Photo from Google Search
ချစ်သူ…
မနေ့တနေ့ကလိုပဲနော်…
မင်း ကိုယ့်ကို ကြည့်တဲ့ အကြည့်တွေက
ဒီမျက်လွှာတွေကို ညှို့ချ
ဘယ်တော့မှ အနိုင်မရစေခဲ့ဘူး…
*
ဘာမှ မပြောင်းလဲဘူး ချစ်သူ…
ဒီလို အကြည့်တွေနဲ့ပဲပေါ့…
ကိုယ့်ခြေလှမ်းတွေရဲ့ အသိမ်း အနုတ်ကို
အဝေးကတောင် ထိန်းချုပ်နိုင်ခဲ့တယ်…
*
အရင်အတိုင်းပါပဲ…
ဒီမျက်ဝန်း အကြည့်တွေနဲ့
ခံစားမှုတွေ နိုးထစေလို့
မင်း နဲ့ ကိုယ့်ရဲ့အကြောင်း
မဟောင်းသေးဘူးပဲ ထင်မိတယ်…
*****
Early 1999
(ကိုယ် ဘယ်တော့မှ မနိုးထချင်ခဲ့တဲ့ အိပ်မက် တစ်ခု အကြောင်း)
Tuesday, July 7, 2009
Subscribe to:
Post Comments (Atom)
4 comments:
အိမ်မက်ဟောင်းက နိုးမထချင်ရင် ဆက်သာအိပ်နေပါ ရီတာရေ...၊ ၁၉၉၉ မတိုင်ခင်ကကိုး...အခုကော...ဘယ်လိုလဲ...
အိမ်မက်ဟောင်းတွေအချိန်ရောက်ရင် ကိုယ့်ဆီအမှန်ပြန်ဖြစ်လာတတ်တယ်သိလား.. သူများပြောတုန်းကမရုံမိခဲ့ဘူး။။။ အခုတော့လက်ခံတတ်နေပီ
မဟောင်းသေးတဲ့ အကြောင်းတွေကို
မျက်လုံးများနဲ့ ခံစားသွားပါတယ်...
ကဗျာလေးလှတယ် မမရီတာ
ပျော်ရွင်ပါစေ...
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
စကားမစပ်- မမရီတာရဲ့ အခန်းဆက်က ဘယ်တော့ပီးမှာလဲ....
၉၉က အိပ်မက်ဟောင်းကို ပြန်မက်လိုက်တာ
ကိုယ့်ကို ကိုယ်
ငယ်တယ်လို့တောင် ထင်သွားရတယ်..
ကောင်း၏
Post a Comment