Saturday, July 11, 2009

ချစ်သူ

* Design from NLS's Blog


လေပြည်ညင်းလိုပေါ့

သူ...

ဖြည်းဖြည်းချင်း ရောက်လာခဲ့တာ

*
ကိုယ့် ဆံနွယ်တွေထဲမှာတောင်
သူ့ ဝင်သက်နွေးနွေး
ခုထိ ရှိသေးတယ်

*
မဖိတ်ခေါ်ဘဲ လာခဲ့သူ

*
ရင်ထဲမှာ ကြေမွ
အရာအားလုံးကို ခြွေချ
ကိုယ့်နှလုံးသား ကြွေကျသွားကာမှ...


*
ချန်ခဲ့ရက်လေတယ်...

*

5 comments:

ကိုလူထွေး said...

မုန်တိုင်းမဖြစ်ခင် လေပြည်လိုလာပြီး...

ထိုးမယ့်ဆင် နောက်တလှမ်းဆုတ်တာမျိုးလဲ ဖြစ်နိုင်တယ်...

းဝ)

မေဇင် said...

ချန်ခဲ့ရက် သူကို ဆုတောင်းပေးလိုက်ပါ..။ ကဗျာလေး လား စာလေးလား..ကောင်း၏။း)

ကျောပိုးအိတ် said...

ဘာဘဲပြောပြော ဖတ်လို့ ကောင်း၏။ ဒီတစ်ခါတော့ အသက် အရွယ်ပါတော့ဘူးပေါ့လေ။

တော်သေးတယ်နော်။
း)

ခင်တဲ့
ကျောပိုးအိတ်

သက်ပိုင်သူ said...

ဟုတ်ပဗျာ
ဒီတခါတော့.... Rita ၂၀၀၉ တွေ ၁၉၉၀ တွေ ပါတော့ဘူး....
အဟီး
လေပြေထဲမှာ ဘာအနံ့တွေ ပါသေးလဲ.. ဟင်

Phyo Maw said...

ချစ်သူ
အပြစ်မယူ