14th Apr ~ 17th Apr 2011
ကိုယ့်ဘာသာ ပြန်စဉ်းစားကြည့်တဲ့အခါ ငယ်ငယ်တုန်းက မုန်းလောက်အောင် လုပ်ဖြစ်ခဲ့ရတဲ့အရာတွေကို ခုချိန်မှာ အငြီးငွေ့ကြီး ငြီးငွေ့နေတတ်တာ တွေ့ရတယ်။
တီဗွီ (ရုပ်ရှင်) ကြည့်တာ၊ ဖုန်းပြောတာ၊ နားထဲ နားကြပ်ထည့်ပြီး ဝေါ့ခ်မင်းနားထောင်တာ၊ အဲဒါတွေ ခုချိန်မှာ တစ်ခုမှ မလုပ်ချင်တော့ဘူး။ relax မဖြစ်ဘဲ ကိုယ့်ဘာသာ အလုပ်တာဝန်ပေးထားရသလို ဖြစ်နေမိတယ်။
ပြီးတော့ ခရီးသွားရတာ။ ငယ်ငယ်က တစ်နှစ်တစ်ခါ ကျောင်းပိတ်ရက် အညာပြန်တာအပြင်၊ အောက်တိုဘာလို ဒီဇင်ဘာလို ပိတ်ရက်တိုမျိုးမှာ ခရီးတိုသွားဖြစ်တာတွေရောနဲ့ ပြန်စဉ်းစားကြည့်ရင် မိသားစုနဲ့ အတူနေတုန်းက အတော်ကို ဂဒီးဂဒီး ခရီးသွားခဲ့ရတာ။ ဒီလိုနဲ့ပဲ မရောက်ဖူးတဲ့နေရာတွေ ရောက်ရတာ ကြိုက်ပေမယ့် ခရီးသွားလို့ ပင်ပန်းရတာ၊ အလုပ်ရှုပ်တာတွေကိုတော့ မကြိုက်တော့ဘူး။
နောက်တော့ ဒေသန္တရကို လုံးဝ စိတ်မဝင်စားတာ။ သူ့အလိုလိုသာ မှတ်မိသွားချင်သွားမယ်။ ဘယ်နေရာမှာ ဘာတွေရှိပြီး ဘယ်လိုခေါ်မှန်း အားအင်စိုက်ထုတ်ပြီး မှတ်သား မထားချင်ဘူး။
ဒီလိုနဲ့ပဲ ပျင်းပြီး မရေးဖြစ်တဲ့ ဘာလီထရစ်ပ်ကို သစ် မြှောက်ပေးတာနဲ့ ရေးချင်သလိုလို ပြန်ဖြစ်လာတယ်။ ဒါပေမဲ့ အဲဒီကတည်းက ရောက်ခဲ့တဲ့ temple နှစ်ခုကို နာမည်သိအောင် လုပ်မထားဘူး။ ကိုယ်နဲ့ မရင်းနှီးတဲ့ နောက်လည်း အမြဲသွားလာနေရမှာမဟုတ်တဲ့ ခဏပဲရောက်တဲ့ နေရာက နာမည်တွေမှတ်ထားပြီး ဘာလုပ်ရမှာလဲလို့ပဲ တွေးမိတယ်။ လိုအပ်ရင်တော့ သိအောင်လုပ်ရုံပေါ့၊ မဟုတ်လား။
ဘာလီက ဗမာပြည်နဲ့ သိပ်မထူးသလို ခံစားရတယ်။
အနောက်တိုင်းကလာတဲ့လူတွေအဖို့ေ တာ့ အသစ်အဆန်းဖြစ်မှာ ဖြစ်ပေမယ့် အာဆီယံနိုင်ငံတွေကတော့ ဒီရာသီဥတု ဒီပတ်ဝန်းကျင် ဒီရုပ်ဒီရည်နဲ့ ဒီအစားအသောက်မျိုးပဲ သူမသာ ကိုယ်မသာတွေချည်းပါပဲ မဟုတ်လား။ ပြီးတော့ ဘာလီတကျွန်းလုံး လက်မှုပစ္စည်းလုပ်တဲ့နေရာတွေ သိပ်ပေါတယ်။ ဒါလည်း ကိုယ်တွေအတွက်တော့ ပုဂံရောက်နေသလိုပဲ။ ပြီးတော့ လူနေအဆောက်အဦတွေ ဆိုင်ခန်းတွေကလည်း ခပ်ဆင်ဆင်။ အမျိုးသမီးတွေကလည်း အင်ဒိုနီးရှားပါတိတ်ထမီတွေ ဝတ်ထားကြတယ်။
တည်းဖြစ်တဲ့ ဟိုတယ်က dekuta, 3 stars လောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ နေရတာ အတော်အဆင်ပြေတယ်။ ဟိုတယ်ဒီဇိုင်းကတော့ ဂျပန်ပုံစံလို့ ထင်မိတယ်။ ညပိုင်းကိုရောက်တယ်။ နောက်တနေ့ ဟိုတယ်က ပက်ကေ့ခ်ျနဲ့ပဲ ကားငှားပြီး ၅ နေရာလား ၆ နေရာလား တနေကုန် ပတ်လိုက်တယ်။ ကားငှားခကတော့ အလွန် ဈေးသက်သာပြီး ကားကလည်း ကောင်းတယ်။
ဈေးအတင်းရောင်းတာ၊ သူတို့ဆိုတဲ့ဈေးထက် ခေါက်ချိုးလောက်ဆစ်ရတာလည်း ဗမာပြည်လိုပဲ။ ငှားလာတဲ့ကားက နောက်ဆုံးခရီးစဉ်ကို ကုန်တိုက်တစ်ခု လိုက်ပို့ပေးတော့မှ အေးအေးသက်သာ ဈေးဝယ်ရတဲ့ အရသာကို စိတ်ချမ်းချမ်းသာသာ ခံစားရတော့တယ်။ (ပိုက်ဆံ နည်းနည်း ပိုကုန်တာ ကိစ္စမရှိဘူး။ စိတ်အနှောင့်အယှက် ကင်းဖို့က အဓိက)။ အဲဒီက ဝယ်လာတဲ့ အရောင်အဆင်းမှေးမှေးမှိန်မှိန် ဖျော့တော့တော့ (ကိုယ်ကြိုက်တာ ကိုယ်ဝယ်တာ) ပါတိတ်နှစ်ထည်ကို ဒီတခေါက် ရန်ကုန်အပြန်မှာ မေမေနဲ့ အဒေါ်ကို ကန်တော့တော့ "ရေလဲလုံချည်နဲ့ တူလိုက်တာ" လို့ ပြောကြတယ်။
ပင်လယ်ကမ်းပါးစောင်းမှာ ရှိတဲ့၊ မျောက်တွေရှိတဲ့ temple ကို သွားရတာလည်း ကြိုက်ပါတယ်။ အဲဒီနေရာက ဘိခ်ျလည်း မဟုတ်တော့ ကျောက်ကမ်းပါးပေါ်ကနေ ငုံ့ကြည့်ရတဲ့ ပင်လယ်ရေက ကြည်သန့်ပြီး ပြာလဲ့စိမ်းစိုနေတာ နေပူတာနဲ့ မျောက်တွေလာမှာကိုတောင် မေ့သွားတယ်။
ပင်လယ်ကမ်းခြေမှာ ကဗျာဆန်ဆန်အတွေးလေး ဘာလေး တွေးချင်ပေမယ့် သိပ် ထွက်မလာလို့ ဒီတိုင်း စိတ်ဗလာပဲ ကြည့်ဖြစ်ခဲ့တယ်။ အဲဒါ ပိုတောင်မှ ကောင်းသေးတယ်။ အတူလာတဲ့ ညီမလေးက ကိုယ့် ပို့စ်တစ်ခုက စာသားကို သောင်ပြင်မှာ ရေးမလို့ဆို လေယာဉ်ပေါ်မှာ ပြောပေမယ့် မရေးဖြစ်လိုက်ဘူး။ "လွမ်းတယ်ဆိုတာ လှိုင်းတွေလိုပဲ လူကို တဖြည်းဖြည်းတိုက်စားသွားတာ" ဆိုတဲ့ စာကြောင်းဆိုလား။
အင်ဒိုနီးရှား သွားလည်မယ် ပြောတော့ "သွားပေါ့။ အဲဒီဘက်ကမှ တကယ် သာယာတာ။ မင့် စင်ကာပူနဲ့ ဘာမှကို မဆိုင်ဘူး" ဆိုတဲ့ စကားလေးတော့ (ခမျာ စင်ကာပူကို အတော် စိတ်နာရှာပုံရတယ် လို့ တွေးပြီး) အဲဒီမှာရှိနေခိုက် မကြာခဏ သတိရမိတယ်။
ခြုံပြောရရင်တော့ သွားလည်ရတာ ပျော်ပါတယ်။
လွတ်လွတ်လပ်လပ် သွားလာရတာ၊ အလုပ် မလုပ်ဘဲနေရတာ၊ ခပ်ဆင်ဆင်ပဲ ဆိုဦးတော့ မရောက်ဖူးတဲ့နေရာဒေသကို ရောက်ရတာကို ပျော်ပါတယ်။ စိတ်ထဲ ဘာ ထူးထူးခြားခြား ခံစားရလဲ ဆိုရင်တော့ ကိုယ့် အနေနဲ့ ဘာမှ သိပ်ထူးထူးခြားခြား မခံစားရဘူးပဲ ပြောရမယ်။ အေးရှားထက် ဥရောပ အမေရိကသွားရမှပဲ ထူးခြားတယ်ထင်တော့မှာ။ အေးရှားမှာတောင် အာဆီယံဒေသတွင်း မဟုတ်ဘဲ ကိုးရီးယား ဂျပန်လိုနေရာမျိုးဆို ထူးခြားမယ် ထင်ပါတယ်။
တစ်ခုတော့ ရှိတယ်။ လူ့သဘောက အဲဒီနေရာ မရောက်ခင်သာ စိတ်ကူးနဲ့ တွေးပြီး ရောက်ရင် ဟုတ်လှမယ် ထင်တာ၊ တကယ်တမ်း ရောက်သွားပြန်တော့လည်း ဘာမှ မဟုတ်တော့ပြန်ဘူး ဖြစ်တတ်သေးတယ်။
ဘာပဲဖြစ်ဖြစ် ပြင်ရဆင်ရ အလုပ်ရှုပ်တာရယ်၊ ရက်နည်းနည်းပဲ အချိန်ရလို့ rush ဖြစ်တာရယ် ဖယ်လိုက်ရင် ခရီးတွေ သွားရတာ ကြိုက်တယ်လို့ ပြောလို့ရပါတယ်။ အတိအကျပြောရရင် လက်ရှိဘဝက ခဏဖြစ်ဖြစ် ထွက်ပြေးလိုက်ရတာကို ကြိုက်တယ်။ ခရီးထွက်ရလို့ ရင်တလှပ်လှပ်နဲ့ ပျော်ရွှင်ပြီး တသသ ဖြစ်ခဲ့ရတာတော့ အညာမှာအမြဲနေတုန်း ကလေးဘဝ ကာလလောက်ပဲ။ နောက်တော့ အောက်ကို ပြောင်းလာပြီး နောက်ပိုင်း ခဏခဏ ဟိုသွားဒီသွား သွားရပါများလာတော့ ခရီးသွားရတာကို ရင်မခုန်တော့ဘူး။
ဘာလီက ကျယ်တယ်၊ သဘာဝပိုဆန်တယ်၊ နိမ့်မြင့်ကွဲပြားမှုတွေလည်း ရှိတယ်၊ ဒီမှာလို ဘယ်နေရာကြည့်ကြည့် တပုံစံတည်း မဟုတ်ဘူးဆိုတော့ SEA နိုင်ငံချင်းအတူတူမှာတောင် စင်ကာပူကလူတွေအတွက်တော့ ထူးခြားမှာပါ။ အနောက်အရပ်က လူတွေအတွက်တော့ ဆိုဖွယ်ရာမရှိ ဖြစ်မှာပေါ့လေ။
ပြန်ရောက်လို့ လေဆိပ်ကထွက် ချန်ဂီ beach ကို ဖြတ်တော့ စင်ကာပူကမ်းခြေသာ သက်ရှိလိုဆိုရင် ကိုယ့်ဖုန်းထဲမှာ ရိုက်ထားတဲ့ ဘာလီကမ်းခြေပုံတွေ ထုတ်ပြပြီး "ပင်လယ်ကမ်းခြေဆိုတာ ဒါမျိုးကို ခေါ်တာ သိလား" လို့ ပြောချင်စိတ်ပေါက်မိတယ်။ တကယ်တော့ အတွေးက ကလေးကလားနဲ့။ စင်ကာပူကို မကြည်တဲ့ ဓါတ်ကူးသွားတာ။
တကယ်ဆို စင်ကာပူကို ဒီလောက် ကြည့်မရစရာ အကြောင်းမရှိပါဘူး။
ဒီမှာ တစ်ယောက်တည်း လာနေရတယ်၊ တစ်ယောက်တည်း အလုပ်လာလုပ်ရတယ် ဆိုတဲ့ အတွေးတွေနဲ့ အပြင်တနေရာကနေ ဒီကို ပြန်ဝင်ရတဲ့အခါ ရန်လိုတဲ့အတွေးမျိုး တွေးမိတာ။ တကယ်လို့များ စင်ကာပူကို အလည်လာရတာ၊ ဒါမှမဟုတ်လည်း စင်ကာပူက ကိုယ် ကြီးပြင်းလာရတဲ့နေရာသာ ဖြစ်မယ်ဆိုရင် တော်တော် နှစ်သက်မိမယ် ထင်တယ်။ သွားရေးလာရေး အဆင်ပြေတာ၊ သန့်သန့်ပြန့်ပြန့်ရှိတာ၊ ရာသီဥတု မပူလွန်း မအေးလွန်းတာ၊ သစ်ပင်တွေများများရှိတာ၊ အဆောက်အဦနဲ့ လမ်းတွေ စနစ်တကျရှိတာကို ကြိုက်တယ်။
***
ုမြန်မာပြည်ကတော့... အင်း... မပြောတော့ဘူး။ ကိုယ် တသက်လုံးနေလာခဲ့ရတဲ့ နေရာမို့လို့သာပဲ။ မဟုတ်ရင် တစက်မှကို ကသရ ရှိတယ်လို့ တွေးမိမယ်မထင်ဘူး။
ခု လောလောဆယ်တော့ မြန်မာပြည်လွမ်းနာကျနေတယ်။ ဘာလုပ်လုပ် မြန်မာပြည် ဘယ်တော့ ထပ်ပြန်ရမလဲဆိုတာပဲ တွေးနေမိတယ်။ ခုနေ ဘယ်လိုမှ နောက်အလုပ်ထပ်ရှာလို့ မရတော့လောက်အောင်ထိ အလုပ်ပြုတ်သွားရင် အတော်ပျော်စရာကောင်းမှာလို့ချည်း တွေးနေမိတယ်။ (ရိုးရိုးပြုတ်ရင် မပြန်ဖြစ်သေးဘဲ နောက်အလုပ်တစ်ခု ထပ်ရှာနေမိဦးမှာမို့လို့)
ကိုယ့်ဘာသာ ဖောင်ဖျက်ရလောက်အောင် မပြတ်သားတော့ ဖောင် သူ့ဘာသာ အလိုလို နစ်သွားရင်ကောင်းမှာလို့ စဉ်းစားမိတာပေါ့။
***
ဒီနေ့ မြန်မာပြည်က ပြန်လာပြီး အလုပ်ပြန်ဝင်တဲ့ တတိယမြောက်နေ့။
အခြေအနေ တော်တော်ဆိုးနေတယ်။ ပိတ်ရက်မှာ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်။ ကြာရင် မလွယ်ဘူး။
***
ကိုယ့်ဘာသာ ပြန်စဉ်းစားကြည့်တဲ့အခါ ငယ်ငယ်တုန်းက မုန်းလောက်အောင် လုပ်ဖြစ်ခဲ့ရတဲ့အရာတွေကို ခုချိန်မှာ အငြီးငွေ့ကြီး ငြီးငွေ့နေတတ်တာ တွေ့ရတယ်။
တီဗွီ (ရုပ်ရှင်) ကြည့်တာ၊ ဖုန်းပြောတာ၊ နားထဲ နားကြပ်ထည့်ပြီး ဝေါ့ခ်မင်းနားထောင်တာ၊ အဲဒါတွေ ခုချိန်မှာ တစ်ခုမှ မလုပ်ချင်တော့ဘူး။ relax မဖြစ်ဘဲ ကိုယ့်ဘာသာ အလုပ်တာဝန်ပေးထားရသလို ဖြစ်နေမိတယ်။
ပြီးတော့ ခရီးသွားရတာ။ ငယ်ငယ်က တစ်နှစ်တစ်ခါ ကျောင်းပိတ်ရက် အညာပြန်တာအပြင်၊ အောက်တိုဘာလို ဒီဇင်ဘာလို ပိတ်ရက်တိုမျိုးမှာ ခရီးတိုသွားဖြစ်တာတွေရောနဲ့ ပြန်စဉ်းစားကြည့်ရင် မိသားစုနဲ့ အတူနေတုန်းက အတော်ကို ဂဒီးဂဒီး ခရီးသွားခဲ့ရတာ။ ဒီလိုနဲ့ပဲ မရောက်ဖူးတဲ့နေရာတွေ ရောက်ရတာ ကြိုက်ပေမယ့် ခရီးသွားလို့ ပင်ပန်းရတာ၊ အလုပ်ရှုပ်တာတွေကိုတော့ မကြိုက်တော့ဘူး။
နောက်တော့ ဒေသန္တရကို လုံးဝ စိတ်မဝင်စားတာ။ သူ့အလိုလိုသာ မှတ်မိသွားချင်သွားမယ်။ ဘယ်နေရာမှာ ဘာတွေရှိပြီး ဘယ်လိုခေါ်မှန်း အားအင်စိုက်ထုတ်ပြီး မှတ်သား မထားချင်ဘူး။
ဒီလိုနဲ့ပဲ ပျင်းပြီး မရေးဖြစ်တဲ့ ဘာလီထရစ်ပ်ကို သစ် မြှောက်ပေးတာနဲ့ ရေးချင်သလိုလို ပြန်ဖြစ်လာတယ်။ ဒါပေမဲ့ အဲဒီကတည်းက ရောက်ခဲ့တဲ့ temple နှစ်ခုကို နာမည်သိအောင် လုပ်မထားဘူး။ ကိုယ်နဲ့ မရင်းနှီးတဲ့ နောက်လည်း အမြဲသွားလာနေရမှာမဟုတ်တဲ့ ခဏပဲရောက်တဲ့ နေရာက နာမည်တွေမှတ်ထားပြီး ဘာလုပ်ရမှာလဲလို့ပဲ တွေးမိတယ်။ လိုအပ်ရင်တော့ သိအောင်လုပ်ရုံပေါ့၊ မဟုတ်လား။
ဘာလီက ဗမာပြည်နဲ့ သိပ်မထူးသလို ခံစားရတယ်။
အနောက်တိုင်းကလာတဲ့လူတွေအဖို့ေ
တည်းဖြစ်တဲ့ ဟိုတယ်က dekuta, 3 stars လောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ နေရတာ အတော်အဆင်ပြေတယ်။ ဟိုတယ်ဒီဇိုင်းကတော့ ဂျပန်ပုံစံလို့ ထင်မိတယ်။ ညပိုင်းကိုရောက်တယ်။ နောက်တနေ့ ဟိုတယ်က ပက်ကေ့ခ်ျနဲ့ပဲ ကားငှားပြီး ၅ နေရာလား ၆ နေရာလား တနေကုန် ပတ်လိုက်တယ်။ ကားငှားခကတော့ အလွန် ဈေးသက်သာပြီး ကားကလည်း ကောင်းတယ်။
ဈေးအတင်းရောင်းတာ၊ သူတို့ဆိုတဲ့ဈေးထက် ခေါက်ချိုးလောက်ဆစ်ရတာလည်း ဗမာပြည်လိုပဲ။ ငှားလာတဲ့ကားက နောက်ဆုံးခရီးစဉ်ကို ကုန်တိုက်တစ်ခု လိုက်ပို့ပေးတော့မှ အေးအေးသက်သာ ဈေးဝယ်ရတဲ့ အရသာကို စိတ်ချမ်းချမ်းသာသာ ခံစားရတော့တယ်။ (ပိုက်ဆံ နည်းနည်း ပိုကုန်တာ ကိစ္စမရှိဘူး။ စိတ်အနှောင့်အယှက် ကင်းဖို့က အဓိက)။ အဲဒီက ဝယ်လာတဲ့ အရောင်အဆင်းမှေးမှေးမှိန်မှိန် ဖျော့တော့တော့ (ကိုယ်ကြိုက်တာ ကိုယ်ဝယ်တာ) ပါတိတ်နှစ်ထည်ကို ဒီတခေါက် ရန်ကုန်အပြန်မှာ မေမေနဲ့ အဒေါ်ကို ကန်တော့တော့ "ရေလဲလုံချည်နဲ့ တူလိုက်တာ" လို့ ပြောကြတယ်။
ပင်လယ်ကမ်းပါးစောင်းမှာ ရှိတဲ့၊ မျောက်တွေရှိတဲ့ temple ကို သွားရတာလည်း ကြိုက်ပါတယ်။ အဲဒီနေရာက ဘိခ်ျလည်း မဟုတ်တော့ ကျောက်ကမ်းပါးပေါ်ကနေ ငုံ့ကြည့်ရတဲ့ ပင်လယ်ရေက ကြည်သန့်ပြီး ပြာလဲ့စိမ်းစိုနေတာ နေပူတာနဲ့ မျောက်တွေလာမှာကိုတောင် မေ့သွားတယ်။
ပင်လယ်ကမ်းခြေမှာ ကဗျာဆန်ဆန်အတွေးလေး ဘာလေး တွေးချင်ပေမယ့် သိပ် ထွက်မလာလို့ ဒီတိုင်း စိတ်ဗလာပဲ ကြည့်ဖြစ်ခဲ့တယ်။ အဲဒါ ပိုတောင်မှ ကောင်းသေးတယ်။ အတူလာတဲ့ ညီမလေးက ကိုယ့် ပို့စ်တစ်ခုက စာသားကို သောင်ပြင်မှာ ရေးမလို့ဆို လေယာဉ်ပေါ်မှာ ပြောပေမယ့် မရေးဖြစ်လိုက်ဘူး။ "လွမ်းတယ်ဆိုတာ လှိုင်းတွေလိုပဲ လူကို တဖြည်းဖြည်းတိုက်စားသွားတာ" ဆိုတဲ့ စာကြောင်းဆိုလား။
အင်ဒိုနီးရှား သွားလည်မယ် ပြောတော့ "သွားပေါ့။ အဲဒီဘက်ကမှ တကယ် သာယာတာ။ မင့် စင်ကာပူနဲ့ ဘာမှကို မဆိုင်ဘူး" ဆိုတဲ့ စကားလေးတော့ (ခမျာ စင်ကာပူကို အတော် စိတ်နာရှာပုံရတယ် လို့ တွေးပြီး) အဲဒီမှာရှိနေခိုက် မကြာခဏ သတိရမိတယ်။
ခြုံပြောရရင်တော့ သွားလည်ရတာ ပျော်ပါတယ်။
လွတ်လွတ်လပ်လပ် သွားလာရတာ၊ အလုပ် မလုပ်ဘဲနေရတာ၊ ခပ်ဆင်ဆင်ပဲ ဆိုဦးတော့ မရောက်ဖူးတဲ့နေရာဒေသကို ရောက်ရတာကို ပျော်ပါတယ်။ စိတ်ထဲ ဘာ ထူးထူးခြားခြား ခံစားရလဲ ဆိုရင်တော့ ကိုယ့် အနေနဲ့ ဘာမှ သိပ်ထူးထူးခြားခြား မခံစားရဘူးပဲ ပြောရမယ်။ အေးရှားထက် ဥရောပ အမေရိကသွားရမှပဲ ထူးခြားတယ်ထင်တော့မှာ။ အေးရှားမှာတောင် အာဆီယံဒေသတွင်း မဟုတ်ဘဲ ကိုးရီးယား ဂျပန်လိုနေရာမျိုးဆို ထူးခြားမယ် ထင်ပါတယ်။
တစ်ခုတော့ ရှိတယ်။ လူ့သဘောက အဲဒီနေရာ မရောက်ခင်သာ စိတ်ကူးနဲ့ တွေးပြီး ရောက်ရင် ဟုတ်လှမယ် ထင်တာ၊ တကယ်တမ်း ရောက်သွားပြန်တော့လည်း ဘာမှ မဟုတ်တော့ပြန်ဘူး ဖြစ်တတ်သေးတယ်။
ဘာပဲဖြစ်ဖြစ် ပြင်ရဆင်ရ အလုပ်ရှုပ်တာရယ်၊ ရက်နည်းနည်းပဲ အချိန်ရလို့ rush ဖြစ်တာရယ် ဖယ်လိုက်ရင် ခရီးတွေ သွားရတာ ကြိုက်တယ်လို့ ပြောလို့ရပါတယ်။ အတိအကျပြောရရင် လက်ရှိဘဝက ခဏဖြစ်ဖြစ် ထွက်ပြေးလိုက်ရတာကို ကြိုက်တယ်။ ခရီးထွက်ရလို့ ရင်တလှပ်လှပ်နဲ့ ပျော်ရွှင်ပြီး တသသ ဖြစ်ခဲ့ရတာတော့ အညာမှာအမြဲနေတုန်း ကလေးဘဝ ကာလလောက်ပဲ။ နောက်တော့ အောက်ကို ပြောင်းလာပြီး နောက်ပိုင်း ခဏခဏ ဟိုသွားဒီသွား သွားရပါများလာတော့ ခရီးသွားရတာကို ရင်မခုန်တော့ဘူး။
ဘာလီက ကျယ်တယ်၊ သဘာဝပိုဆန်တယ်၊ နိမ့်မြင့်ကွဲပြားမှုတွေလည်း ရှိတယ်၊ ဒီမှာလို ဘယ်နေရာကြည့်ကြည့် တပုံစံတည်း မဟုတ်ဘူးဆိုတော့ SEA နိုင်ငံချင်းအတူတူမှာတောင် စင်ကာပူကလူတွေအတွက်တော့ ထူးခြားမှာပါ။ အနောက်အရပ်က လူတွေအတွက်တော့ ဆိုဖွယ်ရာမရှိ ဖြစ်မှာပေါ့လေ။
ပြန်ရောက်လို့ လေဆိပ်ကထွက် ချန်ဂီ beach ကို ဖြတ်တော့ စင်ကာပူကမ်းခြေသာ သက်ရှိလိုဆိုရင် ကိုယ့်ဖုန်းထဲမှာ ရိုက်ထားတဲ့ ဘာလီကမ်းခြေပုံတွေ ထုတ်ပြပြီး "ပင်လယ်ကမ်းခြေဆိုတာ ဒါမျိုးကို ခေါ်တာ သိလား" လို့ ပြောချင်စိတ်ပေါက်မိတယ်။ တကယ်တော့ အတွေးက ကလေးကလားနဲ့။ စင်ကာပူကို မကြည်တဲ့ ဓါတ်ကူးသွားတာ။
တကယ်ဆို စင်ကာပူကို ဒီလောက် ကြည့်မရစရာ အကြောင်းမရှိပါဘူး။
ဒီမှာ တစ်ယောက်တည်း လာနေရတယ်၊ တစ်ယောက်တည်း အလုပ်လာလုပ်ရတယ် ဆိုတဲ့ အတွေးတွေနဲ့ အပြင်တနေရာကနေ ဒီကို ပြန်ဝင်ရတဲ့အခါ ရန်လိုတဲ့အတွေးမျိုး တွေးမိတာ။ တကယ်လို့များ စင်ကာပူကို အလည်လာရတာ၊ ဒါမှမဟုတ်လည်း စင်ကာပူက ကိုယ် ကြီးပြင်းလာရတဲ့နေရာသာ ဖြစ်မယ်ဆိုရင် တော်တော် နှစ်သက်မိမယ် ထင်တယ်။ သွားရေးလာရေး အဆင်ပြေတာ၊ သန့်သန့်ပြန့်ပြန့်ရှိတာ၊ ရာသီဥတု မပူလွန်း မအေးလွန်းတာ၊ သစ်ပင်တွေများများရှိတာ၊ အဆောက်အဦနဲ့ လမ်းတွေ စနစ်တကျရှိတာကို ကြိုက်တယ်။
***
ုမြန်မာပြည်ကတော့... အင်း... မပြောတော့ဘူး။ ကိုယ် တသက်လုံးနေလာခဲ့ရတဲ့ နေရာမို့လို့သာပဲ။ မဟုတ်ရင် တစက်မှကို ကသရ ရှိတယ်လို့ တွေးမိမယ်မထင်ဘူး။
ခု လောလောဆယ်တော့ မြန်မာပြည်လွမ်းနာကျနေတယ်။ ဘာလုပ်လုပ် မြန်မာပြည် ဘယ်တော့ ထပ်ပြန်ရမလဲဆိုတာပဲ တွေးနေမိတယ်။ ခုနေ ဘယ်လိုမှ နောက်အလုပ်ထပ်ရှာလို့ မရတော့လောက်အောင်ထိ အလုပ်ပြုတ်သွားရင် အတော်ပျော်စရာကောင်းမှာလို့ချည်း တွေးနေမိတယ်။ (ရိုးရိုးပြုတ်ရင် မပြန်ဖြစ်သေးဘဲ နောက်အလုပ်တစ်ခု ထပ်ရှာနေမိဦးမှာမို့လို့)
ကိုယ့်ဘာသာ ဖောင်ဖျက်ရလောက်အောင် မပြတ်သားတော့ ဖောင် သူ့ဘာသာ အလိုလို နစ်သွားရင်ကောင်းမှာလို့ စဉ်းစားမိတာပေါ့။
***
ဒီနေ့ မြန်မာပြည်က ပြန်လာပြီး အလုပ်ပြန်ဝင်တဲ့ တတိယမြောက်နေ့။
အခြေအနေ တော်တော်ဆိုးနေတယ်။ ပိတ်ရက်မှာ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်။ ကြာရင် မလွယ်ဘူး။
***
6 comments:
ဘာလီကိုတော့ လောလောဆယ် စိတ်ဝင်စားတယ် ဒီတော့ အသေးစိတ်ရေးလည်း ဖတ်မယ် ပုံတွေထပ်တင်လည်း လာကြည့်မယ်
မှတ်ချက် - ရှူခင်းပုံများသာ
ဒီလိုမတူအောင် ရေးတတ်တာကို သဘောကျတာ ဒါကြောင့် ရီတာ့အမြင်နဲ့ဘာလီကို ရေးပါလို့တောင်းဆိုထားတာပါ ...
မြန်မာပြည်ကနေပြန်လာပြီး ရင်ထဲဟာတာတာနဲ့ လေယာဉ်ပေါ်မှာငိုရတာကတော့ အခေါက်တိုင်းဖြစ်နေလို့ သစ်အတွက်ကမထူးတော့ပါဘူး ၁ပတ်လောက်နေရင်နေသားကျသွားမှာပါ အလုပ်တွေကပုံနေတယ်မှတ်လား အလုပ်မှာအာရုံနှစ်လိုက်ရင် နဂိုကစက်ရုပ်ဘ၀ကိုပြန်ရသွားလိမ့်မယ်း) ...
ပြောတာလဲ ပြော ရေးတာလဲရေးပေါ့
ဘယ့်နှယ် မဆီမဆိုင် တာတွေအတင်းထည့်ရေးတာလဲ
တီချမ်း နဲ့ တော်တော်တူလာပြီ
ပြောသားပဲ အဲ့တယောက်နဲ့ အပေါင်းအသင်း မလုပ်ပါနဲ့ဆိုတာ
သစ်သစ် ပြောသွားသလိုပဲ ဘာလီခရီးမှာ ရီတာ့ရေးဟန်လေးက သူများနဲ့မတူဘူး။ ဇွန်လည်းပဲ ရီတာ အဲလိုရေးတတ်တာကို သဘောကျတာ။
စာကြွေးတွေ ကိုယ်အားလုံးရှင်းသွားတယ်။း)
ကိုယ်နဲ့ မရင်းနှီးတဲ့ နောက်လည်း အမြဲသွားလာနေရမှာမဟုတ်တဲ့ ခဏပဲရောက်တဲ့ နေရာက နာမည်တွေမှတ်ထားပြီး ဘာလုပ်ရမှာလဲလို့ပဲ တွေးမိတယ်။...............
အတူတူဘဲ ..
မြန်မာပြည်မှာ ကိုသန်းရွှေ ရှိနေတုံးပါပဲ ....
ကသရ မရှိဘူး မပြောပါနဲ့ .. ဟင်းဟင်းးး
Post a Comment