Saturday, July 23, 2011

Books!

၁) ကြည်အေး - မေတ္တာမီးအိမ် (အဟောင်းဆိုင်မှ) (ဖတ်ဖူးပြီးသား)
၂) ကြည်အေး - ဤမာန
၃) ကြည်အေး - ကေဖွဲ့ဆိုသီ ဖူးငုံပွင့်သစ် (ဖတ်ဖူးပြီးသား)
၎) ခင်ခင်ထူး - ပန်းကြာဝတ်မှုန်
၅) ခင်နှင်းယု - လမင်းကြီးသာစမ်းပါ (အဟောင်းဆိုင်မှ) (ဖတ်ဖူးပြီးသား)
၆) ခင်မျိုးချစ် - ဝတ္ထုတိုပေါင်းချုပ်
၇) မျိုးငြိမ်းဆွေ - ကြည်လင်သော ရေ (ဝတ္ထုတိုများ)
၈) မြနှောင်းညို - ရွက်ဝါကြွေသော နွေရက်များ
၉) မင်းလူ - ပြန်ခေါ်သက်သေ
၁၀) မြသန်းတင့် - လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ (ဘာသာပြန်)
၁၁) မြသန်းတင့် - မိန်းမတို့အကြောင်း (ဘာသာပြန်)
၁၂) လင်္ကာရည်ကျော် - ချစ်စရာ့အိမ်ကလေး
၁၃) လင်္ကာရည်ကျော် - ဒေါက်တာရွှေသွေး နှင့် မပန်းမှုံ
၁၄) လင်္ကာရည်ကျော် - နေဝင် အိပ်တန်းတက်
၁၅) လင်္ကာရည်ကျော် - သမားလည်ပြန် (ဝတ္ထုတိုများ)
၁၆) ဝင်းဝင်းလတ် - အောက်မေ့ဖွယ် သူ
၁၇) ဘနှင်း - နိုဘယ်ဆုရ စာရေးဆရာကြီး ၅ ဦး၏ ဘဝနှင့်စာပေ (စာအုပ်ဆိုင်မှ အဟောင်း)
၁၈) အရိုး - ဆိုသည်မှာ
၁၉) xxx - တစ်ခေတ် တစ်ယောက်ဆိုလောက်သူ ဒေါက်တာသန်းထွန်း

***
ဖတ်ဖူးပြီးသားထဲမှာ ခင်နှင်းယု (လမင်းကြီးသာစမ်းပါ) က ပျောက်သွားလို့ ပြန်ဝယ်တာ။ ကြည်အေး နှစ်အုပ်ကတော့ ငှားဖတ်ပြီး မဝယ်ဖြစ်တာ၊ ခုမှ ဝယ်တာ။

ခင်မျိုးချစ် ဝတ္ထုတိုပေါင်းချုပ်ထဲက စာနည်းနည်း မြည်းကြည့်မိတယ်။
စိတ်ထဲမှာ ဂျာနယ်ကျော်မမလေးနဲ့ ဒေါ်ခင်မျိုးချစ် ရေးဟန်တူသယောင်ယောင် ခံစားရတယ်။ စာရေးသူဘက်က အပြောများတဲ့ရေးနည်းမျိုးချင်း တူနေလို့လားတော့ မသိ။ သူတို့ရေးတဲ့စာတွေဖတ်ရရင် ဇာတ်ကောင်ထက် ဇာတ်လမ်း၊ ဇာတ်လမ်းထက် ဇာတ်ကြောင်းပြောသူ (စာရေးဆရာ) က ပို ပေါ်နေသလိုပဲ။

ဝင်းဝင်းလတ်၊ မြနှောင်းညိုတို့ အရေးအသားကို ဖတ်ရရင်လည်း ခပ်ဆင်ဆင်လို့ ခံစားရတယ်။ သူတို့ကတော့ တမျိုးတဘာသာ။ စာရေးသူပျောက်ပြီး ဇာတ်ကောင်တွေချည်း မြင်ရတယ်။ (ကိုယ့်အကြိုက်ဆုံး ရေးနည်းရေးဟန်)။

ခင်နှင်းယု စာအုပ်ထဲက ကိုလတ်နဲ့ ခင်ခင်ကြီးရဲ့ ဇာတ်လမ်းအစ အရေးအသားကို အတော်ကြွေခဲ့ဖူးလို့ တကူးတက ပြန်ဝယ်ခဲ့တာ။ အဲဒီလို တို့ထိရုံအရေးအသားမျိုးနဲ့ ဖတ်တဲ့သူကို တိုက်ရိုက်ထိအောင် သရုပ်ပေါ်ပြည့်စုံအောင် ရေးနိုင်တာ အမျိုးသမီးစာရေးသူတွေထဲကသာ တတ်နိုင်တဲ့ကိစ္စလို့ ခံစားရတယ်။

တွေ့အောင်ရှာဝယ်မယ်လို့ ဒီမှာတည်းက စဉ်းစားသွားတာတွေက
၁) ဝင်းဝင်းလတ် ရဲ့ အောက်မေ့ဖွယ် သူ
၂) ခင်နှင်းယု ရဲ့ လမင်းကြီးသာစမ်းပါ
၃) ကြည်အေး ရဲ့ မေတ္တာမီးအိမ်
၎) မြနှောင်းညို ရဲ့ ငုပွင့်ဝါခိုင်။

ငုပွင့်ဝါခိုင် ကလွဲလို့ အားလုံး လွယ်လွယ်ပဲ ရခဲ့တယ်။ ဝမ်းသာလိုက်တာ။ အောက်မေ့ဖွယ် သူ ကို မဖတ်ဖူးသေးဘူး။

မျိုးငြိမ်းဆွေ ကတော့ မျိုးဆွေသန်း (ဒီဇိုင်း)။ သူ စာရေးမှန်း အရင်က မသိပါဘူး။ ထူးအိမ်သင် အမှတ်တရ စာအုပ်မှာတော့ သူ ရေးတာ ဖတ်ဖူးပြီး၊ သဘောလည်း ကျခဲ့တယ်။ ကြည်လင်သောရေ ဆိုတဲ့တစ်ပုဒ်ပဲ အွန်လိုင်းကနေ ဖတ်ဖူးတယ်။ ကြိုက်လှတယ်တော့ မဟုတ်ပေမယ့် ဖတ်ချင်တာနဲ့ ဝယ်လာခဲ့တယ်။ ကြာရင် တွေ့ဖြစ်ဖို့ ခဲယဉ်းမယ့် စာအုပ်လို့လည်း ထင်မိလို့။

လင်္ကာရည်ကျော် ကိုလည်း ပထမဆုံး ကြိုးကြာတောင်ပံခေတ်သံ ကိုပဲ ဖတ်ဖူးသေးတယ်။ သေသေချာချာ စဉ်းစားပြီးမှ ပြောကြေးဆိုရင်တော့ ကြိုက်တယ် မကြိုက်ဘူးကို တခွန်းတည်း ကွဲကွဲပြားပြားပြောဖို့ ခက်မှာ ဖြစ်ပြီးတော့ အကြမ်းဖျဉ်းပြောကြေးဆိုရင်တော့ ကြိုက်ပါတယ်လို့ပဲ ပြောရမယ့် စာရေးဆရာ။ တွေ့ရင် ဝယ်မယ်လို့တော့ စဉ်းစားသွားခဲ့တယ်။ တွေ့သမျှ အကုန်တော့ မဝယ်ဖြစ်ဘူး။ ဘာလို့ဆို နောက်ဖတ်ချင်ရင်လည်း အလွယ်တကူ ပြန်တွေ့နိုင်ဦးမယ့် စာအုပ်တွေလို့ ထင်မိလို့။

ဘနှင်း စာအုပ်ကတော့ တော်ဝင်စင်တာက (၃ ထပ်လား ၄ ထပ်ကလား မသိ)။ အဲဒီဆိုင်မှာလည်း အဟောင်းတွေရော အသစ်တွေရော တော်တော်များများရှိတယ်။ အဲဒီထဲက ကမူးအကြောင်းတော့ အရင်ဖတ်လိုက်မိတယ်။

အရိုး ကတော့ မြည်းစမ်းချင်လို့ပါ။

ဒေါက်တာသန်းထွန်း ကတော့ သူ့စာအုပ်တွေ အများကြီး တွေ့ပါတယ်။ မဝယ်ပါဘူး။ ဘာလို့ဆို ရှင်းပါတယ်။ ကိုယ်က သူ့အကြောင်းသာ စိတ်ဝင်စားတာ။ သူ့ပညာရပ်ဆိုင်ရာတွေထိတော့ မဝင်စားဘူး။ အလွယ်တွေ့ရင်တော့ ကောက်လှန်မိမှာ ဖြစ်ပေမယ့် ဝယ်ဖတ်ရလောက်အောင် အာရုံမရှိ။ အဲဒါတွေနဲ့ လုပ်စားစရာလည်း ဘာမှမရှိ။

ခုစာအုပ်ကတော့ သူ့အကြောင်းကို သူများတွေ ရေးထားတဲ့ အမှတ်တရ စာစုတွေ။ အဲဒါကြောင့်မို့လည်း ဝယ်ဖြစ်တာ။

***
မှတ်ချက်။ ငှားရန်မဟုတ်။

12 comments:

khin oo may said...

အာဘွား။

khin oo may said...

မွမွ.

ဇွန်မိုးစက် said...

ပြန်ရောက်ပြီပေါ့။း)

စာအုပ်တွေ အများကြီး ၀ယ်ခဲ့တယ်လား ရီတာ။ စိတ်ဝင်စားတယ်။ ၀င်းဝင်းလတ်၊ မြနှောင်းညိုနဲ့ လင်္ကာရည်ကျော်တို့ရဲ့ စာအုပ်တွေကို စိတ်ဝင်စားတယ်။ လင်္ကာရည်ကျော်ကို နာမည်ပဲကြားဖူးနေတာ။ တစ်ခါမှ မဖတ်ရသေးဘူး။ တိုက်တိုက်ဆိုင်ဆိုင် ဒီသုံးယောက်က ဆရာဝန်တွေချည်း ဖြစ်နေပါလား။

တီချမ်း said...

အခုမှ ပြန်ရောက်တာလား

ပိုးပိုးရဲ့ရိုက်ချက် said...

ငှားပေါင်ဘူး A
ချိန်းရ ပြန်လာပေးရ ပြန်လာယူရနဲ့ 
ဒီတော့ ကုသိုလ်လည်းရ ၀ယ်လာတာလည်း အလဟဿ မဖြစ်ရလေအောင် တနေ့  တမျက်နှာနှုန်း စာရိုက်တင်ပေါ့ ဒါမှမဟုတ် တအုပ်လုံးဖတ်ပီးမှ အကျဉ်းချုပ်ပီး ဘရိဖင်တင် ပိုတောင် ဖတ်လို့ ကောင်းသေး ဇာတ်အစ အလယ် အဆုံးနည်းနည်းစီသိရင် တို့ က ဇာတ်ကွက်တခုလုံး အလိုလို နားလည်တဲ့ ပါရမီပါတယ် :P :P
တင်ပေးမယ်ဆို ကျေးဇူးတင်တယ်A
မတင်ပေးလည်း ကျေးဇူးတင်တယ်A

Rita said...

အွန်လိုင်းက သိတဲ့သူတွေထဲမှာ ကိုယ့်ရဲ့ပိုးပိုးလေး အလိမ္မာဆုံးးးး အတော်ဆုံးးး

AZURE said...

မင်းလူ - ပြန်ခေါ်သက်သေ .. ဆို တာမဖတ်ဖူးသေးဘူး ..။
ပို့စ် မှာ စာမြည်းများပါမလားဆိုပြီး .. အစ အဆုံး ပြန်ဖတ်ကြည့်သေးတယ်..။

Rita said...

ပြန်ခေါ်သက်သေ ကို အစ်မ မရွှေစင်ဦး http://www.shwezinu.com/ ဆီမှာ ရိုက်တင်ထားတာ ရှိပါတယ်။ အွန်လိုင်းက ဖတ်ရတာ ကြိုက်ရင်ပေါ့။ ပြီးလား မပြီးသေးလားတော့ မသိဘူး။

Aung Phyoe said...

ကျတော်လည်း သည်တစ်ခေါက်အပြန် အများကြီးပါလာတယ် .. အသစ်တွေထက် ပြန်ဖတ်ဖို့ အဟောင်းတွေပြန်ယူလာတယ် ... နောက်အဟောင်းဆိုင်က ဒေါက်တာမတင်ဝင်း စောစောပိုင်းက အဟောင်းလေးတွေ ပြန်ရှာဝယ်လာတယ် ၊ နောက် ကိုယ်နဲ့မတန်တဲ့ ပျို့ တွေ :( ။ ဒေါက်တာသန်းထွန်း ဆိုလို့ သူ့ နယ်လှည့်ရာဇာဝင်ဆိုတာ ပါလာတယ် ။

ငယ်ငယ်တုန်းကတော့ စာအုပ်တွေကို မငှားချင်ဘူး နောက်ကျမှ ကိုယ့်ကိုယ်ကိုယ်ဆုံးမပြီး ဖတ်ချင်တဲ့ သူတွေကို ဂရုတစိုက်ကိုင်ဖို့တောင်းပန် ပြီးငှားတယ် ... ။ စာအုပ်နဲ့တန်တဲ့သူတွေဆီက ကျေးဇူးတင်စကားမျိုး ပြန်ကြားရတာလည်း ပီတိပါပဲ ... ။ အချို့ကျတော့ ဖတ်ကောင်းမယ်ထင်လို့ ကြားဖူးလို့ ငှားတာ ဘာတွေမှန်းမသိဘူး ဆိုကြတော့လည်း အောက်သက်သက်ပေါ့ဗျာ :(

Rita said...

ဖတ်စေချင်တဲ့သူတွေကို သူတို့ မငှားခင် ကိုယ်ကအရင် စငှားပြီး ပေးဖတ်ပါတယ်။ ပြီးတော့ အိမ်မှာဆို အခန်းဖော်တွေ အားနာပြီး ယူမဖတ်မှာစိုးလို့ တချို့ဟာတွေ အပြင်တောင် ထုတ်ပေးထားတယ်။

ဒါပေမဲ့ ဒီစာတန်းဟာလည်း လိုအပ်တယ်။ သုမနကျောမှာလည်း ဒဏ်ရာတွေနဲ့ ဆရာရဲ့။ =)

khin oo may said...

ဘယ်မလဲ ပြ.။

NSA said...

ဒဏ်ကျေဆေး လိမ်းပေးပါ့မယ်..မသုမနရယ်.. :P