝေါဟာရက အဲလောက်ပဲ ထွက်လာလို့။ ထပ်ထွက်လာရင် ထပ်တင်ဦးမယ်။

Update (11:43 AM)
၁၃) ဒီပုတ်ထဲက ပဲ

Update (27th Apr 2010, 1:50 PM)
၁၄) ထူးမခြားနား (by Kyaw Nyo Thwe)
၁၅) ပုလင်းတူ ဘူးဆို့ (by Moe Sett Pwint)
၁၆) တစ်လှေတည်းစီး တစ်ခရီးတည်းသွား (by Moe Sett Pwint)
(ဒီနေရာမှာ နည်းနည်းတော့ ပြင်လိုက်ချင်တယ်။ "နှစ်လှေခွဲစီး" လို့။

7 comments:

SHWE ZIN U said...

ဟီး ဟီး မဆလ တဲ့ နအဖ တဲ့ တစည တဲ့

တထပ်တည်း ဘဲ

Rita said...

ကျန်သေးတယ် အစ်မ။
အဲဒါတွေက ညီမျှခြင်းရဲ့ တစ်ဘက်တည်းမှာပဲ ထားရမယ့်ဟာတွေ။ နောက်တစ်ဘက်မှာ ထပ်ထည့်ရမှာက so-called အတိုက်အခံ။

phyoaung said...

သူ့အိုးနဲ့သူ့ဆန်တန်ယုံဆိုလား..
ကိုယ်ရည်ကိုယ်သွေးရှိပါလျှက်နဲ့
ထမင်းရည်လျှက်နေနိုင်တာ ဖြစ်နိုင်ပါတယ်။
ကျနော့်ဆရာတယောက်ပြောဘူးတယ်..ပခုံးနှစ်ဘက်ကြားခေါင်းပေါက်တာချင်းတူပေမဲ့ ပေါက်တဲ့
ခေါင်းချင်းကွာတယ်တဲ့ဗျ..
ဒါပဲဗျာ..စောင်းတီးခြင်းကို ရပ်လိုက်ပြီ...

တီချမ်း said...

ဒေါ်ရီတာ = ပြောတာ နားမထောင် ကိုယ်တော်
ဒေါ်ရီတာ = အပျင်းစားမိန်းမ
ဒေါ်ရီတာ = အန်တီချမ်း သူငယ်ချင်း (မိတ်ဆွေ)
ဒေါ်ရီတာ = အောက်စီဂျင်
ဒေါ်ရီတာ = ...

ဇွန်မိုးစက် said...

နောက်ထပ်ဝေါဟာရတွေ စဉ်းစားကြည့်သေးတယ်။ ထပ်ထွက်မလာဘူး။ :D

Kyaw Nyo Thway said...

ထူးမခြားနား ဆိုတာရှိသေးတယ်

Me said...

ပုလင်းတူ ဗူးဆို့၊ တစ်လှေတည်းစီး တစ်ခရီးတည်းသွား၊ :D