Monday, July 19, 2010

Hero

လွတ်လပ်ရေးမရခင်က လွတ်လပ်ရေးရပြီးရင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းကြဖို့အကြောင်းကိုပြောတော့ သူက ပြောသည် တဲ့။

"တိုက်တုန်းက အတူတူတိုက်လာခဲ့ကြပြီး လွတ်လပ်ရေးရမှ ကျွန်တော်တို့က ဒီလို လုပ်ရင် ကျွန်တော်တို့ ခွေးဖြစ်သွားမှာပေါ့။ ဒီကိစ္စ ဆရာတို့ဘာသာ (သခင်မြတို့ကို ပြောတာလို့ ထင်သည်) လုပ်ရင်လုပ်၊ ကျွန်တော်မပါဘူး"

***
မှတ်ချက်။ ကိုယ်ကတော့ ဒီအချက်ကို နံပြားထက် စွဲပါသည်။

ဘာလို့ဆို အထက်က စကားက သူ ဘယ်လိုလူ ဆိုတဲ့ အရာများစွာကို အဲဒီတစ်ခွန်းနဲ့ ပြလိုက်နိုင်သည် ဟု ယူဆမိ၍ ဖြစ်သည်။ ဘာဖြစ်လို့များ သူများတကာ နံပြား၊ နံပြား ဖြစ်နေတဲ့ အချိန်မှာ ကိုယ်က အဲဒီနံပြားကို စွဲလို့ မရတာလဲလို့တော့ စဉ်းစားမိဖူးသည်။ အလကားနေရင်း ကန့်လန့်တွေးချင်နေများလား ဘာလားနှင့်။

တကယ်တော့ မဟုတ်။
ကိုယ့်ဇနီးကို ဘာလေးတော့ဖြင့် စားချင်သည် လို့ ပူဆာပုံမျိုးကတော့ လူတိုင်းလိုလို ရိုးသားနိုင်သည် ဟု ခံစားမိသောကြောင့်ဖြစ်နိုင်သည်။ ဟိုလူကြီးလည်း ပူဆာနိုင်သည်။ ဒီလူကြီးလည်း ပူဆာနိုင်သည်။ ထို့ထက်ပို၍ ကိုယ်ရေးကိုယ်တာ ဆန်လွန်းသည်။

***
တကယ်တော့ နိုင်ငံမှာ ဗုဒ္ဓဘာသာဝင် အများစုမို့ နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာလို့ ပြဋ္ဌာန်းရပါသည် ဟု ဆိုလိုက်လျှင်လည်း ကျန်သည့် ဘာသာဝင်အနည်းစုတို့က ကြီးကြီးကျယ်ကျယ် ကန့်ကွက်စရာ အကြောင်းရှိလာလိမ့်မည် မထင်ပါ။ သို့သော် မလုပ်ဘူး ဟု ပြတ်ပြတ်သားသား ဆိုခဲ့သည်။

ထိုစကားတွင် အရာအားလုံး ပါသည်။

အဲဒါကို ကိုယ် သိပ်ကြိုက်သည်။ အလွန်ကြိုက်သည်။ သေလုမျောပါး ကြိုက်သည်။
(ထပ်ဆင့်မှတ်ချက်။ မကြိုက်တာတွေလည်း ရှိချင်ရှိဦးမည်)

နံပြားကိစ္စတော့ ခေါင်းထဲ သိပ်မရှိ။

***
တက္ကသိုလ်နေဝင်း - အောင်ဆန်းဦးတို့ အဖေ စာအုပ်မှ အချက်တစ်ခုကို ပြန်ရေးသည်။

***
ဖြည့်စွက်။ (12:58 PM)
ဒီစာဖတ်ပြီး စကတည်းက နံပြားကြိုက်သူများ မကြိုက်ဘဲ ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ပါ။
:D

***
ပြင်ဆင်ချက်

ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် အဆိုတင်သွင်းခဲ့တာ ဆရာကြီး သခင်မြ မဟုတ်ပါဘူး၊ ဆရာကြီး ဒီးဒုတ်ဦးဘချိုပါ။

သခင်မြလို ၀ါရင့် နိုင်ငံရေးခေါင်းဆောင်တစ်ယောက်က အဲလို စကားမျိုး လုံးဝ မပြောပါဘူး၊ သခင်မြဟာ အသက်ရှင်နေထိုင်ခဲ့တဲ့ သူ့သက်တမ်းတလျှောက် အမှားအကင်းဆုံး နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

ပြောလက်စနဲ့ ဆက်ပြောပါရစေ၊ ဆရာကြီးဒီးဒုတ် ဦးဘချို ဘာကြောင့် ဒီအဆိုကို တင်သွင်းခဲ့သလဲ ဆိုတာနဲ့ ပက်သက်ပြီး ဆရာကြီးကြေးမုံဦးသောင်းရဲ့ မှတ်တမ်းတွေထဲမှာ ရှာမတွေ့ပါဘူး။ ဆရာကြီး ဒီးဒုတ်ဦးဘချိုရဲ့ ဒီအဆိုနဲ့ ပက်သက်ပြီး လက်လှမ်းမှီရာ အဲဒီခေတ်က အနေအထားတွေကို ဖတ်ကြည့်တော့ ... ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ကြောင့် ရန်ကုန်နဲ့ မြို့ကြီးတော်တော်များများက မြန်မာနဲ့ တိုင်းရင်းသားတွေ ကျေးရွာတွေမှာ ရွေ့ပြောင်း နေထိုင်ခဲ့ပါတယ်။ စစ်မပြီးခင် ဗုံးကြဲမှု ရပ်တန့်ခဲ့ပါတယ်၊ အဲလိုလည်း ရပ်တန့်သွားရော ပိုင်ရှင်မဲ့နေတဲ့ အခန်းတွေ လူနေအိမ်တွေကို မြန်မာနိုင်ငံသား မဟုတ်တဲ့ တရုတ် ကုလားတွေ တက်နေကြပါတယ်၊ ပြဿနာဟာ ဖြေရှင်းဖို့ ခက်တော့ စစ်အပြီးပြန်ဝင်လာတဲ့ အဂ်လိပ်အစိုးရ ကိုယ်လက်ရှိရောက်နေတဲ့နေရာ ကိုယ်ပိုင်တယ်လို့ အမိန့်ထုတ်ခဲ့ပါတယ်။ တချို့ဆိုရင် နေရာစရာမဲ့ပြီး လမ်းဘေးရောက်ခဲ့ကြပါတယ်။ ဒါလို အဖြစ် တွေကို သနားတတ်တဲ့ ဆရာကြီး ဒီးဒုတ်ဦးဘချိုက ကရုဏာဒေါဒေါ အဆို တင်သွင်းခဲ့တာပါ၊ ဗုဒ္ဓဘာသာ မဟုတ်တဲ့ တခြား ဘာသာဝင်တွေအပေါ် မုန်းလို့ လုံးဝ မဟုတ်ပါဘူး၊ ဆရာကြီး ဒီးဒုတ်ဦးဘချို သက်ရှိထင်ရှား နေထိုင်ခဲ့တဲ့ ခေတ်တွေမှာ သူဟာ လူချစ်လူခင် အပေါများဆုံး ပုဂ္ဂိုလ်တစ်ဦးပါ။

(ကိုအောင် ပျူနိုင်ငံ)

21 comments:

ck said...

အဲဒါကို ကိုက်သည်။
နံပြားကိစ္စ သိပ် မကြိုက်။

SHWE ZIN U said...

မရီတာ

နံပြား ကိစ္စ က ရိုးရှင်း တဲ့ စိတ်သဘောကို ပြတယ်ထင်တယ်

ယောက်ကျားတယောက် (နိုင်ငံခေါင်းဆောင်) တယောက် က မိန်းမ ဒါမှ မဟုတ် တပည့်တွေကို အာဏာ နဲ့ ဘာမဆို ခိုင်းနိုင်တယ် (ခိုင်းစရာ မလိုအောင် ပြည့်စုံနိုင်တယ်) ဒါပေမဲ့ သူပူဆာ တာက သိပ်ကို ရိုးရှင်းလွန်းပါတယ် ဒီစကား လေးနဲ့ ဒါ ဘယ်လို လူစားမျိုးလည်း ဆိုတာ သိနိုင်တယ်

အခုခေတ် ဘုရင်ကြီးတွေ နန်းတော် တွေနဲ့ နေပြီး တနေ့ ဟင်းခွက် ၁၀၀ နဲ့စားနေကြတယ် မန္တလေး ရောက်နေတာ ရန်ကုန်က မုန့်ဟင်းခါး စားချင်တယ် ပြည်သူပိုင် လေယာဉ် နဲ့ သွားဝယ်ပေးရတယ် အို နံသာဆီ နဲ့ အီး ပါ

ဒို့တော့ စွဲတယ် မထူးဆန်းပေမဲ့စွဲတယ်
နောက်ပြီး အခု မရီတာ ပြောတဲ့ အကြောင်းလေးဟာ လည်း တရားမျှတ တဲ့ စိတ်ကို ဖော်ဆောင်လို့ စွဲတယ်

ကမ္ဘာတည် သ၍ ခေတ် အဆက်ဆက် က အာဇာနည် များကိုမမေ့ကြနဲ့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မြတ်နိုး said...

yes, Rita,

I agree ma Shwe Zin's comment. မန္တလေး ရောက်နေတာ ရန်ကုန်က မုန့်ဟင်းခါး စားချင်တယ် ပြည်သူပိုင် လေယာဉ် နဲ့ သွားဝယ်ပေးရတယ် အို နံသာဆီ နဲ့ အီး ပါ

ကျော်နှင်းဆီလွင် said...

ရီတာရေ
ဒီပို့စ်ဖတ်ပြီး ကိုယ့်ရင်ထဲအမြဲစွဲနေခဲ့တဲ့
အတွေးနက်ခဲ့ဖူးတဲ့အကြောင်းရာတခုကို သွားသတိရတယ်။
ဒီပို့စ်မှာ ဗိုလ်ချူပ်ရဲ့သဘောထားကိုသိလိုက်ရလို့ ၀မ်းသာမိတယ်။
အထူးသဖြင့် ဒို့နိုင်ငံမှာ တရုတ်လူမျိုး ကုလားလူမျိုးစတာတွေဟာ ဘိုးဘောင်စဉ်ဆက်တည်းက နေထိုင်ခဲ့ကြတာမျိုးတွေရှိတယ်။ ဆိုရရင် သူ့အဘေးပြည်မကြီးကလာလာ အင်ဒိုကလာလာ သူကတော့ဒီနိုင်ငံမှာမွေးပြီး ဒီနိုင်ငံမှာကြီး ဒီဘာသာစကားကိုပြော..အဲလို လူမျိုးခြားတွေအများကြီးရှိဆဲပါ။ တကယ်တော့ သူဟာ လူမျိုးခြားရင်ခြားမယ် ဘာသာခြားရင်ခြားမယ် ဒို့နိုင်ငံသား သွေးတော့မခြားပါဘူး။ ခွဲခြားတာတွေလည်းမထားသင့်ဘူး။ ကိုယ်က အဲလိုခံစားတယ်။

ဇွန်မိုးစက် said...

မြန်မာပီပီ အားမနာဘဲ ပြတ်သားတတ်သူဟာ ဗိုလ်ချုပ်တစ်ယောက်ပဲ ရှိခဲ့လား၊ ဒါမှမဟုတ် ကျန်တဲ့လူတွေက ဗိုလ်ချုပ်လောက် မပြတ်သားကြတာလား... အဲဒါ ကိုယ့်အတွေးပါ ရီတာ။

ကိုအောင် said...

သခင်မြ မဟုတ်ပါဘူးဗျာ၊ ဆရာကြီး ဒီးဒုတ်ဦးဘချိုပါ၊ ဆရာကြီး ဒီးဒုတ်ဦးဘချို ကွယ်လွန်တော့ ကျန်ရစ်ခဲ့တဲ့ သူ့သမီး လွှတ်တော် အမတ်ဖြစ်လာပြီး (ကြည်မြင်တိုင်အမတ်) အဆို ထပ်တင်သွင်းခဲ့ပါတယ်၊ အဆို တင်သွင်းခဲ့တဲ့
ဆရာကြီး ဒီးဒုတ်ဦးဘချိုဟာ ဘာကြောင့် အဲဒီ
အဆို တင်သွင်းရသလဲဆိုတာ မှတ်တမ်းမှတ်ရာ
ခိုင်ခိုင်လုံလုံ ရှိပါတယ်ဗျာ၊ လေ့လာကြပါ။
သခင်မြဟာ လူကြီးလူကောင်း တစ်ဦးပါ၊ သူဟာ ပြည်သူ့အရေးတော်ပုံ ပါတီ (နောင် ဆိုရှယ်လစ် ပါတီ) စတင်ခဲ့တဲ့ သူ ဖြစ်ပေမယ့်
လက်ဝဲဖက်က ခေါင်းဆောင်တွေကတောင်
(သခင်စိုး၊ သခင်သန်းထွန်း) သူ့ကို ရိုသေ
လေးစားကြပါတယ်၊ သူ့သမိုင်းဟာ အရမ်းကို
လေးစားဖို့ကောင်းပြီး ထင်ရှားတာတွေ အများ ရှိပါတယ်၊ လေ့လာကြပါ၊
(သခင်မြတို့ကို ပြောတာလို့ ထင်သည်) ...
မလုပ်ကြပါနဲ့ဗျာ၊ သေသေချာချာ လေ့လာ
ကြပါ၊ သမိုင်းဆိုင်ရာ ထင်မြင်ချက်ပေးတဲ့
နေရာမှာ သတိထားပါ၊ မရမ်းကြပါနဲ့ဗျာ။

ကိုအောင် said...

ထပ်ပြောပါရစေ၊ အဲဒီသမိုင်းကို ကွယ်လွန်သူ
ဆရာကြီး ကြေးမုံဦးသောင်း ရေးထားတဲ့
မှတ်တမ်းတွေ ရှိပါတယ်၊ သေသေချာချာ ပြန်
ဖတ်ကြည့်ပါ။

Rita said...

ကိုအောင်ကို ကျေးဇူးတင်ပါတယ်။
သိရင် ရေးသွားပါ။ စိတ်မဆိုးပါ။
ဖတ်ဖို့ဆိုတာကတော့ မလွယ်ပါ။
ebook ရှိရင်သော်မှ သိပ် အဆင်မပြေပါ။
မှားနေရင် ပြောလို့ရပါတယ်။ ကိုယ်လည်း မသေချာလို့ သေချာသလို ထည့်မရေးခဲ့တာ။ ပြီးတော့ ထပ်ပြောရရင် ဒါ သမိုင်းဆိုင်ရာ ထင်မြင်ချက်မဟုတ်ဘူး။ လူတစ်ယောက်ကို ကိုယ့်ရှုထောင့်က ကြိုက်ခြင်း မကြိုက်ခြင်းကို ပြောထားတာပါပဲ။

Rita said...

နောက်တခု ထပ်ပြောရရင် နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းတဲ့ကိစ္စနဲ့ ပတ်သတ်လို့ ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ အမြင်ကိုပဲ နှစ်ခြိုက်လက်ခံမိတယ်။ ဒါကိုယ့် အပိုင်းပါ။

ခိုင်လုံခြင်း မခိုင်လုံခြင်းဆိုတာကတော့ နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းတဲ့ကိစ္စမပြောနဲ့၊ ဘင်လာဒင်မှာတောင် သူ့ဘာသာသူတော့ သူ့အလုပ်အတွက် သူ ခိုင်လုံနေမှာပဲ။ တခြားလူအတွက်က တပိုင်းဖြစ်မှာပေါ့။

နောက်တစ်ခုက ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့စကားမို့လို့ ကြိုက်တယ်ပြောတာ မဟုတ်ဘူး။ ကိုယ်ကြိုက်တဲ့ စကားကို ဗိုလ်ချုပ်အောင်ဆန်းပြောထားတာဖြစ်လို့ တင်ထားတာ။ ကိုယ့်အတွက်တော့ သူ့စကားလုံးနည်းနည်းနဲ့တင် ခိုင်လုံလွန်းနေပြီမို့ တခြားဘက်က ခိုင်လုံမှုဆိုတာ အကျုံးဝင်ချင်မှ ဝင်တော့မယ်။

နောက်တစ်ချက်။
ခုကိစ္စ ကိုယ် သခင်မြနဲ့ ဦးဘချို မှားရေးတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါကို မှားတယ် လို့ လာပြောရင်ရတယ်။ ဒီ့ထက်မက ဦးဘချိုရဲ့ အကြောင်းအချက်ကို သိရင် ဒီမှာ လာရေးသွားလို့ရတယ်။ ခါတိုင်းလည်း ကိုယ်မှားတာတွေကို စာဖတ်သူတွေက တွေ့ရင် comment မှာ ပြင်ပေးသွားကြတာချည်းပဲ။ လိုအပ်ရင် ကိုယ်က သူတို့ ပြင်ပေးသမျှကို post ပေါ်အထိ ဖြည့်စွက်ပြီး ပြန်တင်ပေးထားတာတွေ အများကြီး ရှိတယ်။ သိချင်ရင် ဆွဲထုတ်ပြမယ်။ စာအုပ်စာတမ်း မလွယ်ကူတဲ့ နေရာမှာ ရှိသမျှ မှတ်ဉာဏ်နဲ့ ထည့်ရေးတဲ့ အခါ ဘယ်သူမဆို မှားနိုင်တာချည်းပဲ။ အထူးသဖြင့် သမိုင်းနဲ့ ဆိုင်ရင် ကိုယ်က ပိုမှားသေးတယ်။ အဲဒီအခါတိုင်း ပြင်ပေးတဲ့လူတွေကို ကိုယ် အထောက်အထားခိုင်လုံရင် အသာတကြည် လက်ခံခဲ့တာ ချည်းပဲ။ လက်မခံနိုင်စရာ အကြောင်းလည်း ဘာမှ မရှိဘူး။ ကိုယ်မှားနေတဲ့ အချက်အလက်ကို ပြင်ပေးတာ ကျေးဇူးတောင်တင်သေးတယ်။

အင်း ဒါပေမဲ့ မှတ်ဉာဏ်အရမှားတာနဲ့ ရမ်းတာနဲ့က တခြားစီ။ ရှင်းတယ်နော်။

သိသမျှ အချက်အလက်ကို မဆီလျော်ဘူးထင်ရင် ဒီမှာ လာရေးလို့ ရတယ်။ ဒီထက်မက ကျယ်ပြန့်တယ် ဆိုရင် ကိုယ်ပိုင်ဘလော့မှာ ကိုယ်ရေးတဲ့ post နဲ့ ဆက်စပ်ပြီး တင်ပါတယ်လို့ ရေးပြီး တင်လည်း ရတယ်။ ဘာမှ မဖြစ်ဘူး။ ဒါက ဒီလိုရှိတယ်လို့ စာဖတ်သူတွေကို သိစေချင်တယ်ဆိုတာ ကိုအောင်(ပျူနိုင်ငံ)ရဲ့ လွတ်လပ်ခွင့်ပဲ။

မှားတာ မပြင်ဘဲ တန်ဖိုးရှိတဲ့ သမိုင်းမှတ်တမ်းမှတ်ရာကြီး တစ်ခုလုံးကိုပဲ ကိုယ်က ဖျက်ဆီးပစ်လိုက်သလိုလို၊ ကိုယ်လုပ်ပစ်လိုက်လို့ပဲ သုံးစားမရတော့သလိုလို နိုင်ငံရေးသမားပီပီ ဇာတ်ဟန်တွေနဲ့တော့ လာညည်းမနေပါနဲ့။ ဒီလောက်လဲ ဖြစ်ပြစရာမလိုပါဘူး။ အလိုလိုနေရင်းမှ စိတ်ကုန်ရတဲ့ ကြားထဲ။ လုပ်စရာရှိတာလုပ်လိုက်၊ မှားတာသိရင် ပြင်လိုက်ပေါ့။ ဘာခက်လို့လဲ။ ဒါ နအဖနဲ့ ရွေးကောက်ပွဲပြိုင်နေတာမဟုတ်ဘူး။ လွမ်းချင်း ဆိုမနေနဲ့။

ကျေးဇူး အများကြီး တင်ပါတယ်။

Rita said...

အမှားပြင်ပေးမယ့် လူအားလုံးကို ကြိုဆိုပါတယ်။ တခုတော့ရှိတယ်။ ငိုတော့မလို ပြိုတော့မလိုတော့ လာမလုပ်နဲ့။ ဘယ်နေရာမှာ ဘာက ဘယ်လိုရှိတယ် ရှင်းရှင်းပဲပြော။ ဒါ ကိုယ့်ဘလော့။ နိုင်ငံရေးပြဇာတ်ခုံမဟုတ်ဘူး။

ကိုအောင် said...

ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် အဆိုတင်သွင်းခဲ့တာ ဆရာကြီး သခင်မြ မဟုတ်ပါဘူး၊ ဆရာကြီး ဒီးဒုတ်ဦးဘချိုပါ။

သခင်မြလို ၀ါရင့် နိုင်ငံရေးခေါင်းဆောင်
တစ်ယောက်က အဲလို စကားမျိုး လုံးဝ
မပြောပါဘူး၊ သခင်မြဟာ အသက်ရှင်
နေထိုင်ခဲ့တဲ့ သူ့သက်တမ်းတလျှောက်
အမှားအကင်းဆုံး နိုင်ငံရေး ခေါင်းဆောင်
တစ်ဦး ဖြစ်ပါတယ်။

ပြောလက်စနဲ့ ဆက်ပြောပါရစေ၊ ဆရာကြီး
ဒီးဒုတ် ဦးဘချို ဘာကြောင့် ဒီအဆိုကို တင်သွင်း
ခဲ့သလဲ ဆိုတာနဲ့ ပက်သက်ပြီး ဆရာကြီး
ကြေးမုံဦးသောင်းရဲ့ မှတ်တမ်းတွေထဲမှာ
ရှာမတွေ့ပါဘူး။ ဆရာကြီး ဒီးဒုတ်ဦးဘချို
ရဲ့ ဒီအဆိုနဲ့ ပက်သက်ပြီး လက်လှမ်းမှီရာ
အဲဒီခေတ်က အနေအထားတွေကို ဖတ်ကြည့်
တော့ ... ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်
ကြောင့် ရန်ကုန်နဲ့ မြို့ကြီးတော်တော်များများ
က မြန်မာနဲ့ တိုင်းရင်းသားတွေ ကျေးရွာတွေ
မှာ ရွေ့ပြောင်း နေထိုင်ခဲ့ပါတယ်။ စစ်မပြီးခင်
ဗုံးကြဲမှု ရပ်တန့်ခဲ့ပါတယ်၊ အဲလိုလည်း ရပ်တန့်သွားရော ပိုင်ရှင်မဲ့နေတဲ့ အခန်းတွေ
လူနေအိမ်တွေကို မြန်မာနိုင်ငံသား မဟုတ်တဲ့
တရုတ် ကုလားတွေ တက်နေကြပါတယ်၊ ပြဿနာဟာ ဖြေရှင်းဖို့ ခက်တော့ စစ်အပြီး
ပြန်ဝင်လာတဲ့ အဂ်လိပ်အစိုးရ ကိုယ်လက်ရှိ
ရောက်နေတဲ့နေရာ ကိုယ်ပိုင်တယ်လို့ အမိန့်
ထုတ်ခဲ့ပါတယ်။ တချို့ဆိုရင် နေရာစရာမဲ့ပြီး
လမ်းဘေးရောက်ခဲ့ကြပါတယ်။ ဒါလို အဖြစ်
တွေကို သနားတတ်တဲ့ ဆရာကြီး ဒီးဒုတ်ဦးဘချိုက ကရုဏာဒေါဒေါ အဆို
တင်သွင်းခဲ့တာပါ၊ ဗုဒ္ဓဘာသာ မဟုတ်တဲ့
တခြား ဘာသာဝင်တွေအပေါ် မုန်းလို့
လုံးဝ မဟုတ်ပါဘူး၊ ဆရာကြီး ဒီးဒုတ်ဦးဘချို
သက်ရှိထင်ရှား နေထိုင်ခဲ့တဲ့ ခေတ်တွေမှာ
သူဟာ လူချစ်လူခင် အပေါများဆုံး ပုဂ္ဂိုလ်
တစ်ဦးပါ။

ကိုပေါ said...

ကျနော်လည်း ဗိုလ်ချုပ်သဘောထားကို နံပြားထက် စွဲမက်သွားပါပြီ။

ကိုအောင်(ပျူနိုင်ငံ) ပြောတဲ့အထဲမှာ.... “ဆရာကြီး ဒီးဒုတ်ဦးဘချို
သက်ရှိထင်ရှား နေထိုင်ခဲ့တဲ့ ခေတ်တွေမှာ
သူဟာ လူချစ်လူခင် အပေါများဆုံး ပုဂ္ဂိုလ်
တစ်ဦးပါ။”.... ဆိုတာပါတယ်။

အဲဒီအဆို မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမယ့် ဦးဘချိုနဲ့ မျက်နှာကြောမတည့်သူ တဦးတော့ ရှိသေးသဗျိုး။ အဲဒါကတော့ ဆရာကြီး ရွှေဥဒေါင်းပါ။ ရွှေဥဒေါင်းကလည်း ဦးဘချိုနဲ့ ဆန့်ကျင်စွာ လူမုန်းများသူ တယောက်ပေါ့။ ဒါပေမယ့် ဆရာကြီး ရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းကို ဖတ်ရအပြီးမှာ ဦးဘချိုအပေါ် အရင်ကလောက်တော့ သိပ်အထင်မကြီးတော့ဘူးဗျ။ ဒါတောင် ရွှေဥဒေါင်းက အသေးစိတ် ရေးမပြပေလို့သာပဲ။ ဘက်လိုက်တယ်ပြောလည်း ခံရုံပဲ ရှိတော့တယ်ဗျိုး။

crittix said...

ဒီဘလော့ဂါ စပေါ်တည်းက သတိထားမိတာပါ။
ခုပို့စ်၃ ၄ ခုဖတ်ပြီး ရေးချင်စိတ်ပေါက်တာနဲ့ ၀င်ရေးလိုက်တယ်။

ငယ်တော့ မရင့်ကျက်သေးတာလဲ ပါပါလိမ့်မယ်၊ ဘေးက မြှောက်ပေးတဲ့သူကလဲ မြှောက်ပေးတော့ မြှောက်ပေးရင် ဘာတက်အောင် ကမယ်ဆိုတဲ့အတိုင်းပဲ၊ ကလိုက်တာမှ ကွေးလို့၊

ညီမလေး သတိထားပါဦး၊ ညီမလေးမှာ တက်စရာ ဘာမှ မရှိသေးဘူးလေ။

Rita said...

@emo, ဖတ်ပြီး ရီနေမိတယ်။

ဘေးက မြှောက်ပေးကြတယ်လို့ ထင်နေတာကို ပြိုင်မငြင်းချင်ပါဘူး။ ပျင်းနေလို့။

ဒါပေမဲ့ ဒီလို ရေးလိုက်တာနဲ့ မြှောက်ပေးမယ့်သူနဲ့ ရိုက်ချမယ့်သူ ဘယ်ဟာက ပိုများမလဲဆိုတာ ကလေးတောင် တွေးမိမယ် ထင်တာပဲ။

(မြှောက်ပေးတာနဲ့ ရိုက်ချတာကို တလွဲစီ အဓိပ္ပါယ် ပေါက်နေတာ မဟုတ်ဘူးဆိုရင်ပေါ့)
=)

crittix said...

မတွေးမိတဲ့ ကလေးတွေကတော့ ဆက်ရေးဦးမှာပေါ့၊
ကြိုက်သလိုသာရေးပါလေ၊ ကိုယ့်ဘလော့ပဲ၊
ရီတာ့မဖြစ်သွားရင်ပြီးတာပါပဲ။

Unknown said...

သမိုင်းကိုပြောရာတွင် ဓါးထမ်းပြီးပြောရသည် ဟုကြားဘူးသည်။ မှတ်ဥာဏ်ကြောင့်သော ဘာကြောင့်သော……
အန္ဒရယ်များ၏

Rita said...

တစိတ်ကို တအိတ် မလုပ်တတ်သော၊

ပြတ်ပြတ်ပြောရမယ့် နေရာမှာ မပြတ်တပြတ် မပြောတတ်သော၊

ချက်ချင်း ကောက်ပြင်လိုက်ရမယ့် နေရာမှာ ဝင်မငိုတတ်သော၊

အလုပ်လုပ်ရမယ့် နေရာမှာ အလုပ်မလုပ်ဘဲ စကားသာပြောမနေတတ်သော၊

အရေးမဟုတ်တာကို ဇာချဲ့၍ အရေးကြီးမနေတတ်သော၊

ထိုထိုသော နိုင်ငံရေးသမားများ ရှိသည့် အရပ်တွင်သာ မွေ့လျော်လိုသည် ငါ့ရှင်!

Unknown said...

စိတ်ပုတီးနဲ့ ရိပ်ကြီးသာခိုပါတော့ ငါ့ရှင် :D

Rita said...

ဒီလိုဟာတွေနဲ့တော့ ဘာအလုပ်မှ ဖြစ်မှာလည်း မဟုတ်ဘူး။ နိုင်ငံရေးသမားဆိုတာတွေထဲမှာ ငိုတော့မလို ပြိုတော့မလိုက လွဲလို့ ဘာမှ မလုပ်တတ်ဘူး။ အရေးမကြီးတာတွေ တစိတ် တအိတ်လုပ်ပြီး Online ပေါ်မှာ ဇာချဲ့နေရတာကို ဟုတ်လှပြီ ထင်နေတဲ့ လူတွေပဲ ရှိတယ် ဆိုတာကို အဲလို ဝန်ခံလိုက်စေချင်တာ။

ကြိုသတိပေးမယ်။
ဘာမှ အရေးမပါဘဲ ဝင်ရေးတဲ့ comment လို့ ယူဆလို့ နောက် နာရီဝက်နေရင် ပြန်ဖျက်မယ်။ လိုချင်ရင် ကော်ပီကူးထား။

Unknown said...

အော် ညမရယ်၊ မှားနေတဲ့သူကိုပြန်ပြင်ပေးတာနဲ့ပဲ တော်တော် အလုပ်ဖြစ်နေပြီမို့လား။ ငိုလည်းမငိုပါနဲ့တော့၊ ပြိုလည်းမပြိုပါနဲ့တော့။ အမှန်ကိုသိတဲ့သူရှိသေးတာ၊ ကိုယ်မှားနေတာကို ပြန်ပြင်ပေးမယ့်သူရှိတာ၊ ကိုယ်ဘလော့ကို အရေးတယူလာဖတ်ကြတာကိုသာ ကျေးဇူးတင်ဂုဏ်ယူလိုက်ပါ။ နောက်ဆို မသေချာတာရှိရင် ဘာလော့ပေါ်မတင်ခင် တတ်သိတဲ့သူတွေနဲ့ အရင် မေးမြန်းကြည့်ပေါ့၊ ဟုတ်ပီလား။ ကဲ ထွက်နေတဲ့ ရန်စွယ်ကြီးတွေသိမ်းပြီး နောက် ပို့စ်တခုအတွက် ကြိုးစားလိုက်နော်။ ပိုကောင်းလာမယ်လို့မျှော်လင့်ပါတယ်။

Rita said...

မှားတာကို ပြင်ပေးလို့ ဖြစ်နေတာ မဟုတ်ပါ။
ပြင်ပေးစရာရှိတာကို မပြင်ပေးဘဲ နိုင်ငံရေးသမားပီပီ ဇာတ်ဟန်တွေနဲ့ ငိုမလိုလို ပြိုမလိုလို လာညည်းနေ၍ ဖြစ်ပါသည်။

ကိုယ့်ဘလော့မှာ ရေးဖူးတဲ့ အမှားတွေကို ပြင်ပေးကြတာ ခုတစ်ခါတည်း မဟုတ်ပါ။ ရှေ့မှာ အကြိမ်များစွာ ရှိခဲ့ပါသည်။ နောင်လည်း ရှိနိုင်ပါသည်။ ရှေ့မှာ ပြင်ပေးသွားကြသမျှမှာ ပြင်စရာရှိတာကို ဘယ်နေရာမှာ ဘယ်လို ရှိတယ်ဆိုတာ လိုရင်းတိုရှင်း ချက်နဲ့လက်နဲ့ ထောက်ပြပြောဆိုသွားကြတာ ဖြစ်ပါသည်။ ဘယ်သူမှ တစိတ်ကို တအိတ်မလုပ်ပါ (ဘာဖြစ်လို့ဆိုတော့ ရှေ့ကလူတွေက နိုင်ငံသမားအမည်ခံတွေ မဟုတ်ကြလို့) ကိုယ့်အနေနဲ့လည်း ထိုသူများကို ကိုယ့်အမှားလာထောက်ရကောင်းလား မတွေးပါ။ ကျေးဇူးတင်စွာဖြင့် သူတို့ ပြောသည့် အချက်အလက်ကို ပြင်ပေးခဲ့သည်ချည်းသာ ဖြစ်သည်။ စာပြန်ဖတ်လျှင် သိနိုင်ပါသည်။ သိချင်လျှင်ဖတ်ပါ။ မသိချင်လျှင် မဖတ်ပါနှင့်။

အမှန်ပြင်ပေးတဲ့လူကို ကျေးဇူးတင်တာအပြင် ကိုယ်မှားခဲ့တာကို သိအောင်လို့ ဖျက်တောင်မပစ်ဘဲ strike thro' လုပ်၍ သူတို့ ပြင်ဆင်ချက်တွေကိုတောင်မှ ဖြည့်စွက်ထည့်ခဲ့ပါသည်။

မသေချာလျှင် မေးတဲ့အခါ မေးပါသည်။ မေးဖို့ အခွင့်မသာလျှင် မမေးမိပါ။ နောင်လည်း အဲလိုပဲ သွားဦးမည်။
မှားတာတွေ့လျှင် အချိန်မရွေး ပြန်ပြင်ပေး၍ ရပါသည်။

တခုပဲ။
နိုင်ငံရေးဇာတ်မင်းသား အထာတွေကိုတော့ လွှင့်ပစ်ခဲ့ပါ။

လုံးးးးးးးးးးးးးးးးးဝ
မကြည်ညိုပါ။